Showing posts with label Politic and news. Show all posts
Showing posts with label Politic and news. Show all posts

Friday, 15 April 2011

(((Definately not for wounded Burma!!!))))

In many countries, young people have to serve in militaries for several years. Nowadays, in our home country, the new government planning to practise a compulsory Military Service for young generation. In that case we need to consider whether compulsory military services is benifit or not for everyone.

In general, this policy is good for individuals however it is not suitable for all nations and people.

Military is the place where young people eat together, train together, share hostel together and learn together. Youths can earn huge knowledge of how to behave and how to work as a team after successfully accomplished military trainings. Moreover, after leaving military trainings, most of the soldiers will have built up brotherly relationship.

Advantages are

-mentally more mature

-physically stronger

-get the ability to control emotion.


Therefore soldiers will have more self confident to deal with difficulties in their life and will be treasures in memories about the experience in the trainings.

But the policy is not suitable for all countries for instance my country (Burma) we have more than enough military forces for 55millions of population. I don’t really think it is a good policy for Burma. Burma needs to rebuild all system especially Health & Education. Can you imagine how much money did Burmese government spend for health? I bet it is not more than £2 per year for each people. I would not even cover immunization vaccine.

Let's think about reality and forget about politics. Do we really need to reinforce military? Some other countries need to reinforce their military because their enemies tend to be their neighbours for instance Israel. They have to defend their small land because neighbours are attacking their mother land. Look at our country, neighbours like China adores us as far as we let them do their business. Thailand, their economy is totally depending on our resources. They got cheap labours and raw materials from our country. Even India, they won’t even think to attack us. So what is the point to recruit more soldiers? We have more than enough soldiers to defend our mother land.

Our country is built by various ethnic groups. We are the same, we all represent our country, and we should have the same rights and chances for every States and Divisions. Nowadays, we kill each other rather than love each other. I read on the news everyday about my country. Every time, I wish not to see causalities, homelessness, starvation, poverty and mild nutrition. I wish our people are not suffering from civil wars. When will the fighting be over? Why military forces and ethnic armies kept fighting rather than building up good relationship?

Well, I personally think that military service is very effective for all young generation, but we should seriously consider the needs of our country and individuals therefore I want to say this policy is not suitable to adopt for Burma.

Definately not for Burma!!!!!

((((((((Definately not for our wounded Burma !!!!!))))))))


စိတ်ထဲခံစားမိသမျှ ချရေးမိပါသည်။

လွတ်လပ်စွာ ကွဲလွဲနိုင်ပါသည်။

သတ်ပုံ၊ဝါကျတည်ဆောက်ပုံ အမှားအယွင်းများရှိပါက သီးခံဖတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Saturday, 26 March 2011

မြန်မာ စစ်သားတစ်ယောက်အကြောင်း

ပြည်တွင်းစစ် ကြောင့် ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့  မြန်မာ စစ်သားတစ်ယောက်ရဲ့  အတွေ့  အကြုံကို အရှိကို အရှိအတိုင်း တင်ပြထားတဲ့ ဗွီဒီယို တစ်ခုဖြစ်ပါတယ်။ ဦးမျိုးမြင့်ဆိုတဲ့ စစ်သားဟောင်းကြီးတစ်ယောက်ရဲ့  ရိုးရိုးကြီး ရှင်းပြထားတဲ့ ဗီဒီယိုပါ။

မြန်မာစစ်တပ်ကို ကျမ ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။ မြန်မာစစ်တပ်မှာ နှလုံးသားရှိတဲ့ ဝါဒမှိုင်းတိုက်မခံတဲ့ ဦးနှောက်ရှိတဲ့ စစ်သည်တော်တွေ အများကြီးပါ။ ဒါပေမဲ့ စစ်တပ်ကို အုပ်စိုးတဲ့  အာဏာရှင်တွေ ဟာ မတရားအတ္တဝါဒီနဲ့  တိုင်းပြည်ရဲ့  အသွးအသားကို ဝါးမြို ခဲ့တာ ကြာခဲ့ပါပြီး ။

ဒါကြောင့် ဒီမတရား အစိုးရ ဘယ်တော့ ကျဆုံးချုပ်ငြိမ်းမလဲ ဆိုတာကို မျှော်လင့်နေမိပါတယ်။ ဒီပိုစ့်  ဟာ စိတ်လက်ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ ဗွီဒီယို ပိုစ့် တစ်ခု မဟုတ်လို့  စာဖတ်သူတို့ ကို အားနာပါတယ် ဒါပေမဲ့ ဒီ ဗွီဒီယိုလေးကို စာဖတ်သူတို့  ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။ vimeo site ကနေ တိုက်ရိုက် ကြည့်ချင်တယ် ဆိုရင်တော့ http://vimeo.com/21435257 မှာကြည့်ပါ ။


