Showing posts with label Photo. Show all posts
Showing posts with label Photo. Show all posts

Sunday, 3 April 2011

Mother's Day

ဘုရားပန်းတင်ဖို့ လိုက်ရှာတယ်။ ဒီနေ့  Mother's Day ဆိုတော့ ပန်းစည်း လှလှတွေ တွေ့ မလားဆိုပြီး ကြည့် မိတယ်။ Economy cut လုပ်နေတဲ့  အစိုးရကြောင့်လား၊ တရိပ်ရိပ်တက်လာတဲ့ VAT နဲ့  လောင်စာဆီကြောင့်လား မသိ။ အားလုံးဈေး ကြီးနေတာပါဘဲ။ နှင်းဆီပန်း အနီတစ်စီး ဝယ်လိုက်တယ်။ ပန်းစည်း လှလှတွေ လဲ အရင်နှစ်တွေကလို မြိုင်မြိုင်ဆိုင်ဆိုင် မတွေ့ ခဲ့ရဘူး။ ဖုန်းနဲ့ ဓါတ်ပုံရိုက်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့ ၁၁နာရီခွဲ ပြီ မွန်းမတည့် ခင် ဘုရားဆွမ်းတော်ကပ် ပန်းကပ် ဆီမီးပူဇော် ရေချမ်းကပ် လုပ်ဖြစ်လိုက်တယ်။ ကောင်းသော အမေများနေ့ ပါ။ အဝေးမြေမှ မိခင် ကျန်းမာပါစေ လို့ ဆု့ တောင်းတယ်။













Saturday, 2 April 2011

ဂျစ်ပစီ "ကြောင်"

မေ့ န ည က ဟင်းချက်နေတုန်း ဂျစ်ပစီ ၂ကောင် မီးဖိုအဝမှာ လာတယ်။ အစားလာစားတယ်။ အမဲအကြား ကောင် ဆင်းသွားတော့ ကြက်သားနည်းနည်း စဉ်းပြီး ခွက်ထဲ ထည့်ပေးတယ်။ အဝါကြား ဖက်တီးကောင် လာစားတယ် နည်းနည်းဘဲ ။အိမ်မပျော်တဲ့ လေလွင့် ကြောင်တွေလားမသိဘူး။ ရာသီဥတု အေးအေးမှာ အပြင်ထွက် အစားရှာ တယ်။ အစားခွက်ထဲက အစာထက် အပြင်က ကြွက်တွေကို အမဲလိုက်ဖို့ စိတ်စောနေပုံဘဲ။ အိမ်ရှင် အမျိုးသမီး ချထားတဲ့ အစားခွက် ကို သူတို့ မကြာခဏ လာစားတတ်ကြပေမဲ့  တံခါးဖွင့်ထားရင် တော်ရုံတက်မလာကြဘူး။ မေ့ န ကတော့ ထူးဆန်းတယ်။ အတင့်ရဲ တဲ့ ဂျစ်ပစီ ၂ကောင် ကို မှတ်တမ်းတင်လိုက်တယ်။ အဝါကြား ဖက်တီးကတော့ အစားစားပြီး နောက်ဖေး သံလှေကား ခြေရင်း ကနေ ကင်းစော့င်နေလေရဲ့။

Monday, 14 March 2011

SLEEPWALKER အိပ်မွေ့ လွန် လမ်းလျှောက်သူ

ကောလိပ် ကျောင်းက ဆရာမ တစ်ယောက် နဲ့  လွန်ခဲ့တဲ့  တပတ်က စကားလက်ဆုံကျ ခဲ့ပါတယ်။ ပြောဖြစ်တဲ့ အကြောင်းက ကတော့ အိမ်မက်မက်ရင်း လမ်းလျှောက်တဲ့ sleepwalker အကြောင်းပါ။


သူ့ မ အမျိုးသား ဟာ ညဘက်ညဘက် ယောင်ပြီး ကားကိုယူ မောင်းထွက်ထွက်သွားတတ်ပါတယ်တဲ့။ လမ်းဘေးမှာ အကျအန ကားကို ထိုးရပ်ပြီး အိပ်ပျော်နေတတ်လို့  ပတ္တရောင်ရဲ တွေက သူမကို အကြောင်းကြားပြီး သူ့ ယောက်ျားကို ပြန်ပြန် ပို့  ပေးရပါတယ်တဲ့။ သူဒီလို အိပ်မက်မက်ပြီး ထွက်ထွက်သွားတတ်ပေမဲ့  မမှတ်မိ တတ်ပါဘူး။ ဒါ့ကြောင့် အဲဒီဆရာမ ခင်မြာ ညဘက်ဆိုရင် အိပ်ကို သော့ခတ် ကားသော့ ကို သူ့ မရဲ့  အမျိုး သား မသိနိုင်တဲ့ နေရာ မှာ ဝှက်ရပါတယ် တဲ့။



