Wednesday, 15 February 2012

Ginger Boy

မနှစ် က နွေရာသီမှာ သူတို့  Gypsy ၂ ကောင် အိမ်နောက် မီးဖိုချောင် တံခါးမှာ အစာလာ စားကြတယ်။



အပေါ်က Ginger guy ကတော့ နည်းနည်းဝ ပြီး အောက်ပုံက မောင်ကျားနဲ့  မတည့်ဘူး။ သူတို့ ၂ကောင်လုံး လေလွင့် ကြောင် တွေဖြစ်လို့ လူတွေနဲ့ သိပ်မယဉ်ကြဘူး ။ ဒီလိုနဲ့  ...........

နည်းနည်း ပိန်တဲ့ မောင်ကျားဟာ အိမ်ထဲကို ဝင်ခွင့်ထွက် ခွင့်ပါမစ်အပြင် အိမ်ထဲက ဖိနပ်ချွတ်တဲ့ နေရာနဲ့  မနီးမဝေးမှာ အိပ်စရာနေရာလေးတစ်ခု ရလာတယ်။

ကြောင်ရည်နည်းနည်း ပိုလည်တဲ့ မောင်ကျားဟာ အိမ်ခံကြောင် ၂ကောင်နဲ့ တည့်တော့ သူလာတိုင်း အိမ်တံခါးဖွင့်ပေး အစာကြွေး အိပ်စရာနေရာပေး အပြင်ထွက်ချင်ရင်ပေးထွက် နဲ့  သူ့ အတွက် အလုပ်တစ်ခု ရလာခဲ့တယ်။ သို့ သော် အရိုင်းတို့ ထုံးစံအတိုင်း တစ်ခါတစ်လေ လူကို ကုတ်ချင်တယ်။ လန့် ရင် self defence လိုမျိုးပေါ့။ သို့ သော် တစ်နေ့ မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။

နည်းနည်းပိုစွာတဲ့  မိုက်တီး Ginger boy ဟာ တစ်နေ့ တော့ အစာစားပြီး မပြန်တော့ ဘူး။ အိမ်နောက်နားမှာ ရစ်သီရစ်သီနဲ့  မီးဖိုတံခါးဖွင့်တိုင်းတွေ့  နေရတယ်။ နည်းနည်းရိုင်းတော့ အိမ်ထဲ မဝင်ပါဘူး။ အစာစားနေတုန်းတောင် သူ့ နောက်ကျောကို သပ်ရင် ပြန်ပြီး ခွီးဆိုလုပ်ချင်တယ်။ အိမ်က လူတွေက သူနေစရာ အိမ်လေးတစ်ခု ဆောက်ပေးလိုက်တယ်။ အိမ်နောက် တံစက်မိတ်လှေကားနားမှာ မပြန်တော့ဘူး။ အဲဒီမှာနေတယ်။

ရန်စွာကောင် ဟာ တစ်ဖြေးဖြေး အစားတောင်းတတ်လာတယ်။ မီးဖိုထဲမှာ ထမင်းစားရင် ခြေထောက် ကိုလာလာပွတ်တယ်။ Iceland ကချက်ပြီးသား ကြက်သားထုတ်လေးကို နွေးကျွေးရင် သိပ်ကြိုက်တယ်။ ဒါနတစ်ခု ပြုတာမျိုးဖြစ်လို့  သူကြိုက်တတ်တာလေး မပြတ်အောင် ဝယ်ထားဖြစ်တယ်။


ည အလုပ်က အပြန်ထမင်းနွေးရင် ဒီကောင့်အတွက် ကြက်သားတုံးလေးတွေ လဲ သီးသန့် နွေးဖြစ်တယ်။ လူအစာစားရင် သူလဲစားချင်တယ်။ ကြည့်ရတာ အနီးနားက ဘီယာဆိုင်တွေမှာ အမြည်း တောင်းစားနေကြ ကောင် ဖြစ်မယ်။

ဒီလိုန့ဲ သူမပြန်တော့ဘူး။ ဒါပေမဲ့  အပြင်ခနခနထွက်ပြီး လမ်းရှာတယ်။ အိမ်ပြန်လာရင် တစ်ခါတစ်ခါ လှေခါးထပ်ကနေ ထွက်ကြိုတတ်တယ်။ အိမ်မှာ ရှိတဲ့  အိမ်ကြောင် ၂ကောင် ကို ကိုင်ရင် မနာလိုတတ် သိသိ သာသာ ရှောင်ဖယ် ရှောင်ဖယ် စောင်းငန်း စောင်းငန်း လုပ်တတ် လာတယ်။



တရုတ်နှစ်ကူး မတိုင်ခင်မှာ Taddy Bear အကြီးကြီးတစ်ကောင် အလုပ်ကနေ လက်ဆောင်ရထာ တယ် မြေအောက်ရထား တဆင့် နဲ့ မြေပေါ်ရထား ပါစီးပြီး သယ် ရတာ ရှက်ပေမဲ့ ဒီကောင်များ ကြိုက်မလား လို့  သူများတွေ ပြုံးစိစိ လုပ်တာ ကို မျက်နှာလွှဲပြီး သယ်လာခဲ့တယ်။ ဒါပေမဲ့  ဒီကောင်ကြိုက်ပုံမပေါ်ဘူး။ မနေ့ ကတော့ အရုပ်ကို နည်းနည်းယဉ်သွားလို့ ထင်တယ်။ တစ်ရှုံရှုံ နမ်းကြည့်တယ်။ အိမ်က ကောင်တွေနဲ့  တော့ သူက ခပ်တန်းတန်းနေတယ် ။ ကိုယ့် အထာနဲ့ ကိုယ် ပေါ့။

