Tuesday, 14 April 2009

(14)MY FALLING TEARS



YOU KNOW I AM NOT TOO GOOD WHEN IT COME TO CONCLUSION.

BUT STILL, THE TEARS DON'T STOP POURING OUT OF MY EYES WHEN I AM ALONE AND THINK OF MY MISERABLE LIFE.

EVENTHOUGH I THINK OF THE PAIN YOU GAVE ME, BUT DEEP DOWN I STILL HAVE A FEELING FOR YOU.

WE BOTH KNOW THAT WE SHOLD NOT BE TOGETHER.

WE GOT TO BE STRONG WHILE WE WALK AWAY TO OPPOSITE DIRECTION.

I REALLY WISHED YOU GOT PROPER LOVING LIFE.

ONCE I REALLY HOPED THE DREAM TO HAVE A RELATIONSHIP - MORE THAN ANYTHING ELSE, BUT YOU MAKE ME TO STAY AWAY FROM ME.

THOSE FEELING THAT I BURIED DEEP DOWN IN THE HEART OF MY POCKET COME BACK.... SO STAY AWAY FROM ME BECAUSE I KNOW THAT YOU DON'T WANT TO HURT ME.

Monday, 13 April 2009

(13)သင်္ကြန်အကြို နေ့ က ကမ်းနားသစ်ပင်များ


photo ထဲကလမ်းလျှောက်နေသည့်
ကလေးလေးမှာ ရပ်ကွက်ထဲက လူကြီးမင်း တယောက်ယောက်
ပင်ဖြစ်မည်။ ဘုန်းကြီးကျောင်းအလှူတွင် ရပ်ကွက်ထဲက
လူကြီးမင်းလေးများကိုမမေ့၇န်မှာထားပြီး
သင်္ကြန်သာကူကြို ဝေလျှင်လဲ သူတို့ မပါလျှင်ပွဲမစည်မို့ 
သေချာမှာပြီးသား။ အိမ်မှာ အစားလှူလျှင်အိမ်နီးနားချင်းများကို ချိုင့်နှင့်ဝေပြီး လူကြီးမင်း
လေးများကိုတော့ အိမ်မှာအ၀ကြွေးသည်။ သူတို့ ကဟန်မဆောင်တတ် ချစ်စရာကောင်းသည်။

ကျမမောင်အငယ်ဆုံးလေး ဦးပဇင်း(၃)ရက်ဝတ်ပြီးသင်္ကြန်အကြို နေ့ ပြန်ထွက်လာပြီ။
ခွင့်မရတဲ့ ။ မင်းခယောင်္ကျားကမ်းနားသစ်ပင်ဆိုသည့် စကားပုံရှိသည်။ ကမ်းနားသစ်ပင်
ဆိုဘာဖြစ်လဲမသိ။ရေတိုက်စားလျှင်ပါသလား? ခွေးရှူရှူပန်းတာခံရတာလား။
ထင်းစိုက်ခံရတာလား။

နိုင်ငံဝန်ထမ်းများအားလုံးကမ်းနားကသစ်ပင်တွေပင်။ သင်္ကြန်အေးအေးနေ မရ။ အလုပ်ပြန်ဝင်
ရသည်။ သင်္ကန်းစီးသည့် photos များ။ သင်္ကန်းစီးပုံများ။သိမ်ဆင်းပုံး။သိမ်ဆွမ်းလောင်ပုံ။
ဆွမ်းခံကြွပုံစသည့် ပုံအမြောက်အများ ကိုတ၀ကြီးကြည့်ရသဖြင့် တော်တ်ာအားရပါသည်။

ကျမငယ်ငယ်က အဖွားဖြစ်သူ ဒေါ်သန်းကြည်နှင့် ဆပ်သွားတောဘုန်းတော်ကြီးကျောင်းသို့ 
ဥပုဒ်နေ့ များတွင် လိုက်ပါခဲ့ပါသည်။ ကျမကအဖွားရဲ့ အပါးတော်မြဲ။ အရိပ်အလွန်ကောင်းသော
ဇောင်းယားပင်။ကွမ်းသီးပင်၊အုန်းပင်စုစုတို့ နားတွင်ရှိသော "သိမ်" သည် ကျမစိတ်အ၀င်စားဆုံး

သရဲမြင်ပါက သိမ်ဝင်ပုတီးနှင့်ပစ်ပေါက်လျှင် သရဲပြေးသည်ဟုကြားဘူးပြီး အဖွားက
ဘု၇ားသိမ်ကိုမိန်းကလေးမ၀င်ရဘူးဆိုထား သဖြင့် သိမ်ဆိုတာတော်တော် power ကြီးတဲ့ 
မြင့်မြတ်သောနေရာတစ်ခု ။လူဝတ်မှ ဘုန်းကြီးဝတ်ကူးပြောင်းရာတွင်အရေးကြီးသည့်
နေရာတခု ဟုသိထားပါသည်။


ထုံးစံအတိုင်းဘုန်းကြီးကျောင်းမှအပြန်တွင်မေးခွန်းတွေတသီကြီး မေးမိပါသည်။ သိမ်အကြောင်း
သိမ်ထဲတွင်၊ဘုန်းကြီးတွေ ဘာလုပ်ကြသနည်း။ သိမ်ထဲတွင် ဘာတွေရှိသနည်။ စသဖြင့်ပေါ့
အဖွားပြောဖူးသမျှ၊ကျမစာဖတ်ဖူးသမျှ ကို ယနေ့ မောင်လေးအားမေးကြည့် ရာ

ဟေ့ နင်တို့ သိမ်ထဲ မှာ ကိုယ်တော်တွေက အမောင်နာဂလို့ ခေါ်ပြီး လူသားစင်စစ်ဖြစ်ပါရဲ
လားလို့ မေးလား yes ကြွေးမှီကင်းမကင်း၊ အနာရောဂါကင်းမကင်း၊ အုပ်ထိန်းသူ ခွင့်ပြု
မပြု စသည်တို့ ကိုမေးသလားဆိုတော့ မောင်လေးက yes လို့ ပြောသည်။

နည်းနည်းပြည့်ပြည့်စုံစုံပြောပြပါလားမေးတော့ သူသုံးနေတဲ့ အင်တာနက်caffee က
computer မှာ myanmar font ကမရှိ။ နောက်မှ ဖုန်းဆက်ပြီးစပ်စုဦးမည်။ သူလဲ ယခုဆို
၃ဘွဲ့ ရပြီ။ သူရဲ့ ဦးပုဇင်းဘွဲ့ အမည် ကရှင် သုမင်္ဂလာတဲ့ ။ ကျမလဲ သောကြာသမီးမို့
မယ်သီလ၀တ်လျှင် နောက်တဘွဲ့ ထပ်ရမည်။

ကောင်းကောင်းကတော့ ဒီကျောင်းမှ ကိုရင်ထွက်ထားတာမကြာသေး။ဒါ့ ကြောင့်ဦးငယ်တို့ 
ဆရာတင်ရမည့် ပုံမျိုးphoto ထဲကသူ့ ပုံကိုကြည့်ပြီး သူ့ ဦးကြီးက ဒီကောင့်ပုံက
ဆရာကြီးလိုဘဲတဲ့ ။ သူက ဦးငယ်ထက် ၀ါစောတော့ ဆရာကြီးပေါ့၊၊

