Sunday, 27 February 2011

My home is my palace ကိုယ့်အိမ်ဟာ ကိုယ့် နန်းတော်

လွန်ခဲ့တဲ့ ၁၁ နှစ်လောက်က ခင်းထားသည့် အောက်ထပ် လျှာထိုးအထပ်သား ကြမ်းခင်း တော်တော် အိုဟောင်းလောက်ပြီ။ မိုးအခါ စိုစိ စိုစိဖြင့် အိမ်ရှေ့ ဖိနပ်ချွတ်နေရာ ခင်းထားသည့် သံမံတလင်းမှ တဆင့် အောက်ထပ် အခင်းကို ဆက်တက်ရသဖြင့် ရာသီဥတု ဒဏ်တော်တော် ခံထားရပြီ။ နွေအခါ အပေါ်ထပ်မှာ အပူရှိန် ပြင်း သောကြောင့် အောက်ထပ်မှာဘဲ မိသားစု အချိန်ဖြုန်းတတ်ကြသဖြင့် ဒီကြမ်းခင်း ကိုပြုပြင်မှ ဖြစ်တော့မည်။

စိတ်ထဲ ရှိတဲ့ အတိုင်းသာ လုပ်လို့ ရရင်တော့ ဒီဇိုင်းအသစ်ဆွဲကာ အသစ် ပြန်ဆောက်လိုက်ချင်သည်။ နွေရာသီ ပူစပ်ခါးကြီး ကို အန်တု နိုင်မည့် အဲယားကွန်း တပ်လို့ ရသည့်အိမ်မျိုး ဆောက်ချင်သည်။လက်ရှိ ပြတင်းပေါက်တွေကို မကြိုက်။ တပ်ထားသည့် သံတိုင်တွေကိုလဲ မကြိုက် စိတ်သာရှိသည် ခေတ်ကာလ နှင့် အလုပ်အကိုင်က မကောင်းသေး မီးကလဲ ပုံမှန် မရှိ လာတစ်ချက်မလာတစ်ချက် (ထုံးစံအတိုင်း) နေရောင်ချည်သုံး အဲယားကွန်း၊ မီးဖို၊ တွေ ခေတ် ဘယ်တော့ထွန်းကားမလဲ မသိသေး။ နွားချေးဖြင့် လျှပ်စစ်မီးထုတ်တဲ့ စီမံကိန်း လဲ ဘာသံမှမထွက်တော့။ ပြောရ အကုသိုလ်များသည်။ ဒါတွေထားလိုက် ဦး အသစ်ဆောက်လျှင် ကြီးကြပ်မည့်သူ နားလည်သူ က မောင်လေးတစ်ယောက်သာ အိမ်တွင်လောလောဆယ် ရှိသဖြင့် သူဝန်ပိနေတော့မည် သူလဲအမြဲ အလုပ်ရှုပ်နေသူ မို့  အသစ်ပြန်ဆောက်ဖို့  က စဉ်းစားစရာ။

အိမ်ဘေး ပတ်လည်မှာ စိုက်ထားတဲ့ သရက်ပင် တွေကလဲ အသက် ၂၀ ကျော်ပြီမို့ ပင်အိုတွေလို့ ပြောနိုင်သည်။ သူတို့ ဆီက အရွက်တွေ သွပ်မိုးပေါ် တင်တော့ အမိုးလဲ အရင်ကလို သွပ်ရောင်တလက်လက်ဖြစ်နေတော့မည်မထင်။ ရေနံချေးသုတ်ထားသည့် အိမ်အပေါ်ထပ် ဘေးနံရံများလည်း ခုဆို ရာသီဥတုဒဏ်ကြောင့် ကောင်းတော့မည်မထင်။ အိမ်ဝင်းထဲမှာ ဆွမ်းခံ ကိုယ်ရင်လေးများ၊ မယ်သီလများ ကြွလာလျှင် ထိုင်နားစရာ ခိုင်ခိုင်ခန့် ခန့်  ခုံလေးတွေရိုက်ချင်သည်။ သစ်ပင်ပန်းပင်တွေလဲ အမြဲတန်းစိမ်းနေအောင် အော်တိုမစ်တစ် ရေပန်းတစ်ခု တပ်ချင်သည်။ အိမ်ရှေ့ လမ်းကိုလဲ ဖုန်မထအောင် ရေဖြန်းလို့ သည့် လူအားမစိုက်ရသည့် ရေပန်းမျိုးပေါ့။ ဒါတွေထား အခု လောလောဆယ် ကြမ်းခင်းကို ဘယ်လို ပြင်ကြမလဲ လောလောဆယ်တော့ ကြွက်တွေ အခေါင်းဖေါက် တဲ့ ရန်က ကင်းအောင် ဘုန်းဘုန်း လက်စွဲ အင်ဂျင်နီယာ ဦးဂွတို ကို ငှားပြီး အင်္ဂတေ သာခင်းလိုက်ဖို့  အကြံပြုလိုက်တော့မည်။

ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ကိုယ့်အိမ်ဟာ ကိုယ့်နန်းတော် ပါဘဲလေ။ အိမ်ကိုလွမ်းသည်။

ဘာသာပြန်ခြင်း & စကားပြန်ခြင်း၊

Freelance အလုပ်တစ်ခုအနေနဲ့ မနှစ်က စပြီး စကားပြန် အေဂျင်စီတစ်ခု မှာ စာရင်းသွင်းပြီး စကားပြန်လုပ်ခဲ့ပါတယ်။ များသောအားဖြင့် အေဂျင်စီက ဆေးရုံ ဆေးခန်းတွေကို လွှတ်ပါတယ်။ အဲဒီလို လွှတ်တဲ့ အခါ ဆေးပညာဝေါဟာရ တော်တော်များများကို မသိတော့ သိတဲ့  ကျမမောင်လေး ကို မကြာခဏဆိုသလို အကူအညီတောင်း ဆွေးနွေးဖြစ်ပါတယ်။

ဒီပိုစ့် ရဲ့ အဓိက ပြောချင်တဲ့ အကြောင်းအရာကတော့ စကားပြန်ခြင်း ၊ ဘာသာပြန်ခြင်း မှာ လိုက်နာ သင့်တဲ့ ကျင့်ဝတ်လေးတွေအကြောင်း ပေါ့ပေါ့ ပါးပါး ရေးချင်လို့ ပါဘဲ။ ကျမ ရေးသမျှ တော်တော်များများ ဟာ ပေါ့ပေါ့ပါးပါး ဖြစ်မနေ တတ်ဘူးဆိုတာ ကိုယ်တိုင်လဲ သတိထားမိပါတယ်။

စကားပြန် တစ်ယောက် မလုပ်ခင် ကတည်းက စကားပြန်တစ် ယောက် ရှိသင့်တဲ့ ရဲ့  ကျင့်ဝတ် လေးတွေကို ကျမ aware လုပ်မိပါတယ်။ Client တစ်ယောက်ဘက် က စဉ်းစားရင် ကိုယ်ကိုယ်တိုင် အင်္ဂလိပ်စကားကို သေချာ နားလည်သော်လည်း emotion ကြောင့်ဖြစ်စေ၊ အသံထွက်ကို confident မဖြစ်လို့  ဖြစ်စေ၊ ကိုယ်ကနေ မေးခွန်း တော်တော် များများ မေးစရာရှိလို့ ဖြစ်စေ စကားပြန်ကို ကြားခံပြီး သက်ဆိုင်ရာလူတွေနဲ့ ဆက်သွယ်ကြတဲ့ နေရာမှာ client ဟာ စကားပြန် ကို ယုံကြည်မှု မရှိဘူးဆိုရင် ဥပမာ ကိုယ့်ကွယ်ရာမှာ ကိုယ့် အကြောင်း သတင်းတွေ လိုက်ဖွမယ်ဆိုရင် ဆိုတဲ့ အတွေး နဲ့ တင် စကားပြန်နဲ့ ဆက်သွယ်ရမှာ တော်တော်ဝန်လေးစရာပါ။




