Tuesday, 29 December 2009

(100) အဖြူရောင် ခရစ္စမတ် ရဲ့ ဒိုင်ယာရီ

ခရစ္စမတ် ကာလ တစ်ခုလုံး ကျမ တစ်ယောက်ထည်း ဒီအိမ်ကြီးအပေါ်ထပ် က အခန်း သေးသေးလေး ထဲမှာ နေပါတယ်။ တခြား အခန်းထဲ က အမျိုးသမီးတွေ ကတော့ သူတို့  ဆွေမျိုးရှိရာ သွား နေကြပါတယ်။ နှင်းထူထူ ထဲထဲ ကျတဲ့  ဒီနှစ် ခရစ္စမတ် ကာလ ဟာ အင်မတန်မှ ပျင်းရိ ခြောက်သွေ့  ပါတယ်။
ကျမနေတဲ့ အိမ်ဟာ တောင်ကုန်း ပေါ်မှာ ရှိတဲ့ အိမ်တန်းတွေထဲ က အိမ်တစ်အိမ်ဖြစ်ပါတယ်။

နှင်းတွေ ဆက်တိုက်ကျတဲ့ 
နေ့  တွေမှာ အိမ်ရှေ့ လမ်းပေါ်မှာ ရပ်ထားတဲ့  ကိုယ်ပိုင်ကား ခပ်သေးသေးလေး တွေဟာ ဘီး တဝက်မက နှင်းထဲ မြုပ်နေပြီး။ သွားရေးလာရေး အင်မတန်ခက်ပါတယ်။ ခပ်ဝေးဝေး က လိုင်းကားသွား
တဲ့  လမ်းတွေမှာတော့ နှင်းတွေ ဖုန်းလွမ်း နေပြီး တ ကယ့်
ယာဉ်သွားလမ်းလား၊ ပလက်ဖောင်းလားတောင် ခွဲ မသိနိုင်ပါဘူး ။ ဒီဇင်ဘာ လ
(၂၂ )ရက်နေ့ ကဆို ကျမတို့  ဘက်သွားတဲ့  လိုင်းကား ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရထားလိုင်းတွေ ကို လည်း ခရီးစဉ် ပုံမှန်မဟုတ်ဘဲ ခပ်နည်းနည်း ခပ်ကျဲကျဲ သာ ပြေးဆွဲပါတယ်။
မြို့ ပေါ်မှာ သာ နှင်းကော်တဲ့  ဝန်ချီစက်လို ကားတွေနဲ့  အဆက် မပြတ် ရှင်း ထားတာကြောင့် လွယ်ကူပေမဲ့ ။ အခုကျမ နေတဲ့  နေရာက မြို့ နဲ့ နည်းနည်း လှမ်းတော့ ဖွေးဖွေး ဖြူ နေတာပါဘဲ။
နှင်းတောထဲမှာ စားစရာ ထွက်ဝယ်ဖို့ 
သိပ် အဆင်မပြေတာမို့  ခရစ္စမတ်ပွဲတော် မတိုင်မီ (၆)ရက် (ရ) ရက် နှင်းစကျက တည်း က စားစရာ ပဲကတ္တီပါ ပြုတ်ဘူး၊ ငါးသေတ္တာဘူး၊ ကြက်အသည်း ရေခဲရိုက်၊ ကြက်ဥ၊ မုံလာဥနီ၊ ကြက်ဥခေါက်ဆွဲ၊ စတာတွေကို ဝယ်ယူ ထားပါတယ်။ ညဘက်ညဘက် မှာ ကျမ အကြောက်ဆုံးက တိတ်ဆိတ်ခြင်းပါဘဲ။

ဟောင်းနေတဲ့ အိမ်ကြီးဟ ခေတ်မီ အိမ်အသုံးအဆောင်တွေနဲ့  ဆင်ရင်ထားပေမဲ့ လဲ ကြမ်းခင်း သစ်သားတွေ တံခါးတွေ ရဲ့ အပူအအေးကြောင့် ကျုံတဲ့အသံ၊ လေတိုက်လို့  မည်တဲ့ ညီးတွားသံတွေဟာ၊ ညဘက်မှာခြောက်ခြားစရာပါ။

