Monday, 6 January 2014

ON MY OWN

by: ရိုးရိုး
Southbank, UK I was walking down Southbank last night between river Thames and Southbank center. There is a kind of entertainment area. I have been wandering up and down the street since 10pm after getting dumped by my girlfriend. I just wanted to drunk and talk to someone for a while. 

I was so drunk and I am looking for a type of face. The facial type like my girlfriend had. She was from Asian country, coastal region where girls have thin lips, small light dark eyes, high cheekbone, olive skin, big feet, tall and dark hair. Girls from my girlfriend area are very oriental. But to me, they are beauty incarnate, graceful, extra ordinary, glamour, exotic, gorgeous, glamourous and divine. Just like my girlfriend who broke my heart. recently. I kept thinking about her , I could have many girls at my work place who interested me before I met my girlfriend but no one I see can compare to her beauty and I loved her so much.

 It was nearly midnight and the shops are closed. I saw a smile from a street side near the tree. At the time, I thought it's her - my girlfriend. I approached her and everything is the same her light dark eyes, her thin lips and her smile. A single difference is there is a short hair cut on her head.

 I walked to her and greeted . She smiled and sat next to me on the wooden bench. I stroked her cheek and it was really icy cool . I talked to her, she was laughing at my silly jokes. Was so astonished because the way she laughed was exactly the same as my girlfriend. She rested her head on my shoulder.

 There were 2 policemen. They were staring at me. I looked back and told them "What's up officer?".
They looked at each other and said.   "R u ok?" 

Then they came up to me and asked whether I can manage or not. I told them
 "I am fine, I am fine, but this young lady needs to catch the train. I don't think I can walk her. I am a bit drunk and dizzy. Can you help her to reach the station safe?

 "Who?" one of the policeman asked. "I was getting so upset, but in England you have to remain clam . I speak slowly so they can clearly understand,
 "The lady ~next~ to me. Sir"
  He signed and then said
 "Sir, there is no lady" I freaked out.
 "Where'd she go" I asked.
 "There's no lady Sir. You sat alone for half an hour already"

Sunday, 27 October 2013

Time wasting www

ဂနေ့  ဟာဒီကိန်း မုန်တိုင်းရှိသည် တနာရီ မိုင် 80 ဖြစ်နိုင်သည်။ မနေ့  ကတည်းက သတင်းရသည်။ အလုပ်သွားရမည်။  မအိပ်နိုင် လက်ဘက်သုတ်အစားများသွားသည်။ မနေ့ က အလုပ်ထဲ စာရင်းစစ်လာ  သည်။ 98/100 အမှတ်ရသည်။ လက်ထောက် သကောင့်သား လည်ပင်းတွင် ကြောင်လျှာသီး မဆွဲ သဖြင့် ၂ မှတ်လျှော့ ရခြင်းဖြစ်သည်။

စိတ်က ဘလော့ ဘက်ရောက်နေသည်မှာ ကြာပြီပေါ့။  အပျင်းထူးခြင်း ကြောင့် သူများတွေ ရေးသမျှကိုသား သွားဖတ်မိသည်။ ကွန်းလဲ မမန့် ရဲ မိမိလို မတောက် တစ်ခေါက်သမား မန့် ခြင်းကို သူများ ဟားစရာဖြစ်မှာ စိုးသည်။  ဘုရင်မကြီး မြစ် ကလေး မွေးထားတာ ၃ လ ကြာပြီ။ 23 ရက်နေ့ ခရစ်ရှန်းနင်း လုပ်သည်။ ကလေးက ဝဝကစ်ကစ် ချစ်စရာ တစ်တုံးတစ်ခဲကြီး ဖြစ်သည်။ သူ အမေ အတော်ချောသည်။

ယူအက်စ်မှ  ရီရယ်လတီ တီဗွီရှိုးမှ  လုံးကြီးပေါက်လှ ညီအမများအကြောင်း ကြည့်သည်။ သူ့ ကလေးနာမည်ကဆန်းသည် ( နော့သ်ဝက် ) အနောက်မြောက် ဖြစ်သည်။ အခုတော့ ပျင်းသွားပြီ video vault ကြည့်ကောင်း သည်။

လက်မောင်း  ကြွက်သား များထွက်လာရန် တလောတုန်းက အလေးမသည်  2ကီလီလို ကို  ယက်ကန်  ယက်ကန် ဖြစ်နေသဖြင့် ခဏတော့  လက်လျှော့  ထားလိုက်သည်။

ဖေ့စဘုတ်က သတင်းစုံသည့် ဟုတ်တာကော မဟုတ်တာကော  အများကြီး ဝေဘန်ရေး လေကန်ရေး တွေအများကြီး သတင်းတွေ  များလွန်း  အားကြီးတော့ ဟုန် သည်။ ဟုန်သည် ဆိုတာ  (ငါးသိုင်းများသဖြင့် ဟင်းဟုန်သည်) လို့ အဓိပါယ် ဖွင့်ပါ။ သိပ်တော့နားမလည်။