စကားပြန်လုပ်ရင် ကိုယ့် assignment နဲ့ ပါတ်သက်သမျှ ကို အလုပ်အပြီးမှာ မေ့ပြစ်လိုက်တာဟာ အကောင်းဆုံးပါ။ Confidentiality က အရေးအကြီးဆုံးပါ။ ကိုယ့် client နဲ့ ပါတ်သက်သမျှ တစ်စွန်းတစ ကိုမျှ မပေါက်ကြားအောင် နှုတ်လုံ ရပါမယ် ဒါဟာအရေးအကြီးဆုံးပါ။ ဒါကိုမှ မစောင့်ထိန်းနိုင်ရင် စကားပြန် မလုပ်သင့်ပါဘူး။ ကိုယ်က စကားပြန် လုပ်ပြီး ကိုယ့်client အကြောင်း စကားစပ်မိလို့ ဖြစ်စေ၊ အတင်း ပြောချင်လို့ ဖြစ်စေ၊ ဥပမာ ပေးချင်လို့ ဖြစ်စေ ထုတ်ပြောနေခဲ့ ရင် ဒါဟာ self respect မရှိတဲ့ စကားပြန် သာဖြစ်မှာပါ။

ဘာသာရပ် ၂ ခုကြားမှာ စကားဖလှယ် ရတဲ့ အခါမှာ (true & faithful) ဖြစ်ရပါမယ်။ စကားတစ်လုံးမှ ထိန်ဝှက် ထားခြင်း၊ ကိုယ့်ဘာသာ စကား အတိမ်အနက် ကို ပြောင်းပြစ်ခြင်း၊ အပိုဆာဒါး ထည့်ခြင်းများ ကို လုံးဝ မပြုလုပ်သင့်ပါဘူး။

အချိန်ဟာ ရွှေနဲ့ စက်ပြီးလဲလို့ ရတယ်ဆိုတဲ့  ဒီခေတ်ကြီးမှာ punctuality ဟာအရေးကြီးပါတယ်။ assign လုပ်ထားတဲ့ နေရာ ကို အနည်းဆုံး ၁၅ မိနစ်လောက်ကြိုရောက် ထားရင် အကောင်းဆုံးပါဘဲ။

နောက်တစ်ခု အရေးကြီး တာက လျှာ ခလုတ်မတိုက်မိအောင် သတိထားရပါမယ်။ တစ်ခါတုန်းက ဘာသာပြန်သွားတော့ Client က မရှင်းတဲ့  ၊ သိချင်တဲ့ အချက်အလက်ကို ဆရာဝန် ကို မေးခိုင်းတယ်။ ဆရာဝန် က စကားရှည်ရှည်နဲ့  ပြန်ဖြေတာကို client ကို ပြန် ပြောပြတယ် အဲဒီနေရာမှာ လျှာခလုတ်တိုက်ပြီး အင်္ဂလိပ်လို တော်တော်များများ ပါသွားလို့ ဆရာဝန်မျက်လုံးပြူး ကြည့်  တာခံ ခဲ့ရဖူးပါတယ်။ သူ့ စိတ်ထဲမှာ ဒီစကားပြန် ဟုတ်မှ ဟုတ်ရဲ့ လားဆိုပြီးတော့။ ကျမ ကိုယ် တိုင်လဲ ကြိုးစားနေဆဲ အဆင့်မှာဘဲမို့ အမှားနဲ့ မကင်းပါဘူး။ ဒီလိုမမှားအောင်နောက်အများကြီး သတိထားဖြစ်ပါတယ်။

ဝေဖန်ခြင်းကိုရှောင်ရှားပါ၊ အကြံဥာဏ်ပေးခြင်း ဆေးမီးတို ပေးခြင်းရှောင်ရှားပါ။တိတိကျကျ Word by Word စကားပြန်ပေးပါ။ ကြားဖြတ်ပြီး ဝင်မပြောပါနဲ့ ။ ဒါဆိုရင် စကားပြန်ကောင်းတစ်ယောက်ဖြစ် နိုင်ပါပြီ။

နောက်ဆုံး တစ်ချက် ကတော့ ကိုယ်လုပ်ရမဲ့  assignment က ကျန်းမာရေး ဆိုရင်လဲ ကျန်းမာရေး အသုံးအနှုံး တွေနဲ့ မစိမ်းအောင်၊ ဥပဒေ ဆိုရင်လဲ law အသုံးအနှုံး တွေနဲ့  မစိမ်းအောင် စာ ကိုနာနာ ဖတ်ဖို့ အကြံပြုရင်း ဒီဘာသာပြန်ခြင်း စကားပြန်ခြင်း ပိုစ့်ကို နိဂုံးချုပ်ပါရစေ။

