Thursday 22 July 2010

ကတိသစ္စာ တည်သောခါဝယ်

(ရှင်မဟာ သီလဝံသ - ပါရမီတော်ခန်းပျို့ )

ဝသုန္ဒရေ၊ ဤမြေသော်လည်း၊ စောင့်စည်းမုသား ကျင့်သောအားဖြင့်၊
စကားသစ္စာ၊ မှန်သောခါကား သြဇာလေးနက်၊ ပေါ်ဆီတက်၍၊
နွယ်မြက်သစ်ပင်ဆေးဖက်ဝင်၏၊

အကြင်သောခါ၊ ဤသစ္စာကိုအရာချွတ်လွဲ၊ မသုံးစွဲတည့်၊
စဉ်းလဲစကားမှားလတ်တုံအံ့၊ မြေခုံစည်းတန်း၊ မုသားထွန်းသား
တစ်ကျွန်းတစ်ရံ၊ တစ်နိုင်ငံ၌၊ အသံမုသားပြက်စကားကို
မကြားစလို၊ အောင်လိမ့်ဆိုသို့

ပေါ်စို ရသာ၊ မြေသြဇာလျက်၊ တစ်ထွာတစ်တောင်လက်ခုပ်ဘောင်လျှင်၊
နက်ချောင်ငုတ်နစ်၊ အောက်လျှိုးဖြစ်၍ ခါးချစ် ဆေးဝါး၊ လူတို့စားလည်း၊
နာဖျားမလွတ်ဥပ္ပဒ္ဒဝေါ၊ လေးဘျမ်းပြော၏၊

သဘောတရားစကားသစ္စာ၊ မှန်သောခါနှင့်၊
ယွင်းရာမမှားဤနှစ်ပါးကို၊ နှုန်းထားထွေဆောင်၊ ရှာတုံရှောင်လည်း
အကျော်သစ္စာ၊ စကားသာလျှင်၊ ပြည်ရွာရပ်သားလူ့စီးပွားကို
အမြားအမြောင်၊ ကြီးကျယ်ဆောင်သည်
ကုန်အောင်မြေနှင့် ရှိသတည်း။

Sunday 18 July 2010

သံသရာ ဝဋ္ဋ် ဆင်းရဲ မှ လွတ်မြောက်ပါရခြင်းအကျိုးငှါ။

သံသရာ ဟာ ဘဝအသစ်ဖြစ်ခြင်းဖြင့်အဖန်တစ်လဲလဲ ကျင်လည်ရာ ဘဝဆက်တွေ ကို သံသရာကို့ ခေါ်ပါတယ်။ ကျင်လည်နေတဲ့  သံသရာအတွင်းမှာ ဒုက္ခလဲရှိမယ်၊ သုခ လဲရှိမယ်။ ချစ်ခြင်းလဲရှိမယ်။ မုန်းခြင်းလဲရှိမယ်။ စိုးရိမ်ကြောင့်  ကျခြင်းလဲ ရှိမယ်။ စိတ်ရဲ့  အေးချမ်းခြင်းလဲ ရှိမယ်။ အနိုင်ယူခြင်းတွေ ရှိသလို ၊ အရှုံးပေးရခြင်းတွေလဲ ရှိမယ်။ မုဒိတာ ပွားနိုင်သလို ၊ မနာလို ခြင်းတွေလဲ ရှိမယ်။ တွေးလေ တွေးလေ အဖြေမရတဲ့ ပုစ္စာတွေ အများကြီးထဲက အမှန်တရားတစ်ခုကတော့ လူသားအားလုံး မလွှဲမရှောင်နိုင်တာက တော့ အိုခြင်း၊ နာခြင်း နဲ့  သေခြင်းတရားပါ။

ကျမကို ကျမ မေးမိတယ်။ ဒီမလွှဲမရှောင်သာတဲ့  ဒုက္ခ ၃ပါးကို လက်ခံဖို့  အဆင့်သင့်ဖြစ်ပြီလား။? အိုခြင်းတရားကတော့ တမိနစ်တစက္ကန့်  နဲ့ တောင်မတူပါဘူး။ နာခြင်းတရားကကော ဒါလဲလက်ခံရမှာဘဲ။ ရောဂါပေါင်းစုံမခံစားရသေးသည့်တိုင် အသက်ကလေး ရလာတာနဲ့  ကျမတို့ ရဲ့ ခန္ဒာ ကိုယ်ကြီးဟာ စက်အို စက်ဟောင်းကြီးလို လေးပင်လာတယ်။ ခါးကိုင်းပြီး ၊ နားမထိုင်းခင်မှာ အသိဥာဏ်တွေဟာ လဲ တဖြေးဖြေး မှေးမှိန်လာတယ်။ နောက်ဆုံး ဘဝ မကူးမီ သေခြင်းတရား အကြောင်း ဒါကိုရင်ဆိုင်ဖို့ အတွက် ကျမဆီမှာ ခွန်အားခုထိ မရှိသေးပါဘူး။ ဒီဘဝကို ဖက်တွယ်နေချင်သေးတဲ့  စိတ်နဲ့  လောဘ၊ဒေါသ၊မောဟ တွေကြားမှာ အပျော်ကြီးပျော်ပိုက်နေတဲ့ ကျမရဲ ဒီရုပ်ခန္ဒာ ကိုယ်ကြီး ငြိမ်းသတ်တော့မဲ့  နေ့ ကို တနေ့ မလွဲမသွေ ရောက်လာမှာပါ။

ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
အသေမဦးခင်၊ ဥာဏ် ဦးရမည်။