Monday 18 October 2010

ကောင်းသတင်း ကော်လံတိုလေးများ

ဒီကနေ့  ၁၈၊၁၀၊၂၀၁၀ Evening Standard သတင်းစာ မှ ကောင်းသတင်း ကော်လံတိုလေးများ

စာမျက်နှာ (၁၈) ညာဘက်ထောင်စွန်းက ကော်လံ သေးသေး လေးထဲမှာ ကတော့


BURMA'S pro-democracy leader Aung San Suu Kyi wants to get a twitter account when she is freed from house arrest. Her lawyer Nyan Win said: "She wants to use twitter to get in touch with the younger generation."



နောက် ကောင်း သတင်းလေးတစ်ခုက မိုးကြီး၊ရေကြီးလို့  ထိုင်းက ဆင် ၉၂ ကောင်ကို ဘေးလွတ် အန္တရယ်ကင်းတဲ့နေရာ အရောက် ကယ်ဆယ်ပြီးတဲ့ အကြောင်း

ELEPHANTS RESCUED FROM THAI FLOODS

Ninety-two elephants were marched almost two miles to drier ground after floods covered homes and paralysed transport in Thailand.

Weekend downpours hit central and north-eastern areas, flooding part of an Elephant Village tourist attraction north of Bangkok.

Five young elephants and their mothers were moved to higher ground in the village but the rest were taken nearly two miles to a drier location.

Sunday 17 October 2010

Cute Babies
























Sunday 10 October 2010

101010 English

၁၀ ရက် ၁၀ လ ၁၀ ခုနှစ် ဘာရေးရမှန်းမသိလို့ အားနေ တဲ့ အချိန်လေး ဆားချက်လိုက်တယ်။

4 types of sentences အင်္ဂလိပ်ဝါကျ ၄မျိုးအကြောင်းပါ။

[Interrogative, Declarative, Imperative, Exclamatory] Sentences

Interrogative sentence မေးခွန်းတွေပါတဲ့ ဝါကျပါ။

What should I wear tonight? ဒီနေ့ ည ဘာဝတ်ရမလဲ။
Why is this homework so hard? ဘာ့ကြောင့် အိမ်စာတွေ သိပ်ခက်တာလဲ။
Are you going to marry him? နင်သူ့ ကိုလက်ထပ်မှာလား

Declarative sentences (Declare ဆိုတာက ကြေငြာတာပါ) ဘာလုပ်နေတယ်။ ဘာဖြစ်နေတယ်ဆိုတာကိုပြောတဲ့ ဝါကျဖြစ်ပါတယ်။
(declarative sentences that form a statement)
The children are reading a book. ကလေးတွေ စာကြည့်နေကြတယ်။
She is reporting the news. သူမ သတင်းပေးနေတယ်။
I am sorry Sir, you can't come in now, I am about to close my shop. (ဆောရီးပါဘဲဗျာ။ အခု ခင်ဗျားဝင်လာလို့ မရတော့ဘူး ကျွန်တောအခုဘဲဆိုင်ပိတ်တော့မလို့ )


Imperative sentence (တောင်းဆိုခြင်၊ အမိန့် ပေးခြင်း ပါသော ဝါကျဖြစ်သည်)
(request or command)


Leave me a lone င့ါကိုလာမနှောက်ယှက်နဲ့ ။ အေးအေးဆေးဆေး ငါတစ်ယောက်ထဲ နေပါရစေ။
Kiss me ငါ့ကိုနမ်းစမ်း
Don’t tell anyone my secret. ငါ့ရဲ့ လျှို ဝှက်ချက်ကို ဘယ်သူ့ ကိုမှ မပြောနဲ့ ။

Exclamatory senetence
နည်းနည်း ဒေါသသံပါတာမျိုး ။ တော်တော်လဲအပေါ်စီးကနေ ခိုင်းတဲ့ ဝါကျမျိုး ။ အပစ်ပုံချတာမျိုး။ ပြင်းပြင်းထန်ထန် ပြောချင်တာ မျိုး တွေ မှာ
သုံးပါတယ်။

You need to get your act together and I mean now! လုပ်စရာရှိတာကို သေချာလုပ် ငါနင့်ကို အတည်ပြောတာ
Get up and give me 20 more push ups. အခုထပြီး ထိုင်ထ အခါ၂၀ လုပ်ပြစမ်း
I am so upset! I hate you. ငါနင့် ကို ဒေါသထွက်တယ်။ နင့်ကိုမုန်းတယ်။