Saturday, 26 February 2011

ထမိန်ဝတ် တို့ ရဲ့  ခေတ်ပျက်သူဌေး

အရင် တုန်းက Htoo Htet Treading အခုနာမည် Htoo Trading ပိုင်ရှင် တေဇ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း က ရေခဲတောင်မှာ ဒုက္ခရောက်နေတယ် ဖတ်မိတယ်။ လွန်ခဲ့တဲ့  ၁၉၉၈ မတိုင်မီမှာ သူပိုင်ဆိုင်မှုဟာ ဒီလောက်မများသေးဘူး။ ရန်ကုန်က နေ နယ်မှာရှိတဲ့ ရုံးခွဲတွေ ကို ကား၊ ရုံးသုံးကွန်ပျူတာက အစ စားပွဲကုလားထိုင်အဆုံး ပို့ ချင်ရင် ထူးထက် Trading ကိုဖုန်းဆက်လိုက် ဆိုင်ရာပိုင်ရာတွေ အဆင့်ဆင့် သွားစရာ မလို ဘူး။ တရားဝင်ရော တရားမဝင်ရော စဉ်းစားစရာမလို ဘူး ။ အဆင့်အားလုံးကို သူ့ နည်းသူ့ ဟန်နဲ့ ကျော်ဖြတ် ပြီး ရောက်အောင်ပို့ ပေးတယ်။ ကုလသမဂ္ဂတို့  ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့ တို့  က သူ့ ရဲ့ service ကိုတွင်တွင် သုံးခဲ့တာသိရပါတယ်။

တေဇ ဟာ ၁၉၆၇ ခုနှစ်မွေးတဲ့ အသက် ၄၀ စွန်းယုံခေတ်ပျက် သူဌေးတစ်ယောက်ပါ။ နွားအဖ ကျေးဇူးကြောင့်သူရဲ့ ပိုင်ဆိုင်မှုအင်ပါယာ တော်တော်ကျယ်ပြန်လာပါပြီ။ သစ်ပွဲစား၊ လက်နက်ပွဲစားအလုပ်အပြင်၊ Air Pagan ဆိုတဲ့  ပုဂ္ဂိုလိကပိုင် လေကြောင်းလိုင်းတစ်ခုအပြင်၊ ခရီးသွား လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း တွေအပြင် ရန်ကုန်ယူနိုက်တက်ဆိုတဲ့ ဘောလုံးအသင်းရဲ့  စပွန်ဆာ လဲဖြစ်ပါတယ်။

ပြောချင်တာ က သူရေခဲတောင်ထဲမှာဒုက္ခရောက်နေတယ်လို့ သတင်းတွေမှာ ဖေါ်ပြတော့ ကျမစိတ်ထဲမှာ အော် ဒါသာမန်ဖြစ်စဉ်တစ်ခုလို အမှုမဲ့ အမှတ်မဲ့ ထားမိပါတယ်။ နောက်ရက်မှာ သူ့ ကို ကယ်ဆယ်လို့ ရပြီဆိုတဲ့ သတင်းကို ဖတ်ရတော့ ကျမစိတ်မှာ ဘာဖြစ်သွားတယ်ဆိုတာကို ရေးချင်တာပါ။

ချီလီ က မိုင်းသမားတွေ ဂူထဲမှာ ပိတ်မိနေတုန်းက သူတို့ တစ်ယောက်စီ ထွက်လာတာ တီဗွီမှာကြည့်ရင်း သူတို့ မိသားစုတွေ နဲ့ တူတူ ရောပျော်မိတယ်။ တေဇ ကို ကယ်လို့ ရတယ်လို့ လဲ ကြားရော ကျမ မုဒိတာ မပွားနိုင်ခဲ့ပါဘူး။ တေဇမှာ လဲ တစ်ခုခုဖြစ်ရင် ပူမဲ့ သူ့ မိသားစု ရှိတယ်။ သူ့ အသိုင်းအဝိုင်းရှိပါတယ်။ လူတစ်ယောက် အသက်ဘေးက လွတ်လာတာ ကို မုဒိတာ မပွားနိုင်လောက်အောင် ကျမစိတ်ဓါတ်တွေဘာဖြစ်သွားပြီလဲ ဆိုတာ တွေးနေမိပါတယ်။

