Friday, 14 May 2010

UK this week

The new government has been selected by UK citizens last Wednesday. The conservative party won the election. The new Prime Minister name is David Cameron. He is 43 years old. As a Prime Minister, he has to choose his cabinet. The word "CABINET" can mean a cupboard however in politics term, cabinets is a group of advisers which consists of 12 people of the members he chooses. It is reported that he hasn't chosen many women so far whereas Tony Blair had 101 women in his government. Back in (1979 - 1990), Margret Thatcher was the first lady Prime Minister in the British political system. However there were no other women in her cabinet.

ယူကေ မှာ အစိုးရအသစ် တခုကို ရွှေးကောက်ပွဲ မဲ အရေ အတွက်အရ တရားဝင် ဆုံးဖြတ်ဖွဲစီး လိုက်ပါပြီ။ ဝန်ကြီးချုပ်အသစ်ရဲ့  အမည်က တော့ ဒေးဗစ် ကင်မရွန်း အသက် ၄၃ နှစ် ဖြစ်ပါတယ်။ အခု သူ ရဲ့  အစိုးရ အကြံပေး အဖွဲ ကိုဖွဲ့ စည်းရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားဟာ အင်မတန်မှ ဆန်းပါတယ်။ ဒီအစိုးရ အကြံပေးအဖွဲ (cabinet) ဆိုတဲ့  စာလုံးပေါင်း ကို တနည်းအားဖြင့် ဘီဒို (အဝတ်ထည့်တဲ့ ဘီဒို) လို့ လဲ အဓိပ္ပါယ် ရပါတယ်။ အစိုးရ အကြံပေးအဖွဲ ဝင် ၁၂ဦးကို ဒေးဗစ်ကင်မရွန်းက ရွေးချယ်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အမျိုးသမီး အရေ အတွက် နည်းနည်းလေး သာ ခန့် ထားလို့ အမျိုးသမီးထုဆီက အသံထွက် နေတာကြားမိပါရဲ့ ။ ယခင့်ယခင် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ တုန်းက သူ့ အစိုးရမှာ အမျိုးသမီး ၁၀၁ဦး တောင် ခန့် ခဲ့ ဘူးပါတယ်။ လွန်ခဲတယ် ၁၉၈၀ ခုနှစ်လောက် က ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက တော့ ဗြိတိန်သမိုင်းမှာ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ပြီး သူ့ မ ဖွဲ့ တဲ့ အစိုးရမှာ သူ မအပြင် အမျိုးသမီး တစ်ဦးမှ မခန့် ခဲ့ ပါဘူး။

CELEBRITIES & THEIR PRIVATE LIVES

Before I writing this article, I asked myself "Am I interested in famous people?". The answer is "Yes". I am interested in celebrities all over the world, these includes politicians, scientists, notorious world leaders, business entrepreneurs, models, actors and actresses etcetera. Nowadays, I am obsessed with the television. I tend to check the news about celebrities without taking too seriously.

I personally think that the British media presents various news issues about famous people rather than politics, international news, documentaries and the weather. I believe that they tend to focus too much on untrue stories in order to attract public interest.

Next question is "Do they deserve to have a private life?". Nowadays most celebrities have no private lives because the media follows them wherever they are. However, some celebrities choose to have that kind of life. Some celebrities deliberately attempt to get their popularity in terms of selling their story for instance; divorce battles, relationships, gossip columns, income etcetera. I loathe the way the media presents celebrities personal lives whereas I respect some celebrities. As human beings, they all need and deserve to be respected. I assume that this is the dark side of the freedom of the press.


As I indicated in the above paragraphs, the public views celebrities as role models. Therefore the government should exercise more control over the media in order to control any bad behaviour of celebrities in the press, radio and television channels.

Sunday, 9 May 2010

Blowing In The Wind


This song has been described as a protest song and it has been covered by many of artists.

