Wednesday 29 April 2009

(27) ၅ယောက်ကသယ်၊၃၀ကကြိတ်၊ဖျာကြီးနဲ့ လိပ်၊ ဂူကြီးထဲသွင်း

၅ယောက်ကသယ်
၃၀ ကကြိတ်
ဖျာကြီးနဲ့ လိပ်
ဂူကြီးထဲသွင်း

ငယ်ငယ်က ကလေးတွေဆိုဖူးတဲ့ ကဗျာ ၊ ဆိုလိုရင်းမှာ
၅ယောက်ကသယ် (လက်ငါးချောင်းဖြင့် အစားကို သယ်ယူသည်)
၃၀ကကြိတ် (သွား အချောင်း၃၀ ကကြိတ်ဝါးသည်။ တကယ်တော့သွား ၃၂ ချောင်းရှိသည်။)
ဖျာကြီးနဲ့ လိပ် (လျှာဖြင့်ကြိတ်ချေထားသော အစာများကို လိပ်ယူပြီး)
ဂူကြီးထဲသွင်း (အစားအိမ် ကို သင်္ချိုင်းဂူကြီးအဖြစ် တင်စားထားသည်။)

အားအားနေရင် ဆိတ်ပါးစပ်လို တစ်ခုပြီးတစ်ခု စားနေမိတယ်။ ဘာမှန်းမသိ ပျင်းရင်စား၊ စိတ်ဓါတ်ကျရင်လဲစား၊ ပျော်ရင်လဲစား၊ ခင်ရာမင်ရာ သူငယ်ချင်းတွေနဲ့ တွေ့ ရင်လဲစား။ ဘာမှန်းမသိ အကုန်ဝါး၊ တနေ့ တခြား ခြူခြာလာတဲ့  ကျန်မာရေးကြောင့်  အစားဆင်ခြင်ဖို့  အကြောင်းတွေဖြစ်လာတယ်။

အစားကို ဆင်ခြင်စားတဲ့အခါ မှာ စိတ်လက် ပေါ့ပါးလာတယ်။ ညကြီးအချိန်မတော် ဆိုရင်လဲ မဆာဘဲ မီးဖို ချောင်မှာ ပေါင်မုန့် မီးကင်၊ ဂျမ် သုတ်၊ ကော်ဖီထဖျော် အကျင့်ပျက် နေတာကြာပြီ။ လက်ဆောင်ရတဲ့ biscuit, muffin, cross bun, cake, အဲဒါတွေအပြင် လွယ်လွယ်ကူကူ သောက်လို့  ရတဲ့  breakfast cereal ဒါတွေကို မြင်တိုင်း တဇွတ်ဇွတ် စားနေမိတယ်။ တကယ်ဆာသလားဆို တော့လဲမဟုတ်ဖူး။

အခုအချိန်မှာ အစားချင်ဆုံးဟင်း မြန်မာ အစားအသောက်တွေ ကို ချရေးထားလိုက်တယ်။
ပဒတ်စာ နှင့် ကင်ပွန်းချဉ်ရွက် ဟင်းချို
ဂုံမင်းဟင်းချို
ကန်စွန်းရွက် ချဉ်ရေဟင်း
ငါးခြောက် မုန်လာဥ ချဉ်ရေဟင်း
ပဲကြီးနှပ်
သရက်သီး ပိုးတီသုတ်
ငါးခေါင်းချဉ်ရည် (သဗြုတ်သီးဖြင့်)
ငါရံအူဟင်း
ချဉ်ပေါင်ရွက် အရည်စပ်စပ် ငရုတ်သီးဖြင့်ကြော်
ပရစ်ကြော် နှင့် ရေနွေးကြမ်းခါးခါး
ပုဇွန်ဇိတ် လေးများကို ကြက်သွန်နီ၊ငရုတ်သီးစိမ်း၊ သံပုရာသီး၊ဆီစိမ်းနှင့်သုတ်
ခရမ်းချဉ်သီး ငပိချက် နှင့် တွဲဖက်စားစရာ ပဲကတ္တပါပြုတ်ကြော်

မုန့် လက်ကောက်ကြော်
မုန့် လုံးကြီးကြော် (ပဲဌာပနာ)
မုန့် လုံးကြီး အုန်းနို့ ဆမ်း
မုန့် ဗိုင်းတောင့်
မုန့် စိမ်းပေါင်း
မုန့် လက်ဆောင်း

ဗယာကြော်သုတ် (ဂျက်ဆင်ရှေ့ နား ဆိုင်းထမ်းနဲ့ ရောင်းတဲ့ ဟင်းရည်ပူပူနဲ့ အသုတ်)
ပဲပြားသုတ် (ယုဇန ပလာဇာအောက်မှာ ဗန်းနဲံ့ ရောင်းတဲ့ ငံပြာရည်နှင့် ဂေါ်ဖီများနဲ့ အသုတ်)
အစုံသုတ် (ခေါက်ဆွဲ၊ထမင်းနီ၊အာလူး၊ဆီချက်၊ပဲတီချဉ်၊ပုဇွန်ခြောက်မှုန့် ၊
နှမ်းဖတ်ချဉ်သုတ် (ကြက်သွန်နီ၊ ငရုတ်သီးစိမ်းများများဖြင့်)
မယ်ဇလီဖူး ကြော် (ဆနွင်းကဲကဲဖြင့်)
မယ်ဇလီရွက် နှင့် ဆန်လှော် ဟင်းချို
ဗုံလုံသီး အစာသွတ်ကြော် (ပုဇွန်ခြောက်ပါသည်။)

အညာငရုတ်သီးထောင်း (ငပိမပါ)
ဓညင်းသီးပြုတ် တို့ စရာ
ကြောင်လျှာသီး ပြုတ်တို့ စရာ
ဂေါ်ရခါးညွန့် တို့ စရာ
ကြက်ဟင်းခါးညွှန့် တို့ စရာ (ရခိုင်ငပိထောင်းဖြင့်)
မုံလာချဉ်၊ ဂဒတ်ချဉ်၊ ဟင်းကလာချဉ်၊ ပဲပင်ပေါက်ချဉ်၊ သရက်ချဉ်၊တမာချဉ်

ရွှေနိုင်ငံတွင် အသီးအရွက်ပေါသည်။ သို့ သော် ကုန်ဈေးနှုံးက တော့ မပေါ။
သတင်းစာထဲ မှာ နွားချေးဖြင့် လျှပ်စစ်မီး ထုတ်ဝေနိုင်တော့မည်တဲ့။
နွားတွေ အီးပါဖို့ သာပြင်ထားတော့ ။
ခုထိတော့ ရေနံဆီမီးခွက် မှိုင်းခိုးကိုရှူရင်း နွားချေးမီးကို မျှော်လင့်နေရဦးမည်။

(26)DAY 2 & 3 DIET JOURNEY

AT THE BEGINNING OF DAY 2, I FELT GREAT, DRINKING LARGE AMOUNT OF WATER LIKE A WATER FALL FLOWING TO YOUR BODY. I WANT TO SEE HOW MUCH I CAN RESIST THE STIMULATION OF THE FOOD. AFTER 6:45 PM I STARTED FEELING HUNGRY. I ATE MASH POTATOS WITH A BIT OF BUTTER, MILK, (SPANISH WITH PORK CURRY) THEN A CUP OF COFFEE ( I KNOW I SHOULD AVOID COFFEE). I COULD NOT SLEEP UNTIL DAWN.

DAY (3)
I WENT TO MANCHESTER, MET FRIENDS FROM ERITHRIA, HAVE DINNER WITH THEM AT 5:00 PM. FOODS ARE QUITE RICH, COOKED WITH BUTTER. CHICKEN, LAMB CURRY WITH LADY FINGER FRUIT, YOGUT- PANCAKE, (ERITHRIA TRADITIONAL) AND YELLOW BUTTER RICE WITH A LOTS OF DRY GRAPES AND NUTS. I FELT SO FULL, AT THE NIGHT TIME I HAD MY GRAPEFRUIT. I FELT SO GUILTY, I ATE REALLY FATTY FOOD TODAY. I DID TRY TO EAT SMALLER POTION. HOPE OK

Monday 27 April 2009

(25) DAY 1 DIARY

(25) MY JOURNEY TO LOSS WEIGHT

THERE ARE TWO WAYS TO REDUCE MY WEIGHT.
REDUCTION IN CALORIES AND INCREASED EXERCISES.

IN MY CASE, LACK OF PHYSICAL MOVEMENT IS THE MOST COMMON CAUSE OF GETTING FAT. I HATE DOING EXERCISE SO (FASTING COMBINES WITH LOW CALORIES DIET) IS MY ONLY OPTION FOR REDUCING BODY WEIGHT.

YESTERDAY , I DID FASTING UNTIL 8PM THEN I HAD A LIGHT MEAL (A BOWLFUL OF CONFLAKE AND SKIMMED MILK WITH ARTIFICIAL SUGAR). I USUALLY HUNGRY AROUND 11AM OR 12AM. AMAZINGLY, I DID NOT FEEL HUNGRY UNTIL DINNER TIME. THIS IS THE BEST DIET I EVER HAD IN MY LIFE. I WILL MANAGE TO LOSE MY STUBBORN INCHES ON MY WAIST AND FEEL GREAT.

MONTHS AGO, WHEN I SEE MY PHOTOS ON MY PHONE, IT IS HEART BREAKING. I HATE MY BINGO WINGS. I REALLY NEED TO WORKOUT FOR THIS. BUT SO FAR I AM FOCUSTING ON LOW CALORIES AND FASTING PROGRESS.

I NEED SUCCESS SO I WILL START RIGHT NOW. WHEN I MADE DECISION LAST SATURDAY NIGHT, I WAS GOING TO DO FASTING, WHICH IS NOT FOR ONLY HEALTH AND WEIGHT LOSS I WOULD LIKE TO OBSERVE MY WILLPOWER TO SEE WHETHER I CAN DO IT OR NOT.

MOST OF THE TIME, I FIND MYSELF BINGING BECAUSE THERE IS FOOD AROUND, I HAVE NOTHING ELSE TO DO OR IF FRIENDS COME AND VISIT TO MY PLACE, I REALLY WANT TO BREAK THIS FOOLISH HABBIT.

I WILL POST TODAY PROGRESS LATER.
THANKS FOR READING.
HAVE A NICE DAY.

Sunday 26 April 2009

(24) MY DIET PLAN (၀ိတ်ချမယ်)

(24) MY DIET PLAN (၀ိတ်ချမယ်)(၀ိတ်ချမယ်)

FOR THE NEXT 5 DAYS I WILL BE CONSUMING ONLY 1000 CALORIES PER DAY. I NEVER CONTROL MY CALORIES SERIOUSLY BEFORE, BUT I DO HAVE EXPERIENCE OF WHAT I AM ABOUT TO GO THROUGH.

IN THE NEXT FEW DAYS MY BODY WILL BE LOST SUGAR. AS THEY GO I WILL BECOME WEAKER AND WEAKER OR I STILL BE HUNGRY FOR THESE DAYS. I START BURNING FAT AND OTHER SUBSTANCES OF MY BODY. THOSE SUBSTANCES WILL BE THE TOXIN. THE TOXIN THAT I HAVE BEEN ACCUMULATED.

I LIVED IN THE CITY IN MOST OF MY 7 YEARS. ALTHOUGH NOW I AM IN UK, THE PLACE CALLED WIGAN, GREAT MANCHESTER AREA, I HAVE BEEN HERE FOR TWO MONTHS.MOST SPECIFICALLY IN A LITTLE TOWN OF GREATER MANCESTER.28 MILES FAR AWAY FORM MANCHESTER CITY. HAVING LIVED IN THE CITY AND HAVING NORMAL FIRST FOOD. LIKE CHEESE BUGAR, KEBARB AND CHINESE TAKE AWAY AND A LOTS OF CHIPS. I HAD ACCUMULATED A LOTS OF TOXIN. EVEN I HAVE DIETING IN THE PAST, I DO BELIEVE THAT I HAVE TOXIN.

NOW, SOME OF THE MAIN REASON WHY I WOULD LIKE TO REDUCE MY CALORIES IS FOR MY GENERAL HEALTH FOR MY WEIGHT AS WELL WHICH IS MY HEALTH ALSO MY WEIGHT AND MY LOOK. I DO FEEL REALLY HEAVY ABOUT MY BODY. I FEEL IN THE MORNING MY FINGERS ARE SWOLLEN, MY JOINTS ARE SWOLLEN. THAT IS WHY I DETERMINED THAT I AM NOT CARRYING AROUND THIS EXTRA BODY WEIGHT ANYMORE. I WILL BE BLOGGING DAY BY DAY ABOUT THE WHOLE PROCESS.

I HAVE BEEN QUITE A JUNK FOOD BINGING THE LAST SIX MONTHS FOR SOME REASON. AND I THINK PROBABLY I AM QUITE TOXIFIED BY THAT. SO I AM GOING TO EAT SENSIABILY AND THEN EAT WELL FOR QUITE A LONG PERIOD, THEN I WILL SLOWLY AVOIDING BLOODY JUNK FOOD AND OCCATIONAL BINGING.

SOMEHOW DURING THE PERIOD OF TIME MY FINGERS FEEL STARTED TO NOT FEEL GOOD IN THE MORNING. ALSO SADNESS, I EXPERIENCED SADNESS AT THE MOMENT SOME WE CALLED IS DEPRESSION. I JUST FIND MY SELF NOT BEING REACHED OUT OF MY HAND. I FEEL HELPLESS AND LONELY. SOMEHOW I DID DIET, I FOUND RELIEVE SADNESS. SOMEHOW I LET GO SOMETHING, LET GO THINGS. SO DETOXIFYING YOUR BODY LETS YOU DETOX YOUR MIND AND THIS SPRITUAL ASPECTS OF DIETING I WILL POST TO THIS BLOGS IN THE NEXT 5 DAYS.

TODAY IS JUST INTRODUCTION , WANTED TO INVITE YOU TO FOLLOW FOR THAT 5 DAYS CHALLENGE. HOPEFULLY IF YOU POST ME A MESSAGE OR QUESTION VIA COMMENT BOX OR E-MAIL. I WILL ANSWER ALL QUESTIONS AND COMMENTS. TO BE HORNEST, DIETING AND SENSIABLE EATING CAN BE QUITE INTENSE. IF YOU DON’T HAVE EXPERIENCE DITEING --->START SLOWLY.

I BELIEVE THAT I HAVE BUILT UP SOME DIETING AND FASTING EXPERIENCE AND EVEN IF I HAVE BEEN EATEN JUNK FOOD THE LAST 6 MONTHS, I KNEW THAT I CAN FIGHT BACK. IN LAST WEEK I ATE THE WORST FATTY FOOD, I DID EAT READY MADE NOODLE, COCONUT RICE, CHINESE SWEET SNACK, RED MEAT AND TON OF FIZZY DRINK, FOR THAT WHOLE WEEK I ATE TON OF RUBBISH.

START FROM NOW ON I WILL EAT LESS AND LESS FATTY FOOD, MORE FRUIT AND VEGETABLE AND I WILL DRINK TON OF WATER OF CAUSE. BUT LAST NIGHT SOMEHOW I SAID "OK BEFORE I GOING FOR 5 DAYS DIET, I WILL HAVE NICE BUTTERY BARANI(ကုလားကြက်သားဒန်ပေါက်) " INDIAN CHICKEN BARANI WHICH I CAN GET THE BEST KIND IN MY VILLAGE. I TREATED MYSELF REALLY WELL. NOW DAY (1), I GUESS AT THE BEGINNING OF DAY ONE FOR ME 2:45 AM, I AM NOT GOING TO CONSUME ANYTHING BUT GREEN TEA. SO TOMORROW I WILL EXPLODE MORE DETAIL UNTIL THE NEXT 5 DAYS. SO THANK YOU VERY MUCH FOR READING THIS POST. PLEASE SAY "HI" IF YOU SUPPORT MY DIETING PROGRESS AND ..................... HAVE A GOOD DAY.