အငံအတော်များသည့် လက်ဘက်သုတ်ကို  ထိုင်စားရင် ဒီစာကို ရိုက်နေသည်။ ကိုယ်သုတ်သည် လက်ဘက်သုတ် ကိုယ်ဘာသာကို မကုန်ကုန်အောင် ထိုင်စားရမည်။ မနက် 6နာရီထိုးပြီ အလုပ်သွားရမှာမို့ မအိပ်တော့ တနင်းဂနွေ နေ့ ရထား က စိတ်မချရ။

နေ့ လည်စာအတွက် စိတ်ပူမိသည်။ အလုပ်နားတွင်ရနိုင်သော အစားအသောက်များမှာ၊ ဝါဆာဘီ၊ ဘာဂါကင်း၊ မက်ဒေါနယ် ၊ခြစ်ကန်းကော့တေ့၊ ခါးပတ် ဒါတွေအားလုံး ဟဲလသီးမဖြစ်။ ဆလာဒ်ဆိုင်းက အလုပ်ရှေ့ နားတွင်ရှိသည် ဒါလဲစားရတာ ညီးသွားဘီ။ ဝါဆာဘီ ကတော့ မဆိုး။

အိမ်အပြင်မှာ လေပြင်းတိုက်သံစကြားရပြီ။ ဂနေ့ သတိထား သွားရမည်။


Sunday, 24 March 2013

အိမ်

အရင်တုန်းက အိမ်ကလေးဟာ အရိပ်မရှိတဲ့ နေရာလေးမှာ နေအတော်ပူလွန်းလို့  အရိပ်ရအောင် ရသမျှ အပင်တွေ အကုန်စုပြီး အိမ်ပတ်လည် စိုတ်ခဲ့ရတယ်။ အပင်မျိုးစိတ်တွေ ကတော့ အေစုံ။ စွယ်တော်ပင်က တင့်ကားတပ်အပြင် က အပင်ပေါက်လေး ကလေးတွေ ကို သေချာတူးယူ ပြီး ဈေးနောက်ဘက်က စပါးစက်က ထွက်တဲ့  ဖွဲပြာ နှင့် သံမြေကိုစပ် ငါးကန် အသွား မြေ နီ လမ်းမှာ နွားတွေပါချပြီး ချောက်နေတဲ့  နွားချေးခြောက်နဲ့ ပေါ့။ အရိပ်ရမြန်အောင်လို့  စိုက်ကောင်း မစိုက်ကောင်း နားမလည်ဘဲ ဘုရားကြီးနောက် က ကုတ်ကို ပင်ပေါက် တူးယူပြီးစိုက်တာဖြစ်တယ်။ ရေချိုးတဲ့နေရာ အရိပ်အမြန်ရဖို့ ကအဓိကလေ အရိပ်ရပြန်တော့လဲ အပင်က အကြီးမြန်လွန်းအားကြီးတယ်။ ရေတုန်ကင်နားမှာ စွယ်တော်ပင်လေး ဟာချိနှဲ ချိနှဲ ကြီးလာခဲ့တယ်။ အဖွားဆုံးတော့ ဒီအပင်လေး က ခါးကျော်ကျော် ရင်စို့ လောက်အမြင့် သာရှိအုန်းမယ်။ ဆင်လိပ်ပြာကြီး တချို့ နားဖူးတာ ကိုကြည့်တိုင်း ငါ့အဖွား ကို ဇီးကွက်ဖြစ်နေတယ်လို့ ပြောတဲ့ ဘာမှန်းမသိတဲ့ အသက်ကြီါးကြီး cousin ငါ့အဖွားရဲ့ မြေးမ ကို သွားပြီး သတိယ တယ်။ သရက်ပင် တွေကတော့ အစုံဘဲပေါ့။ သူငယ်ချင်း တင့်ကားတပ်ရှေ့  ရပ်ကွက်မှာနေတဲ့ သူငယ်ချင်းခြံကကော၊ ဆပ်သွားတောက သူငယ်ချင်း ခြံကကော။ ဆပ်သွားတော ဘုန်းကြီးကျောင်း ရှေ့ မှာပေါက်နေတာ ရော အကုန်အစုံဘဲ။ လယ်မြေ ကျစ်ခဲကို ငါ့ magic နည်း နွားချေ့း၊ဖွဲပြာ၊သံ mix လုပ်ပြီး ဒီအပင်တွေ ပျိုးခဲ့  တာ အဲ ဒီတုန်းက သဲဝယ်ဖို့  ဈေးသိပ်ကြီးတယ်။ သူငှေးတွေကတော့ ကွန်းဒေါင်းနဲ့  တိုက်ပြီးခြံထဲ ဖို့ ကြတာကို။ ပိန်း နှဲ ပင်ကတော့ မျိုးစိတ်မမှန် ပင်မသန် ခဲ့ဘူး ခုတော့ သေပြီထင်ပါရဲ့  ။ အမြင်ကတ်စရာကောင်းတဲ့  အုန်းပင်ကတော့ ငါရှိတုန်း မသီးခဲဖူး ခုတော့သီးလွန်းအားကြီးလို့  ငါ့အမ ပေါ်တောင် အသီးပြုတ်ကျတာ ကံကြီးပေလို့  အများကြီး အနာတရ မဖြစ်ခဲ့တာ ဘုရားမလို့ ။ ငါရှိတုန်းက အုန်းပင်သန်အောင် ဆားလဲကျွေးခဲ့ပါရဲ့  ။ ပြာလဲပုံပေးခဲ့ဖူးပါရဲ့ ။ အသီးကိုမစားခဲ့ရဘူး။ လက်ပေါက်ကပ်တာကတော့ ဗူးပင်ဘဲ ငါ့တို့ အဖေ မကြာမကြာစိုက်တာပါ။ အညွန့် တော့ မုန်းအောင် စားရခဲ့ရပါတယ်။ ငါစိုက်တိုင်း အမြစ်မဖောက်နိုင်လို့  နည်းနည်းတက်လာ ရင်သေ ကုန်တာဘဲ။ ငါစိုက်တဲ့ နေရာကလဲ အိမ်နောက် ပန်းကန်ဆေးတဲ့ နေရာနားလေ။ အခုရွဲယိုပင်ရှိတဲ့ နေရာ နားမဟုတ်လား။ မြေ သိပ်မသန့် လို့  မရှင်ဘူး။ အဖေ စိုက်တဲ့  နေရာက အိမ်ရှေ့  သပြေပင်စိုက်တဲ့ နေရာနား မို့ မြေကောင်းတယ်။ သရက်သီးတွေစသီး သရက်ဖူးဖူးတော့  ပျော်လိုက်ထာ။ အိမ်ပြင်ဆောက်တော့ သရက်ပင်တွေကြားထဲမှာ ယာယီ အမိုးအကာနဲ့  ငါတို့ တွေနေတုန်း သူခိုးလာခိုးတယ် ဒန်အိုးဒန်ခွက် ခိုးတာနဲ့ တူပါတယ်။ မမိလိုက်ဘူး။ မမိလိုက်တာဘဲ ကောင်းပါတယ်။ ခေတ်ကြီးရှားပါးတဲ့ အချိန်မှာ သူခိုးလဲ ငါ့ဝမ်းပူစာမနေသာလို့ ဖြစ်မှာပေါ့။ ဘာမှလဲ ပါမသွားဘူးလေ။ win- win situation ပေါ့။ အဲဒီအချိန်က ငါ့ကို မိတ်ဆွေဖွဲ့ ချင်ရင် အပင်မျိုးစေ့ သာပေး ။ အပင်ကောင်းကောင်းလေးသာ ရမယ်ဆိုရင် ဂျီအီး ဆပ်လိုင်းက ငါ့သူငယ်ချင်း အိမ်တောင် နေပူကြီးထဲ သွားတယ် ဆယ်တန်း အောင်စရင်းမထွက် သေးတော့ အားယားနေခဲ့တာလဲပါမယ်။ ခုတော့ ငါ့အရပ်မှာ ဆိုင်ကယ်တွေ ဖွတ်ချက်ဖွတ်ချက် နဲ့ ဆိုဘဲ။ မျက်စေ့ရှေ့ မှာ မွေးတဲ့ ရပ်ကွက်ထဲ ကလေးတွေလဲ လူကြီးတွေဖြစ် လို့ ပေါ့။ တစ်ချိန်က အမြန်ကြီး ပြီး အရိပ်အမြန် ရပါစေလို့  တယုတယ ရှင်အောင် စိုက်ခဲ့ရတဲ့  အပင် တွေလဲ ခုတော့ အရိပ်များလွန်းအားကြီးလို့  မမကြီးရဲ့  ဒါးသိုင်းနဲ့ တောင် ရှင်းပစ်လိုက်ရတယ်ဆိုဘဲ။ ရေခဲသေတာထဲက ရေအေးနေမှ ဖြစ်မယ်တဲ့  ဒါမှ အိမ်ရှေ့ မှလှုထားတဲ့  ရေအိုးဟာအေးပြီး လမ်းသွားတဲ့  လူ ရဟန်းတွေ အမောပြေသောက် သုံးလို့ ရမှာတဲ့။ တော်သေးပြီ
ဒီပြန်ရောက်ပြီး နောက်တစ်နေ့ နား နောက်တစ်ရက် အလုပ်ပြန်ဝင် ကိုယ်မရှိတုန်း အလုပ်မှာမထင်မှတ်တာတွေ ဖြစ် စိတ်မကောင်း ဝမ်းနည်းစွာ နှင့် လုပ်ဖော်ကိုင်ဖက်(လက်အောက်ငယ်သား)ဆိုမလား တစ်ယောက်ရဲ့ မရိုးသားမှု့ ကို CCTV ပုံရိပ်အရ eye သက်သေလုပ်ခဲ့ရ လူစားထိုး မရခင် အတော်ပင်ပန်း။ နောက်တစ်ယောက် ကို အလုပ်ခန့်  တော့ သင်ပေးရတာ စိတ်အရမ်းမော စိတ်ကို အတော်ချုပ်တည်း။ အသက် ရ လာပြီဆိုပေမဲ့ သည်းခံစိတ်ကို မနည်းမွေးယူရ။ အရှိအရှိ အတိုင်း ပြောရင် လူမုန်းခံရ စိတ်မရှည် တစ်ဦး နှင့်တစ်ဦး လေ့လာမှု မှတ်သားနိုင်မှု အတော်ကွာတာ သတိထားမိ။ မညူစူ ဖြစ်အောင်မနည်းသတိထား