Sunday, 13 March 2011

ဒီနေ့ မတ်လ ၁၃ ရက်



ရင်မှာ အပူလုံး ကြိမ်မီးအုံး သို့ 

ဒီ သမိုင်းဟောင်းက ဒဏ်ရာ
ဖျောက်လို့ ရနိုင် ပါ့မလား။
ဒီနေ့ ဒီရက် ကို အမြဲတမ်း
အမှတ်တရ ရှိနေ အောင်
ဒီလင့်လေး ချိတ်တင်လိုက်ပါတယ်။

လူအချင်းချင်းနှိပ်စက် ခြင်း ကင်းရှင်းကြပါစေ။

Friday, 11 March 2011

ဒါ ဘယ်သူ့ ကြောင့်လဲ

ဂျပန် (အာရှနိုင်ငံ) ချမ်းသာတယ်။ စက်မှုတိုးတက်တယ်။ ခု ဆူနာမီဖြစ်တယ်။ International Aids ကိုချက်ချင်းလက်ခံတယ်။ ကယ်ဆယ်ရေး ကို ချက်ခြင်း လုပ်တယ်။

မြန်မာ (အာရှနိုင်ငံ) ဆူနာမီဖြစ်ခဲ့တယ်။ နာဂစ်မုန်တိုင်းကျခဲ့တယ်။ ဂီရိ မုန်တိုင်းလဲ နှိပ်စက်ခဲ့ တယ်။ International Aids ကို လက်မခံခဲ့ ဘူး။ အထောက်အပံပေးချင်ရင် သူတို့ လက်ထဲက နေ တဆင့်ပေးရမယ်တဲ့။

အစားအသောက်လေးတွေပုံ ပါတဲ့  ဈေး ဆိုတဲ့  ဘလော့ဂ်ပိုစ် http://vistazplanet.blogspot.com/ က တင်ထားတဲ့ပုံတွေကိုကြည့်ရင်း အဖွားအိုတစ်ယောက် ကျုံ့  ကျုံ့ လေး ထိုင်တောင်းနေတာ တွေ့ တော့ မျက်ရည်ကျမိတယ်။

တွေးမိတိုင်း ရင်ထဲမှာ မချိဘူး။ ဒါ့ကြောင့် အားအားရှိ ထမိန်ဝတ် အုပ်ရှောင် ကိုဘဲ လွှတ် ဆဲ ချင်နေမိတယ်။

Tuesday, 1 March 2011

ဂျီမေးအကောင့်များ မတော်တဆ ပျက်စီးသွားခဲ့


ထောင်ပေါင်းများစွာသော Gmail Account များ မတော်တဆ ပျက်စီး သွားကြောင်း ဒီကနေ့  ဘီဘီစီ သတင်းမှာ ဖတ်လိုက် ရပါတယ်။ Inboxes တွေမှာ ရှိတဲ့ မေးတွေ အကုန်ပါ သွားတဲ့သူလဲပါတယ်။ အဲဒီမှာ အီးမေး အသွားအပြန်စာတွေ နဲ့  အရေးကြီး ကွန်ထရက် တွေ အားလုံး ပျောက်ကုန်ပါတယ်တဲ့။

Google ကတော့ ဂျီမေးသုံးစွဲသူ အားလုံးရဲ့  .၀၈% ရာခိုင်နှုံး သာ ဒီလို ပြသနာ ကြုံရတာ ဖြစ်ပါကြောင်း ။ တချို့ အကောင့်တွေကျတော့ လဲ restore ပြန်လုပ်ပြီး ဖြစ်ကြောင်း ၊ Google Company အင်ဂျငိနီယာတွေ ဟာဒီပြသနာကို ပြေလည်ဖို့  restore service အတွက် ကျိုးစားနေခဲ့ကြောင်း ပြောပါတယ်။
Google က ဘယ်လောက် ပမာဏလောက် ပျက်သွားတယ်လို့ တိတိကျကျသတင်းမထုတ်ပေမဲ့ ခန့် မှန်းခြေ user ၁၅၀,၀၀၀ နဲ့  ၂၀၀,၀၀၀ တို့ ရဲ့  အကောင့်တွေမှာ ဒီပြသနာ ကြုံခဲ့ရတယ် လို့ ခန့် မှန်းရပါတယ်။

အကောင့်ထဲက အီးမေး ပျောက်သွားသူတွေ ကတော့  တော်တော်ကို ဒေါပွ နေကြကြောင်း ပြသနာရဲ့ အရင်း အမြစ်ကို သိချင်ကြကြောင်း ဘီဘီစီကို ပြောပါတယ်တဲ့။

