Friday, 30 April 2010

BURMA VJ ( 2010 Oscar Nominee Documentary )

This is preview of 2010 Oscar nominee documentary. Which is based on the reality circumstances in Burma regarding the Saffron Revolution and narrative 1988 student revolution. The most interesting part is how did DVB (Democratic Voice of Burma)'s staff and undercover journalists try to get news and information within closed country (war zone) by risking their lives in addition, shooting video, speaking to media, sharing a video or even taking photos or poccessing photos can go to the prison for long long time. Therefore I would humbly request to watch this film in order to understand our suffering Burmese people and help us for free from those nightmare.

Watch full video in this link

Thursday, 29 April 2010

A Vocabulary from UK Election News

In last night BBC 24 News, I learned about the new word "BIGOT"
Wiki says "bigot" (in modern usage) is a prejudiced person who is intolerant of any opinions differing from their own or intolerant of people of different ethnicity, race, or class. It is also mean a French surname.

The current Prime Minister, Mr. Brown said it to a lady pensioner who had questioned him about immigration. She heard it that word because the PM wasn't aware that his micro-phone was still on. It is said that he was genuinely sorry and he did apologise. My lecturer told us about the former Labour Deputy Prime Minister, John Prescott who visited to Wales a few years ago , He punched a protester who threw eggs at him. Yeah, politics is so fascinating.

Elections in every country are very stressful for the politicians. The whole world is watching this most important process and the voters will decide the facts and the way they try to appeal to voters in their campaign before election. The main interest from the voter's perspective is employment, health, immigration, the economy, taxation, changes etc. Schools are being used as voting station on the 6Th of May.

A British lady named Emmeline Pankhurst (1858-1928), demanded from parliament for the right to vote for all women. It is said that Britain was reported to be discriminatory towards women expecially in terms of the right to vote.

Ukrine Parliament Fight

ယူကရိန်းဆိုရင် ဘောလုံးသမား Shevchenko (ချက်ချင်းငို .... ကလေးတွေခေါ်တဲ့  အတိုင်း) ကို သတိယကြမှာ ပါ တနေ့ တုန်းက သူတို့ နိုင်ငံရဲ့ ပါလီမာန်မှာ ရန်ဖြစ်ကြသတဲ့။ ဆွဲကုတ်တဲ့သူနဲ့ ၊ ကြက်ဥနဲ့ ပေါက်တဲ့ သူကလဲပေါက် အလံနားမှာထိုင်တဲ့ နာယက ကြီးတောင် ထီးလေးနဲ့ ကွယ်ထားရသတဲ့ကွယ်။ မျက်ရည်ယို ဗုံးနဲ့ လဲပစ်လူစုခွဲတာတွေ့ ရတယ်။...... ပါလီမန် ..... ထဲမှာနော် ။ .... ကလေးတွေ.....လဲမဟုတ်ဘူ ..... ဘောလုံးပွဲ အားပေးရင်း ရန်ဖြစ်တာလဲ မဟုတ်ဘူး။ တော်တော်ကို အရုပ်ဆိုးတာ။ ကြည့်တဲ့ဘေးက သူတွေကတော့ ဟားချင်မှာဘဲ။ လက်သီးနဲ့ ထိုးတာလဲမဟုတ်ဘူး။ ပုခုံးကိုတွန်းတာလဲတွေ့ တယ်။ လက်နဲ့ လွှဲရိုက်တာလဲတွေ့ တယ်။ သူတို့ ဆီက အတိုက်အခံခေါင်းဆောင်က သမ္မတကို ရုရှားလိုလားသူ လို့  စွပ်စွဲတယ် ။ သမ္မတက Sevastopolမှာ အခြေချဖို့  သက်တမ်းတိုးပေး မှာကို မလိုလားလို့ ပြသနာတက်တာဖြစ်ပါတယ်။

Wednesday, 28 April 2010

Thein Sein, Prime Minister will participate in election

Myanmar's Prime Minister Thein Sein and several others ministers resigned from their military posts Monday so they can take part in the country's Election,

Release of Anger from Burmese People

Tuesday, 27 April 2010

My Culture, Your Culture, Our Culture

Culture is something that people learn from their own society, and which is not only essential to describe the boundaries and disciplines but also creates a feeling of belonging and unity among people in their society. Every country has a different culture which represents music, literature, morals, customs, religions, law, language and the behaviour of a specific country.

My country where I belong to is situated in the Asia Pacific region. Like many Asian countries, Burmese culture is associated with religion. It is reported that 89% of the Burmese porpulation are Buddhists. Consequently the Burmese culture has been influened by Buddhism. Burmese children are taught from a very young age to respect and be kind to elders and vulnerable people. Manner and communication are very important in Burmese culture. Unlike western countries, Burmese couples avoid physical contact in public for instance, kissing, cuddling, holding hands and any other affectionate behaviour. It is considered that calling a person just by their name is very rude.Therefore you should address someone by an appropriate title, for instance, teracher, Sir, Mister (ဦး) , Miss (ဒေါ်), Moreover, interrupting conversation is unpolite from a cultural point of view.

people from other countries think our culture has some boundaries specifically strictness whereas the nature of the people is flaxiable and fairy sociable. Of cause, they are, but the current ruling government has not been nice to the civilians since they demanded a new administration followed by freedom, justice and democracy. I am very proud to be a Burmese citizen on account of the family oriented culture eventhough I don't appreciate the current law and ruling military government for its cruel treatment toward their own citizen, for instance, while cyclone Nargis affected our country, the military junters did not allow international rescue teams to provide relief to cyclone effected areas. There were many more obvious evidence of unfair, inhuman treatment of innocent civilians.

English culture is very different from the far East. It is thought to be sophisticated and open-minded. It is relatively hard to understand their way of speaking unless you can catch up their local ascent. The legal administration is very systematic and transparent. The public have the right to express what they think. Besides this , they have freedom of speech.

It is said that English people are reserved however, in relation to my own experience, majority of them are extrovert, open-minded people. In addition they respect their law. Education standard is higher than other developed countries. Colleges and Universities have moden equipment and many other resources. It is good to stay for obvious academic benefits.

As culture changes through time to time, the young generation behaves differently from the old time. There is a more or less similar culture among young people all over the world beause of globalisation. As a result, people can automatically adopt different cultures. From my own point of view, culture is an idenity for where you belong. Therefore, I would encourage young people to maintain and protect their own culture. There were a few cultural adjustments I needed to experience once I arrived in here. Besides this people can gain experience of different cultures, language skills, interpersonal skills,...etc. However long - term settlement in abroad (whichever country) is likely to be challenging and it does need careful consideration.

If someone visits to my country, I would advise them to take care of personal safety. Cameras, recorders and USB pen-drives are probable checked and their use is prohibited within the visit. Stay at a safe distance if there is revolution. In general, the other possible difficulties in Burma are adjusting to different climates. It is more confortable to wear thin cotton cloth due to the tropical weather.

Wednesday, 21 April 2010

မှတ်ဥာဏ် ပျောက်သွားခဲ့ရင်

မှတ်ဥာဏ်တွေ တဖြေးဖြေး လျှော့ လာခဲ့ရင် ဘာလုပ်မလဲ ဆိုတဲ့ အတွေး ခဏ ခဏ ဝင်ေ နမိတယ်။ ခုအသက်အရွယ် ရလာတဲ့အချိန်မှာ ပိုပို မေ့တတ်လာတယ်။ အပြင်ကိုသွားတိုင်း အိမ်ကနေမထွက်ခင် သော့၊ ဖုန်း၊ ငွေအကြွေထည့်တဲ့ အိပ်သေးသေးလေးရယ် နောက် အရေးကြီးတဲ့ train ticket, ID cards စတဲ့ ကာဒ်ပြားတွေ ထည့်တဲ့ ခေါက်အိပ်ပိစိလေးရယ် ကို သေချာရေပြီး စစ်မိတယ်။ ပါးစပ်ကပါ တစ်နှစ်သုံးလေး ဆိုပြီး ရေရွတ်ပြီး စစ် လိုက်ရမှ စိတ်က ကျေနပ်မိသလို ပါဘဲ။

စာထဲမှာ ဖတ်ဖူးတာက ဦးနှောက်က ဆဲလ်တွေဟာ မိနစ်တိုင်း စက္ကန့် တိုင်း မှာ ပျက်စီးလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ ဆိုဘဲ။ အသက်ကြီးလာရင် ဆဲလ်တွေ ၊ ကလပ်စီးတွေ အသစ်တိုးတာထက် ပျက်တာက များများလာပါတယ်တဲ့ ။