နာဂစ်တို့  ဂီရိ တို့  သဘာဝ ဘေးဒဏ်ထိတော့ သာမန်မျက်နှာမွဲလူတွေ ကယ်ဆယ်ရေး ထိထိရောက်ရောက် မလုပ်နိုင်လို့  ပြည်သူပြည်သားတွေ မလိုအပ်ဘဲ အသက်ဆုံးရှုံးရတယ်။ မျက်နှာကြီးသူဌေး ရေခဲတောင်မှာ ဒုက္ခရောက်တော့ သတင်းတွေကလဲ ဝေဝေဆာဆာ ဖေါ်ပြလိုက်ကြတာ။ ကယ်ဆယ်ချင်နေတဲ့သူတွေကလဲ လက်ကိုယားနေကြတာဘဲ။ ရေများတဲ့ နေရာကို မိုးစွတ်ရွာနေတာ ကို ကျမ တော်တော်အမြင်ကတ်လို့ ပါ။
ဆိုလိုတာက လူချမ်းသား သူဌေးတစ်ယောက်ဒုက္ခရောက်တာကို ကျမ မိန်မိန်ယှက်ယှက် ကြည့်နေကြားနေချင်တယ်။ ဂါရဝ တွေ ဘာတွေ နားမလည်ချင်တော့ဘူး ကိုယ့်မိဘ ထက်တောင် အသက်ကြီးတဲ့ ထမိန်ဝတ် သက်ကြားအို တွေကိုလဲသေစေချင်နေတယ်။ ဒီလိုစကားတွေကို ရင်ဘတ်ချင်းတူတဲ့လူတွေနဲ့  မကြာခဏ ပြောမိကြမှာပါ။ လူတွေအားလုံးက သေစေချင်လောက်အောင် မေတ္တာခံယူ နေတာရတာကို အုပ်ချုပ်သူ ထမိန်ဝတ်တွေနဲ့  လက်ဝေခံ ခေတ်ပျက်သူဌေးတွေ ဘာလို့  မသိချင်ယောင်ဆောင်နေကြတာပါလဲ။ တိုင်းပြည်ကို ခွာချရောင်းစားနေတာ တိုင်းပြည်ကြီးလဲ အပွေးမရှိတဲ့ သစ်ပင်လိုဖြစ်နေပြီ။ ထာဝရဘုရား ဆိုတာ တစ်ကယ်ရှိရင် ဒီလိုလူတွေကို ဒီတိုင်းမထားဖို့  တောင်းဆိုချင်တယ်။ အာလာအရှင်မြတ်ဆိုတာ တကယ်အပြင်မှာ ရှိရင် အမိန့် တော်မှတ်ဖို့  အချိန်တန် ပါပြီလို့ ။ မကောင်းသူဖယ် ကောင်းသူဆယ်ဖို့ ။ Judgement နေ့ ကို ရောက်သင့်တာ ကြာပါပြီလို့  ပြောလိုက်ချင်ပါတယ်။

Sunday, 6 February 2011

မြန်မာ သမ္မတ ဘယ်သူလဲလို့ မေးလာသူ အတွက်

ခင်ညွှန့် ၊ စိုးဝင်း၊ သိန်းစိန် သူတို့ ၃ယောက်စလုံး ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးတယ်။

ခလည်က တစ်ယောက် (စိုးဝင်း) တော့ သေသွားပြီ။
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အနားသတ်အချိန် အောက်တိုဘာ ၂၀၀၇ မှာ မြန်မာဝန်ကြီးချူပ်စိုးဝင်း သေတော့ သိန်းစိန်ရာထူးဆက်ခံခဲ့တယ်။ ဧပြီလ ၂၀၁၀ မှာ ကြံ့ ဖွတ် ပါတီကို တရားဝင်နိုင်ငံရေးပါတီ အဖြစ်ထောင်ပြီး ။ ပါတီခေါင်းဆောင်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်။
၂၀၀၉ သြဂုတ်လ တုန်းက ပေါ့ မြန်မာ ဝန်ကြီးချုပ် သိန်းစိန် တစ်ယောက် အမေရိကားရောက်တော့ ဒီလို မေတ္တာ ပို့ တာခံခဲ့ရတယ်။ ဒီလိုအဆဲခံရတယ်။ ဒါပေမဲ့  ဒါတွေ ဟာသူ့ ကို သိဒ္ဓိ တင်ပေးလိုက် သလို ပါဘဲ။ ခုတော့ သူက သမ္မတ ရာထူး ရသွားပြီလို့  စာထဲမှာ ဖတ်ရပါတယ်။

