Friday, 4 June 2010

Hat off you Burmese Military Officer who lets the world know about Burmese Neuclear Project

(June 4) --
မြန်မာနဲ့  မြောက်ကိုရီးယား ဟာ နယူးကလီးယားနောက် အနံ့ ခံ စမ်းသပ်နေကြတာ အတူတူပါဘဲ။ ဒီ နှစ်နိုင်ငံလုံးဟာ ရက်စက်ကြမ်းကြုတ်တဲ့  စစ် အာဏာရှင်တွေ အုပ်စိုးနေတယ် ဆိုတာ အားလုံးအသိပါ။ ဒါကြောင့် ကုန်းကောက်စရာမရှိအောင် အခုအချိန်ထိ ဆင်းရဲ ချွတ်ခြုံကျနေခဲ့ပါတယ်။


အခုတော့ မြန်မာတပ်မတော်က ထိပ်သီးပညာတတ်အရာရှိများရဲ့  တာဝန်သိတ်မှတ်ကြောင့် ဒီရက်စက်ကြမ်းကြုတ်ပြီး လူသားမျိုးနွယ်တုံးမဲ့  မြန်မာ့ နယူးကလီးယား အစီအစဉ် အကြောင်း ကို ကမ္ဘာက သိစ ပြုလာပါပြီ ။


တာဝန်သိစွာဖွင့်ချ သွားတဲ့  မြန်မာ စစ်တပ်က ဗိုလ်မှုး စိုင်းသိန်းဝင်း နယူးကလီး ယားစီမံကိန် အောင်မြင်ရေးအတွက် ရုရှားမှာ သင်တန်းစေလွှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မြန်မာ စစ်အစိုးရက နယူးကလီးယား ဗုံး တည်ဆောက်ရန်အတွက် မြောက်ကိုရီးယားအကူအညီနဲ့  ကြိုးစားခဲ့တာ ကြာခဲ့ပါပြီ။
ဗိုလ်မှုး စိုင်းသိန်းဝင်း မှာ ရှိတဲ့ ခိုင်လုံတဲ့ အထောက်အထားများ ၊ ထိပ်တန်းလျှို့  ဝှက်ချက် များကို ပြင်ပ မီဒီယာ တစ်ခုဖြစ်တဲ့  ဒီဗွီဘီ မှ တဆင့် သိစေခဲ့ပါတယ်။ အခုဆို ရင် သူဟာ မြန်မာပြည် ကနေ ထွက်ပြေး ရှောင်တိမ်းနေရ ရှာပါတယ်။ မြန်မာအစိုးရ ဟာ နာဇီထက် ၁၀ ဆမက ရက်စက်ကြမ်းကြုပ် လို့ ဒီ လျှို ဝှက်ချက်ပေါက် ကြားမှု ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်မှာ သေချာပါတယ်။

မနေ့ တုန်းက အမေရိကန်နိုင်ငံက Senator Jim Webb ( ဂျွန်ယက်တော - အမျိုးသား ခေါင်းဆောင် အိမ်ကို ရေကူးလာသူ အား လွတ်မြောက်စေသူ ) ဟာ မြန်မာပြည်ကို သွားမဲ့ ခရီးစဉ်ကို ရုတ်သိမ်းခဲ့ပါတယ်။ မနေ့  က ဘန်ကောက် ဟိုတယ်တစ်ခုမှာ လုပ်တဲ့  သတင်းစာရှင်းလင်းပွဲ မှာ ဒီ နယူးကလီးယား လျှို့ ဝှက်ချက် ကို ကြားသိရလို့  ခရီးစဉ်ပယ်ဖျက်ခဲ့တယ် လို့ သိရပါတယ်။

အရင်တုန်းက နယူးကလီးယား ဗုံးအကြောင်းကို ထဲထဲ ဝင်ဝင် မသိခဲ့ ပါဘူး။ ကျမတို့ ငယ်ငယ်က Hiroshima ဟီရိုရှီးမား ဗုံးအကြောင်း ဖတ်ခဲ့ဖူးပါတယ်။ အရိုးပြာတောင် မရနိုင်အောင် ပြင်ထန်တဲ့ ဗုံးပါ။ ပြင်းထန်တဲ့ အပူချိန်၊ ဓါတ်ငွေ့  ဖိအား၊ hydrodynamic force နဲ့  တွေကြောင့် ဟီရိုရှီးမား တစ်မြို့  လုံးပြာပုံ ဖြစ်ခဲ့  ပြီး၊ နယူးကလီးယားရေဒီရေးရှင်းကြောင့် အသက်မသေခဲ့ သော်လည်း ဘဝ ဆုံးခဲ့ တဲ့ သူတွေ အများကြီးပါ။ ဒီဗုံးပေါက်တဲ့  အချိန်က ကျမတို့ နိုင်ငံ လွတ်လပ်ရေးတောင် မရသေးဘူး။ ၁၉၄၅ ခုနှစ်ပေါ့ ။ နာဂါစာဂီမှာ လူ ၆၀ ၀၀၀ ဟီရိုရှီးမား မှာ လူ ၃၁၀ ၀၀၀ ခန့်  သေကြေပျက်စီးခဲ့ပါတယ်။ ၁၉၅၀ စစ်တမ်းအရ ဒီမြို့ တွေကို ရောက်ခဲ့ တဲ့ သူတွေ ထဲက ၂၅၀ ၀၀၀ ဟာ ရေဒီရေးရှင်း သက်ရောက်မှုကို ခံစားနေရတယ်လို့  သိရှိရပါတယ်။

