တခါတခါ မှာခံပြင်းဒေါသထွက်
တက်ခေါက်ပြီး ထွက်လာတဲ့ဒေါသ ကို မျိုချရ
ကြာတော့ ငါ့ရင်ထဲမှာ သိမ်းဆည်းထားရတဲ့ ခံပြင်းမှု့ တွေဟာ
မီးတောင်ရှင် တစ်ခုကို မျိုထားရသလို
ဘယ်တော့ပေါက်ကွဲ ထွက်မလဲ ဆိုတာ
ငါကိုယ်တိုင်မသိဘူး။
အကြည့်နက်နက်တွေနဲ့  ကျောင်းကို ရောက်သွားတိုင်း
ဆရာမ မေးတာ တခြား ငါဖြေတာကတခြား
ဘာမီတုန်မျက်လုံးတွေနဲ့  ကျောက်သင်ပုန်းကစာ
U နဲ့ V မကွဲ လို့  သူငယ်ချင်းရဲ့ လှောင်ပြောင်ချက်
ဒီကနေ့ ဒေါသထွက်လွန်းလို့  ကတ္တရာလမ်းဘေးက
လွင့်နေတဲ့  ကြွပ်ကြွပ်အိပ်တစ်လုံးကို ပြေးကန်ခဲ့
စိတ်ပျက်ရတဲ့ ညတွေ၊ အိပ်ပျက်ရတွေ လည်းများလှပြီ
တခါတလေ ငါသိပ်မုန်းတဲ့ လူတွေကို တန်းစီပြီ
မသေမချင်း သရေဗင်းနဲ့  ပစ်သတ်ချင်တယ်။
No comments:
Post a Comment