အိမ်ခံ မဟုတ်ပေမဲ့  နောက်မှ ပေါက်တဲ့  Ginger boy ကို အိမ်ကလူတွေ က ခင်ကြတယ်။ သူ့ ဧရိယာ ကျော်လာရင်တော့ လက်ခံမှာ မဟုတ်ဘူးနော်။ အခုဆိုရင် ကျောကုန်း ကိုင်ရင် မေးစေ့ပွတ်ရင် လက်ခံတယ်။ အခု တော်တော်ယဉ်ကျေးလာပြီး ချစ်စရာကောင်းလာတယ်။

Tuesday, 7 February 2012

Somebody that I used to know

ယူကျူ့ မှာမြင်ခဲ့တဲ့ ဗွီဒီယိုလေးပါ။



အပေါ်က ဗွီဒီယိုကတော့ မူရင်းအဆိုတော်ရဲ့  Art creation ပါ ပြီး အခု အောက် က ဗွီဒီယိုကတော့ လူငါးယောက် က ဂီတာ တလက်တည်းကို တီးခတ်ထားတာဖြစ်ပါတယ်။ ဗွီဒီယို ၂ခုလုံးကိုယှဉ် ကြည့်လိုက်တော့ ၂ လုံးကောင်းနေလို့  ၂ခု လုံးတင်လိုက်ပါတယ်။

စာဖတ်သူတို့  လဲကြိုက်ကြမယ်လို့  ထင်ပါတယ်။


စာသားလေးတွေ ကတွေက တော့ ဒီလိုပါ။


Now and then I think of when we were together
Like when you said you felt so happy you could die
I told myself that you were right for me
But felt so lonely in your company
But that was love and it's an ache I still remember

You can get addicted to a certain kinda sadness
Like resignation to the end, always the end
So when we found that we could not make sense
Well you said that we would still be friends
But I'll admit that I was glad it was over
But you didn't have to cut me off
Make out like it never happened and that we were nothing
I don't even need your love, but you treat me like a stranger
And that feels so rough

No, you didn't have to stoop so low
Have your friends collect your records
And then change your number
Guess that I don't need that though
Now you're just somebody that I used to know
Now you're just somebody that I used to know
Now you're just somebody that I used to know
Now and then I think of all the times you screwed me over
But had me believin it was always something that I'd don’t
But I don't wanna live that way
Reading into every word you say
You said that you could let it go
And I wouldn't catch you hung up on somebody that you used to know-oh-oh
But you didn't have cut me off
Make out like it never happened and that we were nothing (oh)
I don't even need your love, but you treat me like a stranger and that feels so rough
(oh)
No, you didn't have to stoop so low
Have your friends collect you records
And then change your number (oh)
Guess that I don't need that thoughNow you're just somebody that I used to know
Somebody that I used to knowSomebody (now your just somebody that I used to know)
That I used to knowSomebody that I used to knowSomebody (somebody)that I used to know
I used to knowThat I used to knowI used to knowSomebody

Friday, 13 January 2012

မင်္ဂလာရှိသော ဒီနေ့ 

ဒီနေ့ ဟာ မင်္ဂလာရှိသော နေ့ တစ်နေ့  ဖြစ်ပါတယ်။
နေရောင်ခြည်တွေ ဟာ နွေးနေပြီး။
အချုပ်အနှောင်ခံနေရတဲ့  ငှက်ကလေးတွေ ဟာ သူတို့ ကျင်လည်ကျက်စားရာ မိုးကောင်းကင်ပေါ် ကို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့  နေ့ လဲဖြစ်ပါတယ်။
အနာဂတ်ရောင်ခြည် လင်းလက်လာတဲ့  နေ့ ဖြစ်ပြီး လူတိုင်းရဲ့ ရင်ထဲမှာ လွတ်လပ်ခြင်း၊ မျှော်လင့်ခြင်း၊ တွေ အပြည့်နဲ့  အနာဂါတ်ကို ရင်ဆိုင်ဖို့  ခွန်အားတွေ ပြည့်လာတဲ့  နေ့ တစ်နေ့ ဖြစ်ပါတယ်။
ရွှေ မြန်မာပြည် ရေ မင်္ဂလာပါ။

Sunday, 27 November 2011

India Talent Show

India Talent Show ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ Warriors of Goja ဆိုတဲ့ အဖွဲ့ ရဲ့  တင်ဆက်မှုပါ ။ Talent လို့ ပဲ ပြောရမလား ၊ မိုက်ရူးရဲတယ် လို့ ပဲ ပြောရမလားတောင် မသိတော့ဘူး ။

"သွေးသံရဲရဲ မကြည့်ရဲ သူများ မကြည့်သင့်ပါ"


The Last Dictator Standing

The Last Dictator Standing လို့ နာမည်ပေးထားတဲ့ Nando ကြက်ကင်ဆိုင် ကြော်ငြာပါ။ တခြားနိုင်ငံက အာဏာရှင်တွေ စုံစုံလင်လင်တွေ့  ရပေမဲ့ မြန်မာပြည်က တစ်ယောက်ကတော့ video ထဲမှာ မပါတာ နာမည်ရှေ့ မှာ အငြိမ်းစားတပ်လိုက်လို့  ထင်တယ် ။

Monday, 13 June 2011

Bhutan (ဘူတန်) မှ ဓါတ်ပုံမှတ်တမ်း





မြို့ တော် Thinbhu မှ ဆေးရုံ

တည်ဆောက်ဆဲ ဘုရား ပုံ


တည်ဆောက်ဆဲ ဘုရားပုံ ဘေးတိုက် မြင်ကွင်း


အဝါရောင်ပုဝါစလွယ်သိုင်းထား သူသည် မကြာခင် လက်ထပ်တော့မည့် ဘူတန် ဘုရင်မင်းမြတ်ဖြစ်ပါသည်။

