ယူကေ မှာ အစိုးရအသစ် တခုကို ရွှေးကောက်ပွဲ မဲ အရေ အတွက်အရ တရားဝင် ဆုံးဖြတ်ဖွဲစီး လိုက်ပါပြီ။ ဝန်ကြီးချုပ်အသစ်ရဲ့  အမည်က တော့ ဒေးဗစ် ကင်မရွန်း အသက် ၄၃ နှစ် ဖြစ်ပါတယ်။ အခု သူ ရဲ့  အစိုးရ အကြံပေး အဖွဲ ကိုဖွဲ့ စည်းရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားဟာ အင်မတန်မှ ဆန်းပါတယ်။ ဒီအစိုးရ အကြံပေးအဖွဲ (cabinet) ဆိုတဲ့  စာလုံးပေါင်း ကို တနည်းအားဖြင့် ဘီဒို (အဝတ်ထည့်တဲ့ ဘီဒို) လို့ လဲ အဓိပ္ပါယ် ရပါတယ်။ အစိုးရ အကြံပေးအဖွဲ ဝင် ၁၂ဦးကို ဒေးဗစ်ကင်မရွန်းက ရွေးချယ်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အမျိုးသမီး အရေ အတွက် နည်းနည်းလေး သာ ခန့် ထားလို့ အမျိုးသမီးထုဆီက အသံထွက် နေတာကြားမိပါရဲ့ ။ ယခင့်ယခင် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ တုန်းက သူ့ အစိုးရမှာ အမျိုးသမီး ၁၀၁ဦး တောင် ခန့် ခဲ့ ဘူးပါတယ်။ လွန်ခဲတယ် ၁၉၈၀ ခုနှစ်လောက် က ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက တော့ ဗြိတိန်သမိုင်းမှာ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ပြီး သူ့ မ ဖွဲ့ တဲ့ အစိုးရမှာ သူ မအပြင် အမျိုးသမီး တစ်ဦးမှ မခန့် ခဲ့ ပါဘူး။
No comments:
Post a Comment