၁၉၉၁
နေရာ ကျိုင်းတောင်း။ နန့် ပါမုန်းရွာ
ခရီးစဉ် ရန်ကုန်မှ တောင်ကြီး (တညအိပ်ခရီး) ။
တောင်ကြီးမှ မိုးနဲ။ (နေ့ တ၀က်ခရီး ဒတ်ဆန်းကားဖြင့် )
မိုးနဲမှ ကျိုင်းတောင်းသို့  (၂ညအိပ် ၃ရက်လမ်းလျှောက်ခရီး)
ဒေသထွက်ကုန် အုန်းဆီ၊ပဲပုတ်၊ခေါပုတ်၊ဇီးဖြူသီး၊ချဉ်စော်ကားသီး၊ plus malaria
စိမ့်စမ်းရေကြောင့်လား။ ခြင်ကြောင့်လား။ အစာကြေခက်တဲ့ ကောက်ညှင်းဆန်ဆန် (ရှမ်းဆန်)ကြောင့်လား။ လူမှန်းမသိအောင်အဖျားတွေတက်။ အလုပ်ထဲကိုစောင်ခြုံကြီးနဲ့ သွား ။ ငှက်ဖျားစားသွားတာ skin & bone သာကျန်သည်။ မိုးနဲ ဆေးရုံသို့ ပေါင်းမိုး လှည်းဖြင့်သွား
လမ်းမှာမိုးသီးတွေကြွေ။ လမ်းမှာ သတိမရတချက်ရတချက်။ မိုးနဲမြို့ ပေါ်ရောက်တော့ဆေးရုံက တောင်ကုန်းပေါ်မှာမို့ ကုန်တင်တဲ့ ၂ဘီးလှည်းပေါ်မှာ လိုက်ခဲ့ရ။ ဆေးရုံရောက်တော့ သတိမရ။ ပုလင်းကြီးချိတ်လိုက်တာ လခတ၀က်ကျိုးသွား ။ နွေရာသီလခ ၃လစာရောင်းပြီးလမ်းစရိတ်လုပ် အိမ်ပြန်ခဲ့ရသည်။
အရိုးပေါ် အရေတင်ပြီးပြန်လာ။ ရှေ့ ကြည့် ရင်ဘတ် နောက်ကြည့် ကျောကုန်း၊ အဆီအသားတွေပျက်ပျက်ပြုန်း၊ နောက်ဆုံးဆေးကုနိုင်လို့ ဦးနှောက်မပျက်တာ။ ကလိုရိုကွင်း၊ကွီနင်း ပဲကြီးလှော်လို မြို ချခဲ့ ရ။ လမ်းထိပ်က DR ကျော်မြင့် ပေးတဲ့ဆေးစွမ်းကြောင့်လား၊ အနာဂတ်အမောတွေကြောင့်လားမသိ ။သေချာတာက ဒုတိယအမပြောတဲ့ စကားတခွန်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ခဲတယ် သူ့ စကားက ချော်လဲတဲ့ နေရာမှာရောမထိုင်ရဘူးတဲ့ ။ ထနိုင်အောင်ပြန်ထရမယ်တဲ့။
ကျေးဇူးရှင်အမ ကျန်းမာပါစေ။
No comments:
Post a Comment