Saturday, 11 April 2009

(11)မြို့ မ(၂) တိုးချဲ

အတိတ်ကို ပြန်သွားသော်
ဆယ်ကျော်သက်အရွယ်တုန်းကကျမ ဘာ့ကြောင့်မှန်းမသိကိုယ့်ကိုကိုယ်အရမ်းမုန်းပါတယ်။
ကလေးဘ၀ကနေ လူကြီးဘ၀change တဲ့ အချိန်စပ်ကူးမတ်ကူးကာလမှာ

စိတ်တွေဟာ တောင်ရောက်လိုက်မြောက်ရောက် လိုက်နဲ့ ။မိန်းကလေးပီပီသသ

ဖြစ်လာတော့မယ် ကိုယ်ခန္ဒာ အပြောင်းအလဲကိုစိတ်မောစွာ စောင့်နေရင်း

ကျမလေမိန်းမဖြစ်ရမဲ့ဘ၀ကိုမုန်းတယ်။

စစ်အင်္ကျီ လက်ရှည်နဲ့ ရခိုင်လုံခြည်ကိုမက်မက်မောမော ၀တ်ပြီးဆံပင်ကို စစ်သားk လောက်
တိုတိုထားပြီး ကိုယ့်ကိုကိုယ် လှည့်စားမိခဲ့ဖူးတယ်။ စိတ်မ၀င်စားတဲ့ ကျက်စာ
သမိုင်း ကိုကျက်ရင်း ဘာတွေမှန်းမသိတဲ့ ခုနှစ်တွေ ဘယ်လို မှစိတ်ဝင်စားစရာ မကောင်းတဲ့
လူနာမည်တွေ ကို ညဥ့်နက်တဲ့အထိ ကျက်ရင် နိုးတ၀က် အိပ်တ၀က် နဲ့ အမေကအိပ်တော့
ပြောတဲ့ အချိန် မှာ ဟစ်တလာသည်၊မူဆီလီနီသည်၊ဘေဘီလုံးနီးယမ်းနိုင်ငံသည်
စတာတွေကိုယောင်ပြီးထအောင်ခဲ့ဖူးတယ်။
၁၀တန်းအောင်ပြီးပြီးချင်းကျမတို့ နေတဲ့ လူနေရပ်ကွက် ကို မတရားသူတွေက အမိန့် နဲ့
ပြောင်းခိုင်းလို့  အိမ်ခြေ ၆၀၀ ကျော်လောက်ဟာ ၁ပတ်အတွင်းတအိမ် ကားတစီးတိုက်
နဲ့ ပြောင်းခဲ့ ၇တယ်။ မတရားသူတွေကို အရမ်းကိုစိတ်နာခဲ့တယ်။
နေပူပူကွင်းခေါင်ခေါင်မှာ ဖျက်ပြီးသားအိမ်အဟာင်းက သစ်တွေထဲက သံတွေကို
တူရွင်းနဲ့ နှုတ်ပြီး အလေအလွင့်မရှိအောင် နှုတ်၊ သစ်တိုသစ်စတွေကို
အလေအလွင့်မရှိအောင် ကူသိမ်း၊ နေကျဲကျဲပူနေတဲ့အချိန် သူတို့ ချပေးတဲ့
လယ်ကွင်းထဲက ကွက်သစ် သောက်ရေသုံးရေခတ်စရာဆိုလို့ 
အိမ် ၆၀လောက်မှာမှ တစ်တွင်းထဲ တူးပေးထားတဲ့ လက်နှိပ်တုံကင်မှာလဲ
ရေထမ်းခဲ့၇တယ်။ ကျွဲမဖြစ်ရုံတမယ်ပေါ့။ ဘ၀တွေများခက်ခဲလိုက်တာ။
တခါတလေ လော်စပီကာနဲ့ ကြော်ငြာတဲ့  (မီးသတိပြု ကြော်ငြာ၊ ရုံတင်ရုပ်ရှင်ကြော်ငြာ)
တွေမှာကျမတို့ ရဲ့ ရပ်ကွက်ကို မြို့ မ(၂) တိုးချဲ လို့ ခေါ်သည်။ ကြားရတာက