ဘူတန်မှ လုံခြည်အဆင်လေးများ


ဘူတန် မှာ ဘုရင်ကို အတော် ကိုးကွယ်ကြ ပုံပေါ်သည်။
ဟောင်ရမှာတောင် ပျင်းတဲ့ ဘူတန်က ချစ်စဖွယ် ခွေး

မြတ်ခင်းစိမ်းမှာ မှေးနေတဲ့ ဘူတန်မှ လှလေးစိန်
မြစ်ဆုံတဲ့ နေရာ



အပေါ်စီးကလှမ်း ရိုက်ထားတဲ့  မြင်ကွင်း လှလှ



Monday, 16 May 2011

မယ်လမင်း ရဲ့  ကြက်ဍီကာ


တနေ့သနှိုက် ကျွန်ုပ်ဧ။်သူငယ်ချင်း ၀တိုတိုအမျိုးသမီးသည် နာလန်ထလူမမာထုံးစံစားချင် သောက်ချင် စိတ် များတဖွားဖွားဖြစ်ပေါ်လျက်ရှိရာ သူဧ။် သူငယ်ချင်း ခပ်ပျင်းပျင်း ကျွှန်ုပ်ကိုလည်း အားမကိုးရသည့် အလျောက် အပ်တာဟိအပ်တာနော နာထော ထုံးနှလုံးမူလျက် မီးဖိုထဲဝင်ကာ ဂါဝန်ကို ခါးတောင်း ကျိုက်လျက် ချက်ပြုတ်ရှာလေသည်။

ကျွှန်ုပ်မှာကား အလကားနေသည်မထင်လိုက်ပါနှင့်။ ထိုအမျိုးသမီးချက်ပြုတ်နေချိန်တွင် ဓါတ်သဘာဝ တို့ ဧ။် ဖေါက်ပြန်သော သဘောကြောင့် လေအေးပေးစက် ခရစ်တော်နှိုက်အိပ်ပျော်သွားရာ အပူဒဏ်ကို အန်တုနိင်ရန် လျှပ်စစ်လေဒလက် တလုံးကို နေပူပြင်းပြင်းအောက်မှာချွေးတလုံးလုံးနှင့် သွားဝယ်ပြီးသကာလ မြတ်စွားဘုရားဟောကြားခဲ့သည် လမ်းစဉ်အတိုင်း ကိုယ့်အားကိုယ်ကိုးကာ ပင်ပန်းတကြီးတပ်ဆင်လျက်ရှိပေသည်။
(စကားချပ်….ဗဟုသုတအရာနိုက် ကျွမ်းကျင် လိမ်မာလှသော အကျွန်ုပ်သည် မတ်တပ်ရပ် လျှပ်စစ်လေဒလက်ဧ။် ရှည်အောင်ထုတ်ရသော သံအရိုးတံကိုမတွေ့ သဖြင့် ရောင်းလိုက်သောဆိုင်မှ သကောင့်သား မောင်ကုလားများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ရှစ် (နွားချေး) ဟုမကြာခဏ စိတ်ဆိုးတိုင်း ဂါထာစုတ်လျက်ရှိရာ သံအရိုးတံမှာ မနေနိုင်တော့ဘဲ အောက်ခံ အရိုးတံထဲမှ ထွက်ကျကာ ကိုယ်ရောင်ပြရလေသတည်း)။

ထိုသို့  ၂ယောက်သားကိုယ်သန်ရာသန်ရာကဏ္ဍတွင် လုံ့ လစိုက်ထုတ်ကြရာ နာရီ ၂မောင်းတီးအချိန်တွင် ထမင်းဟင်းများ လည်းကျက် ကာ ကျွန်ုပ်ဧ။် လေဒလက်သည်လည်း သူ့ ဂျူတီကိုစ၀င်နေပေပြီ။ အာရုံစိုက်မှုတခုခုမရှိလျင် မရပ်တည်နိုင်သော လူ့ သဘာဝအရ အာရုံနောက်တမျိုးပြောင်းကာ ဆာသော ဝေဒနာကို အလွန်အမင်းခံစားရလေသည်။

သို့ နှင့် နေ့ လည်စာ အချိန်လွန် အဟာရမှီဝဲခန်းစလေရာ ကျွန်ုပ်သူငယ်ချင်းချက်ပြုတ်ထားသောဟင်းနှင့် စားကောင်းခြင်းမက ဘိုက်ကားအောင်စားမိကာ လေဒလက်မှအေးသောအရသာကြောင့် စားပီးသည်နှင့် ခင်းထားသောအိပ်ယာပေါ်သို့  ကျောဆန့် ကာထမင်းလုံးစီမိလေသည်။

ထိုသို့ မှေးတေးတေးအိပ်ပျော်မလို မပျော်မလို ကာလတွင် ကျွန်ုပ်စိတ်နှိုက် စားခဲ့သောဟင်းကိုပြန်တွေးကာ ကြက်ဋီကာ ဖွင့်သည်ကို ကြားသော ၀တိုတိုသူဝယ်ချင်းသည် စိတ်ဆိုးရလိုရီရမလိုဖြစ်ပေတော့သည်။

ကျွန်ုပ်။ ဟဲ့..ငါတို့ စားတာဒီနေ့ ကြက်သားဟင်းနော်။ နောက်တခုက ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့  ကြော်တာ။