Saturday 9 October 2010

ဆံပင် ဖြောင့်ခြင်း


ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ကောက်တာ ဟာတနည်းအားဖြင့် ဆံပင်ရဲ့  PH ပမာဏ ကို ဓာတု ပစ္စည်း သုံးပြီး ပြောင်းပြစ်လိုက်တာပါ။ PH ကတော့ ဓာတုဗေဒ အသုံးအနှုံးဖြစ်ပြီး အက်ဆစ်ပါဝင်မှု ပမာဏ ကို၊အယ်လကာလီပါဝင်မှု ပမာဏ ကို ညွှန်ပြတဲ့  ကိန်းဂဏန်းတွေ ဖြစ်ပါတယ်။ သောက်ရေသန့် မှာ PH 7 ရှိတယ်ဆိုတာ ကြားဖူးကြမှာပါ။

PH scale က (0 to 14) အထိရှိပါတယ် ။ 0-7 အထိက အက်ဆစ် များပြီး 7-14 အတွင်းကတော့ အယ်လကာလီ ပုံဆောင်မှုပိုများပါတယ်။

လူ တွေ ရဲ့  ဆံပင်ဟာ ပုံမှန် PH 4.5 ကနေ့  5.5 အတွင်းမှာရှိပါတယ်။ ဒါကို Relexer လို့ ခေါ်တဲ့ ဆံပင်ဖြောင့်ဆေး သုံးလိုက်တဲ့ အခါမှာ ဆံပင်ဟာ အယ်လကာလီ တိုးလာပြီး PH 10-11 လောက်အထိတက်သွားပါတယ်။

ဆံပင်ဖြောင့်နည်း ကို အကြမ်းဖျဉ်းလေး သိထားအောင် ပြောပြပါမယ်။

ဆံပင်ကို လျှော်ပြီး ခြောက်အောင် သုတ်ပါ။ ဖြစ်နိုင်ရင် hair straightener ဖြောင့်စက် လေးနဲ့  အသားကျ အောင်ဆွဲထားပါ။ ဖြောင့်ဆေး မလိမ်းခင် နှာဖူး၊ ဂုတ်၊ နားရွက် နောက်ဘက် ၊ နားထင် စတဲ့ ဆံပင်ထိနိုင်တဲ့ နေရာကို ဗေ့ စလင်းလို pactrolium gel တစ်ခုခုနဲ့ သုတ်လိမ်းပေးပါ။ ဆံပင်ဖြောင့်ဆေး relaxer ဟာ ပြင်းတော့ အသားတွေ လောင်မှာ ကိုကာကွယ်တဲ့ သဘောပါ။

ဆံပင်ကို အလွှာလိုက် သေချာခွဲဖီးပြီး ဖြောင့်ဆေး ကို အလွှာလိုက် သုတ်လိမ်းပေးပါ။ နည်းနည်းမြန်မြန်လေး လုပ်ရပါမယ်။ ဦးရည်ပြား နှင့် တိုက်ရိုက်မထိအောင် နည်းနည်း လေး နေရာ ချန်ပြီးဆံပင် အနှံ သုတ် လိမ်း ပေးရပါမယ်။ နေရာ အနှံ ဖြောင့်ဆေးသုတ်ပြီးပြီဆို ရင်တော့ ခေါင်းကို ငြိမ်ငြိမ်လေး ထားပြီး မိနစ်၃၀ လောက်ထိုင်စောင့်ရပါမယ်။ ဖြောင့်ဆေးဟာ ဆံပင်ရဲ့ အလည်ပိုင်း cortex layer မှာ အလုပ်လုပ်နေပါပြီ။ ဖြောင့်ဆေးရဲ့ label ကိုသေချာဖတ်ပါ။ပိုဖြောင့်ချင်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ မိနစ်ထက် ပိုထားရင် ဆံပင်တွေ ဆွေးပြီး ပြတ်ကျတတ်ပါတယ်။
ဒီပုံကတော့ သတ်မှတ်ချိန်အပြီး ဆံပင်ဖြောင့် ဆေးကြောင့် ဆံပင်ရဲ့ elasticity ကိုစမ်းနေတဲ့ပုံပါ။
နောက် ပြီးရင်ခေါင်းလျှော် လိုက်ပါ။ ဆံပင်ဟာ အဲဒီအချိန်မှာ အရမ်းကိုနူးညံနေတာမို့  ကြမ်းကြမ်း တမ်းတမ်း ပွတ်တိုက် မလျှော်ပါနဲ့  ဖြောင့်ဆေး စဉ်အောင်သေချာ လျှော်ပါ။ အကိုင်အတွယ် ညင်သာပါစေ။ ဘီးကျဲနဲ့ သေချာရှင်းပါ ပြီးရင် blow dry လုပ်ပြီးဆံပင်ကိုခြောက်လိုက်ပါ။
နောက်တဆင့်ကတော့ အရမ်းအရေးကြီးပါတယ်။
blow dry မှုတ်ပြီး မှာ အသားကျအောင် hair straightener နဲ့ သေချာ အချိန် ယူ ဆွဲပေးပါ။ နည်းနည်း အနုစိတ် ရပါမယ်။ စိတ်ရှည်ရှည်ဆွဲပေးပါ။ အဖျားတိတာ တို့  ဆံပင်ပုံချ ညှပ်တာတို့ ကို ပြီးတာနဲ့ ဆက်လုပ်ပါ။
နောက်တဆင့်က PH balance ကို neutralize လုပ်ရပါမယ်။ ဒါဟာ အရေးအကြီး ဆုံးအဆင့်ပါဘဲ။