အောင့်တောင့်တောင့်၊ ပြောင်းလာသူတွေထဲ မှာ ၀န်ထမ်းဟောင်းများ၊စစ်မှုထမ်းဟောင်းများ
အပြင် ကျောင်းသူကျောင်းသား အမြောက်အများသည်။ တိုးချဲ့ တို့ ကွက်သစ်တို့ လို့ 
ကိုယ်စားပြု တာသိပ်မကြိုက်ချင် ဘာကြောင့်မှန်းမသိ။
ကွယ်လွန်သွားပြီဖြစ်တဲ့ ကျမတို့ ရဲ့ ခဲအိုကျေးဇူးကြောင့်
လက်နှိပ်ရေတုံကင်လေးတခု အိမ်ဝင်းထဲ ရောက်လာပြီးနောက် အပင်စိုက်တဲ့
အလုပ်ကျမစလုပ်ပါတော့တယ်။
လယ်မြေဟာ အင်မတန် မာကျစ်ပြီးစေးလွန်းတော့ လို့ တော်ရုံအပင်တွေဟာ
အမြစ်မဖေါက်နိုင်ပါဘူး။ နောက်ဆုံးစိုက်သမျှပျိုးပင်လေးတွေသေသေသွားတော့
ကျမအကြံတခုရလာပါတယ်။ ဈေးနားက အိုးတိုက်ဖွဲ ပြာရောင်းတဲ့
စပါးကြိတ်စက် ကနေ အိုးတိုက်ဖွဲပြာတွေအိတ်လိုက်သွားသယ်ပြီး။
အဲဒီအိုးတိုက်ဖွဲပြာရယ်။ သဲမြေ၊ (အဝေးကြီးကနေသွားသယ်၇သည်)
နောက်ပြီး ပင်လယ်ကဗွီးလမ်းထဲက နွားချေးခြောက်တွေ ကိုကောက်ပြီး
အားလုံးသမအောင်ရောမွေပြီးမှ စိုက်လို ရခဲ့ပါတယ်။
နေအပြင်းဆုံးနဲ့ အပင်မရှိတဲ့ လယ်ကွင်းထဲမှာ အရိပ်ရဖို့ အဓိကမို့ ပထမဆုံးကျမ
ကိက္ကိုပင်ကိုအရင်စိုက်ပါတယ်သူကအကြီးမြန်ပြီး အမြန်အရိပ်၇တာမို့ ပါ။
အဲဒီနောက် ရွှေမှော်တင်ဘုရားဂုံးဆင်း နဲ့ ရေကန်အနားမှာ ပေါက်နေတဲ့ 
သရက်ပင်ပေါက်ကလေး တွေကိုကောက်ပြီးတော့ စိုက်ပါတယ်။
တနေ့ တနေ့ ဒီအပင်လေးတွေကို ပြု စုရတာ
အ၇မ်းကို စိတ်ချမ်းသာ ဖို့ ကောင်းပါတယ်။ နောက်စားပင်အဖြစ်
ပဲဇောင်းကားပင်လေးတွေစိုက်ပါတယ်နောက်ကြက်သွန်မိတ်နဲ့ ကန်စွန်း၇ွက် ပေါ့
ပဲဇောင်းကားပင်တွေ အနွယ်တက်လာတော့ ရေချိုးတဲ့နေရာနားလေးအရိပ်ရပါတယ်။
အပင်ထူးထူးဆန်းဆန်းမျိုး ရမယ်ဆိုတိုင်းသူများအိမ်အထိ လိုက်ခဲ့ ပါတယ်။
ကျမရဲ့ အမေနဲ့ အဖွားကတော့ ဘုရားပန်းပင်တွေပိုစိုက်ပါတယ်။ ဇော်စိမ်း၊ဇော်ကျား၊
နဂါးစက်ပင်၊မီးကွင်းဂမုံးပင်၊ ရွှေလာငွေလာပင် စတာတွေပေါ့။
ကျမတို့ အိမ်၇ဲ့ ရေချိုးတဲ့ နေရာဟာအိမ်အပြင်အိမ်ရှေ့ ထောင့် ကရေတုံကင်နားမှာပါ