Saturday, 8 May 2010

CHICKENPOX

ီChickenpox ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပါ။ ကိုယ်ခန္ဒာမှာ အရည်ကြည်အဖုတွေ တည်ပြီး တချိန်ထဲမှာဘဲ ကိုယ်ပူချိန်လဲ ရှိနေတတ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး ၊ လူကြီးတချို့ မှာလဲ ဖြစ်တတ်ပါတယ်။ ကူးစက်လွယ်တာမို့  Chickenpox ပေါက်ရင် အပြင်ထွက်ပြီး လူကောင်းတွေနဲ့ ရောနှော မနေတာကောင်းပါတယ်။ နှာချေတာ၊ ချောင်းဆိုးတာတွေ ဟာ ဗိုင်းရပ်ကို ဖြန့် ဝေပေးသလို ဖြစ်လို့  မကူးစက်အောင် သတိထားရမှာဖြစ်ပါတယ်။ ကိုယ်ပူချိန်တွေ တရိပ်ရိပ်တက်ပြီး အရည်ကြည်ဖုတွေ ပေါက်ချိန်မှာ ခံတွင်းပျက်တာတွေ ဘာတွေလဲ ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုတွေက နေ ပူစပ်ပူလောင်ခံစားရတာ မျိုးကို ကာကွယ်ဖို့  Calamine ဆေးရည်လိမ်းပေးရင် သက်သာပါတယ်။ ပါရာစီတမော့လို အကိုက်အခဲ သက်သာဆေး ။ ဘာမီတွန်လို antihistamine မျိုးကိုသောက်ဆေးအဖြစ်သောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ personal hygiene ဟာအရေးကြီးပြီး secondary bacteria infection မဖြစ်အောင် သန့် သန့် ရှင်းရှင်း ဖြစ်အောင် ထား ရပါမယ်။ ရေ ကို သောက်နေကျထက်ပို သောက်ပေးပါ။ အရည်ကြည်ဖုတွေကို မကုတ်မိအောင် ယားတိုင်း Calamine lotion ကိုလူးပေးပါ။

Chickenpox is caused by one of the most contagious virus. If you have chickenpox, you should stay away from the public in order to avoid contact with people who haven't had it. You can have some pain killer for instance, paracetamol. Some doctor prescribes the antihistamine tablets to ease the itchiness, even though that tablet can make you drowsy, it can help you sleep as the resulit it will stop you from scratching . You can also put calamine lotion (you can easily get in most chemist without prescription ) directly to your skin to prevent secondary bacteria infection and to sooth your skin. Have more water to prevent dehydration and stay home.


Thursday, 6 May 2010

Lady Gaga

Artist Name: Lady Gaga
Real name Stefani Joanne Angelina Germanotta
D.O.B 28/03/1986
Italian American















dutiya 's blog မှ ကြိုက်တဲ့ပိုစ့်တခု

ဓါတ်ပုံတွေနဲ့ စာရေးသူရဲ့ တွေးခေါ်ပုံတချို့ ကို စိတ်ဝင်စားမိလို့ ဒီပိုစ့် ကို ကူးယူထားပါတယ်။
မူရင်း Post Link ...
"http://dutiya.blogspot.com/2010/04/blog-post_30.html"

နားလည်ပေးနိုင်ပေမဲ့...

ထိုင်းနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ ကရင် တိုင်းရင်းသား အဆိုတော် ယူရီ ဟာ အမျိုးသားချင်း လက်ထပ်ပေါင်းသင်း နေထိုင်နေသူ ဖြစ်တဲ့အတွက် လူမှုရေးအဖွဲ့  အစည်းတစ်ခုက အဖွဲ့ ဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ် ဆိုတဲ့သတင်းကို ဧရာဝတီ site က ဖတ်မိပြီး လူမှုရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  ဒီလိုလုပ်တာ မှန်သလား မှားသလား ဘယ်လိုထင်လဲလို့  သူငယ်ချင်း တစ်ယောက်နဲ့  သူ့  အမြင် ကိုယ့်အမြင် တွေပြောဖြစ်တယ် ။