တခါတလေလဲ မထင်ထားတာတွေ ပြန်ပြန် မှတ်မိနေတယ်။ အငယ်မ (တစ်ဦးတည်းသော ညီမ) နဲ့ အသက်ချင်း ၂နှစ် ကွာတယ်။ သူ့ ကိုမွေးတော့ ကျမ အသက် ၂နှစ်သမီးပေါ့။ သူ့ ကို အိမ်ကိုခေါ်လာတာ ကို အဲဒီအရွယ်ထဲက မှတ်မိတယ်။ အမေပိုက်ပွေ့ လာတဲ့ နီနီရဲရဲ ကလေးမ ပေါက်စကို လေ့လာစူးစမ်းစိတ်နဲ့ တချက်ကြည့်ပြီး တပြိုင်ထဲမှာဘဲ ငါကိုလူတွေ မချစ်ကြတော့ဘူး ဆိုပြီး အတွေးပေါက်တယ်။ ယုံကြည့်လိုက်ပါဦး .... အသက် ၂နှစ်သမီးထဲက ဒီလို ခံစားခဲ့ရဖူးတာကို ခုထိ မှတ်မိနေတယ်။ ငယ်ငယ်က နေခဲ့တဲ့အိမ်အနေအထား၊ ထပ်ပြင်ဆောက်တဲ့ အိမ်အနေအထား အဲဒါတွေက အစ အကုန်မှတ်မိနေတယ်။

လွန်ခဲ့တဲ့နှစ်တုန်း က စိတ်ရှုပ်ထွေး စရာ ကြုံခဲ့ရတာကတော့ ဓါတ်မှန် result ထဲမှာတွေ့ တဲ့  ရင်ညွှန့် ရိုးနား က metal အစကိုပါ။ ဘာ့ကြောင့်ဒီနေရာမှာ ကလန့် ခံရှိနေတာလဲ။ ဒါဟာ ဘာ့ကြောင်ဖြစ်တာလဲ။ ဘယ်တုန်းကဖြစ်တာလဲ။ ဆိုတာ ဘယ်လို မှ အထပ်ထပ် စဉ်းစားလို့ မရဘူး။ တခါတလေ ပြန်မှတ်မိမလားလို့  တွေးကြည့် နေပေမဲ့ ဘယ်လို မှ မသိတော့ ။ အကန့် ဖျက်ထားလိုက်ပါတယ်။ ဆရာဝန် က MRI မလုပ်ရဘူး အန္တရာယ် ရှိတယ် လို့  ဆေးမှတ်တမ်း စာအုပ်ထဲမှာ ရေးပေးထားတယ်။ အင်း ကြာတော့လဲ့ ပေလေယက်ကန် ထားလိုက်နိုင်ပါပြီ။

Demensia အဖြစ်များတဲ့ Age Group ထဲမှာလဲ မပါတော့ ဘာမှန်းကိုယ့် ကို ကိုယ်မသိဘူး။ စိတ်ဓါတ်ကျတာတို့ ဘာတို့ တော့ လောလောဆယ် မခံစားနေရပါဘူး။ သို့ သော် ခုတစ်လော ဝါဒီတွေ နည်းနည်းများပြီး ၊ လောကကြီးကို နည်းနည်း စိတ်ပျက်နေတယ်။

Sunday, 18 April 2010


သင်ရော မြန်မာပြည်က အကြောင်းလေးတွေ နည်းနည်းဖြေကြည့်ပါလား။ ပျော်ပျော်ပါးပါးပေါ့။

၁။ လက်ရှိဝန်ကြီးချုပ် နာမည်။ (က) မောင်အေး (ခ) သိန်းစိန် (ဂ) သန်းရွှေ
၂။ လက်ရှိမြို့ တော်။ (က)ကြက်ပြေး(ခ) မန္တလေး (ဂ) ရန်ကုန်
၃။ ဝက်သားစားခွင့် မပြုတဲ့ဘာသာက (က) ဟိန္ဒူ (ခ) မူဆလင် (ဂ) ၃၇မင်း
၎။ အမဲသားစားခွင့် မပြုတဲ့ ဘာသာက (က) ဟိန္ဒူ (ခ) ခရစ်ယာန် (ဂ)မူဆလင
၅။ မြန်မာနိုင်ငံမှာရာသီဥတု (က) ၃မျိုး (ခ)၄မျိုး (ဂ)၅ မျိုး ရှိသည်။
၆။ ပြည်နယ် (က)ပြည်နယ် ၁ ခု တိုင်း ၁ခု (ခ) ပြည်နယ် ၉ခု တိုင်း ၉ခု (ဂ) ပြည်နယ် ရ ခု တိုင်း ရ ခု ရှိပါသည်။
ရ။ တောင်ဘက်အစွန်ဆုံးမြို့  (က) ရနောင်း (ခ) ပူတာအို (ဂ) ကော့သောင်း
၈။အနောက်ဘက်အစွန်ဆုံးမြို့  (က) တာချီလိတ် (ခ)မောင်းတော (ဂ)မြစ်ကြီးနား

၉။မီဒီယာ ဆိုသည်မှာ (က)ကုန်ဈေးနှုံး (ခ) သတင်းထုတ်ပြန်မှု (ဂ)ဒီမိုကရေစီ

၁၀။မိဘုရားအယောက် ၈၀ကျော်ထားသော မြန်မာဘုရင် (က)သီပေါမင်း (ခ)မင်းတုန်းမင်း (ဂ)ညောင်ရမ်းမင်း

၁၁။ရေရှုခရစ်ဖွားမြင့်ရာနေရာ (က)အင်္ဂလန် (ခ)ဂျေရုဆလင် (ဂ)အီဂျစ်

၁၂။မြန်မာနိုင်ငံမြောက်ဘက်အစွန်ဆုံး ပိုင်း နယ်နိမိတ်ချင်းထိစပ်နေသောနိုင်ငံမှာ


၁၃။ပရိတ်ရွတ်ပြီး သံပုံးတီးသောနေမှာ (က)သင်္ကြန်အကြိုနေ (ခ)သင်္ကြန် အတက်နေ့ (ဂ)နှစ်ဆန်း ၁ ရက်နေ့ 

၁၄။မြန်မာနိုင်ငံ ဘုရင်စနစ် လုံးဝပျက်သုံးသောနေ့  (က)လွတ်လပ်ရေးနေ့  (ခ)ပါတော်မူနေ့  (ဂ)တော်လှန်ရေးနေ့ 

၁၅။မြန်မာနိုင်ငံတွင် 27.7.88 မှ 12.8.88 အထိ တာဝန် ထမ်းဆောင်ခဲ့ သော သမ္မတမှာ (က)ဒေါက်တာ မောင်မောင် (ခ)စိန်လွင်(ဂ)စောမောင်

၁၆။မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို (က)မ.လ.တ (ခ)မ.ရ.လ (ဂ)မ.ဆ.လ ဟု ခေါ်သည်။

၁ရ။ကိုဗဟိန်း သည် မြန်မာ့သမိုင်း တွင် ထင်ရှားသော (က)လွတ်လပ်ရေးခေါင်းဆောင် (ခ)ကျောင်းသား ခေါင်းဆောင် (ဂ) ပါတီ ခေါင်းဆောင် ဖြစ်သည်။

၁၈။မ.ဆ.လ ပါတီ သည် အသွင် ပြောင်းကာ (က) ဒ.ည.တ (ခ) တ.စ.ည (ဂ) က.ဆ.လ ပါတီအဖြစ် ၁၉၉၀ တွင်ရွေးကောက်ပွဲ ဝင်ခဲ့သည်။

Thursday, 15 April 2010

Federal ပြည်ထောင်စု post from ဒုတိယ blog
ဒုတိယ blog မှ ဖတ်မိတဲ့ စိတ်ဝင်စား စရာ (Federal ပြည်ထောင်စု) အကြောင်းကို ကူးယူ မျှဝေလိုက်ပါတယ်
Tuesday, 13 April 2010
Federal ပြည်ထောင်စု