သင်လဲ သင့်ရဲ့  ဂျီမေးအကောင့်ကို စစ်ကြည့်လိုက်ပါဦး။

ref: BBC.co.uk/News

Saturday, 26 February 2011

ထမိန်ဝတ် တို့ ရဲ့  ခေတ်ပျက်သူဌေး

အရင် တုန်းက Htoo Htet Treading အခုနာမည် Htoo Trading ပိုင်ရှင် တေဇ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း က ရေခဲတောင်မှာ ဒုက္ခရောက်နေတယ် ဖတ်မိတယ်။ လွန်ခဲ့တဲ့  ၁၉၉၈ မတိုင်မီမှာ သူပိုင်ဆိုင်မှုဟာ ဒီလောက်မများသေးဘူး။ ရန်ကုန်က နေ နယ်မှာရှိတဲ့ ရုံးခွဲတွေ ကို ကား၊ ရုံးသုံးကွန်ပျူတာက အစ စားပွဲကုလားထိုင်အဆုံး ပို့ ချင်ရင် ထူးထက် Trading ကိုဖုန်းဆက်လိုက် ဆိုင်ရာပိုင်ရာတွေ အဆင့်ဆင့် သွားစရာ မလို ဘူး။ တရားဝင်ရော တရားမဝင်ရော စဉ်းစားစရာမလို ဘူး ။ အဆင့်အားလုံးကို သူ့ နည်းသူ့ ဟန်နဲ့ ကျော်ဖြတ် ပြီး ရောက်အောင်ပို့ ပေးတယ်။ ကုလသမဂ္ဂတို့  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ တို့  က သူ့ ရဲ့ service ကိုတွင်တွင် သုံးခဲ့တာသိရပါတယ်။

တေဇ ဟာ ၁၉၆၇ ခုနှစ်မွေးတဲ့ အသက် ၄၀ စွန်းယုံခေတ်ပျက် သူဌေးတစ်ယောက်ပါ။ နွားအဖ ကျေးဇူးကြောင့်သူရဲ့ ပိုင်ဆိုင်မှုအင်ပါယာ တော်တော်ကျယ်ပြန်လာပါပြီ။ သစ်ပွဲစား၊ လက်နက်ပွဲစားအလုပ်အပြင်၊ Air Pagan ဆိုတဲ့  ပုဂ္ဂိုလိကပိုင် လေကြောင်းလိုင်းတစ်ခုအပြင်၊ ခရီးသွား လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း တွေအပြင် ရန်ကုန်ယူနိုက်တက်ဆိုတဲ့ ဘောလုံးအသင်းရဲ့  စပွန်ဆာ လဲဖြစ်ပါတယ်။

ပြောချင်တာ က သူရေခဲတောင်ထဲမှာဒုက္ခရောက်နေတယ်လို့ သတင်းတွေမှာ ဖေါ်ပြတော့ ကျမစိတ်ထဲမှာ အော် ဒါသာမန်ဖြစ်စဉ်တစ်ခုလို အမှုမဲ့ အမှတ်မဲ့ ထားမိပါတယ်။ နောက်ရက်မှာ သူ့ ကို ကယ်ဆယ်လို့ ရပြီဆိုတဲ့ သတင်းကို ဖတ်ရတော့ ကျမစိတ်မှာ ဘာဖြစ်သွားတယ်ဆိုတာကို ရေးချင်တာပါ။

ချီလီ က မိုင်းသမားတွေ ဂူထဲမှာ ပိတ်မိနေတုန်းက သူတို့ တစ်ယောက်စီ ထွက်လာတာ တီဗွီမှာကြည့်ရင်း သူတို့ မိသားစုတွေ နဲ့ တူတူ ရောပျော်မိတယ်။ တေဇ ကို ကယ်လို့ ရတယ်လို့ လဲ ကြားရော ကျမ မုဒိတာ မပွားနိုင်ခဲ့ပါဘူး။ တေဇမှာ လဲ တစ်ခုခုဖြစ်ရင် ပူမဲ့ သူ့ မိသားစု ရှိတယ်။ သူ့ အသိုင်းအဝိုင်းရှိပါတယ်။ လူတစ်ယောက် အသက်ဘေးက လွတ်လာတာ ကို မုဒိတာ မပွားနိုင်လောက်အောင် ကျမစိတ်ဓါတ်တွေဘာဖြစ်သွားပြီလဲ ဆိုတာ တွေးနေမိပါတယ်။

