Wednesday, 13 May 2009

(32) ပုဂံ သူ အဘွား အကြောင်း

သူမ နာမည် မနန်းဦး၊ အညာဒေသ မြင်းကဘာရပ်၊ ပုဂံညောင်ဦးဇာတိဖြစ်သည်။ မိခင်မှာ သူမကိုဖွားမြင် စဉ်ကွယ်လွန်သွားပြီး။ မွေးစား မိဘများနှင့်ကြီးပြင်းခဲ့သည်။ မိဘအရင်းများ၏အမည်မှာ ဦးရွှေကိုး နှင့် မယ်မျိုးစစ် တို့ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်တွင် ရန်ကုန်မြို့  ကုန်ဈေးတန်း ရှိ သူမ၏ မအေတူ ဖအေကွဲ အမကြီးဖြစ်သူ ဒေါ်ကျော့ နှင့် အတူနေထိုင်ခဲ့ သည်။ စစ်ဖြစ်စဉ် ကာလ ဖြစ်သဖြင့် အတန်းပညာ ၄တန်းအထိသာ သင်ယူနိုင်ခဲ့ သည်။ မနန်းဦး သည် ဆံပင်ရှည်၊မဟာနဖူးနှင့် အသားရောင် ညိုဝါညက်ကြောင့် မိန်းမချော တစ်ဦးဖြစ်သည်။ ကိုလိုနီ ခေတ်ကာလတွင် နယ်မှ ကျောင်း လာတက်သော BA ကျောင်းသား ကိုစောသာ နှင့် မေတ္တာရှိပြီး ယောင်နောက်ဆံထုံးပါ နယ်တွင်နေထိုင်ခဲ့ သည်။

ခင်ပွန်းသည် ကိုစောသာ သည် မနန်းဦးထက် ၈နှစ်ကြီးပြီး မနန်းဦး အပေါ် အလိုလိုက်သည်။ ကိုစောသာ သည် တက္ကသိုလ်ဘွဲ့ ရ ပညာတတ် ဖြစ်သည့် အညီ အင်္ဂလိပ် စာအရေးအသား နှင့် အပြောအဆိုကောင်းသည်။ အင်္ဂလိပ်ရုံးတွင် လက်ရေးတို စာရေးအဖြစ် အမှု ထမ်းသည်။ စကားပြောလျှင် တပြုံးပြုံးနှင့် ချစ်ခင် ခွင့်လွတ် တတ်သော ခင်ပွန်းသည် ကို ရရှိသဖြင့် မိဘမဲ့ မနန်းဦး တစ်ယောက် ဘ၀ ငြိမ်းချမ်းပြီဟု မဆိုသာ။ ဂျပန် ဝင်သောအခါ ကိုစောသာ တို့ ယောင်္ကျား တစ်စု မှာ သားမယား ကို ခွဲကာ တောထဲဝင်ပြီး ပုန်းအောင်း ကြရသည်။

တောထဲ မကြာခဏ တိမ်းရှောင် ရသော ကိုစောသာမှာ တဖြေးဖြေး ဖဲ ရိုက်တတ်လာသည်။ အညာသူ ဒေါ်နန်းဦး မှာ တခါတလေ စိတ်ဆိုးလျှင် " ကိုစောသာ၊ တော် ဖဲရိုက်ဖို့ သွားမလို့ လား၊ မွဲပါစေ၊ ပြာပါစေ၊ သပိတ်ခါ၊ အိပ်ခါ လာပါစေ" လို့  ဆို တတ်သည်။ ဒါကို ကိုစောသာ ၏ ဆွေမျိုး များကြားလျှင် လင်ကို ကျိန်တဲ့ အမျိုးဆို ပြီး ပြောတတ် ကြသည်။ ဒေါသ အလျှောက် သာပြောခဲ့ သည် ခင်ပွန်းသည် သေဆုံးပြီး မိမိ လည်း ဇယာ ထောင်း လာသောအခါ ငါ့လင်ဟာ သူတော်ကောင်းကြီး ဆို ပြီး မကြာခဏ ပြောတတ်သည်။

