Sunday 24 May 2009

(39) ဂတုံးမ ဒေ၀ီ နှင့် ၀က်သက် ပေါက်ခြင်း

ပထမဆုံး ကျမအထက်က အမ နှင့် ညီမလေး တို့ ၂ယောက် ၀က်သက် ပေါက်သည်။ အိမ်မှာ ဖျားလျှင် မိဘဂရုစိုက်တာ အရမ်းခံရသည်။ ဖျားလျှင် တော်ရုံဂျီကျ ရုံနှင့် အဆူမခံရ။ လွတ်ငြိမ်းချမ်းသာခွင့် ရှိသည်။ သူတို့ ၂ယောက်ဖျားတော့ ကျမလဲ ဖျားချင်သည်။ ဒါမှ ပူဆာချင်တာ ပူဆာ ဂျီကျ ခွင့် ပါမစ်လဲ ရ။ သူတို့ ၂ယောက် ၀က်သက် ပျောက်တော့ အိမ်က သူတို့ ၂ ယောက်ကို ဂတုံးတုန်းပေးသည်။ စလို့ ကောင်းမှကောင်း အမေချုပ်ပေးသည့်  စပ်ထမိန် ကလေးကိုဝတ်ခါ "အောင်မလေး မချွေ ဂတုံးရယ်" ဆိုပြီး ဂတုံးပြောင် လေးတွေကို တဖြတ်ဖြတ် ရိုက်ကာ ကျီစယ် ခဲ့သည်။

သိပ်များမကြာမီ ကျမလဲ ၀က်သက် ကူးပါတော့သည်။ အဖျားကြီးလွန်းသည်။ စစ်ခြင်ထောင်စိမ်းစိမ်း ထဲမှာ အိပ်နေရင်း ခြင်ထောင်အမိုးပေါ်မှာ တိမ်တိုက်တွေ လွင့်မျော နေပုံတွေမြင်ရသည်။ ဂျီကျဖို့ ကလဲ အားကမရှိ ကျမ ၏ ဖခင်
ဝယ်တိုက်နေကျ (green soda) ကို လဲ မက်မက်စက်စက် မသောက်နိုင် ။ ခါတိုင်း (green soda) သောက်ချင်လျှင် ချွဲရသည်။ ဂျီတိုက်ရသည်။ ဖျားမှ အခွင့်ထူးခံကာ ပူဆာပြီးသောက်ရသည်။ ၀က်သက် ပေါက်တော့ အဖျားရှိန်ကြောင့် ခဏခဏ မှိန်းနေရသည်။ ထမင်းလဲမစားရ ။ ငြုပ်ကောင်း ခပ်ထားသည့်  ဆန်ပြုတ် ခပ်ပျော့ပျော့ မသောက်ချင်တော့၊ လေစိမ်းတိုက် မခံနိုင်သဖြင့် ခြင်ထောင်ထဲမှာ သာနေရသည်။ အားငယ်သည်။ အလုပ်များနေသော မိဘများ ခြင်ထောင်ကို မကာ အဖျားစမ်းမည်ကို မျှော်မိသည်။ မျက်နှာမှာ နီမြန်း မို့ အမ်းနေပြီး မိတ်ပေါက်သလို အဖုအစက်ကြမ်းများထွက်သည်။ အညှော်လဲမခံနိုင်။ အကိုယ်လုံး ညောင်းကိုက်နေသည်။

ကျမ အမနဲ့  ညီမတို့  မရွှေဂတုံး ၂ယောက် ကတော့ နာလံထပြီး စ ကစားနေကြပြီ။ ကျမ မှာသာ ခြင်ထောင်ထဲက မထွက်နိုင်သေး။ သူတို့ လို ဂတုံးမတုံးချင်။ အစခံရမှာကြောက်သည်။ အိမ်ရှေ့ အိမ်တန်းတွေမှာ နေသည့် ဒေါ်ချော ၏သား ရဲမြင့် ကိုကြောက်သည်။ ဒီကောင်ကအစကြမ်းသည်။ သူက ကလေးဗိုလ်။ ဟိုဘက်လမ်ထိပ်က မြင့်မြင့်လှိုင်မောင်လေး လဲ ရဲမြင့်လို အစအနောက်သန်သည်။ ကျောင်းနောက်ဘက်မှာ နေသည့် ဦးကျောက်ခဲ ၏သား မျက်လုံးပြူးပြူးနဲ ကောင် ရယ်၊ ငရဲမြင့်ရယ်၊ မြင့်မြင့်လှိုင်မောင်လေးရယ် ဒီကောင်တွေကို ငယ်ကြောက် သူတို့ အစခံ ရလို့ ကတော့ တော်တော် အရှက်ကွဲမည်။ ဂတုံးတုန်း ရလျှင်လဲ ဒင်းတို့ မမြင်အောင် ဦးထုတ် လှလှလေး အိမ်ကို ပူဆာရမည်။ ဦးထုတ်မတွေ့ မချင်း ဂတုံးမတုံး။ အဖေမှော်ဘီဈေးသွားလျှင် ဦးထုတ်ဝယ်ပေး အောင် အရေးဆိုသည်။ နောက်ရက်တွေ မှာ နေကောင်းတော့ ဦးထုတ်အနီရောင်လေး ဆောင်းပြီး အပြင်မှာ ထွက်ကစားသည်။ ဒေါ်ချောသား ငရဲမြင့်တို့  စသဖြင့် ငိုပြီးပြေးခဲ့ ရဖူးသည်။

''ဂတုံးမဒေ၀ီ၊ ဗုန်းကျလို့ သေပြီ။ ဂတုံးမ --င်ပြဲ ၊ စက်တင်းဂန်းနဲ့ ဆွဲ ''
ဖတ်လို့ နည်းနည်းရိုင်းသွားလျှင်သည်းခံပါ၊ ကျမငို ပြီးပြေးခဲ့ ရဖူးပါသည်။