နောက်ထပ် sleepwalker တစ်ယောက်ကတော့ ကျမရဲ့  အတန်းဖေါ် သူငယ်ချင်းမ ရဲ့  မောင်လေး ဖြစ်ပါတယ်။ သူ့ ကျတော့ တစ်မျိုး ညနက်သန်းခေါင်ကျော်ရင် အိမ်(waterloo) ကနေ ဝန်ကြီးချုပ်နေတဲ့  အိမ်အမှတ် (၁၀) Downing Streetေ့ ရှ ကိုသွားတာပါ။ သူ ရဲ့ အမတွေက အစကတော့ လူပျိုပေါက်စ ဘဲသွားချင်ရာသွားမှာပေါ့ ဆိုပြီးလွှတ်ထား မိပေမဲ့  တစ်နေ့  ရဲ ကား နဲ့  Ambulance ကား ခြံရံ ပြီး အိမ်ကို ရောက် လာတဲ့ သူ့ တို့  မောင်ရဲ့  အိပ်ပျော်ရင်း လမ်းလျှေက်တဲ့  အကျင့်ကို သိရပါသတဲ့။ ဒါတောင် သူ အိပ်ပျော်ရင်လမ်းလျှောက်တာ ကို သတိပြု မိတဲ့ သူ ရှိသွားလို့ ပါ။ ပုံမှန်ကတော့ ညတစ်နာရီလောက်ဆိုရင် သူထလျှောက်ပါပြီး တကယ်လျှောက်ရင် တော့ အသွား မိနစ် ၂၀ အပြန်မိနစ် ၂၀ လောက်ရှိပါမယ်။ traffic ကင်းတဲ့ ညအချိန် ဆိုရင်ပေါ့လေ။ အသွား လမ်းလျှောက် အပြန်လမ်းလျှောက်နဲ့  ပြန်လာရင် သူ့အိပ်ရာမှာ ဆက်ပြီးအိပ်ပျော်သွားပါရောတဲ့ ။






နောက်တစ်ယောက် အကြောင်း ကတော့ library မှာဖတ်ဖြစ်ခဲ့ တဲ့  New English File ဖတ်စာအုပ်ထဲမှာ တွေ့ ရ တာပါ။ လန်ဒန် က Dulwich (South West London area) က construction site တစ်ခုမှာ ဖြစ်ခဲ့တဲ့ တစ်ကယ့်အဖြစ်အပျက်ပါ။

ညတစ်ချက်ခွဲ အချိန်လောက် မှာ လမ်းဖြတ်လျှောက်သွားတဲ့ လူတစ်ဦး က အမှတ်မထင်Crane (ကရိန်း=ဝန်ချီစက်) အမြင့်ကြီးပေါ်ကို ကြည့်မိပါတယ်တဲ့။ အဲဒီမှာ လူတစ်ယောက်ကို မြင်မိလို့  ရဲ နဲ့  မီးသတ် ကို အကြောင်းကြားလိုက်ပါတယ်။ ကရိန်းပေါ်က ၁၅ နှစ်အရွယ်မိန်းကလေး ကို သူတို့ က သေကြောင်းကြံစည် သူတစ်ဦးလို့ ထင်ထားခဲ့ တာပါ။ အမြင့် ၃၀မီတာ (ပေ၁၃၀) ရှိတဲ့ ကရိန်းပေါ်က မိန်းကလေး ရှိတဲ့ နားကို ခက်ခက်ခဲခဲ တွားသွားပြီး ကယ်ဆယ်ခဲ့ရပါတယ်။