ကျွန်တော့်ရဲ့  အမြင်အရ ဆိုရင်တော့ အဲဒီ အဖွဲ့ အစည်းထဲမှာ သူဟာဘယ်နေရာ ကပါဝင်နေ သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။ သာမန် အဖွဲ့ ဝင် တစ်ယောက် အနေနဲ့  ဆိုရင်တော့ လူမှုရေး အသင်းအဖွဲ့  တစ်ခုအနေနဲ့  လိင်တူဆက်ဆံ နေသူဖြစ်နေ လို့  ဆိုပြီး ခွဲခြားမဆက်ဆံ သင့်ပါဘူး ။ ခေါင်းဆောင် တစ်ဦး ၊ စံပြပုဂ္ဂိုလ် တစ်ဦး အနေနဲ့  ဆိုရင်တော့ အဖွဲ့ အနေနဲ့  မမှားဘူးလို့ ထင်ပါတယ် ။ ခေါင်းဆောင် တစ်ယောက် ၊ စံပြပုဂ္ဂိုလ် တစ်ယောက်မှာ လူတိုင်း လက်ခံနိုင်တဲ့ ၊ အတုယူရတဲ့ အမူအကျင့် များသာရှိ သင့်ပါတယ် ။ လူအချို့ သာ လက်ခံနိုင်တဲ့ အမူအကျင့်တွေ ရှိနေတဲ့ သူကို ခေါင်းဆောင် နေရာ ၊ စံပြပုဂ္ဂိုလ် နေရာကနေ ထုတ်ပယ် တာဟာ မမှားဘူးလို့  ထင်ပါတယ် ။

လိင်တူ ဆက်ဆံမှုကို လုံးဝလက်မခံတဲ့ သူတွေရှိသလို ၊ နားလည်မှု ပေးပြီး လက်ခံသင့် တယ် ခွဲခြားပြီး မဆက်ဆံ သင့်ဘူးလို့  ပြောနေကြတဲ့ သူတွေလဲရှိ ပါတယ် ။ ဟိုမုန်း ပြောင်းလဲမှု ၊ ဟိုမုန်း မညီမျှမှု တွေကြောင့် ယောက်ျားလေး ခန္ဓာကိုယ်နဲ့  မိန်းမစိတ် ပေါက်ပြီး မိန်းကလေးလိုပဲ နေချင်တာ ၊ မိန်းကလေး ခန္ဓာကိုယ်နဲ့  ယောက်ျားလေးစိတ် ပေါက်ပြီး ယောက်ျားလေး လိုပဲ နေချင်တာ တွေကို နားလည်မှု အပြည့်အ၀ ပေးနိုင်ပေမဲ့ ၊ မိန်းကလေး အစစ် ယောက်ျားလေး အစစ် တွေနဲ့  တန်းတူ နေရာတိုင်းမှာ လက်ခံပေး ဖို့  ဆိုတာ မလွယ်ပါဘူး ။

စိတ်မနှံ့  သူတစ်ယောက်ဟာ သာမန်လူ တွေနဲ့  အခွင့်အရေး တန်းတူ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ဥပမာ - ဆုံးဖြတ်ချက်ချ ရမဲ့ အခြေ အနေ မျိုးတွေမှာ စိတ်မနှံ့  သူတွေကို သာမန်လူတွေလို သူ့ ဘာသာသူ ဆုံးဖြတ်ပါစေ ဆိုပြီး လွှတ်ထားလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက် ဟာလဲသာမန်လူ တွေနဲ့  တန်းတူ အခွင့်အရေးတွေ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက်ကို သာမန်လူတွေရဲ့  ဘော်လုံး အသင်းမှာ ၀င်ကန်ခိုင်းလို့ မရပါဘူး ။

