Saturday, 18 April 2009

(20)အရူး ဖုန်းငို ဆပ်သွားတော တွင်နေသည်။

စိတ်ဖေါက်ပြန်သူတွေ (အရူး) တွေအကြောင်း ရေးချင်နေတာ ကြာလှပြီ။ အရူးတွေလို့ သုံးနှုံးတာ သိပ် offensive ဖြစ်လွန်းသည်။ တကယ်တော့ ဘာ့ကြောင့်စိတ်မနှံ ဖြစ်ရသည်ဆိုသည့် နောက်ခံအကြောင်းများက ပိုစိတ်ဝင်စားစရာ ကောင်းလှသည်။ တကယ်တော့ လူသားတိုင်းတနည်းမဟုတ်တနည်း ဖြင့် ရူးနေကြသူများ ဖြစ်ကြသည်။ မြတ်စွာဘုရား က
ပုထု ဇနော ဥမ္မ တကော ဟု မိန့် ဆိုခဲ့သည်။

မယားတရူးက မယားကိုသာ စိတ်မှာစွဲ သဖြင့်အချိန်တိုင်း မယားကိုသားတသည်။ ဥစွာ ရူးက ဥစွာ တခုထည်းကိုသာ တလျှက်ရူးသည်။ တကယ်တော့ အရူးများသည် တကယ် consistant ရှိသောသူများပင် ဖြစ်သည်။ အရူးများသည် မိမိတို့ လိုသည် မှအပ အခြားဘာမှ မသိ တခြားဘာမှ မတပ်မက်။ ကျမ ဘ၀ တလျှောက်တွင် သနားစရာကောင်းသော အရူးများ ကိုတွေ့ ခဲ့ ဖူးသည်။

သူတို့ အကြောင်းကို အလှင်းသင့်တိုင်း ထပ်ရေးပါမည်။ ပထမဆုံးကျမသိသူကတော့၊၊

ဖုန်းငို - သူအသက်ကိုမည်သူမျှ မခန့် မှန်းတပ် မိခင်အမယ်အို မှာလဲ သူသားအသက်ကိုမေးလျှင် အသက် ၄၀ စွန်းစွန်းပေါ့ လို့ ပြောသည်။ ဖုန်းငို ကအရမ်းကိုအေးသည်။ အ၀တ်အစုတ်ကလေးဝတ်သည်။ ဘုန်းကြီးကျောင်းမှာ အမြဲ ကူလုပ်သည်။
သူ့ အ၀တ်အစားများမှာ အရောင်မပေါ်တော့ သော တထည်တည်းသော င်္အကျီ နှင့် နံ ငယ်ပိုင်း ပုဆိုး (ပေါင်လည်လောက်သာရှိမည့် အရောင်မရှိတော့သော အနားပြုတ်နေသည် တာဇံ's ပုဆိုးပင်။ ဆံပင်က အမြဲတမ်း ဂတုံးဆံပင်နှင့်။ အသားအရာင်မှာ ၀ါစိမ်းစိမ်း အရောင်။ ပိန်ပိန်သွယ်သွယ်ဖြစ်သည်။

သူရူးရခြင်းအကြောင်းကတော့ မှန်မမှန်မသိ ရပ်ကွက်ထဲက အဒေါ်ကြီးများစကားအရ ကြောင်ဆေးထိုးသဖြင့် ရူးသည်တဲ့ ။ အဲဒီတုန်းက အင်းအိုင်၊ ခလှဲ ၊လက်ဖွဲ ၊ မန္တရား များ ခောတ်စားခဲ့ သည်ဖြစ်မည်။

ဖုန်းငို ပိုင်ဆိုင်သော ပစွည်းများမှာ သစ်သားဖြင့် ကိုယ်တိုင်လုပ်ထားသော ၄ဘီကားတခု ။ အဖုံးမပါသော ခပ်စုတ်စုတ် သပိတ်တလုံး ။ နေပူပူ မိုးရွာရွာ ဖုန်းငိုတို့ ကအမြဲ consistant ဖြစ်သည်။ ယူနီဖေါင်းကပြောင်းမသွား ။ သူ့ ကိုရပ်ကွက်ထဲက ကလေးတွေ မစကြမနောက်ကြပါ။ တဖြေးဖြေး ဖုန်းငို အသက်ကြီးလာပြီ အသက် ၅၀နားကိုချဉ်းကပ်သော်လည်း ဆံပင်တချောင်မျှမဖြူ သူ့  အမေအမများနေသည့် အိမ်ဝိုင်းထဲတွင် ကိုယ်ပိုင်တဲ ထိုးကာနေသည်။ ဘုန်းကြီးကျောင်းမှ သစ်သား၎ဘီးကား ဆွဲပြီးအိမ် ပြန် ရောက်လျှင် တဲ ဒဇက်မိတ်အောက်တွင်သေချာစွာ ရပ်လေ့ ရှိသည်။ ၄ဘီးကားတွင်အမြဲတမ်း အလံ တခုစိုက်ထားလေ့ ရှိသည်။ အလံမှာ အခြားမဟုတ် လမ်းဘေးကကောက်ထားသော ကြွပ်ကြွပ်အိပ်ခွံ (သို့ မဟုတ်) ပုဆိုးစဟောင်းလေးတခု ပင်။