နာဂစ်တို့  ဂီရိ တို့  သဘာဝ ဘေးဒဏ်ထိတော့ သာမန်မျက်နှာမွဲလူတွေ ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်လို့  ပြည်သူပြည်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတယ်။ မျက်နှာကြီးသူဌေး ရေခဲတောင်မှာ ဒုက္ခရောက်တော့ သတင်းတွေကလဲ ဝေဝေဆာဆာ ဖေါ်ပြလိုက်ကြတာ။ ကယ်ဆယ်ချင်နေတဲ့သူတွေကလဲ လက်ကိုယားနေကြတာဘဲ။ ရေများတဲ့ နေရာကို မိုးစွတ်ရွာနေတာ ကို ကျမ တော်တော်အမြင်ကတ်လို့ ပါ။
ဆိုလိုတာက လူချမ်းသား သူဌေးတစ်ယောက်ဒုက္ခရောက်တာကို ကျမ မိန်မိန်ယှက်ယှက် ကြည့်နေကြားနေချင်တယ်။ ဂါရဝ တွေ ဘာတွေ နားမလည်ချင်တော့ဘူး ကိုယ့်မိဘ ထက်တောင် အသက်ကြီးတဲ့ ထမိန်ဝတ် သက်ကြားအို တွေကိုလဲသေစေချင်နေတယ်။ ဒီလိုစကားတွေကို ရင်ဘတ်ချင်းတူတဲ့လူတွေနဲ့  မကြာခဏ ပြောမိကြမှာပါ။ လူတွေအားလုံးက သေစေချင်လောက်အောင် မေတ္တာခံယူ နေတာရတာကို အုပ်ချုပ်သူ ထမိန်ဝတ်တွေနဲ့  လက်ဝေခံ ခေတ်ပျက်သူဌေးတွေ ဘာလို့  မသိချင်ယောင်ဆောင်နေကြတာပါလဲ။ တိုင်းပြည်ကို ခွာချရောင်းစားနေတာ တိုင်းပြည်ကြီးလဲ အပွေးမရှိတဲ့ သစ်ပင်လိုဖြစ်နေပြီ။ ထာဝရဘုရား ဆိုတာ တစ်ကယ်ရှိရင် ဒီလိုလူတွေကို ဒီတိုင်းမထားဖို့  တောင်းဆိုချင်တယ်။ အာလာအရှင်မြတ်ဆိုတာ တကယ်အပြင်မှာ ရှိရင် အမိန့် တော်မှတ်ဖို့  အချိန်တန် ပါပြီလို့ ။ မကောင်းသူဖယ် ကောင်းသူဆယ်ဖို့ ။ Judgement နေ့ ကို ရောက်သင့်တာ ကြာပါပြီလို့  ပြောလိုက်ချင်ပါတယ်။

Wednesday, 2 February 2011

လွှတ်တော်လူကြီးတွေ ရိုက်ကုန်ကြပြီ

ပါလီမန်မှာ ရန်ဖြစ်ကြလို့ လေ ။ လောက်စလုံးတွေနဲ့  ပစ်တာ လူကြီးတွေ ထီးဆောင်းပြီး ကာထားရတယ်။လုံခြုံရေးအတွက် ခေတ်မီ metal detectors နဲ့ စစ်တာ လောက်စလုံးက ရွှံဆိုတော့ မပေါ်ဘူး။ နောက် ဒေါသမထိန်းနိုင်တဲ့ လွှတ်တော်လူဂျီး မင်းများဟာ တစ်ယောက်နဲ့  တစ်ယောက် ဆွဲကုတ်ကြတယ်။ တစ်ချို့ လဲတိုက်ပုံအကျီ ချွတ်ပြီး ဖိုက်ဖို့  အသင့်ပြင်တယ်။ ခုံနှစ်လုံးကို ကျားကန်ကန်ပြီး သူများထုတာကိုရှောင်တဲ့သူက ရှောင်တယ်။ ဖမ်းချုပ် ကူပေးတဲ့သူရှိတော့ လက်ကို လိမ် ပြီး ဖမ်း ချုပ်ပေးတဲ့သူကတမျိုး ။ ဗိုက်သားတွေဘာတွေပေါ်တဲ့  သူကပေါ်လို့  ဒေါသတွေကြီး လိုက်ကြတာနော်။ နောက်လူက ခုံတန်းတွေကို ကျော်တယ်။ နောက် တစ်ယောက်နဲ့  တစ်ယောက် ထုတယ် နှက်တယ်။ ဖျဉ်တဲ့လူကလဲ ဖျဉ်တယ်။ နောက် ပွဲကြမ်းလာပြီး ဖျဉ်တဲ့ သူပါ အနှက်ခဲရတော့ ဘုသွားပြီး မမှီတော့ မှီအောင် တက်ခွ တယ်။ သဘာပတိကြီးလဲ ထီးလေး ကို ကာဗာလေး လုပ်ထားပြီး ဝမ်းဖိုးဖိုး ထုတ် တယ်။ ဝါစိမ်းနီ အလံလေး ကို လစ်တုန်း အိမ်မှာ စားပွဲခင်း မရှိတာနဲ့ အတော်ဘဲဆိုပြီး လူဂျီးတစ်ယောက်က ချုံပြီး အလစ်သုတ် တယ်။ ဟဲဟဲ နွားချေးနဲ့ မီးထွန်း ခိုင်းမဲ့  သကောင့်သားလဲ သူများ ကုတ်ဆွဲလိုက်တာ နှာခေါင်းမှာ သွေးတွေထွက်လို့ လက်ကိုင်ပုဝါလေးနဲ့  ။ လူဂျီးတွေ ဆိုတော့ ထင်း မီးခိုးမှိုင်း တိုက်ပြီး လူစု ခွဲလိုက်ရတယ်။ အင်အား သုံးပြီး မဖြိုခွဲ ခဲ့ရပါဘူး ။ မီးခိုးတွေ အူလွန်းလို့ ကင်မဒါမန်း တွေလဲ အပြင်ကို ကသုတ်ကယက် ထွက်ကုန်ကြပြီ။ ဟိုဘာဒဲ့ ဖွတ်ကြားတို့ အသင်းဆိုလား ကြံ့ မခိုင် ဒူးကွေး လေးကြိုး အဖွဲ့  ဆိုလား အဲဒါတွေ က တော့ တစ်ယောက်နဲ့ တစ်ယောက် မီးခိုးထဲမှာ ကုတ်ဆွဲနေကြတယ် ကားပါမစ် လုတာဆိုလား။