နယူးကလီးယားဗုံးကို နိုင်ငံတကာ က ကြောက်ပါတယ်။ Hiroshima, Nagasargi ဗုံးပေါက်ခဲ့  ဆယ်စုနှစ် (ရ)ခု နီးပါးရှိပြီးမို့  နောက်နောင်မှာများ နယူးကလီးယားဗုံး ပေါက်ခဲ့ ရင် တလောက လုံးပြာကျနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာက နယူးကလီးယား ကို ပြင်းပြင်းထန်ထန် ထိန်းချုပ်သင့်သလို့ ၊ ဖြုတ်ဦးနှောက်လောက်မှ အသိဥာဏ်မရှိတဲ့  မြန်မာပြည်က သခိုးကြီးတွေကိုလဲ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ မြန်မာ့အရေးဆိုဘာဖြစ်ဖြစ် နယူးကလီးယားလောက်မှ စိတ်မဝင်စားတဲ့ ။Action မယူတတ်တဲ့  နိုင်ငံကြီးများလဲ ဒီသတင်းကြောင့် မြန်မာ အစိုးရကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ ဇယား ချနေ လောက်ပြီထင်ပါတယ်။

မွန်ဂို တို့ အကြောင်း

မွန်ဂို ဆိုရင် လူမျိုးနွယ်စု၊ လို့ သာမန်အားဖြင့်  သိထားကြမှာပါ။ လူသားအမျိုးနွယ်တွေကို ၃ မျိုးခွဲခြားထားတာ လေ့လာဖူးပါတယ်။ Mongoloid (အသားဝါ လူမျိုးနွယ်) , Europid/caucasoid (အသားဖြူ လူမျိုးနွယ်) ,Negrodi (အသားမဲ လူမျိုးစု) ဆိုပြီးတော့ ကွဲပြားတဲ့  နေရာမှာ ကျမတို့  လူမျိုးကတော့ Mongoloid ထဲမှာ ပါတယ်။ Native American (မက္ကဆီကန်)၊ အာတိုက် အရှေ့  ပိုင်း၊မြောက်ပိုင်း၊ အရှေ့ တောင်ပိုင်း မှာ Mongoloid လူမျိုးနွယ်တွေ ရှိပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု များဟာ အာရှတိုက် အရှေ့  တောင်ပိုင်းက အင်ဒိုချိုင်းနားကျွန်းဆွယ် ထဲမှာ ရှိလို့  Mongoloid လူမျိုးများဖြစ်ကြပါတယ်။
Mongoloid ဆိုတဲ့ စကားလုံးဟာ တချို့  medical dictionary တွေမှာ Down Syndrome ရောဂါ ကို ယခင်က သုံးနှုံးခဲ့ တာပါ။ ခုတော့ နှိမ့် ချပြောဆိုတယ် လို့  ယူဆလို့  မသုံးကြတော့  ပါဘူး။
မွန်ဂိုလူမျိုးစုများ အကြောင်းပြောလျှင် မပါမဖြစ် သည် က ဧကရာဇ် ဂျင်ဂစ်ခန် အကြောင်းပင်ဖြစ်သည်။ ဂျင်ဂစ်ခန် သည် မွန်ဂိုအင်ပါယာထူထောင်ရာဝယ် ထင်ရှားသည့် ဘုရင် တပါးဖြစ်သည်။

Mongolian Worm

Mongolian worm ဆိုတာကတော့ မီးရထားကောင် လိုမျိုး မျိုးစိတ်တွေ ကိုခေါ်တာဖြစ်ပါတယ်။ Mongolian death worm ကတော့ အဆိပ်ပြင်းတဲ့  အစာအိမ် ဆိုက်ကြီးတဲ့  (large intestine) သတ္တဝါပါ ။ အဆိပ်ပြင်းပြီး အရှည်ငါးပေးလောက်ရှိပါတယ်။
သူ့ ရဲ့ အစာအိမ်ဟာ နွားတစ်ကောင်ရဲ့ အစာအိမ် နဲ့ တူပါတယ်တဲ့။ အနီရောင်ရှိပြီး ခြေလှမ်းတိုင်းမှာ လျှပ်စစ်အားစီးနေတာကို သိပ္ပံပညာ လေ့  လာချက်များအရ သိရပါတယ်။ ဒီအကောင်တွေကို Gobi သဲဂန္တာရ မှာတွေ့  ရလေ့  ရှိပါတယ်။ အဆိပ်အတော်ပြင်းပြီး လူ ကို အ န္တရာယ်ပေးတတ်တယ်လို့  ဖတ်ဖူးပါတယ်။ မွန်ဂိုလီးယား နိုင်ငံ ကလူတွေကတော့ ဒီပိုးကောင် အကြောင်းကြားလိုက်တာနဲ့ ကို တော်တော်ကို ကြောက်ကြပါတယ်။ အဆိပ်တွေ လျှပ်စစစ်ဓါတ်တွေပန်းထုတ် နိုင်တယ်လို့ ယူဆကြလို့ ပါ။


