Tuesday 30 March 2010

Sub title SHE SELLS SEA SHELL BY THE SEA SHORE


IRAQ - AMERICAN TELLS LIE... WHAT ARE THEY ? .... NOTHING CARRY ON..... ARE THEY SUB TITLE.? WHY DO I NEED SUB TITLE FOR? . I STUDIES ENGLISH IN BLOODY AMERICAN UNIVERSITY IN KAIRO. SHE SELLS SEA SHELL BY THE SEA SHORE. .... ဟား ၃

Thai protestors refuse discussions

Tuesday March 30, 2010
ဒီကနေ့  sky ကလာတဲ့ သတင်းအရ အစိုးရ အတိုက်အခံ ထိုင်းဆန္ဒပြ (အနီရောင်ဝတ်) သူများဟာ လက်ရှိဝန်ကြီးချုပ် Abhisit ရဲ့  တွေ့ ဆုံဆွေးနွေး ရေးကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ပါတယ်




အနီရောင် ဆန္ဒပြသူများ ရဲ့  တောင်းဆိုချက် က ၁၅ ရက်အတွင်း ရွေးကောက်ပွဲ လုပ်ပေးရမယ်။ သို့ သော် အစိုးရက တော့ ဒီနှစ်ကုန် မှ လို့ အချိန်ဆွဲလိုက်လို့ပါ။ ဘာတွေဆက်ဖြစ်အုန်းမလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါဘဲ။ Internal Security Act ကို ဧပြီလ (ရ) ရက်နေ့ အထိ တိုးမြှင့်လိုက်ပါတယ်။

[{( **ပါ တီ စုံ ဒီ မို က ရေ စီ ရွေးကောက်ပွဲလေး ကို တောင်မှ မ စောင့် နိုင် ကြ တော့ ဘူး လား **)}] (ဒေါက်တာမောင်မောင်)

ယိုးဒယား - မှ ဆန္ဒပြပွဲ ဓါတ်ပုံ သတင်း

ဘုန်းဘုန်းတွေလဲပါ



Soldiers shakes hands to Red Shirts


လုံခြုံရေးစစ်သားတွေကို့ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေတဲ့ အနီရောင် ဆန္ဒပြသမားများ




Red Shirts Activities in BKK




အခုဂတုံးတုံးပြီဟေ့












စကားပြောစက်ကိုင် ထားတာက ထိုင်းကကြံ့ ဖွတ် ဖြစ်မယ်ထင်တယ်

Saturday 27 March 2010

ထိုင်း နိုင်ငံ က ဆန္ဒပြပွဲ 27th March 2010 Saturday

ထိုင်းနိုင်ငံက ဝန်ကြီး ချုပ်ဟောင်း သက်ဆင်ကိုထောက်ခံတဲ့  အနီရောင်ဝတ် ဆန္ဒပြ သူများ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်ကြပြီ

ဒီကနေ့  မြန်မာပြည် ဖက်ဆစ်တော်လှန်ရေးနေ့ မှာ ထိုင်းနိုင်ငံ က ဆန္ဒပြသူ တသောင်းကျော်ဟာ ရွေးကောက်ပွဲ ကို ကျင်းပပေးရန် တောင်းဆိုနေကြပါတယ်။ လက်ရှိဝန်ကြီးချုပ် Abhisit Vejjajiva ကို နှုတ်ထွက်ပေးဖို့ တောင်းဆိုကြပါတယ်။ ဘန်ကောက် မြို့ အလယ် အရပ် ရှစ်မျက်နှာ ကနေ ဆန္ဒ ပြကြပါတယ်။

ထိုင်းအစိုးရဟာ လုံခြုံရေးတပ်များ ထပ်ဆောင်း ပြီး check point တွေမှာ စစ်ဆေးရေး ထူထပ်စွာ ချထားပါတယ်။
AFP သတင်း ထောက် ရဲ့ အဆိုအရ တော့ ဆန္ဒပြသူ လူထုကြီး ဟာ စစ်တပ်နဲ့ ရဲတွေ ကို ထိပ်တိုက် ရင်ဆိုင်ပြီး ဒီမိုကရေစီ အရေးအတွက် ပူးပေါင်းဖို့  သွေးဆောင် စည်းရုံး ပြောကြမယ်လို့ ဆိုပါတယ်။
ဆနွပြ သူထဲက ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ Nattawut Saikua က လူထုကြီး ကို “This is the breaking point “ တဲ့ “အခု ငါတို့ ရှုံးရင် ငါတို့ ထောင်ထဲ ကိုရောက် ချင်ရောက်မယ်၊ အခု နိုင်ရင် ဒီမိုကရေစီကိုပြန်ရလိမ့်မယ်လို့  ရဲရဲတောက် စကားပြောခဲ့ပါတယ်။
လွန်ခဲ့ တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်ထဲက အစိုးရဆန့် ကျင်တဲ့ အဖွဲ့ များ ဟာ ဒေါက်လျှောက်အစီအစဉ်နဲ့  ဆန္ဒပြမှု များ လုပ်ခဲ့ကြပါတယ်။ သွေးတွေဖေါက်ပြီး အထင်ကရနေရာတွေမှာဖြန်းတာ ၊ ဆံပင်တွေရိပ်ချပြီး မြို့ လည်ခေါင်မှ လမ်းများ မှာ လှည့်လည် ဆန္ဒပြကြပါတယ်။