စိတ် စိတ် အတော်ကို အကုသိုလ်များတဲ့ စိတ် အိမ်က ပါလာတဲ့ အစားလေး တွေ ညတိုင်း ထုတ်စား။ ရောက်ကတည်းက အခြောက်အခြမ်း လေးတွေနဲ့  မာလာ သုတ် တွေထုတ်ပြီးတော့စား။ မာလာ ဟင်းဆိုတာ အတော်ဆန်း ။ အနှစ်က အတော်ကောင်း ဆားတော့များတယ် ဘာနဲ့ လုပ်ထားမှန်းမသိ။ နှမ်း ထောင်းလဲပါသလိုဘဲ။ ငြုပ်သီး အနှစ်လဲပါတယ်။ ပဲဆီလား နှမ်းဆီလားမသိ မွေးတာတော့မွေး သည်။ အထဲက အမဲရောင်နဲ့ အဖြူရောင် ခေါက်ဆွဲတွေက အရမ်းတာမယ်။ မာမာကြီးလဲ ဝါးစားပြစ်တာဘဲ နူးအောင်ပြုတ်ဖို့ လိုမှန်းမသိ။ ဗိုက်ဆာရင် ကျောက်ခဲတောင် အစာကြေ နိုင်တာကို။ အရင်က တော့ တစ်ခါစားဖူး။ မသိတော့ ဟင်းချိုထင်ပြီး ရေအများကြီးထည့်စားတော့ မကောင်းဘူးပေါ့။ ဒီပြန်ရောက်တော့ အချို မှုန့် နဲ့ ပြန်ညား။ ဟိုမှာ အတော်လေး ကျန်းကျန်းမာမာ နေခဲ့ရတာဘဲ။ လမ်းလဲလျှောက်လို့ ရတယ်။ ချွေးလဲထွက်တယ်။ အစားတွေလဲ အများကြီးကောင်းတယ်။ အခုကျတော့ အအေးလှိုင်းမိနေ လူလဲ ကျုံဝင်မတတ်အေး။ မနက် ၆နာရီခွဲကျော် အိမ်ကထွက် အလုပ်သွား။ အလုပ်က ၁၄ နာရီ ကွန်ပျူတာရှေ့ ထိုင်နေရတဲ့ အလုပ် ထိုင်ရလွန်းလို့  ဂျွတ်တက်နိုင်တယ်။ ထိုင်နေပေမဲ့  မျက်စေ့ နား လက် သတိအမြဲထားနေရတဲ့ အ လုပ်။ ငွေတွေ တော်တော်များများကိုင်ရတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ငွေတွေ မဟုတ်။ ည ၁၀ နာရီ ၁၅ မိနစ် အလုပ်ပိတ် အိမ်ကို ၁၁ ခွဲလောက်ရောက် ကြောင်ကို ကြက်သားနွေးကျွေး လူစာ အခြောက်အခြမ်းထုတ်ဖွင့် ထမင်းနွေး ညစာ နည်းနည်းစား ခနနေ အိပ်ရာဝင် မနက် ၆နာရီခွဲပြန်ထ နောက်တစ်နေ့ အလုပ်သွား ပျော်လို့ နေနေသလား မေးရင်တော့ မပျော်ဘူး။ တော်ရာနေရာဆိုတာလဲ တကယ်တော့ adjustment တွေ အများကြီးလုပ်ခဲ့ရတာ။ ဘယ်မှာပျော်သလဲ ဆိုတော့ ဘယ်မှာမှ မပျော်ဘူး လူတိုင်းနဲ့ လဲ ကြာရှည် မတည့်နိုင်ဘူး။ နားသိပ်မကြားချင်ဘူး လူတွေ စကားပြောတာ တိုးနေတယ်လို့  ခံစားရတယ်။ နားလေးနေပြီလို့ ထင်တယ်။ သွားကတော့ ပြင်သင့်သလောက် ဟိုမှာပြင်ခဲ့တယ်။ တော်ပါပြီ ဒီကိုယ်ခနာ စက်ယနးနယားကြီး ကို ခုလောက် ချောဆီထည့်ပြီး လည်ပတ်လို့  ရနေသေးတာ ကံကောင်း။ ခေါင်းမွှေးဖြူ တာလဲ ကြာပေါ့။ ဒီအသက်နဲ့ ဒီလောက်ကျန်တာ ကံကောင်းလို့  ကိုယ်ထက်ငယ်သူတစ်ချို့  သေကြပြီ။ မနေ့ က အသိ ဟောင်းတစ်ယောက် ဆုံးတာမြေချ သတင်းကြား မသွားဖြစ် အလုပ်ရှိ သွားလဲ ကိုယ့်ကိုလူတွေ သိမှာမဟုတ် ။ ဒီနေ့ နား။ ခနနေ စားဖို့ အစားရှာထွက် ရမည် ဘာ့ကြောင့်မှန်းမသိ ဘလော့ဂ်ပြန်ရေးချင်စိတ်ဖြစ်။ ချရေး သတ်ပုံကတော့ ဒီတသက် မမှန်တော့ပါဘူး။ မပြင်တော့ဘူး ။