ခင်ပွန်းသည် ကိုစောသာ သည် အစားအသောက်ကောင်း နှစ်သက်သည်။ တနေ့ တွင် အစားအသောက်စုံပြီး သွေးတက်ကာ ဆုံးပါး ကွယ်လွန် သွားတော့သည်။ ခိုကိုးရာမဲ့  မနန်းဦး လည်း အိမ်ထောင် စီးပွားရေး ရပ်တည်ရန် အိမ်ဆိုင် ငယ်ကလေးဖွင့် ကာ စီးပွား ရှာရသည်။ သားသမီး ၅ဦး ကို ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ကျွေးမွေးသည်။ သားကြီးမှာ အသက် ၁၆နှစ်တွင် ဒေသခံ မိန်းကလေးနှင့် အိမ်ထောင်ရက်သား ကျသည်။ ဒုတိယမြောက် သမီး မအေးလူ ကို ၁၀အောင်သည့် အထိ ကျောင်းထားပြီး သူမ ခင်ပွန်းကဲ့ သို့  ရန်ကုန်သို့ တက်ခါ ပညာသင် ပေးချင်သည်။ တတိယမြောက် သားဖြစ်သူ မောင်စောထွန်းမှာ အလွန် စာတော်သည် ပညာရည်ချွန်ဆု ရကာ ဆရာဝန်ပညာ သင်ကြားရန် စောင့်နေရင် အပျင်းဖျားလေသည်။

ထိုခေတ်ကာလက ကျောက်ရောဂါမှာ ကြောက်မက်ဖွယ် အလွန်ကောင်းသည်။ သားအလတ် ကျောက်ရောဂါ ဖြင့် အပျင်းဖျားနေစဉ် ပဥသမီးထွေး မှာ ကြောက်ရောဂါ အသည်းအသန်ဖြစ်ပြီး ဆုံးသွားရှာသည်။ သားမောင်စောထွန်းမှာ နေမကောင်းလျှက်နှင့် မာမာ ညီမလေး ဘယ်မှာလဲ။ မေးသဖြင့် လွဲ လှီဖြေရရှာသည်။ မုဆိုးမ ဒေါ်နန်းဦး သည် ဆေးဝါးရှားပါးသော ခေတ်ကာလတွင် သားနှင့်သမီး တို့ ၏ဝေဒနာကို လက်ပိုက်ကြည့်ရင်းရင်ထုမနာဖြစ်ကာ မောင်စောထွန်း ဆုံးပါးပြီး နောက် စိတ်ဝေဒနာ ပြင်းစွာခံစားရရှာသည်။

အိမ်ထောင့် အမှောင်ကျသောနေရာလေးတွင် အကြာကြီးထိုင်ကာနေမိသည်။ စကားပြန်မပြောနိုင် ။ တခါကလည်း ရေတွင်းထဲသို့ ခုန်ချသဖြင့် ဦးစောသာ အမျိုးများ နှင့် အိမ်နီးပါးချင်း များ မှာ ဆယ်ယူခဲ့ ရသည်။ သမီး မအေးလူ နှင့် သားငယ် မောင်သာကျော် တို့ မှာ မိခင်ကြီးကို ကြည့်ကာ ရင်နင့်ရှာသည်။ ရန်ကုန်မှ အမကြီးဖြစ်သူ ဒေါ်ကျော့ မှဆေးဝါး ကုသ ရန်နှင့် အတူနေရန် ခေါ် သောအခါ သမီးဖြစ်သူနှင့် သင်္ဘောစီးပြီး ရန်ကုန်သို့  ထွက်ခွာခဲ့သည်။