သိန်းစိန် တစ်ယောက် စင်္ကာပူ ရုက္ခဗေဒ ဥယာဉ်ကို ၂၀၀၉ ခုနှစ်မတ်လ မှာ သွားလည်တော့ သစ်ခွပန်းကို သူ့ နာမည်ပေးလိုက်သတဲ့။ တတ်လဲတတ်နိုင်တဲ့ စလုံးက လူတွေ "Dendrobium Thein Sein” လို့  ဒီသစ်ခွ ပန်းကို အမည်ပေးထားပါတယ်။


သူ့ ရဲ့  နိုင်ငံတော်အတွက် လုပ်ဆောင်မှု တွေဟာ တခြား ချေးထုတ်တွေနဲ့ ဘာမှ မထူးခြားလို့  စိတ်ဝင်စားစရာမကောင်းပါဘူး ။ အသက် ၆၆ နှစ် ရှိမြန်မာ သမ္မတ သိန်းစိန် ဆိုတဲ့  လူကို မသိဘူးလို့  ပြောတဲ့ မြန်မာသူငယ်ချင်းတစ်ယောက်သိအောင် ဓါတ်ပုံ နဲ့ တစ်ကွ ရေးပေးလိုက်တာပါ။
တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင် တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။


အပေါ်က စာကြောင်း သုံးကြောင်း ကောင်းကင်ကိုထဲက ကြိုက်လို့ ကူးရေးထားတယ်။

Saturday, 5 February 2011

HAPPY BIRTHDAY TO YOU

ON THIS SPECIAL DAY , HERE IS WISHING YOU A DAY THAT IS SPECIAL AS YOU ARE.
*** HAPPY BIRTHDAY ***
MAY YOUR WORLD BE FILL WITH LOTS OF HAPPYNESS, LOVE AND JOY, TODAY & ALWAYS.
HERE IS A TEDDY BEAR AS A BIRTHDAY GIFT FOR YOU, YOUNG MAN.



Wednesday, 2 February 2011

လွှတ်တော်လူကြီးတွေ ရိုက်ကုန်ကြပြီ

ပါလီမန်မှာ ရန်ဖြစ်ကြလို့ လေ ။ လောက်စလုံးတွေနဲ့  ပစ်တာ လူကြီးတွေ ထီးဆောင်းပြီး ကာထားရတယ်။လုံခြုံရေးအတွက် ခေတ်မီ metal detectors နဲ့ စစ်တာ လောက်စလုံးက ရွှံဆိုတော့ မပေါ်ဘူး။ နောက် ဒေါသမထိန်းနိုင်တဲ့ လွှတ်တော်လူဂျီး မင်းများဟာ တစ်ယောက်နဲ့  တစ်ယောက် ဆွဲကုတ်ကြတယ်။ တစ်ချို့ လဲတိုက်ပုံအကျီ ချွတ်ပြီး ဖိုက်ဖို့  အသင့်ပြင်တယ်။ ခုံနှစ်လုံးကို ကျားကန်ကန်ပြီး သူများထုတာကိုရှောင်တဲ့သူက ရှောင်တယ်။ ဖမ်းချုပ် ကူပေးတဲ့သူရှိတော့ လက်ကို လိမ် ပြီး ဖမ်း ချုပ်ပေးတဲ့သူကတမျိုး ။ ဗိုက်သားတွေဘာတွေပေါ်တဲ့  သူကပေါ်လို့  ဒေါသတွေကြီး လိုက်ကြတာနော်။ နောက်လူက ခုံတန်းတွေကို ကျော်တယ်။ နောက် တစ်ယောက်နဲ့  တစ်ယောက် ထုတယ် နှက်တယ်။ ဖျဉ်တဲ့လူကလဲ ဖျဉ်တယ်။ နောက် ပွဲကြမ်းလာပြီး ဖျဉ်တဲ့ သူပါ အနှက်ခဲရတော့ ဘုသွားပြီး မမှီတော့ မှီအောင် တက်ခွ တယ်။ သဘာပတိကြီးလဲ ထီးလေး ကို ကာဗာလေး လုပ်ထားပြီး ဝမ်းဖိုးဖိုး ထုတ် တယ်။ ဝါစိမ်းနီ အလံလေး ကို လစ်တုန်း အိမ်မှာ စားပွဲခင်း မရှိတာနဲ့ အတော်ဘဲဆိုပြီး လူဂျီးတစ်ယောက်က ချုံပြီး အလစ်သုတ် တယ်။ ဟဲဟဲ နွားချေးနဲ့ မီးထွန်း ခိုင်းမဲ့  သကောင့်သားလဲ သူများ ကုတ်ဆွဲလိုက်တာ နှာခေါင်းမှာ သွေးတွေထွက်လို့ လက်ကိုင်ပုဝါလေးနဲ့  ။ လူဂျီးတွေ ဆိုတော့ ထင်း မီးခိုးမှိုင်း တိုက်ပြီး လူစု ခွဲလိုက်ရတယ်။ အင်အား သုံးပြီး မဖြိုခွဲ ခဲ့ရပါဘူး ။ မီးခိုးတွေ အူလွန်းလို့ ကင်မဒါမန်း တွေလဲ အပြင်ကို ကသုတ်ကယက် ထွက်ကုန်ကြပြီ။ ဟိုဘာဒဲ့ ဖွတ်ကြားတို့ အသင်းဆိုလား ကြံ့ မခိုင် ဒူးကွေး လေးကြိုး အဖွဲ့  ဆိုလား အဲဒါတွေ က တော့ တစ်ယောက်နဲ့ တစ်ယောက် မီးခိုးထဲမှာ ကုတ်ဆွဲနေကြတယ် ကားပါမစ် လုတာဆိုလား။