Saturday 25 April 2009

(23) ဧပြီး ၂၄ရက် ၂၀၀၉ သောကြာနေ့  Diary

ဒီကနေ့ ကျမရဲ အိမ်ကို သူငယ်ချင်းမ ၃ယောက်လာလည်ပါတယ်။ ၁ယောက်က ဗမာပြည်က ကျန်၂ယောက် က Erithria နိုင်ငံကပါ။ သူတို့ နိုင်ငံက အီသီယိုးပီးယားနိုင်ငံနဲ့ အိမ်နီးနားခြင်းနိုင်ငံပါ။ သူတို့ ၂ယောက်စလုံး စစ်မှုထမ်းဟောင်း တွေပါ။ အသက် ၁၈နှစ်ပြည့်တဲ့ ယောက်ျားလေးရော၊ မိန်းကလေးများဟာ စစ်မှု မထမ်းမနေ ရထမ်းရပါတယ်။ သတ်မှတ်ထားတဲ့ ကာလပြီးရင် စစ်တပ်ထဲက ထွက်ခွင့်ရပါတယ်။ တောင်ကိုရီးယားနိုင်ငံက စစ်တပ်လဲ ဒီလိုဘဲလို့ ကြားဖူးပါတယ်။

Erithria သူငယ်ချင်းမ တစ်ယောက်ကတော့ London ကို လာမဲ့ Friday 1st May 09့ မှာ အပြီးပြောင်းမှာမို့ လာနှုတ်ဆက်တာ ဖြစ်ပြီး။ တောမှနေတဲ့ ကျမအတွက် ၊ အချိုမုန့် တွေ၊ သစ်သီးဖျော်ရည် နဲ့ diet coke အကပ်လိုက်ဆွဲ ယူလာပေးပါတယ်။ ကျမ ချက်ထားတဲ့ အုန်းထမင်း၊ ပုဇွန်ကြော်၊ မျှစ်နှင့် ပဲပြုတ်ကျော်၊ အာလူးပြုတ်သုတ် တွေကို ကောင်းကောင်း အားပေးသွားပြီး အုန်းထမင်း ချက်နည်းကိုပါ သင်ယူသွားပါတယ်။

သူတို့ တွေကို bus ကားဂိတ်လိုက်ပို့ ပြီးတဲ့ နောက် ကျမ တမျိုးကြီးခံစားပြီးကျန်ခဲ့ ရပါတယ်။ အိမ်အပြန်လမ်းမှာ မြင်းစီးကျင့် နေတဲ့  မျက်မှန်းတန်းမိတဲ့  english lady တစ်ဦးနဲ့ စကားအတန်ကြာ ရပ်ပြောဖြစ်ပါတယ်။ အရင်တုန်းက ကျမတို့  တခွန်းတလေသာ နှုတ်ဆက်နေကြ ဒီနေ့ တော့ သူမြင်းကို အကျအန ရပ်ပြီးမြင်းပေါ်ကနေ စကားလှန်းပြောတာပါ။ သူက တော်တော် ဖေါ်ရွေပါတယ်။ သူမရဲမြင်းအကြောင်းကို မမောတမ်းပြောပြပါတယ်။ သူမမြင်း ဒီကနေ့  တော်တော်ပျော်နေကြောင်း ဒီကနေ့ မိုင်အရေအတွက် ဘယ်လောက် သွားခဲပြီဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြ နေတုန်း ကျမက သူငယ်ချင်းမတွေကို လိုက်ပို့ တာဖြစ်ကြောင်း သူမရဲ့ မြင်းမဟာ အရပ်ရှည်ပြီး အရောင် လှ ကြောင်း ချီးမွမ်းမိပါတယ်။

မနေ့ ညတုန်း က မနက် ၅နာရီထိ မိုးစင်စင်လင်းသာသွားတယ် ကျမအိပ်မပျော်ခဲ့ ပါ။ အခုလဲ 2:30am ရှိတောမယ် မျက်လုံးက ပြူးနေတုန်း မောင်လေးအငယ်ဆုံး link ပို့ ထားတဲ့ ရဟန်းနာကောင်းကင်မှာ ကြွတဲ့ youtube video နဲ့ myanmar blogs အချို့ ကိုဖတ်ရင်း တချက်တချက် အိမ်အကြောင်းမတွေးပါဘဲ ရောက်ရောက်သွားတာမို့  မိုးလင်းရင်အိမ်ကို ဖုန်းခေါ်ဖို့  ဆုံးဖြတ်လိုက်ပါတယ်။ နေ့ လည် 12:30 ကနေ 4:00 အထိ မောင်လေးအငယ်ဆုံးနဲ့ ရောက်တတ်ရာရာ ပြောလိုက် file တွေ Link တွေ share လိုက်နဲ့ သူငယ်ချင်းတွေလာမှ sign out လုပ်ဖြစ်တယ်။ သူထက် အသက်ကြီးတဲ့ ကျမ ကို စိတ်မချဘူး။ သူနဲ့ စကားပြောရင် အိမ်ကိုအရမ်းလွမ်းတယ်။

Thursday 23 April 2009

(22)ကိုကြီးကျော် ၊ ပခန်းကျော် ၊ ဦးမင်းကျော် ၊ ဖေဖေကျော်

ကျမတို့ မိသားစုဝင်များသည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များ ဖြစ်ကြသဖြင့် နတ်ကိုးကွယ်ယုံကြည်မှု မရှိပါ။ သို့ သော် လူကြီးသူမများ ၏ဆို ဆုံးမမှုကြောင့် အိမ်နီးချင်းတို့  ကိုးကွယ်သော (၃၇)မင်းနတ်တို့ သည်လည်း ကျမတို့ မေတ္တာပို့ ရာမှာပါဝင်သည်။ (၃၇)မင်း နှင့် ကျမတို့ တော်တော်ခင်မင်ရင်းနှီး ခဲ့ဖူးပါသည်။ မဖွယ်မရာပြောခြင်းမဟုတ်ပါ။ ကျမတို့ နေထိုင်ခဲသော ပေတရာတောင်ပိုင်း တွင် အိမ်ရှေ့ က နတ်ကနားစီး ဒေါ် xxx အိမ်၊ အိမ်နောက် က နတ်ထိန်း ဦး xx နှင့် ဇနီး နတ်ကတော် ဒေါ် xx တို့ အိမ်၊ အိမ်ဘေးကတော့ တခါတလေစီးပွားရေးအတွက် ထိုင်ကနားပေးသော မိသားစုများ ငှါးနေသည့် အိမ်တန်းရားတို့ ဖြစ်ပါသည်။

မှော်ဘီမှာ နွေဦးရာသီများတွင် နတ်ကနားပွဲများ နေရာတိုင်းလိုလို ခြိမ့်ခြိမ့်သဲ ကျင်းပကြသည် ။ အရှင်သခင်များ ကို လာဘ်လာဘ ပေါများရန်၊ ကာကွယ်စောင့်ရှောက်ရန် ကနားပေးကာ ကျင်းပသည် (နတ်ချော့) သည် လို့ လဲဆို ကြပါသည်။ အိမ်ရှေ့ အိမ်က ကနားစည်း အိမ်ဖြစ်သဖြင့် နတ်ကတော်များ၊ နတ်ထိန်းများ အများစု နယ် show မထွက်ခင် စုစီးရာ နေရာကလေးဖြစ်သည့် အပြင် ထိုကနားစီး ၏ အိမ်သည် ၃၇ မင်းနတ်ရုပ်များ ယာယီတည်းခိုစံမြန်းရာနေရာဖြစ်ပါသည်။

ပိုးပုဝါ၊ဖဲပုဝါ၊ ပုဝါရောင်ရုံများ ၊ ၇င်စီးရောင်စုံများနှင့် ရွှေရောင်ငွေရောင် တလက်လက် တောက်ပြောင်နေသော အရှင်ကြီး၊ အရှင်လေးများ
အရှင်သခင်မများ နှင့် အရှင်သခင်မငယ်ငယ်လေး တို့ ၏ ရုပ်ပုံပန်းပုမှာ ကနားစည်း၏ အိမ်တွင် ထည်ထည်ဝါ၀ါရှိလှသည်။ ကနားစီး အသက်အရွယ်မှာ ကျမမိခင်နှင့်မတိမ်းမယိမ်း သို့ သော် အရွယ်တင်လွန်းလှသည်။ နတ်ကလျှင် ပုဝါအလှဆုံးကို ရင်ဘတ်နှင့် ခေါင်းတွင်စီးလျှက် ပန်းပေါင်းစုံ ကိုလည်တွင်ဆွဲ ကာ ဒါးရှည်ကိုမကာမကာ ကသော သူမ၏အလှက တော်တော်ကိုဖမ်းစားသည်။

နတ်ပွဲကိုများသောအားဖြင့် ၃ရက်ကျင်းပလေ့ရှိပြီး။ ညဘက် ၁၀နာရီမထိုးခင် ကောင်စီအမိန့် အရ ပွဲသိမ်းရသည်။ တခါတရံ ၃ရက်သာ ကုန်သွားသည် ၃၇မင်း နတ်ကမပြည့်သေး။ ကောင်စီကို တောင်းပန် ကား အပြီးမခြင်း တစ်နတ်ဝင်တစ်နတ်ထွက် အမြန်နှုံးနှင့် နောက်ဆုံးနေတွင် ကရသည်။ တခါတလေ အချိန်က နှောင်းနေပြီ နတ်က မထွက်နိုင်သေး။ ဆိုင်းဆရာများမှာ နတ်သံပါပါနှင့် "စံပျော်ရာနတ်နန်းသို့ ပြန်ကြွတော်မူပါ အဖ xxx ဘုရားဆိုပြီး " တောင်းပန်ရသည်။ နတ်တွေလဲ ကောင်စီကပေးထားတဲ့ stay လွန်လို့ မရ။ ကောင်စီကိုပါ အ၀တိုက်ပြီးစည်းရုံးထားလျှင်တော့ နည်းနည်း overtime ဆွဲလို့ ရသည်။

၃၇ မင်းနှင့်ကျမအကြောင်း
ကျမသည် နတ်အကြောင်း ရေရေရာရာမသိသော်လည်း နတ်ဆိုင်းသံကြားလျှင် မနေနိုင် ထမိန်ကို စွန်တောင်ဆွဲ လျှက်ခုန်ကာ ခုန်ကာ ကမိသည်။ နတ်သီချင်းများကိုလဲ လိုက်ဆိုသည်။ အိမ်ကမကြိုက် ။ အိမ်ပေါ်ကနှင်ချလျှင် အိမ်အောက်မြေကြီး၌ ဖျာစုတ်ခင်းကာ ကသည်။
ယနေ့ အထိနှုတ်တိုက်ရသော နတ်ချော့သီချင်းအပိုင်းအစလေးများမှာ
- ဖေဖေကျော် အရက်ပုလင်းပိုက်လို့ မြင်းကို စီးကာလာပြီလေ။
- ဖေကြီးကျော် ကိုချစ်လိုက်ပါတဲ့ မောင်းမတို့ ရေ။
- ဖေဖေကျော်လာတဲ့ လမ်းဆီးကြိုကြစမ်း

- ကိုးမြို့ ရှင်နတ်။ ခရိုင်တရိုး အသရေတိုးပါတဲ့ အဖကိုးမြို့ ရှင်ဘုရား။
- ရွှေလိုချင်ရင်ဒါးကို သွေးပါ ငွေလိုချင်ရင် ဒါးကိုသွေးပါသွေးပါ။
- ကျွဲ ပျောက်ရင်လဲမေးပါ မေးပါ၊ နွားပျောက်ရင်လဲ မေးပါမေးပါ။ ဒါက တလိုင်းနတ်လိုထင်သည်။
- ကိုအောင်နိုင်ဘယ်မှာ ရှိတယ်။ နတ်ကလေးအောင်နိုင်ဘယ်မှာရှိတယ်။

ပြီးရင်
ကုလားသီးချင်း disco dancer နဲ့ ကတဲ့ ချွဲလဲချွဲတဲ့ မနှဲလေးအက။ တခါတလေသူ က ပုဇွန်ဆိတ်ကလေးဘယ်လိုငယ် ပင်လည်ကူတတ်တယ်နဲ့ လဲ ကသည်။ သူမကို ကျောက်နှင်းဆီပန်းနီရဲရဲလေးနှင့် ဘဲဥ ကိုဆက်ကြသည်။ သူကတခါတလေ ချွဲပြီး ချွေကိုကိုကြီး၊ ချွေမမကြီး လို့ ဆိုတတ်သည်။ အသက်ကြီးကြီးနတ်ဝင်သည်တွေက ချွဲချွဲလေးပြောရင် ကြိတ်ပြီး တခွီးခွီင်္း ရယ်မိသည်။

နောက်
ကျိုက်ထီးရိုးဇာတ်ဆန်ဆန်သီးချင်းနှင့်က သည့် နတ် ကရင်လို အမိုးတွေ ဖာထီးတွေလဲပါသည်။

မြူးမြူးကြွကြွ ကလို့ ကောင်းတာကတော့ ကိုကြီးကျော် အကဖြစ်ပါသည်။ ကျားနတ် ကတော့ကြည့်လို့ ကောင်းသည်။ အုန်းသီးကိုကိုက်ကာခွဲသည်ကအံမခန်း။ ကျားနတ်ကငှက်ပျောသီးအမှည့်တွေ ပရိတ်သတ်ထဲ ကိုပစ်ပေးရာ ကျမတို့ ကလေးတွေ မိအောင်ဖမ်းကြသည်။

ရှမ်းဒါးသိုင်းနဲ့ ကတာကတော့ ရှမ်းပြည်ကနတ်တခုခုဖြစ်မည်။ ရှုတိုင်းသာစွ ရာမညတိုင်းဌာနီဆိုတော့ မွန်တလိုင်းနတ်လားမသိ။

နတ်ဒိုးတီးလျှင် ရင်ထဲကနေ တဂျိမ်းဂျိမ်းမည်သည်။ ငယ်စဉ်ကနေ ခုထိ နတ်ဆိုင်းသံကြားလျှင် ကချင်သည်ကတားမရ။ ကို့ ရဲ လျှိုဝှက် ချက်ကို ဘယ်သူမှမသိ ။(ဟိဟိ အိမ်သားတွေကလွဲ ရင်) အိမ်ပေါ်ကမောင်းချခံရတာကလဲ မကြာခဏ၊ နတ်ပွဲ ရှိလျှင် နေမြန်မြန်မှောင် အောင်ဆုတောင်းရတာကအမော။ ခုန်မကလျှင်လဲ ဒီက ခြေကလေးလှုပ်၊ လက်ကလေးချိုးလောက် လုပ်ဖြစ်အောင်လုပ်တာမို့  အမတွေနဲ့ အမေက မကြည် အိနြေ္ဒ သံပတ်တလားမရှိ နန့် ကျောစိန် လို့ အခေါ်ခံရမည်။

အိမ်ဘေး ခြံကွက်ထဲမှာ ညနေ၀င်ရီတရော ချွေးဒီးဒီး ကျအောင် ကပြီး ခုန်ပြီး ရေမိုးချိုးပြီး
အိပ်ရာဝင်ရသည်က အင်မတန်ကောင်း။

ပွဲသိမ်းပြီးနောက်ဆုံးကသည် အမဲသားစားသည့်နတ် (နတ်အမည်က မဖဲဝါ လား သင်္ချိုင်းစောင့်နတ်လား) မသိ သိပ်စိတ်ဝင်စားဖို့ ကောင်းသည်။ အဲဒီအချိန်ဆို အိမ်မှမရ ရအောင်ခိုးထွက်ပြီးသွားကြည့် ရတာအမော။ အမဲသားအစိမ်းကို ကိုက်ဖဲ့စားပြီး ရခိုင် ငှက်ပျောသီးများ ဖြင့်မျှောချကာ နတ်ကနားစင်ကို ဒါးနှင့်စတိခုတ်ပြီး ခေါစာပြစ်သည်။ ခေါစာပြစ်သည် ကလည်း ကြောက်စရာ ဆန်ကောဝိုင်းထဲ အစားအသောက်ထည့်ကာ နတ်ကတော်က ၄င်း ဆန်ကောကိုခေါင်းတွင်သယ် ကာ ဒါးမိုးလျှက် ရွှာစွန်မှာသွာပြစ် သည်ဟုဆိုသည်။ ဒါကတော့ကြောက်စရာ။