Federal Government ဆိုတာ အစိုးရ အဖွဲ့ ငယ် များ ပေါင်းစပ် ဖွဲ့ စည်းထားတဲ့ အစိုးရအဖွဲ့ ကြီးပါ ။ Federal Government မှာ ဗဟို အစိုးရ ၊ ပြည်နယ်အစိုးရ နဲ့  အခြားသော အစိုးရအဖွဲ့ ငယ်တွေ ပါဝင်ပါတယ် ။ ဖွဲ့ စည်း ပုံ ဟာ နိုင်ငံအလိုက် တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြဘူး ။ အခြေခံ တူညီတဲ့ Federal Government ဖွဲ့ စည်းပုံ တွေကတော့ ၊ နိုင်ငံ အတွင်းမှာ အစိုးရအဖွဲ့  အဆင့်ဆင့် ရှိပြီး ၊ အဲဒီအစိုးရ အဖွဲ့ တွေဟာ အတူတကွ သော်၎င်း ၊ အာဏာခွဲဝေ၍ သော်၎င်း အုပ်ချုပ်ကြတယ် ။

ဗဟိုအစိုးရ မှာ တစ်နိုင်ငံ လုံး နှင့်ဆိုင်သော ဥပဒေ များ ထုတ်ပြန် ခွင့်ရှိတယ် ။ ဥပမာ -တစ်နိုင်ငံလုံး ကို ကိုယ်စား ပြုပြီး နိုင်ငံတကာနဲ့ ဆက်ဆံ ရသော စစ်ရေး ၊ ကုန်သွယ်ရေး ၊ မဟာမိတ် နိုင်ငံဖွဲ့ ရေး ၊ နိုင်ငံတော် ကာကွယ်ရေး အစရှိတဲ့ တစ်နိုင်ငံလုံး ကို ကိုယ်စားပြု တဲ့အချုပ်အခြာ အာဏာဟာ ဗဟို အစိုးရမှာပဲ ရှိတယ် ။

ပြည်နယ် အစိုးရ အဖွဲ့ တွေမှာ တစ်နိုင်ငံလုံးနဲ့  သက်ဆိုင် တဲ့ ဥပဒေ ထုတ်ပြန်ခွင့် မရှိပေမဲ့ ၊ လွှတ်တော်မှာ တင်ပြ ပိုင်ခွင့် ၊ ဆွေးနွေးခွင့် တွေရှိတယ် ။ အုပ်ချုပ်ရာ နယ်မြေ တွင်းမှာ သူ့ ရဲ့ အချုပ်အခြာ အာဏာ ဟာ နိုင်ငံတစ်နိုင်ငံ ၏ အချုပ်အခြာ အာဏာ ကဲ့သို့  တည်မြဲ ပြီး ၊ အခြားသော အစိုးရ အဖွဲ့ တွေက ၀င်ရောက် စွက်ဖက် ပိုင်ခွင့်မရှိဘူး ။ ဗဟိုအစိုးရ ကထုတ်ပြန်တာမဟုတ်ပဲ ပြည်နယ်အစိုးရ တစ်ခုကထုတ်ပြန်တဲ့ ဥပဒေ ဟာ တစ်ခြား ပြည်နယ်တစ်ခု မှာ သက်ရောက် မှုမရှိဘူး ။

ဥပမာအနေနဲ့  -

• ပညာရေးပိုင်းမှာ - ပြည်နယ်တစ်ခုမှာ အထက်တန်း ကျောင်းသား များကို သိပ္ပံ / ၀ိဇ္ဇာ ကျောင်းသား လို့  ခွဲခြား သတ်မှတ်ပြီး ၊ သိပ္ပံကျောင်းသားက ဘယ် ဘာသာရပ်တွေ ၊ ၀ိဇ္ဇာ ကျောင်းသား က ဘယ် ဘာသာ ရပ် တွေ ကိုသင်ကြား ရမယ်လို့  ပုံသေ သတ်မှတ် ထားပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ မြန်မာစာ ၊ အင်္ဂလိပ်စာ နဲ့  သချာင်္ ဘာသာရပ်များ ကသာ မသင်မနေရ ဘာသာရပ်တွေ ဖြစ်ပြီး အောင်မြင် ရမဲ့  ဘာသာရပ် အရည်အတွက် ပြည့်အောင် ကျန်ရှိတဲ့ ဘာသာရပ်တွေထဲက မိမိ စိတ်ကြိုက်ဘာသာရပ် တွေကို ရွေးချယ် သင်ယူ ပိုင်ခွင့်ရှိတာမျိုး

• ပြည်နယ်တွင်းဥပဒေပိုင်းမှာ - ပြည်နယ် တစ်ခုမှာ ယာဉ်စည်းကမ်း ဖောက်ဖျက်ရင် ဒဏ်ငွေ ဘယ်လောက် ပေးဆောင်ရ မယ် လို့  သတ်မှတ် ထားပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ ဒဏ်ငွေ အပြင် ထောင်ဒဏ်ကိုပါ ပူးတွဲ ကျခံ ရမယ်လို့  သတ်မှတ် ထားတာမျိုး

• ပြည်နယ် တစ်ခုမှာ ရဲဝန်ထမ်း ၀တ်စုံကို အသား ရောင် လို့  သတ်မှတ်ထား ပေမဲ့ ၊ အခြားပြည်နယ် တစ်ခုမှာ အပြာရောင် လို့  သတ်မှတ်ထား တာမျိုး

• ပြည်နယ်တစ်ခုမှာ ကုန်ပစ္စည်းအချို့ ကို ( ဥပမာ-အချိုမှုန့်  ၊ ကျွဲရိုင်း ) တရားဝင် ရောင်းချခွင့် မရှိလို့  သတ်မှတ်ထား ပေမဲ့ ၊ အခြား ပြည်နယ် တစ်ခုမှာ တရားဝင် ရောင်းချခွင့် ပြုထား တာမျိုး

ပြည်နယ် (သီးခြားအုပ်ချုပ်ခွင့်ရနယ်မြေ) တစ်ခု နဲ့  တစ်ခု ပြဋ္ဌာန်း ထားတဲ့ ဥပဒေ တွေကွဲ ပြားနိုင်တယ် ။ ပြည်နယ် အတွင်း နေထိုင် ကြတဲ့ ပြည်သူ တွေဟာ ကိုယ့်ပြည်နယ် အစိုးရကို ကိုယ့်စိတ်ကြိုက် ရွေးချယ် တင်မြှောက်ခွင့် ရှိတယ် ။ ပြည်နယ်အစိုးရ လက်အောက်မှာ အခြား အစိုးရ အဖွဲ့ ငယ်တွေရှိတယ် ။ မြို့ တော်ဝန်တို့  ၊ ကျေးရွာ သူကြီး တို့ ဟာ ပြည်နယ် အစိုးရ လက်အောက်က အစိုးရအဖွဲ့ ငယ်တွေ ဖြစ်တယ် ။

ပြည်နယ်အစိုးရရဲ့  အချုပ်အခြာအာဏာဟာ အုပ်ချုပ်ရာ နယ်မြေ အတွင်းမှာ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာ ကဲ့သို့  တည်မြဲ တယ်ဆို ပေမဲ့ ၊ ပြည်နယ် အစိုးရတွေဟာ စစ်တပ်ဖွဲ့ စည်းပိုင်ခွင့် ၊ အခြားသော နိုင်ငံ များကို စစ်ကြေညာခွင့် ၊ အခြားသော နိုင်ငံများနဲ့  မဟာမိတ်ဖွဲ့ ခွင့် ၊ ကုန်သွယ်ခွင့် စာချုပ် ချုပ်ဆို ခွင့် လိုမျိုး အချုပ်အခြာ အာဏာ တွေမှာ အကန့် အသတ် တွေရှိပါတယ် ။ ပြည်နယ် အစိုးရရဲ့  လုပ်ပိုင်ခွင့်တွေဟာ နိုင်ငံရဲ့ အခြေခံ ဥပဒေ ပေါ် မူတည်ပြီး တစ်နိုင်ငံ နဲ့  တစ်နိုင်ငံ မတူကြပါဘူး ။ အချို့ သော နိုင်ငံတွေမှာ ပြည်နယ် အစိုးရက ပြည်နယ်အတွင်း အခွန် အတိုး အလျှော့ လုပ်ပိုင်ခွင့်ရှိ ပေမဲ့ ၊ အချို့ သော နိုင်ငံတွေမှာ လုပ်ပိုင် ခွင့် မရှိပါဘူး ။

အမေရိကန် နိုင်ငံဟာ ပထမဆုံး Federal Government စနစ်ကို စတင် ကျင့်သုံး ခဲ့ တဲ့ နိုင်ငံ ဖြစ်ပြီး ၊ အင်္ဂလိပ် လက်အောက်က လွတ်လပ်ရေး ရပြီးနောက်ပိုင်း ( ၁၇၈၁ ) က စပြီး Federalism ကို စတင်ကျင့် သုံးခဲ့တယ် ။ Wikipedia အရ လက်ရှိ Federal Government စနစ်ဖြင့် အုပ်ချုပ်နေတဲ့ နိုင်ငံတွေကတော့ -