Mongolian Blue



ကလေးတွေ ကိုယ်ခန္ဓာမှာ အမှတ်ပါလျှင်လဲ။ Mongolian Blue birth mark လို့ ခေါ်ကြပါသည်။

Wednesday, 2 June 2010

ဖောင်ဖြည့် တဲ့အခါ သျှမ်း တတ်တဲ့  အသုံးအနှုံးတချို့ 

ဥပမာ (၁)
နာမည် စောဖြူထီး
Full Name: Saw Phyu Htee
First Name: Saw
Middle Name: Phyu
Last Name = Sir Name=Family Name: Htee


အိုကေ လျှာရှည်ပြီး ဖြစ်ဖြစ်၊ အမှတ်တမဲ့ မေ့ပြီး ဖြည့် လိုက်မိတာဖြစ်ဖြစ်၊ အိုင်ဒီ ၂ခုထားချင်လို့ ဖြစ်ဖြစ် ။ ရှေ့ က မောင်/မ ထည့်မယ်ဆိုရင်
ဥပမာ ။ မောင်စောဖြူထီး Maung Saw Phyu Htee
First Name: Maung/Mg
Middle Name: Saw Phyu
Last Name = Sir Name = Family Name = Htee
ဘဏ်ကာဒ်တွေမှာဆို ရင် ဒီလို ရေးထားနိုင်ပါတယ်။
Maung S. P. Htee
* * * * * * * * * * * * * * * * * * * * * ** * * * * * * * * * * * * * * ** * * *
ဒီမှာ Maiden Name နဲ့ Middle Name နဲ့ လဲကွာတယ်နော်
Maiden Name က အမျိုးသမီးတွေ လက်မထပ်မီ အချိန်က သုံးခဲ့တဲ့ Sir Name ကိုခေါ်တာပါ။
ဥပမာ ခင်ချောစွိ၊ က ကိုထူးဆန်းကို ယူလိုက်တယ်
အဲဒီတော့ ခင်ချောစွိက သူ့ ခင်ပွန်းရဲ့ နောက်ဆုံးက Sir Name ဆနှ်းSann ကို ထပ်ပေါင်းလိုက်တယ်။
OK ဒါဆို သူမ နာမည်အပြည့်အစုံကိုခေါ်ချင်ရင် Mrs. Khin Chaw Sweet Sann ပေါ့ Mrs ဆိုတဲ့ Title ကိုမြင်တာနဲ့  ကြော်ငြာပြီးသား ကျမ လွတ်လပ်သူမဟုတ်ပါဘူး။ ကျမရဲ့  အိမ်ဦးနတ် နာမည်ကတော့ Mr Sann ပေါ့  လို့  ပြောလိုက်တာနဲ့  တူတူဘဲ။
အဲဒီမှာ Sweet ဆိုတဲ့ တချိန်က သူမသုံးခဲ့ တဲ့စာလုံး ကို Maiden Name ထဲမှာ ထည့်သုံးထားတယ်။
* * * * * * * * * * * * * *
(Given Name = First Name = Forename = Personal Name = Christian Name ) တူတူဘဲ ကြောင် မသွားနဲ့ ။


အာရှ နိုင်ငံတချို့  ဖြစ်တဲ့  ဂျပန်၊ တရုတ်၊ ကိုးရီးယား၊ ဗီယက်နမ်တို့ မှာတော့ ရှေ့  ဆုံးက စလုံးဟာ Sir Name ဘဲဖြစ်ပါတယ်။
ဥပမာ။ Than Shwe သာ ဂျပန်တို့ တရုတ်၊ကိုးရီးယား တို့ လို ဖောင်ဖြည့်မယ်ဆိုရင်
(Than က Sir Name, Shwe က Given Name=First name=Fore Name=Personal Name=Christian Name)
Than မျိုးရိုးက ဆင်းသက်လာတဲ့  လူတွေဆိုရင် Mr. Than, Mrs Than, Miss Than, Ms. Than, etc…
* * * * * * * * * * * * * * * *

နောက်ပြသနာတစ်ခုက
MARITAL STATUS ပေါ်မှာ မူတည်ပြီး ခေါ်ရတဲ့  Title.
Mr/Mrs/Ms/Miss