နတ်ကတော်များနှင့် တော့တော်တော် ရီရသည်။ ကျောင်းဆင်းဆင်းချင်းအိမ်သို့ တန်းမပြန် နတ်ကနားပွဲကို ၀င်ငန်းလိုက်ရမှ ကျေနပ်သည်။ တခါတရံ အိမ်ရှေ့ ကနားစီးအိမ်မှာ စတည်းချသော ကိုကိုခေါ်မလား၊မမခေါ်မလား အလှဖန်တီးရှင်များ ကို လည်းနတ်ပွဲတွင် မျက်တောင်တုကြီးများ ။ ဖင်တုရင်တုများဖြင့်တွေ့ ရတတ်သည်။ ပြင်တတ်ဆင်တတ်ကျပုံ များ ကွန်းထောင်ကိုင် မမ များပင်အောချလောက်သည်။

အိမ်နီးနားချင်တွေမို့  မိဘများနှင့်ခင်မင်ရင်းစွဲရှိသည် မို့ နတ်ကနားပွဲမှာ ဘရုတ်သုတ်ခ မလုပ်ရဲ။ ကြည့်ဖို့ တောင်ခက်ခက်ခဲခဲ ခိုးထွက်ရတာ ပြန်တိုင်မှ အခက်မဟုတ်လား။

အိမ်နောက်အိမ်က နတ်ထိန်း ဦး xxနှင့် နတ်ကတော် ဒေါ် xx ကတော့ ကြိတ်ဝိုင်းအလုပ်များသည်။ ထိုင်ကနားခေါ်မလားမသိ။ သူတို့ ၂ဦးကတော့ နတ်အပြင် အင်းအိုင်၊ ခလှဲ၊ လက်ဖွဲ တွေပါ အယုံအကြည်ရှိသည်။ ဒေါ် xx ၏ ကျောပြင်၊ လက်မောင်း၊ နှင့်လက်ဖျံတို့ တွင် အင်းစာများ၊ ရုပ်ပုံများ၊ ရှုပ်ရှက်ခတ်နေသည်။ သူတို့ အိမ်မှာ ဖဲဝိုင်းလည်းလုပ်တတ်သည်။ အဲဒီအချိန်တုန်းကဖဲဝိုင်းဆိုလျှင် ကောင်စီ ၀င်ဝင် ဖမ်းတတ်သည်။ ကောင်စီ လူကြီးများကိုမြင်လျှင်ချက်ခြင်း ဖဲထုတ်ကို အမြန်သိမ်းကာ တကိုယ်လုံး တုန်လှုပ်ကာ နတ်ဝင် ပူး လေတော့သည်။

ကိုကြီးကျော်နှင့် ကျမ၏ဖခင်

ကျမ၏ဖခင်သည် နတ်ကိုးကွယ်မှုကို ဆန့် ကျင်သူတဦးဖြစ်ပါသည်။ ကျမတို့ အိမ်တွင် နတ်အုန်းမရှိပါ။ ရပ်ကွက်အသစ်ပြောင်းပြီးကာမှ အဖွားဆန္ဒ အရ အုန်းဆွဲသည်ကို လက်ခံထားသော်လည်း ယောက်ခမ စိတ်မချမ်းသာမည် စိုးသဖြင့် မပြော။ သို့သော် သဘော မတွေ့ ချေ။ အိမ်နီးနားချင်း (နတ်ဆွေမျိုးများ) နှင့် လည်း တအားအရောတ၀င်မရှိပါ။ သို့ သော် ခင်ခင်မင်မင်နှုတ်ဆက် လေ့ရှိသည်။ ကျမ၏ဖခင်သည် အမြဲ အလုပ်များနေသူဖြစ်ပါသည်။ တနေ့ အိမ်နောက်အိမ်မှ ဦး xx နှင့် ဇနီး ဒေါ် xx မှ ကျမ၏ဖခင်အား အလည်လာရန် ဖိတ်ပါသည်။ သူတို့ အိမ်တွင် ကနားလုပ်မည်ဟုထင်ပါသည်။
ထိုနေ့ က ကျမဖခင်သူတို့ အိမ်သို့ အလည်အပတ်သွားခဲ့ ပါသည်။ ကျမတို့ မရဲတရဲမေးသောအခါ ဖခင်က
'' ကို xx တို့ က နတ်ဝင်ရင်းနဲ့ ငါကိုလဲ အရက်တိုက်တယ်။ ငါကလဲ ကဲ ကိုကြီးကျော်နဲ့ ညီလေးနဲ့ ပြိုင်သောက်ကြရအောင် လို့ ပြောတယ်။''

"တစ်ပုလင်းပြီး တပုလင်းဖွင့်သောက်လိုက်ကြတာ နတ်ထိန်းကြီးနဲ့ နတ်ကတော် ကြီးတို့  မျက်လုံးတောင်မဖွင့် နိုင်အောင်မူးသွားတယ်။ ဒါနဲ့ ငါလဲ ကိုကြီးကျော်တော့ မူးမမူးမသိဘူး ။ ညီဘွားတော့မူးပြီ ။ အိမ်ပြန်ပြီးအိပ်တော့မယ် " ဆိုပြီး ပြန်လာခဲ့တာဘဲကွ လို ပြောသည်။ တတ်လဲ တတ်နိုင်သည့် ကျမတို့ ၏ဖခင်။ သားသမီးတွေမေးတော့ ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပြခဲ့ သည်။

နတ်နှင့် ကျမတို့ ၏ သင်္ချာဆရာ

ကျမတို့ ရတန်းတက်သော အခါ စာအသင်အတော်ဆုံး သင်္ချာဆရာ တစ်ဦးက ဂျီသြမေတြီ (သင်္ချာ ၂) ကိုသင်ပါသည်။ သူက အရိုက်ကြမ်းသည်။ စေတနာပါသဖြင့် ကျောင်းသားအများစုက ချစ်ကြောက် ရိုသေကြသည်။ သူဟာသပြောလျှင် အင်မတန်ရီရသည် သို့ သော်သူကိုယ်တိုင်က ၀င်မရီ။ သူကလည်းနတ်ဆန့် ကျင်ရေးသမားဖြစ်သည်။ တခါတလေ သူပြောသည့် နတ်လုတ်လိမ့်မည် ဆိုသည့် စကားက တော်တော် တာသွားသည်။


ဘာဘဲပြောပြော နတ်ကခြင်းကို ကျမကတော့ entertainment တစ်ခုအဖြစ်လက်ခံသည်။ ကိုးကွယ်ယုံကြည်မှု ကိုတော့မစော်ကားပါ။ ကျမအား ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းတချို့ က သူတို့ ဘာသာအကြောင်းပြောလျှင်လဲ ကျမ jesus christ ကို phlosopher တယောက်အနေနှင့် လေးစားသည့်လို့ ပြန်ပြောခဲ့ဖူးပါသည်။ ကျမ၏ အရိုးထဲတွင် ငယ်စဉ်ကတည်း က ဗုဒ္ဓဘာသာ ကို နှစ်ချိုက်စွာလက်ခံ ထားပြီးမို့ ။ တခြားဘာသာများအား မကိုးကွယ်သော်လည်းလေးစားပါသည်။ ယခု (၃၇) မင်းနှင့် ကျမ၏ ကျင်လည်ရာပတ်ဝန်းကျင်လေးအကြောင်းကို အလွမ်းပြေရေးမိပါသည် ။ ကိုးကွယ်ယုံကြည်သူများအား offensive ဖြစ်စေလိုသောဆန္ဒ နှင့် ရေးခြင်းမဟုတ်ပါ။

ကျမမြန်မာပြည်ကို အပြီးပြန်သော တနေ့ တွင် တခါလောက်မဖြစ်ဖြစ်အောင် နတ်ကနားထဲ ကဖူးသည်ရှိအောင် ၀င်ကပါဦးမည်။
ယခင်တုန်း က တစ်ခါပူးလျှင် ၅ကျပ်တမတ် (၅ကျပ် ၂၅ပြား) လာဘ်တင်ရသည်။ ပိုက်ဆံကလေးကို ပန်းကန်ပြားပေါ်တင်၊ ရင်ဘတ်နှင့်ခေါင်းတွင် ပုဝါလှလှလေးစီး၊ မျက်လုံးများဇုံမှိတ်ကာ ဆိုင်းသံအတိုင်း သပြေပန်းခက်ကလေးကိုင်ကာကိုင်ကာဖြင့် ကျမကချင်ပါသည်။ ယခုလောက်ဆိုလျှင် လာဘ်တင်ခ ဈေးတက်နေလောက်ပြီ။။

Monday 20 April 2009

(21)cigars, fags, cigarettes


စီးက၇က်ကို အင်္ဂလိပ်လူမျိုးများက fag လို့ သုံးနှုံးကြသည်။ မကြာခဏဆိုသလို I'm gonna have a fag, I'm gonna have ciggy (ciggy is a short word for cigarette / cigar) စသည့်ဖြင့် သုံးနှုံးကြသည်။ အဆောက်အဦး အတွင်း စီးကရက်သောက်ခြင်းကို တမြန်နှစ် တုံးက တရားဥပဒေအရ ပိတ်ပင်လိုက်ပြိးသည့် နောက်ပိုင်းတွင် စီးကရက်ကြိုက်သူများ မှာ အဆောက်အဦးပြင်ပသို့ ထွက်ပြီးမှသာ သောက်ခွင့် ရှိတော့သည်။ ဈေးဆိုင်၊ ကျောင်း၊ရုံး၊ အရက်ဆိုင်၊လောင်းကစားဆိုင် များသာမက Bingo hall, ကာစီနို၊ cinema hall စသည့်နေရာများတွင် ဆေးလိပ်သောက်ပါ တရားဥပဒေအရ အရေးယူသည်။ မကြာခဏဆိုသလို သက်ဆိုင်ရာ council မှရှောင်တခင်ဝင်စစ်သဖြင့်ဆေးလိပ်သောက်သုံးသူများ အတွက် အဆင်မပြေလှ။ အရိုးကွဲအောင်ချမ်းတတ်သည့် အချိန်မျိုး နှင့် မိုးရွာသောနေ့ များတွင် အဆောက်အဦး အပြင်၊ car park လိုနေရာမျိုးမှာထွက် သောက်ရသည့် အတွက် တော်ရုံဆေးလိပ်စွဲသူများပင် သောက်သုံးသည့် အလိပ်ရေပမာဏ လျှော့ နည်းစပြုလာပြီ။

ငယ်ငယ်က ဆေးပေါ့ လိပ်များကို အဖွားခြင်ထောင်အတွင်း ခိုးသောက်ခဲ့ ဖူးပါသည်။ ဂဠုံညီနောင်ဆေးလိပ်၊ သဘာဝဆေးလိပ်၊ စသည့် ဆေးလိပ်များမှာ နာမည်ကြီး၊ ဂဠုံညီနောင် ဆေးလိပ်မှာ အလိပ် ၁၀၀ အထုတ်နှင် အလိပ် ၅၀ထုတ် ဖြစ်သည်။ အလိပ် ၁၀၀ ထုတ်မှ ဆေးလိပ်မှာ အနည်းငယ် အလျှားတိုပြီး ရောင်းဈေးမှာ ၁၀ပြားဖြစ်သည်။ အလိပ် ၅၀ထုတ်မှာ အလျှားပိုရှည်ပြီး ၁၅ပြားနှုံးဖြင့် ရောင်းသည်။ အလိပ် ၅၀ ထုတ် တွင် အောင်ဘာလေ ထီလက်မှတ်လက်ဆောင် မကြာခဏပါတတ်သည်။ " ဂဠုံညီနောင်ဆေးလိပ်ကို သောက်သုံးတော်မူကြပါ။ " ဟုဆေးလိပ်ထုတ်ဧ်။အပြင်တွင်ရေးထားသည်။

သဘာဝဆေးလိပ်ပေါ်လာသောအခါလူကြိုက်များကြသည်။ သဘာဝဆေးလိပ်မှာ ပိုလှပြီး သေးသွယ်သည်။ အရောင်းလိုက်သည် ဈေးကတော့ ဂဠုံညီနောင်ထက်ဈေးကြီးသည်။ ဆေးပြင်းလိပ်ကတော့ တော်တော်အနံပြင်းသည်။ ဆေးရွက်ကြီးမဲမဲကြီးနှင့်လိပ်ထား သော ပုပုမဲမဲတုတ်တုတ် ဆေးပြင်းလိပ်ကို မုန်းသည်။ မှော်ဘီမှာ မင်္ဂလာဆောင် ၊အလှူ အခန်းအနားများတွင် စီးကရက်ကမ်း သည့် အလေ့ အထ ရှိသည်။ စီးကရက်ရဲ့ ကသေးသေးသွယ်သွယ် နှင့် ရှိုးထုတ်ရတာ အတော်အဆင်ပြေသည်။ မင်းသိင်္ခ ၀တ္ထုထဲ က ဇာတ်လိုက်ကြီး ဆားပုလင်းနှင်းမောင် ကြိုက်သည့် စီးကရက်နာမည်ကို မေ့သွားပြီး ရေခဲတောင်စီးကရက်ဆိုလားမသိ ။ ဒါ့ အပြင် ဇင်ဇင်း၊ ဒူးယား၊ခဘောင်း၊ မာဘိုရို၊ စသည်တို့ အပြင် ကျမနောက်ဆုံးသိသော စီးကရက်မှာ လန်ဒန်စီးကရက်ဖြစ်သည်။

လန်ဒန်စီးကရက်စက်ရုံမှာ ပတ္တမြား ပျဉ်းမပင်၊ စက်မှု ဇုံတွင်ရှိပြီး၊ ရုံးမှာ ကန်လမ်းတွင်ရှိသည်။ စက်မှုဇုံအနီးမှ ဖြတ်သွားလျှင် ဆေးရွက်ကြီးနံ ကြောင့် အရမ်းမူးသည်။ လန်ဒန်စီးကရက်စက်ရုံ (Rothamin Pall Mall) စဖွင့်ကာစမှာ အလုပ်အကိုင် ရှားပါးသော ခေတ်မို့ အလုအယက် လျှောက်ကြသည်။ ကြားရသည်က ဆေးစစ်သည်တဲ့ ။လခတော်တော်ကောင်းသည်လို့ ကြားသည်။ စီးကရက်စက်ရုံအနီးတွင် အထည်စက်ရုံများအစီအရီရှိသည်။ Wah Fu, Unimix စသည့် နိုင်ငံခြားသားနှင့်ဖက်စပ် အထည်ချုပ်လုပ်ငန်းများဖြစ်ပါသည်။

ခေတ်ကာလကြာပြီဖြစ်သဖြင့် ၄င်းဖက်စပ်များရှိချင်မှ ရှိတော့မည်။ တနည်းတဖုံတော့ လူနေမှု စီးပွားရေးကို အဆင်ပြေစေခဲ့ပါသည်။ ဆယ်တန်းအောင်ပြီးကာစ ကျောင်းတက်ရန်စောင့်နေသူများ တဖက်တလမ်းမှ အိမ့်မီးဖိုချောင်ကို ဖူလုံစေသည်။ တကယ်တော့ သူတို့ ရသော အမြတ်အစွန်းမှာ အလွန်များပြီး အလုပ်သမား လူတန်းစားနင်းပြားများရသည့် လခကြေးငွေ မှာ တကယ့် အရိုးအရင်းပင်။