Sunday, 16 December 2012

Doomy Gloomy Weather and Mid live Crisis

by : ရိုးရိုး

Winter is here; the darkness, some sharp frozes, snow fall and minus temperature all are telling you. That is the weather. The weather in here in the United Kingdoms. Like everyone , I have been trying to land my next job without any success. In fact, I am seriously considering about my age. Getting old is no fun at all. As you all know that there are too many things which older people can not able to cope it or handle it . In fact, I do not have enough time to sit in front of computer to brouse vacancy advertisements. Talking myself to every possible solutions that I can think of. I actually seriously considering to quit and not work for a while. However financial situation will not allowed to do so. My wife who works in the State is ready to accept me. I am sure she would never even crossed her mind. However I can not just dish my two sons, 3 step children and their education here. . I think both my employer and myself are running out of patience of the situation. Too many responsibilites I can not to bear as the old days. Well do you think my story is mid life crisis of a family. I will call this boring life. As Mr Benjamin said, we are stuck. Yeah, we all are

Sunday, 6 May 2012

''My pain may be the reason for somebody's laugh, but my laugh must never be the reason for somebody's pain.'' by: Charlie Chaplin စာမရေး ဖြစ်တာ အတော်လေးကို ကြာခဲ့ ပါပြီ။ စိတ်ထဲမှာ ရေးစရာ လေးတွေ တစ်ချက် တစ်ချက် ပေါ်လာပေမဲ့ ။ ရှားရှား ပါးပါးရတဲ့ နားရက်အချိန်မှာ အဝတ်လျှော်၊ အစားချက် ၊ ကျန်းမာရေး အတွက် လမ်းနည်းနည်းလျှောက် ဒါတွေ နဲ့  လပေါင်းများစွာ ရှုပ်နေလို့  ဘလော့ဂ် ကို လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။ ဘလော့ဂ် ကိုဖွင့်ကြည့်မိတိုင်း guilty ဖြစ်မိပါတယ်။ ဘာ့ကြောင့် ဖုံမခါမိသလဲ။ ဘာ့ကြောင့် ဒီတိုင်းပြစ်ထား ခဲ့သလဲ ဆိုတာ တွေ ကတော့ reason အမျိုးမျိုး နှင့်ပါ။ အပေါ်က ချာလီချက်ပလင် ပြောတဲ့ စာသားလေး တစ်ခုအကြောင်းလို တိုက်ဆိုင်စွာ ပြောချင်လို့ ပါ။ ငါရဲ့ နာကျင်မှုများ ဟာ တခြားသူတွေ အတွက် ဟာသ ဖြစ်နိုင်ပေမဲ့ ။ ငါရဲ့  ရယ်မောခြင်းဟာ သူများတွေ ရဲ့ နာကျင်မှု ဘယ်တော့မှ မဖြစ်စေရဘူးတဲ့။ ချာလီချက်ပလင် ဟာ သူတော်ကောင်း စိတ်ထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူဟာ လူတွေကို ငပေါကြီးတစ်ယောက်လို ဘောင်းဘီပွပွကြီးဝတ်။ နှတ်ခမ်းမွှေး ကားကားကြီးတပ် ခြေခွင်ခွင်နဲ့ လမ်းလျှောက်ပြီး ဟာသနဲ့ တင်ဆက်တယ်။ လူတွေ ရီကြတယ်။ တပါးသူ တစ်ယောက်ကို အပြုံးတစ်ခု ပွင့်လာဖို့ ဆိုတာ လွယ်တဲ့ မဟုတ်ဘူးနော်။ မွန်းကြပ်နေတဲ့  အချိန်ရှားပျါးနေတဲ့ ခုလို ခေတ်ကာလကြီးမှ လူတစ်ယောက်ကို ဟက်ဟက်ပက်ပက် ရီ နိုင်အောင်လုပ်ဖို့ ဆိုတာ ပါရမီ ရှိမှဖြစ်မယ်။ လောဘဒေါသတွေ နဲ့ လောင်မြိုက်ကျင်လည်နေတဲ့  ဘဝကြီးမှ လအကြီးကြီးသာတဲ့ နေ့  ၊ နေလုံးကြီးတဖြေးဖြေးဝင်သွားတဲ့  ညနေတို့ ကို မရှုစားဖြစ်ခဲ့ ကြာလှပေါ့။ လပြည့်နေ့ တောင် ဥပုဒ်သီလ စောင့်ရမယ်ဆိုတာ ခေါင်းထဲ မထားနိုင်တဲ့ ဒီဘဝကြီးကို စိတ်ရှုတ်မိနေပြီ။ ဘဝကို ညည်းငွေ့  လာ တယ်ဆိုတာ အခုကြုံနေရပါပြီ။ မနက်စောစော ထ၊ ဘူတာရုံပြေး၊ ရထားစီး၊ မြေအောက်ရထားစီး၊ အလုပ်ရောက်၊ သတင်းစာဖတ်၊ သတင်းစာနံရံမှာကတ်၊ ပိုက်ဆံရေတွက်၊ နောက်လူလာ နေရာချ၊ပိုက်ဆံခွဲပေး၊ ဖုန်းဆက်၊ လက်ဘက်ရည်ဖျော်၊ ဘရိတ်တိုင်းဇယားချ၊ နောက်တစ်ပါတ် အချိန်ဇယားဆွဲ။ ပိုက်ဆံနည်းရင် ဘဏ်ကိုပြေး၊တခြား ဌာနတွေကနေချေး၊ ည အလုပ်သိမ်းချိန်ရောက် ပိုက်ဆံရေ၊ သော့ခတ်၊ဘူတာရုံပြေး၊မြေအောက်ရထားစီး၊မြေပေါ်ရထားစီး၊ အိမ်ရောက်ညစာစား၊တန်းအိပ်၊ မနက်ထ ဘူတာရုံပြေး ဒါဘဲနော် ။ ရထားပေါ်မှာ ဖဲချပ်ဆော့ ၊ ဒါမှမဟုတ် မျက်စေ့ပိတ်ပြီး သီချင်းနားထောင်။ ကိုယ်ဘေးနားမှာ ဘယ်သူတွေ တက်လာသလ။ ဆင်းသွားသလဲမသိ၊ တခါတခါ အိပ်ပျော်ပြီး ဘူတာကြော်စီး ။ ကိုင်းဘဝ ဘာများထူးဆန်းသလဲ။ တခါတခါ ဘုရားတစ်ခုခုဘေးမှာ ငြိမ်ငြိမ်လေးထ်ုင်ပြီး ရှုပ်ထွေးနေတဲ့ စိတ်ကို ရှုမှတ်ချင်လာတယ်။ ဘာသာတရားလုပ်ချင်လာတယ်။ မနေ့ က ကဆုန်လပြည့်နေ့  လပြည့်တယ်ဆိုတာ ကိုတောင် သတိမထားနိုင်တဲ့ ဘုရားစူး ဗုဒ္ဓဘာသာ စစ်စစ်ပါ။

Wednesday, 15 February 2012

Ginger Boy

မနှစ် က နွေရာသီမှာ သူတို့  Gypsy ၂ ကောင် အိမ်နောက် မီးဖိုချောင် တံခါးမှာ အစာလာ စားကြတယ်။



အပေါ်က Ginger guy ကတော့ နည်းနည်းဝ ပြီး အောက်ပုံက မောင်ကျားနဲ့  မတည့်ဘူး။ သူတို့ ၂ကောင်လုံး လေလွင့် ကြောင် တွေဖြစ်လို့ လူတွေနဲ့ သိပ်မယဉ်ကြဘူး ။ ဒီလိုနဲ့  ...........

