The Green Mile ကားထဲက သီချင်းလေးပါ။ စိတ်မကောင်းဖြစ်တတ်ရင် readmore ကိုမဖတ်ပါနဲ့ ။
1935 တုန်းက သေဒဏ်ပေးခံရမဲ့ Prinsoner တွေ ကိုစောင့်ရတဲ့  Prinson guard, Paul အဖြစ် Tom Hunk ကပါဝင်ထားပြီး John Coffey ဆိုတဲ့  အရပ်မြင့်မြင့် လူမဲ ထောင်ကျသားကြီး ကတော့ ကလေး သူငယ်မလေး နှစ်ယောက် ကို သေစေသော လူသေမှုနဲ့ သေဒဏ်ကျခံနေရသူပါ။ အဲဒီဇာတ်လမ်းမှာ အကျဉ်းထောင် အစောင့်တွေနဲ့  ၊ excutioner လျှပ်စစ်ထိုင်ခံ Volt အားကိုင်ရသူတွေ ရဲ့ နေ့ တဓူဝ ဘဝအတွေ့ အကြုံ စိတ်ခံစားမှု အကြောင်း ၊ စာနာမှု၊ ခါးသီးတဲ့ ရက်စက်မှု များ၊ အပြင် မယုံနိုင်အောင်ဆန်းပြားတဲ့  အဖြစ်အပျက် လေးတွေအကြောင်း ကို ရိုက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီး John Coffey သေခါနီး နားဆင်ခြင်တဲ့ heaven သီချင်းလေး ဟာ ကျမခေါင်းထဲ စွဲလာလို့  ဒီဘလော့လေးမှာ ချိတ်တင်လိုက်ပါတယ်။
green mile ကတော့ အရမ်းကောင်းတယ်။ ဒီကားကတော့ စိတ်မကောင်းစရာပါပဲ..။ တွမ်ဟမ့်စ် ကားဆို အကုန်အနှစ်တွေချည်းပါပဲ..။ များများတင်ပါ..ရုပ်ရှင် reviews တွေကို..
ReplyDeleteအိမ်း အိမ်း
ReplyDeleteငါလဲ Tom Hunk ကိုကြိုက်တယ်ဟ။ ဒီကားကတော့ သနားပါတယ်ဟာ။ ထောင်ကျတိုင်း လူဆိုး မဟုတ်ဘူးဆိုတာ ကိုပြောတာပါဘဲ။ တခါတလေ beyond belief, miracle တွေရှိတယ်ဆိုတာကို လဲ ပြသချင်ပုံရတယ်။ ဒီကားကတော့ တော်တော်ကြိုက်တယ်။ သန်းကကျူး ကို ဂျီး။ ကွန်းမန့် အတွက်။
အဲ့ဒီ ကားတော့ သိဝူး Tom Hunk ဆို ရင် ဘာသာရေး ကားတွေ ကြိုက်မှ ကြိုက် Angle & Demon ဆို တော် တော် ကောင်းပါ၏။ နောက်ထပ်တွေ လဲ အများကြီး ရှိသေး တယ်။ ဘာသာရေး နဲ့  ပတ်သတ်တာတွေ ။ တော်တော်ကောင်း တယ်။
ReplyDelete