သင်္ကြန်အကြတ်နေ့ ကအံဆုံးနှုတ်ထားသဖြင့် သွားဖုံးများမှာ အနာမကျက်သေး၊ တော်တော်ဒုက္ခ ရောက်သည် အပြင်သွားဖုံးအသား ဆက်လာသောအခါ အင်မတန်ယားသည်။ သွားနာသွားကိုက်လျှင် ဆေးရွက်ကြီးက တော်တော်ကောင်းသည်။ ဒီညဆေးလိပ်သောက်ချင်သည်။ ငယ်ငယ်တုန်းကမုန်းသော ဆေးပြင်းလိပ်ကြီးကို ပါးဇောင်တွင် ကျကျနန ခဲပြစ်လိုက်ချင်သည်။ ကျမရဲ့  flat mate ဂျူနီယာ က စီးကရက်စဖြတ်ရန် councellor နှင့် appointment လုပ်ထားပြီး စီးကရက်ကိုလျှော့သောက်စပြုပြီ။ ကျမ သူ့ ဆီက စီးကရက်အချို့ ကိုတောင်းပြီး ရေချိုးခန်းထဲတွင်စသောက်ပါတော့သည်။ ဂျူနီယာက အလွန်အကျွံမလုပ်ဖို့် တားသည်။

စီးကရက်ကိုဖြေးဖြေးချင်းဖွာ။ ပါးစပ်မှ အငွေ့ များကို နှာခေါင်းပေါက်မှ မျဉ်းမျဉ်းပြီးထုတ်ရသည့် အရသာမှာတော်တော်ကောင်းသည်။ စီးကရက်နှင့် လက်ဖက်ရည်ကျကျလေး တခွက်တော်တော်လိုက်သည်။ မနက်ဖြန်ထမင်းစားပြီး တလိပ်သောက်ဦးမည်။ တခါတလေလဲ ဒီကိုခပ်မိုက်မိုက် ရူးရူးနှမ်းနှမ်း အလုပ်တွေ စိတ်ကြိုက်လုပ်ရတာ ကိုသဘောတွေ့ သည်။ အမြဲတမ်းလိမ်မာပြီး ပုံသေနည်းဖြင့်နေသော ဘ၀ကို မုန်းသည်။ မိန်းခလေးတို့ တတ်အပ်သော အထာရသ ( xx) ၇ပ် ထဲမှာ ဆေးလိပ်သောက်ခြင်းပါရင်လဲကောင်းမည်။ မိန်းခလေးမို့ ဘောင်တွေဘာတွေထဲမှာ မနေချင်။ ယောက်ျားလေးနှင့်မိန်းခလေး တန်းတူအခွင့် အရေးရှိသင့်သည်။ လုပ်ချင်ရက်နဲ့ မလုပ်ဖူးတာ၊ စမ်းသပ်ချင်ရက်နဲ့ မစမ်းသပ်ရတာ တွေ ကိုမုန်းသည်။ အချုပ်အနှောင် မရှိသည့် ငှက်သည် အမြင့်ဝေးဝေးပျံနိုင်သည်။ ၅ပါးသီလထဲမှာ ဆေးလိပ်မသောက်ရလို့ မပြောထား။ အများကြီးသောက်ရင်တော့ မကောင်း ။ သေသွားတဲ့ ယောက်ဖလို လေပြွန်ချောင်းကင်ဆာ မဖြစ်ချင်။

ဆေးလိပ်နဲ့ ပတ်သက်လို့  ငယ်ငယ်က ဖတ်ဖူးသည့် ကဗျာလေးကိုသတိယမိသည်။

ဆေးတံတို တညို လောက်
ရော့သောက်တော့ပေး

မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပါက ကြိုက်လို့ ထင်

သောက်စေချင် ကုတင်ထောင်ခဲ့ ကွဲ
ညို နွဲရဲ့လေး။

Saturday 18 April 2009

(20)အရူး ဖုန်းငို ဆပ်သွားတော တွင်နေသည်။

စိတ်ဖေါက်ပြန်သူတွေ (အရူး) တွေအကြောင်း ရေးချင်နေတာ ကြာလှပြီ။ အရူးတွေလို့ သုံးနှုံးတာ သိပ် offensive ဖြစ်လွန်းသည်။ တကယ်တော့ ဘာ့ကြောင့်စိတ်မနှံ ဖြစ်ရသည်ဆိုသည့် နောက်ခံအကြောင်းများက ပိုစိတ်ဝင်စားစရာ ကောင်းလှသည်။ တကယ်တော့ လူသားတိုင်းတနည်းမဟုတ်တနည်း ဖြင့် ရူးနေကြသူများ ဖြစ်ကြသည်။ မြတ်စွာဘုရား က
ပုထု ဇနော ဥမ္မ တကော ဟု မိန့် ဆိုခဲ့သည်။

မယားတရူးက မယားကိုသာ စိတ်မှာစွဲ သဖြင့်အချိန်တိုင်း မယားကိုသားတသည်။ ဥစွာ ရူးက ဥစွာ တခုထည်းကိုသာ တလျှက်ရူးသည်။ တကယ်တော့ အရူးများသည် တကယ် consistant ရှိသောသူများပင် ဖြစ်သည်။ အရူးများသည် မိမိတို့ လိုသည် မှအပ အခြားဘာမှ မသိ တခြားဘာမှ မတပ်မက်။ ကျမ ဘ၀ တလျှောက်တွင် သနားစရာကောင်းသော အရူးများ ကိုတွေ့ ခဲ့ ဖူးသည်။

သူတို့ အကြောင်းကို အလှင်းသင့်တိုင်း ထပ်ရေးပါမည်။ ပထမဆုံးကျမသိသူကတော့၊၊

ဖုန်းငို - သူအသက်ကိုမည်သူမျှ မခန့် မှန်းတပ် မိခင်အမယ်အို မှာလဲ သူသားအသက်ကိုမေးလျှင် အသက် ၄၀ စွန်းစွန်းပေါ့ လို့ ပြောသည်။ ဖုန်းငို ကအရမ်းကိုအေးသည်။ အ၀တ်အစုတ်ကလေးဝတ်သည်။ ဘုန်းကြီးကျောင်းမှာ အမြဲ ကူလုပ်သည်။
သူ့ အ၀တ်အစားများမှာ အရောင်မပေါ်တော့ သော တထည်တည်းသော င်္အကျီ နှင့် နံ ငယ်ပိုင်း ပုဆိုး (ပေါင်လည်လောက်သာရှိမည့် အရောင်မရှိတော့သော အနားပြုတ်နေသည် တာဇံ's ပုဆိုးပင်။ ဆံပင်က အမြဲတမ်း ဂတုံးဆံပင်နှင့်။ အသားအရာင်မှာ ၀ါစိမ်းစိမ်း အရောင်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။

သူရူးရခြင်းအကြောင်းကတော့ မှန်မမှန်မသိ ရပ်ကွက်ထဲက အဒေါ်ကြီးများစကားအရ ကြောင်ဆေးထိုးသဖြင့် ရူးသည်တဲ့ ။ အဲဒီတုန်းက အင်းအိုင်၊ ခလှဲ ၊လက်ဖွဲ ၊ မန္တရား များ ခောတ်စားခဲ့ သည်ဖြစ်မည်။

ဖုန်းငို ပိုင်ဆိုင်သော ပစွည်းများမှာ သစ်သားဖြင့် ကိုယ်တိုင်လုပ်ထားသော ၄ဘီကားတခု ။ အဖုံးမပါသော ခပ်စုတ်စုတ် သပိတ်တလုံး ။ နေပူပူ မိုးရွာရွာ ဖုန်းငိုတို့ ကအမြဲ consistant ဖြစ်သည်။ ယူနီဖေါင်းကပြောင်းမသွား ။ သူ့ ကိုရပ်ကွက်ထဲက ကလေးတွေ မစကြမနောက်ကြပါ။ တဖြေးဖြေး ဖုန်းငို အသက်ကြီးလာပြီ အသက် ၅၀နားကိုချဉ်းကပ်သော်လည်း ဆံပင်တချောင်မျှမဖြူ သူ့  အမေအမများနေသည့် အိမ်ဝိုင်းထဲတွင် ကိုယ်ပိုင်တဲ ထိုးကာနေသည်။ ဘုန်းကြီးကျောင်းမှ သစ်သား၎ဘီးကား ဆွဲပြီးအိမ် ပြန် ရောက်လျှင် တဲ ဒဇက်မိတ်အောက်တွင်သေချာစွာ ရပ်လေ့ ရှိသည်။ ၄ဘီးကားတွင်အမြဲတမ်း အလံ တခုစိုက်ထားလေ့ ရှိသည်။ အလံမှာ အခြားမဟုတ် လမ်းဘေးကကောက်ထားသော ကြွပ်ကြွပ်အိပ်ခွံ (သို့ မဟုတ်) ပုဆိုးစဟောင်းလေးတခု ပင်။


၁၉၈၈ လူထုအုံကြွမှု အပြီးတွင် ကျမတို့ နေရပ်ဖြစ်သည့် ပေတရာတောင်ပိုင်း၊မြောက်ပိုင်း၊ ဆပ်သွားတော၊ စမ်းချောင်းဝ၊ မီးသွေးဖုတ်၊ ရဲဘော်ဈေး၊ ဘန့် ဘွေးကုန်းစသည့် နေရာများကို (၇)ရက်အတွင်းပြောင်းရမည်။ မပြောင်းပါက ဘူတိုဇာ (မြေတူးစက်ဖြင့်) လာဖြို ချမည်ဟု လက်နက်ကိုင်များက notice ထုတ်သောအခါ။ ရပ်ကွက်သူ ရပ်ကွက်သားများစိတ်ထိခိုက်ကြသည်။ ဒီနေရာကလေးမှာ အနှစ် ၄၀၊ ၅၀ နေလာကြသူများ။ ဘိုးဘွားအမွေပေးသဖြင့် ဒါးမဦးချ အခြေစိုက်နေထိုင်သူများမှာ အလွန်စိတ်မကောင်းဖြစ်ကြသည်။ နောက်တမိသားစုကို စစ်ကား တစ်စီးနှုံးဖြင့် လူမနေရာမြို့ စွန်ရှိလယ်ကွက်ကို ပြောင်းကြရသည်။ အိမ်ထောင်ပရိဘောက တင်ရာစစ်ကားအနောက်မှာ လက်နက်ကိုင် တဦးစီလိုက်သည်။ အားလုံးအားမတန်သဖြင့် တက်တခေါက်ခေါက် ။ သို့ သော်

ဖုန်းငို ကတစ်ဦးတည်းသော တော်လှန်ရေးသမား၊ လုံးဝမပြောင်းတင်းခံသည်။ အမေ နှစ်အမတို့ လဲ ဘာလုပ်ရမှန်းမသိတော့ ။ ဖုန်းငိုကိုထားကာ ရပ်ကွက်သစ်ရှိရာကို တက်သုတ်ရိုက်ပြောင်းကြရသည်။ လက်နက်ကိုင်များက သည်းမခံ ။ အခန့် မသင့် လျှင် ရှိစုမဲ့စု တဲဘုတ်သာသာ အိမ်ကလေးကို မတော်တဆ ဘူတိုဇာ (မြေတူးစက်ဖြင့်) ဖြို လျှင် သူတောင်းစားခွက်ပြောက် ဦးမည်တဲ့ ။
ဖုန်းငို ကတော့မမှု့  သူရဲ့ သစ်သား၎ဘီးကားပေါ်တွင် အမြှောက်တခု(သစ်သား) ဆင်ကာ စစ်တပ်ဘက်သို ကျကျနန ချိန်ထားသည်။ လက်နက်ကိုင်တွေလာဖျက်လဲ နောက်တနေ့ ထပ်ဆောက်သည်။ ဘုန်းတော်ကြီး က လက်နက်ကိုင်များကိုတောင်းပန်ထားသဖြင့် သာတော်တော့သည်။

ရပ်ကွက်ဟောင်းကလေးဆီသို့ ၁၉၉၀ ရွေးကောက်ပွဲ အပြီး အလွမ်းပြေ ခနဖြတ်အသွား ဘုန်းငို ရဲ့ တဲ အိမ်ကလေးကိုတွေ့ ခဲ ရသည်။အရှင်သခင်တွေထားခဲ သော ခွေးပိန်ကလေးများနှင့် အိမ်ယာအပျက်အဟောင်းနှင့် တောထနေသောယခင်မြေနီလမ်း မအနီး ဖုန်းငို ပိုင်ဆိုင်သည့် တဲ့ ကလေးက တကယ့်ကိုထည်ထည်ဝါ၀ါရှိလှသည်။ ဒီရပ်ကွက်ဟောင်းကလေး က ဖုန်းငိုကိုချစ်သည်။ ကလေးရော ခွေးပါမကျန် ဖုန်းငိုကို သနားသည်။ သူတို့ မုန့် စားသည့် ထဲက ဖဲ့ ကျွေးသည်။ ဖုန်းငိုကအနေအေးလွန်းသည်။ ခုတော့ သူ့ ကိုချစ်သည့် ရပ်ကွက်ကလေးမရှိတော့ပြီ။ ရပ်ကွက်သူရပ်ကွက်သားများလည်း နေရာသစ်မှာ ခက်ခက်ခဲခဲ အခြေချ နေကုန်ကြပြီ။ ဖုန်းငို ကိုပေးမည့် ကမ်းမည့်သူများမရှိတော့ ( ခပ်ဝေးဝေးမှာကျန်နေသည့် ဘုန်းတော်ကြီးကျောင်းကလေးမှအပ။ )

ဖုန်းငို ဧ်။တဲအိမ် မနီးမဝေးမှ ဖြတ်သွားရင်း သူ့ ကိုကြည့်ရှုစောင့်ရှောက်မဲ့ သူများ၊ကြွေးမွေးမည် သူများပေါ်လာပါစေဟု ဆုတောင်းခဲ့ပါသည။်

Friday 17 April 2009

(19)HAPPY BURMESE NEW YEAR DAY

ယနေ့ ဟာနှစ်ဆန်း (၁) ရက်နေ့  မြန်မာသက္ကရာဇ် ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ ဖြစ်ပါတယ်။ နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ ဆေးပြီး နှစ်သစ်ကာလ မှာ မင်္ဂလာယူရတဲ့ နေ့ ထူးနေမြတ်တခု ဖြစ်ပါတယ်။

အမှတ်တရအဖြစ် စာဆိုဦးပုည ရေးတဲ့ ကဗျာအပိုင်းအစကလေးကို အောက်မှာ ချရေးမိပါတယ်။ နှစ်သစ်မှာ အားလုံးကျန်းမာကြပါစေ။ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများ ပြည့်ဝပါစေ။
HAPPY BURMESE NEW YEAR DAY

တောင်ယံနှင့်ရေ
လွမ်းစရာပွေသောကြောင့်
ညောင်ရွှေသီရိ၊နန်းဇာတိကို
မျှော်မိရမ်းယောင်၊ဗျာပါနှောင်လဲ
သဲခေါင်မြေပြန့် ၊ခြေမသန့် နှင့် (သည်းခေါင်ကြွေအံ၊ဖြေမတန့် ) မူကွဲ
ဆွတ်ပျံ့လွမ်းရှာမိပါသည်။

Thursday 16 April 2009

(18)မှော်ဘီ ရွှေမှော်တင်ဘုရားပွဲ

မှော်ဘီ အမှတ် (၂)ရပ်ကွက်တွင်ရွှေမှော်တင်ဘုရားရှိသည်။ ဘုရားဘေးဝယ် ရေကန်ကြီးတကန်နှင့် ဘု၇ားအနောက်ဘက် ဘုရားလက်ဝဲဘက်နှင့် လက်ယာဘက် တို့ တွင် နယ်မြေအသိမ်းခံရသဖြင့် အစားပြန်ဝယ်ပြီး ကိုယ်တိုင်ဆောက်လုပ်ထားသော လူနေရပ်ကွက်များ ရှိပါသည်။ ဘုရားအနောက်ဘက် တည့်တည့် လူနေရပ်ကွက် မရောက်မီတွင် စပါးစိုက်ကွင်း တခုရှိသည်။ နွေပေါက်ချိန် ဘုရားပွဲကို ၄င်းစပါးကွင်းအတွင်း ကျင်းပသည်။