အဆိုပါ အနီရောင်ဝတ် ဆန္ဒပြသူများဟာ ယခင်ဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို ထောက်ခံသူများဖြစ်ကြပါတယ်။
၎င်း ဟာ ဝန်ကြီးချုပ်တာဝန်ကို 2001 - 2006 အထိထမ်းဆောင်ခဲ့ပါတယ်။ 2007-2008 အထိ Manchester City football team ရဲ့  ပိုင်ရှင်ဖြစ်ခဲ့ပြီး။ မွေးဇာတိကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်း Chaing Mai ဖြစ်ပြီး ။ ပထမဆုံး အလုပ် အကိုင်က ရဲ ဝန်ထမ်း တစ်ဦးဖြစ်ပါတယ်။ နော်က ရဲ အလုပ်က နှုတ်ထွက်ပြီး ဆက်သွယ်ရေး (telecom) လုပ်ငန်းပိုင်ရှင် ဖြစ်ခဲ့ပြီး။ ဝန်ကြီးချုပ်တာဝန် မထမ်းဆောင်ခင် အချိန်ကလဲ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံ ကို ပထမဆုံး Universal Healthcare Program ဖြစ်တဲ့ ဘတ် ၃၀ နဲ့ ဆေးဝါးကုသတဲ့ အစီအစဉ်ကို မိတ်ဆက်ခဲ့ သူဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် Abhisit Vejjajiva ရဲ့ မွေးဇာတိဟာ အင်္ဂလန် နိုင်ငံ Newcastle မြို့ ဖြစ်ပြီး၊ Oxford University ကနေ bachelor degree in philosophy, politics and economics (PPE), first class honor နဲ့  a master degree in economics ဘွဲ့ ကိုရရှိခဲ့ ပါတယ်။ ဘုရင်ကြီး King Bhumibol Adulyadej က 17.08.2008 မှာ Abhist ကို ဝန်ကြီးချုပ် အဖြစ် အာဏာ အပ်နှင်း
ခဲ့ပါတယ်။

ref: www.londonwierd.co.uk မှ article ကိုသင့်လျှော်သလို ဘာသာပြန်ပြီး wiki မှ အချက်အလက်များဖြင့် ရေးထားပါသည်။

Youtube က ကလေးတွေ ရဲ့  ဟာသလေးများ

ဖားတွေ ဖမ်းသိမ်းထားတဲ့ ကလေး မလေး


သွားနဲ့ ကိုက်တဲ့  ညီလေး ချာလီ


သရဲ ထွက်လာ ရင် ခြေထောက်နဲ့ ကန်မှာပေါ့


လူကြီးတွေ အဆဲသင်ပေးတယ်

ပဲကြီးစေ့လေးများ (Adjective)လေးများ

နာမ်ကို ကွန့် မြူး ၊ ဂေါင် ညွန့် ဖူး
ထူးအောင်လုပ်သောပုဒ်

ဝိသေသန ဘွဲ့ မည်သ၊ တွင်ထ ခေါ်သမုတ်
ချစ်သော၊ ခင်သော၊ တသောသော ၊
သောဟုအမြတ်ထုတ်

နာမ် (Noun) = အမည် ဟူသမျှကို နာမ်လို့ ခေါ်သည်
နာမဝိသေသန (Adjective) = နာမ်ကို အထူးပြုသော ပုဒ် eg. လှသော မိန်းကလေး (လှသော is Adjective)

နေစဉ် ခဏခဏ သုံးနေရတဲ့  နာမဝိသေသန များအကြောင်း တစေ့တစောင်း

မှန်ခဏ ခဏ ကြည့်ပြီး ကိုယ့်ကိုကိုယ် တသသလုပ်နေတဲ့ လူကို vain
လို့ ပြောမယ်
ဥပမာ၊ She's/He's --- vain