Mr. ကတော့ လက်ထပ်ပြီးသူရော၊ မပြီးသူရော၊ ယောက်ကျားလေးတိုင်း ကို ဒီ Title တပ် ခေါ်လို့ ရပါတယ်။
Mr& Mrs ကတော့ လွယ်ပါတယ်။ လက်ထပ်ထားသူ စုံတွဲ တို့ ရဲ့ Title ပါ။
ဥပမာ Mr. & Mrs Smith ဆိုပါစို့  ဒီလို တွဲသုံးလိုက်ရင် သူတို့ ၂ဦးဟာ Sir Name တခုထဲကို Share တဲ့ တစ်ကိုင်းထဲနားတဲ့  ငှက်ကလေးတွေပေါ့

အိုကေ နောက်တခု
Miss က လက်မထပ်ရသေးဘူးတဲ့ အမျိုးသမီး၊ အသက် ဘယ်လောက်ကြီးကြီး ငယ်ငယ် လက်မထပ်ဘူးသေးတဲ့ အမျိုးသမီး တွေကို Miss ခေါင်းစဉ်တပ်ပါတယ်။

Ms လက်ထပ်ထားလား မထပ်ထားလား မသေချာတဲ့  အမျိုးသမီးတွေကို ခေါ်လို့ ရပါတယ်။
အမျိုးသမီးတယောက်ဆီ official စာရေးရမယ် သူ့ title ကို ကိုယ်ကမသိဘူး။ data base ထဲမှာ လဲ သူ Title မရှိဘူးဆိုရင် ။ Ms. လို့ သာ သုံးလိုက်ပါ။


By the way, ဘုရင်မကြီး နာမည် Given Name ကElizabeth Alexandra Mary ပါ။ သူမရဲ့ Sir Name ကတော့ Winsor ဖြစ်ပါတယ်။ ဒါကြောင့်သူမရဲ့  Full Name က Elizabeth Alexandra Mary Winsor ဖြစ်ပါတယ်။ သူမရဲ့  ကြင်ယာတော် မင်းသားကြီး နာမည်ကတော့ Phillip Mountbatten ပါ။

ဘုရင်မကြီးနဲ့ မင်းသားကြီးတို့ ကလေးတွေနာမည်ကြတော့ ၂ယောက်လုံးရဲ့ Sir Name ကိုသုံးပါတယ်။
Eg. ချားလ် မင်းသားရဲ့ နာမည် အပြည့်အစုံ Charles Philip Arthur George Mountbatten-Winsor မှာနောက်ဆုံးမှာ သူ့ ရဲ့ မိဘ Title ၂ခုလုံး သုံးတာတွေ့ ရပါတယ်။

Saturday, 29 May 2010

ကမ္မောဒီးယားက တောနက်ထဲမှာ ၁၆နှစ်ကြာ ပျောက်ဆုံးနေ ခဲ့တဲ့ မိန်းကလေး အကြောင်း Cambodia's 'Jungle Woman' Returns To Forest

A woman discovered living wild in the jungles of Cambodia three years ago has apparently returned to the forest.

In 1988, She was just eight years old when she disappeared from her family in North Cambodia, Now she is 28 year old lady. She could not speak her own language when her family found her in 2007. She was idenity by a scar on her back. She must have been alived within the jungle where wild animals live. Today news said she disappeared from her home.


ကမ္မောဒီးယား နိုင်ငံက တောထဲမှာပျောက်နေတဲ့ မိန်းကလေး အကြောင်းကို ၂၀၀၇ မှာ တွေ့ တဲ့ အကြောင်းကို ဖတ်ခတ်ဖူးပါသလား။ အခု အဲဒီမိန်းကလေး တောထဲကို ပြန်ဝင်သွားခဲ့ပြီလို့ ဒီကနေ့  Yahoo သတင်းထဲမှာဆိုပါတယ်။ သူမအသက် ၈နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ဗီယက်နမ် နယ်စပ်နား ကမ္မောဒီးယား နိုင်ငံမြောက်ပိုင်းမှာ ကျွဲ ကျောင်းရင် သူမရဲ့  ဝမ်းကွဲ တစ်ယောက်နဲ့ အတူပျောက်သွားခဲ့တာ ၁၆ နှစ်ကြာ ၂၀၀၇ မှာမှ သူမကိုပြန်တွေ့  တာပါ။ ဘာသာစကား နည်းနည်း လောက်သာ ပြောတတ်ပြီး အမေ၊အဖေ ၊ ဗိုက်အောင့်  တယ် စသဖြင့် လောက်သာ ပြောနိုင်ပါတယ်။တောထဲမှာ အနေကြာခဲ့  လို့  မျောက်တစ်ကောင်လို သွားလာ နေခဲ့ပုံရပါတယ်။ နေ့ ခင်းဘက်မှာ အိပ်ပြီး ညဘက်ဆိုရင် နိုးနေတတ်ပါတယ်တဲ့ ။