လိင်တူဆက်ဆံသူတွေကို စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေနဲ့  မနှိုင်းသင့်ဘူး လို့  ပြောရင် တော့ ဘာဖြစ်လို့ လဲလို့  ပြန်မေးပါရစေ ။ စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေ ဟာ နိမ့်ကျနေသူတွေ မဟုတ်ပါဘူး ။ သူတို့ ကို အဆင့်အတန်း ခွဲခြားတဲ့ စိတ်နဲ့  မကြည့် သင့်ဘူး ။ သူတို့ ဟာ သာမန်သူ တွေနဲ့  အဆင့်အတန်း တူညီကြတဲ့ သူတွေသာ ဖြစ်တယ် ။ အားလုံး တူညီကြတဲ့သူတွေ ကို အုပ်စု တစ်စုစီ ခွဲရင်သာ သာမန်လူတွေနဲ့  အုပ်စု မတူသူ တွေဖြစ်တယ် ။ သာမန် လူတွေကို စိတ်မနှံ့  သူတွေအုပ်စုမှာ ထည့်လို့ မရသလို ၊ စိတ်မနှံ့  သူတွေကိုလဲ သာမန်လူတွေ အုပ်စုမှာ ထည့်လို့  မရပါဘူး ။ တူညီတဲ့သူတွေသာ သီခြားစီ ဖြစ်ရမှာပါ ။

မိန်းမလျာ ၊ ယောက်ျားလျာ တွေလဲ အတူတူပါပဲ ။ မိန်းမလျာ တွေဟာ မိန်းကလေးတွေ နဲ့  အခွင့်အရေး တန်းတူရ သင့်ပေမဲ့ မိန်းကလေးတွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ ယောက်ျားလျာ တွေဟာလဲ ယောက်ျားလေး တွေနဲ အခွင့်အရေး တန်းတူရ သင့်ပေမဲ့ ယောက်ျားလေး တွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ စိတ်ချင်းတူ ပေမဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံချင်း မတူကြပါဘူး ။ ယောက်ျားလေးဟာ ယောက်ျားလေး အုပ်စု ၊ မိန်းကလေးဟာ မိန်းကလေး အုပ်စု ၊ ယောက်ျားလျာဟာ ယောက်ျားလျာ အုပ်စု ၊ မိန်းမလျာဟာ မိန်းမလျာ အုပ်စု အနေနဲ့  သာ လက်ခံရမှာပါ ။ ။

ဒီပုံလေးထဲက အနေအထားကို ဘယ်လိုမြင်ပါသလဲ ?



ဒီပုံလေးထဲက အနေအထား ဆိုရင်ရော ?


ကျွန်တော့်ရဲ့  အမြင်ကတော့ ယောက်ျားလျာ ၊ မိန်းမလျာ များကို သီခြား အုပ်စုတွေ အနေနဲ့  လက်ခံပါ ။ အဆင့်အတန်း ခွဲခြားပြီး မဆက်ဆံ သင့်ပါ ။ နားလည်မှု အပြည့်အ၀ ပေးသင့်ပါတယ် ။




SOCIAL NETWORKING SITES

Twitter / my space/ face book/ flicker/ Hi 5/ friend finder/tagged/ Ning/Friendster/ Cyworld/ Netjournal/ Beebo/ Ineem/ etc are popular networking sites in the world. There are a lot of risks for the users to be awared.

1. please be "Remember" anybody can follow you at anytime.
2.
"Do not pass advance info" about your plan on any social networking sites.
3. Keep your trip in
"P
rivate"
4. "Don’t post in advance" when and where you are going.
5. "
Don’t upload picture until after" your arrive home from the journey.
6.
"Change your password and securtiy setting " quite often