Neutralize လုပ်တဲ သဘော ကတော့ conditioner သုံးပြီး PH balance ကို Cortex layer မှာ ပြန်ထိန်းသိန်း ပေးတာဖြစ်ပါတယ်။ deep conditoning process တစ်မျိုးဖြစ်ပါတယ်။ Blow dry အသာအယာ လုပ်ပေးခြင်းဖြင့် ၊ဆံပင် အပေါ်ယံဆုံး အလွှာက ပွင့်နေတဲ့ ငါးအကြေးခွံပုံစံ cuticle လေးတွေကို ပြန်ပိတ်ပေးပါတယ်။

ကဲ ကြည့်လိုက်ပါဦး ၊ ဓါတ်ပုံထဲက တရုတ်မလေးတော့ အပြတ်ရှိုင်းသွားပြီနော်။


ဆံပင်ကောက်တဲ့ ဖြောင့်တဲ့ နေရာမှာ အာရှ ဘက်က နည်းပညာနဲ့  ဓါတုပစ္စည်း တွေက ပိုကောင်းတယ်လို့ ကျမ မြင်ပါတယ်။ ဒီမှာ နာမည်ကြီတဲ့ permenant hair straightening ကတော့ ဂျပန်နည်းပါ yoko system လို့ ခေါ်ပါတယ် ဈေးတအားကြီးပါတယ်။ ခါးလောက်ရှည်တဲ့ဆံပင်ဆိုရင် ပေါင် ၄၀၀ ၊ ၅၀၀ လောက်ပေးရမလားဘဲ။ ဒီဘက်က လူတွေ က တရားစွဲတာကြောက်တော့ တော်ရုံတန်ရုံ ဆေးတွေ သိပ်သုံးပြီး မဖြောင့်ပေး ကြပါဘူး WELLA က ပစ္စည်း အသုံးများ ပါတယ်။ ကျမတို့  အာရှ သား တွေအတွက် တော့ အာရှ ဘက်က ပစ္စည်း တွေ ကပိုကိုက်မယ်ထင်ပါတယ် ခက်တာက ယိုဒယားရော၊ ကိုရီးယားကော၊ဂျပန်ရော အင်္ဂလိပ်လို အညွှန်းရေးထားတဲ့  ပစ္စည်း အတော်ရှာရခက်မယ်ထင်ပါတယ်။

ကျမရေးထားတာဖတ်ပြီး ကိုယ့်ဖာသာကို မစမ်းသပ်ပါနဲ့ ။ တပ်ကြွမ်းတဲ့ သူတွေလုပ်ပေးတာ ကို သာလက်ခံပါ။ ဘာကြောင့်လဲဆိုတော့ risk များလို့ ပါ။ ဆံပင်ကို ဘယ်လို ဖြောင့်တယ်ဆိုတာ ကို နည်းနည်း မျှဝေလိုက်တာ ဖြစ်ပါတယ်။

Monday 4 October 2010

Friday 1 October 2010

I had a hair salon nightmare when I last visited to a local salon in Manchester in Jan 2009. A hair dresser cut my hair really short instead of teasing the end. I was in shock it did not look like the style I discussed with her before hair cut. I was close to tear, it was traumatic and horrific. I had been to that shop every week for a wash and blow dry. Actually she was rushing to go out after a phone call from her mates. She used her mobile phone quite often while cutting my hair. I will not ever be going back there again. After that experience, I will think twice before I visit any salons.



I always chop the end of my hair once in every three months, I had never gone to any professional hair salon before, when I noticed my flat mate’s hair style I asked her she said she had her hair cut and styled in Toni & Guy. I researched a lot about it on the internet.