• Argentina (23 provinces and 1 autonomous city)
• Australia (6 states and 3 territories)
• Austria (9 states)
• Belgium (3 regions and 3 linguistic communities)
• Bosnia and Herzegovina (Federation of Bosnia and Herzegovina, Republika Srpska and Brčko District)
• Brazil (26 states and 1 federal district)
• Canada (10 provinces and 3 territories)
• Comoros (Anjouan, Grande Comore, Mohéli)
• Ethiopia (9 regions and 3 chartered cities)
• Germany (16 states)
• India (28 states and 7 union territories)
• Iraq (Currently 18 governates and 1 region)
• Malaysia (13 states and 3 federal territories)
• Mexico (31 states and 1 federal district)
• Micronesia (Chuuk, Kosrae, Pohnpei and Yap)
• Nigeria (36 states and 1 federal capital territory)
• Palau (16 states)
• Russia (46 oblasts, 21 republics, 9 krais, 4 autonomous okrugs, 2 federal cities, 1 autonomous oblast)
• Switzerland (26 cantons)
• United Arab Emirates (7 emirates)
• United States (50 states and 1 federal district)
• Venezuela (23 states, 1 capital district and 1 federal dependency)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟာလဲ တိုင်းရင်သားခေါင်းဆောင်များနဲ့  ပင်လုံစာချုပ် ချုပ်ဆိုပြီး ၊မြန်မာ နိုင်ငံမှာ Federal Government စနစ် တည်ထောင် နိုင်ရန် ကြိုးစားခဲ့သူ ဖြစ်တယ် ။

တိုင်းရင်းသား ခေါင်းဆောင် တွေက ပြည်နယ် အတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရှိရမယ်လို့ပြောရင် ၊ ပြည်ထောင်စု ကြီး မှ သီခြားနိုင်ငံ အဖြစ် ခွဲထွက်လိုသူဟုတလွဲ နားလည် သဘောပေါက် နေသူများ လည်းရှိတယ် ။ ပြည်နယ် များမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရှိရေး နဲ့  သီခြား နိုင်ငံ အဖြစ် ခွဲထွက် တည်ထောင် ခြင်းဟာ အဓိပ္ပါယ် ချင်း လုံးဝ ကွဲလွဲ ပါတယ် ။

တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုပေါင်း နေထိုင် ကြတဲ့ ကျွန်တော် တို့ ရဲ့မြန်မာနိုင်ငံမှာ တိုင်းရင်းသားများ အတူတကွ ချစ်ခင် ရင်းနှီး စွာနေထိုင် နိုင်ဖို့ နဲ့  သက်တမ်း ကြာရှည်စွာ အဆုံးမသတ် နိုင်သေးတဲ့ ပြည်တွင်းစစ် တွေ ရပ်တန့် နိုင်ဖို့ အတွက် Federal ပြည်ထောင်စု စနစ်ဟာ တစ်ခုတည်း သော နည်းလမ်းသာ ဖြစ်တယ် ။ ။

ကျွန်တော်သည် နိုင်ငံရေး သမားတစ်ဦး မဟုတ်သလို ဥပဒေ ရေးရာ များကို နားလည်သူလဲ မဟုတ်ပါ ။ ကျွန်တော် ဖတ်မိသော စာများအား နားလည်သမျှ နဲ့  ဆက်စပ်တွေးမိသမျှ များကို ရေးသားထားခြင်းသာ ဖြစ်သည် ။

Posted by MTM at 10:48

သင်္ကြန် အကြတ်နေ့  ၁၅.၀၄.၁၀ ရန်ကုန် ကန်တော်ကြီး တွင် ဗုံးပေါက်ကွဲ လူ ၉ဦးသေ ၆၀ ကျော် ဒဏ်ရာရ

ယနေ့  ရန်ကုန် ကန်တော်ကြီး တွင် ဗုံး (၃)လုံးပေါက်ကွဲရာ အမျိုးသား ၅ဦး၊ အမျိုးသမီး ၄ဦး သေဆုံးပြီး၊ အနည်းဆုံး ၆၂ဦး ဒဏ်ရာပြင်းထန်စွာရရှိ ကြောင်း AFP သတင်းမှ ထုတ်ပြန်သည်။မပေါက်ကွဲသေး သော စတုထ္တ မြောက်ဗုံးကို တွေ့ ရှိ သည်။

Sunday, 11 April 2010

ပိုလန်သမ္မတ လေယာဉ်ပျက် သေဆုံးခြင်း

၁၀ ဧပြီ ၂၀၁၀ စနေနေ့  ၁၁နာရီလောက်က (ပိုလန်သမ္မတ Lech Kaczyński ဇနီး Maria နှင့် အတူ စစ်တပ်မှ ထိပ်တန်းအရာရှိ Franciszeck Gagor, အမျိုးသားဘဏ်မှ လူကြီး Slawomir Skrzypek နှင့် ဒုတိယ နိုင်ငံခြားရေး အတွင်းဝန် Andrzej Kremer တို့ ) စီးနင်း လိုက် ပါလာတဲ့  ဂျက်လေယာဉ် ဟာ Smolensk မြို့ အနီးလေဆိပ်ကို ချည်းကပ်နေစဉ်တွင် ပျက်ကျခဲ့ပါတယ်။
အောက်က ဓါတ်ပုံကတော့ မီးသတ်သမားတွေ လေယာဉ်ပျက်ကို မီးငြိမ်းသတ်နေတာပါ။

လေယာဉ်ပျက်ကျမှုမှာ စီနင်းလိုက်ပါသူ ၉၆ ဦးလုံး သေဆုံးခဲ့ပါတယ်။ အောက်မေ့ လွမ်းဆွတ်ဖွယ် ကာလကို ရက်သတ္တတပတ် သတ်မှတ်ပြီး၊ ဘုရင်မကြီးအပြင်၊ ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်များမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ကြပါတယ်။
ဝါဆော အလည်မှာ သောင်းချီတဲ့ ပိုလန်များဟာလဲ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ပန်းစည်းချခြင်း ၊ ဖယောင်းတိုင်ထွန်းခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ ပိုလန် နိုင်ငံ အတွက် အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှု လို့ ဆိုကြပါတယ်။
သမ္မတ သစ်ရွေးကောက်ပွဲ နေ့ ရက် ကို ကို ရက်သတ္တ ၂ ပတ်အတွင်းကြေငြာ ရမှာဖြစ်ပြီး၊ ရွေးကောက်ပွဲ ကိုတော့ နောက်လာမဲ့  ၂လအတွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။

သေဆုံးသူ ပိုလန်သမ္မတဟာ အသက် ၆၀ ကျော်ဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် သမီးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ၂၀၀၅ မှ သေဆုံးချိန် ဧပြီ ၂၀၁၀ အထိ သမ္မတ တာဝန် ၅ နှစ်တာ ထမ်းဆောင်ခဲ့ ပြီး သူ ရဲ့ အမွှာညီအကို (idenitical twin brother) Jaroslaw Kaczyński ကတော့ ယခင်ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခု Law and justice ပါတီမှာ လက်ရှိ လူကြီးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ref: Wiki

Bangkok: 12 die as troops and protesters clash

ဘန်ကောက်သတင်း။ (၁၀)ရက် ဧပြီ ၂၀၁၀ စနေနေ့ ထိုင်းနိုင်ငံ တွင်း အဓိကရုဏ်း ၁၂ ဦး သေဆုံး

ထိုင်း နိုင်ငံ အစိုးရ နှင့် အတိုက်အခံ သက်ဆင် ထောက်ခံသူများ အကြား တင်းမာမှု များ ဆက်တိုက် ဖြစ်လာခဲ့ ရာ ယမန်နေ့  ညနေပိုင်းက ထိုင်းအစိုးရစစ်တပ်မှ ရာဘာကျည်ဆံများ၊ မျက်ရည်ယိုဗုန်းများ ဖြင့် ဖြို ခွင်းရာ။ ဆန္ဒပြ အနီရောင်ဝတ်များမှ ပြန်လည် ခုခံ ကြ ရာ။ လူ ၁၂ဦး သေဆုံးကြောင်း သတင်းရရှိပါသည်။ အဆိုပါ သေဆုံးသူ ၁၂ ဦးတွင် စစ် သား ၃ဦး အပြင် အသက် ၄၃ နှစ်ရှိ ဂျပန် တီဗွီ ကင်မရာမန်း တဦး လည်းပါရှိသည်။ ၁၈နှစ်တာ ကာလအတွင်း ယမန်နေ့  လူသေဆုံးမှု အပြင်းထန်ဆုံး အဆိုးရွားဆုံး နိုင်ငံရေး အုံကြွ ဆူပူမှု ဖြစ်ကြောင်း သိရပါသည်။