ဘုရားပွဲတွင် ကံထရိုက်ဆွဲကာ ဆပ်ကပ်၊ ဇာတ်၊အငြိမ့်၊ stage show များကို ရုံဝင်ခယူပြီး ပြသလေ့ရှိသည်။ ဘုရားပွဲရောက်တိုင်း ကလေးတွေပျော်ကြသည်။ ဖုန်တထောင်းထောင်း ထနေသည့် စပါးကွင်းအတွင်း လက်ဖက်ရည်ဆိုင်၊ အသုတ်စုံဆိုင်၊ မုန့် သိုင်းခြုံ ဆိုင်၊ မုန့် အုပ်ကလေးဆိုင်၊ စသည့် စားသောက်စရာ တွေအပြင် ဆေးမှင်ကြောင် ထိုးလိုသလား၊ မျက်လှည့်  ကြည့်လိုသလား၊ မျှားပြစ်လိုသလား၊ ပွဲဈေးမှာ အကုန်ရနိုင်သည်၊၊

ပထမဆုံးဒီရပ်ကွက်အသစ်ကို ရောက်ခါစ ကျမတို့ မောင်နှမတွေပွဲဈေးလိုက်လည် ကြရာ။ လူတိုးမှာစိုးသဖြင့် သတိထားသွားနေကြရင်း ကျမအထက်က တတိယအမ နှင့်လူခြင်းကွဲသွားသည်။ အမကညဘက်လူတိုးမပေါက်အောင်စည်ကားနေသော ဘုရားပွဲမှာ ဦးပဇင်းတပါးဧ်၊ လက်မောင်းကို သွားကိုင်မိသည်တဲ့ ။ သေချာကြည့်မိမှ ဘုန်းကြီးလက်မောင်း ဖြစ်နေသဖြင့်  ပြန်လွှတ်ခဲ့ရတယ်လို့ အရှက်ပြေပြောသည်။ သင်္ကြန်မတိုင်မီ ဒုန်လဘ ကိုယ်တော်တွေတွေ သင်္ကန်းခေါင်းမှာရုံပြီး လက်မောင်းအဖွေးသားနဲ့ ပွဲခင်းထဲလျှောက်လည် နေတော့ရာ မှားတဲ့ အခါလဲမှားပေမပေါ့ လို့ သာမှတ်ချက်ချမိတော့သည်။

Wednesday 15 April 2009

(17)ရင်ထဲကသစ်ပင် (tree growing inside lungs)

ဒီနေ့ သင်္ကြန်အကြက်နေ့  ၁၅၊၄၊၂၀၀၉ dentist နဲ့ တွေ့ ဖို့ စောင့်နေတုန်း Daily mail သတင်းစာမှာ ထူးထူးဆန်းဆန်း သတင်းတခု ဖတ်လိုက်ရတယ်။ ရုရှားနိုင်ငံသား အသက် ၂၈နှစ် ရှိပြီဖြစ်တဲ့  Artyom Sidorkim ဟာ ရင်ဘတ်ထဲက အရမ်းအောင့် တာနဲ့  ဆရာဝန်နဲ့  ပြသခဲတယ်၊ ချောင်းတွေ အဆက်မပြတ်ဆိုးပြီး တအား စူးစူးရှရှ နာကျင်တယ်လို့  သူက ဆရာဝန်များကို ပြောပါတယ်။
ဆရာဝန်တွေက သူရဲ့ အဆုတ်ထဲမှာ ကင်ဆာဖြစ်နေပြီလို့  ယူဆခဲကြတယ်။ exray result ကလဲ tumour တွေ့ တာနဲ့  အရေးပေါ် ခွဲစိတ်ကုသမှု ကိုခံယူခဲတယ်၊ သူ့ ကိုခွဲစိတ်ကုသပေးတဲ့ ဆရာဝန်ဟာ သူ့ ဘက်က ၁၀၀% ခန့် မှန်းချက်နဲ့  exray result အရ လူနာရဲ့  အဆုတ်မှာ tumour လို့ တထစ်ချ ယုံကြည်ပြီး အရေးပေါ်ခွဲစိတ်ကုသခဲ့ပါတယ်။
အဆုတ်ရဲ့ အရေးပါတဲ့ အပိုင်းကို မဖြတ်ထုတ်မီ ဒေါက်တာ Vladimir ဟာ အဆုတ်က tissue စကိုဖြတ်ထုတ်ပြီး biopsy လုပ်ပြီးစစ် ကြည့်ခဲ့ပါတယ်။ သူ့ မျက်စေ့ကိုသူမယုံနိုင်လောက်အောင်ဖြစ်ပြီး သူ့ ရဲ့  assistant ကိုခေါ်ပြပါတယ်။ မယုံနိုင်လွန်း လို့ ခေါင်းကို တွင်တွင်ခါပြီး သူမြင်ရတဲ့ မြင်ကွင်းကိုဟုတ်မှဟုတ်ပါ့မလား ဆိုပြီးအကြိမ်ကြိမ်ပြန်ကြည့်နေမိတယ်။

သူတွေ့ တာကတော့လူနာရဲ့ အဆုတ်ထဲမှာတွယ်ကပ်ပြီး အပင်ပေါက်နေတဲ့  ၂လက်မအရွယ် ခြံစည်းရိုးပန်းပင်ကလေး တပင်ဖြစ်ပါတယ်။ အခုတော့ အဲဒီလူနာဟာ သက်သာပျောက်ကင်းနေပါပြီ။ ဆရာဝန်တွေ ယူဆတာကတော့ အသက်ရှူသွင်းရာမှာ ပါလာတဲ့ သစ်စေ့ လေးဟာအဆုတ်မှာ ခိုအောင်းအပင်ပေါက်လာတာဖြစ်နိုင်ပါသတဲ့ ။

ကျမတို့ ငယ်ငယ်တုန်း က ဇီးသီးအမှဲ့ တွေစားရင်း အစေ့ တွေရောပြီး မတော်တဆ မျို ကျသွားတာ ခဏ ခဏ။ အပင်များပေါက်ခဲ့
လို့ ကတော့ အသီးလေးတွေ ကိုယ်တိုင်းခူးစားဖို့ စိတ်ကူယဉ်ခဲ့ဖူးတယ်။

Tuesday 14 April 2009

(16)၉ယောက် အမေပု လင်

လင်ကောင်ရေကမနည်း
ကိုအုန်းကြိုင် နှစ်ပြိုင်ယှဉ်တွဲ
ကိုရွှေဇင်၊ကိုကြွယ်၊
သက်စံပယ်၊စိန်ခိုမမြဲ
ငလွင်လဲလို့ ရဲလှိုင်ဦးကိုတင်
အပေါက်ဆိုးတွင်
တယောက်တမျိုးစီပင်
အမေပုသဘော၌ပင်
အပြူးရေပြောလိုက်ရင်
လေးဗြူးလင်နောက်
ရှင်တယောက်ပါဝင်
ဗွေဆိုးဖေါက်
ကိုးယောက်အမေပု လင်


မှတ်ချက် ။ ။ ငယ်ငယ်တုန်းကဖတ်ဖူးသည့် စာအုပ်တခုမှ အလွတ်ကျက်မိသမျှ
လေးပြန်ချေ၇းသည်။ ရုပ်သေးစင်မှ ရုပ်သေးမင်းသမီး အမေပု ဆိုသည့်သီချင်းဖြစ်မည်ထင်ပါသည်။
အမှားအယွင်းရှိပါက ခွင့်လွတ်ကြပါ။ ကြိုက်လွန်းလို့  အလွတ်ကျက်ထားသည့် စာသားကလေး ဖြစ်ပါသည်။

(15)မဲဇာတောင်ခြေ

စာဆို လက်ဝဲသုန္ဒရအမတ်ကြီး


မဲဇာတောင်ခြေ၊ စီးတွေတွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတပြင်၊ တို့အောင်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမြော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ၀န်းကာဝှေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝန်မထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။

(14)MY FALLING TEARS



YOU KNOW I AM NOT TOO GOOD WHEN IT COME TO CONCLUSION.

BUT STILL, THE TEARS DON'T STOP POURING OUT OF MY EYES WHEN I AM ALONE AND THINK OF MY MISERABLE LIFE.

EVENTHOUGH I THINK OF THE PAIN YOU GAVE ME, BUT DEEP DOWN I STILL HAVE A FEELING FOR YOU.

WE BOTH KNOW THAT WE SHOLD NOT BE TOGETHER.

WE GOT TO BE STRONG WHILE WE WALK AWAY TO OPPOSITE DIRECTION.

I REALLY WISHED YOU GOT PROPER LOVING LIFE.

ONCE I REALLY HOPED THE DREAM TO HAVE A RELATIONSHIP - MORE THAN ANYTHING ELSE, BUT YOU MAKE ME TO STAY AWAY FROM ME.

THOSE FEELING THAT I BURIED DEEP DOWN IN THE HEART OF MY POCKET COME BACK.... SO STAY AWAY FROM ME BECAUSE I KNOW THAT YOU DON'T WANT TO HURT ME.

Monday 13 April 2009

(13)သင်္ကြန်အကြို နေ့ က ကမ်းနားသစ်ပင်များ


photo ထဲကလမ်းလျှောက်နေသည့်
ကလေးလေးမှာ ရပ်ကွက်ထဲက လူကြီးမင်း တယောက်ယောက်
ပင်ဖြစ်မည်။ ဘုန်းကြီးကျောင်းအလှူတွင် ရပ်ကွက်ထဲက
လူကြီးမင်းလေးများကိုမမေ့၇န်မှာထားပြီး
သင်္ကြန်သာကူကြို ဝေလျှင်လဲ သူတို့ မပါလျှင်ပွဲမစည်မို့ 
သေချာမှာပြီးသား။ အိမ်မှာ အစားလှူလျှင်အိမ်နီးနားချင်းများကို ချိုင့်နှင့်ဝေပြီး လူကြီးမင်း
လေးများကိုတော့ အိမ်မှာအ၀ကြွေးသည်။ သူတို့ ကဟန်မဆောင်တတ် ချစ်စရာကောင်းသည်။

ကျမမောင်အငယ်ဆုံးလေး ဦးပဇင်း(၃)ရက်ဝတ်ပြီးသင်္ကြန်အကြို နေ့ ပြန်ထွက်လာပြီ။
ခွင့်မရတဲ့ ။ မင်းခယောင်္ကျားကမ်းနားသစ်ပင်ဆိုသည့် စကားပုံရှိသည်။ ကမ်းနားသစ်ပင်
ဆိုဘာဖြစ်လဲမသိ။ရေတိုက်စားလျှင်ပါသလား? ခွေးရှူရှူပန်းတာခံရတာလား။
ထင်းစိုက်ခံရတာလား။

နိုင်ငံဝန်ထမ်းများအားလုံးကမ်းနားကသစ်ပင်တွေပင်။ သင်္ကြန်အေးအေးနေ မရ။ အလုပ်ပြန်ဝင်
ရသည်။ သင်္ကန်းစီးသည့် photos များ။ သင်္ကန်းစီးပုံများ။သိမ်ဆင်းပုံး။သိမ်ဆွမ်းလောင်ပုံ။
ဆွမ်းခံကြွပုံစသည့် ပုံအမြောက်အများ ကိုတ၀ကြီးကြည့်ရသဖြင့် တော်တ်ာအားရပါသည်။

ကျမငယ်ငယ်က အဖွားဖြစ်သူ ဒေါ်သန်းကြည်နှင့် ဆပ်သွားတောဘုန်းတော်ကြီးကျောင်းသို့ 
ဥပုဒ်နေ့ များတွင် လိုက်ပါခဲ့ပါသည်။ ကျမကအဖွားရဲ့ အပါးတော်မြဲ။ အရိပ်အလွန်ကောင်းသော
ဇောင်းယားပင်။ကွမ်းသီးပင်၊အုန်းပင်စုစုတို့ နားတွင်ရှိသော "သိမ်" သည် ကျမစိတ်အ၀င်စားဆုံး

သရဲမြင်ပါက သိမ်ဝင်ပုတီးနှင့်ပစ်ပေါက်လျှင် သရဲပြေးသည်ဟုကြားဘူးပြီး အဖွားက
ဘု၇ားသိမ်ကိုမိန်းကလေးမ၀င်ရဘူးဆိုထား သဖြင့် သိမ်ဆိုတာတော်တော် power ကြီးတဲ့ 
မြင့်မြတ်သောနေရာတစ်ခု ။လူဝတ်မှ ဘုန်းကြီးဝတ်ကူးပြောင်းရာတွင်အရေးကြီးသည့်
နေရာတခု ဟုသိထားပါသည်။


ထုံးစံအတိုင်းဘုန်းကြီးကျောင်းမှအပြန်တွင်မေးခွန်းတွေတသီကြီး မေးမိပါသည်။ သိမ်အကြောင်း
သိမ်ထဲတွင်၊ဘုန်းကြီးတွေ ဘာလုပ်ကြသနည်း။ သိမ်ထဲတွင် ဘာတွေရှိသနည်။ စသဖြင့်ပေါ့
အဖွားပြောဖူးသမျှ၊ကျမစာဖတ်ဖူးသမျှ ကို ယနေ့ မောင်လေးအားမေးကြည့် ရာ

ဟေ့ နင်တို့ သိမ်ထဲ မှာ ကိုယ်တော်တွေက အမောင်နာဂလို့ ခေါ်ပြီး လူသားစင်စစ်ဖြစ်ပါရဲ
လားလို့ မေးလား yes ကြွေးမှီကင်းမကင်း၊ အနာရောဂါကင်းမကင်း၊ အုပ်ထိန်းသူ ခွင့်ပြု
မပြု စသည်တို့ ကိုမေးသလားဆိုတော့ မောင်လေးက yes လို့ ပြောသည်။

နည်းနည်းပြည့်ပြည့်စုံစုံပြောပြပါလားမေးတော့ သူသုံးနေတဲ့ အင်တာနက်caffee က
computer မှာ myanmar font ကမရှိ။ နောက်မှ ဖုန်းဆက်ပြီးစပ်စုဦးမည်။ သူလဲ ယခုဆို
၃ဘွဲ့ ရပြီ။ သူရဲ့ ဦးပုဇင်းဘွဲ့ အမည် ကရှင် သုမင်္ဂလာတဲ့ ။ ကျမလဲ သောကြာသမီးမို့
မယ်သီလ၀တ်လျှင် နောက်တဘွဲ့ ထပ်ရမည်။

ကောင်းကောင်းကတော့ ဒီကျောင်းမှ ကိုရင်ထွက်ထားတာမကြာသေး။ဒါ့ ကြောင့်ဦးငယ်တို့ 
ဆရာတင်ရမည့် ပုံမျိုးphoto ထဲကသူ့ ပုံကိုကြည့်ပြီး သူ့ ဦးကြီးက ဒီကောင့်ပုံက
ဆရာကြီးလိုဘဲတဲ့ ။ သူက ဦးငယ်ထက် ၀ါစောတော့ ဆရာကြီးပေါ့၊၊

မနက်ဖြန်သင်္ကြန်အကျနေ့ ၊ ဒီမှာတော့ တကောင်ထဲ ညဘက် ကျမ ရေချိုးခန်းထဲဝင်ပြီး
သင်္ကြန်အပြတ်ကျပစ်မည်။ သူငယ်ချင်းက စင်္ကာပူ၂၀၀၈ သင်္ကြန် link ပို့ ပေးသည်။
ခက်တာကဖွင့်မရ။ မောင်လေးအကြီးကောင်က German အမျိုးသမီးတစ်ယောက်
မြန်မာသီချင်းဆိုနေသောlink ကိုပို့ ပေးသည် (very impressive)