လူပတ်ဝန်းကျင်နဲ့ အသားကျအောင် သူမ အနေနဲ့ တော်တော်လေး ကို လေ့ကျင့်ယူခဲ့  ရမှာပါ။ သူမရဲ့  မိဘတွေ ဟာ နှစ်ပေါင်းများစွာသမီးပျောက်ကို ရှာခဲ့  ကြပါတယ်တဲ့  တွေ့  တွေ့  ချင်း သူတို့ ရဲ့ သမီးကို သူတို့ မှတ်မိပြီး အမှတ်အသားဖြစ်တဲ့ သူ မရဲ့ လက်က အမာရွတ် ကို ကြည့်  ရှု စစ်ဆေးခဲ့ရပါတယ်တဲ့။ တွေ့ ကာစက သူမအသားအရေတွေ ညို မဲ နေပြီး ဆံပင်တွေ ဟာ ဒူးဂေါင်းထိဖုံးနေပြီး ရွာသားတွေဆီက အစားအသောက်တွေကို ခိုးယူဖို့ ကြိုးစားနေတုန်း သူမကို မိသွားခဲ့တာပါ။ ရွာသားတွေကတော့ တောထဲက နေ ပြန်ဝင်လာတဲ့ မိန်းကလေး ဆီမှာ မကောင်းဆိုးဝါးတွေ ပါလာမှာကြောက်လို့  ဘုန်းကြီးပင့် တရားနာ၊ ပရိတ်ကြိုးတွေ ချည်ပေးကြပါတယ်။ မိသားစုက သူမကို ၂၄ နာရီစောင့်ကြည့်ခဲ့ရပါတယ်။

ခုတော့ ဒီမိန်းကလေးတောထဲကို ပြန်ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ သူမမကြာခဏလွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ သူမဖခင်ဖြစ်သူက သူတို့ သမီးလေး တောထဲမှာ ရှိနေမယ်လို့ ယုံကြည်ပါသတဲ့။ မနှစ်တုန်းက စိတ်ရောဂါ ကုသဖို့  ၄ရက်လောက် ဆေးရုံတင်ခဲ့ ဖူးပါတယ်တဲ့။ မနှစ်တုန်းက မှ သူမ ရဲ့ သတင်း လေးဖတ်ခဲ့ရပါတယ်။ သူမ ကျန်းမာရေး တိုးတက်ကောင်းမွန်ပြီး စကားကောင်းကောင်း စပြောနေပြီလို့ သတင်းထဲမှာ မြင်မိပါတယ်။ ခုတော့ သူလဲ ကောက်ကွေ့  မာယာများတဲ့  လူ့ လောက ကြီးထဲမှာ မကျင်လည်ချင်လို့  များ တောထဲ ကို ပြန်ထွက်သွားပြီလား ဆိုတာ ကို တွေးနေမိပါတော့တယ်။








သူမရဲ့ ဓါတ်ပုံတချို့ ကို အောက်ဖက်မှာ ချိတ်တင်ထားပါတယ်။














































































မျက်လုံးမျက်ဖန် လှပြီး မိန်းမချော လေး တစ်ယောက်ဖြစ်မယ် လို့  ထင်ပါတယ်။
ဆင်းရဲ ချို့  တဲ့  ပုံလဲ ရတယ်။ သူမ တစ်ယောက် ဘေး အန္တရာယ် ကင်းပါစေ။




The Green Mile ကားထဲက သီချင်းလေးပါ။ စိတ်မကောင်းဖြစ်တတ်ရင် readmore ကိုမဖတ်ပါနဲ့ ။


1935 တုန်းက သေဒဏ်ပေးခံရမဲ့ Prinsoner တွေ ကိုစောင့်ရတဲ့  Prinson guard, Paul အဖြစ် Tom Hunk ကပါဝင်ထားပြီး John Coffey ဆိုတဲ့  အရပ်မြင့်မြင့် လူမဲ ထောင်ကျသားကြီး ကတော့ ကလေး သူငယ်မလေး နှစ်ယောက် ကို သေစေသော လူသေမှုနဲ့ သေဒဏ်ကျခံနေရသူပါ။ အဲဒီဇာတ်လမ်းမှာ အကျဉ်းထောင် အစောင့်တွေနဲ့  ၊ excutioner လျှပ်စစ်ထိုင်ခံ Volt အားကိုင်ရသူတွေ ရဲ့ နေ့ တဓူဝ ဘဝအတွေ့ အကြုံ စိတ်ခံစားမှု အကြောင်း ၊ စာနာမှု၊ ခါးသီးတဲ့ ရက်စက်မှု များ၊ အပြင် မယုံနိုင်အောင်ဆန်းပြားတဲ့  အဖြစ်အပျက် လေးတွေအကြောင်း ကို ရိုက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီး John Coffey သေခါနီး နားဆင်ခြင်တဲ့ heaven သီချင်းလေး ဟာ ကျမခေါင်းထဲ စွဲလာလို့  ဒီဘလော့လေးမှာ ချိတ်တင်လိုက်ပါတယ်။

