လူနည်းစု " မြို " လူမျိုးများအကြောင်း
ရခိုင်ရိုးမ တွင် ရခိုင်လူမျိုး အပြင် မြို ၊ သက်၊ ခမီ(ခမွီး)၊ ဒိုင်းနက် နှင့် ကမန် လူမျိုးစု တို့ နေထိုင်ကြသည်။ ၄င်းတို့  အနက်မှ ကျမ တွေ့ဘူးသော မြို လူမျိုးတို့ အကြောင်းကို တင်ပြပါမည်။
မြိုလူမျိုးတို့ ကို မြန်မာနိုင်ငံ ရခိုင်ရိုးမ တွင် သာမက ဘင်္ဂလာဒေ့ရှ် အရှေ့ တောင် ဘက်ရှိ (စစ်တကောင်း တောင်တန်း Chittagong ) နှင့် အိန္ဒိယ အရှေ့ မြောက်ဖျား တောင်တန်း တွင် အခြေချ နေထိုင် ကြကြောင်း ဖတ်ရှု ခဲ့ရသည်။
အဓိက အသက် မွေး ဝမ်းကျောင်း လုပ်ငန်းမှာ စူးထိုး တောင်ယာ လုပ်ငန်း ဖြစ်ပြီး တောင်ပေါ်တွင် သာ နေထိုင်ကြသည် မြေပြန့်  ဒေသတွင် မနေလိုကြပေ ။တောင်ယာ ရှိသော တောင်တန်းများ ပေါ်တွင် ရွေ့  ပြောင်း နေထိုင် ကြသည်။
မြိုလူမျိုးတို့ နေသည့် ဒေသတွင် ငွေကြေး သုံးစွဲခြင်း ထက် ကုန်ပစ္စည်းဖလှယ်ခြင်း ကို ပို တွေ့ ရသည်။ ဥပမာ။ တ အိမ်မှဆန် နှင့် တခြား အိမ်မှ အသီးအနှံ၊ သား၊ ငါး၊ ဒန်အိုး ဒန်ခွက်၊ ဆီ၊ ဆား စသည်တို့ ကို ဖလှယ် ကြသည်။ မောင်တော၊ ဘူးသီးတောင် ဒေသတွင် မြိုလူမျိုးတို့ တည်သော ဒိန်ချဉ်မှာ နာမည်ကြီးသည်။ သူတို့ နေသည့် အိမ်မှာ ဝါးလှေကား၊ ဝါးထရံ၊ ဝါးကြမ်းခင်း စသည့် ဝါးကို အခြေပြု ဆောက်ထားသည်။ ဝါးတိုင်များစွာကို အသုံးပြုကာ ဆောက်ထားသည်။ ဓါတ်ပုံ များစွာ ရိုက်ယူ ခဲ့သော် လည်း ယခု ကျမ လက်ထဲတွင် မရှိပါ။
မြို တို့ သည် ပျားဖွတ်ခြင်း၊ ငှက်ဖမ်းခြင်း အပင်တက်ခြင်း စသည့် မုဆိုးအတတ်ပညာ ကြွမ်းကျင် ကြသည် ။ ဒါ့ အပြင် ဝါးကြောဖြင့် ယက်သော ၊ ပလိုင်း၊ တောင်း၊ ငါးဖမ်းသည့် မြုံး စသည့်ကုလားထိုင် ၊ ထရံ စသည့် လက်ယာမှာ ပြောင်မြောက် ကြွမ်းကျင် ကြပါသည်။
အရွယ်ရောက် ကာစ မြို လူငယ်များသည် ဦးခေါင်း ထိပ်ပေါ်တွင် ဆန်ထုံး ထုံးကြသည်။ ပန်းပန်ကြသည်။ ကွမ်းဝါး သဖြင့် နှုတ်ခမ်း အရောင်မှာ အနီရောင်ရဲ နေပြီး၊ အများစုမှာ ကိုယ် အထက်ပိုင်း ဗလာ နှင့် နေကြသည်။ ခါးတောင်း ကြိုက် ကြသည်။ ဓါးလွယ်ကြသည်။ ဝါးပလိုင်းလွယ်ကြသည်။ ကျမ အလုပ်မှ နိုင်ငံခြားသား အရာရှိတစ်ဦး က ကျမအား "I saw very beautiful Mro boy in Kanyin Chaung Market" လို့ ပြောဖူးသည်။ ဘယ်လို ကြောင့် Beautiful လို့ ပြောတာလဲဆိုတော့ တော်တော်ကြည့်ကောင်းလို့ ၊ အသားအရည်လှလို့  ပလိုင်းနှင့် ဒါးနှင့် ချိတ်လွယ်ထားပြီး ကညင်ချောင်း ဈေးအတွင်းတွေ့ လိုက်စဉ် သူမှာ ထူးဆန်းလွန်းသဖြင့် တဒင်္ဂ ကြက်သေသေသွားခဲ့ ပါသည်တဲ့။
အောက်ပါ မြို အမျိုးသမီး ဓါတ်ပုံကို Google image မှ ကူးယူဖေါ်ပြပါသည်။
ယခင်က မြို အမျိုးသမီးများသည်လည်း ကိုယ်အထက်ပိုင်း ကို အဝတ် သိပ်မဝတ်ကြ၊
မြို့ ပေါ်တက်ကာ ဆားဝယ်၊ ဆီဝယ်မှ သာ အဝတ်ဆင်ကြသည်တဲ့။ ယခုတော့ ဘယ်လို နေကြမည်မသိ လွန်ခဲ့သော (၁၃) နှစ်ခန့် ကတော့ သူတို့ တွေ မြို့ တက်လာလျှင် မြေပြန့် ပြန့် ကို လမ်းသိပ်မလျှောက်တတ်ကြ တန်းစီပြီး လျှောက်ကြသည်။ (တောင်တက်နေသူတွေရဲ့ ဓလေ့အတိုင်း)။
မြို လူမျိုး အများစု ၏ အသားအရောင်မှာ အတော်လတ်သည်။ မြို အမျိုးသမီး လေးများ မှာ အတော်ကို ချောမော လှပကြသည်။
အကျဉ်းချုပ် ဆိုရသော်၊ မြိုလူမျိုးများသည်၊ ရိုးသားကြသည်။ နည်းပညာမတိုးတက်သော နေရာတွင် အခြေချကြသဖြင့် တောင်ယာသည်သာ သူတို့ အသက်သွေးကြောပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးကြသည်။ ကျန်းမာရေး နှင့် ပညာရေး မှာ ဒေသအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး နှင့် စီးပွားရေးနိမ့်ကျမှု့ ကြောင့် အဆင့်မမှီပါ။ သို့ သော် “ ငါတို့ တောင်မှာ ငါတို့ ပျော်သည်“ တဲ့။
မြို တို့ ရဲဒေသ ကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး သင့်သည်။ အချိန်တွေ လဲ ကြာခဲ့ပါ ပြီ။
No comments:
Post a Comment