သူငယ်ချင်း။ အေးလေ. ဘာဖြစ်လို့ လဲ

ကျွန်ုပ် ။ ဘာမှမဖြစ်ပါဘူး…စဉ်းစားမိလို့ ပါ။

သူငယ်ချင်း ။ ဘာကိုတုန်း။

ကျွန်ုပ် ။ ကြက်ခေါင်းဆိတ်မခံလို့ ပြောရအောင်ဆူဆူညံညံ အသံထွက်နေတဲ့ အ၀တ်ခြောက်စက် ရှိတဲ့  မီးဖိုထဲမှာ ချက်ထားတဲ့ ကြက်သားဟင်းရယ် ကြက်ဟင်းခါးသီးကိုကြက်ဥနဲ့ေ၇ာကြော် ထားတဲ့ဟင်းကို ကြက်သီးထအောင်စားပီးတော့ အခုအိပ်ယာထဲမှာ ကြက်အိပ်ကြက်နိုးနဲ့  မှေးနေမိတယ်။

သူငယ်ချင်း။ အဲဒါဘာဖြစ်လဲ။ နင်ကငါချက်တာစားပီးတော့ ဘာမကောင်းဘူးပြောချင်တာလား

ကျွန်ုပ်။ မဟုတ်ပေါင်သူငယ်ချင်းရယ်။ အ၀တ်ခြောက်စက်လို အသံနဲ့ ကြက်ခေါင်းဆိတ်မခံပြန်မပြော ပါနဲ့ ။ ငါ့မှာသက်ကြီး ခေါင်းချကြက်တွန်သံ ကြားတည်းကနိုးနေတာ အိပ်ရေးတွေမ၀လို့  စကားပြောမှားတယ် ထားပါ။ နင်ရန်တွေ့ တာကြားရတာငါအံ့သြလွန်း လို့ ကြက်သေတောင် သေသွားတယ်။


သူငယ်ချင်း ။ နင်ကဘာလို့ အိပ်မပျော်ရတာလဲ

ကျွန်ုပ် ။ အော်ဘ၀အကြောင်းတွေးနေမိလို့ ပါ။ သူများတွေပြောကြတဲ့စကားလို ဘ၀ဆိုတာကြွေတလက် ကြက်တခုန်လို ဆိုတာ ငါ့အတွက်ဘယ်တော့ကြက်ခုန်ပါ့မလဲလို့ လေ။ ဒါပေမဲ့လဲ ကြက်မဘယ်လောက်တွန်တွန် မိုးမလင်းဘူးဆိုတာလဲ ကြားဖူးသား။ မမျှော်လင့်တော့ပါဘူး။ ဒီလအတွက်တော့ နှမလက်ကောက်ပေါင်ပေဦးလို့ ဘဲသဘောထားလိုက်တယ်။

သူငယ်ချင်း။ အေးဟေ့။ ဒါဆိုလဲ ပြေးနေတွေးနေတဲ့ နင့်ရဲ့ စိတ်ကို ကြက်ပေါင်ကွင်းနဲ့ ခိုင်ခိုင်ချည်ပြီး ကြက်မ၀ပ်ကျင်းထဲမှာထဲ့ထားလိုက်။ ငါတော့ကြက်ပေါင်သီးငါးပိချက်လေး စားချင်လာလို့  စဉ်းစားရင်း အိမ်မက်မက်လိုက်ဦးမယ်။

ထိုသို့ ဆိုပြီးသကာလ သူငယ်ချင်းသည် သူဧ။် စက်ခုအာရုံမျက်လုံး ၂စုံကို ကြက်အိပ်ကြက်နိုးပုံစံနဲ့ မှေးပြီး
မကြာမှီပင် ကြက်သေသေခြင်းေ၇ာက်လျက် အလာအရှင်မြတ်နှင့် ယေရှုခရစ်တို့ ဧ။် ခေတ္တ (ယာယီ) ခေါ်ဆောင်ရာသို့အိမ်မက်မက်ရင်း ကြက်မွှေးလေထဲလွှင့်သကဲ့လို့ခရီးနှင်လေရာ တခေါခေါ ဟောက်သံများပင် ထွက်လာခိုက် အဝေးမှ ကြက်တွန်သံများကိုပင်ဖုံးလွှမ်းသွားလေသတည်း။


ဖြည့်စွက်ချက်
ဤစာကိုကြက်ကန်းဆန်အိုးတိုးသလိုအတွေးပေါ်သခိုက်ရေးပီးသကာလအလုပ်မလုပ်ချင်ပျင်းရိငြီးငွေ့ သောကြောင့် ကြက်လည်လိန်ထားသလိုကြက်နာကျပြီးညနေအချိန်အိပ်တန်းတက်ရန်အချိန်ရောက်ဖို့ ကို
စောင့်မျှော်နေမိပါကြောင်း။
ကြက်ဍီကာ ပြီးဧ။်

ရေးသူ။ ကျမ မဟုတ်ပါ။

Friday, 6 May 2011

US & UK

Tuesday, 26 April 2011

အဏ္ဏဝါရွှေ (သို့မဟုတ်) အယုဒ္ဓယ အကျဉ်းသား

အင်္ဂလန် နှင့် ဥရောပ တိုက်တခွင်ကို ရေထွက်ပစ္စည်း တင်ပို့ တဲ့ နိုင်ငံတွေမှာ ထိုင်းနိုင်ငံ က ထိပ်ဆုံးက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရဲ့ အဓိက စည်းပွားရေး တစ်ခု ဖြစ်တဲ့ ရေထွက်ပစ္စည်း တင်ပို့ ရေးမှာ အလုပ်သမားတွေဟာ ငါးဖမ်း၊ ပိုက်ချ၊ ပိုက်ဆယ်၊ ငါးရွေး၊ အကြေးသင်၊ ရေဆေး၊ ပါကင်ထုတ် ၊ချိတ်ပိတ်အဆုံး အထိ လုပ်ကြရပါတယ်။ နိုင်ငံခြားသား အလုပ်သမားတွေ ကို အသုံးများပြီး ဒီအလုပ်အမား အများစုဟာ မြန်မာနိုင်ငံက ဖြစ်ကြပါတယ်။
ဒီနေ့ ဘီဘီစီ ၂၄ နာရီ သတင်းချာနယ် မှာ ထုတ်လွင့် မှုဟာ မြန်မာအလုပ်သမားတစ်ချို့ ရဲ့ ဘဝ ကို မီးမောင်း ထိုးပြခဲ့ပါတယ်။