ကောင်းကောင်း တို့ ကလေးတွေဒီအချိန်ရေဆော့လို့ မောပြီးအိပ်မောကျနေလောက်ပြီ။
မနက်ဖြန် အပြတ်ကဲဖို့ အိပ်မက်များတောင်မက်နေကြမလားမသိ။ သူ့ ဦးလေးအငယ်
ကတော့ဒီမနက်လူဝတ်လဲ ။ ညဘက် night duty ၀င်။ တော်တော်ဂွကျတဲ့ ဘ၀။
ငယ်ငယ်တုန်းကဆို သိပ်ကောင်းသည်။ ရေဆော့ဖို့ နဲ့ မုန့် စားဖို့ ဘဲ သိသည်။
အပြစ်ကင်းစင်တဲ့ ကလေးဘ၀ သင်္ကြန်ရောက်တိုင်းအမှတ်ရနေမိသည်။

(12)လွတ်လပ်ဖို့ အချိန်ရောက်တော့မည်

၁၂ ရက် ဧပြီ ၂၀၀၉

ဒီကနေ့ လွတ်လပ်ရေးရဲ့ လမ်းစ သတင်းစကားကြားရသည်။
၉နှစ်ကျော် ငရဲပန်းကြီး ကိုပန်ထားရသောကျမ များမကြာမီတွင် လွတ်လပ်ပါတော့မည်။
ဘ၀အသစ်ကိုစရမည်။ ငွေရှာရမည်။ ချစ်သောမိဘ မောင်နှမများ၊
တူ၁ယောက်၊သား၁ယောက်နှင့် ကျမဘ၀ ရဲ့ ကျန်ရှိနေသောအချိန်များကို ဖြတ်သန်းမည်။

အရင်တုန်းက မိဘ၊ မောင်နှမတွေအပေါ် တာဝန်မကျေခဲ့ သမျှကို အတိုးချ ပေးဆပ်မည်။
အရင်လို မဆိုးတော့ပါ၊ မမိုက်တော့ပါ။

ချစ်သောသူများနှင့်ပြန်မဆုံခင်အချိန်စပ်ကြားတွင် ကံကောင်းချင်ပါသည်၊ မိသားစုကိုလည်း
နားလည်စေချင်ပါသည်။ မိသားစုအကြားတွင် ကျမအတွက် နေရာကလေးတခု အမြဲ ရှိနေ
သည်ကို ကျမ သေချာသိထားပါသည်။

အိမ်သားအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့ ပါစေ။

Saturday 11 April 2009

(11)မြို့ မ(၂) တိုးချဲ

အတိတ်ကို ပြန်သွားသော်
ဆယ်ကျော်သက်အရွယ်တုန်းကကျမ ဘာ့ကြောင့်မှန်းမသိကိုယ့်ကိုကိုယ်အရမ်းမုန်းပါတယ်။
ကလေးဘ၀ကနေ လူကြီးဘ၀change တဲ့ အချိန်စပ်ကူးမတ်ကူးကာလမှာ

စိတ်တွေဟာ တောင်ရောက်လိုက်မြောက်ရောက် လိုက်နဲ့ ။မိန်းကလေးပီပီသသ

ဖြစ်လာတော့မယ် ကိုယ်ခန္ဒာ အပြောင်းအလဲကိုစိတ်မောစွာ စောင့်နေရင်း

ကျမလေမိန်းမဖြစ်ရမဲ့ဘ၀ကိုမုန်းတယ်။

စစ်အင်္ကျီ လက်ရှည်နဲ့ ရခိုင်လုံခြည်ကိုမက်မက်မောမော ၀တ်ပြီးဆံပင်ကို စစ်သားk လောက်
တိုတိုထားပြီး ကိုယ့်ကိုကိုယ် လှည့်စားမိခဲ့ဖူးတယ်။ စိတ်မ၀င်စားတဲ့ ကျက်စာ
သမိုင်း ကိုကျက်ရင်း ဘာတွေမှန်းမသိတဲ့ ခုနှစ်တွေ ဘယ်လို မှစိတ်ဝင်စားစရာ မကောင်းတဲ့
လူနာမည်တွေ ကို ညဥ့်နက်တဲ့အထိ ကျက်ရင် နိုးတ၀က် အိပ်တ၀က် နဲ့ အမေကအိပ်တော့
ပြောတဲ့ အချိန် မှာ ဟစ်တလာသည်၊မူဆီလီနီသည်၊ဘေဘီလုံးနီးယမ်းနိုင်ငံသည်
စတာတွေကိုယောင်ပြီးထအောင်ခဲ့ဖူးတယ်။
၁၀တန်းအောင်ပြီးပြီးချင်းကျမတို့ နေတဲ့ လူနေရပ်ကွက် ကို မတရားသူတွေက အမိန့် နဲ့
ပြောင်းခိုင်းလို့  အိမ်ခြေ ၆၀၀ ကျော်လောက်ဟာ ၁ပတ်အတွင်းတအိမ် ကားတစီးတိုက်
နဲ့ ပြောင်းခဲ့ ၇တယ်။ မတရားသူတွေကို အရမ်းကိုစိတ်နာခဲ့တယ်။
နေပူပူကွင်းခေါင်ခေါင်မှာ ဖျက်ပြီးသားအိမ်အဟာင်းက သစ်တွေထဲက သံတွေကို
တူရွင်းနဲ့ နှုတ်ပြီး အလေအလွင့်မရှိအောင် နှုတ်၊ သစ်တိုသစ်စတွေကို
အလေအလွင့်မရှိအောင် ကူသိမ်း၊ နေကျဲကျဲပူနေတဲ့အချိန် သူတို့ ချပေးတဲ့
လယ်ကွင်းထဲက ကွက်သစ် သောက်ရေသုံးရေခတ်စရာဆိုလို့ 
အိမ် ၆၀လောက်မှာမှ တစ်တွင်းထဲ တူးပေးထားတဲ့ လက်နှိပ်တုံကင်မှာလဲ
ရေထမ်းခဲ့၇တယ်။ ကျွဲမဖြစ်ရုံတမယ်ပေါ့။ ဘ၀တွေများခက်ခဲလိုက်တာ။
တခါတလေ လော်စပီကာနဲ့ ကြော်ငြာတဲ့  (မီးသတိပြု ကြော်ငြာ၊ ရုံတင်ရုပ်ရှင်ကြော်ငြာ)
တွေမှာကျမတို့ ရဲ့ ရပ်ကွက်ကို မြို့ မ(၂) တိုးချဲ လို့ ခေါ်သည်။ ကြားရတာက
အောင့်တောင့်တောင့်၊ ပြောင်းလာသူတွေထဲ မှာ ၀န်ထမ်းဟောင်းများ၊စစ်မှုထမ်းဟောင်းများ
အပြင် ကျောင်းသူကျောင်းသား အမြောက်အများသည်။ တိုးချဲ့ တို့ ကွက်သစ်တို့ လို့ 
ကိုယ်စားပြု တာသိပ်မကြိုက်ချင် ဘာကြောင့်မှန်းမသိ။
ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမတို့ ရဲ့ ခဲအိုကျေးဇူးကြောင့်
လက်နှိပ်ရေတုံကင်လေးတခု အိမ်ဝင်းထဲ ရောက်လာပြီးနောက် အပင်စိုက်တဲ့
အလုပ်ကျမစလုပ်ပါတော့တယ်။
လယ်မြေဟာ အင်မတန် မာကျစ်ပြီးစေးလွန်းတော့ လို့ တော်ရုံအပင်တွေဟာ
အမြစ်မဖေါက်နိုင်ပါဘူး။ နောက်ဆုံးစိုက်သမျှပျိုးပင်လေးတွေသေသေသွားတော့
ကျမအကြံတခုရလာပါတယ်။ ဈေးနားက အိုးတိုက်ဖွဲ ပြာရောင်းတဲ့
စပါးကြိတ်စက် ကနေ အိုးတိုက်ဖွဲပြာတွေအိတ်လိုက်သွားသယ်ပြီး။
အဲဒီအိုးတိုက်ဖွဲပြာရယ်။ သဲမြေ၊ (အဝေးကြီးကနေသွားသယ်၇သည်)
နောက်ပြီး ပင်လယ်ကဗွီးလမ်းထဲက နွားချေးခြောက်တွေ ကိုကောက်ပြီး
အားလုံးသမအောင်ရောမွေပြီးမှ စိုက်လို ရခဲ့ပါတယ်။
နေအပြင်းဆုံးနဲ့ အပင်မရှိတဲ့ လယ်ကွင်းထဲမှာ အရိပ်ရဖို့ အဓိကမို့ ပထမဆုံးကျမ
ကိက္ကိုပင်ကိုအရင်စိုက်ပါတယ်သူကအကြီးမြန်ပြီး အမြန်အရိပ်၇တာမို့ ပါ။
အဲဒီနောက် ရွှေမှော်တင်ဘုရားဂုံးဆင်း နဲ့ ရေကန်အနားမှာ ပေါက်နေတဲ့ 
သရက်ပင်ပေါက်ကလေး တွေကိုကောက်ပြီးတော့ စိုက်ပါတယ်။
တနေ့ တနေ့ ဒီအပင်လေးတွေကို ပြု စုရတာ
အ၇မ်းကို စိတ်ချမ်းသာ ဖို့ ကောင်းပါတယ်။ နောက်စားပင်အဖြစ်
ပဲဇောင်းကားပင်လေးတွေစိုက်ပါတယ်နောက်ကြက်သွန်မိတ်နဲ့ ကန်စွန်း၇ွက် ပေါ့
ပဲဇောင်းကားပင်တွေ အနွယ်တက်လာတော့ ရေချိုးတဲ့နေရာနားလေးအရိပ်ရပါတယ်။
အပင်ထူးထူးဆန်းဆန်းမျိုး ရမယ်ဆိုတိုင်းသူများအိမ်အထိ လိုက်ခဲ့ ပါတယ်။
ကျမရဲ့ အမေနဲ့ အဖွားကတော့ ဘုရားပန်းပင်တွေပိုစိုက်ပါတယ်။ ဇော်စိမ်း၊ဇော်ကျား၊
နဂါးစက်ပင်၊မီးကွင်းဂမုံးပင်၊ ရွှေလာငွေလာပင် စတာတွေပေါ့။
ကျမတို့ အိမ်၇ဲ့ ရေချိုးတဲ့ နေရာဟာအိမ်အပြင်အိမ်ရှေ့ ထောင့် ကရေတုံကင်နားမှာပါ
ကျောက်စည်ခပ်ကြီးကြီး တခုချထားပြီး အဲဒီမှာရေချိုးအဲဒီမှာအ၀တ်လျှော်ပေါ့
အဲဒီတော့ေ၇တုံကင်နားကိုအရိပ်ရဖို့ ပုဏားရိပ်ပင်တွေ စွယ်တော်ပင်တွေ
ကိုစိုက်ပါတယ်။ စွယ်တော်ပင်တွေအပွင့်ပွင့်တာအရမ်းကိုလှပါတယ်။
အပင်တွေကိုရေလောင်းရတဲ့အရသာဟာလဲ။ေ၇ဆာနေတဲ့ သက်ကြီးရွယ်အိုနဲ့ 
ကလေးတွေကိုရေခတ်တိုက် ရသလိုမျိုးခံစားရလို့ မနက်မိုးလင်တာနဲ့ ကျမရဲ
သဲဂန္ဒာရ ပျိုးခင်းလေးမှာ အချိန်များများကုန်ဖြစ်ပါတယ်။
လသာတဲ့ တညတလေ အိမ်ရှေ့ လမ်းနားကဆောက်လုပ်ဆဲ
အိမ်အသစ်က လူငယ်တချို့  guitor တီးသီချင်းဆိုတာနားထောင်လို့ တော်တော်
ကောင်းပါတယ်။
သရက်ပင်တွေ အဖူးဖူးတဲ့နှစ်မှာ အိမ်နဲ့ စခွဲ ရတော့တာပါဘဲ။
လေယာဉ်စီးရတဲ့ နယ်ခြားဒေသမှာ ပြန်လည်ထူထောင်ရေး အဖွဲ့ တခုမှာ အလုပ်ရလို့ ပါ။
အဲဒီအချိန်တုန်းက အိမ်ကိုဖုန်းဆက်တိုင်း အပင်တွေကို ရေလောင်းရဲ့ လား။
အပင်တွေကအသီးသီးရဲ့ လား စသည့်ဖြင့် ပေါ့ ။ သက်မဲ့  အပင်တွေအပေါ်ထားမိတဲ့ 
သံယောဇဉ် ဆိုတာလဲ လူတွေကိုထားမိတာနဲ့ ကျမအတွက် သိပ်မကွာပါဘူး။
မတရားသူတွေ တအိမ်တပင် မစိုက်မနေရစိုက်ခိုင်းတဲ့ အိမ်ရှေ့ 
လမ်းဘေးက ခရေပင်လဲ အပွင့်တွေ ဘာတွေပွင့်လို့ ကလေးတွေလာလာကောက်
ကြသည်တဲ့။
ခုတော့ သရက်ပင်တွေလဲ အတော်ကြီးပြီ၊ အရင်တုန်းက ရပ်ကွက်သစ်
လေးဟာလဲ ဟောင်းသွားပြီ။ စကားမကြာမကြာထိုင်ပြောဘူးတဲ့ သူငယ်ချင်း
မသက်လဲ နှလုံးရောဂါနဲ့ ဆုံးသွားပြီ၊ အတူအလုပ်လုပ်ဖူးတဲ့ ကျမသူငယ်ချင်း လဲ
ရာသက်ပန်မယ်သီလရှင်ဝတ်သွားတာနှစ်တွေအတော်ကြာသွားပြီ။ ကံကြမ္မာတရားအပြောင်းအလဲတွေကလဲများသည်။ ကျမထဲငယ်တဲ့ သူတွေ၊
စာသင်ပေးခဲ့ ဖူးသူတွေလဲ အိမ်ထောင်တွေကျ၊ အလုပ်အကိုင်တွေနဲ့ ။
ပညာတတ်တွေလဲ အများကြီး ဒီရပ်ကွက်ကလေးမှာ လူလားမြောက်ခဲ ကြသည်။
အော် ဒီနှစ်သင်္ကြန်တောင်ရောက်တော့မည်။
ရပ်ကွက်လေးလဲဟောင်းသွားပြီ။
အပင်တွေလဲ အိုသွားပြီ။
လကတော့သာမြဲ ။ သင်္ကြန်ကတော့ နှစ်တိုင်းကျမြဲ ။

Thursday 9 April 2009

(10)Brandy, Elderly & Cat wee wee





အချမ်းပြေ ၊ ဒီဒေသက သက်ကြီးရွယ်အို တွေနဲ့ ကြောင်ချီး

အချမ်းပြေဘာလုပ်လဲ။ အရမ်းအထင်မကြီးပါနဲ့ ။ ခေတ်မီသူများလို အရက်ခွက်လေး ဟန်ပါပါ သောက် ပြီး ၇င် စီးကရက်ကလေးထုတ်ဖွာ တတ်တဲ့  life style မျိုးကျမမှာမရှိပါ။ ချမ်းရင်အချမ်းသက်သာအောင် ဘယ်လို ၀တ်သလဲ။ဘာတွေလုပ်သလဲ။ဆို တာကို through my experience အရ

လူ့ ကိုယ်ခန္ဒာ မှာ အပူဒတ် အမြန်ကုန်လွယ်တဲ့နေရာများကတော့ ၊ နားရွက်၊ နှာခေါင်း၊ လက်ဖျား၊နဲ့ ခြေဖျား တို့ ဘဲဖြစ်ပါတယ်၊ တခါတလေ ဆံပင်တွေကြားကလဲ တအားချမ်းတတ်တယ်။ ကျမတော့သူများနဲ မတု တူအောင် ခေါင်းတွေကျဉ်ပြီး ချမ်းတတ်ပါတယ်။ အဲဒီတော့ ဆောင်းရာသီတိုင်း ခေါင်းစွပ်ပါတဲ့ အနွေးထည် ထူထူကိုဝတ်ပါတယ်။


