Tuesday 11 January 2011

ဟာသ sign language (You must watch it!!!!)

နိုင်ငံကြီးတွေက ကျောင်းတွေမှာ ဆွံ့ အ နားမကြားသူ ကျောင်းသား/ကျောင်းသူတွေ သာမန်အတန်းလာတက်ရင် ဆရာ၊ဆရာမ ရှင်းပြတာကို တခြားလူတွေ နားလည်တဲ့ အတိုင်း နားလည်ဖို့  sign language နဲ့ သရုပ်ပြငှားထားလေ့ရှိပါတယ်။ ဒီဗွီဒီယို လေးကတော့ စိတ်ရှုပ်နေတဲ့ ကျမကို ခေါင်းရှင်းပေးလို့  မျှဝေပေးလိုက်ပါတယ်။
Please don't take serious about the lyrics , it is a bit rude for Burmese ears but nice though.... and don't forget to smile after it......
သရုပ်ပြတော်တော် တော်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ပါ။

Wednesday 5 January 2011

Honey can cure hangover အရက်နာ ကျလျှင် ပေါင်မုန့် ပျားရည်သုတ်စားပါ။



Got a bad hangover? Try honey on toast, says a new study. Researchers from the Royal Society of Chemistry claim to have found that taking honey, the natural sweetner, is a great way to help the human body deal with the toxic effects of a hangover.




ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ အသောက်များလို့  ခေါင်းထဲမကြည်မလင် ( အရက်နာ )ကျနေရင် ပျားရည်ကို ပေါင်မုန့် ကင်ပေါ်မှာ သုတ်ပြီး စားပေးပါတဲ့။ The Royal Society of Chemistery က Research အရ ပျားရည် ဟာ သဘာဝ အချိုဖြစ်ပြီး လူ့ ခန္ဒာကိုယ်ထဲက အရက် ကနေ ဖြစ်တဲ့  အဆိပ်အတောက်တွေ မှ တဆင့် အရက်နာ ကျတာကို ဖယ်ရှားပေးပါတယ်တဲ့ ။

အရက်နာကျတာဟာ အရက်မှာပါတဲ့  acetadehyde ကြောင့်ပါ။ အရက်နာကျရင် ခေါင်းကိုက်ပါတယ်။ မူးဝေပါတယ်။ တခါတစ်လေ မှာ အန်တတ်ပါတယ်။ ကိုယ်လက်ညောင်းညာတတ်ပါတယ်။ ဒါ့ကြောင့် Research အဖွဲ့ ကခေါင်းဆောင် Dr John emsley က " နွားနို့ တစ်ခွက်ကို အရင်ဆုံး သောက်ပေးပါ။ ပျားရည်ကို ပေါင်မုန့် မှာ ထောပတ် သုတ်သလို သုတ်စားပေးပါ။
Potassium နှင့် Sodium တွေဟာ ဒီအရက်နာကျချင်းကို တရစ်ရစ် ပြေပျောက်စေမှာပါတဲ့ ။ သောက်လိုက်တဲ့ နွားနို့ ဟာ အရက်ရဲ့  ပြင်းအားကို dilute ဖြစ်စေပါတယ်။ အရက်ဟာ ရေဓါတ် ကို ဆုံးရှုံးစေပြီး မကြာခန ဆီး သွားစေပါတယ်။ ဒါကြောင့် dehydration ဖြစ်တာ ဟာ အရက်နာ ကျတာကို ပိုပြီး ဆိုးဝါးစေပါတယ်။ မအိပ်ခင်မှာလဲ ရေတစ်ခွက် ဖြစ်အောင် သောက်ပေးဖို့  အကြံပေးပါတယ်။ "

Ref: လန်ဒန်ထုတ် Maya သတင်းစားမှ ကိုးကားသည်။

ဘာဖြစ်ဖြစ် No No No ပဲ

စကားစပြောကာစ ကလေး တစ်ယောက်ရဲ့ ချစ်စရာ အဖြေလေးပါ။
[Daddy] Did you have a good Christmas?[Charlotte] No
[Daddy]Do you love your mommy?[Charlotte]No
[Daddy]Do you love your daddy?[Charlotte]No, No, No
[Daddy]Do you love your uncle Gavin?[Charlotte]Nooo
[Daddy]Do you love your grandparents?[Charlotte]No, No, No
[Mommy]Do you want a million dollars?[Charlotte]No, No
[Daddy]Do you love your Dumpy?[Charlotte]No, No
[Mommy] Do you want to go na-night?[Charlotte](fast) No, No
[Daddy]Do you love bath time?[Charlotte](fast) No, No
[Daddy]Is there anything you like?[Charlotte]No, No