(38) Bus Stops in Hmawbi Town

မှော်ဘီ မြို့ က ကားဂိတ်များ

(မှော်ဘီ ဂို မှော်ဘီ ဂို လိုက်မလား တယောက် ကို ၂ ကျပ်၊ ခေါင်းခန်းက နေရာရမယ်)

ကိုးဂိတ်
တင့်ကား
ရုပ်သံ
အမ်းဘတ်
ဘန့် ဘွေးကုန်း
မဆရ
အသုံးလုံး
ရှမ်းတစ်
ရဲဘော်ဈေး
စမ်းချောင်းပေါက်
မိန်းမလိုင်း
ဘုန်းကြီးကျောင်း
ဂိတ်ကြီး
ဆက်သွယ်ရေး
ဆပ်ပလိုင်း
မီးသွေးဘုတ်
ဗိုလ်သင်တန်း
လေတပ်
တိုက်ကြီးကုန်း
လေထီး
၁၆
ဘူတာ
တံတားထိပ်
မှော်ဘီဈေး
သစ်တောဂိတ်
ကားလေးဂီတ်
လျှပ်စစ်ရုံး
တာဆုံ
ရှမ်းစု
စုပေါင်းရုံး

အစီအစဉ်မကျပါ၊ မှတ်မိသမျှ ရေးချထားခြင်းဖြစ်ပါသည်။

Wednesday 20 May 2009

(37) My flat-mate's pregnancy & her weight-gain fobiea

သူမက အရင်က model မတစ်ဦးပါ။ သူမရဲ့  partner က သူမမှာ ကိုယ်ဝန် ရှိနေတယ် လို့ အသိပေးလိုက်တဲ့ နေ့ မှာ သူမကို ပက်ပက်စက်စက် ပြောပြီး စွန့် ခွာသွားပါတယ်။ ကိုယ်ဝန်စရှိပြီလို့  စသိလိုက်တဲ့ အချိန်မှာ ပထမဆုံး စီးကရက်ဖြတ်ဖို့  ကြိုးစားပါတယ်။

နေ့ စဉ် သောက်နေကျ ပမာဏ ကိုတဖြေးဖြေးလျှော့ ချပြီး။ ultrasound result မှ သားယောင်္ကျားလေး ရမယ်ဆိုတာသိသိချင်း ထိရောက်စွား စီးကရက်ဖြတ်နိုင်ဖို့  counselor ကိုဖိတ်ခေါ်ပါတယ်။ nicotin patch ကိုလက်မောင်းမှာ ကပ်ပြီး စီးကရက်ဖြတ်တာ ကိုယ်ဝန် ၅လကျော်မှာ ပြတ်သလောက် နီးပါးဖြစ်နေပါပြီ။

pregnancy hormone ကြောင့် ပြောင်းလဲလာတဲ့  ခန္ဒာကိုယ်ပုံပန်းကို မကြာခဏကြည့်ရင်း ကလေးမွေးဖွားပြီးရင် သူမရဲ့ အလုပ်အကိုင်ဖြစ်တဲ့  model အလုပ်ပြန်လုပ်လို့  မရမှာ ကို တွေးပူနေပါတယ်။ ကိုယ်အလေးချိန် တိုးမှာကို ပူပန်ပြီး အစားကို ဖြစ်ဖြစ်မြှောက်မြှောက် မစားတာကြောင့် တနေ့ မြို့ ကိုသွားရင်း သူမ bus ကားပေါ်မှာ မူးလဲပါတော့တယ်။ ဆေးရုံရဲ့ A&E မှာ သူမကို ကုသပြီး။ ဗိုက်ထဲက ကလေးရော သူမပါ အခြေအနေ ကောင်းမွန်လာတာကြောင့် ၂နာရီအတွင်း discharge လုပ်လိုက်ပါတယ်။

ခေါင်းမာတဲ့ သူမ ယနေ့ အထိ အစားကို ဖြစ်ဖြစ်မြောက်မြောက် မစားပါဘူး။ သူမအကြာက်ဆုံးက postnatal weight gain မို့ နောက်မှ နောင်တမရအောင် အခုထဲက အစားသိပ်မစားတာပါတဲ့ ရှင်။ ကျမက သူမကို " at the moment, your baby rely on what you eat, he needs to get enough supply to develop his organs, eg brain, hearts, respiratory system, digestive system. If there is no food supply, it would be really difficult to survive. If something gone wrong, you will regret for your whole life. so I would like to suggest you to eat properly (at least one proper meal a day) for the sake of your child." လို့  အစားကို နည်းနည်းနဲ့ ပုံမှန်စားဖို့  persue လုပ်ပါတယ်။

အခု တော့ သူမ အစားနည်းနည်း ပြန်စားလာပါပြီ။ အရင်တုန်းကဆို ရင် သူမဟာ တနေ့ လုံးအငတ်ခံပြီး ညဘက်ကျမှ salad ပွဲ သေးသေးလေး စားတတ်ပါတယ်။း model တစ်ယောက်ဖြစ်အောင် လူတွေဟာ အစာငတ်ခံ ရတာရင် ဘုရားဟောထားတဲ့  ပြိတ္တာတွေကို မြင်ယောင်မိပါတယ်။ "မြင်သာမြင်ရ၊ မစားရသည့် တောကပြိတ္တာ ဖြစ်မည်တည်း" ဆိုတဲ့စကားကို ပြန်မှတ်မိပါတယ်။