မနက်ဖြန်သင်္ကြန်အကျနေ့ ၊ ဒီမှာတော့ တကောင်ထဲ ညဘက် ကျမ ရေချိုးခန်းထဲဝင်ပြီး
သင်္ကြန်အပြတ်ကျပစ်မည်။ သူငယ်ချင်းက စင်္ကာပူ၂၀၀၈ သင်္ကြန် link ပို့ ပေးသည်။
ခက်တာကဖွင့်မရ။ မောင်လေးအကြီးကောင်က German အမျိုးသမီးတစ်ယောက်
မြန်မာသီချင်းဆိုနေသောlink ကိုပို့ ပေးသည် (very impressive)


ကောင်းကောင်း တို့ ကလေးတွေဒီအချိန်ရေဆော့လို့ မောပြီးအိပ်မောကျနေလောက်ပြီ။
မနက်ဖြန် အပြတ်ကဲဖို့ အိပ်မက်များတောင်မက်နေကြမလားမသိ။ သူ့ ဦးလေးအငယ်
ကတော့ဒီမနက်လူဝတ်လဲ ။ ညဘက် night duty ၀င်။ တော်တော်ဂွကျတဲ့ ဘ၀။
ငယ်ငယ်တုန်းကဆို သိပ်ကောင်းသည်။ ရေဆော့ဖို့ နဲ့ မုန့် စားဖို့ ဘဲ သိသည်။
အပြစ်ကင်းစင်တဲ့ ကလေးဘ၀ သင်္ကြန်ရောက်တိုင်းအမှတ်ရနေမိသည်။

(12)လွတ်လပ်ဖို့ အချိန်ရောက်တော့မည်

၁၂ ရက် ဧပြီ ၂၀၀၉

ဒီကနေ့ လွတ်လပ်ရေးရဲ့ လမ်းစ သတင်းစကားကြားရသည်။
၉နှစ်ကျော် ငရဲပန်းကြီး ကိုပန်ထားရသောကျမ များမကြာမီတွင် လွတ်လပ်ပါတော့မည်။
ဘ၀အသစ်ကိုစရမည်။ ငွေရှာရမည်။ ချစ်သောမိဘ မောင်နှမများ၊
တူ၁ယောက်၊သား၁ယောက်နှင့် ကျမဘ၀ ရဲ့ ကျန်ရှိနေသောအချိန်များကို ဖြတ်သန်းမည်။

အရင်တုန်းက မိဘ၊ မောင်နှမတွေအပေါ် တာဝန်မကျေခဲ့ သမျှကို အတိုးချ ပေးဆပ်မည်။
အရင်လို မဆိုးတော့ပါ၊ မမိုက်တော့ပါ။

ချစ်သောသူများနှင့်ပြန်မဆုံခင်အချိန်စပ်ကြားတွင် ကံကောင်းချင်ပါသည်၊ မိသားစုကိုလည်း
နားလည်စေချင်ပါသည်။ မိသားစုအကြားတွင် ကျမအတွက် နေရာကလေးတခု အမြဲ ရှိနေ
သည်ကို ကျမ သေချာသိထားပါသည်။

အိမ်သားအားလုံး နှလုံးစိတ်ဝမ်း ချမ်းမြေ့ ပါစေ။

Saturday, 11 April 2009

(11)မြို့ မ(၂) တိုးချဲ

အတိတ်ကို ပြန်သွားသော်
ဆယ်ကျော်သက်အရွယ်တုန်းကကျမ ဘာ့ကြောင့်မှန်းမသိကိုယ့်ကိုကိုယ်အရမ်းမုန်းပါတယ်။
ကလေးဘ၀ကနေ လူကြီးဘ၀change တဲ့ အချိန်စပ်ကူးမတ်ကူးကာလမှာ