အနီရောင် ဝတ် ဆန္ဒပြသူများ တပ်စွဲသည့် အစိုးရ အဆောက်အဦး နှင့် ကုလသမဂ္ဂ အဆောက်အဦး များရှိသည့် ဘန်ကောက် old quarter ရှိ Phan Fah တံတား နှင့် Rajdumnoen လမ်း အနီး တွင် လုံခြုံရေးစစ်သား နှင့် ရဲ ၆၄ ဦးအပါအဝင် အားလုံး ၅၂၁ ဦး ဒဏ်ရာရရှိ ကြောင်းသိရသည်။

လူဦးရေ ၁၅သန်းနေထိုင်တဲ့ ဘန်ကောက်မြို့ ဟာ မသေချာတဲ့  စိုးရိမ်တင်းမာမှုတွေ လွမ်းခြုံနေပြီး၊ ဆန္ဒပြသူများဟာ လမ်းပေါ်မှာ ဆက်လက်ရှိနေပါသေးတယ်။ သူတို့ တောင်းဆိုတဲ့ ဝန်ကြီးချုပ် Abhisit တိုင်းပြည်က ထွက်သွားဖို့ ကိစ္စ အရိပ်အယောင် မမြင်ရသေးပါတဲ့။

ထိုင်းနိုင်ငံတွင်း တီဗွီ သတင်းများတွင် ဝန်ကြီးချုပ် Abhisit က သေဆုံးသူ မိသားစုများအတွက်ဝမ်းနည်းကြောင်း၊ စစ်တပ်မှာ ကျည်ဆန်ကို မိုးပေါ်ထောင်ဖေါက်ရန်သာ (လေထဲသို့ ဖောက်ရန်သာ၊ မိမိကိုယ်ကိုကာကွယ်ရန်၊ ဆန္ဒပြများအား ခြောက်လှန့် ယုံ သာ) ခွင့်ပြု ထားပါကြောင်း တင်းထုတ်ပြန်သည်။

Friday, 9 April 2010

မတောက်တခေါက် html လေးစမ်းထားတာ

မြန်မာ မွေ့ နေ့ များနှင့် ဂြိုလ် ကောင်
တနင်္ဂနွေ ဂဠုံ
တနင်္လာ ကျား
အင်္ဂါ ခြသေ့င်္
ကြာသာပတေး ကြွက်
တရုတ် နှစ် နဲ့  ဂြိုလ်ကောင်များ
ကျား tiger20101998198619741962 19501938 19261914
ယုန် Rabbit 20111999198719751963 19511939 19271915
နဂါး dragon20122000198819761964 19521940 19281916
မြွေSnake20132001198919771965 19531941 19291917
မြင်းHorse20142002199019781966 19541942 19301918
ဆိတ်Goat20152003199119791967 19551943 19311919
မျောက်Monkey20162004199219801968 19561944 19321920
ကြက်ဖRooster20172005199319811969 19571945 19331921
ခွေးDog20182006199419821970 19581946 19341922
ဝက်Pig20192007199519831971 19591947 19351923
ကြွက်Mouse20202008199619841972 19601948 19361924
နွားOx20212009199719851973 19611949 19371925
အင်္ဂလိပ် star signs

ဟာသ - Do you speak English?

Thursday, 8 April 2010

မတ်တပ်ရပ် တဲ့  ကြောင်


I kept getting nasty head ache.
Working in a store for 14 hours during the day, 2hrs cleaning job at the office for night time. Killing a robot with work load. Yes ... you are right. Justin.

So I tried to have more rest, but the headache did not stop. It developed more and more. I felt dizzy and started vomiting. It felt numb like after anaesthetist injection.
My GP sent me to hospital for tests for a swollen liver. Then X – ray text.
It came back clear. Still something’s wrong. I was right.
Then at 10:20 am on July 09
“hi.... Eddy, are you wake up, sleeping - head?” you rang me. I tried to grab phone. The light from the window hit me and so it did stabbing, shooting pain. It felt like my head would explode. And I vomited too.

You drove 3 hrs from where you live and helped me out.
You assured me everything would be ok.
I believed you because you were my rock.
We’d meet nearly 6 years before as a friend. Some people think we’re couple because we always talk each other from A-Z. And once we worked together we shared one lunch box. Mostly you cooked and I helped you eat. I trusted you completely. So, if you said I’d be OK. I would be….
But in the next morning when I woke up, I felt like suffocated. I tried to open the window to get air. Once I tough the handle I black out. I lost contact with the world for few minutes.
I was rushed into theatre for an emergency treatment.
When came back, you were by my bedside.
Bless you, Eddy!!!
For two weeks, I could not eat and walk. But I battled back to health. Even came home. I had 6 months of strong antibiotic courses. I have lost a lot of hair, been sick and weak.
But every step, you’re there every support you gave me.
You shaped my life as you designed my presentation.

You are my rock and my world. Therefore there is no way to let you go from my life.


Tuesday, 6 April 2010


XXY ရှားပါတဲ့ ဗီဇ ဖောက်ပြန်မှု

ကျမ ကြိုက်တဲ့  POCKER FACE အဆိုတော် LADY GAGA တစ်ယောက်အကြောင်းကို လူတွေက် HERMAPRODITE တစ်ဦးဖြစ်နိုင်တယ် လို့  သတင်းမီဒီယာတွေ မှာ ခဏ ခဏ ရေးပြလွန်း အားကြီး လို့  HERMAPRODITE ဆိုတာ ဘာမှန်းသိအောင် စာတွေထဲမှာ ဖတ်ကြည့်ဖြစ်ပါတယ်။

သူကတော့  လူတွေပြောတာမဟုတ်ပါဘူးတဲ့

လူခန္ဓာကိုယှ် နှင့် တိရိစ္တန် ကိုယ်မှာ အထီး ၊ အမ ဆိုပြီး ကွဲကွဲပြားပြား တိတိကျကျ ပြောလို့ မရတာမျိုး၊ နှစ်ခုစလုံးပါလာတာမျိုး၊ အပြိုးင်မှာ တည်ဆောက်ထားတဲ့ လိင်အင်္ဂါဟာ ကိုယ်တွင်းမှာ ရှိတဲ့ မျိုးပွားအင်္ဂါနဲ့မတူဘဲ ဆန့် ကျင်ဘက် ပါလာတာမျိုးကို hermaprodite လို့ ခေါ်ပါတယ်။ အထူသဖြင့် ကျောရိုးမဲ့  တိရိစ္ဆာန် တချို့ ရဲ့  ကိုယ့် ခန္ဒာကိုယ်မှာတင် self fertilisation မျိုးအောင်နေပြီး သားလောင်းတည်တတ်တာမျိုး (တိရိစ္တာန်များတွင် သာ)။ ဥ ပမာ၊ တီကောင်၊ ပက်ကျိ နဲ့ ငါးတချို့  တို့ ကို hermaprodite လို့ ဆိုတာပါ။

hermaprodisum အမျိုးအစား ကို အကြမ်းဖျင်းအားဖြင့် သိုံးမျိုး ခွဲထားပါတယ်
1. sequential hermaproditism
2. stimultaneous hermaproditism

Hermaprodite ဆိုတဲ့ အခေါ်ဝေါ်ဟာ ဂရိ နတ်ဘုရား god hermaproditus ကနေ ဆင်းသက်လာတာပါ။ သူဟာ Aphrodite ဆိုတဲ့  (အင်္ဂလိပ်အခေါ် ဗီးနစ် အချစ် နတ်သမီးနဲ့ ) Hermes တို့ ကမွေးလာတဲ့ နတ်ဘုရားပါ။ သူရုပ်ထုတွေမှာတော့ အထီး၊ အမ နှစ်ခုလုံး ရှိပါတယ်။
1. Sequential hermaproditism ကတော့ မွေးကတည်း က လိင် တမျိုးဖြစ်ပြီး ကြီးလာတဲ့ အခါမှ ပြောင်းသွားတာ မျိုး
ဥပမာ မိန်းမကနေ --- ယောကျာ်းလေးဖြစ်သွားတာ