ကျမတော့ နည်းနည်းပိန်ချင်ပါတယ်။ ပြိတ္တာတယောက်လို လဲ မဖြစ်ချင်ပါဘူး။ နည်းနည်းပိန်ပြီး လက်မောင်းမှာ ကြွက်သားနည်းနည်း နဲ့  ဗိုက်မှာ 6 patches ကြွက်သားမြောင်း နည်းနည်း နဲ့ ခြေထောက်က အဆီတွေကို ကြွက်သားအဖြစ် ပြောင်းနိုင်ရင် တော်တော် ကောင်းမည်။ ကျမတို့ လူသားတွေမှာ လဲ ရတာမလို လိုတာမရ မဟုတ်ပါလား။ ကိုယ်မှာရှိတာနဲ့  တင်းတိမ်ရောင့်ရဲ နိုင်ဖို့  တော်တာ် ခက်ပါသည်။


နားပါဦးမည်။

(36) လူသေကောင်စား လင်းဒကြီးများသို့ 

မတရားတာများနေပြီ။
သေဘဲမသေနိုင်တော့ဘူး။
အရှေ့ အလည်ပိုင်းက အသေခံ အကြမ်းဘက်သမားတွေလို
ကိစ္စတုံးပြစ်လိုက်မှ
ဒီလင်းဒကြီး ရှောမှာ

ဒီလင်းဒကြီးရှောရင်လဲ နောက်လင်းဒကြီးတက်မှာ
မထူးပါဘူး။ မတရားတဲ့ ကောင်တွေတက်လာသမျှ
လူတွေခံစားနေရမှာဘဲ။

ရှုတ်ပါတယ်။ ဒင်းတို့ ကို
မသေမချင်း ၊ သရေးပင်းနဲ့ ပစ်သတ်ချင်တယ်။

Sunday 17 May 2009

(35) မြန်မာရုပ်ရှင်များ၊ နုသော နှလုံးသား နဲ့ ခေါင်းဆောင်မှု့ အပြောင်းအလဲ

ငယ်စဉ်က ရုပ်ရှင်ကြည့်ပြီးငိုခဲ့ဖူးသည်။
“ ဒူးမထောက်လက်မမြှောက်“ ရုပ်ရှင်ကားထဲတွင် မင်းသားညို ၀င်း သေသဖြင့် ၀မ်းနည်းပြီး။ ကုတင်အောက်မှာ ပုန်းကာငို သည်။ လူကြီးတွေ လာခေါ်လဲမထွက်။
ခုလည်း ၀မ်းနည်းစရာ ရုပ်ရှင်ဇာတ်လမ်းများ ကိုကြည့်လျှင် ခံစားတတ်တုန်း

ခုခေတ် ရုပ်ရှင်ထဲကမင်းသားတွေ ကလဲ တခါလာလဲ ဂျပန်ကို တော်လှန်လိုက်၊ အင်္ဂလိပ်ကို တော်လှန်လိုက်နဲ့  ခုထိမပြီးတော့ဘူး။ ခုလိုခေတ်ဆိုး၊ စနစ်ဆိုးကို တော်လှန်တဲ့  ဇာတ်လမ်းမျိုး ရိုက်ကြပါလား။ ခုဟာက ညို ၀င်းတို့ တုန်းကလို့  လှိုက်လှိုက်လှဲလှဲ ခံစားလို့ မရ။

ဟိုဆရာဝန် ကောင်လေးပြောသလို ။

သူထူးစံ၊ နေထက်လင်း၊ လူမင်း တို့ ကို အင်္ဂလိပ်နဲ့ ဂျပန်လက်အောက်က လွတ်ကောင် ကယ်တော်မူကြပါလို့ ။ ---------



ဆူနာမီ ဖြစ်တုန်းကလဲ သတင်းမှတ်တမ်းများကြည့်ရင်း ၀မ်းနည်မိသည်။

တခါကလည်း ဒီဗွီဘီ မှာ မြန်မာပြည်မှ သက်ကြီးရွယ်အိုများ လမ်းမပေါ် တွင် အလှူခံစားသောက်နေရသော ဗွီဒီယို မှတ်တမ်းကို ကြည့်ပြီး ။ ညကြီးသန်းခေါင်
အသံထွက်ငို မိသည်။

ဘုန်းကြီးတွေ ကိုအကြမ်းဖက်နှိမ်နင်းပုံး သတင်းစာဖတ်မိသဖြင့် ဘစ်စကားစီးရင်း ငိုမိသည်။

နာဂစ်မုန်တိုင်းတိုက်တော့ ပိုးစိုးပက်စက်သေကြေနေပုံတွေ ကိုမြင်သဖြင့် စိတ်မှာ အရမ်းခံစားရသည်။

ဝါးဆစ်ဗူးခေါက်ဆိုင်းတီး ကာ Hip hop ဆိုရင်း အလှူခံနေသည့်  လမ်းဘေးက ကလေးတို့ မောင်နှမ တသိုက် ၏ you tube video ကိုကြည့်တုန်းကလည်း စိတ်မှာမကောင်း

ငါတို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လို ကူညီနိုင်မလဲ၊ ဘာကြောင့်ဆင်းရဲသားတွေ၊ ခိုကိုးရာမဲ့တွေ ဒုက္ခဆင်းရဲရောက်နေတာလဲ၊

လမ်းပေါ်မှာ တောင်းရမ်းနေတဲ့  မျက်နှာမွဲ ကလေးငယ်တွေ၊ အမေအိုတွေ၊ အလုပ်လုပ်ချင်ပါရက် အလုပ်အကိုင်မရှိလို စိတ်လေနေတဲ့  လက်ဘက်ရည်ဆိုင်ထိုင် လူငယ်လေးတွေ၊ နေပူစပ်ခါးမှာ ရုန်းကန်နေကြတဲ့  ငါတို့ လူမျိုး ဆိုက်ကားသမား၊ ဈေးသည်၊ ကျောင်းသား လူငယ်တွေ၊ မဖြစ်စလောက်ပင်စင်လခလေးကို မျှော်စားနေရတဲ့  ပင်စင်စားတွေ၊ အားလုံးရဲ့ အနာဂတ်နဲ့  ပစ္စုပန်အတွက် အပြောင်းအလဲ တစ်ခု မဖြစ်မနေ လိုလာပြီ။ ခေါင်းဆောင်ကောင်းတစ်ဦး လက်တွေ့  လိုအပ်နေပြီ။