စိတ်တွေဟာ တောင်ရောက်လိုက်မြောက်ရောက် လိုက်နဲ့ ။မိန်းကလေးပီပီသသ

ဖြစ်လာတော့မယ် ကိုယ်ခန္ဒာ အပြောင်းအလဲကိုစိတ်မောစွာ စောင့်နေရင်း

ကျမလေမိန်းမဖြစ်ရမဲ့ဘ၀ကိုမုန်းတယ်။

စစ်အင်္ကျီ လက်ရှည်နဲ့ ရခိုင်လုံခြည်ကိုမက်မက်မောမော ၀တ်ပြီးဆံပင်ကို စစ်သားk လောက်
တိုတိုထားပြီး ကိုယ့်ကိုကိုယ် လှည့်စားမိခဲ့ဖူးတယ်။ စိတ်မ၀င်စားတဲ့ ကျက်စာ
သမိုင်း ကိုကျက်ရင်း ဘာတွေမှန်းမသိတဲ့ ခုနှစ်တွေ ဘယ်လို မှစိတ်ဝင်စားစရာ မကောင်းတဲ့
လူနာမည်တွေ ကို ညဥ့်နက်တဲ့အထိ ကျက်ရင် နိုးတ၀က် အိပ်တ၀က် နဲ့ အမေကအိပ်တော့
ပြောတဲ့ အချိန် မှာ ဟစ်တလာသည်၊မူဆီလီနီသည်၊ဘေဘီလုံးနီးယမ်းနိုင်ငံသည်
စတာတွေကိုယောင်ပြီးထအောင်ခဲ့ဖူးတယ်။
၁၀တန်းအောင်ပြီးပြီးချင်းကျမတို့ နေတဲ့ လူနေရပ်ကွက် ကို မတရားသူတွေက အမိန့် နဲ့
ပြောင်းခိုင်းလို့  အိမ်ခြေ ၆၀၀ ကျော်လောက်ဟာ ၁ပတ်အတွင်းတအိမ် ကားတစီးတိုက်
နဲ့ ပြောင်းခဲ့ ၇တယ်။ မတရားသူတွေကို အရမ်းကိုစိတ်နာခဲ့တယ်။
နေပူပူကွင်းခေါင်ခေါင်မှာ ဖျက်ပြီးသားအိမ်အဟာင်းက သစ်တွေထဲက သံတွေကို
တူရွင်းနဲ့ နှုတ်ပြီး အလေအလွင့်မရှိအောင် နှုတ်၊ သစ်တိုသစ်စတွေကို
အလေအလွင့်မရှိအောင် ကူသိမ်း၊ နေကျဲကျဲပူနေတဲ့အချိန် သူတို့ ချပေးတဲ့
လယ်ကွင်းထဲက ကွက်သစ် သောက်ရေသုံးရေခတ်စရာဆိုလို့ 
အိမ် ၆၀လောက်မှာမှ တစ်တွင်းထဲ တူးပေးထားတဲ့ လက်နှိပ်တုံကင်မှာလဲ
ရေထမ်းခဲ့၇တယ်။ ကျွဲမဖြစ်ရုံတမယ်ပေါ့။ ဘ၀တွေများခက်ခဲလိုက်တာ။
တခါတလေ လော်စပီကာနဲ့ ကြော်ငြာတဲ့  (မီးသတိပြု ကြော်ငြာ၊ ရုံတင်ရုပ်ရှင်ကြော်ငြာ)
တွေမှာကျမတို့ ရဲ့ ရပ်ကွက်ကို မြို့ မ(၂) တိုးချဲ လို့ ခေါ်သည်။ ကြားရတာက
အောင့်တောင့်တောင့်၊ ပြောင်းလာသူတွေထဲ မှာ ၀န်ထမ်းဟောင်းများ၊စစ်မှုထမ်းဟောင်းများ
အပြင် ကျောင်းသူကျောင်းသား အမြောက်အများသည်။ တိုးချဲ့ တို့ ကွက်သစ်တို့ လို့ 
ကိုယ်စားပြု တာသိပ်မကြိုက်ချင် ဘာကြောင့်မှန်းမသိ။
ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမတို့ ရဲ့ ခဲအိုကျေးဇူးကြောင့်
လက်နှိပ်ရေတုံကင်လေးတခု အိမ်ဝင်းထဲ ရောက်လာပြီးနောက် အပင်စိုက်တဲ့
အလုပ်ကျမစလုပ်ပါတော့တယ်။
လယ်မြေဟာ အင်မတန် မာကျစ်ပြီးစေးလွန်းတော့ လို့ တော်ရုံအပင်တွေဟာ
အမြစ်မဖေါက်နိုင်ပါဘူး။ နောက်ဆုံးစိုက်သမျှပျိုးပင်လေးတွေသေသေသွားတော့
ကျမအကြံတခုရလာပါတယ်။ ဈေးနားက အိုးတိုက်ဖွဲ ပြာရောင်းတဲ့
စပါးကြိတ်စက် ကနေ အိုးတိုက်ဖွဲပြာတွေအိတ်လိုက်သွားသယ်ပြီး။
အဲဒီအိုးတိုက်ဖွဲပြာရယ်။ သဲမြေ၊ (အဝေးကြီးကနေသွားသယ်၇သည်)
နောက်ပြီး ပင်လယ်ကဗွီးလမ်းထဲက နွားချေးခြောက်တွေ ကိုကောက်ပြီး
အားလုံးသမအောင်ရောမွေပြီးမှ စိုက်လို ရခဲ့ပါတယ်။
နေအပြင်းဆုံးနဲ့ အပင်မရှိတဲ့ လယ်ကွင်းထဲမှာ အရိပ်ရဖို့ အဓိကမို့ ပထမဆုံးကျမ
ကိက္ကိုပင်ကိုအရင်စိုက်ပါတယ်သူကအကြီးမြန်ပြီး အမြန်အရိပ်၇တာမို့ ပါ။
အဲဒီနောက် ရွှေမှော်တင်ဘုရားဂုံးဆင်း နဲ့ ရေကန်အနားမှာ ပေါက်နေတဲ့ 
သရက်ပင်ပေါက်ကလေး တွေကိုကောက်ပြီးတော့ စိုက်ပါတယ်။
တနေ့ တနေ့ ဒီအပင်လေးတွေကို ပြု စုရတာ
အ၇မ်းကို စိတ်ချမ်းသာ ဖို့ ကောင်းပါတယ်။ နောက်စားပင်အဖြစ်
ပဲဇောင်းကားပင်လေးတွေစိုက်ပါတယ်နောက်ကြက်သွန်မိတ်နဲ့ ကန်စွန်း၇ွက် ပေါ့
ပဲဇောင်းကားပင်တွေ အနွယ်တက်လာတော့ ရေချိုးတဲ့နေရာနားလေးအရိပ်ရပါတယ်။
အပင်ထူးထူးဆန်းဆန်းမျိုး ရမယ်ဆိုတိုင်းသူများအိမ်အထိ လိုက်ခဲ့ ပါတယ်။
ကျမရဲ့ အမေနဲ့ အဖွားကတော့ ဘုရားပန်းပင်တွေပိုစိုက်ပါတယ်။ ဇော်စိမ်း၊ဇော်ကျား၊
နဂါးစက်ပင်၊မီးကွင်းဂမုံးပင်၊ ရွှေလာငွေလာပင် စတာတွေပေါ့။
ကျမတို့ အိမ်၇ဲ့ ရေချိုးတဲ့ နေရာဟာအိမ်အပြင်အိမ်ရှေ့ ထောင့် ကရေတုံကင်နားမှာပါ
ကျောက်စည်ခပ်ကြီးကြီး တခုချထားပြီး အဲဒီမှာရေချိုးအဲဒီမှာအ၀တ်လျှော်ပေါ့
အဲဒီတော့ေ၇တုံကင်နားကိုအရိပ်ရဖို့ ပုဏားရိပ်ပင်တွေ စွယ်တော်ပင်တွေ
ကိုစိုက်ပါတယ်။ စွယ်တော်ပင်တွေအပွင့်ပွင့်တာအရမ်းကိုလှပါတယ်။
အပင်တွေကိုရေလောင်းရတဲ့အရသာဟာလဲ။ေ၇ဆာနေတဲ့ သက်ကြီးရွယ်အိုနဲ့ 
ကလေးတွေကိုရေခတ်တိုက် ရသလိုမျိုးခံစားရလို့ မနက်မိုးလင်တာနဲ့ ကျမရဲ
သဲဂန္ဒာရ ပျိုးခင်းလေးမှာ အချိန်များများကုန်ဖြစ်ပါတယ်။
လသာတဲ့ တညတလေ အိမ်ရှေ့ လမ်းနားကဆောက်လုပ်ဆဲ
အိမ်အသစ်က လူငယ်တချို့  guitor တီးသီချင်းဆိုတာနားထောင်လို့ တော်တော်
ကောင်းပါတယ်။
သရက်ပင်တွေ အဖူးဖူးတဲ့နှစ်မှာ အိမ်နဲ့ စခွဲ ရတော့တာပါဘဲ။
လေယာဉ်စီးရတဲ့ နယ်ခြားဒေသမှာ ပြန်လည်ထူထောင်ရေး အဖွဲ့ တခုမှာ အလုပ်ရလို့ ပါ။
အဲဒီအချိန်တုန်းက အိမ်ကိုဖုန်းဆက်တိုင်း အပင်တွေကို ရေလောင်းရဲ့ လား။
အပင်တွေကအသီးသီးရဲ့ လား စသည့်ဖြင့် ပေါ့ ။ သက်မဲ့  အပင်တွေအပေါ်ထားမိတဲ့ 
သံယောဇဉ် ဆိုတာလဲ လူတွေကိုထားမိတာနဲ့ ကျမအတွက် သိပ်မကွာပါဘူး။
မတရားသူတွေ တအိမ်တပင် မစိုက်မနေရစိုက်ခိုင်းတဲ့ အိမ်ရှေ့ 
လမ်းဘေးက ခရေပင်လဲ အပွင့်တွေ ဘာတွေပွင့်လို့ ကလေးတွေလာလာကောက်
ကြသည်တဲ့။
ခုတော့ သရက်ပင်တွေလဲ အတော်ကြီးပြီ၊ အရင်တုန်းက ရပ်ကွက်သစ်
လေးဟာလဲ ဟောင်းသွားပြီ။ စကားမကြာမကြာထိုင်ပြောဘူးတဲ့ သူငယ်ချင်း
မသက်လဲ နှလုံးရောဂါနဲ့ ဆုံးသွားပြီ၊ အတူအလုပ်လုပ်ဖူးတဲ့ ကျမသူငယ်ချင်း လဲ
ရာသက်ပန်မယ်သီလရှင်ဝတ်သွားတာနှစ်တွေအတော်ကြာသွားပြီ။ ကံကြမ္မာတရားအပြောင်းအလဲတွေကလဲများသည်။ ကျမထဲငယ်တဲ့ သူတွေ၊
စာသင်ပေးခဲ့ ဖူးသူတွေလဲ အိမ်ထောင်တွေကျ၊ အလုပ်အကိုင်တွေနဲ့ ။
ပညာတတ်တွေလဲ အများကြီး ဒီရပ်ကွက်ကလေးမှာ လူလားမြောက်ခဲ ကြသည်။
အော် ဒီနှစ်သင်္ကြန်တောင်ရောက်တော့မည်။
ရပ်ကွက်လေးလဲဟောင်းသွားပြီ။
အပင်တွေလဲ အိုသွားပြီ။
လကတော့သာမြဲ ။ သင်္ကြန်ကတော့ နှစ်တိုင်းကျမြဲ ။