It is a uni sex salon which is the most popular hair salon in the UK and in other countries. I tried in Toni & Guy last year. They have their own brand of hair products with reasonable prices. The first salon of Toni & Guy opened in 1963. Almost all big towns and cities in the UK have their salons.  



Toni & Guy is a professional and trendy salon in which has different levels of stylists. They have a great team of people which consists of talented young stylists and experience hairdressers. The sinks were comfortable and cosy, the shampoo smelt nice. I was offered a drink from the staff, which was really nice. The staff are very professional, friendly and welcoming. It is on the high street therefore very handy for shoppers. Moreover they give 10% discount to full time student and 30% discount to the children under the age of 12, those offers are available on Monday to Friday.  


I would like to open my own salon in the near future. I will chose a good location and luxurious salon furniture. Price is also important to the success of the business. The image ,reputation, special offers and good services are attractive to all customers. Moreover customer recommendation is very important. Need to keep regular customer in order to grow business





စီးပွားပျက်ကပ်

ခုတစ်လော စိတ်တွေလေလွန်း လို့  စာမရေးဖြစ်တာကြာပြီ ။ ခေါင်းထဲမှာ တန်းစီနေသည့် အကြောင်းတွေ က အများသား။ တနေ့ တစ်နေ့  အလုပ်အကိုင် ရှာနေရတာ နဲ့  မောင်နှမတွေ ကိုတောင် မ ဟိုင်း နိုင်။ အလုပ်က မရ မဟုတ် လွန်ခဲတဲ့  ၂ လလောက်က တစ်ခုရသည်။ အုပ်ချုပ်သူ တရုတ်ကောင် က မိုက်မိုက် ရိုင်းရိုင်း ပြောလို့  ဒုတိယနေ့ တွင် ထွက်ပြစ်လိုက်သည်။ အခု အချိန်ပိုင်းအလုပ်ကလေးတစ်ခု စလုပ်နေပြီ။ နေရေးစားရေး ချောင်လည်အောင် မနေ့ တုန်းက အလုပ်တစ်ခုလျှောက်မိ သည်။ အင်တာဗျူးသည် ပိုလန် စူပါဗိုက်ဆာမ က နှိမ့် နှိမ့် ချချ အချိုးမပြေအောင် မေးသဖြင့် ဘုတောပြီး ထွက်လာမိသည်။ နေရာတကာ သီးခံတတ်တဲ့  အကျင့်တွေ နည်းနေပြီ။ ကြာတော့ ကံတရားကို လည်း ယုံကြည်ချင်းအားနည်းလာသည်။ ဘုရားနဲ့ သကြား မ အောင် ဆုတောင်းရတာလဲ အခါခါ။ တခါတခါ ထိခိုက်ရှ လွယ်လွန်းသည့် ကိုယ်စိတ်ကိုတောင် ကိုယ် သံသယဖြစ်နေမိသည်။

ကမ္ဘာ့ စီးပွားပျက်ကပ် ကြောင့်များလား မသိ တနေ့ တခြား အလုပ်အကိုင်တွေ ရှားပါးလာသည်။ နေရာတိုင်းမှာ cut cut cut နှင့် အစိုးရက လည်း ဝန်ထမ်းသစ် ထပ်မ ခန့် တော့ သည့် အပြင် လုပ်သက်ရင် ဝန်ထမ်းတစ်ချို့ တောင် redundancy ပေးနေတာ ကြားရသည်။ ဒီက နိုင်ငံသားတွေ တောင် အလုပ် အကိုင် မရနိုင်သဖြင့် ညီးတွားနေကြပြီ ကိုယ့် လို နိုင်ငံခြားသား အတွက်တော့ တော်တော်ခက်သည်။ ဘုရင်မ ကြီး ရဲ့ နန်းတော်မှာ heater ဖွင့် တာကိုတောင် အစိုးရက လူတစ်ချို့ ကွန်ပလိန်း တက်တယ်လို့  ကြားမိသည်။ တော်သေးပြီး။

ဒါ့ ကြောင့်ရထားသည့် အလုပ်ကလေး မြဲအောင် ၊ဒေါသကိုထိန်းရမည်။ သည်းခံစိတ်မွေးရ ဦးမည်။
မျက်လုံးများ ရှိလျှက် ကန်းချင်ယောင်ဆောင်ရ ဦးမည်။
နားများရှိလျှက် မကြားချင်ယောင် ဆောင်ရ ဦးမည်။
ငဖယ်လို အထုအထောင်း ခံနိုင်မည့် စိတ်ဓါတ်လေး မွေး ရပါဦးမည်။