အသက် ၂၆ နှစ်အရွယ် ကိုဇော်ဇော် က သူဟာ ငါးဖမ်းလုပ်ငန်းမှာ (၃)လတိတိ အတင်းအကြပ် စေခိုင်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့ အကြုံ အရ သူရဲ့ လုပ်ဖေါ်ကိုင်ဖက် (၃)ဦးဟာ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားမှုကြောင့် အသတ်ခံခဲ့ရပါတယ်။ ငါးဖမ်းလုပ်ငန်း အလုပ်ရှင်တွေ ဟာ အလုပ်သမားတွေ သောက်တဲ့သောက်ရေမှာ ဆေးခတ်ပြီး နာရီပေါင်းများစွာ ခိုင်းစေ ကြပါတယ်။
မြန်မာပြည်မှာ အလုပ်အကိုင် ရှားပါး ကြပ်တည်းမှုကြောင့် ကိုဇော်ဇော်ဟာ မြန်မာပြည်ကနေ ထိုင်းက စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့ရည်ရွယ်ချက် နှင့် တောလမ်းကနေ တရားမဝင်ထွက်ခဲ့ပါတယ်။ လမ်းမှာ ထိုင်းပွဲစားဟာ မြန်မာ အမျိုးသမီး ၂ ဦးကို မတရားပြု့ ကျင့်ပြီး သူတို့ ကို ရိုက်နှက်တယ်လို့ ပြောပါတယ်။ ပွဲစားတစ်ဦး က နေ နောက်တစ်ဦး အကြိမ်ကြိမ် လက်ဆင့်ပြောင်းပြီး နောက်ဆုံး ငါးလှေပေါ်ကို အရောင်းခံရတာပါဘဲ။ သူ့ ဖာသာသူ ငွေဝယ်ကျွန်ဖြစ်နေမှန်တောင် သူမသိခဲ့ပါဘူး။
အိပ်ချိန်နည်းနည်းသာခွင့်ပြုပြီး နေထိုင်မကောင်းသူတွေကို ရိုက်နှက်ပါတယ် ။ ရေလုပ်သားများဘဝ ဟာ သေဘေးနဲ့ အင်မတန် နီးစပ်ပါတယ်။ ဒါကြောင့် ကိုဇော်ဇော်ဟာ အင်မတန်မှ ထွက်ပြေးလွှတ်မြောက် လိုခဲ့ပါတယ်။
ရေလုပ်သား (၃)ဦး ဟာ မနက် ၂ နာရီ အချိန်မှာ ရေပေါ်ပေါ်စေတဲ့ ဖေါ့တုံးလို အရာကို ဆုတ်ကိုင်ပြီး ပင်လယ်ထဲ ကို ခုန်ချထွက်ပြေးခဲ့ပါတယ်။ ၂ ဦးက ရေမကူးနိုင်လို့  ရေနှစ်ပြီး ကျန်တစ်ဦးကတော့ ကမ်းပေါ်ရောက်တာ န့ဲ ဖမ်းမိပါတယ်။ ဖမ်းမိသူကို ငါးဖမ်းသဘောင်္ပြန်ခေါ်လာပြီး မျက်နှာများ ဖူးရောင်နေတဲ့ အထိ ထိုးကြိတ် ရိုက်နှက် ပြီး နှိပ်စက်ခဲ့ပါတယ်။ အဲဒီနောက် သင်္ဘော ကုန်းပတ်ပေါ်ကို ခေါ်လာပါတယ်။ ဒီ လူကို လျှပ်စစ်ရှော့ န့ဲတို့ ပြီးနှိပ်စက်ပါတယ် နောက် ကျန်အလုပ်သမားများရှေ့မှာ သေနတ်နဲ့ ပစ်သက်ပြီး ရေထဲ ပစ်ချ ခဲ့တယ်လို့ ပြောပါတယ်။ ဒီလို ထွက်ပြေးဖို့ ကြိုးစားရင် ဒီလို ခံရမယ်လို့ ထိုင်းလူမျိုး ကက်ပတိန်က နမနာပုံစံမျိုးသူတို့ ကိုပြောပါတယ်။
ရေလုပ်သားတွေဟာ သစ်သားဖာသေးသေးလေးတွေ ထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ် အိပ်ရပါတယ်။ လူသေခေါင်းဆန်ဆန် ပုံစံမျိုးလို့ ပြောပါတယ်။ အချက်ပေးခေါင်းလောင်းသံကြားတာနဲ့ အိပ်ရာက ထပြီး အလုပ်ထဲ တန်းပြေးရပါတယ်။

သင်္ဘောကက်ပတိန်ဟာ အမ်ဖက်တမင်းဆေးပြား ၁၅လုံး အလုံး ၂၀ လောက်ကိုကြိတ်ပြီး သောက်ရေထဲ ထည့်တာကို တွေ့ ခဲ့ပါတယ်။ ဒီဆေးပြားဟာ အလုပ်လုပ်နှုံးကို မြန်စေပြီး ဆေးအရှိန်ပြယ်တဲ့ အခါမှာ ဆိုးရွားတဲ့ ခေါင်းကိုက်မှု ကျန်ခဲပါတယ်တဲ့။