ဟဲဟဲ မြန်မာနိုင်ငံတော့မဟုတ်သေးပါ။ ယူကရိန်းက ပါလီမန် က လိုက်ဖ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။
မနှစ်က ဧပြီလ မှာ တင်ခဲ့တဲ့ ပိုစ့် အဟောင်းလေး ကို modify လုပ်ထားပါတယ်။





ယူကရိန်းဆိုရင် ဘောလုံးသမား Shevchenko (ချက်ချင်းငို .... ကလေးတွေခေါ်တဲ့  အတိုင်း) ကို သတိယကြမှာ ပါ တနေ့ တုန်းက သူတို့ နိုင်ငံရဲ့ ပါလီမာန်မှာ ရန်ဖြစ်ကြသတဲ့။ ဆွဲကုတ်တဲ့သူနဲ့ ၊ ကြက်ဥနဲ့ ပေါက်တဲ့ သူကလဲပေါက် အလံနားမှာထိုင်တဲ့ နာယက ကြီးတောင် ထီးလေးနဲ့ ကွယ်ထားရသတဲ့ကွယ်။ မျက်ရည်ယို ဗုံးနဲ့ လဲပစ်လူစုခွဲတာတွေ့ ရတယ်။...... ပါလီမန် ..... ထဲမှာနော် ။ .... ကလေးတွေ.....လဲမဟုတ်ဘူ ..... ဘောလုံးပွဲ အားပေးရင်း ရန်ဖြစ်တာလဲ မဟုတ်ဘူး။ တော်တော်ကို အရုပ်ဆိုးတာ။ ကြည့်တဲ့ဘေးက သူတွေကတော့ ဟားချင်မှာဘဲ။ လက်သီးနဲ့ ထိုးတာလဲမဟုတ်ဘူး။ ပုခုံးကိုတွန်းတာလဲတွေ့ တယ်။ လက်နဲ့ လွှဲရိုက်တာလဲတွေ့ တယ်။ သူတို့ ဆီက အတိုက်အခံခေါင်းဆောင်က သမ္မတကို ရုရှားလိုလားသူ လို့  စွပ်စွဲတယ် ။ သမ္မတက Sevastopolမှာ အခြေချဖို့  သက်တမ်းတိုးပေး မှာကို မလိုလားလို့ ပြသနာတက်တာဖြစ်ပါတယ်။