Wednesday, 5 May 2010

ဆေးထိုးအပ် ကြောက်ခြင်း

(၉၁) လမ်းသွယ်လေး မှာနေတုန်း ၊ ကလေးဘဝ တချိန်က နေမကောင်းဖြစ်လျှင် ကျမတို့ တို့ ဖခင်က ချီပိုးပြီး အနီးဆုံး သမဝါယမ ဆေးခန်းမှာ သွားပြသည်။ ယခင်ကတော့ ထောက်ကြန့် မှ ဗိုလ်မှုးတစ်ယောက်ဖွင့်ထားသောဆေးခန်း သို့ ပြေးရသည်။ ထိုအချိန်တုန်း က ကျမတို့  အနီးနားမှာ ဆရာဝန် အရည်အတွက် သိပ်မများ။ ညရေး ညတာ ကျမတို့ ဖျားလျှင်ဖြင့် လမ်းသွယ်ထပ်နားက အီးဇက် ကိုပင့်ရသည်။ အီးဇက် သည် လေတပ်မှ ဆေးလက်ထောက် တပ်ဦးဖြစ်မည်ထင်ပါသည်။ ဆေးထိုးအပ်များကို ရေနွေး နှင့်ပြုတ်သည့် အသံကြားလျှင် အသားနာမည်ကို ကြိုသိသဖြင့် တွန့် တွန့် လူးအောင် ကြောက်ငို ငို မိပါသည်။ တခုခုများ ဆို နင့်ကို အီးဇက် ဆေးထိုးမယ် လို့  သာခြောက်လိုက် ကျမတို့ ကလေးတွေ ဖိန့် ဖိန့် တုန်အောင်ကြောက်ကြပါသည်။ အီးဇက် သည် ဗိုလ်ကပြားတစ်ဦးဖြစ်ပြီး၊ သူ့ ဖခင် အင်္ဂလိပ်ကြီး က သူတို့ မိသားစုနှင့် အတူနေသည်။ နာမည်က ဦးနယ်လ်ဆင် ဖြစ်ပြီး ရပ်ကွက်ထဲမှ အင်္ဂလိပ်စာ သင်ကြားလို သူများကို စာပြပေးပါသည်။ အီးဇက် ဆံပင်ကောက်ကောက် ၊ အသားနီနီ နှင့် ဆေးထိုးအပ် များ ရေနွေးအိုး ထဲမှ ဆူပွက်သံ တို့ ကြားလျှင် ငါတော့ ငရဲ့ ခံရမည်ဆိုပြီး ဝမ်းနည်းမိသည်။ အမေဖမ်းချုပ် ပေးထားသည့် ကြားက ဆေးထိုးခါနီး ဆေးထိုးအပ်မှ ဆေးစက်တခချို့  ကို အပေါ်မြှောက်ပြီး ပစ်လိုက်သည်နှင့် ရုန်းကန်ပြေးဖို့ ကြိုးစားသည်။ နောက်ပြီး ဆေးဆိုရင် အမေက ကြိတ်ပြီး ခါးခါးကြီးကို ဂရိုက်မီချာရောပြီးတိုက် သည်။ မကြိုက်အပေါ်ယံ ဂရိုက်မီချာ ချိုချိုလေးတွေ ကုန်ပြီး ဇွန်းကပ်များဆိုလျှင် ခါးပါဘိခြင်း၊ အီးဇက် ကတော့ ဆေးထိုးပြီး သူက ကျမတို့ ဖခင် နှင့် လေပေးလေယူဖြောင့်နေကြမို့  သူပြန်သွားမှ သက်ပြင်းချရသည်။

တခါသုံး အပ်တွေ အသုံးများလာတော့ ဆေးထိုးသည်မှာ အရင်တုန်းကလောက် နာသည်လို့ သိပ်မခံစားရတော့။ အိမ်ရှေ့  ဆေးခန်းမှ ကရင်အမျိုးသား ကျန်းမာရေးမှုးကြီး ဦးဝင်းကြည် ဆေးထိုးလျှင် အင်မတန်ညင်သာသည်။ ဆေးခန်းသွားတိုင်း ဘားပလက်၊ ဖဲရပ်စ်ဆာလဖိတ် များပေးသဖြင့် ဘားပလက် ကျန်းမာရေးမှုးကြီးလို့  နာမည်ပေးရမည်။ ပရွတ်ဆိတ်ကိုက်သလောက် တောင်မနာဘူးလို့ အမေပြောသဖြင့် မယုံမရဲဖြင့် သာဆေးခန်းသွားရသည်။ တကယ်တော့ ပရွတ်ဆိတ် ကိုက်တာထက် နာပါသည်။ ဒါပေမဲ့ သည် ကျန်းမာရေးမှုးကြီးကို စိတ်မှာ လေးစား သဖြင့် သူဆေးထိုးသည်မှာ နာသည်လို့ တောင်မထင်ရ။ သူ့ ရဲ့ personality က unit ဖြစ်သည်။ ၊ ကျော်သူ လွယ်အိပ်လိုပုံစံမျိုး ကရင်လွယ်အိပ် အမြဲလွယ်သည်။ မျက်မှန်တပ်သည်။ စကားမလို အပ်ဘဲမပြော။ သူ့ သမီး များ ကျမတို့  အမတော်များနဲ့  သူငယ်ချင်းတွေ ဖြစ်ပါသည်။