အမည်သညာခေါ်စရာ

ကြာသာပတေးနေ့ တုန်းက ဆရာမ နာမည် မှည့်ခေါ်ခြင်းအကြောင်းကို ကို ဆွေးနွေးခိုင်းတယ်။
ကျမတို့ အတန်းထဲမှာ အတန်းသားတွေဟာ နိုင်ငံအနှံကမို့  တစ်ယောက်စီပြောပြချက်အရ သူတို့ တွေရဲ့ နာမည်မှည့်ခေါ်ခြင်းအကြောင်းတွေကို ကြားသိရပါတယ်။

အီတာလျှံနိုင်ငံသား ကတော့ သူတို့ ဆီမှာ ယောက်ျားလေးအများစု ရဲ့ နာမည်များဟာ "O "နဲ့ အဆုံးသတ်ကြတယ်တဲ့ ဥပမာ။ Marcello, Valintino, Rinaldo, တို ဖြစ်ပြီး ။ မိန်းကလေး များဆိုရင်တော့ "A" နဲ့ အဆုံးသတ်တဲ့ နာမည်များ ပေးတတ်ကြပါတယ်။ ဥပမာ။ Belinda, Carmela, Annata, Elena, Madonna, Gemma, စသည်တို့ ဖြစ်ပါတယ်။ သူတို့  နားက ဥရောပနိုင်ငံတချို့ နာမည်ပေးပုံတွေဟာ ဆင်ဆင်တူကြပြီး လက်တင်၊ဂရိ၊ဟီးဘရူး၊ပြင်သစ်၊စပိန် တို့ ရဲ့ ယဉ်ကျေးမှု ဟာတစ်ခုနဲ့ တစ်ခု မကွဲပြားပါဘူး။ ခရစ်ယာန် ဘာသာ ထွန်းကားတဲ့  ရောမနဲ့ ဂရိဘက်ကတော့ နတ်ဘုရားတွေ ၊ နတ်ဘုရားမတွေ နာမည်ကို မှည့်ခေါ်ကြတယ်တဲ့။ သူသာ သမီးလေးတစ်ယောက်ရရင် Asia လို့ နာမည်ပေးမယ်တဲ့ ။ geographic interest က Easten countries က ဒေသတွေ ဖြစ်ပြီး ၊ အရှေ့ ပိုင်း အမျိုးသမီးတွေလို ဖြစ်စေချင်လို့ တဲ့ ။ သားမွေးရင်တော့ Morgan လို့ နာမည်ပေးမယ်ဆိုဘဲ။ ပြောတဲ့ သူက ခုမှ အသက် ၁၈ သား ဘဲရှိသေးတယ်။ အင်တာဗျူးတဲ့ ကျမက အရှေ့ ပိုင်းသူဖြစ်နေလို့  မျက်နှာ လိုက်ပြီးဖြေတာလဲ ဖြစ်နိုင်ပါတယ်။


တရုတ်တွေကျတော့ နာမည်ပေးရင် ရေးရလွယ်တဲ့ နာမည်ကိုပေးပါတယ်တဲ့ ။ ရေးရခက်ရင် ကလေးရဲ့ ဘဝ ခက်ခဲတတ်တယ်လို့ ယူဆလို့ တဲ့ ။ သူတို့ စာလုံးတွေက လဲ ဘူးသီးကြော်၊ငါးပေါင်းကြော်တွေနဲ့ တူတာကို။ ဒီစာရေးနေတုန်းမှာဘဲ Wigan မှာနေတဲ့ ကျမသူငယ်ချင်း ပြည်ကြီးသူကို လှန်းပြီး ကွမ်ရင်မယ်တော်အကြောင်းမေးမိပါတယ် (Guanyin) မယ်တော် က တကယ်တော့ ၊ မိန်းမ ကိုယ်ခံန္ဓာနဲ့ ယောင်္ကျား တမန်တော် ဖြစ်ပါတယ်တဲ့  လူတွေကိုစောင့်ရှောက်လို့  ဂျပန်မှာရော တရုတ်မှာပါ ကိုးကွယ်ကြတယ်တဲ့။ ကွမ်ရင်ပုံတွေမှာ ကြာပန်း၊ ကျူပင်၊ ခရားအိုး စတာတစ်ခုခုကိုင်ထားပါတယ်။ မြန်မာပြည်က ရုပ်မြင်သံကြား တွေမှာ တရုတ်ဇာတ်လမ်းတွေ မကြာခဏ ပြဘူးတာရော၊ သိုင်းဝတ္ထုတွေပါ အဖတ်များကြလို့  ကွမ်ရင်မယ်တော်အကြောင်းက တော့ ကျမတို့ လူမျိုးအတွက် သိပ်မစိမ်းဘူးလို့ ဆိုရမှာပါ။