သူ့ မလက်ထဲက မိုဘိုင်းဖုန်းနဲ့  မိဘတွေကို ဆက်သွယ်အပြီးမှာ မှ ရဲတွေလဲ ဇာတ်ရည်ပါတော့တယ်။ အမြင့်တကယ်တော့ ဒီမိန်းကလေး ဟာ sleepwalker တစ်ယောက်ဖြစ်နေလို့ ပါဘဲ။ Construction site မှာလဲ လုံခြုံရေး တာဝန်ကျသူတွေ အိပ်ပျော်နေလို့  သူမဒီလို အမြင့်ကြီးပေါ်တက်ပြီး အိပ်ပျော်ဖို့  အကြောင်းဖန်လာတာဖြစ်ပါတယ်။
ဒီမိန်းကလေးရဲ့ မိဘတွေကတော့ သူတို့ သမီးဒီလို အိပ်ပျော်ပြီး အပြင်ကို ထွက်ထွက်သွားတာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူးတဲ့။ အရင်တုန်းကလဲ အဲဒီလို ထွက်ထွက်သွားဖူး ခဲ့ပါတယ်တဲံ။


Sleepwalking အကျင့်ဟာ ကလေးဘဝ အရွယ်မှာ လူတော်တော်များများဖြစ်ခဲ့  ကြဖူးပါတယ်။ အထူးသဖြင့် အသက် ၄ နှစ်မှ ၈ နှစ်အကြားအရွယ်တွေမှာအဖြစ်များပါတယ်။သာမန် အားဖြင့်တော့ ကြီးလာရင်ဒီအကျင့် ပျောက်သွားပါရော။


တခါက လဲ home made video လေးတစ်ခုမှာ sleepwalking ကလေးတစ်ယောက် ရေခဲသေတ္တာကို ဖွင့်ပြီး ရှုးရှုးပန်း ပြီးတော့ အိပ်ရာပေါ်တက်ပြီး ခွေခွေလေးပြန်အိပ်တာ ကို မြင်လိုက်ပါတယ်။


Sleepwalker တွေဟာ နေခင်းဘက်မှာ ကားကိုကြွမ်းကြွမ်းကျင်ကျင်မောင်းတတ်ခဲ့ရင် sleepwalking ဖြစ်နေစဉ်မှာလဲ အတိမ်းအစောင်းမရှိတတ်ကြပါဘူးတဲ့။ တစ်ချို့  သူတွေက You should never wake up a sleepwalker တဲ့  ။ မနှိုးနဲ့ ပေါ့လေ။

တကယ့်တကယ်တော့ sleepwalker တွေကို နှိုးရတာလဲ အင်မတန်ခက်ပါတယ်။ ဘာ့ကြောင့် မနှိုးရတာလဲဆိုတော့ ရုတ်တရက်အနှိုး ခံရရင် သူဟာ စိတ်ဂယောက်ဂယက်ဖြစ်မယ်၊ ကြောက်လန့် မယ်၊ ရှက်မယ် ၊တစ်ချို့ လဲ ဒေါသကြီးတတ်ကြလို့ ပါ။

ဒါ့ကြောင့် နှိုးမဲ့ အစား သူ့ ကို ဘေးကနေ အိပ်ရာထဲညင်ညင်သာသာ ပြန်ဝင်အိပ် သွားဖို့ လမ်းပြ ဖေးကူပေးတာဟာအကောင်းဆုံးလို့  စာအုပ်တွေထဲမှာဖတ်ရပါတယ်။


တချို့  sleepwalker များဆိုရင် အိပ်ရာက ထတယ် ၊အောက်ထပ်ကိုဆင်းတယ်။ချက်တယ်ပြုတ်တယ် စားတယ်သောက်တယ် ဒါပေမဲ့  နောက်ကျရင် သူတို့  ဘာလုပ်ခဲ့တယ် ဘယ်သွားခဲ့တယ်ဆိုတာ ကို ပြန်မသိကြပါဘူး။ ဒီလို နိုးတဝက်ဲ အိပ်တစ်ဝက်ဖြစ်နေတဲ့ အချိန်မှာ သူတို့ ရဲ့ လှုပ်ရှားသွားလာမှုတွေဟာ အန္တရာယ်များတတ်ပါတယ်။ ဒါ့ကြောင့် sleepwalker တွေ ကို သူတို့ အိပ်ရာကို လမ်းပြ ခေါ်ယူပို့ ပေးခြင်းကသာ သူတို့ ရဲ့  အန္တရာယ်ကို ကာကွယ်ရာ ရောက်တယ်ဆိုတဲ့ အကြောင်း ရေးရင်း ဒီမှာဘဲ အဆုံးသတ်လိုက်ပါရစေ။

Sunday, 17 October 2010

Cute Babies