Thursday, 9 April 2009

(10)Brandy, Elderly & Cat wee wee





အချမ်းပြေ ၊ ဒီဒေသက သက်ကြီးရွယ်အို တွေနဲ့ ကြောင်ချီး

အချမ်းပြေဘာလုပ်လဲ။ အရမ်းအထင်မကြီးပါနဲ့ ။ ခေတ်မီသူများလို အရက်ခွက်လေး ဟန်ပါပါ သောက် ပြီး ၇င် စီးကရက်ကလေးထုတ်ဖွာ တတ်တဲ့  life style မျိုးကျမမှာမရှိပါ။ ချမ်းရင်အချမ်းသက်သာအောင် ဘယ်လို ၀တ်သလဲ။ဘာတွေလုပ်သလဲ။ဆို တာကို through my experience အရ

လူ့ ကိုယ်ခန္ဒာ မှာ အပူဒတ် အမြန်ကုန်လွယ်တဲ့နေရာများကတော့ ၊ နားရွက်၊ နှာခေါင်း၊ လက်ဖျား၊နဲ့ ခြေဖျား တို့ ဘဲဖြစ်ပါတယ်၊ တခါတလေ ဆံပင်တွေကြားကလဲ တအားချမ်းတတ်တယ်။ ကျမတော့သူများနဲ မတု တူအောင် ခေါင်းတွေကျဉ်ပြီး ချမ်းတတ်ပါတယ်။ အဲဒီတော့ ဆောင်းရာသီတိုင်း ခေါင်းစွပ်ပါတဲ့ အနွေးထည် ထူထူကိုဝတ်ပါတယ်။


လက်ချောင်းဖေါ်ပြီးဝတ်လို့ ရတဲ့ globe လဲဝတ်ပါတယ် ။ trouser ရဲ့ အောက်က legging ကိုလဲဝတ်ပါတယ်။ ခြေစွပ်ထူလဲ ၀တ်ပါတယ် ။ တကယ်ချမ်းရင်တော့ အသက်ရှူတာကိုပါ နည်းနည်းမှေးပြီးရှူ ပါတယ်။ တခါတခါ (အ၇မ်းအေးတဲ့ လေဟာ အဆုတ်ထဲကို ဒါးသွားနဲ့  မွေသလို ခံစားရလို့ ) အိမ်မှာနေရင် radiator လေးနားမှာကပ်ပြီး အပူငွေ့  ခံရပါတယ်။ ရေနွေးချမ်းလေးတည်သောက်ရင်းပေါ့  ။ အဲဒီထက် ပိုချမ်းလာရင်တော့ အိပ်ရာပေါ်တက် စောင်ကိုလည်ပင်းအထိချုံ လက်နှစ်ချောင်းကို ဂျိုင်းအောက်မှာဖွက် ဒူးကွေးပြီး အိပ်တော့တာပါဘဲ ။



အပူချိန် minus degree ရှိတဲ့ ကနေဒါလို နိုင်ငံမျိုးမှာဆိုရင် တော်တော်ကို ဒုက္ခရောက်မယ်။ ဒီမှာတော့ တချို့ သက်ကြီးရွယ်အို တချို့  အအေးဒဏ် ကြောင့် သေကြတယ်။ radiator (အများအခေါ် heater) အတွက် bill ခမတတ်နိုင်လို့ အချမ်းခံရင်း သေသွားကြတဲ့ ဒီနိုင်ငံက အဖိုးအဖွားအိုတွေလဲ ရှိတယ်။ တချို့ အဖိုးအဖွားတွေက Christmas နားရောက်တဲ့အထိ မျှော်လင့်တကြီးစောင့်ကြတယ်။ သားသမီးတွေ ကလူအိုရုံကို Christmas time မှာလာတွေကြတယ်။ တချို့ သားသမီးတွေက မိဘတွေကို အပြင်ခေါ်ထုတ်ပြီး နေ့ လည်စာလိုက်ကျွေးကြတယ်။
ဒီမှာ အသက်ကြီးလာရင် သားသမီးတွေက မိဘတွေကို nursing home တွေ၊ residential care home တွေကိုပို့ ကြတယ်။ Nursing Home ကိုမသွားချင်ကြတဲ့ သက်ကြီးရွယ်အိုတွေက သူတို့  ကိုယ် သူတို့  ကျန်းမာအောင် ဂရုစိုက်နေကြတယ်။ အပြင်တွေဘာတွေထွက်ရင်လဲ ပြင်ပြင်ဆင်ဆင်ကလေးနဲ့ ငါတို့ ဇယာကိုအံတုနိုင်သေးတယ်ဆိုတဲ့ပုံစံနဲ့ တတ်နိုင်သရွေ့ နေကြတယ်။
အကြင်နာတရားနည်းတဲ့ care assistant တချို့ ကအဖိုးအဖွားတွေကို ကောင်းကောင်းမဆက်ဆံကြဘူး။ သူငယ်ချင်းရဲ့ အိမ်က care assistant အလုပ်လုပ်တဲ့ အမျိုးသမီးဆိုရင် အသိဥာဏ် သိပ်မကောင်းတော့တဲ့ အဖိုးအဖွားတွေကို ရိုက်တယ်။ အစားကို ခွံကျွေးလို့ မှ ပါးစပ်မဟရင် အကုန်သိမ်းပြစ်တာဘဲ။ သူ့ ကိုမုန်းလွန်းလို့ ကျမ နာမည်ပေးထားတယ် ကြောင်ချီးလို့  ။ Nursing Home မှာ long day ဆင်းတဲ့ အပြင် weekend မှာတခြား home မှာလုပ်ဖို့ energy ချွေတာတဲ့အနေတဲ့ အားတိုင်း ကျုံးအိပ်တာဘဲ။ တနေ့ ကို ၁၄နာရီ အလုပ်လုပ်တယ်။ အလုပ်ကျိုးစားတာ ကောင်းပေမဲ့ ကျမသူငယ်ချင်းကိုလဲ သိပ်နိုင်တာအရမ်းမုန်းဖို့ ကောင်းတာဘဲ။ သူငယ်ချင်းနဲ့  သူတခန်းထဲ နေတုန်းက ဆို သူက selfish ဖြစ်ပြီး bully လုပ်လွန်းလို့ သူငယ်ချင်းမှာ လနဲ့ ချီပြီးဖျား တယ်။ ဖိုးဖွားတွေ အကြောင်းပြောရင်း ဘယ်လို လုပ်ပြီး ကြောင်ချီးအကြောင်း ရောက်သွားသလဲ မသိတော့ဘူး။
တော်သေးပြီ