ရဲဘော် အဟိ

ဘာလို့ လဲ မသိဝူး။ ဒီပုံကိုကြည့်ပြီး ပြုံးချင်လို့ 

အင်္ဂလန် က ကတ်ကြေး အစိုးရ

ဒီနိုင်ငံက အစိုးရ အကူးအပြောင်းက လူတန်းစားပေါင်းစုံကို တော်တော် ဂယက်ရိုက်စေခဲ့တယ်။
ယခင် Labour အစိုး၇ လက်ထက် ဝန်ကြီးချုပ်နေရာမှာ (၁၉၉၇ - ၂၀၀၇) မှာ Tony Blair ၊(၂၀၀၇ - ၂၀၁၀ မေလအထိ) Gorden Brown အုပ်ချုပ်ခဲ့တယ်။ Gorden Brown လက်ထက်မှာကမ္ဘာ့စီးပွားပျက်ကပ်ကို ကမ္ဘာနဲ့ အဝှမ်းရင်ဆိုတာနဲ့ကြုံလာတာမို့  အင်္ဂလန် ဘဏ်တွေမှာ ငွေလည်ပတ်မှု အဆင်မပြေတော့ဘူး။ လူတွေ၊ Company တွေ က ဘဏ်အကြွေးတွေ မဆပ်နိုင်ကြလို့  ဒေဝါလီခံတာမျိုး တွေ လုပ်လာကြတာများလာတာ ကလဲ ဘဏ်တွေ အခက်ကြုံနေရတာဖြစ်ပါတယ်။

ဘဏ်တွေလည်ပတ်နိုင်အောင် အစိုးရက World Bank ကနေ ငွေချေးပေးရတယ်။ ဒါတွေ ရဲ့ ဂယက်ကို လူတန်းစားအသီးသီးခံရတယ်။ တက်လာတဲ့  ညွှန့် ပေါင်းအစိုးရက World Bank မှာ ရှိတဲ့ အကြွေးတွေ အတွက် တန်ပြန်ပြီး လူတွေဆီက အခွန်အတုတ်အများကြီးကောက်တော့ တာပါဘဲ။ များမကြာသေးမီက VAT 17.5% ကနေ 20% ကိုတိုးမြင့်ကောက်လိုက်ပြီတဲ့။ VAT ဆိုတာကတော့ Value Added Tax ပါ ဝယ်တဲ့ item က ဥပမာ £100 ဆိုပါတော့ အရင်တုန်းက ဝယ်သူက £117.5 ပေးရပါတယ်။ ခုတော့ 20% ဖြစ်ပြီမို့  £120 ပေးပြီးဝယ်ရမှာပါ။ ဝယ်သူက ပေးရတာနော်။


ပတ္တရောင်လှည့်တဲ့ ရဲအေ၇အတွက်လဲလျှော့ချတယ်။ ထောင်မှာစောင့်တဲ့ Prision Guards ဦးရေလဲလျှော့ချတယ်။ အစိုးရအလုပ်သမားဦရေကိုလဲလျှော့ချတဲ့ အတွက်ကြောင့် လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရော။ အရင်ကဆို လူတစ်ယောက်အငြိမ်းစားယူသွားတာမျိုး၊အလုပ်ထွက်တာမျိုး ၊ဆေးပင်စင်ယူတာမျိုးရှိရင် လစ်လပ်နေရာမှာ လူခေါ်နေကျ၊ ခုတော့ ရှိတဲ့သူနဲ့  အပြီးလုပ်ရမဲ့ ပုံစံမျိုးချထားတယ်။ ဘယ်လောက်ထိ ချိုးခြံသလဲဆိုရင် နှင်းတွေ ထူထူထဲထဲ ကျတာတောင် ကားလမ်း မချော်အောင် ခင်းတဲ့  ခင်းစရာ ဆားတို့  ကျောက်စရစ်ခဲ သေးသေးလေးတွေ ကိုတောင် လျှော့ဝယ်တယ်ဆိုဘဲ။ သိပ်မကြာသေးခင်က ဘဲ ယူကေမှာ ထောင် မီးလောင်(မီးရှို့ မှု) ဖြစ်တော့ လူ ၅၀၀ ချုပ်ထားတဲထောင်မှာ လက်နက်ကိုင်အစောင့် ၂ယောက်သာရှိတယ်တဲ့။