Saturday 16 May 2009

(34) ဘွာတေး၊ ၅ပါးသီလ

ဘုရားမရှိခိုးဘူး၊ မင်းဒိတ္ထိ၊တက္ကတွန်းဘဲ
ဘာကောင်လဲ၊ ၅ပါးသီလတောင်မသိဘူး
သင်ပုန်းကြီးမကြေခဲ့ဘူးထင်တယ်
မင်္ဂလသုတ်လား၊ မသိရင်တောမှာသွားမေး
ကလေးတွေတောင်သိတယ်။

"ဘာ!"

ပုတီးစိတ်ရမှာပျင်းသတဲ့ ။
စိတ်ပျက်သကွာ မင်းကတမှောင့်
ခေတ်ကာလသားသမီးများ ဆိုဆုံးမရခက်

"ဟိုက် !"

မီးပျက်ပြီ

"ကိုက်သဟ" - မအေဘေးခြင်
"အုန်း-ခွက်-ဗုန်း"

ဘွာတေး၊ ဘွာတေး၊ ငါးပါးသီလ

*********-------**********------------***********

(33) Baptized in Blood

To The Enemy I Say
You Will Surely Die
Wherever In The World You Go
Death Is Waiting For You
Chased By The Knights Of Death
Who Paints The Street With Red


မတရားသူများသို့  -

Wednesday 13 May 2009

(32) ပုဂံ သူ အဘွား အကြောင်း

သူမ နာမည် မနန်းဦး၊ အညာဒေသ မြင်းကဘာရပ်၊ ပုဂံညောင်ဦးဇာတိဖြစ်သည်။ မိခင်မှာ သူမကိုဖွားမြင် စဉ်ကွယ်လွန်သွားပြီး။ မွေးစား မိဘများနှင့်ကြီးပြင်းခဲ့သည်။ မိဘအရင်းများ၏အမည်မှာ ဦးရွှေကိုး နှင့် မယ်မျိုးစစ် တို့ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်တွင် ရန်ကုန်မြို့  ကုန်ဈေးတန်း ရှိ သူမ၏ မအေတူ ဖအေကွဲ အမကြီးဖြစ်သူ ဒေါ်ကျော့ နှင့် အတူနေထိုင်ခဲ့ သည်။ စစ်ဖြစ်စဉ် ကာလ ဖြစ်သဖြင့် အတန်းပညာ ၄တန်းအထိသာ သင်ယူနိုင်ခဲ့ သည်။ မနန်းဦး သည် ဆံပင်ရှည်၊မဟာနဖူးနှင့် အသားရောင် ညိုဝါညက်ကြောင့် မိန်းမချော တစ်ဦးဖြစ်သည်။ ကိုလိုနီ ခေတ်ကာလတွင် နယ်မှ ကျောင်း လာတက်သော BA ကျောင်းသား ကိုစောသာ နှင့် မေတ္တာရှိပြီး ယောင်နောက်ဆံထုံးပါ နယ်တွင်နေထိုင်ခဲ့ သည်။

ခင်ပွန်းသည် ကိုစောသာ သည် မနန်းဦးထက် ၈နှစ်ကြီးပြီး မနန်းဦး အပေါ် အလိုလိုက်သည်။ ကိုစောသာ သည် တက္ကသိုလ်ဘွဲ့ ရ ပညာတတ် ဖြစ်သည့် အညီ အင်္ဂလိပ် စာအရေးအသား နှင့် အပြောအဆိုကောင်းသည်။ အင်္ဂလိပ်ရုံးတွင် လက်ရေးတို စာရေးအဖြစ် အမှု ထမ်းသည်။ စကားပြောလျှင် တပြုံးပြုံးနှင့် ချစ်ခင် ခွင့်လွတ် တတ်သော ခင်ပွန်းသည် ကို ရရှိသဖြင့် မိဘမဲ့ မနန်းဦး တစ်ယောက် ဘ၀ ငြိမ်းချမ်းပြီဟု မဆိုသာ။ ဂျပန် ဝင်သောအခါ ကိုစောသာ တို့ ယောင်္ကျား တစ်စု မှာ သားမယား ကို ခွဲကာ တောထဲဝင်ပြီး ပုန်းအောင်း ကြရသည်။

တောထဲ မကြာခဏ တိမ်းရှောင် ရသော ကိုစောသာမှာ တဖြေးဖြေး ဖဲ ရိုက်တတ်လာသည်။ အညာသူ ဒေါ်နန်းဦး မှာ တခါတလေ စိတ်ဆိုးလျှင် " ကိုစောသာ၊ တော် ဖဲရိုက်ဖို့ သွားမလို့ လား၊ မွဲပါစေ၊ ပြာပါစေ၊ သပိတ်ခါ၊ အိပ်ခါ လာပါစေ" လို့  ဆို တတ်သည်။ ဒါကို ကိုစောသာ ၏ ဆွေမျိုး များကြားလျှင် လင်ကို ကျိန်တဲ့ အမျိုးဆို ပြီး ပြောတတ် ကြသည်။ ဒေါသ အလျှောက် သာပြောခဲ့ သည် ခင်ပွန်းသည် သေဆုံးပြီး မိမိ လည်း ဇယာ ထောင်း လာသောအခါ ငါ့လင်ဟာ သူတော်ကောင်းကြီး ဆို ပြီး မကြာခဏ ပြောတတ်သည်။