ဒီနိုင်ငံက မျက်နှာဖြူတွေကတော့ နာမည်ပေးတာ ရှေးတုန်းက ခေတ်စားခဲ့တဲ့ နာမည်တွေ ကိုမပေး လို တော့ ဘူးတဲ့ သူတို့ ကလေးတွေ အဖိုးကြီးနာမည်တွေနဲ့  မကိုက်ဘူးတဲ့ဲဥပမာ Alfred, Joseph တို့  ပေါ့ တချို့ က တော့ Celebrity နာမည်တချို့ ကိုလဲ ယူပြီးပေးတတ်ကြတယ်တဲ့ ။ ဆရာမ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ကလေးတစ်ယောက်ရဲ့  middle name မှာ အင်္ဂလန်က ဘောလုံးအသင်းပေါင်းစုံရဲ့ နာမည်တွေ အစုံပါတယ်ဆိုဘဲ။ တချို့ စဉ်းစားရခက်တဲ့ ဂွတီးဂွကျနာမည်တွေ ကတော့  Jo King, Justin Case, Mary Christmas, Hazel Nutt. ဟူး။ အဓိပ္ပါယ် တွေက တော်တော်တာသွားတယ်နော်။ သူတို့ မှာ တရားဝင်လက်ထပ်ပြီးရင် နောက်က Surname ကိုပြောင်းလေ့ပြောင်းထရှိတယ်လေ။ တခါတခါ ဆရာ ဆရာမတွေက roll call ခေါ်ရင် မရီမိအောင် ပဇောင်ကိုက်ထားရတယ်ဆိုဘဲ။
ဥပမာ ။ Carrie Oakey, Bill Board, Mr and Mrs Mee,Rob's a banker, Sue's a Lawer.


အရှေ့ အလယ်ပိုင်း သူတွေ ဖြစ်တဲ့  အီရန်၊ အီရတ်၊ က ကျောင်းသူတွေကတော့ တမန်တော်မိုဟာမက် ရဲ့ သမီးတွေ နာမည်တွေဖြစ်ကြတဲ့ ။ ဖာတေမာ၊ အူကီယာ၊ ဇေနတ် စတဲ့  ရဲ့ နာမည်ပေးကြတာ များတယ်တဲ့  ဘာသာရေး က နာမည်ပေးမှု ကို လွှမ်းမိုးတာပါဘဲ။ တခြားနိုင်ငံတွေလို ပါဘဲလေ။ ကျမ တို့ အတန်းထဲက ကောင်မလေးနာမည်က "အူကီယာ" Ruqayah ပါ။ ပေါင်းတာက တမျိုးအသံထွက်တာက တမျိုး သူမှာ တော်တော် ရှင်းပြရတယ်ဆိုဘဲ။ အသံထွက်မှန်အောင်လို့ 


ကျမတို့  မြန်မာ နာမည်တွေ ကြတော့ ဘာသာရေး အသုံးအနှုံးတွေ များတယ်နော်။ ဥပမာ။ မာလာ၊ သီတာ၊ စန္ဒာ၊ ကလျာ၊ သူရ၊သီဟ၊ နန္ဒ၊ ကျော်သူ ၊ စည်သူ၊ ဗလ စတာတွေဟာ ပါလိ ဘာသာက ဆင်းသက်လာတာကို။ ဆရာမက ကျမကို နာမည်ပြောင်းခွင့်ရရင် ဘာနာမည်ပြောင်းချင်လဲ တဲ့  မထင်မှတ်တဲ့ မေးခွန်းဘဲ။ ကျမကတော့ ပန်းပွင့်နာမည်နဲ့  pen name တခုတော့ လိုချင်တယ် လို့ ပါးစပ်ထဲရှိရာပြောလိုက်မိတယ်။ Jusmin လို့ ။ စံပယ်ပန်းလေး၊ ဖြူဖြူမွှေးမွှေး တော်တော် အေး ချမ်းတဲ့ ပန်းပွင့်နာမည်ပေါ့။ ဘုရားပန်း တင်ချင်လိုက်တာ။ ဆရာမကတော့ သူလဲ ပြောင်းလို့ ရရင် ပြောင်းချင်ပေမဲ့ passport မှာရော၊ card တွေမှာပါပြောင်းရမှာမို့  သူနဲ့ ကွာထားတဲ့ ယောက်ျားရဲ့  Sir name နဲ့ ဘဲ တသက်လုံးနေသွားရတော့မယ်တဲ့ ။ အလုပ်ရှုပ် ပြီး ၊ ငွေကုန်ကြေးကျများလွန်းလို့ တဲ့။

အင်္ဂလိပ် naming system မှာ middle name ကြိုက်သလောက် သုံးလို့ ရပါတယ်။ Middle name ထားခြင်းအားဖြင့် လူတွေလိုက်တုခြင်း၊ idenity အတုလုပ်ခြင်းများကို တနည်းတဖုံကာကွယ်လို့ ရပါတယ်တဲ့ ။ ကိုယ်နာမည်ကို လူတွေ မခေါ်စေချင်ရင် middle name ကိုခေါ်ခိုင်းလို့ ရပါတယ်။
ဥပမာ Adrina Rose Blessing Isabelle Kylie Smith, Miss Adrina Smith က သူ့ ရဲ့  first name Adrina ကို မခေါ်စေချင်ရင် Rose လို့ နာမ်စားသုံးစေချင်ရင်လဲရတယ် Kylie လို့ သုံးစေချင်ရင်လဲ ရတယ် ကြားထဲ က Middle name တစ်ခုခု ကို ခေါ်ခိုင်းလို့ ရတာပေါ့လေ။

ဒီအက ကြည့်လို့ ကောင်းတယ်


Tuesday, 25 May 2010

Queen's Speech traditions
Full of tradition and pageantry, the State Opening of Parliament forms the most colourful event of the Parliamentary calendar.