နည်းနည်း ပိန်တဲ့ မောင်ကျားဟာ အိမ်ထဲကို ဝင်ခွင့်ထွက် ခွင့်ပါမစ်အပြင် အိမ်ထဲက ဖိနပ်ချွတ်တဲ့ နေရာနဲ့  မနီးမဝေးမှာ အိပ်စရာနေရာလေးတစ်ခု ရလာတယ်။

ကြောင်ရည်နည်းနည်း ပိုလည်တဲ့ မောင်ကျားဟာ အိမ်ခံကြောင် ၂ကောင်နဲ့ တည့်တော့ သူလာတိုင်း အိမ်တံခါးဖွင့်ပေး အစာကြွေး အိပ်စရာနေရာပေး အပြင်ထွက်ချင်ရင်ပေးထွက် နဲ့  သူ့ အတွက် အလုပ်တစ်ခု ရလာခဲ့တယ်။ သို့ သော် အရိုင်းတို့ ထုံးစံအတိုင်း တစ်ခါတစ်လေ လူကို ကုတ်ချင်တယ်။ လန့် ရင် self defence လိုမျိုးပေါ့။ သို့ သော် တစ်နေ့ မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။

နည်းနည်းပိုစွာတဲ့  မိုက်တီး Ginger boy ဟာ တစ်နေ့ တော့ အစာစားပြီး မပြန်တော့ ဘူး။ အိမ်နောက်နားမှာ ရစ်သီရစ်သီနဲ့  မီးဖိုတံခါးဖွင့်တိုင်းတွေ့  နေရတယ်။ နည်းနည်းရိုင်းတော့ အိမ်ထဲ မဝင်ပါဘူး။ အစာစားနေတုန်းတောင် သူ့ နောက်ကျောကို သပ်ရင် ပြန်ပြီး ခွီးဆိုလုပ်ချင်တယ်။ အိမ်က လူတွေက သူနေစရာ အိမ်လေးတစ်ခု ဆောက်ပေးလိုက်တယ်။ အိမ်နောက် တံစက်မိတ်လှေကားနားမှာ မပြန်တော့ဘူး။ အဲဒီမှာနေတယ်။

ရန်စွာကောင် ဟာ တစ်ဖြေးဖြေး အစားတောင်းတတ်လာတယ်။ မီးဖိုထဲမှာ ထမင်းစားရင် ခြေထောက် ကိုလာလာပွတ်တယ်။ Iceland ကချက်ပြီးသား ကြက်သားထုတ်လေးကို နွေးကျွေးရင် သိပ်ကြိုက်တယ်။ ဒါနတစ်ခု ပြုတာမျိုးဖြစ်လို့  သူကြိုက်တတ်တာလေး မပြတ်အောင် ဝယ်ထားဖြစ်တယ်။


ည အလုပ်က အပြန်ထမင်းနွေးရင် ဒီကောင့်အတွက် ကြက်သားတုံးလေးတွေ လဲ သီးသန့် နွေးဖြစ်တယ်။ လူအစာစားရင် သူလဲစားချင်တယ်။ ကြည့်ရတာ အနီးနားက ဘီယာဆိုင်တွေမှာ အမြည်း တောင်းစားနေကြ ကောင် ဖြစ်မယ်။

ဒီလိုန့ဲ သူမပြန်တော့ဘူး။ ဒါပေမဲ့  အပြင်ခနခနထွက်ပြီး လမ်းရှာတယ်။ အိမ်ပြန်လာရင် တစ်ခါတစ်ခါ လှေခါးထပ်ကနေ ထွက်ကြိုတတ်တယ်။ အိမ်မှာ ရှိတဲ့  အိမ်ကြောင် ၂ကောင် ကို ကိုင်ရင် မနာလိုတတ် သိသိ သာသာ ရှောင်ဖယ် ရှောင်ဖယ် စောင်းငန်း စောင်းငန်း လုပ်တတ် လာတယ်။



တရုတ်နှစ်ကူး မတိုင်ခင်မှာ Taddy Bear အကြီးကြီးတစ်ကောင် အလုပ်ကနေ လက်ဆောင်ရထာ တယ် မြေအောက်ရထား တဆင့် နဲ့ မြေပေါ်ရထား ပါစီးပြီး သယ် ရတာ ရှက်ပေမဲ့ ဒီကောင်များ ကြိုက်မလား လို့  သူများတွေ ပြုံးစိစိ လုပ်တာ ကို မျက်နှာလွှဲပြီး သယ်လာခဲ့တယ်။ ဒါပေမဲ့  ဒီကောင်ကြိုက်ပုံမပေါ်ဘူး။ မနေ့ ကတော့ အရုပ်ကို နည်းနည်းယဉ်သွားလို့ ထင်တယ်။ တစ်ရှုံရှုံ နမ်းကြည့်တယ်။ အိမ်က ကောင်တွေနဲ့  တော့ သူက ခပ်တန်းတန်းနေတယ် ။ ကိုယ့် အထာနဲ့ ကိုယ် ပေါ့။