ခင်ပွန်းသည် ကိုစောသာ သည် အစားအသောက်ကောင်း နှစ်သက်သည်။ တနေ့ တွင် အစားအသောက်စုံပြီး သွေးတက်ကာ ဆုံးပါး ကွယ်လွန် သွားတော့သည်။ ခိုကိုးရာမဲ့  မနန်းဦး လည်း အိမ်ထောင် စီးပွားရေး ရပ်တည်ရန် အိမ်ဆိုင် ငယ်ကလေးဖွင့် ကာ စီးပွား ရှာရသည်။ သားသမီး ၅ဦး ကို ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင် ကျွေးမွေးသည်။ သားကြီးမှာ အသက် ၁၆နှစ်တွင် ဒေသခံ မိန်းကလေးနှင့် အိမ်ထောင်ရက်သား ကျသည်။ ဒုတိယမြောက် သမီး မအေးလူ ကို ၁၀အောင်သည့် အထိ ကျောင်းထားပြီး သူမ ခင်ပွန်းကဲ့ သို့  ရန်ကုန်သို့ တက်ခါ ပညာသင် ပေးချင်သည်။ တတိယမြောက် သားဖြစ်သူ မောင်စောထွန်းမှာ အလွန် စာတော်သည် ပညာရည်ချွန်ဆု ရကာ ဆရာဝန်ပညာ သင်ကြားရန် စောင့်နေရင် အပျင်းဖျားလေသည်။

ထိုခေတ်ကာလက ကျောက်ရောဂါမှာ ကြောက်မက်ဖွယ် အလွန်ကောင်းသည်။ သားအလတ် ကျောက်ရောဂါ ဖြင့် အပျင်းဖျားနေစဉ် ပဥသမီးထွေး မှာ ကြောက်ရောဂါ အသည်းအသန်ဖြစ်ပြီး ဆုံးသွားရှာသည်။ သားမောင်စောထွန်းမှာ နေမကောင်းလျှက်နှင့် မာမာ ညီမလေး ဘယ်မှာလဲ။ မေးသဖြင့် လွဲ လှီဖြေရရှာသည်။ မုဆိုးမ ဒေါ်နန်းဦး သည် ဆေးဝါးရှားပါးသော ခေတ်ကာလတွင် သားနှင့်သမီး တို့ ၏ဝေဒနာကို လက်ပိုက်ကြည့်ရင်းရင်ထုမနာဖြစ်ကာ မောင်စောထွန်း ဆုံးပါးပြီး နောက် စိတ်ဝေဒနာ ပြင်းစွာခံစားရရှာသည်။

အိမ်ထောင့် အမှောင်ကျသောနေရာလေးတွင် အကြာကြီးထိုင်ကာနေမိသည်။ စကားပြန်မပြောနိုင် ။ တခါကလည်း ရေတွင်းထဲသို့ ခုန်ချသဖြင့် ဦးစောသာ အမျိုးများ နှင့် အိမ်နီးပါးချင်း များ မှာ ဆယ်ယူခဲ့ ရသည်။ သမီး မအေးလူ နှင့် သားငယ် မောင်သာကျော် တို့ မှာ မိခင်ကြီးကို ကြည့်ကာ ရင်နင့်ရှာသည်။ ရန်ကုန်မှ အမကြီးဖြစ်သူ ဒေါ်ကျော့ မှဆေးဝါး ကုသ ရန်နှင့် အတူနေရန် ခေါ် သောအခါ သမီးဖြစ်သူနှင့် သင်္ဘောစီးပြီး ရန်ကုန်သို့  ထွက်ခွာခဲ့သည်။

ရန်ကုန်တွင် ဆေးဝါးကုသမှု ခံယူပြီးနောက် သမီးဖြစ်သူ အား တပ်မတော်သား တစ်ဦးနှင့် အိမ်ထောင်ချ ကာ သမီးနှင့် သမက် နေထိုင်ရာ တွင် အတူ လိုက်ပါနေထိုင်သည်။ လောကဒဏ်၏ ဖိနှိပ်မှု သည် ဒေါ်နန်းဦးအပေါ် မတရား၊ သားအကြီးဆုံး မှာ လူဝင်မှူ ကြီးကြပ်ရေး အရာရှိဖြစ်ပြီး မိခင်ကို လစဉ် ထောက်ပံရှာသည်။ သားအငယ် မောင် သာကျော်မှာ ဖခင် ခေါင်းချရာ ပြည်နယ်ရှိ သမိုင်းဝင် မြို့ ဟောင်းမှ ဘ၀တူကျောင်းဆရာမ တစ်ဦှးနှင့် အိမ်ထောင်ကျပြီး ကျောင်းအုပ်ဆရာကြီး ရာထူးရလာသောအခါ နှစ်စဉ် ၁၀တန်းဖြေလွှာပို့ တိုင်း မိခင်ထံ အလည် အပတ်လာသည်။ မိခင်အား အဝေးမှ ထောက်ပံသည်။ သမီးဖြစ်သူ ဒေါ်အေးလူ၏ သားသမီးများကို ကူညီ စောင့်ရှောက်သည်။ ဘုရားဇာတ်တော် များ၊ ၅၅၀ ဇာတ်နိပါတ်တော်များ၊ ပုံပြင်များကို မြေးငယ်၊မြေးမငယ်များ နားလည်စေရန် ည အိပ်ရာဝင်တိုင်း ရှင်းပြသည်။ ခေါင်းချသည့် အထိ သမီးဖြစ်သူ၏မိသားစုနှင့် အေးအတူပူအမျှနေသွားခဲ့ သည်။

Sunday 10 May 2009

(31) Ain't No Sunshine When She's Gone - By: Barry White

Ain't no sunshine when she's gone,
it's not warm when she's away.
Ain't no sunshine when she's gone,
and she's always gone too long
anytime she goes away.
Wonder, this time where she's gone,
wonder if she's gonna stay
Ain't no sunshine when she's gone,
and this house just ain't no home,
anytime she goes away.