မြန်မာပြည်က ဆိုရင်
ကြက်သားရောင်းတဲ့ မသင်းစန္ဒာမှ ယောက်ျား ဖြစ်ပြောင်းသွားခြင်း

ယောက်ျားလေးကနေ --- မိန်ကလေးဖြစ်သွားတာ
ရေနေ သတ္တ်ါတွေထဲ မှာတော့ clownfish, wrasses

2. Stimultaneous hermaproditism
ကတော့ အကောင်တကောင်ထဲမှာ (အရွယ်ရောက်ပြီးသား အထီး အင်္ဂါရော အမအင်္ဂါ ရော)ာ မျိုးပွားအင်္ဂါ နှစ်ခု ပါတဲ့ တိရိစ္တာန်တွေပါ။
ဥပမာ၊ ငှက်ပျောပင်မှာ တက်တဲ့ ၊ ခရု တို့ ၊ ပက်ကျိတို့ ။ တီကောင်တို့

Hermaproditism ကို လေ့လာမယ်ဆိုရင် ခရိုမိုစုန်းကို ကောင့်လုပ်ပြီး လုပ်လို့ ရပါတယ်။

Monday, 5 April 2010

ဦးမင်းဒင် ရေးတဲ့  post

from :


” ဆရာရယ် ။ လူမမာကိုဆေးထိုးပြီး သတ်ပေးတဲ့ အဆက်အသွယ်များ ဆရာ့မှာ ရှိရင် ကျနော့်ကို ညွှန်ပေးပါ ။ ကျနော် ဒီဘဝနဲ့ လူလောကြီးမှာ မနေချင်တော့ပါဘူး ။ သားသမီးတွေလုပ်စာကလည်း ဆေးကုလို့ မလောက်။ သူတို့မှာ ရှိတဲ့ ရှိစုမဲ့စု ရွှေတိုရွှေစ ဆိုလို့ နားက နားကပ်တောင် မရှိတော့ပါဘူး ဆရာ ”

” ဒီလောက်ပူတဲ့ ရာသီမှာ ရေမသောက်ရဘူးဆိုတော့ ကျနော့်ဒုက္ခကို ကိုယ်ချင်းသာ စာကြည့်ပါတော့ဆရာ ။မနေနိုင်လွန်းလို့ ပါးစပ်ထဲ ရေထည့်ပြီး ပါးလုပ်ကျင်းသလို လုပ်တော့ ရေသောက်ချင်တဲ့ ဇောကပ်နေတာကြောင့် လည်ချောင်းထဲကို ရေနည်းနည်း တော့ဝင်သွားတာပေါ့ ဆရာ ၊ ပါးစပ်ထဲရေဝင်သွားတာနဲ့ ဗိုက်ကဖောင်းလာတော့တာပဲ ဆရာ“

“ဆေးကုဘို့ ငါးရက်ကိုတကြိမ် ဘတ်သုံးထောင်ဆိုတော့ ကျနော်လည်း မရှာနိုင် တော့ ပါဘူးဆရာ၊ အခုလည်း ဆရာတို့လို မိတ်ဆွေတချို့ က တလကို ဘတ်ငါးရာ တထောင် ဝိုင်းကူနေကြလို့သာ အသက်ဆက်နေရတာ၊ ကျနော်သေသွားတာက ပိုကောင်းမယ် ဆရာရယ် “

