Sunday, 17 May 2009

(35) မြန်မာရုပ်ရှင်များ၊ နုသော နှလုံးသား နဲ့ ခေါင်းဆောင်မှု့ အပြောင်းအလဲ

ငယ်စဉ်က ရုပ်ရှင်ကြည့်ပြီးငိုခဲ့ဖူးသည်။
“ ဒူးမထောက်လက်မမြှောက်“ ရုပ်ရှင်ကားထဲတွင် မင်းသားညို ၀င်း သေသဖြင့် ၀မ်းနည်းပြီး။ ကုတင်အောက်မှာ ပုန်းကာငို သည်။ လူကြီးတွေ လာခေါ်လဲမထွက်။
ခုလည်း ၀မ်းနည်းစရာ ရုပ်ရှင်ဇာတ်လမ်းများ ကိုကြည့်လျှင် ခံစားတတ်တုန်း

ခုခေတ် ရုပ်ရှင်ထဲကမင်းသားတွေ ကလဲ တခါလာလဲ ဂျပန်ကို တော်လှန်လိုက်၊ အင်္ဂလိပ်ကို တော်လှန်လိုက်နဲ့  ခုထိမပြီးတော့ဘူး။ ခုလိုခေတ်ဆိုး၊ စနစ်ဆိုးကို တော်လှန်တဲ့  ဇာတ်လမ်းမျိုး ရိုက်ကြပါလား။ ခုဟာက ညို ၀င်းတို့ တုန်းကလို့  လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရ။

ဟိုဆရာဝန် ကောင်လေးပြောသလို ။

သူထူးစံ၊ နေထက်လင်း၊ လူမင်း တို့ ကို အင်္ဂလိပ်နဲ့ ဂျပန်လက်အောက်က လွတ်ကောင် ကယ်တော်မူကြပါလို့ ။ ---------



ဆူနာမီ ဖြစ်တုန်းကလဲ သတင်းမှတ်တမ်းများကြည့်ရင်း ၀မ်းနည်မိသည်။

တခါကလည်း ဒီဗွီဘီ မှာ မြန်မာပြည်မှ သက်ကြီးရွယ်အိုများ လမ်းမပေါ် တွင် အလှူခံစားသောက်နေရသော ဗွီဒီယို မှတ်တမ်းကို ကြည့်ပြီး ။ ညကြီးသန်းခေါင်
အသံထွက်ငို မိသည်။

ဘုန်းကြီးတွေ ကိုအကြမ်းဖက်နှိမ်နင်းပုံး သတင်းစာဖတ်မိသဖြင့် ဘစ်စကားစီးရင်း ငိုမိသည်။

နာဂစ်မုန်တိုင်းတိုက်တော့ ပိုးစိုးပက်စက်သေကြေနေပုံတွေ ကိုမြင်သဖြင့် စိတ်မှာ အရမ်းခံစားရသည်။

ဝါးဆစ်ဗူးခေါက်ဆိုင်းတီး ကာ Hip hop ဆိုရင်း အလှူခံနေသည့်  လမ်းဘေးက ကလေးတို့ မောင်နှမ တသိုက် ၏ you tube video ကိုကြည့်တုန်းကလည်း စိတ်မှာမကောင်း

ငါတို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လို ကူညီနိုင်မလဲ၊ ဘာကြောင့်ဆင်းရဲသားတွေ၊ ခိုကိုးရာမဲ့တွေ ဒုက္ခဆင်းရဲရောက်နေတာလဲ၊

လမ်းပေါ်မှာ တောင်းရမ်းနေတဲ့  မျက်နှာမွဲ ကလေးငယ်တွေ၊ အမေအိုတွေ၊ အလုပ်လုပ်ချင်ပါရက် အလုပ်အကိုင်မရှိလို စိတ်လေနေတဲ့  လက်ဘက်ရည်ဆိုင်ထိုင် လူငယ်လေးတွေ၊ နေပူစပ်ခါးမှာ ရုန်းကန်နေကြတဲ့  ငါတို့ လူမျိုး ဆိုက်ကားသမား၊ ဈေးသည်၊ ကျောင်းသား လူငယ်တွေ၊ မဖြစ်စလောက်ပင်စင်လခလေးကို မျှော်စားနေရတဲ့  ပင်စင်စားတွေ၊ အားလုံးရဲ့ အနာဂတ်နဲ့  ပစ္စုပန်အတွက် အပြောင်းအလဲ တစ်ခု မဖြစ်မနေ လိုလာပြီ။ ခေါင်းဆောင်ကောင်းတစ်ဦး လက်တွေ့  လိုအပ်နေပြီ။

No comments:

Post a Comment