သူ့ ရှေ့ မှာ လူ (၃)ဦး ထွက်ပြေးဖို့ ကြိုးစားလို့ သေခဲ့တာ ကို မြင်ခဲ့ရပြီး တချိန်မှာ သူ့  အလှည့်ဖြစ်လာနိုင်တာမို့  အမြန်ဆုံး ရုန်းထွက် ဖို့ဆန္ဒပြင်းပြခဲ့ပါတယ်။ ဒါ့ကြောင့် ငါးဖမ်းသင်္ဘော ကမ်းကပ်တဲ့ အချိန် ည(၁)နာရီ မှာ သူဟာ ရေပေါ်စေတဲ့ ဖော့တုံး ကိုယူပြီး ပင်လယ်ထဲ ခုန်ချ ထွက်ပြေးခဲ့ပါတယ်။ပင်လယ်ဟာ အရမ်းကြမ်းပြီး ကမ်းစပ်ကို ရောက်တဲ့အချိန်ကတော့ မနက် ၆ နာရီရှိပါပြီ။ သူဟာ ကမ်းစပ်က ခြုံပုတ်တွေ နားမှာ ပုန်းနေခဲ့ပါတယ်။သဘောင်္ပေါ်က အလုပ်ရှင်တွေ ဟာ သူပုန်းနေရာ နေရာထိလာရှာခဲ့ ပေမဲ့ သူကို ကံကောင်းထောက်မစွာ မတွေ့ခဲ့ပါဘူး။
(၄)ရက်ကြာ လမ်းလျှောက်အပြီးမှာ ပတ္တယား မြို့ ကို ရောက်ရှိခဲ့ပါတယ်။ ဘုရားကျောင်းတစ်ခုက နေ သူ့ ကိုကူညီခဲ့ပြီး အခုတော့ ဘန်ကောက်မှာ တရားဝင် အလုပ်လုပ်နေပါပြီ သူ့ လို ထွက်ပြေးဖို့ ကြိုးစားခဲ့ သူတွေကို တဖက်တလမ်းကနေ ကူညီနေခဲ့ပါတယ်။ ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်ခဲ့တဲ့  အချိန်မှာ သူ လခ တပြားမှ မရရှိခဲ့ပါ။




ဘီဘီစီက ကိုဇော်ဇော်လို မြန်မာ တွေကို အင်တာဗျူးခဲ့ပါတယ်။ ဆိုးရွားတဲ့ မတရားခိုင်းစေမှု၊ နှိပ်စက်မှု၊သတ်ဖြတ်မှု စတဲ့ တရားမဲ့  မှုတွေ ကိုထိုင်းနိုင်ငံရောက် မြန်မာ ဆင်းရဲသား ရေလုပ်သား တွေရင်ဆိုင်နေကြရပါတယ်။

တစ်ချို့ ဆို ရင် ကမ်းကို မကပ်ဘဲပင်လယ်ထဲမှာ နှစ်ရှည်လများနေခဲ့ကြရပါတယ်။



ငါးဖမ်းသင်္ဘောသေးသေးကဖမ်းလို့  ရတဲ့ ငါးကို ပင်လယ်ထဲမှာဘဲ သင်္ဘောကြီးကြီးပေါ်တင်သယ်တယ် ။


ငါးဖမ်းသင်္ဘောပေါ်က လူတွေဟာ ဒါတွေကြောင့် ကမ်းကပ်ဖို့ အခွင့်အရေးနည်းပါးပါတယ်။
မဟာချိုင်ဟာ ထိုင်းနိုင်ငံရဲ့  ငါးဈေးကွက် ကြီးကြီးရှိ ရာမြို့ တစ်မြို့ ဖြစ်ပါတယ်။ မနက်တိုင်းမနက်တိုင်း ငါးလာချတဲ့  လှေတွေ အများကြီးပါ။ အဲဒီလို ငါးဖမ်းလှေ တစ်စီးမှာ ထိုင်းလူမျိုးကက်ပတိန်၊ အင်ဂျင်နီယာ အပြင် မြန်မာ ရေလုပ်သား ၂၀ ခန့် ရှိပါတယ်။




ငါးဖမ်းလှေ မှာသာ ဒီလို တရားမဝင် အလုပ်သမားတွေကို ခိုင်းစေတာမဟုတ်ပါဘူး။ ပါကင်ထုတ်တဲ့ အဆင့်အထိ ဒီလို အလုပ်သမားတွေကို ခေါ်သုံးပါတယ်။ စက်ရုံအလုပ်သမား အသက်၁၈ နှစ်အရွယ် မြန်မာအလုပ်သမား တစ်ဦး ကတော့ ရေလုပ်ငန်း စက်ရုံကနေ ဘယ်မှ ထွက်ခွင့် မရှိခဲ့တာ (၄) နှစ်ရှိပါပြီ တဲ့။ တစ်နေ့ ကို ၁၅ နာရီကနေ ၂၀ နာရီ အထိ အလုပ်လုပ် ရပါတယ်။ ဒါ့ကြောင့် အလုပ်ခွင်ဟာ ထောင်တစ်ခု န့ဲ တူတယ်လို့ပြောပါတယ်။



ထိုင်း အာဏာပိုင်တွေ ကတော့ ဒီလို ကိစ္စတစ်ခုချင်း တွေနဲ့ ပတ်သက်ပြီး ဘာ ထင်မြင်ချက်မှ မပေးပါဘူး။သို့ သော်လည်း ဥပဒေအရ ဒီလို ကိစ္စမျိုး မဖြစ်အောင် ကာကွယ် ထားတာရှိတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေး တောင်းဆိုသူတွေ ကတော့ ထိုင်းအစိုးရအနေနဲ့  ထိရောက်တဲ့ ဥပဒေတားမြစ်မှုတွေ နဲ့  ပို လုပ်ပေးသင့်တယ် လို့ ထင်ပါတယ်။