(9)သားကြီးလာရင် " မုန့် လက်ဆောင်း "

ကျမတို့ ညီအမတွေ ကလေးထိန်းကြသည်။ မောင်လေး ၂ယောက်ကိုထိန်းသည်
တူလေးနဲ့ ကောင်းငယ်လေး ကိုလဲအလုအယက် ထိန်း ကြသည်။ ကလေးတွေ စကားတတ်ကာစအရမ်းကိုချစ်ဖို့ ကောင်းသည်။ ကလေးတွေကို လူကြီးမိဘတွေက ကြီးလာရင်ဘာလုပ်မလဲ လို့ မေးတတ်ကြသည်။ မိဘများကြားချင်သည် အဖြေက ဘ၀အာမခံချက်ရှိသည့် ပညာတတ်အလုပ်များဖြစ်သည့် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ် မယ်၊ ကျောင်းဆရာလုပ်မယ်၊ စသည့် အဖြေများ။
ကျမ မောင်အငယ်ဆုံးလေးလား၊ ကျမတူလေးလား မသိပါ။ လူကြီးများက သားကြီးလာရင်
အမေတို့ ကိုဘာလုပ်ကျွေးမတုန်း ဟုမေးရာ expected answer မှာ တခြား သူဖြေလိုက်သည်မှာ ကား
"မုန့် လက်ဆောင်း" တဲ့ ဒါလဲမှန်သည် သူအကြိုက်က မုန့် လက်ဆောင်းကို။

give me a smile -----

(8)အလွမ်းပြေဓါတ်ပုံတွေ

ဒီနေ့  8th April့ မောင်လေးအငယ်ဆုံးဆီက gmail နဲ့ ဓါတ်ပုံ attachment file တွေရတယ်။
မောင်လေး မနက်ဖြန် ဘုန်းကြီးဝတ်မယ်တဲ့ ကျေးဇူးရှင်အောင်မြေရတနာ ဆရာတော် ရဲ့ ကျောင်း မှာ ကောင်းကောင်းလဲ အဲဒီကျောင်းမှာကိုရင်ဝတ်တာ ၂ကြိမ်ရှိပြီ။

မောင်လေးနဲ့ သူရဲ့သူငယ်ချင်း တို့ မနက်ဖြန်မှာဝတ်ကြမယ်တဲ့ ။ ကျမအရမ်းအားကျတယ်။ ကျမလဲ အိမ်ပြန်ရောက်၇င် မယ်သီလ၀တ်ဖြစ်အောင်ကျိုးစားဦးမယ်။ တသက်မှာ တခါလောက် သာသနာ အလုပ်လုပ်ကြည့်ချင်တယ်။ ဓါတ်ပုံတွေကို ကျမဒီနေ့  organize လုပ်ပြီး ကျွန်ပျူတာထဲမှာ
ထည့် ထားတယ်။ တနေ့ နေ့ မှာ family album လေးကို အိမ်ကို ပို့ ပေးမလို့ ။

ခက်တာကဒီ laptop မှာ bluetooth device မပါဘူး။ အရင်ကျမသုံးတဲ့ samsoung notebook လေးမှာ ပါတယ်။ ဖုန်းထဲကပုံတွေကို ဒီကွန်ပျူတာထဲထည့်ဖို့ နည်းလည်းရှာရဦးမယ်။ cable ကလဲ london ကသူငယ်ချင်းဆီမှာ။ ဒီနှစ်သင်္ကြန်မှာလဲ အိမ်ကိုသတိရရင်ဘဲပေါ့။ အရင်နှစ်တွေတုန်းက အလုပ်ထဲမှာဆိုတော့ သင်္ကြန်ကျမှန်းမသိသာဘူး။ အပေါင်းအသင်းလဲ ၅ယောက် ၆ယောက်
လောက်ဘဲရှိတယ်။ အဲဒါတောင် ၂ ယောက်လောက်ဘဲ သူငယ်ချင်းပေါင်းပေါင်းတာ။ အရမ်းကိုအထီးကျန်ပါတယ် အဲ မှားလို့ အမကျန်ပါတယ်။

မောင်လေးကို သင်္ကန်းတောင်းနဲ့ တ၇ားနာ tape နဲ့ ဖမ်းလို့ ၇၇င် ဖမ်းယူပြီး ပို့ ပေးဖို့ ပြောထားတယ်။ he willtry the best တဲ့ ။ ရပ်ကွက်ထဲက ကလေးတွေကို လဲဖိတ်ဖို့ မမေ့၇န် ပြောထားသည်။


တော်သေးပြီ။ နားပါဦးမည်။
ယခု ည ၁နာရီ ၂၆မိနစ်။ အမေ့အိမ်တွင် မနက် ၇နာရီလောက်ရှိမည်။ ဆွမ်းချက်ဆွမ်းကပ်နှင့်အားလုံးအလုပ်ရှုပ်နေတော့မည်။ လွမ်းပါသည်။

(7)7th April (I had bad day)

မနက်အစောကြီးထပြီးကားဂိတ်ကိုလမ်းလျှောက်သွားတယ်။ အလင်းရောင်ရှင်းရှင်းမမြင်ရတဲ့ မှုန်ပြပြဓါတ်တိုင်တွေရဲ့ အားကိုးနဲ့ လျှောက်လာခဲ့တယ်။ လမ်းတလျှောက် ဘုရားဂုဏ်တော်၊တရားဂုဏ်တော်နဲ့ သံင်္ဃာဂုဏ်တော်တို့ ကိုရွတ်လာခဲ့တယ် ။ ကားမှတ်တိုင်ရောက်လုနီး။မိနစ် ၂၀လောက်လမ်းလျှောက်အပြီးမှာ ခွေး၃ကောင်ကျောင်းတဲ့ လူ ကိုတွေ့ မှ အကြောက်ပြေသွားတယ် ။