ကျိုင်းတောင်းမှာ ငှက်ဖျားဖြစ်တော့ ဆေးထိုးတာကြောက်တဲ့ ရောဂါပျောက်တော့သည်။ ဆေးထိုးအပ်ကြောက်တဲ့ ကိစ္စထက် ဒရစ်သွင်းရတာ ကို ကြောက်သည်။ သွေးကြောရှာပြီး ဆလိုင်းဓါတ်ဆားရည် ချိတ်တာ၂ကြိမ်၊ သွေးဖေါက်ပြီဟေ့ဆိုလျှင် ဗန္တုလသွေး ရှိသူပြီပြီ အံကိုကြိတ်ကာ မျက်နှာ လွှဲထားရသည်။ ကျိုင်းတောင်းမှ ငှက်ဖျားဖြစ်လျှင် ဒေသခံဆေးကုသူ (အပ်ပုန်းလို့ မခေါ်လိုပါ။ မသိဘဲ မခေါ်ချင်ပါ။) ရန်က ကြောက်ရသည်။ မဲ့ထောက်(landlady အဖွား) များ မြန်မာလို့ နားမလည်ဘဲ စိုးရိမ်စိတ်ဖြင့် ဒေသခံဆေးကုသူကို ခေါ်လာမှဖြင့် တစ်ခါကလဲ ဆောနယ်ဘက် က ဆရာ/မ တွေ နေမကောင်းတာ သွားအကြည့် သူတို့ ကို ကြည့်ရှုထားတဲ့ မဲ့ထောက်များက ပင့်လာသည့် ဒေသသမားတော်က လောက်လေးခွ ပစ်သည့် သရေကြိုးမျိုးကို လက်မောင်းအောက်ခြေမှာပတ်ပြီး အကြောဆေးတွေ သွင်းနေတာ တွေ့ တော့ အူယားလိုက်တာမှဖြစ်ခြင်း။ စေတနာနဲ့  လာကုပေးသူကို ဆရာတွေ စောတက မတက် မတောက်တခေါက် broken ရှမ်းစကားများဖြင့် ဧည့်ခံကြသည်။ ငှက်ဖျား များဖြစ်လိုက်ရင်ဖြင့် အသားကိုကျရော မောင်ထင် ဝတ္ထု ထဲက ချွေးတပ် ဆွဲ ခံရသည့် ငဘလို မျိုး အရိုးပေါ်အရေတင် ပါးပါးလေးသာ ကျန်တော့သည်။ ရှမ်းပြည်မှာတော့ ဆေးခါးဟင်း သောက်ခဲ့ဖူးသည်။ ငှက်ဖျား အတွက်ကောင်းသည်ဆိုဘဲ။ ဆေးခါးဟင်းချိုကိုသောက်လျှင် မဆီမဆိုင် ညောင်ရမ်းဂွတို၊ ငပြည့်၊ ရှင်ဂွမ်းဂွိ၊ သမိန်ပေါ့သွပ် စသည့် ကာတွန်း ဇာတ်ကောင်များ ကို သွားသွားသတိယ သည်။ မွေးမေလေ့လို့  အော်ရတာ ချင်း တော့ အတူတူ မို့ ထင်သည်။