And i know,i know, i know, i know, i know
i know,i know, i know, i know, i know
i know,i know, i know, i know, i know
i know,i know, i know, i know, i know
i know, hey i ought to leave the young thing alone,

But ain't no sunshine when she's gone,
only darkness everyday.
Ain't no sunshine when she's gone,
and this house just ain't no home,
anytime she goes away.

Anytime she goes away, anytime she goes away
Anytime she goes away......

Monday 4 May 2009

(30) The Slave's Dream --- ငွေဝယ်ကျွန့်  အိပ်မက်

The Slave’s Dream : by Henry Wadsworth Longfellow

Beside the un gathered rice he lay,
His sickle in his hand;
His breast was bare, his matted hair
Was buried in the sand.
Again, in the mist and shadow of sleep,
He saw his Native Land.

Wide through the landscape of his dreams
The lordly Niger flowed;
Beneath the palm-trees on the plain
Once more a king he strode;
And heard the tinkling caravans
Descend the mountain-road.

He saw once more his dark-eyed queen
Among her children stand;
They clasped his neck, they kissed his cheeks,
They held him by the hand!—
A tear burst from the sleeper's lids
And fell into the sand.

And then at furious speed he rode
Along the Niger's bank;
His bridle-reins were golden chains,
And, with a martial clank,
At each leap he could feel his scabbard of steel
Smiting his stallion's flank.

Before him, like a blood-red flag,
The bright flamingoes flew;
From morn till night he followed their flight,
O'er plains where the tamarind grew,
Till he saw the roofs of Caffre huts,
And the ocean rose to view.

At night he heard the lion roar,
And the hyena scream,
And the river-horse, as he crushed the reeds
Beside some hidden stream;
And it passed, like a glorious roll of drums,
Through the triumph of his dream.

The forests, with their myriad tongues,
Shouted of liberty;
And the Blast of the Desert cried aloud,
With a voice so wild and free,
That he started in his sleep and smiled
At their tempestuous glee.

He did not feel the driver's whip,
Nor the burning heat of day;
For Death had illumined the Land of Sleep,
And his lifeless body lay
A worn-out fetter, that the soul
Had broken and thrown away!

(29) ကျိုင်းတောင်း နှင့် ငှက်ဖျား

ကျိုင်းတောင်း နှင့် ငှက်ဖျား

1990 စစ်တပ်မှအာဏာသိမ်းပြီးသည့်နောက်ပိုင်း ၁၀တန်းအောင်ပြီးခါစ လူငယ်များမှာ တက္ကသိုလ်ဖွင့်ရန် စောင့်ဆိုင်းရင်း အလုပ်လက်မဲ့  ပြသနာကို ရင်ဆိုင်ရသည်။ ကျောင်းဖွင့်ရန် မျှော်လင့်ချက် ရေးရေးမှ မမြင် ။ အထက်တန်း ကျောင်းများတော့ ပုံမှန်ဖွင့်သည်။ ၁၉၉၂ မတိုင်မီ ၁၀တန်းအောင်ပြီး သူများ အလုပ်အကိုင် ရရှိရန် အပူတပြင်း ရှာဖွေကြသည်။

သူ့ သူငယ်ချင်းတစ်ယောက် အဆက်အသွယ်ဖြင့် ဝေးလံခေါင်ဖျားသော ရှမ်းပြည်နယ် တောင်ပိုင်း တွင်အလုပ်ရသည်။ လစာငွေ ၇၅၀ကျပ် အပြင် ရွာလူထုမှ ထောက်ပံသော ဆန်ရသဖြင့် အခြေအနေမဆိုး ဟုတွေးကာ အဝေးပြေးကားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းသို့ ခရီးထွက်ခဲ့သည်။ အဝေးပြေးကားများမှာ ထိုင်စရာခုံ ရသော်လည်း ခြေထောက်ချစရာမရှိ ကုန်ထုတ်များ က နေရာယူထားသည်။ လမ်းခရီးက အလွန်ကြမ်းသည်။ ပျဉ်းမနားတွင် တညအိပ်ရသည်။

တောင်ကြီး အရောက်တွင် တာဝန်ကျရာ မြို့  သို့ သွားသော ကားလက်မှတ်စုံစမ်းရသည်။ တောင်ကြီးတွင် တည်းခိုခန်း ငှားကာ တညတာ တည်းရသည်။ အစစ အရာရာချိုးခြံ ရသော အချိန် သူဘာမျှအပုံမသုံး မှတ်မှတ်ရရ တောင်ကြီးက တည်းခိုခန်းတွင် ကုတင်ပေါ်က ပြုတ်ချခဲ့ ဖူးသည်။ မြန်မာစကားတစ်ခု သာတပ်သော သူအတွက် တောင်ကြီးသည် လည်း နိုင်ငံရပ်ခြားတစ်ခုလို ခံစားရသည်။

အိမ်ကသယ်ယူလာသော အနွေးထည် များက တောင်ကြီး ၏ အအေးဒါဏ် ကိုမကာကွယ်နိုင်။ သူ့  ခြေဖုနောင့် မှာအက်ကွဲကြောင်းများဖြင့် နွေအခါ ရေမရသည့်  လယ်ကွက်များနှင့် ဆင်ဆင်တူသည်။ ခြေလှမ်းတလှမ်း ဖိလှမ်းလိုက်တိုင်း သွေးများစီးကျ တော့မည့်အလား နာကျင်သည်။ ဘုရားအလောင်း ဇာတ်တော်ထဲက အဇာတသက်၏ ဖခင် အရှင်ဗိန္မသာရ မင်းကြီး ခံစားရတာကို မဆီမဆိုင် သတိရမိသည်။ ဓါတ်မီးတိုင်အောက်မှာ လှော်ရောင်းသော နေကြာစေ့စားချင်လွန်း၍ စုတ်ပြတ်နေသည့် ၅ကျပ်တန်ကိုကိုင်ကာ ၀ယ်စားခဲ့ဖူးသည်။