ရဲစခန်းရှေ့ ကမှတ်တိုင်မှာ ဘစ်စကားစောင့်ရတယ် ကိုယ့်မြို့ ပေါ်ကိုသွားတဲ့ဘစ်ကားကအစောကြီးမထွက်လို့ တခြားမြို့ သွားတဲ့ဘစ်ကို စောင့် ရင်း ရဲစခန်းမျက်နှာစာတယ်လီဖုန်းနဲ့ ကပ်ထားတဲ့စာ က
"When this police station is closed you should make all enquires using the telephone below. Please lift the handset, press the button and wait for a response."
တဲ့။ ရဲစခန်းကိုကြည့်တော့ မီးတွေကလင်းထိန်လို့ ။ ကားကို မိနစ် အနည်းငယ်စောင့်ပြီး နောက်တမြို့ မှာ ရထားချိန်းတယ် အဲဒီနောက် မြို့ ကြီးကိုေ၇ာက်တော့ မနက် ၇နာရီ ၄၅မိနစ်၊ မြေပုံအားကိုးနဲ့ သွား၇မဲ့ ရုံးကိုရှာတယ်။ လမ်းတို လေးတွေကများတော့ မျက်စေ့ လည်ပြီး မတွေ့ နိုင်ဘူး။ ဖြတ်သွားဖြတ်လာလူတွေရယ်။ သတင်းစာအလကား လိုက်ပေးနေတဲ့ အဖိုးကြီးရယ်။ vitaminဖျော်ရည် အလကားပေးနေတဲ့ ကြော်ငြာကားရယ်ကိုမေးတယ်။ လူတွေက လုပ်လက်စအလုပ်တွေကိုရပ်ပြီး သေသေချာချာ findout လုပ်ပေးကြပေမဲ့ ကျမသွားမဲ့ ရုံးကိုသူ တို့ သေချာမညွန်တတ်ကြဘူး။

လမ်းတွေမှားပြီးနောက် မှာ Indian နဲ့ တူတဲ့ ရုံးသမားဖြစ်ဟန်တူတဲ့ လူတယောက်ကို မေးမိတယ်။ အဲဒီလူက သူသွားမဲ့ လမ်းနဲ့ တကျောထဲဘဲဆိုပြီး ကျမကိုလမ်းညွှန်ပေးတယ်။ ကျမကလမ်းပျောက်နေတာ မိနစ် ၃၀ ရှိသွားပြီ လို့ ပြောတော့ အံသြပြီး ဒီမှာကဒီလိုဘဲ နောက်ဆိုမမှားတော့ပါဘူးတဲ့။ ကျမကျေးဇူးတင်ကြောင်းပြောတော့ ကျွန်တော့် ကိုဆုတောင်းပေးဦးတဲ့ ။ ဘာမှန်းတော့ကျမ မသိတော့ have a nice day လို့ ပြောခဲ့တယ်။

ရုံးအောက်ရောက်တော့အမည်စရင်းသွင်းပြီးရုံးရှေ့ မှာစောင့် တယ်ရုံးက ၉နာရီဖွင့်၇မယ်ဆို ပေမဲ့ လူအရိပ်အရောင်ကို ၉နာရီခွဲ အထိမမြင်ရဘူး။ ရာသီဥတုက အရမ်းအေးတော့ခေါင်းတွေကိုက်လာတယ်။ ၀တ်ထားတဲ့ allstar ဖိနပ်ပါးထဲကကျမရဲ့ ခြေချောင်းတွေ ကျဉ်ပြီး ပူးကပ်နေလို့ ခြေထောက်ကိုခဏခဏ shake လုပ်နေမိတယ်။

၉နာရီ၄၀လောက်မှာ ရုံးက ဒရ၀မ်ပုံစုံလိုလို ။ officer လိုလို ပါကစ်စတန်လို လူက အလကားနေ၇င်းအားလုံးကို ဟောက်နေတာနဲ့ ငို ချင်ရက်လက်တို့ ဖြစ်နေတယ် ။ queue ပြန်လုပ်ဖို့ သူကပြောတော့ ကျမမုန်းတဲ့ နိုင်ငံက လူ (ယောက်ကျား)များဟာ ကျမတို့ မိန်းခလေးတွေကို တွန်းတိုက်ပြီး ရှေ့ေ၇ာက်အောင်တန်းစီ ကြတယ်။ အရင်နာမည်စရင်းရေးတုန်းက ကျမ က နံပါတ် ၆ အခုကျတော့ နံပါတ် ၃၀ကျော် နောက်ဆုံးမှာ။ ကျမနဲ့ အတူ မိန်းခလေးတွေအကုန်လုံး နောက်ဆုံးမှာ အဲဒီရုံးက တနေ့ ကိုမှ လူနည်းနည်းဘဲတွေတာ။ ကျမလက်လျှော့ပြီး မြို့ ထဲဘက်ကို ထွက်လာခဲ့တယ် ။ လမ်းမှာ မျက်ရည်ဝဲတယ်။ ငါ့ အနှဲ နော် အဆင်မပြေချင်တော့များဆို ပြီ။
နောက်ထပ်ကားတဆင့်စီးပြီး လက်မှတ်ထိုး၇မဲ့ ရုံးကို ရောက်တယ်။ ကျမရဲ့ သတ်မှတ်ချိန် က နေ့ လည် ၁နာ၇ီမှ ကျမေ၇ာက်တာက ၁၁နာရီလောက်မှာ အဲဒီမှာလဲ ဒရ၀မ်မ က ကျမကိုစိမ်းစိမ်းကြည့်ပြီး နင်ဝင်လို့ မရဘူးပြောတယ်။ အဲဒီရုံးကနေထွက်ပြီးကားဂိတ်ကို လမ်းလျှောက်ရင်ကျမ မျက်ရည်တွေ ထိန်းမရအောင် ကျလာတယ်။ အဲဒါနဲ့ သူငယ်ချင်းတယောက်ကိုဖုန်းဆက်ပြောတော့ ။ သူငယ်ချင်းက ကားပတ်စီးနေ ငိုတာကိုရပ်။ မြို့ ထဲကကြာကြာထိုင်လို့ ရမဲ့ first food ဆိုင် သို့ မဟုတ် coffee ဆိုင်မှာထိုင်ပြီးအချိန်ဖြုန်းဖို့ အကြံပေးတယ်။ ကျမလေ ဘာ့ကြောင့်အဲဒီလောက် ၀မ်းနည်းမှန်းမသိဘူး။
အိမ်ကိုပြန်ေ၇ာက်တော့ ညနေ ၅နာ၇ီခွဲပြီ။ ရင်ထဲမှာ အရမ်းကိုနာပြီးမောတယ်။ ကျမလေ အသက်အရွယ်နဲ့ ညီတဲ့ ရင့်ကျက်မှု တွေ ။ ခံနိုင်ရည်တွေရှိချင်တယ်။ ဒါတွေ အားလုံး က ကိုယ့်ဘာသာကိုယ် built လုပ်ရမှာနားလည်ထားပေမဲ့ ကျမခုထိ အားငယ်တတ်တုန်းဘဲ။