ဒီနေရာ မှာတော့ ဆရာဝန်တွေ အပ်ကိုင်တာ ခုထိတွေ့ ဘူးသေး၊ ဆေးလဲတော်ရုံမထိုးပေး။ သွေးဖောက်တာ ဘာညာသာဒကာ အပူချိန်တိုင်းတာ၊ သွေးပေါင်တိုင်းတာ တွေကို နာစ်တွေသာ လုပ်တာ တွေမိသည်။ ဆရာဝန်တော်တော်များများမှာ နိုင်ငံခြားသား များသည်။ ခုထိ ဒေသခံမျက်နှာဖြူဆရာဝန် မတွေ့ ဘူးသေး။ ရှိတော့ရှိမည်။ ရှားမည်ထင်ပါသည်။ ကုသမှုမပေးမီ လူနာနှင့် လူနာရှင်ကို စုံစင်အောင် အချိန်ယူ ရှင်းပြသည်။ မေးခွန်းများစွာကိုလဲ ဖြေပေးသည်။ လူနာသဘောတူမှ ကုသမှုစတင်သည်။ ဒီမှာ အမှားအယွင်းများရှိလျှင် တရားစွဲဆိုမှုများလွန် သောကြောင့်ထင်မိပါသည်။ လွန်ခဲ့တဲ့ အပတ်က metro သတင်းစာထဲမှာ robot အကူအညီဖြင့် နှလုံးခွဲစိတ်သည်တဲ့။ တကယ်တော့ စက်နှင့် ခွဲ ဆရာဝန်က ခွဲခန်းအနီးက ကွန်ပျူတာမှ ထိန်းချုပ် ခြင်းသာဖြစ်မည်။ metro သတင်းစာ တော့ ကျမလက်ထဲမှာ ကော်ပီမရှိတော့ စိတ်ဝင်စားလျှင် ဒီလင့်မှာတော့ ဖတ်ရတာပို စုံမည်။ http://www.telegraph.co.uk/health/healthnews/7645049/Robot-used-in-heart-surgery.html . ကိုင်း ဆေးထိုးအပ်က စလိုက်တာ ဆေးပညာတွေ robot တွေအကြောင်း ရောက်ကုန်ပြီး နားလိုက်ပါဦးမည်။

Monday, 3 May 2010

Climate Changes

ကျမတို့ မြန်မာပြည်မှာ အခုလတ်တလော ကြားနေရတဲ့ သတင်းတွေ အရ၊ နေခင်းနေ့ လည်မှာ အရမ်းပူလွန်းပြီး ၄၀ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ အဖျားအနာများပြီး၊ တချို့ ဆို အသက်ဆုံးရှုံးရတယ်လို့  http://www.irrawaddy.org/bur/index.php/news/1-news/3087-2010-05-01-11-36-27 ဧရာဝတီ သတင်းထဲမှာ ဖတ်ရပါတယ်။
Arctic Ice May Disappear in a Decade ဆိုတဲ့  article အရ -
သမုဒ္ဒရာကြီး တွေထဲက ရေခဲပြင် တွေရှိတဲ့ အာတိတ် သမုဒ္ဒရာကြီးဟာ ကမ္ဘာကြီး ပူနွေး လာမှုကြောင့် နွေရာသီရောက်ရင် ပုံမှန် သမုဒ္ဒရာတွေလို ဖြစ်သွားနိုင်တယ်လို့  ခန့်  မှန်း ကြပါတယ်။ ဒါဟာကြောက်စရာကောင်းတဲ့  ရာသီဥတုဖေါက်ပြန်မှု ပါဘဲ။


နှစ် သန်းပေါင်း များစွာတုန်းက ဒီ မြောက်ဝင်ရိုးစွန်းတန်းမှာ ရှိတဲ့  ပင်လယ်ပြင်ဟာ တနှစ်ပတ် လုံးရေခဲတွေ ဖုံးလွမ်းနေခဲ့တာပါ။WWF (World Wildlife Fund (WWF) ရဲ့  “The Catlin Atlantic Survey” သု တေသန ပြုချက်အရ ခုလို ရာသီဥတုဖေါက်ပြန်နေခြင်း ပိုမြန်လာပြီး။ နောက် ဆယ်စုနှစ်အတွင်း မှာ ဒီအာတိတ်သမုဒ္ဒရာကြီးမှာ နွေရာသီ ရေခဲတွေ အားလုံးအရည်ပျော် ပျောက်ကွယ်ကုန်မယ်လို့ ခန့် မှန်းကြပါတယ်။