ဟဲဟဲ မြန်မာနိုင်ငံတော့မဟုတ်သေးပါ။ ယူကရိန်းက ပါလီမန် က လိုက်ဖ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။
မနှစ်က ဧပြီလ မှာ တင်ခဲ့တဲ့ ပိုစ့် အဟောင်းလေး ကို modify လုပ်ထားပါတယ်။





ယူကရိန်းဆိုရင် ဘောလုံးသမား Shevchenko (ချက်ချင်းငို .... ကလေးတွေခေါ်တဲ့  အတိုင်း) ကို သတိယကြမှာ ပါ တနေ့ တုန်းက သူတို့ နိုင်ငံရဲ့ ပါလီမာန်မှာ ရန်ဖြစ်ကြသတဲ့။ ဆွဲကုတ်တဲ့သူနဲ့ ၊ ကြက်ဥနဲ့ ပေါက်တဲ့ သူကလဲပေါက် အလံနားမှာထိုင်တဲ့ နာယက ကြီးတောင် ထီးလေးနဲ့ ကွယ်ထားရသတဲ့ကွယ်။ မျက်ရည်ယို ဗုံးနဲ့ လဲပစ်လူစုခွဲတာတွေ့ ရတယ်။...... ပါလီမန် ..... ထဲမှာနော် ။ .... ကလေးတွေ.....လဲမဟုတ်ဘူ ..... ဘောလုံးပွဲ အားပေးရင်း ရန်ဖြစ်တာလဲ မဟုတ်ဘူး။ တော်တော်ကို အရုပ်ဆိုးတာ။ ကြည့်တဲ့ဘေးက သူတွေကတော့ ဟားချင်မှာဘဲ။ လက်သီးနဲ့ ထိုးတာလဲမဟုတ်ဘူး။ ပုခုံးကိုတွန်းတာလဲတွေ့ တယ်။ လက်နဲ့ လွှဲရိုက်တာလဲတွေ့ တယ်။ သူတို့ ဆီက အတိုက်အခံခေါင်းဆောင်က သမ္မတကို ရုရှားလိုလားသူ လို့  စွပ်စွဲတယ် ။ သမ္မတက Sevastopolမှာ အခြေချဖို့  သက်တမ်းတိုးပေး မှာကို မလိုလားလို့ ပြသနာတက်တာဖြစ်ပါတယ်။

Tuesday, 11 January 2011

ဟာသ sign language (You must watch it!!!!)