Saturday, 4 April 2009

(6)၄၊၄၊၂၀၀၉ ဒိုင်ယာယီ

မနေ့ တုန်းက မောင်လေးအငယ်ဆုံး online ပေါ်လာလို့ chat ဖြစ်တယ်။ စာမေးပွဲတွေကြောင့် မျက်စေ့အားနည်းနေတယ်တဲ့ ။ သူစာမေးပွဲအောင်တယ်တဲ့ ။ ကျမမောင်လေးအတွက် အရမ်းဝမ်းသာတယ်။ တတိယအမက မျက်မှန်လုပ်၇င် ဂိုင်းကောင်းကောင်းလေးလုပ်လို့ မှာလို့ သူ့ ကိုပြောပေး၇တယ်။ တတိယအမ က yahoo ဘဲသုံးတာ သူ့ အလုပ်က yahoo ဘဲဖွင့်ထားတော့ ၇န်ကုန်နဲ့ chat မ၇ဘူး။ ဒုတိယအမ ကကျမရဲ့ googlemail မှာ voice msg ပေးထားတယ် သူဒီနေ့  ၄။၎။၂၀၀၉ မှာ online တက်မယ်တဲ့။ မနေ့ တုန်းက တော်တော် ကို အလုပ်များတယ်။ အိမ်သန့် ၇ှင်းေ၇းနဲ့  အချက်အပြုတ် ကူလုပ်ရလို့ ။ အတူနေတဲ့  အမဲမလေး ဂျူနီယာရဲ့ အမျိုးတွေ လေဆိပ်မသွားခင်တညလာတည်းမှာမို့ လို့ ။ ကျမကဧည့်သည်တွေအတွက် ထမင်းချက်တယ်။ ဟင်းကတော့မျှစ်နဲ့  ပဲကတ္တီပါပြုတ်ကျော်တယ်။ ဂျူနီယာကတော့ ကြက်ကင်တယ်၊ အမဲသားနှပ်တယ်။
ဧည့်သည်တွေကတော့ သူ့ ယောင်းမနဲ့ ကလေး၃ယောက်။ ကလေးတွေကအရမ်းကဲတယ်။ အကြီးဆုံးကလေး က ကောင်းကောင်းထက် ၈လကြီးတယ်။ သက္ကရာဇ် ၂၀၀၀ မှာမွေးတဲ့ ကလေးပေါ့ ။သူ့ ရဲ၇ာသီခွင် က တရုပ်လို နဂါးနှစ်လို့ ပြောတော့သူတော်တော်ပျော်သွားတယ်။ ဒုတိယက မိန်းခလေး အသက် က ၆နှစ်။ ၆နှစ်လို့ သာပြောတာ တော်တော်ထွားကြိုင်းတယ် ၉နှစ်သား သူမရဲ့ အကိုနဲ့ တရွယ်ထဲဘဲ။ သူမ ကအခုကတည်းက အစားလျှော့စားတာ ။ ကယ်လိုရီကောင့် လုပ်တာတွေရှိနေပြီ။ ကျမတို့ ဆို အဲဒီအရွယ်မိဘပေးတာစားတာဘဲ။
အငယ်ဆုံးကလေးက မိန်းကလေး (လမစေ့ဘဲမွေးထားတဲ့ကလေးတဲ့) လမစေ့လို့ သာတော်သေးတယ်။ ဆော့လိုက်တာမျောက်ကို ၇ှုံးေ၇ာအသက်က ၁နှစ်နဲ့ ၃လ စကားတော့မပြောတတ်သေးဘူး။ အမှိုက်ထုတ် တွေကိုဖွင့်ဖွင့် ပြီးတွေ့ သမျှပါးစပ်ထဲ ထည့်တတ်လို့ မနေနိုင်တဲ့ ကျမလိုက်ဆွဲ၇တယ်။ အမှိုက်ထုတ်တွေထဲမှာ ဖွင့် ပြီးသားစည်သွတ်ဘူးခွံတွေပါလို့ ကလေးလက်ရှမှာစိုးလို့ ။ ဒါတောင်မှကြမ်းပြင်မှာခလုတ်တိုက်လဲတာ နှုတ်ခမ်းပေါက်သွားသေးတယ်။ သူ့ အမေနဲ့ သူ့ အဒေါ်က တခါမှလိုက်ဆွဲတာမတွေ့ ဘူး။
မနက်အစောကြီး 2:30 am မန်ချက်စတာလေဆိပ်ကို ကားနဲ့ ထွက်သွားကြတယ်။ ကျမကတော့ ကျမအမ chatting ၀င်မဲ့ အချိန်ကိုစောင့်ရင်းမှေးတချက် အိပ်တချက်နဲ့ ပေါ့ ။ ရန်ကုန်အင်တာနက် connection ကတော်တော်ကို့ နှေးတာ။မမကြီးနဲ့ ဒုတိယ အမနဲ့  chatting ခနတက်ပြီး vzo ထဲ ၀င်မရလို့ အမတွေ အိမ်ပြန်ဖို့  ဖုန်းလှန်းဆက်လိုက်တယ်။ ကောင်းကောင်းနဲ့ စကားခနလေးပြောဖြစ်တယ်။ အမတွေ ပြန်သွားပြီးတဲ့အထိ အမရဲ့ Account ကမီးလင်းနေတုန်းဘဲ ။ အဲဒါနဲ့ ကျမကမောင်လေးကိုလှန်း ဖုန်းဆက် လိုက်တာ။ ဟို ဘက်က အမည်မသိသူကကျမ အမရဲ့ account ကို ၀င်သုံးနေတာကို မောင်လေးကို Who are you? တဲ့  ။ ပြီးတော့ don't call me now တဲ့။ သူလဲ ရုံးဆင်းချိန်မို့ ကသုတ်ကရက်ပြန်သွားတယ်။ သေချာတာကတော့ မမကြီးနဲ့ ဒုတိယအမ တို့ အိမ်ပြန်သွားကြပြီလေ။ မောင်လေးက ဘာမမပြောနေပါနဲ့ မြန်မာပြည်မှာ ဒီလို ပါဘဲတဲ့။
အဲဒါနဲ့ ကျမ အဲဒီသူ ကို မသိချင်ဟန်ဆောင်ပြီး မပြန်သေးဘူးလား။ connection မကောင်းဘူးနော်လို့  စာစရိုက်တယ်။ နောက်ပြီး တော့ ဘာမှပြန်မလာတာနဲ့  please sing out now, I know you are using other people account by mistake. ဆို တော့ ဘာမှ ပြန်မလာဘဲ ဆက်သုံးတယ်။ ဒါကြောင့် Hmawbi မြို့ ကကျဉ်းကျဉ်းလေးနော်။ အင်တာနက်ဆိုင်ဆို၇င်လဲ တဆိုင်ဘဲရှိတယ်။ IP address ကိုကြည့်ပြီးဆိုင်ကို စုံစမ်း ရင်ဘယ်သူသုံးနေတယ်ဆိုတာ သိနိုင်တယ်။ ကျေးဇူးပြုပြီး sign out လုပ်ပါလို့ ထပ်ရိုက်လိုက်တော့ မှထွက်သွားတယ်။သုံးတဲ့သူအပေါ်၇င့်ချင်လို့် မဟုတ်ပါဘူး။ common sense လေးနဲ့ သူများ privacy ကို မကြည့်မိအောင်လို့ ပါ။ genuine mistake လဲဖြစ်နိုင်တာမို့်  မောင်လေးပြောတာကို လက်ခံပါတယ်။ အဲဒီလို့ မမှားအောင်လဲအမတော်တွေကို နည်းနည်းလေး alert လုပ်၇မယ်။
အမကလဲ connection ပြတ်သွားတဲ့တုန်း အချိန်စေ့ သွားလို့ sign out မလုပ်မိဘူးထင်တယ်။ ဒါပေမဲ့ နောက်သုံးတဲ့သူ ဆက်ပြီးသုံးနေမိေ၇ာ။ တကယ်လို့ sensitive information တွေပါရင်တော့ ဒုက္ခေ၇ာက်မှာ။ ညနေမောင်လေးအငယ်ဆုံးဆီဖုန်းခေါ်တော့ ဆက်သွယ်ေ၇းဧ၇ိယာပြင်ပသို့ေ၇ာက်၇ှိနေပါသည်တဲ့။ ညီမလေးဆီဆက်တော့လဲ ဒီလိုဘဲ။ ခက်တယ်နော် မြန်မာပြည်ကမြို့ နယ်တော်တော်များများက ဆက်သွယ်ေ၇း ဧ၇ိယာပြင်ပကိုေ၇ာက်ေ၇ာက်နေတာဘဲ။ တခုခုတော့ ပြောင်းလဲသင့် ပြီ။ Obama လို yes we can လို့ အာမခံပြောနိုင်မဲ့ သူ တစ်ယောက်ယောက်၇ှိ၇င်သိပ်ကောင်းမှာ။ long term dream.
ငယ်ငယ်ကဖတ်ဖူးတဲ့ ၀တ္ထုတခုရဲ့ အစမှာလားအဆုံးမှာလားမသိ
မည်သူကိုမှမရည်၇ွယ်ပါတိုက်ဆိုင်မှုရှိလျှင် ခွင့်လွတ်ပါ တဲ့  အဲဒီစကားလေးကြိုက်လို့ သုံးလိုက်တယ်။
နာ ဂ လွတ် ကျောက်ဒတ်ထာ နော့ ။ နာ့ ဂို လာမပြောနဲ့ မင်းဘာဖြစ်တွားမယ် ထင်သလဲ။ နာ ဂ ဂလိုမျိုးတွေ လဲေ၇းလေ့ေ၇းထမရှိဘူး ။ ဒါကတော့ ပြာလောင်ထဲက စကား။ လွတ်ကြိုက်လို့ မှတ်ထားတာ
တော်သေးပြီ။