ခုဆိုရင် ရေခဲပြင် ထု တော်တော် ပါးလွာလာပြီး နောက် နွေရာသီရောက်ရင် ရေပြင်ချည်း သီးသန့် သာ ကျန်တော့ မယ်လို့  ဆိုပါတယ်။ ဒါတွေရဲ့  နောင်ဖြစ်လာမဲ့ အကျိုးဆက် ကတော့ တကမ္ဘာ လုံးရဲ့  မိုးလေဝသ ကို ကဗြောင်းကဗြန် ဖြစ်သွားနိုင်ပါတယ်။ဒီ အာတိတ်သမုဒ္ဒရာကြီးဟာ တကမ္ဘာလုံးရဲ့  မိုးလေဝသ မှာ အရေးပါတဲ့  အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒီဒေသကို ကမ္ဘာကြီးရဲ့ ရေခဲသေတ္တာလို့  တင်စားခေါ်ဝေါ်ကြတာပါ။








တကယ်လို့ များ ရေခဲတွေ အားလုံး အရည်ပျော်ပျော်ကွယ် သွားခဲ့ရင် ဆူနာမီလို ရေလွှမ်းမိုးမှုတွေ၊ Nargis လို မုန်တိုင်းကြီးတွေ ဖြစ်လာပြီး၊ ကမ္ဘာကြီးရဲ့  သဲကန္တာရ နေရာလဲ ပိုကျယ်လာနိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် အသီးသီးတို့ ဒီကိစ္စကို အရေးပေါ်ဆွေးနွေးခဲ့ကြပြီး ချမ်းသာပြီးစက်မှုဖွင့်ဖြိုးတဲ့ နိုင်ငံကြီးများ ဟာ ၂၀၂၀ မှာ ကာဗွန် ထုတ်လုပ်မှုကို ၄၀% လျော့ချမယ်လို့  သဘောတူခဲ့ကြပါတယ်။ အဲဒီထဲမှာ ပြည်ကြီးတရုတ် နိုင်ငံကလဲ ရှေ့ ဆုံးက နေ တက်တက်ကြွကြွ ပါဝင်ပါတယ်။ကာဗွန် ပမာဏ ကို မထိန်းချုပ်နိုင်ရင်၊ သစ်တောပြုန်းအောင် အပင်ခုတ်ရင်၊ တောင်ယာ မီးရှို့  ရင်၊ လောင်စာဆီ အရမ်းသုံးရင် ၊ မဆွေးမြေ့ နိုင်တဲ့  ကြွပ်ကြွပ်အိပ်တွေ အသုံးများရင်၊ ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ မြန်မာပြည် အနေအထားနဲ့  နောက်ထပ် သဘာဝဘေးဒဏ်တွေ ထပ်ကြုံရမှာ ကို စိုးရိမ်မိသလို ၊ အာတိတ် ပင်လယ်ပြင်မှာ ကျက်စားနေတဲ့ ပိုလာ ဝက်ဝံမျိုးစိတ်တွေ အတွက် စိုးရိမ်စရာဖြစ်ပြီး၊ ရေခဲအိမ် Igloo မှာနေတဲ့ Askimos တွေ Air con ဝယ်ရမဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။

Saturday, 1 May 2010

GENDER EQUALITY

Are women always needed to put make-up to look more feminine?

What do you think of women who don’t wear make-up ?

Do you think she is boyish/odd/weird/lesbian/tomboy ?

If women behave or think like men are odd/abnormal/unusual/out of ordinary?

Some people consider as women who have short hair is boyish/tomboy.

Just because you decide not to put make-up doesn’t mean that you are boyish woman. Even if you don’t know how to put make-up doesn’t mean that you are a gay.

I think who ever judges to someone base on the appearance alone, should probably … seriously reconsider what kind of prejudice prick they may or may not be.

Gender equality is important to me and I am sure it is to many other.