Wednesday, 5 January 2011

ရဲဘော် အဟိ

ဘာလို့ လဲ မသိဝူး။ ဒီပုံကိုကြည့်ပြီး ပြုံးချင်လို့ 

အင်္ဂလန် က ကတ်ကြေး အစိုးရ

ဒီနိုင်ငံက အစိုးရ အကူးအပြောင်းက လူတန်းစားပေါင်းစုံကို တော်တော် ဂယက်ရိုက်စေခဲ့တယ်။
ယခင် Labour အစိုး၇ လက်ထက် ဝန်ကြီးချုပ်နေရာမှာ (၁၉၉၇ - ၂၀၀၇) မှာ Tony Blair ၊(၂၀၀၇ - ၂၀၁၀ မေလအထိ) Gorden Brown အုပ်ချုပ်ခဲ့တယ်။ Gorden Brown လက်ထက်မှာကမ္ဘာ့စီးပွားပျက်ကပ်ကို ကမ္ဘာနဲ့ အဝှမ်းရင်ဆိုတာနဲ့ကြုံလာတာမို့  အင်္ဂလန် ဘဏ်တွေမှာ ငွေလည်ပတ်မှု အဆင်မပြေတော့ဘူး။ လူတွေ၊ Company တွေ က ဘဏ်အကြွေးတွေ မဆပ်နိုင်ကြလို့  ဒေဝါလီခံတာမျိုး တွေ လုပ်လာကြတာများလာတာ ကလဲ ဘဏ်တွေ အခက်ကြုံနေရတာဖြစ်ပါတယ်။

ဘဏ်တွေလည်ပတ်နိုင်အောင် အစိုးရက World Bank ကနေ ငွေချေးပေးရတယ်။ ဒါတွေ ရဲ့ ဂယက်ကို လူတန်းစားအသီးသီးခံရတယ်။ တက်လာတဲ့  ညွှန့် ပေါင်းအစိုးရက World Bank မှာ ရှိတဲ့ အကြွေးတွေ အတွက် တန်ပြန်ပြီး လူတွေဆီက အခွန်အတုတ်အများကြီးကောက်တော့ တာပါဘဲ။ များမကြာသေးမီက VAT 17.5% ကနေ 20% ကိုတိုးမြင့်ကောက်လိုက်ပြီတဲ့။ VAT ဆိုတာကတော့ Value Added Tax ပါ ဝယ်တဲ့ item က ဥပမာ £100 ဆိုပါတော့ အရင်တုန်းက ဝယ်သူက £117.5 ပေးရပါတယ်။ ခုတော့ 20% ဖြစ်ပြီမို့  £120 ပေးပြီးဝယ်ရမှာပါ။ ဝယ်သူက ပေးရတာနော်။


ပတ္တရောင်လှည့်တဲ့ ရဲအေ၇အတွက်လဲလျှော့ချတယ်။ ထောင်မှာစောင့်တဲ့ Prision Guards ဦးရေလဲလျှော့ချတယ်။ အစိုးရအလုပ်သမားဦရေကိုလဲလျှော့ချတဲ့ အတွက်ကြောင့် လူတော်တော်များများ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရော။ အရင်ကဆို လူတစ်ယောက်အငြိမ်းစားယူသွားတာမျိုး၊အလုပ်ထွက်တာမျိုး ၊ဆေးပင်စင်ယူတာမျိုးရှိရင် လစ်လပ်နေရာမှာ လူခေါ်နေကျ၊ ခုတော့ ရှိတဲ့သူနဲ့  အပြီးလုပ်ရမဲ့ ပုံစံမျိုးချထားတယ်။ ဘယ်လောက်ထိ ချိုးခြံသလဲဆိုရင် နှင်းတွေ ထူထူထဲထဲ ကျတာတောင် ကားလမ်း မချော်အောင် ခင်းတဲ့  ခင်းစရာ ဆားတို့  ကျောက်စရစ်ခဲ သေးသေးလေးတွေ ကိုတောင် လျှော့ဝယ်တယ်ဆိုဘဲ။ သိပ်မကြာသေးခင်က ဘဲ ယူကေမှာ ထောင် မီးလောင်(မီးရှို့ မှု) ဖြစ်တော့ လူ ၅၀၀ ချုပ်ထားတဲထောင်မှာ လက်နက်ကိုင်အစောင့် ၂ယောက်သာရှိတယ်တဲ့။