တောင်ကြီးမှ မိုးနဲ သို့ ခရီးစဉ်မှာ တနေကုန်သည်။ မိုင်းပွန်တွင် ခဏနားသော အခါ ထမင်းဆိုင်တွင် ထမင်းစားသည်။ လမ်းခရီးမှာ ဖုန်ထူလွန်းသဖြင့် သွားနေက ခရီးသည်များ မှာ ပုဝါ၊သဘက်များ ထုတ်၍ ပေါင်းကြသည်။ သူ့ မျက်နှာတပြင်လုံးဖုံများဖြင့်ဖွေးလျှက် သူ့ မျက်ခုံးမွေး များမှာလည်း ဖုံအတိ။ မိုးနဲ့ မြို့  နယ်အရောက်တွင် တည်းစရာ အငှားအိမ် အမြန်ရှာရသည်။ နောက် မြို့နယ်ပညာရေမှူး ရုံးသို့  ချီတက်ရသည်။ အဲဒီတုန်းက လာဘ်ပေးလာဘ်ယူ ခေတ်စားနေပြီ။ သူမှာ ပိုက်ဆံမရှိ၍ မြို့  နယ်ပညာရေးမှူး အားလာဘ်မထိုးနိုင်။ အလုပ်အတွက် ဆက်သွယ်ပေးသော သူငယ်ချင်းကို အားနာပေမဲ့  သူ့ မှာ ငွေလုံးဝမရှိ ထို့ ကြောင့်ထုံးစံအတိုင်း လာဘ်မထိုးနိုင်သူ မျက်နှာမွဲ ဆရာ၊ ဆရာမ လောင်းများ ကျိုင်းတောင်း သွားရတော့သည်။

ကျိုင်းတောင်း ဆိုတာ double black area လို့ သူငယ်ချင်း ပြောဘူးသည်။ လှည်းပေါ်မှာ ၀န်စည်စလွယ်များတင် ပြီးလူက လမ်းလျှောက်ရသည်။ သူတို့ ကျောင်းဆရာ၊ ဆရာမလောင်းများ အပြင် လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ များလည်း ပါသည်။ ကျိုင်းတောင်း ဒေသမှ လူများကို မှတ်ပုံတင် လုပ်ပေးရန်ဖြစ်သည်။ အမှတ် ၂၄၈ စစ်တပ်မှ မယက ဥက္ကဌ ဗိုလ်ကြီးနှင့် ၄င်း၏တပ်စိတ်က ရှေ့ မှ လုံခြုံရေးလိုက်သည်။ ၂ညအိပ် ၃ရက်တိတိ လမ်းလျှောက်ပြီးနောက် သူတို့ အဖွဲ့ ကျိုင်းတောင်း ဒေသ သည်။ တထောက်နားတိုင်း ထမင်းချက်စု ချက်စားကြသည်။ ညဘက်အိပ်လျှင်လည်း လှည်းအောက်တွင် အိပ်ရသည်။ ငှက်ဖျားကို ကြောက်သည် ဧရာမ တောခြင်ကြီးများ က ရက်ရက်စက်စက် ကိုက်သည်။ ၂၄၈ တပ်စိပ် အပြန်လမ်းတွင် ချုံခို တိုက်ခိုက်ခံရသည်။ စစ်တပ်ဘက်မှ အကျအဆုံးရှိသည် ဟုကြားရသည်။

ကျိုင်းတောင်းမှာ စာသင်ရတာပျော်သည်။ ကျောင်းသူ၊ကျောင်းသား အများစုမှာ မြန်မာစကားမတတ်။ သင်္ချာနှင့် အင်္ဂလိပ်စာ မှာ သင်ရလွယ်ကူသော်လည်း၊ မြန်မာ စာသင်ရတာ တော်တော်ခက်သည်။ သူသင် သည် အတန်းမှာ ပထမတန်းဖြစ်သည်။ ကျောင်းမသွားမီ အိမ်ရှင်အဖွား ဆီမှာ ရှမ်းစကားနည်းနည်းသင် သွားရသည်။ အိမ်ရှင်အဖွားကလည်း မြန်မာစကားနားမလည်။ အင်္ဂလိပ်လို လူခန္ဒာကိုယ် အစိတ်အပိုင်း များကို သင်ရာတွင် မြန်မာလို ရှမ်းလို နှင့် အင်္ဂလိပ်လို ခေါ်သောအသံထွက် အပြင် ဘယ်လို စာလုံးပေါင်းကြောင်း တစ်ခုချင်းတင်ရသည်။ များသောအားဖြင့် body language ဖြင့် eye, nose, arm, mouth ဒါက အခက်အခဲမရှိ knee ဒူးခေါင်းကို သင်တော့ ကလေးတွေတအားရီ ကြသည်။ သူလဲ ထိုနေ့  ကတော်တော်ပျော်သည်။