လက်ချောင်းဖေါ်ပြီးဝတ်လို့ ရတဲ့ globe လဲဝတ်ပါတယ် ။ trouser ရဲ့ အောက်က legging ကိုလဲဝတ်ပါတယ်။ ခြေစွပ်ထူလဲ ၀တ်ပါတယ် ။ တကယ်ချမ်းရင်တော့ အသက်ရှူတာကိုပါ နည်းနည်းမှေးပြီးရှူ ပါတယ်။ တခါတခါ (အ၇မ်းအေးတဲ့ လေဟာ အဆုတ်ထဲကို ဒါးသွားနဲ့  မွေသလို ခံစားရလို့ ) အိမ်မှာနေရင် radiator လေးနားမှာကပ်ပြီး အပူငွေ့  ခံရပါတယ်။ ရေနွေးချမ်းလေးတည်သောက်ရင်းပေါ့  ။ အဲဒီထက် ပိုချမ်းလာရင်တော့ အိပ်ရာပေါ်တက် စောင်ကိုလည်ပင်းအထိချုံ လက်နှစ်ချောင်းကို ဂျိုင်းအောက်မှာဖွက် ဒူးကွေးပြီး အိပ်တော့တာပါဘဲ ။



အပူချိန် minus degree ရှိတဲ့ ကနေဒါလို နိုင်ငံမျိုးမှာဆိုရင် တော်တော်ကို ဒုက္ခရောက်မယ်။ ဒီမှာတော့ တချို့ သက်ကြီးရွယ်အို တချို့  အအေးဒဏ် ကြောင့် သေကြတယ်။ radiator (အများအခေါ် heater) အတွက် bill ခမတတ်နိုင်လို့ အချမ်းခံရင်း သေသွားကြတဲ့ ဒီနိုင်ငံက အဖိုးအဖွားအိုတွေလဲ ရှိတယ်။ တချို့ အဖိုးအဖွားတွေက Christmas နားရောက်တဲ့အထိ မျှော်လင့်တကြီးစောင့်ကြတယ်။ သားသမီးတွေ ကလူအိုရုံကို Christmas time မှာလာတွေကြတယ်။ တချို့ သားသမီးတွေက မိဘတွေကို အပြင်ခေါ်ထုတ်ပြီး နေ့ လည်စာလိုက်ကျွေးကြတယ်။
ဒီမှာ အသက်ကြီးလာရင် သားသမီးတွေက မိဘတွေကို nursing home တွေ၊ residential care home တွေကိုပို့ ကြတယ်။ Nursing Home ကိုမသွားချင်ကြတဲ့ သက်ကြီးရွယ်အိုတွေက သူတို့  ကိုယ် သူတို့  ကျန်းမာအောင် ဂရုစိုက်နေကြတယ်။ အပြင်တွေဘာတွေထွက်ရင်လဲ ပြင်ပြင်ဆင်ဆင်ကလေးနဲ့ ငါတို့ ဇယာကိုအံတုနိုင်သေးတယ်ဆိုတဲ့ပုံစံနဲ့ တတ်နိုင်သရွေ့ နေကြတယ်။
အကြင်နာတရားနည်းတဲ့ care assistant တချို့ ကအဖိုးအဖွားတွေကို ကောင်းကောင်းမဆက်ဆံကြဘူး။ သူငယ်ချင်းရဲ့ အိမ်က care assistant အလုပ်လုပ်တဲ့ အမျိုးသမီးဆိုရင် အသိဥာဏ် သိပ်မကောင်းတော့တဲ့ အဖိုးအဖွားတွေကို ရိုက်တယ်။ အစားကို ခွံကျွေးလို့ မှ ပါးစပ်မဟရင် အကုန်သိမ်းပြစ်တာဘဲ။ သူ့ ကိုမုန်းလွန်းလို့ ကျမ နာမည်ပေးထားတယ် ကြောင်ချီးလို့  ။ Nursing Home မှာ long day ဆင်းတဲ့ အပြင် weekend မှာတခြား home မှာလုပ်ဖို့ energy ချွေတာတဲ့အနေတဲ့ အားတိုင်း ကျုံးအိပ်တာဘဲ။ တနေ့ ကို ၁၄နာရီ အလုပ်လုပ်တယ်။ အလုပ်ကျိုးစားတာ ကောင်းပေမဲ့ ကျမသူငယ်ချင်းကိုလဲ သိပ်နိုင်တာအရမ်းမုန်းဖို့ ကောင်းတာဘဲ။ သူငယ်ချင်းနဲ့  သူတခန်းထဲ နေတုန်းက ဆို သူက selfish ဖြစ်ပြီး bully လုပ်လွန်းလို့ သူငယ်ချင်းမှာ လနဲ့ ချီပြီးဖျား တယ်။ ဖိုးဖွားတွေ အကြောင်းပြောရင်း ဘယ်လို လုပ်ပြီး ကြောင်ချီးအကြောင်း ရောက်သွားသလဲ မသိတော့ဘူး။
တော်သေးပြီ

(9)သားကြီးလာရင် " မုန့် လက်ဆောင်း "

ကျမတို့ ညီအမတွေ ကလေးထိန်းကြသည်။ မောင်လေး ၂ယောက်ကိုထိန်းသည်
တူလေးနဲ့ ကောင်းငယ်လေး ကိုလဲအလုအယက် ထိန်း ကြသည်။ ကလေးတွေ စကားတတ်ကာစအရမ်းကိုချစ်ဖို့ ကောင်းသည်။ ကလေးတွေကို လူကြီးမိဘတွေက ကြီးလာရင်ဘာလုပ်မလဲ လို့ မေးတတ်ကြသည်။ မိဘများကြားချင်သည် အဖြေက ဘ၀အာမခံချက်ရှိသည့် ပညာတတ်အလုပ်များဖြစ်သည့် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ် မယ်၊ ကျောင်းဆရာလုပ်မယ်၊ စသည့် အဖြေများ။
ကျမ မောင်အငယ်ဆုံးလေးလား၊ ကျမတူလေးလား မသိပါ။ လူကြီးများက သားကြီးလာရင်
အမေတို့ ကိုဘာလုပ်ကျွေးမတုန်း ဟုမေးရာ expected answer မှာ တခြား သူဖြေလိုက်သည်မှာ ကား
"မုန့် လက်ဆောင်း" တဲ့ ဒါလဲမှန်သည် သူအကြိုက်က မုန့် လက်ဆောင်းကို။

give me a smile -----

(8)အလွမ်းပြေဓါတ်ပုံတွေ

ဒီနေ့  8th April့ မောင်လေးအငယ်ဆုံးဆီက gmail နဲ့ ဓါတ်ပုံ attachment file တွေရတယ်။
မောင်လေး မနက်ဖြန် ဘုန်းကြီးဝတ်မယ်တဲ့ ကျေးဇူးရှင်အောင်မြေရတနာ ဆရာတော် ရဲ့ ကျောင်း မှာ ကောင်းကောင်းလဲ အဲဒီကျောင်းမှာကိုရင်ဝတ်တာ ၂ကြိမ်ရှိပြီ။

မောင်လေးနဲ့ သူရဲ့သူငယ်ချင်း တို့ မနက်ဖြန်မှာဝတ်ကြမယ်တဲ့ ။ ကျမအရမ်းအားကျတယ်။ ကျမလဲ အိမ်ပြန်ရောက်၇င် မယ်သီလ၀တ်ဖြစ်အောင်ကျိုးစားဦးမယ်။ တသက်မှာ တခါလောက် သာသနာ အလုပ်လုပ်ကြည့်ချင်တယ်။ ဓါတ်ပုံတွေကို ကျမဒီနေ့  organize လုပ်ပြီး ကျွန်ပျူတာထဲမှာ
ထည့် ထားတယ်။ တနေ့ နေ့ မှာ family album လေးကို အိမ်ကို ပို့ ပေးမလို့ ။

ခက်တာကဒီ laptop မှာ bluetooth device မပါဘူး။ အရင်ကျမသုံးတဲ့ samsoung notebook လေးမှာ ပါတယ်။ ဖုန်းထဲကပုံတွေကို ဒီကွန်ပျူတာထဲထည့်ဖို့ နည်းလည်းရှာရဦးမယ်။ cable ကလဲ london ကသူငယ်ချင်းဆီမှာ။ ဒီနှစ်သင်္ကြန်မှာလဲ အိမ်ကိုသတိရရင်ဘဲပေါ့။ အရင်နှစ်တွေတုန်းက အလုပ်ထဲမှာဆိုတော့ သင်္ကြန်ကျမှန်းမသိသာဘူး။ အပေါင်းအသင်းလဲ ၅ယောက် ၆ယောက်
လောက်ဘဲရှိတယ်။ အဲဒါတောင် ၂ ယောက်လောက်ဘဲ သူငယ်ချင်းပေါင်းပေါင်းတာ။ အရမ်းကိုအထီးကျန်ပါတယ် အဲ မှားလို့ အမကျန်ပါတယ်။

မောင်လေးကို သင်္ကန်းတောင်းနဲ့ တ၇ားနာ tape နဲ့ ဖမ်းလို့ ၇၇င် ဖမ်းယူပြီး ပို့ ပေးဖို့ ပြောထားတယ်။ he willtry the best တဲ့ ။ ရပ်ကွက်ထဲက ကလေးတွေကို လဲဖိတ်ဖို့ မမေ့၇န် ပြောထားသည်။


တော်သေးပြီ။ နားပါဦးမည်။
ယခု ည ၁နာရီ ၂၆မိနစ်။ အမေ့အိမ်တွင် မနက် ၇နာရီလောက်ရှိမည်။ ဆွမ်းချက်ဆွမ်းကပ်နှင့်အားလုံးအလုပ်ရှုပ်နေတော့မည်။ လွမ်းပါသည်။

(7)7th April (I had bad day)

မနက်အစောကြီးထပြီးကားဂိတ်ကိုလမ်းလျှောက်သွားတယ်။ အလင်းရောင်ရှင်းရှင်းမမြင်ရတဲ့ မှုန်ပြပြဓါတ်တိုင်တွေရဲ့ အားကိုးနဲ့ လျှောက်လာခဲ့တယ်။ လမ်းတလျှောက် ဘုရားဂုဏ်တော်၊တရားဂုဏ်တော်နဲ့ သံင်္ဃာဂုဏ်တော်တို့ ကိုရွတ်လာခဲ့တယ် ။ ကားမှတ်တိုင်ရောက်လုနီး။မိနစ် ၂၀လောက်လမ်းလျှောက်အပြီးမှာ ခွေး၃ကောင်ကျောင်းတဲ့ လူ ကိုတွေ့ မှ အကြောက်ပြေသွားတယ် ။

ရဲစခန်းရှေ့ ကမှတ်တိုင်မှာ ဘစ်စကားစောင့်ရတယ် ကိုယ့်မြို့ ပေါ်ကိုသွားတဲ့ဘစ်ကားကအစောကြီးမထွက်လို့ တခြားမြို့ သွားတဲ့ဘစ်ကို စောင့် ရင်း ရဲစခန်းမျက်နှာစာတယ်လီဖုန်းနဲ့ ကပ်ထားတဲ့စာ က
"When this police station is closed you should make all enquires using the telephone below. Please lift the handset, press the button and wait for a response."
တဲ့။ ရဲစခန်းကိုကြည့်တော့ မီးတွေကလင်းထိန်လို့ ။ ကားကို မိနစ် အနည်းငယ်စောင့်ပြီး နောက်တမြို့ မှာ ရထားချိန်းတယ် အဲဒီနောက် မြို့ ကြီးကိုေ၇ာက်တော့ မနက် ၇နာရီ ၄၅မိနစ်၊ မြေပုံအားကိုးနဲ့ သွား၇မဲ့ ရုံးကိုရှာတယ်။ လမ်းတို လေးတွေကများတော့ မျက်စေ့ လည်ပြီး မတွေ့ နိုင်ဘူး။ ဖြတ်သွားဖြတ်လာလူတွေရယ်။ သတင်းစာအလကား လိုက်ပေးနေတဲ့ အဖိုးကြီးရယ်။ vitaminဖျော်ရည် အလကားပေးနေတဲ့ ကြော်ငြာကားရယ်ကိုမေးတယ်။ လူတွေက လုပ်လက်စအလုပ်တွေကိုရပ်ပြီး သေသေချာချာ findout လုပ်ပေးကြပေမဲ့ ကျမသွားမဲ့ ရုံးကိုသူ တို့ သေချာမညွန်တတ်ကြဘူး။

လမ်းတွေမှားပြီးနောက် မှာ Indian နဲ့ တူတဲ့ ရုံးသမားဖြစ်ဟန်တူတဲ့ လူတယောက်ကို မေးမိတယ်။ အဲဒီလူက သူသွားမဲ့ လမ်းနဲ့ တကျောထဲဘဲဆိုပြီး ကျမကိုလမ်းညွှန်ပေးတယ်။ ကျမကလမ်းပျောက်နေတာ မိနစ် ၃၀ ရှိသွားပြီ လို့ ပြောတော့ အံသြပြီး ဒီမှာကဒီလိုဘဲ နောက်ဆိုမမှားတော့ပါဘူးတဲ့။ ကျမကျေးဇူးတင်ကြောင်းပြောတော့ ကျွန်တော့် ကိုဆုတောင်းပေးဦးတဲ့ ။ ဘာမှန်းတော့ကျမ မသိတော့ have a nice day လို့ ပြောခဲ့တယ်။

ရုံးအောက်ရောက်တော့အမည်စရင်းသွင်းပြီးရုံးရှေ့ မှာစောင့် တယ်ရုံးက ၉နာရီဖွင့်၇မယ်ဆို ပေမဲ့ လူအရိပ်အရောင်ကို ၉နာရီခွဲ အထိမမြင်ရဘူး။ ရာသီဥတုက အရမ်းအေးတော့ခေါင်းတွေကိုက်လာတယ်။ ၀တ်ထားတဲ့ allstar ဖိနပ်ပါးထဲကကျမရဲ့ ခြေချောင်းတွေ ကျဉ်ပြီး ပူးကပ်နေလို့ ခြေထောက်ကိုခဏခဏ shake လုပ်နေမိတယ်။

၉နာရီ၄၀လောက်မှာ ရုံးက ဒရ၀မ်ပုံစုံလိုလို ။ officer လိုလို ပါကစ်စတန်လို လူက အလကားနေ၇င်းအားလုံးကို ဟောက်နေတာနဲ့ ငို ချင်ရက်လက်တို့ ဖြစ်နေတယ် ။ queue ပြန်လုပ်ဖို့ သူကပြောတော့ ကျမမုန်းတဲ့ နိုင်ငံက လူ (ယောက်ကျား)များဟာ ကျမတို့ မိန်းခလေးတွေကို တွန်းတိုက်ပြီး ရှေ့ေ၇ာက်အောင်တန်းစီ ကြတယ်။ အရင်နာမည်စရင်းရေးတုန်းက ကျမ က နံပါတ် ၆ အခုကျတော့ နံပါတ် ၃၀ကျော် နောက်ဆုံးမှာ။ ကျမနဲ့ အတူ မိန်းခလေးတွေအကုန်လုံး နောက်ဆုံးမှာ အဲဒီရုံးက တနေ့ ကိုမှ လူနည်းနည်းဘဲတွေတာ။ ကျမလက်လျှော့ပြီး မြို့ ထဲဘက်ကို ထွက်လာခဲ့တယ် ။ လမ်းမှာ မျက်ရည်ဝဲတယ်။ ငါ့ အနှဲ နော် အဆင်မပြေချင်တော့များဆို ပြီ။
နောက်ထပ်ကားတဆင့်စီးပြီး လက်မှတ်ထိုး၇မဲ့ ရုံးကို ရောက်တယ်။ ကျမရဲ့ သတ်မှတ်ချိန် က နေ့ လည် ၁နာ၇ီမှ ကျမေ၇ာက်တာက ၁၁နာရီလောက်မှာ အဲဒီမှာလဲ ဒရ၀မ်မ က ကျမကိုစိမ်းစိမ်းကြည့်ပြီး နင်ဝင်လို့ မရဘူးပြောတယ်။ အဲဒီရုံးကနေထွက်ပြီးကားဂိတ်ကို လမ်းလျှောက်ရင်ကျမ မျက်ရည်တွေ ထိန်းမရအောင် ကျလာတယ်။ အဲဒါနဲ့ သူငယ်ချင်းတယောက်ကိုဖုန်းဆက်ပြောတော့ ။ သူငယ်ချင်းက ကားပတ်စီးနေ ငိုတာကိုရပ်။ မြို့ ထဲကကြာကြာထိုင်လို့ ရမဲ့ first food ဆိုင် သို့ မဟုတ် coffee ဆိုင်မှာထိုင်ပြီးအချိန်ဖြုန်းဖို့ အကြံပေးတယ်။ ကျမလေ ဘာ့ကြောင့်အဲဒီလောက် ၀မ်းနည်းမှန်းမသိဘူး။
အိမ်ကိုပြန်ေ၇ာက်တော့ ညနေ ၅နာ၇ီခွဲပြီ။ ရင်ထဲမှာ အရမ်းကိုနာပြီးမောတယ်။ ကျမလေ အသက်အရွယ်နဲ့ ညီတဲ့ ရင့်ကျက်မှု တွေ ။ ခံနိုင်ရည်တွေရှိချင်တယ်။ ဒါတွေ အားလုံး က ကိုယ့်ဘာသာကိုယ် built လုပ်ရမှာနားလည်ထားပေမဲ့ ကျမခုထိ အားငယ်တတ်တုန်းဘဲ။