“ကျနော်အပြင်ကို မထွက်နိုင်တော့ဘူးဆရာ၊ ဟိုတနေ့က မော်တော်ဆိုင်ကယ်ကို စက်နှိုး ကြည့်တာ မော်တော်ဆိုင်ကယ်က ကျနော်ပေါ်ပိကျလာလို့ ဘေးကလူတွေဝိုင်းဖယ်မှ ထနိုင်တော့တယ်ဆရာ။အခုတော့ အိမ်အပြင်မထွက်နိုင်တော့ဘူးပေါ့ဆရာ၊ စကားပြော ဖော် မရှိတော့ ပိုပြီး ချောက်ခြားလာတယ်ဆရာ၊ လူ့လောက ကြီးမှာ ကျနော်မနေချင် တော့ပါဘူး“
ဘာကောင်မှ မဟုတ်သော ကျနော့်ကို တဆရာတည်း ဆရာ ၊ဆရာ ခေါ်ကာ သေချင် နေကြောင်း သူ့ကျန်းမာရေးအခြေအနေကို မေးလေတိုင်း အကြိမ်ပေါင်းများစွာ တယ်လီ ဖုန်းမှတဆင့် ငြီးတွားနေသူကား ကျနော့် မိတ်ဆွေကြီး ကိုလင်းကြည်ဖြစ်ပါသည် ။သူကား ကျောက်ကပ်ဝေဒနာကို အပြင်းအထန်ခံ စားနေရသူဖြစ်ပါသည် ။ သူ့ဒုက္ခကား ကြီးလှ ချေ၏။
လတ်တလောအခြေအနေအရ ကျနော်နှင့် ဖူးခက်မြို့မှာ တမြို့တည်းသား ဖြစ်နေသော ကိုလင်းကြည်ကား အသက်ငါးဆယ်ကျော် မြန်မာလူမျိုး မော်လမြိုင် ကျောက်တန်း ဇာတိ
ဖြစ်သည်။ သူဖူးခက်ကို ရောက်နေခဲ့သည်မှာ ဆယ့်ခြောက်နှစ်ခန့်ရှိပြီ ။ သူကျန်းမာစဉ်က သော် ဖူးခက်မြို့မှ ထိုင်းသူဌေးတယောက်၏ ရေခဲဆိုင်မှာ ရေခဲတင်ကားမောင်း သော အလုပ်ကို လုပ်သည်။ အရွယ်ရောက်သော သားတယောက်သမီးတယောက်နှင့်အတူ နေသည်။
သူသည် ဖူးခက်မြို့က တဦးတည်းသော ဘိသိသ်ဆရာဖြစ်သည်။ ဖူးခက်မြို့မှာ ဖူးစာ ဆုံကြသော ချစ်သူမောင်မယ်ကိုးဆယ် ရာခိုင်နှုန်းသည် ကိုလင်းကြည်၏ ဘိသိသ် မင်္ဂလာဖြင့် အကြင်လင်မယားဘဝရောက်ခဲ့ကြသူများဖြစ်ကြသည် ။ မင်္ဂလာပွဲနည်းပါးသော ဝါတွင်း ကာလများတွင် ဖူးခက်မှ ရွေ့ပြောင်းအလုပ်သမား စုံတွဲများခိုးရာလိုက်သံကြားပါက ကျနော်က ကိုလင်းကြည်ထံဖုန်းဆက်၍ “ ဘိသိသ်ဆရာကြီးကတော့ ပွဲမရှိတာနဲ့ ဂွင်ဖန်ပြန်ပြီထင်တယ်“ ဟု နောက်ပြောင်သည့်အခါ သူက ရယ်ကျဲကျဲလေသံဖြင့် “ ဟာ ဆရာတောင် ရိပ်မိနေပါပေါ့လား၊ အခုမှ သုံးတွဲပဲ ရှိပါသေးတယ် ဆရာရယ်၊ ဘယ်သူ့မှ မပြောပါနဲ့ ဆရာ ၊ မင်္ဂလာဆောင်နေ့ကျရင် လက်ဖွဲ့လေးနဲ့လာခဲ့ပါ ၊ ကျနော့်ဧည့်ခံ ပါမယ်“ ဟု အရွှန်းပြန်ဖောက်တတ်သူဖြစ်သည်။
ကိုလင်းကြည်ကား လူပျော်ဖြစ်သည် ။လောကကြီးကို ပျော်ပျော်ရင်ဆိုင်ရဲသူဖြစ်သည် ။ ယခုသော်ကား သူရင်ဆိုင်နေရသော ရန်သူသေမင်းမှာ အားကြီးလှသည်ဖြစ်ရာ လောကကို ပျော်ပျော်ကြီး ရင်ဆိုင်နိုင်သော သတ္တိတို့ ကွယ်ပျောက်ခဲ့ယောင်တကား ။
ကုန်သွယ်လယ်ယာဌာန ဝန်ထမ်းတဦးအဖြစ် တာဝန်ထမ်းဆောင်နေရာမှ ၁၉၈၈ အရေးတော်ပုံကာလ၌် ဌာနပေါင်းစုံသပိတ်အဖွဲ့ဝင်တဦးဖြစ်ခဲ့သဖြင့် နောက်ပိုင်း တွင်တာဝန်မှ ရပ်စဲ ခံခဲ့ရသည် ။
မိသားစုစားဝတ်နေရေးအတွက် ရနောင်းဖက်သို့ ကူးလာကာ ကြုံရာကျပန်းအလုပ်တွေ လုပ်နေရာက ရေကြည်ရာမြက်နုရာ ဖူးခက်သို့ရောက်လာသည် ။
သူနေကောင်းစဉ်ကသော် ဖူးခက်မြို့ရှိ မြန်မာတိုင်းရင်းသား အလုပ်သမားများ သာရေး နာရေး အသင်း (မြန်တိုင်း အသင်း)တွင် ကျနော် နှင့် တွဲလျက်နေ့ရောညပါ စည်းရုံး ရေးဆင်း ၊ သာမှုနာမှုတွေပါ အားကျိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့ဘူးသည် ။ ဖူးခက်မှ မြန်မာရွေ့ ပြောင်းအလုပ်သမားများအတွက် မြန်တိုင်းဟူသော လစဉ်ထုတ်သတင်း စာတစောင်ကို လည်း သူနှင့်လက်တွဲထုတ်ဝေ ခဲ့ဘူးသည်။
အဖွဲ့အစည်း တခု တည်း တွင် အတူလုပ်ကိုင်ကြသူတို့ ထုံးစံအတိုင်း သူနှင့်ကျနော် အဖွဲ့ ရှေ့ရေးနှင့် ပတ်သက်၍ ငြင်းကြခုန်ကြ ပြန်တည့်လိုက်ကြနှင့် ။ မြန်တိုင်းကို ထူထောင်ဖက်၊ ရန်ဖြစ်ဘက်ထဲတွင် မြန်တိုင်း အတွင်းရေးမှူး (ယခုချင်းမိုင်တွင်ရောက်နေသော၊ ဗကသ နိုင်ငံခြားရေးရာမှ) ကိုကျော်ဝင်းလည်း ပါဝင်ခဲ့ဘူးသည်။ ၂၀၀၅ ဝန်းကျင်က မြန်တိုင်း ကို ဖူးခက်တွင် ဖွဲ့စည်းခဲ့ရာ အသင်းဝင် အင်အား သုံးထောင်နီးပါး ရှိခဲ့ဘူးသည်။ အသင်းဝင် တို့၏ လစဉ်ကြေြးုဖင့် ရပ်တည်ခဲ့သော မြန်တိုင်းမှာ တနှစ်ကျော်သာ သက်ဝင် လှုပ်ရှား နိုင်ခဲ့သည် ။ထို့အတူမြန်တိုင်းသတင်းစာလည်း ရပ်ဆိုင်းသွားခဲ့ရသည် ။
ကိုလင်းကြည် ကျောက်ကပ် ဝေဒနာကို ခံစားနေရသည်မှာ တနှစ်ကျော်ခန့် ရှိပြီ ။ ရောဂါစတင်ခံစား ရစဉ်က ဆီးက အဝါရောင်၊ ညိုညစ်ညစ် အရောင် ခပ်နောက်နောက် တွေပါလာရာက စသည် ။ဆေးရုံသွားပြတော့ ကျောက်ကပ်နှစ်ခုစလုံး အလုပ်မလုပ် တော့ဟု ဆိုသည်။
ကျောက်ကပ်ကို ငါးရက်တကြိမ်ဆေးကြောနိုင်ရန် လည်ပင်းမှာ အပေါက်ဖောက်ထား ရသည် ။
သူ့အတွက် အကြီးဆုံးပြဿနာကား ငါးရက်တကြိမ် ကျောက်ကပ်ဆေးသည့် စက်ပေါ် တွင် ထိုင်ကာ ကျောက်ကပ်ဆေးရခြင်းပေတည်း။
ထိုသို့ကျောက်ကပ်တကြိမ် ဆေးကြောရခြင်းအတွက် ကျသင့်ငွေကား တကြိမ်လျှင် ထိုင်း ဘတ် သုံးထောင်ဖြစ်၍ တလခြောက်ကြိမ် ဆေးရသည်ဖြစ်ရာ တလအတွက် သွေးသန့်စင် စားရိတ်မှာ ထိုင်းဘတ် တစ်သောင်းရှစ်ထောင်(မြန်မာကျပ်ငွေ ငါးသိန်း ခန့်) ဖြစ်လေရာ ကိုလင်းကြည် တယောက် အချိန်ကြာလေ မျက်ဖြူဆိုက်လေဖြစ်ရတော့သည် ။
သူ့ဒုက္ခကားငွေကုန်ရုံနှင့် ဆုံးခန်းမတိုင်သေးချေ ။ရောဂါအခြေအနေကြောင့် ရေမသောက် ရ ။ ဆန်ပြုတ်မသောက်ရ ။အရည်ရွှမ်းသော အသီးမစားရ ။ ဆီးပေါက် ပိတ်နေပြီ ။ လုံးဝ ဆီးမသွားတော့။ ဝမ်းသွား လျှင် ကလေးမီးဖွားသလို ဒုက္ခကြီးစွာ ခံစားနေရသည်ဟု ဆို သည်။ လှဲအိပ်၍မရ ထိုင်လျက်ပင် အိပ်စက်ရသည်။
လှဲအိပ်လိုက်လျှင် ခန္ဓာကိုယ့်အနှံ့တွင် စီးဆင်းနေသည့် သွေးတွေက ခေါင်းကို စုရောက် လာသလို ခံစားရပြီး ချက်ချင်း အသက်ထွက်သွားမည်ထင်ရအောင် တုန်လှုပ်ခြောက်ခြား နေသည်ဆို၏။ ဟိုစဉ်က အလုပ်နားရက်များတွင် မော်တော် ဆိုင်ကယ် တစီးနှင့် ဖူးခက် မြို့အနှံ့ မွန်မြန်မာအလုပ်သမား တို့၏ သာမှုနာမှု အလို့ငှာ တနေကုန်ခရီးနှင်နေတတ် သော ကိုလင်းကြည် တယောက် မော်တော်ဆိုင်ကယ်ကိုပင် စက်မနိုးနိုင်တော့ ။နေအိမ် ကျဉ်းကျဉ်းကလေးထဲမှာပင် ဘဝ၏ နောက်ဆုံးအချိန်ကို စောင့်မျှော် နေရချေသည် ။ ကိုလင်းကြည်၏ အသက်ကို အနည်းငယ် ဆွဲုဆန့်နိုင်မည့် နည်းလမ်းဖြစ်သော ဆီးသွား နိုင်မည့် အပေါက်ဖောက်မည် ဆိုပါကလည်း ကုန်ကျမည့် ငွေပမာဏက မသေးလှ။ ထိုင်းဘတ် ငါးသောင်းမှတသိန်းဝန်းကျင် ကုန်ကျနိုင်မည် ဆိုပါသည်။
ထိုင်းနိုင်ငံရောက်ရွေ့ပြောင်းအလုပ်သမားများအတွက်ထိုင်းဘတ် (၃၀ )သွင်းကာမျှဖြင့် အစိုးရဆေးရုံများတွင် ဆေးဝါးကုသနိုင်သည် ဆိုသော်ငြား အမှန်စင်စစ် သာမန် အာဂန္တု ဖျားနာရောဂါများ အတွက်သာဖြစ်၍ ကိုလင်းကြည်ကဲ့သို့ နာတာရှည်ဝေဒနာရှင်များ အတွက်ကား အကျုံးမဝင်သည်ကား မျက်မြင်ကိုယ်တွေ့ပင် ။ကျောက်ကပ်ဆေးသည့် စက် က ဖူးခက်က ထိုင်းပြည်သူ့ဆေးရုံမှာ မရှိဟုဆိုလေသောကြောင့် ဖူးခက်ရှိ ဘန်ကောက် ဆေးရုံမှာ ငွေပေးနိုင်မှ ဆေးခွင့် ရသည် ။
ကျနော်တို့က ထိုင်းလူမှုဖူလုံရေးမှာ မှတ်ပုံတင်ထားလျှင် ဆေးကုသခ တဝက်ခန့် သက်သာမည်ဖြစ်ကြောင်း အကြံပေးကြသော်လည်း ယာယီပတ်စပို့တွင် အလုပ်ရှင် အမည်ခံထားသော ထိုင်းသူဌေးက လုပ်မပေးနိုင်ဆိုသောကြောင့် သူ့မှာ မနိုင်ဝန်ဖြင့် ရှေ့ခရီးဆက်နေ ရရှာသည် ။