ကျောက်စည်ခပ်ကြီးကြီး တခုချထားပြီး အဲဒီမှာရေချိုးအဲဒီမှာအ၀တ်လျှော်ပေါ့
အဲဒီတော့ေ၇တုံကင်နားကိုအရိပ်ရဖို့ ပုဏားရိပ်ပင်တွေ စွယ်တော်ပင်တွေ
ကိုစိုက်ပါတယ်။ စွယ်တော်ပင်တွေအပွင့်ပွင့်တာအရမ်းကိုလှပါတယ်။
အပင်တွေကိုရေလောင်းရတဲ့အရသာဟာလဲ။ေ၇ဆာနေတဲ့ သက်ကြီးရွယ်အိုနဲ့ 
ကလေးတွေကိုရေခတ်တိုက် ရသလိုမျိုးခံစားရလို့ မနက်မိုးလင်တာနဲ့ ကျမရဲ
သဲဂန္ဒာရ ပျိုးခင်းလေးမှာ အချိန်များများကုန်ဖြစ်ပါတယ်။
လသာတဲ့ တညတလေ အိမ်ရှေ့ လမ်းနားကဆောက်လုပ်ဆဲ
အိမ်အသစ်က လူငယ်တချို့  guitor တီးသီချင်းဆိုတာနားထောင်လို့ တော်တော်
ကောင်းပါတယ်။
သရက်ပင်တွေ အဖူးဖူးတဲ့နှစ်မှာ အိမ်နဲ့ စခွဲ ရတော့တာပါဘဲ။
လေယာဉ်စီးရတဲ့ နယ်ခြားဒေသမှာ ပြန်လည်ထူထောင်ရေး အဖွဲ့ တခုမှာ အလုပ်ရလို့ ပါ။
အဲဒီအချိန်တုန်းက အိမ်ကိုဖုန်းဆက်တိုင်း အပင်တွေကို ရေလောင်းရဲ့ လား။
အပင်တွေကအသီးသီးရဲ့ လား စသည့်ဖြင့် ပေါ့ ။ သက်မဲ့  အပင်တွေအပေါ်ထားမိတဲ့ 
သံယောဇဉ် ဆိုတာလဲ လူတွေကိုထားမိတာနဲ့ ကျမအတွက် သိပ်မကွာပါဘူး။
မတရားသူတွေ တအိမ်တပင် မစိုက်မနေရစိုက်ခိုင်းတဲ့ အိမ်ရှေ့ 
လမ်းဘေးက ခရေပင်လဲ အပွင့်တွေ ဘာတွေပွင့်လို့ ကလေးတွေလာလာကောက်
ကြသည်တဲ့။
ခုတော့ သရက်ပင်တွေလဲ အတော်ကြီးပြီ၊ အရင်တုန်းက ရပ်ကွက်သစ်
လေးဟာလဲ ဟောင်းသွားပြီ။ စကားမကြာမကြာထိုင်ပြောဘူးတဲ့ သူငယ်ချင်း
မသက်လဲ နှလုံးရောဂါနဲ့ ဆုံးသွားပြီ၊ အတူအလုပ်လုပ်ဖူးတဲ့ ကျမသူငယ်ချင်း လဲ
ရာသက်ပန်မယ်သီလရှင်ဝတ်သွားတာနှစ်တွေအတော်ကြာသွားပြီ။ ကံကြမ္မာတရားအပြောင်းအလဲတွေကလဲများသည်။ ကျမထဲငယ်တဲ့ သူတွေ၊
စာသင်ပေးခဲ့ ဖူးသူတွေလဲ အိမ်ထောင်တွေကျ၊ အလုပ်အကိုင်တွေနဲ့ ။
ပညာတတ်တွေလဲ အများကြီး ဒီရပ်ကွက်ကလေးမှာ လူလားမြောက်ခဲ ကြသည်။
အော် ဒီနှစ်သင်္ကြန်တောင်ရောက်တော့မည်။
ရပ်ကွက်လေးလဲဟောင်းသွားပြီ။
အပင်တွေလဲ အိုသွားပြီ။
လကတော့သာမြဲ ။ သင်္ကြန်ကတော့ နှစ်တိုင်းကျမြဲ ။

No comments:

Post a Comment