Saturday 4 April 2009

(6)၄၊၄၊၂၀၀၉ ဒိုင်ယာယီ

မနေ့ တုန်းက မောင်လေးအငယ်ဆုံး online ပေါ်လာလို့ chat ဖြစ်တယ်။ စာမေးပွဲတွေကြောင့် မျက်စေ့အားနည်းနေတယ်တဲ့ ။ သူစာမေးပွဲအောင်တယ်တဲ့ ။ ကျမမောင်လေးအတွက် အရမ်းဝမ်းသာတယ်။ တတိယအမက မျက်မှန်လုပ်၇င် ဂိုင်းကောင်းကောင်းလေးလုပ်လို့ မှာလို့ သူ့ ကိုပြောပေး၇တယ်။ တတိယအမ က yahoo ဘဲသုံးတာ သူ့ အလုပ်က yahoo ဘဲဖွင့်ထားတော့ ၇န်ကုန်နဲ့ chat မ၇ဘူး။ ဒုတိယအမ ကကျမရဲ့ googlemail မှာ voice msg ပေးထားတယ် သူဒီနေ့  ၄။၎။၂၀၀၉ မှာ online တက်မယ်တဲ့။ မနေ့ တုန်းက တော်တော် ကို အလုပ်များတယ်။ အိမ်သန့် ၇ှင်းေ၇းနဲ့  အချက်အပြုတ် ကူလုပ်ရလို့ ။ အတူနေတဲ့  အမဲမလေး ဂျူနီယာရဲ့ အမျိုးတွေ လေဆိပ်မသွားခင်တညလာတည်းမှာမို့ လို့ ။ ကျမကဧည့်သည်တွေအတွက် ထမင်းချက်တယ်။ ဟင်းကတော့မျှစ်နဲ့  ပဲကတ္တီပါပြုတ်ကျော်တယ်။ ဂျူနီယာကတော့ ကြက်ကင်တယ်၊ အမဲသားနှပ်တယ်။
ဧည့်သည်တွေကတော့ သူ့ ယောင်းမနဲ့ ကလေး၃ယောက်။ ကလေးတွေကအရမ်းကဲတယ်။ အကြီးဆုံးကလေး က ကောင်းကောင်းထက် ၈လကြီးတယ်။ သက္ကရာဇ် ၂၀၀၀ မှာမွေးတဲ့ ကလေးပေါ့ ။သူ့ ရဲ၇ာသီခွင် က တရုပ်လို နဂါးနှစ်လို့ ပြောတော့သူတော်တော်ပျော်သွားတယ်။ ဒုတိယက မိန်းခလေး အသက် က ၆နှစ်။ ၆နှစ်လို့ သာပြောတာ တော်တော်ထွားကြိုင်းတယ် ၉နှစ်သား သူမရဲ့ အကိုနဲ့ တရွယ်ထဲဘဲ။ သူမ ကအခုကတည်းက အစားလျှော့စားတာ ။ ကယ်လိုရီကောင့် လုပ်တာတွေရှိနေပြီ။ ကျမတို့ ဆို အဲဒီအရွယ်မိဘပေးတာစားတာဘဲ။
အငယ်ဆုံးကလေးက မိန်းကလေး (လမစေ့ဘဲမွေးထားတဲ့ကလေးတဲ့) လမစေ့လို့ သာတော်သေးတယ်။ ဆော့လိုက်တာမျောက်ကို ၇ှုံးေ၇ာအသက်က ၁နှစ်နဲ့ ၃လ စကားတော့မပြောတတ်သေးဘူး။ အမှိုက်ထုတ် တွေကိုဖွင့်ဖွင့် ပြီးတွေ့ သမျှပါးစပ်ထဲ ထည့်တတ်လို့ မနေနိုင်တဲ့ ကျမလိုက်ဆွဲ၇တယ်။ အမှိုက်ထုတ်တွေထဲမှာ ဖွင့် ပြီးသားစည်သွတ်ဘူးခွံတွေပါလို့ ကလေးလက်ရှမှာစိုးလို့ ။ ဒါတောင်မှကြမ်းပြင်မှာခလုတ်တိုက်လဲတာ နှုတ်ခမ်းပေါက်သွားသေးတယ်။ သူ့ အမေနဲ့ သူ့ အဒေါ်က တခါမှလိုက်ဆွဲတာမတွေ့ ဘူး။
မနက်အစောကြီး 2:30 am မန်ချက်စတာလေဆိပ်ကို ကားနဲ့ ထွက်သွားကြတယ်။ ကျမကတော့ ကျမအမ chatting ၀င်မဲ့ အချိန်ကိုစောင့်ရင်းမှေးတချက် အိပ်တချက်နဲ့ ပေါ့ ။ ရန်ကုန်အင်တာနက် connection ကတော်တော်ကို့ နှေးတာ။မမကြီးနဲ့ ဒုတိယ အမနဲ့  chatting ခနတက်ပြီး vzo ထဲ ၀င်မရလို့ အမတွေ အိမ်ပြန်ဖို့  ဖုန်းလှန်းဆက်လိုက်တယ်။ ကောင်းကောင်းနဲ့ စကားခနလေးပြောဖြစ်တယ်။ အမတွေ ပြန်သွားပြီးတဲ့အထိ အမရဲ့ Account ကမီးလင်းနေတုန်းဘဲ ။ အဲဒါနဲ့ ကျမကမောင်လေးကိုလှန်း ဖုန်းဆက် လိုက်တာ။ ဟို ဘက်က အမည်မသိသူကကျမ အမရဲ့ account ကို ၀င်သုံးနေတာကို မောင်လေးကို Who are you? တဲ့  ။ ပြီးတော့ don't call me now တဲ့။ သူလဲ ရုံးဆင်းချိန်မို့ ကသုတ်ကရက်ပြန်သွားတယ်။ သေချာတာကတော့ မမကြီးနဲ့ ဒုတိယအမ တို့ အိမ်ပြန်သွားကြပြီလေ။ မောင်လေးက ဘာမမပြောနေပါနဲ့ မြန်မာပြည်မှာ ဒီလို ပါဘဲတဲ့။
အဲဒါနဲ့ ကျမ အဲဒီသူ ကို မသိချင်ဟန်ဆောင်ပြီး မပြန်သေးဘူးလား။ connection မကောင်းဘူးနော်လို့  စာစရိုက်တယ်။ နောက်ပြီး တော့ ဘာမှပြန်မလာတာနဲ့  please sing out now, I know you are using other people account by mistake. ဆို တော့ ဘာမှ ပြန်မလာဘဲ ဆက်သုံးတယ်။ ဒါကြောင့် Hmawbi မြို့ ကကျဉ်းကျဉ်းလေးနော်။ အင်တာနက်ဆိုင်ဆို၇င်လဲ တဆိုင်ဘဲရှိတယ်။ IP address ကိုကြည့်ပြီးဆိုင်ကို စုံစမ်း ရင်ဘယ်သူသုံးနေတယ်ဆိုတာ သိနိုင်တယ်။ ကျေးဇူးပြုပြီး sign out လုပ်ပါလို့ ထပ်ရိုက်လိုက်တော့ မှထွက်သွားတယ်။သုံးတဲ့သူအပေါ်၇င့်ချင်လို့် မဟုတ်ပါဘူး။ common sense လေးနဲ့ သူများ privacy ကို မကြည့်မိအောင်လို့ ပါ။ genuine mistake လဲဖြစ်နိုင်တာမို့်  မောင်လေးပြောတာကို လက်ခံပါတယ်။ အဲဒီလို့ မမှားအောင်လဲအမတော်တွေကို နည်းနည်းလေး alert လုပ်၇မယ်။
အမကလဲ connection ပြတ်သွားတဲ့တုန်း အချိန်စေ့ သွားလို့ sign out မလုပ်မိဘူးထင်တယ်။ ဒါပေမဲ့ နောက်သုံးတဲ့သူ ဆက်ပြီးသုံးနေမိေ၇ာ။ တကယ်လို့ sensitive information တွေပါရင်တော့ ဒုက္ခေ၇ာက်မှာ။ ညနေမောင်လေးအငယ်ဆုံးဆီဖုန်းခေါ်တော့ ဆက်သွယ်ေ၇းဧ၇ိယာပြင်ပသို့ေ၇ာက်၇ှိနေပါသည်တဲ့။ ညီမလေးဆီဆက်တော့လဲ ဒီလိုဘဲ။ ခက်တယ်နော် မြန်မာပြည်ကမြို့ နယ်တော်တော်များများက ဆက်သွယ်ေ၇း ဧ၇ိယာပြင်ပကိုေ၇ာက်ေ၇ာက်နေတာဘဲ။ တခုခုတော့ ပြောင်းလဲသင့် ပြီ။ Obama လို yes we can လို့ အာမခံပြောနိုင်မဲ့ သူ တစ်ယောက်ယောက်၇ှိ၇င်သိပ်ကောင်းမှာ။ long term dream.
ငယ်ငယ်ကဖတ်ဖူးတဲ့ ၀တ္ထုတခုရဲ့ အစမှာလားအဆုံးမှာလားမသိ
မည်သူကိုမှမရည်၇ွယ်ပါတိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ တဲ့  အဲဒီစကားလေးကြိုက်လို့ သုံးလိုက်တယ်။
နာ ဂ လွတ် ကျောက်ဒတ်ထာ နော့ ။ နာ့ ဂို လာမပြောနဲ့ မင်းဘာဖြစ်တွားမယ် ထင်သလဲ။ နာ ဂ ဂလိုမျိုးတွေ လဲေ၇းလေ့ေ၇းထမရှိဘူး ။ ဒါကတော့ ပြာလောင်ထဲက စကား။ လွတ်ကြိုက်လို့ မှတ်ထားတာ
တော်သေးပြီ။

Wednesday 1 April 2009

(5)တပတ်ရစ် ရုပ်မြင်သံကြား

ဒီနေ့ မနက်ပိုင်း fleu jab (အအေးမိရောဂါ)ကာကွယ်ဆေး ဒုတိယအကြိမ်ထိုး တယ် နောက် dentist appointment ကိုသွားတယ်။ ထုံဆေး ကပြင်းလွန်းအားကြီးတယ် နောက်ထပ် treatment ၂ကြိမ်ထပ်သွားယူရဦးမယ်။

အိမ်ပြန်ရောက်တော့ ထုံဆေးအရှိန်နဲ့ မှိန်းပြီးနားနေတုန်း အမဲမလေး ဂျူနီယာ က ရုပ်မြင်သံကြားစပ်တူ ၀ယ်ဖို့  လာပြောတယ်။ ဒါ့ ကြောင့် ၂ယောက်သား မြို့ ထဲကို bus ကားနဲ့ သွားကြတယ်။ ၂၄ လက်မ thomson ရုပ်မြင်သံကြား second hand ကို ပေါင် ၅၀။ အငှားကားခ ၁၄ပေါင် စုစု ပေါင်း ၆၄ပေါင်။သူက ကျမကို ၂၄ကျပ် စိုက် သူက၄၀စိုက်မယ်တဲ့ ဒါပေမဲ့ ကျမဒီမြို့ ကပြောင်းရင်သူအပိုင်ယူမယ် တဲ့ ။ ကျမ သဘောတူလိုက်တယ်။

ရုပ်မြင်သံကြားကို သတင်းနဲ့ ကောင်းတဲ့ ဇာတ်လမ်းတွဲတွေသာ ကျမရွေးကြည့်တယ်၊ အင်တာနက်၊ကွန်ပျူတာနဲ့  သတင်းစာရှိနေရင် ကျမအတွက် လုံလောက်ပြီ။ အခုတလော ဒီက တီဗွီတွေမှာ ကြော်ငြာခနခနနှောက်ယှက် လွန်းလို့ မျက်စေ့နောက်တယ်။

ညနေဘက် ၀က်သားကင်၊လက်ဘက်သုတ်၊နဲ့  ပဲပြုတ်ကျော်နဲ့ ဂျူနီယာကို ကျမညစာကြွေးတယ်။ သူ ကတော့ တီဗွီ ရလို့ အရမ်းပျော်နေပုံဘဲ။ သူလဲ တီဗွီမကြည့်ရတာ ၃လနီးနီးရှိပြီဆိုတော့ နားလည်ပေးနိုင်ပါတယ်။ ဧည့်ခန်းကိုကျမအစီအစဉ်နဲ့  ဆိုဖါနေရာချ၊ တီဗွီ အင်တာနာကြိုးဆင် ။ ထမင်းစားစားပွဲနဲ့ ကုလားထိုင်တွေကို ကျမတစ်ယောက်ထဲ kitchen ကနေရွေ့  နဲ့ တော်တော်မောသွားတယ်။ သူကကိုယ်ဝန်နဲ့ ဆိုတော့ မရချရမလွယ်ဘူးလေ။

အငှားကားမောင်းတဲ့ သူ ကတော်တော်မာရေကျောရေရှိတဲ့ ဒီနိုင်ငံက လူဖြူ၊ ကျမတို့ ၂ယောက်ဝယ်လားတဲ့ တီဗွီအလေးကြီးကို ခြံဝနားထိဘဲချပေးတယ်။ ပြီးတော့ over charge လုပ်တယ်။ ခြံထဲကနေ့ ကျမတို့ နေတဲ့ basement flat ကို တော်တော်လေးအချိန်ပေးပြီးသယ်ရတယ်။ အလေးကြီးဘဲ။ တောမှာနေရတဲ့ ဒုက္ခက မသေးဘူး။

အင်တာနက်ကလဲ တနေကုန်မကောင်းဘူး။ စိတ်ပိန်တယ်။ အမဲမလေးနဲ့  future အစီအစဉ်တွေကို ပြောဖြစ်ကြတယ်။ ကျမ လေမိသားစုနဲ့ ဆုံချင်တယ်။ သူလဲဒီလိုဘဲ။ ထမင်းကိုစောင့်ကအကျက်နှေးသည်။ရေကို စောင့် ကအတက်နှေးသည်တဲ့ စောင့်ရတဲ့ဒုက္ခ ကအင်မတန်ကြီးတာဘဲ။

စောင့်ရတဲ့အချိန်တွေမြန်မြန်ကုန်ပါစေ။

ည၁၁နာရီ ၂၈မိနစ်ရှိသွားပြီ ။ နားဦးမည်။