၁၉၈၈ လူထုအုံကြွမှု အပြီးတွင် ကျမတို့ နေရပ်ဖြစ်သည့် ပေတရာတောင်ပိုင်း၊မြောက်ပိုင်း၊ ဆပ်သွားတော၊ စမ်းချောင်းဝ၊ မီးသွေးဖုတ်၊ ရဲဘော်ဈေး၊ ဘန့် ဘွေးကုန်းစသည့် နေရာများကို (၇)ရက်အတွင်းပြောင်းရမည်။ မပြောင်းပါက ဘူတိုဇာ (မြေတူးစက်ဖြင့်) လာဖြို ချမည်ဟု လက်နက်ကိုင်များက notice ထုတ်သောအခါ။ ရပ်ကွက်သူ ရပ်ကွက်သားများစိတ်ထိခိုက်ကြသည်။ ဒီနေရာကလေးမှာ အနှစ် ၄၀၊ ၅၀ နေလာကြသူများ။ ဘိုးဘွားအမွေပေးသဖြင့် ဒါးမဦးချ အခြေစိုက်နေထိုင်သူများမှာ အလွန်စိတ်မကောင်းဖြစ်ကြသည်။ နောက်တမိသားစုကို စစ်ကား တစ်စီးနှုံးဖြင့် လူမနေရာမြို့ စွန်ရှိလယ်ကွက်ကို ပြောင်းကြရသည်။ အိမ်ထောင်ပရိဘောက တင်ရာစစ်ကားအနောက်မှာ လက်နက်ကိုင် တဦးစီလိုက်သည်။ အားလုံးအားမတန်သဖြင့် တက်တခေါက်ခေါက် ။ သို့ သော်

ဖုန်းငို ကတစ်ဦးတည်းသော တော်လှန်ရေးသမား၊ လုံးဝမပြောင်းတင်းခံသည်။ အမေ နှစ်အမတို့ လဲ ဘာလုပ်ရမှန်းမသိတော့ ။ ဖုန်းငိုကိုထားကာ ရပ်ကွက်သစ်ရှိရာကို တက်သုတ်ရိုက်ပြောင်းကြရသည်။ လက်နက်ကိုင်များက သည်းမခံ ။ အခန့် မသင့် လျှင် ရှိစုမဲ့စု တဲဘုတ်သာသာ အိမ်ကလေးကို မတော်တဆ ဘူတိုဇာ (မြေတူးစက်ဖြင့်) ဖြို လျှင် သူတောင်းစားခွက်ပြောက် ဦးမည်တဲ့ ။
ဖုန်းငို ကတော့မမှု့  သူရဲ့ သစ်သား၎ဘီးကားပေါ်တွင် အမြှောက်တခု(သစ်သား) ဆင်ကာ စစ်တပ်ဘက်သို ကျကျနန ချိန်ထားသည်။ လက်နက်ကိုင်တွေလာဖျက်လဲ နောက်တနေ့ ထပ်ဆောက်သည်။ ဘုန်းတော်ကြီး က လက်နက်ကိုင်များကိုတောင်းပန်ထားသဖြင့် သာတော်တော့သည်။

ရပ်ကွက်ဟောင်းကလေးဆီသို့ ၁၉၉၀ ရွေးကောက်ပွဲ အပြီး အလွမ်းပြေ ခနဖြတ်အသွား ဘုန်းငို ရဲ့ တဲ အိမ်ကလေးကိုတွေ့ ခဲ ရသည်။အရှင်သခင်တွေထားခဲ သော ခွေးပိန်ကလေးများနှင့် အိမ်ယာအပျက်အဟောင်းနှင့် တောထနေသောယခင်မြေနီလမ်း မအနီး ဖုန်းငို ပိုင်ဆိုင်သည့် တဲ့ ကလေးက တကယ့်ကိုထည်ထည်ဝါ၀ါရှိလှသည်။ ဒီရပ်ကွက်ဟောင်းကလေး က ဖုန်းငိုကိုချစ်သည်။ ကလေးရော ခွေးပါမကျန် ဖုန်းငိုကို သနားသည်။ သူတို့ မုန့် စားသည့် ထဲက ဖဲ့ ကျွေးသည်။ ဖုန်းငိုကအနေအေးလွန်းသည်။ ခုတော့ သူ့ ကိုချစ်သည့် ရပ်ကွက်ကလေးမရှိတော့ပြီ။ ရပ်ကွက်သူရပ်ကွက်သားများလည်း နေရာသစ်မှာ ခက်ခက်ခဲခဲ အခြေချ နေကုန်ကြပြီ။ ဖုန်းငို ကိုပေးမည့် ကမ်းမည့်သူများမရှိတော့ ( ခပ်ဝေးဝေးမှာကျန်နေသည့် ဘုန်းတော်ကြီးကျောင်းကလေးမှအပ။ )

ဖုန်းငို ဧ်။တဲအိမ် မနီးမဝေးမှ ဖြတ်သွားရင်း သူ့ ကိုကြည့်ရှုစောင့်ရှောက်မဲ့ သူများ၊ကြွေးမွေးမည် သူများပေါ်လာပါစေဟု ဆုတောင်းခဲ့ပါသည။်

No comments:

Post a Comment