ုအရာရာကို အရမ်း ဂရုစိုက်လွန်းပြီး၊ အမှားမရှိအောင် လုပ်တတ်ရင် conscientious

အသံထွက်နည်းနည်းလေးထောက်တယ်။


တခြားသူတွေရဲ့ အတွေးအခေါ်အသစ် တွေကို လက်ခံစဉ်းစားတတ်ရင် open-minded


အများနဲ့ မတူ တမူထူးခြားတဲ့  ဝတ်စားဆင်ရင်၊ ပြောပုံဆိုပုံတွေရှိရင် eccentric


ပေါင်းသင်းဆက်ဆံရကောင်း ခပ်ပေါ့ပေါ့  ခပ်အေးအေးနေ ရင် easy- going


စိတ်လှုပ်ရှားမှု ကို ထိန်းနိုင်ပြီး ၊ ဒေါသလွယ်လွယ် မထွက်တတ်သူ ရဲ့ စရိုက်ကို well - balanced


ကိုယ်မှားနေပေမဲ့  ဘယ်တော့မှ ဝန်မခံ၊ အငြင်းသန်ပြီး ခေါင်းမာရင် stubborn


အမှန်တရားအတွက် မားမားမတ်မတ်ရပ်ပြီး ရင်ဆိုင်ဖြေရှင်းရင် assertive

assertive ဟာ agressive နဲ့  passive ကြားထဲက ရှိတဲ့  ကောင်းတဲ့  adjective တခုပါ။
agressive<------------- assertive --------------->passive
assertiveness ရှိတဲ့ သူဟာ ကိုယ့်  ကို ကိုယ် ယုံကြည်မှု့ strong character ရှိပါတယ်

ကိုယ့်ကိုကိုယ် ယုံကြည်တယ်၊ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာကို ကိုယ်သိတယ် က self-confident

ကိုယ့် ရီးစားကို သူများ ကြည့်တာ မကြိုက်တာ၊ ကိုယ့် သူငယ်ချင်းကို သူများတွေ မခင်စေချင်တာ၊
ကိုယ့် ကစား စရာကို သူများကို ပေးငှါး မဆော့ စေချင်တာ က possessive

ကလေးလို စိတ်ထားရှိတာ၊ မရင့်ကျက်သေးတာ တချို့ က childish အသုံးများတာက တော့ immature

ကိုယ့်ကိုယ်ကိုယ် သူများထက် ပိုတော်တယ်၊ ပိုတတ်တယ်၊ သူများထက် ကိုယ်က ပို အရေးပါတယ် ဆိုပြီး
ဘဝင်မြင့် စိတ်ကြီးဝင် နေရင် arrogant

ကိုယ့်စိတ်မှာ ရှိတဲ့ အတွေးအခေါ်တွေ၊ ခံစားမှု တွေ ကို သူများမမြင်အောင် ဟန်ဆောင် နိုင်တဲ့ ၊ လျှို ဝှက်နေတာကို reserved ဒီနိုင်ငံ က ဒေသခံ မျက်နှာဖြူ တွေကို reserved ဖြစ်တယ်လို့  စာထဲမှာ ဖတ်ရတယ်။

ဇော်ဂျီ ရေးသော ကဗျာ

ထလော့မြန်မာ၊ အိုမြန်မာတို့ - တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်
ဆန်ရေစပါး၊ များလည်းများ၏ - များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင် - ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား - လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍ - ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့  - တို့ရွာတို့မြေ၊ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် - သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့် - ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍ - လောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ၊ မြန်မာထလော့ - အားမပျော့နှင့်၊ မလျော့လုံ့လ
သူကစ၍၊ ငါကအားလုံး - လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ ?
ဤယာစပါး၊ ဘယ်သူ့စပါးလဲ ?
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။
ဇော်ဂျီ

Wednesday 24 March 2010

တပေါင်း တန်ခူး

တပေါင်း တန်ခူးမှာ
အကြောင်းမထူးရင်တော့
မြောင်းတူးပြီး
ပြောင်းဖူးဘဲ စိုက်တော့မယ်

Saturday 6 March 2010

(105) မိုးကျတော့မည်။

တပေါင်းလကုန်ပြီး ရင် တန်ခူးကာလ အတာသဘင်ပွဲ ဆင်နွဲ ကြမည်။ ကဆုန်လ၊ နယုန်လရောက်လျှင် ဖြင့် မိုးသက်မိုးငွေ့ များ ကို ခံစားရတော့မည်။ ချောက်သွေ့ နေသော မျက်ခင်းများလဲ အစိမ်းရောင် ဖုံးလွမ်းလာတော့မည်။ ကျောကွဲအောင် ပူသော အတာနွေတပေါင်း ခံစားရင်း ငယ်ငယ်က အဖွားပြောခဲ့ဖူးသော အကြောင်းအရာများကို သတိယမိသည်။

"သိကြားမင်း နှင့် အသူယာ မင်းတို့  အကြောင်း"
........x.......x.......x........x.........x........x........