ဒီ အစိုးရ အသစ် လက်ထက်မှာ University က ကျောင်းလခတွေ ၃ဆ တိုးကောက်တော့ ကျောင်းသားတွေလဲ ဆန္ဓပြကြရော။ အစိုးရကလဲ မလိုက်လျှောတော့ တော်တော်လေး ရုန်းရင်းဆန်ခတ်ဖြစ်တာပေါ့။ အစိုးရကလဲ သူတို့ အချဉ်မဟုတ်ဖူးဆိုတာပြတာထင်တယ်။ လျှော့လိုက်တဲ့ အသုံးစရိတ်၊ စီစစ်လိုက်တဲ့ နေရာတွေများလွန်းတော့ အရင်တုန်းကလို အစိုးရ ထောက်ပံ့  စရိတ်နဲ့ တသက်လုံးနေလာကြတဲ့ အင်္ဂလန်နေ လူတစ်ချို့  အတွက် ဒုက္ခနဲ့  လှလှတွေ့ တော့တာပါဘဲ။ ကမ္ဘာ့စီးပွားပျက်ကပ် ဟာ တကမ္ဘာလုံးဖြစ်တာပါ ဒါပေမဲ့ အင်္ဂလန် အစိုးရ ရဲ့ ဖြေရှင်းမှုက နည်းနည်း ကြမ်းသလိုဘဲ နေအမြန်ကောင်အောင် ဆေးခါးကြီးတိုက်ပြီး ကုနေသလိုပါဘဲ။လန်ဒန် မြို့ တော်ဝန် Boris Johnson ကတောင် လက်ရှိဝန်ကြီးချူပ် David Cameron ကို အဖြတ်ကြမ်းလို့ ဝေဖန်သတိပေးပါသတဲ့။ မြို့ တော်ဝန် ဟာလဲ လက်ရှိ ဝန်ကြီးချုပ်ဦးဆောင်တဲ့ Conservative Party (TORY ) ပါတီဝင်တစ်ဦးပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို အရမ်းအရေးပေးတဲ့ သူတစ်ယောက်ပေါ့။ စက်ဘီးကလေးနဲ့ ရုံးတက်တဲ့  မြို့ တော်ဝန်ပေါ့။

ကိုင်း ဒါနဲ့  ဒီလို ညွှန့် ပေါင်းအစိုးရ ရဲ့ ဆေးခါးကြီးကို အင်္ဂလန်က ပြည်သူလူထု ဘယ်လို ဆက်ပြီး တောင့်ခံကြမလဲ။ နောက်ထပ်ဘာတွေများ ထပ်ပြီး ဖြတ်ဦးမလဲ။ ဘာတွေမှာများ ဆက်ခြွေတာဦးမလဲ ဆိုတာ ကတော့ စိတ်ဝင်စားစရာမို့  ငွေရောင်ပိတ်ကားမှာ ဆက်လက်ရှုစားကြရအောင်နော်။

ကိုင်းဒီလောက်ပါဘဲ။

Monday, 13 December 2010

ကျောင်းသား သပိတ် (ယူကေ)

ဒီနှစ် မေ လ ရွှေးကောက်ပွဲပြီးကတည်း က ယူကေ အာဏာရ ညွန့် ပေါင်းအစိုးရ ဟာ လက်ရှိ University ကျောင်းအပ်ခ (tuition fee) ၃၂၉၀ စတာလင် ပေါင် ကို ၃ဆ နီးပါးဖြစ်တဲ့ ပေါင် ၉၀၀၀ အထိတိုးမြင့် ဖို့ လုပ်တယ်။
ညွှန့် ပေါင်းအစိုးရမှာ ဒုတိယဝန်ကြီးချုပ် (Nick Clegg) ဟာ သူအာဏာမရခင် မဲဆွယ်တုန်းကတော့ ဒီလို ကျောင်းလခ တိုးဖို့  အကြောင်းအရာကို ကန့် ကွက်မဲပေးခဲ့ပါတယ်။ ဒါပေမဲ့  အခုတော့ ပါတီ၂ခုတွဲပြီး အုပ်ချုပ်တဲ့ အချိန်မှာတော့ ဒီကျောင်းလခ တိုးမြင့်ရေးအတွက် သူ သဘောတူလိုက်ပါတယ်။ ညွှန့် ပေါင်းအစိုးရဆိုတော့ ဟိုဘက် က ပထမ ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် (David Cameron) ဘက်က မဲနဲ့ သဘောထားကို လဲ ထောက်ဆပြီး နှစ်ပါတီညီညွှတ်ရေးအတွက် ကျားကွက် ကစားတာများလား လို့ ထင်ရပါတယ်။

ယူကေ က နိုင်ငံ (၄) နိုင်ငံစလုံးဖြစ်တဲ့ ဝေးလ်၊ အင်္ဂလန်၊ မြောက်ပိုင်း အိုင်ယာလန်၊ စကော့တလန် စတဲ့ နိုင်ငံအသီးသီး က University students တွေဟာ နိုဝင်ဘာလ (၁၀) ရက်နေ့ ကစပြီး အင်အား ၃သောင်းမှ - ၅သောင်းခွဲခန့်  စုပေါင်းကာ သပိတ်မှောက်ခဲ့ကြပါတယ်။
အစမှာ ငြိမ်းငြိမ်းချမ်းချမ်း သပိတ်မှောက်ခဲ့ကြပေမဲ့ ဒေါသမထိန်းနိုင်တဲ့ လူအုပ်ကြီးဟာ (စာလုံးမဲကြီးနဲ့ ) အစိုးရရုံးတစ်ချို့ ကိုဖျက်စီးခဲ့ကြပါတယ်။ ဒီက ရဲတွေကလဲ မြင်းတွေ အတင်းမောင်းပြီး လူစုခွဲခဲ့ကြတတယ်။