ထိုင်းနိုင်ငံက မြန်မာရွေ့ ပြောင်းအလုပ်သမားတွေရဲ့  လူ့ အခွင့်အရေး ကာကွယ်မှုအဖွဲ့ မှာ အလုပ်လုပ်တဲ့ Andy Hall က "ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ မတရားစေခိုင်းခံနေရတဲ့ အလုပ်သမားတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် ဗြိတိန်နိုင်ငံ န့ဲ နိုင်ငံအသီးသီး က ပို့ ကုန်တွေ ရဲ့ မူရင်းဇစ်မြစ်ကို သတိထားသင့် ပါတယ်။
ထိုင်းကထွက်တဲ့ ရေထွက်ပစ္စည်း ဖြစ်တဲ့  သား၊ငါး၊ပုဇွန် ဝယ်တယ် ဆိုရင် ဒီပစ္စည်းတွေ ဟာ (လူမဆန်စွာ မတရားခိုင်းစေခံရတဲ့ ၊ အလုပ်သမားနင်းပြားတွေ)ဆီကတဆင့် ထွက်လာတယ်ဆိုတာ ကို သတိထားသင့်ပါတယ်။ ဒ့ါကြောင့် ဝယ်ယူ စားသုံးသူတွေ ဟာ ထိုင်းအစိုးရ ကို ဒီလို မတရားမှုတွေ လျှော့နည်းအောင် ဝိုင်းဝန်းတောင်းဆိုပေးသင့်တယ်" လို့  ဆိုပါတယ်။






Made in Thailand လား၊? Products from Thailand လား။ ?
Ref: BBC 24 news



အောက်ပါ ယူကျူ့  ဗီဒီယိုလင့်ကလေး ကတော့ နိုင်ငံခြားဘာသာနဲ့ ကြေငြာပြီး မြန်မာ စကားပြော အနည်းငယ်ပါတဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားတွေ ရဲ့ အခြေအနေ အရပ်ရပ် ကို တင်ပြထားတာ ဖြစ်ပါတယ်။ ရှု စားကြည့်လိုက် ကြပါဦး။

Sunday, 24 April 2011

ရွှေဒုက္ခ

မလေးရှားကို အကြောင်းမျိုးစုံန့ဲ ရွှေ မြန်မာတွေ သွားကြပါတယ်။ မလေးရောက် မြန်မာ များရဲ ဘဝ လုံခြုံ ရေး အကြောင်းကို ဒီပိုစ့် လေးကနေတင်ပြချင်တာပါ။ မလေးရှားကို တရားမဝင် ဝင်ရောက်လာသူများ နဲ့  ဒုက္ခသည်များရဲ့ ဘဝ ဟာ တော်တော်လေးကို မလုံခြုံပါဘူး။
တရားဝင် အလုပ်လုပ်သူတစ်ယောက် ကလဲ သူအလုပ်ရှင်က ပတ်စပို့  စာအုပ်ကို သိမ်းထားပါတယ်တဲ့။ တခြားမှာ အလုပ်မရှာ နိုင်အောင်ပါတဲ့ ။ မလေးရဲ က ဖမ်းမိရင် အလုပ်ရှင်က လာရွေးပေးပါတယ်တဲ့။ အဲဒီရွေးခ ကို တစ်ချို့  အလုပ်ရှင်တွေ က လုပ်အားခကနေဖြတ်ပါတယ်တဲ့။


-မြို့ တော် ကွာလာလမ်ပူမှာ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်အားပေး အဖွဲ့  မှ နိုင်ငံသားများနေထိုင်ရာ များကို အဓိက ထားပြီး လာရောက်စီးနင်းဖမ်းစီးတဲ့  သတင်းတွေ ကို ခကြာခဏ ကြားကြမှာပါ။ နေ့ နေ့  ညည မရွေးပါဘူး သူတို့ မှာ ရှာဖွေခွင့် အိမ်ကို စီးနင်းခွင့်တွေ ရရှိထားပါတယ်။

















-ဖမ်းမိပြီးရင်ဘယ်လို အရေးယူကြသလဲ?
လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ ကြိမ်ဒဏ် (၆)ချက်အထိရိုက်တယ်လို့  သိရပါတယ်။

-ဒုက္ခသည် တွေကြတော့ကော လုံခြုံပါသလား?
ဒုက္ခသည် အဖြစ်အသိအမှတ် အပြုခံထားရတဲ့ သူတွေတောင် မှ ဒုက္ခသည်ကာဒ်ပြား ကိုင်ထားသူ တစ်ချို့ မသိနားမလည်သူ တွေကို ဖမ်းပြီး ထိုင်းက ဂိုဏ်း တွေဆီမှာ ရောင်းစားလေ့ရှိကြပါတယ်။

-တတိယနိုင်ငံကို ထွက်ခွာဖို့ စောင့်နေကြတာ တစ်ချို့ ဆိုရင် ရ နှစ် ၈ နှစ်လောက် ရှိပါပြီ။ တနေ့ သွား ရနိုး နိုး နဲ့  မလေးမှာ အလုပ်ကြမ်းဝင်လုပ်ရင်း စောင့်တဲ့သူက စောင့်ကြပါတယ်။ လူနည်းစုသာ အမေရိကမှာ အခြေချခွင့် ရခဲ့ပါတယ်။ သောင်းဂဏန်းမက တဲ့  မြန်မာ ဒုက္ခသည်တွေ ကတော့ စောင့်နေဆဲပါ။

-ဒီနေရာမှာ မြန်မာ ဒုက္ခသည်တွေ အများဆုံးနေတဲ့ နေရာပါ ဒါ့ကြောင့် မလေး ရဲတွေ၊လဝကတွေနဲ့  ဗော်လန်တီယာ တွေ အတွက် စားကျက်နေရာဖြစ်ပါတယ်။