အိမ်ခံ မဟုတ်ပေမဲ့  နောက်မှ ပေါက်တဲ့  Ginger boy ကို အိမ်ကလူတွေ က ခင်ကြတယ်။ သူ့ ဧရိယာ ကျော်လာရင်တော့ လက်ခံမှာ မဟုတ်ဘူးနော်။ အခုဆိုရင် ကျောကုန်း ကိုင်ရင် မေးစေ့ပွတ်ရင် လက်ခံတယ်။ အခု တော်တော်ယဉ်ကျေးလာပြီး ချစ်စရာကောင်းလာတယ်။

Tuesday, 7 February 2012

Somebody that I used to know

ယူကျူ့ မှာမြင်ခဲ့တဲ့ ဗွီဒီယိုလေးပါ။



အပေါ်က ဗွီဒီယိုကတော့ မူရင်းအဆိုတော်ရဲ့  Art creation ပါ ပြီး အခု အောက် က ဗွီဒီယိုကတော့ လူငါးယောက် က ဂီတာ တလက်တည်းကို တီးခတ်ထားတာဖြစ်ပါတယ်။ ဗွီဒီယို ၂ခုလုံးကိုယှဉ် ကြည့်လိုက်တော့ ၂ လုံးကောင်းနေလို့  ၂ခု လုံးတင်လိုက်ပါတယ်။

စာဖတ်သူတို့  လဲကြိုက်ကြမယ်လို့  ထင်ပါတယ်။


စာသားလေးတွေ ကတွေက တော့ ဒီလိုပါ။


Now and then I think of when we were together
Like when you said you felt so happy you could die
I told myself that you were right for me
But felt so lonely in your company
But that was love and it's an ache I still remember

You can get addicted to a certain kinda sadness
Like resignation to the end, always the end
So when we found that we could not make sense
Well you said that we would still be friends
But I'll admit that I was glad it was over
But you didn't have to cut me off
Make out like it never happened and that we were nothing
I don't even need your love, but you treat me like a stranger
And that feels so rough

No, you didn't have to stoop so low
Have your friends collect your records
And then change your number
Guess that I don't need that though
Now you're just somebody that I used to know
Now you're just somebody that I used to know
Now you're just somebody that I used to know
Now and then I think of all the times you screwed me over
But had me believin it was always something that I'd don’t
But I don't wanna live that way
Reading into every word you say
You said that you could let it go
And I wouldn't catch you hung up on somebody that you used to know-oh-oh
But you didn't have cut me off
Make out like it never happened and that we were nothing (oh)
I don't even need your love, but you treat me like a stranger and that feels so rough
(oh)
No, you didn't have to stoop so low
Have your friends collect you records
And then change your number (oh)
Guess that I don't need that thoughNow you're just somebody that I used to know
Somebody that I used to knowSomebody (now your just somebody that I used to know)
That I used to knowSomebody that I used to knowSomebody (somebody)that I used to know
I used to knowThat I used to knowI used to knowSomebody

Friday, 13 January 2012

မင်္ဂလာရှိသော ဒီနေ့ 

ဒီနေ့ ဟာ မင်္ဂလာရှိသော နေ့ တစ်နေ့  ဖြစ်ပါတယ်။
နေရောင်ခြည်တွေ ဟာ နွေးနေပြီး။
အချုပ်အနှောင်ခံနေရတဲ့  ငှက်ကလေးတွေ ဟာ သူတို့ ကျင်လည်ကျက်စားရာ မိုးကောင်းကင်ပေါ် ကို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့  နေ့ လဲဖြစ်ပါတယ်။
အနာဂတ်ရောင်ခြည် လင်းလက်လာတဲ့  နေ့ ဖြစ်ပြီး လူတိုင်းရဲ့ ရင်ထဲမှာ လွတ်လပ်ခြင်း၊ မျှော်လင့်ခြင်း၊ တွေ အပြည့်နဲ့  အနာဂါတ်ကို ရင်ဆိုင်ဖို့  ခွန်အားတွေ ပြည့်လာတဲ့  နေ့ တစ်နေ့ ဖြစ်ပါတယ်။
ရွှေ မြန်မာပြည် ရေ မင်္ဂလာပါ။

Sunday, 27 November 2011

India Talent Show

India Talent Show ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ Warriors of Goja ဆိုတဲ့ အဖွဲ့ ရဲ့  တင်ဆက်မှုပါ ။ Talent လို့ ပဲ ပြောရမလား ၊ မိုက်ရူးရဲတယ် လို့ ပဲ ပြောရမလားတောင် မသိတော့ဘူး ။

"သွေးသံရဲရဲ မကြည့်ရဲ သူများ မကြည့်သင့်ပါ"