9.12.2010 ကြာသာပတေးနေ့ က အိမ်ရှေ့ မင်းသား ချားလ်စ် နဲ့  ကြင်ယာတော် ကင်မီလာ တို့ စီးလာတဲ့ Rolls Royce ကားကို Regent street မှာ ဝိုင်းပြီး တစ်ချို့  က ခဲနဲ့ ထုကြတယ်။ ကားပေါ်က လူတွေ တော့ အထိအခိုက်မရှိပေမဲ့  ။ ဒီလို အတိုက်အခိုက်ခံရမယ်လို့  သူတို့ မျှော်လင့်မထားခဲ့တော့ တော်တော် ရှော့ခ် ဖြစ်သွားဆိုဘဲ။ လုံခြုံရေးတာဝန် ယူထားတဲ့ ရဲကလဲ ရာထူးက နှုတ်ထွက်ပါရစေလို့ ဆိုသတဲ့။ သူတာဝန်မကျေပွန်ခဲ့လို့ ပါတဲ့။




ခုတော့ CCTV နဲ့ ဓါတ်ပုံတွေမှာ ရှိတဲ့ ကျောင်းသားတွေရဲ့  ပုံရိပ်ကိုယူပြီးကျောင်းသားခေါင်းဆောင်တစ်ချို့  ကို စုံစမ်းမေးမြန်းဖို့  လိုက်ရှာနေပါသတဲ့။

Wednesday, 24 November 2010

ရင်ကိုလာမန်သော နေ့ တစ်နေ့ 

ယနေ့  အအေးဓါတ်ပို သဖြင့်ခေါင်းအုံသည်။ ပဲခြမ်းကြော် ကြက်သွန်နီနှင့် သုတ် စားနေတုန်းအိမ်ကို သတိယ မိသည်။ ဒီပဲခြမ်းကြော်သုတ်က ကျမအတွက် နာလံထ အစားအစာဖြစ်ပါသည်။ ကလေးဘဝက တော့ Green Soda က နားလံထ ကာစတွင်ပူဆာလို့ ရသော အချို၇ည်ဖြစ်သည်။ လူကြီးဖြစ်လာတော့ နာလံထ အစားအစာက ပဲခြမ်းကြော်သုတ် ဖြစ်ပါသည်။


အနောနိမတ် ဖိုးတက် က ကျမကို အုံးကျူးတွေ ရေးပါဦးလို့ ပြောသည်။ အုံးကျူးတွေ ရေးလို့ မရအောင် ရင်ဘတ်ကြီးက မချိမဆန့် ဖြစ်နေသည်။ ဒါ့ကြောင့် ခနခန ဆားချည်း ချက်ချက်နေမိသည်။ သူ့ လို ဝမ်းမနာသား ၁၀ ကောင်ရှိရင်တော့ ကောင်းတာပေါ့။ ကြောင်ကာတွန်း ဆွဲ ပြီး။ ကြောင်ဘောလုံးအသင်းထောင်ပစ်လိုက်မည်။


ရင်ကိုလာမန်သော ယနေ့  ဓါတ်ပုံလေးများ


ရင်ကို လာမန်သော ပိုစ့်များ
မေတ္တာအရင်းခံပါပဲ ဆောင်းပါး- ကြည်ဝေ ဧရာဝတီ
http://www.irrawaddy.org/bur/index.php/articles/2-articles/4976-2010-11-22-12-44-57

ကျွန်တော်မုန်းသော လူတစ်ချို့  - ဒုတိယ blogspot
http://dutiya.blogspot.com/2010/11/blog-post.html

ရေချိုးခန်းထဲ ၂ပတ်ကြာ ပိတ်မိနေတဲ့ ပြင်သစ်က အမျိုးသမီး
http://uk.news.yahoo.com/18/20101123/tod-frenchwoman-stuck-in-bathroom-for-th-7f81b96.html

ထိုင်းနိုင်ငံက ဘုန်းကြီးကျောင်းတစ်ခုမှာ တွေ့ ရတဲ့  စွန့် ပစ်သန္ဓေသား အလောင်းများ
http://wireupdate.com/wires/12509/at-least-2000-dead-fetuses-found-in-thai-buddhist-temple/

Saturday, 13 November 2010

Thursday, 11 November 2010

Monday, 8 November 2010