Published: 8:30AM BST 25 May 2010

ဘုရင်မကြီး ဒီနေ့ ဝတ်စုံတွေ အပြည်နဲ့  အစိုးရသစ်ကို စကားပြောတယ်။ အရာင်အသွေးအစုံ၊ ဝတ်စုံအပြည်နဲ့  အော်ပရာကသလိုဘဲ။ သူ့ ဘေးမှာ ကြင်ယာတော် ကြီးလဲပါတယ်။ မင်းသားကြီးဖိလစ် ပေါ့။

Sunday, 23 May 2010

ခေါင်းစဉ်မရှိ - ၁

ဟေ့
မင်းတို့လွမ်းရင်ဘာလုပ်ကြသလဲ.
ရင်ဘတ်ကိုဖွင့် အသံကုန်လွင့်ပြီး
အလွမ်းသီချင်းတွေဆိုကြသလား။
အရက်ပြင်းတကျိုက် ဆေးလိပ်တရှိုက်နဲ့
မေ့လျော့ ခြင်းမြစ်ပြင်ထဲ
ဒိုက်ဗင်ထိုးကြသလား။
လျှပ်စီးလက် မိုးခြိမ်းတဲ့ မိုးရေထဲ
ရင်ကော့ခေါင်းမော့ပြီး
လျှောက်သွားဖူးသလား..။

တခါတရံလို့ မပြောတော့ပါဘူး..
ငါ့အတွက်ဘဝဟာ
ခါးသီးတဲ့အလွမ်းတွေကြား
အကျဉ်းချပိတ်လှောင်ခံနေရတုန်းပဲ...။

အလွမ်းတွေကိုဖောက်ထုတ်ပစ်ဖို့
သီချင်းတစ်ပုဒ် လိုအပ်မယ်..
အရက်တစ်ခွက်လိုအပ်မယ်..
ဂစ်တာတစ်လက် လိုအပ်မယ်..
ကလျာနမိတ္တတစ်ကောင် လိုအပ်မယ်..
ကလောင်တစ်ချောင်းလိုအပ်မယ်..
တရားတစ်ပုဒ်လိုအပ်မယ်.....
..................လိုအပ်မယ်..
..................လိုအပ်မယ်..
အိုး..ပြောချင်ရာပြောကြ..
သတိမေ့ဖို့လိုတယ်လို့လည်းပါတယ်.

ငါ့အတွက်တော့ သတိမမေ့ချင်ဘူး
ရင်ဘတ်ကဒဏ်ရာကိုပျောက်ချင်တယ်
တစ်နှစ်ပြီးတစ်နှစ်
တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်
၃၀ ကျော်အထိလှမ်းဖူးတဲ့ ခြေလှမ်းမိုင်တိုင်တွေမှာ
ရူးမိုက်တတ်ခဲ့ဖူးတယ်....
ဆိုးသွမ်းတတ်ခဲ့ဖူးတယ်...
အာရုံတွေမှာယစ်မူးခဲ့ဖူးတယ်..
မိုက်ရိုင်းတတ်ခဲ့ဖူးတယ်...။

သတိမေ့တတ်ရင်တော့
ထပ်ပြီးဒဏ်ရာရမှပဲ
သင်္ခန်းစာကိုမကျေညက်ရင်ဖြင့်
ထပ်ပြီးကြုံရဦးမှာပဲ..
ဆုံးရှုံးတာကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

သိမှုထက် မသိမှုကပိုများတဲ့ ဘဝမှာ
သိထားမှ....
နားလည်ထားမှ..
ခွင့်လွတ်တတ်မှ..
တော်ခါကျမှာလေ။

ငါလည်းရင်ဘတ်နဲ့ဆိုတော့ လွမ်းတတ်တာပဲ..
ငိုစရာမျက်ရည်အပြည့်ပဲ..
အလွမ်းအဆွေး
ဒေါသ မောဟ မာနတွေနဲ့
ငါကိုယ်တိုင်လည်း လျှောက်နေဆဲ..။
...

အော်..အပြင်မှာမိုးတွေသည်းနေတုန်း
ငါ့ အိမ်ထဲမှာတော့ တိတ်ဆိတ်နေတယ်။


23/05/2010
မှော်ဘီ အထက ၁
ကျောင်းရှေ့လက်ဖက်ရည်ဆိုင်
တွင် ရေးသည်။
02:30PM