ဒီ အစိုးရ အသစ် လက်ထက်မှာ University က ကျောင်းလခတွေ ၃ဆ တိုးကောက်တော့ ကျောင်းသားတွေလဲ ဆန္ဓပြကြရော။ အစိုးရကလဲ မလိုက်လျှောတော့ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်တာပေါ့။ အစိုးရကလဲ သူတို့ အချဉ်မဟုတ်ဖူးဆိုတာပြတာထင်တယ်။ လျှော့လိုက်တဲ့ အသုံးစရိတ်၊ စီစစ်လိုက်တဲ့ နေရာတွေများလွန်းတော့ အရင်တုန်းကလို အစိုးရ ထောက်ပံ့  စရိတ်နဲ့ တသက်လုံးနေလာကြတဲ့ အင်္ဂလန်နေ လူတစ်ချို့  အတွက် ဒုက္ခနဲ့  လှလှတွေ့ တော့တာပါဘဲ။ ကမ္ဘာ့စီးပွားပျက်ကပ် ဟာ တကမ္ဘာလုံးဖြစ်တာပါ ဒါပေမဲ့ အင်္ဂလန် အစိုးရ ရဲ့ ဖြေရှင်းမှုက နည်းနည်း ကြမ်းသလိုဘဲ နေအမြန်ကောင်အောင် ဆေးခါးကြီးတိုက်ပြီး ကုနေသလိုပါဘဲ။လန်ဒန် မြို့ တော်ဝန် Boris Johnson ကတောင် လက်ရှိဝန်ကြီးချူပ် David Cameron ကို အဖြတ်ကြမ်းလို့ ဝေဖန်သတိပေးပါသတဲ့။ မြို့ တော်ဝန် ဟာလဲ လက်ရှိ ဝန်ကြီးချုပ်ဦးဆောင်တဲ့ Conservative Party (TORY ) ပါတီဝင်တစ်ဦးပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို အရမ်းအရေးပေးတဲ့ သူတစ်ယောက်ပေါ့။ စက်ဘီးကလေးနဲ့ ရုံးတက်တဲ့  မြို့ တော်ဝန်ပေါ့။

ကိုင်း ဒါနဲ့  ဒီလို ညွှန့် ပေါင်းအစိုးရ ရဲ့ ဆေးခါးကြီးကို အင်္ဂလန်က ပြည်သူလူထု ဘယ်လို ဆက်ပြီး တောင့်ခံကြမလဲ။ နောက်ထပ်ဘာတွေများ ထပ်ပြီး ဖြတ်ဦးမလဲ။ ဘာတွေမှာများ ဆက်ခြွေတာဦးမလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာမို့  ငွေရောင်ပိတ်ကားမှာ ဆက်လက်ရှုစားကြရအောင်နော်။

ကိုင်းဒီလောက်ပါဘဲ။

Saturday 1 January 2011

01.01.11 To a little sun shine

Dear little sun shine,

Now you have become a little young man, you will soon become an adult and also a young gentleman . I just want to wish this year 2011 is a very good year for you. Remember, today is a kind of a strange day 1.1.11. I do not have any superstitious concepts or ideas, however I just want to say a few words to you.

Never feel bad if some other people critize you. In some situations, you may need to walk away in order to avoid the problem despite being challenged. In that situation, some other people will criticize you as a COWARD. You know you are not, therefore remember my advice is just to ignore and !!! walk away!!!!.
Be strong and be confident.
Be calm and be consistent.
Be assertive and be diplomatic.

I always remember a lyric from a song(**** Gentleman will walk out ----- never run****)

RESPONSIBILITY & RESPECT.
You might probably have a question about what is it like being an adult? From my own point of view, "Adult" means taking responsibility for his or her own actions. You need to say the right thing at the right time, on the other hand you need to do (act), the right thing at the right time.

RESPECT, you need to be respectful to others. It doesn't mean one way respect, there should be mutual respect in communication. I am sure it will be an honour to be called a "Gentleman", which means a person who is respectful, kind,understanding, loyal, righteous, well- mannered and professional.


That is all I want to say to you on this New Year's day. Anyway, it might probably help you to know what is it like being adult and what is it like being a gentleman.


With best wishes,