-မလေးရဲတွေဟာ သူတို့ ဘော်ချက်လို့  ရတဲ့ စားကျက်ကို သူတို့ သိပါတယ်။





- မြန်မာတွေ အများဆုံးဖမ်း မိတယ်လို့ ပြောတဲ့ရဲ ပါ။





-ဒါဟာ ယူအန်ကာဒ်ပြား မဟုတ်လို့  ဖမ်းတာပါတဲ့။ ယူအန်ကာဒ်ပြားရထားတဲ့သူကော မဖမ်းဘူးလား ဆိုတော့
သူတို့  ဖမ်းတယ် လာဘ်ယူတယ်။ မိုဘိုင်းဖုန်းကအစယူတယ်။ အေးဓပြတိုက်ပါတယ်တဲ့ ။ အဖမ်းမခံချင်ကြတော့ ရှိသမျှပုံအောပေးကြရပါတယ်။ တချို့ ဆို မပေးနိုင်လို့  အရောင်းစားခံကြရပါတယ်။

ဲ




့ တင်ပါးသားနေရာကို ကြိမ်ဒဏ်ပေးဖို့ ဖေါ်ထားပါတယ်။








- ကြိမ်ဒဏ် ပေးနေစဉ် မလှုပ်နိုင်အောင် တုတ်နှောင်ကြပုံပါ။
Scars for life.






- ကြိမ်နဲ့ အသားကို နာရုံ ရိုက်တာမဟုတ်ပါဘူး။ အရည်ပြားကိုပါပွတ်ပြီးနာနာဆွဲချတဲ့ သေရာပါကြိမ်ဒဏ်မျိုးပါ။








- မလေးက ဒီလို အဆောက်အဦးတွေဖြစ်ဖို့ တရားမဝင်အလုပ်သမားတွေ သုံးပါတယ်။ လုပ်အားခ နည်းနည်းပေးရတဲ့ တရားမဝင်အလုပ်သမားတွေ နဲ့  ဒုက္ခသည်တွေ ကို ခေါ်သုံးကြပါတယ်။


-တချို့  လဲ ကွာလာလမ်ပူလိုမြို့ ပေါ်မှာ မနေရဲလို့  ဒီလို တောထဲမှာ ပလတ်စတစ်တဲထိုးပြီးနေကြပါတယ်။

In the jungle on the outskirts of Kuala Lumpur






- ဒီလိုနေရာကိုတောင် လဝက က ၂ခါတိတိ လာပြီး ရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
ဒီလို ပလတ်စတစ်မိုး မည်ကာမတ္တအိမ်တွေ မှာ နေကြတဲ့ မြန်မာ အများစုဟာ ထိုင်းနယ်စပ်ကို ဖြတ်ပြီးရောက်လာကြသူတွေပါ။
အကျင့်ပျက် မလေး ရဲ နဲ့  လဝက က ရောင်း စားခဲ့ရင် ငါးဖမ်းလှေ နဲ့ စက်ရုံတွေ မှာ ဖမ်းချုပ်ပြီး မတရားအလုပ်ကြမ်း စေခိုင်းတာကို ခံကြရပါတယ်။







- ယူအန်အိပ်ခ်ျစီအာ ကာဒ်ပြားရှိလဲ မလုံခြုံပါ။ ပုံက ကလေး ၂ ယောက် ကို မလေးရှား လဝက နဲ့ အာဏာပိုင်တွေက ပြန်ပေးဆွဲ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။











- သူတို့ တိုင်းပြည်မှာ ထူထဲလာတဲ့ လူဦးရေနဲ့  မှုခင်းတွေ ကြောင့် တရားမဝင်နေ ထိုင်သူတွေကို လိုက်ဖမ်းတာပါတဲ့ ။ ဒီလိုဖမ်းမိတဲ့  ဆင်းရဲ သား အာရှနိုင်ငံသားတွေဆီက ငါးကြင်းဆီနဲ့  ငါးကြင်းကြော်တာ မျိုး သူတို့ လုပ်ကြပါတယ်။





- သူလဲ မြန်မာပါတဲ့။




အချုပ်ထဲမှာ မရေရာတဲံ သူတို့ ရဲ့ မျှော်လင့်ချက်တွေနဲ့ 




- လူစည်ကားတဲ့ ဈေးလို နေရမျိုးမှာ နေခင်းကြောင်တောင် ဝင်စီးတာပါ။
ရဲ အမျိုးသမီးလက်ထဲမှာ ကိုင်ထားတဲ့  ပလတ်စတစ်ကြိုးးက လက်ထိပ်ခတ်ဖို့ ပါ ရုန်းလေ တင်းလေ ပလတ်စတစ်ကြိုးပါ။ ဆာလာအိတ်၊ ဂုန်နီအိတ် တွေ ကို ချည်တဲ့ နေရာမှာ သုံးပါတယ်။



- အောင်သေအောင်သားစားဖို့  ထွက်လာတဲ့ RELA ပါ။










မလေးန့ဲ နိုင်ငံတကာရောက် ရွှေမြန်မာ တို့ ဘေးရန် ခပ်သိမ်း ငြိမ်း ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စိတ်ညစ်စရာတွေ ချည်း ဖြစ်နေ အတွက် စိတ်လက်ပေါ့ပါးစေတဲ့ ဟာသ ဗွီဒီယို လင့်လေးတစ်ခု ချိတ်တင်လိုက်ပါတယ်။ လေဆိပ်တစ်ခုက လဝက နဲ့ ခရီးသည် တစ်ဦးရဲ့ အတွေ့ အကြုံပါ။ ရှုစားကြပါကုန်။




Ref: BBC unreported world