နိုင်ငံကြီးတွေက ကျောင်းတွေမှာ ဆွံ့ အ နားမကြားသူ ကျောင်းသား/ကျောင်းသူတွေ သာမန်အတန်းလာတက်ရင် ဆရာ၊ဆရာမ ရှင်းပြတာကို တခြားလူတွေ နားလည်တဲ့ အတိုင်း နားလည်ဖို့  sign language နဲ့ သရုပ်ပြငှားထားလေ့ရှိပါတယ်။ ဒီဗွီဒီယို လေးကတော့ စိတ်ရှုပ်နေတဲ့ ကျမကို ခေါင်းရှင်းပေးလို့  မျှဝေပေးလိုက်ပါတယ်။
Please don't take serious about the lyrics , it is a bit rude for Burmese ears but nice though.... and don't forget to smile after it......
သရုပ်ပြတော်တော် တော်ပါတယ်။ ကြည့်ဖြစ်အောင်ကြည့်ပါ။

Wednesday, 5 January 2011

Honey can cure hangover အရက်နာ ကျလျှင် ပေါင်မုန့် ပျားရည်သုတ်စားပါ။



Got a bad hangover? Try honey on toast, says a new study. Researchers from the Royal Society of Chemistry claim to have found that taking honey, the natural sweetner, is a great way to help the human body deal with the toxic effects of a hangover.




ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ အသောက်များလို့  ခေါင်းထဲမကြည်မလင် ( အရက်နာ )ကျနေရင် ပျားရည်ကို ပေါင်မုန့် ကင်ပေါ်မှာ သုတ်ပြီး စားပေးပါတဲ့။ The Royal Society of Chemistery က Research အရ ပျားရည် ဟာ သဘာဝ အချိုဖြစ်ပြီး လူ့ ခန္ဒာကိုယ်ထဲက အရက် ကနေ ဖြစ်တဲ့  အဆိပ်အတောက်တွေ မှ တဆင့် အရက်နာ ကျတာကို ဖယ်ရှားပေးပါတယ်တဲ့ ။

အရက်နာကျတာဟာ အရက်မှာပါတဲ့  acetadehyde ကြောင့်ပါ။ အရက်နာကျရင် ခေါင်းကိုက်ပါတယ်။ မူးဝေပါတယ်။ တခါတစ်လေ မှာ အန်တတ်ပါတယ်။ ကိုယ်လက်ညောင်းညာတတ်ပါတယ်။ ဒါ့ကြောင့် Research အဖွဲ့ ကခေါင်းဆောင် Dr John emsley က " နွားနို့ တစ်ခွက်ကို အရင်ဆုံး သောက်ပေးပါ။ ပျားရည်ကို ပေါင်မုန့် မှာ ထောပတ် သုတ်သလို သုတ်စားပေးပါ။
Potassium နှင့် Sodium တွေဟာ ဒီအရက်နာကျချင်းကို တရစ်ရစ် ပြေပျောက်စေမှာပါတဲ့ ။ သောက်လိုက်တဲ့ နွားနို့ ဟာ အရက်ရဲ့  ပြင်းအားကို dilute ဖြစ်စေပါတယ်။ အရက်ဟာ ရေဓါတ် ကို ဆုံးရှုံးစေပြီး မကြာခန ဆီး သွားစေပါတယ်။ ဒါကြောင့် dehydration ဖြစ်တာ ဟာ အရက်နာ ကျတာကို ပိုပြီး ဆိုးဝါးစေပါတယ်။ မအိပ်ခင်မှာလဲ ရေတစ်ခွက် ဖြစ်အောင် သောက်ပေးဖို့  အကြံပေးပါတယ်။ "

Ref: လန်ဒန်ထုတ် Maya သတင်းစားမှ ကိုးကားသည်။

ဘာဖြစ်ဖြစ် No No No ပဲ

စကားစပြောကာစ ကလေး တစ်ယောက်ရဲ့ ချစ်စရာ အဖြေလေးပါ။
[Daddy] Did you have a good Christmas?[Charlotte] No
[Daddy]Do you love your mommy?[Charlotte]No
[Daddy]Do you love your daddy?[Charlotte]No, No, No
[Daddy]Do you love your uncle Gavin?[Charlotte]Nooo
[Daddy]Do you love your grandparents?[Charlotte]No, No, No
[Mommy]Do you want a million dollars?[Charlotte]No, No
[Daddy]Do you love your Dumpy?[Charlotte]No, No
[Mommy] Do you want to go na-night?[Charlotte](fast) No, No
[Daddy]Do you love bath time?[Charlotte](fast) No, No
[Daddy]Is there anything you like?[Charlotte]No, No

ရဲဘော် အဟိ

ဘာလို့ လဲ မသိဝူး။ ဒီပုံကိုကြည့်ပြီး ပြုံးချင်လို့ 