အမှန်ကိုဆိုရသော် ယခုတလော ကျနော်စာရေးချင်စိတ်ကုန်ခန်းနေကြောင်း ဝန်ခံလိုပါ သည်။ သို့သော်ကျနော့် စာတကြောင်း စာတပိုဒ် ကြောင့် စေတနာရှင်များပေါ်လာခဲ့သော် ကိုလင်း ကြည် တယောက် လူ့ လောကတွင် တရက်တမနက် အသက်ဆက်လက် ရှင်သန် ခွင့် ရနေ ဦး မည်ဖြစ်ရာ စာဖတ် ပရိသတ်များထဲမှ သူတပါးဒုက္ခကို သုခဖြင့် အစားထိုး လို သူစေတနာ ရှင်တဦးတလေပေါ် လာလို ပေါ်လာ ငြား ဤစာစုကို ကျနော်ရေးပါသည်။

အကယ်တန္တိ စာဖတ်သူများ အနေဖြင့် ငွေအားဖြင့်မကူညီနိုင်သည့်တိုင် သေမင်းနှင့် အချိန်ပြည့်စစ်ခင်းနေရသူ ကိုလင်းကြည်အား နေ့လည်နေ့ခင်း အထီးကျန် အားငယ် နေချိန်တွင် ဖုန်းနံပတ် ( +၆၆(၀)၀၈၄၈ ၄၅၇၂ ၅၂) သို့ ဆက်သွုယ်၍ အားပေး နှစ်သိမ့် ကြစေလို ပါသည် ။


Thursday, 1 April 2010

ရှာဖွေလေ တွေ့ ရှိလေ

မိန်းမဘသား အီရန်က ရဲ အမျိုးသမီးများ

Nobody - cover by ကိုးရီးယန်း Soldier and his mates

Armadillo - cover by British soldiers

လေယာဉ်ကွင်းထဲမှာ တားမရတဲ့ ဝါသနာက

Dancing Airman

သူတို့ ဒေသ၊ သူတို့ ပွဲတော်

Easter ဆိုရင် ဆေးရောင် ချယ်ထားတဲ့ ၊ ကြက်ဥ လေးတွေ ရယ်၊ ယုံပုံ ချောကလက် လေးတွေရယ် လောက်သာ အကြမ်းဖျင်း တွေးမိပါတယ်။

ခရစ်ယာန် သာသနာ မထွန်းကာမီ တချိန်တုန်း အခါက အင်္ဂလန်ရဲ့  ကိုးကွယ် ယုံကြည်မှု့ ပုံသေနည်း ကျ မရှိခဲ့ပါဘူး။ မြေကြီးကို ကိုးကွယ်သူ၊ ရေကို ကိုးကွယ်သူ၊ နေ၊လ၊ ကြယ် စသည် တို့ ကို (God) နတ်ဘုရား နဲ့ (Goddess) နတ်ဘုရား မ များ အနေနဲ့  ကိုးကွယ်သူ စသဖြင့် ရှိခဲ့ ကြပါတယ်။

AD 64 (After Jesus borned) မှာ အင်္ဂလန်ကို Roman တွေရောက်လာပြီး ခရစ်ယာန် ဘာသာကို သက်သွင်း ခဲ့ပါတယ်။ Easter ဆိုတဲ့ စကားဟာ Eostre ဆိုတဲ့  စကားက ဆင်းသက် လာတာပါ။ Eostre ဆိုတာ နတ်ဘုရားမ (Goddess) တစ်ပါးရဲ့ အမည်ပါ။
လူသိများတဲ့  ဂရိ၊ ရိုမန်၊ အီဂျစ် နတ်ဘုရား/မ များကတော့
-Venus (ချစ်ခြင်း မေတ္တာနဲ့  အလှအပ) ဗီးနစ် ရုပ်ထု ကတော့ တော်တော် ကြော်ကြား ပါတယ်။
Eostre (မျိုးဆက် ပြန့် ပွားတာ fertility ကို ကောင်းချီး ပေးပါတယ်။ နွေဦးရာသီရဲ့ နတ်ဘုရားမပါ)
-Juno (ထိမ်မြား လက်ထပ်ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ကလေးမွေးခြင်း တွေမှာ ကောင်းချီး ပေးပါတယ်။)
- Nike (အောင်မြင်ခြင်း) အားကစား ဝတ်စုံတွေမှာ အမှန်ခြစ် တံဆိပ်ကလေးနဲ Nike ဟာလဲ အောင်မြင်ခြင်းကို ကိုယ်စားပြုတဲ့  အမှတ်အသား ဖြစ်မယ်ထင်ပါတယ်။
- Panoma (သစ်ပင်၊ပန်းမန်များကို စောင့်ရှောက်သော နတ်ဘုရားမ)
စတာတို့ ဖြစ်ကြပါတယ်။ Goddess တွေကတော့ အများကြီးပါ။

Easter ပွဲဆင်းသက်လာတဲ့ Eostre နတ်ဘုရားမ အထိန်းအမှတ်နဲ့  fertility ကိုကိုယ်စားပြုတဲ့  (ယုန် = easter bunny,) နဲ့  ၊ ဥ (symbol of new life = easter egg) တို့  ဟာလဲ Easter ပွဲမှာ မပါမနေတဲ့အရာတွေပေါ့။ ချောကလက် ကတော့ ဘာ့ကြောင့် ပါ မှန်းမသိဘူး။ ချောကလက် ထွက်တဲ့  ကိုးကိုး ပင် ဟာ North America မှ စတင်ထွက်ရှိပြီး အင်္ဂလန်ကို ချောကလက် စပြီးတင်သွင်းတာ ရောက်တာ နှစ်ပေါင်း ၁၅၀ လောက်သာ ရှိပါဦးမယ်။ Easter ပွဲ ကျင်းပတဲ့ အစဉ်အလာကတော့ ဟိုးရှေးရှေး တုန်းကတည်းကပါ။

ရိုမန် ကက်သလစ် ဘာသာဝင်များ ဟာ Easter ပွဲ တော် ကို Christmas ထက်တောင် မှ ပိုပြီး အလေး အနက် ထား ကျင်းပ ကြပါတယ်။ ပွဲတော် မတိုင်မီ သီတင်း သီလ ဆောက်တည် ကြပါတယ်။ Jesus ဟာ သဲကန္တရထဲမှာ ရက်ပေါင်း ၄၀ကြာ သွား နေပါခဲ့တယ်။ အစာမစား ရေမသောက်ပေါ့။ အဲဒီအချိန်မှာ Devil (မာရ်နတ်) က Jesus ကို ၃ကြိမ်တိုင်တိုင် သွားပြီး စကားပြော သွေးဆောင် ပါတယ် အစားစားအောင် ပါ။ အဲဒီ ရက် ၄၀ ကို အထိန်း အမှတ်ပြု ပြီး အစား ရှောင်ခြင်း သီတင်းသီလ ဆောက်ခြင်းကို (fasting) လုပ်ကြပါတယ်။ Jesus ကားစင်တင် အသတ်ခံရတဲ့ နေ ကိုတော့ Good Friday လို့ ခေါ်ပြီး ၊ ပြန်လည် ရှင်သန်ထမြောက်တဲ့ နေ့  ကိုတော့ (Easter day) လို့ ခေါ်ပါတယ်။

Easter egg မှာ ဆေးရောင် ခြယ်တဲ့ ယဉ်ကျေးမှု ကတော့ 1970 ခုနှစ်လောက် ကမှ တရုတ် ပြည်ဘက်က စခဲ့တာဖြစ်ပါတယ်။
ကလေးတွေ ကတော့ ဖွက်ထားတဲ့  ဆေးရောင်စုံ ကြက်ဥ လေးတွေကို အပျော် အဖြစ် ရှာဖွေကြပါတယ်။ စူပါမားကတ် တွေမှာ တော့ ယုံ ပုံ ချောကလက် တွေ၊ ကြက်ဥပုံ ချောကလက်တွေ၊ cross bun အပေါင်း လက္ခဏာ ပုံပါတဲ့  ပေါင်မုန်လုံးတွေ တော်တော် ရောင်းရပါတယ်။ ကျောင်းပိတ်ပြီး၊ bank holiday ဖြစ်တာမို့  အလုပ်များတဲ့  လူတွေ အတွက် တော့ အားပါးတရ အနားယူရမဲ့ အချိန် ကောင်းဖြစ်ပါတယ်။

ref: discussion with lecturers Rachel and Peter NEARUS