သိကြားမင်း သည် အသူယာ့  သမီး ကို ယူထား သဖြင့် သမက် နှင့် ယောက်ခမ တော်သည်။ ယောက္ခမ ဖြစ်သူ အသူယာ အား တာဝတိံသာ နတ်ပြည်ဟု လှည့် စား ခါ ဘုံဗိမ္မန် တစ်ခု ပေးထားသည်။ လူပြည်မှာသာ အမှုပွေရသည်မဟုတ်ပါ ။ နတ်ဘုံနတ်ရွာမှာလည်း in - law များတည့် ဖို့ မှာ တော်တော် ခဲယဉ်း ပါသည်။

အသူယာ ခများမှာ ဝသာန် မိုးဦး ကာလ ကသစ်ပန်းများ ပွင့်မှ သာ သူနေ ထိုင်ရာ နေရာသည် တာဝတိံ သာ နတ်ဘုံ မဟုတ်ကြောင်း သိရသော အခါ ဒေါသအမျက် ချောင်းချောင်း ထွက် လျှက် သမက်ဖြစ်သူ သိကြားမင်းအား စစ်ရေး ပြုလေတော့သည်။
"ငါ့သမီး ယူထား တဲ့ ဒီ ငတိ ကိုကျောင်းမှန်း ကန်းမှန်း သိအောင် ဆုံးမဦးမည်"
ဆိုပြီး ကျောက်လက်ဝါး ရေမျှော သိုင်းဖြင့် လျှပ်စီးတန်းများ လက်ကာ မထိတထိ ကလိတိတိ ဖြင့် စစ်ဗျူဟာခင်းသည်။

ဒါ့ကြောင့် မိုးဦးကျတိုင်း လျှပ်စီး လက်၊ မိုးချိမ်းတိုင်း အသူယာ နှင့် သိကြားမင်းတို့ စစ်ခင်းလေပြီ ဟု အဖွားပြောပြခဲ့ဖူးပါသည်။

နတ်တို့ သေနင်း သိကြားမင်းကြီး ခမျာ ရှောင်လိမ် သိုင်းဖြင့်  ရှောင်ပြီး ဝိရဇိန်လက်နက် ဖြင့် မိုးကြိုး ပစ်ချသည်။ လူပြည်က သင်္ကြန် ပွဲမှာ holiday ပြန်လာသော သိကြားမင်းခင်ဗျာ အငြိမ်မနေရပါ ဂျိမ်း ဂျိမ်း ဂျိမ်းဖြင့် ကောင်းကင်တစ်ခွင်လုံး မှာ တပ်ဖြန့် ကာ 144 ထုတ်လေတော့သည်။ သုဇိတာ တို့  သုမာလာတို့ လဲ အရင်ကလို ညဘက် ကလပ် မတက်နိုင်တော့။


အိမ်ရှေ့ ရေတံလျှောက်မှ ကျသောမိုးရေများ ချိုးရင်း လျှပ်စီး လက်သံ မိုးချိမ်း သံ ကြောက်သော ကျမတို့ မှာ အိမ်ပေါ် တက်ပြေး ကြသည်။ နောက် ရေနွေးကြမ်းပူပူလေးသောက်ကာ စောင်ခြုံကွေးရသည် ကို အမြဲ သတိယနေမိပါသည်။ အဖွားကတော့ သိုင်းတွေ အကြောင်းထည့်မပြောပါ။ ဒါက ၂၁ ရာစု version မို့ သင့်တော်အောင် ရေးလိုက်ပါသည်။

ယူကျု့ ဗီဒီယို မှာ သူများ ကောင်းမှုဖြင့် post လုပ်ထားသော ကိုအံကြီး ရဲ့  ကသစ်ပန်းသီချင်းလေးကို ချိတ်တင်လိုက်ပါသည်။

နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။



ယူကျု့ လင့်ကတော့ http://www.youtube.com/watch?v=JUhE2-PMGs8&feature=PlayList&p=397FDB16DE367512&playnext=1&playnext_from=PL&index=31 ဖြစ်ပြီး tootoolay ထံမှဖြစ်ပါတယ်။