Wednesday, 1 April 2009

(5)တပတ်ရစ် ရုပ်မြင်သံကြား

ဒီနေ့ မနက်ပိုင်း fleu jab (အအေးမိရောဂါ)ကာကွယ်ဆေး ဒုတိယအကြိမ်ထိုး တယ် နောက် dentist appointment ကိုသွားတယ်။ ထုံဆေး ကပြင်းလွန်းအားကြီးတယ် နောက်ထပ် treatment ၂ကြိမ်ထပ်သွားယူရဦးမယ်။

အိမ်ပြန်ရောက်တော့ ထုံဆေးအရှိန်နဲ့ မှိန်းပြီးနားနေတုန်း အမဲမလေး ဂျူနီယာ က ရုပ်မြင်သံကြားစပ်တူ ၀ယ်ဖို့  လာပြောတယ်။ ဒါ့ ကြောင့် ၂ယောက်သား မြို့ ထဲကို bus ကားနဲ့ သွားကြတယ်။ ၂၄ လက်မ thomson ရုပ်မြင်သံကြား second hand ကို ပေါင် ၅၀။ အငှားကားခ ၁၄ပေါင် စုစု ပေါင်း ၆၄ပေါင်။သူက ကျမကို ၂၄ကျပ် စိုက် သူက၄၀စိုက်မယ်တဲ့ ဒါပေမဲ့ ကျမဒီမြို့ ကပြောင်းရင်သူအပိုင်ယူမယ် တဲ့ ။ ကျမ သဘောတူလိုက်တယ်။

ရုပ်မြင်သံကြားကို သတင်းနဲ့ ကောင်းတဲ့ ဇာတ်လမ်းတွဲတွေသာ ကျမရွေးကြည့်တယ်၊ အင်တာနက်၊ကွန်ပျူတာနဲ့  သတင်းစာရှိနေရင် ကျမအတွက် လုံလောက်ပြီ။ အခုတလော ဒီက တီဗွီတွေမှာ ကြော်ငြာခနခနနှောက်ယှက် လွန်းလို့ မျက်စေ့နောက်တယ်။

ညနေဘက် ၀က်သားကင်၊လက်ဘက်သုတ်၊နဲ့  ပဲပြုတ်ကျော်နဲ့ ဂျူနီယာကို ကျမညစာကြွေးတယ်။ သူ ကတော့ တီဗွီ ရလို့ အရမ်းပျော်နေပုံဘဲ။ သူလဲ တီဗွီမကြည့်ရတာ ၃လနီးနီးရှိပြီဆိုတော့ နားလည်ပေးနိုင်ပါတယ်။ ဧည့်ခန်းကိုကျမအစီအစဉ်နဲ့  ဆိုဖါနေရာချ၊ တီဗွီ အင်တာနာကြိုးဆင် ။ ထမင်းစားစားပွဲနဲ့ ကုလားထိုင်တွေကို ကျမတစ်ယောက်ထဲ kitchen ကနေရွေ့  နဲ့ တော်တော်မောသွားတယ်။ သူကကိုယ်ဝန်နဲ့ ဆိုတော့ မရချရမလွယ်ဘူးလေ။

အငှားကားမောင်းတဲ့ သူ ကတော်တော်မာရေကျောရေရှိတဲ့ ဒီနိုင်ငံက လူဖြူ၊ ကျမတို့ ၂ယောက်ဝယ်လားတဲ့ တီဗွီအလေးကြီးကို ခြံဝနားထိဘဲချပေးတယ်။ ပြီးတော့ over charge လုပ်တယ်။ ခြံထဲကနေ့ ကျမတို့ နေတဲ့ basement flat ကို တော်တော်လေးအချိန်ပေးပြီးသယ်ရတယ်။ အလေးကြီးဘဲ။ တောမှာနေရတဲ့ ဒုက္ခက မသေးဘူး။

အင်တာနက်ကလဲ တနေကုန်မကောင်းဘူး။ စိတ်ပိန်တယ်။ အမဲမလေးနဲ့  future အစီအစဉ်တွေကို ပြောဖြစ်ကြတယ်။ ကျမ လေမိသားစုနဲ့ ဆုံချင်တယ်။ သူလဲဒီလိုဘဲ။ ထမင်းကိုစောင့်ကအကျက်နှေးသည်။ရေကို စောင့် ကအတက်နှေးသည်တဲ့ စောင့်ရတဲ့ဒုက္ခ ကအင်မတန်ကြီးတာဘဲ။

စောင့်ရတဲ့အချိန်တွေမြန်မြန်ကုန်ပါစေ။

ည၁၁နာရီ ၂၈မိနစ်ရှိသွားပြီ ။ နားဦးမည်။