ရန်ကုန်တွင် ဆေးဝါးကုသမှု ခံယူပြီးနောက် သမီးဖြစ်သူ အား တပ်မတော်သား တစ်ဦးနှင့် အိမ်ထောင်ချ ကာ သမီးနှင့် သမက် နေထိုင်ရာ တွင် အတူ လိုက်ပါနေထိုင်သည်။ လောကဒဏ်၏ ဖိနှိပ်မှု သည် ဒေါ်နန်းဦးအပေါ် မတရား၊ သားအကြီးဆုံး မှာ လူဝင်မှူ ကြီးကြပ်ရေး အရာရှိဖြစ်ပြီး မိခင်ကို လစဉ် ထောက်ပံရှာသည်။ သားအငယ် မောင် သာကျော်မှာ ဖခင် ခေါင်းချရာ ပြည်နယ်ရှိ သမိုင်းဝင် မြို့ ဟောင်းမှ ဘ၀တူကျောင်းဆရာမ တစ်ဦှးနှင့် အိမ်ထောင်ကျပြီး ကျောင်းအုပ်ဆရာကြီး ရာထူးရလာသောအခါ နှစ်စဉ် ၁၀တန်းဖြေလွှာပို့ တိုင်း မိခင်ထံ အလည် အပတ်လာသည်။ မိခင်အား အဝေးမှ ထောက်ပံသည်။ သမီးဖြစ်သူ ဒေါ်အေးလူ၏ သားသမီးများကို ကူညီ စောင့်ရှောက်သည်။ ဘုရားဇာတ်တော် များ၊ ၅၅၀ ဇာတ်နိပါတ်တော်များ၊ ပုံပြင်များကို မြေးငယ်၊မြေးမငယ်များ နားလည်စေရန် ည အိပ်ရာဝင်တိုင်း ရှင်းပြသည်။ ခေါင်းချသည့် အထိ သမီးဖြစ်သူ၏မိသားစုနှင့် အေးအတူပူအမျှနေသွားခဲ့ သည်။

4 comments:

  1. မှော်ဘီ ဘလောက်က နေဖိတ်ခေါ်ပါတယ်။ မှော်ဘီက အကြောင်းတွေ ရေးကြရအောင်ပါ။

    ReplyDelete
  2. မှော်ဘီက သူငယ်ချင်းတွေ စုစည်းဖို့လုပ်ထားတာပါ။

    ReplyDelete
  3. အင်းဒီလိုပါပဲ ဒို့နိုင်ငံအစိုးရက ကိုယ့်ပြည်သူကိုဘယ်လောက်ထိ တာဝန်ယူတယ်ဆိုတာ အားလုံးသိနေတာပဲလေ .... သူတို့က ကမ္ဘာကိုသာ ကျန်းမာရေးကဏ္ဍဘယ်လိုတိုးတက်ပါတယ် ဆိုပြီးပြောနေတာ သူတို့ကိုယ်တိုင်တောင် ဒီမှာ ဆေးကုခံလို့လား ... ထားလိုက်ပါ ကျနော်တို့က ဗုဒ္ဓဘာသာတွေပဲ သူတို့ ၀ဋ်တော့ လည်ဦးမှာပါ .... သနားဖို့ကောင်းတာက မြန်မာပြည်သူလူထု နိုင်ငံသားစစ်ဖြစ်ပါလျက် ပြစ်ပယ်ခံထားရတယ် အခွင့်အရေးမပေးရင်နေပါ ပစ်မထားရင်တော်ပါပြီ ပြောရအောင်ကို ပြောစရာမရှိတော့ အင်း ဒင်းတို့ အလှည့်ကျ မနွဲ့စတမ်းပေါ့လေ...... ( ဗိုလ်ရဲထက်)

    ReplyDelete
  4. ဒီလိုကောင်မျိုးတွေ၊ အမှန်တရားက အနိုင်ရတဲ့နေ့ မှာ၊ ပြေးစရာမြေမရှိဘူး။
    တိုင်းပြည်ကို စောက်တလွဲ အတွေးအခေါ်တွေသွင်းပေး ရင်း၊ ကိုယ်ကိုယ်တိုင်
    ချမ်းသာသထက်ချမ်းသာလာအောင်လုပ်နေတဲ့ ကောင်မျိုးတွေ ဒီကမ္ဘာပေါ်မှာ
    ရှိမနေသင့်ဘူး။ အခွင့်အရေး ပေါ်လာရင်၊ ဒီစောက်ပေါမျိုးတွေကို ခုထဲ က
    ရှင်းပစ်ရမဲ့ စာရင်းမှာ၊ ထိပ်ဆုံးမှာ တို့ ထားရမယ်။ ဓါတ်ပုံထဲက
    စောက်ခွက်ကိုက၊ ကျက်သရေတုံးတယ်။
    - Hide quoted text -

    ReplyDelete