ဒါ့ ကြောင့် ညသိပ်မှောင်လာရင် အောက်ထပ် ကို ကျမ မဆင်းတော့ဘူး။ အိပ်ခန်း ကျဉ်းကျဉ်းလေးထဲ အစားအသောက်တွေ နဲ့ 
ရေဂျိုင့် ကို သွင်းပြီး စာဖတ်ပါတယ်။ တွေ့ ကရာ စာ အားလုံးပေါ့။ တစ်လေ လာတတ်တဲ့ 
မောင်နှစ်မ များနဲ့  သူငယ်ချင်းအချို့ ရဲ့ ဖုန်း ကို စကားကြော ရှည်အောင် တမင်ဖြေပါတယ်။ တကယ်တော့ ကိုယ် ကြောက်နေတာ ကိုယ်သာ အသိဆုံးပါ။ နေခင်းဆိုလဲ လုပ်စရာ အလုပ် ရှာကြံ လုပ်နေမိပါတယ်။ ဖုန်သုတ်၊ အဝတ်လျှော်၊ ရေစိမ်ချိုး၊ အပြင်ဖက်က နှင်းတွေကို ခဏထွက်ကြည့် ပြီးရင်ထမင်းချက်၊ ထမင်းစား ၊ စာအုပ်ဖတ်၊ အင်တာနက်ကြည့် မှောင်ပြီး အလင်းရောင်ပျောက်ရင် အခန်းထဲမှာအောင်းနဲ့  ရက်တွေ တော်တော်ကြာခဲ့ပါပြီ။

ခုတော့  နှင်းအကျလဲ ရပ်သွားပြီမို့  အိမ်ရှေ့ လမ်းဟာ ညစ်ပတ်နေတဲ့ ဆားကွင်း ခပ်ညစ်ညစ် တစ်ခုလို ဖြစ်ကျန်ခဲ့ တာ ပါဘဲ။ လှတုန်းက လှခဲ့ တဲ့နှင်းအပြည့်ဖုံးနေတဲ့ လမ်းတွေ ဟာ ခုတော့ ဈေးထဲက လွှာစာမှုန့် ခင်းထားတဲ့  ဗွက်လမ်းတွေလို မျိုးပေါ့။ အိမ်အသီးသီး ကလူတွေ ထွက်ပြီး။ တူရွင်းပြားနဲ့ နှင်းတွေကို ကျုံးယူပြီး လမ်းရှင်းကြပါတယ်။ လမ်းထဲက ကလေးတွေ အသံလဲ ပြန်ကြားရပါပြီ။

ညဘက် နှင်းကျတဲ့  ရက် တွေမှာ ကျမဖတ်တာ ဝတ္ထု ၃ အုပ်တောင်ပြီးသွားပါပြီ။ ရိက္ခာအခြောက် အခြမ်း ပြတ်ပြီမို့  မနက်ဖြန်ခါ စာကြည့်တိုက်ကို စာအုပ်တွေ သွား အပ်ရင်း စားသောက်ဖို့  ဟင်းချက်ရိက္ခာ များ ဝယ်ရန် စီစဉ်ရပါဦးမည်။ အအေးဒဏ်ကြောင့် ခေါင်းအုံ ပြီး နှာစေးနေ လို့  မနက်ဖြန်အပြင်အထွက်မှာ ထူထူထဲထဲ ဝတ်ထွက်ဖို့  ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိပါသည်။ နားပါဦးမည်။

Thank you for reading this post

2 comments:

  1. i came and visit. nice post
    i feel that very boring to see this snow.
    quiet and cold.

    ReplyDelete
  2. စာများများဖတ်ဟာ..ဘုရားစာ ဘာသာရေးစာရယ်..။ တရားများများနာပစ်လိုက်..။

    ReplyDelete