သူ့ လခက တော်တော်နည်းသဖြင့် အသား၊ငါး တပတ်တခါသာချက်ဖြစ်သည်။ ဈေးနေ့ ရောက်လျှင် အများဆုံးဝယ်ဖြစ်တာက ပဲလိပ်ပြာ၊ နှင့် အမဲသား၊ တခါတလေ မှန်ကူသီး အချဉ်သုတ်၊ နှမ်းဖတ်ချဉ်၊ ကောက်ညှင်း ပေါင်းနှင့် ဘူးသီးကြော် တို့ ဝယ်စားဖြစ်သည်။ ဘုံရေချိုးသည့်  နေရာမှာ ရေချိုးရသည်။ အရပ်သားတွေ ယိုးဒယားဖြစ်ဆပ်ပြာ မွှေးမွှေး သုံးနေချိန်တွင် သူမှာအိမ်က ထည့်ပေးလိုက်သည့်  ကာဘော်လစ်ဆပ်ပြာလေးနှင့် ရေချိုး၊ ရွှေဝါးဆပ်ပြာနှင့် အ၀တ်လျှော် ရသည်။ အရပ်သားတွေ ဆင်ကြယ်တံဆိပ်ဖိနပ်ဖြူသန့် သန့် လေးတွေစီးနေချိန် သူမှာ ဖိနပ်စုတ်နှင့် ။ တက္ကသိုလ် ကျောင်းတွေအမြန်ဖွင့်လျှင် ဒီအလုပ်မှထွက်ကာ ကျောင်းတက်မည်။ အိမ်ပြန်လျှင်ငွေနည်းနည်းစုပြီး အိမ်ကို ပေးမည်။ သူ့ စိတ်ထဲမှာ နွေရာသီ ကြို ရောင်း ရမည့် လခငွေ လေးများကို နေ့ တိုင်း တွက်နေမိသည်။

သူတို့ နှင့် အတူတူလာသော ယောမြို့ နယ်နှင့် ဆောမြို့ နယ်မှ ဆရာ၊ဆရာမ များ ငှက်ဖျားစဖြစ်ကုန်ပြီး သူတို့ မန်ကျီးသီးစိမ်းထောင်းစားကြသဖြင့် ဖျားသည်တဲ့ ။ သူထင်တာက သူလို့ ဘဲ အဟာရ ပြည့်ဝစွာမစား နိုင်သဖြင့် ဖျားတာဖြစ်မည်။ သူ မဖျားချင်၊ ဖျားမှာကို အရမ်းကြောက်သည်။ ငှက်ဖျားဖြစ်လို့  အိမ်မပြန်နိုင်မှာ အရမ်းကြောက်သည်။

တနေ့ ညနေဘက်ကြီး သူချမ်းပြီးတုန်တက်သည်။ သူ့ ကိုယ်သူ ငှက်ဖျားလို့ လက်မခံ နိုင်သေး။ ရေနွေးကြမ်းပူပူတည်သောက်သည်။ မရ တအားချမ်းပြီး အသားတွေ တဆတ်ဆတ်တုန်ကာ ဗိုက်ထဲက အရမ်းချမ်းလာသည်။ အတူနေ ဆရာ၊ဆရာမများက ကျမ္မာရေးမှူး ပင့်ကာ ငှက်ဖျားဆေးစတိုက်သည်။ ခါးလိုက်တာမှ အူထဲက အန်ထွက်ချင်သည်။ နောက်ပိုင်းမကြာခဏ ဆိုသလို သူဖျားသည်။ သူစိတ်တွေ မမှန်ချင်တော့ ။ အိပ်ရာထဲ ခိုးခိုးငိုမိတာကလဲ ခဏ ခဏ။ စောင်ခြုံကြီးနှင့် ကျောင်းကိုသွားပြီး စာသေချာမသင်နိုင် နေစာလှုံက အချမ်းဒဏ်ကို ကုစားရသည်။ အိမ်တွင်ရှိသောစောင်များမှာလည်းမနွေး။ ထိုစဉ်က သူ့ အသက် က ၁၉နှစ် မပြည့်သေး သူ့ ကို လုပ်ဖေါ်ကိုင်ဖက်များ အားလုံးက သနားကြသည်။


နောက်ဆုံး သတိမရတချက် ရတချက် ဖြစ်လာသောအခါ ကျောင်းအုပ်ဆရာကြီး နှင့် နယ်ခံ ဆရာ၊ဆရာမ များ အစီအစဉ်ဖြင့် သူမိုးနဲ မြို့  သို့ သွားရန် ပေါင်းမိုး လှည်း စီစဉ်ပေးသည်။ လှည်းပေါ်မှာ သူနှင့် လှည်းမောင်းသမား ရှမ်းအဖိုးကြီးသာရှိသည်။ ၃ညအိပ်ခရီးကို ၂ညနဲ့ ဒုန်းဆိုင်းမောင်းသည်။ သူ့ မှာ သတိမရတချက် ရတချက်။ သတိဝင်သောအချိန်တွင် သူခဏခဏ ရေရွတ်မိသည်က “ငါမသေဘူး။ ငါ့  အိမ်ကိုမရောက်မချင်း၊ ငါမသေဘူး။ သေစရာရှိရင် အိမ်သားတွေဆီမှာဘဲ သေမယ်။“ မိမိကိုယ်ကို အားပေးသည်။ မိုးနဲ မြို့ ပေါ်ရောက်တော့ ဆေးရုံရှိရာ တောင်ကုန်းပေါ် သူမတက်နိုင် ။ လူဆွဲသည့် ပစ္စည်းသည် လှည်းပေါ်မှာ သူ့ ကိုတင်ကာ ဆေးရုံတက်ခဲ့ ရသည်။ သူမသေခဲ့ ။ သို့ သော် သူဘ၀ ငှက်ဖျားဒဏ်ကြောင့်မလှတော့ ။ သူ့ မျက်လုံးများမှာ အရောင်မပီပြင်တော့ ။ သူ့ အသားအရေ မှာ ၀ါညစ်ညစ်ဖြင့် ။ သူစိတ်က အိမ်ကိုသာရောက်နေသည်။ ၁၀တန်းတုန်းက သင်ခဲ့ ရသည့်  the slave dream ကဗျာ ကိုမကြာခဏရွတ်နေမိသည်။ သူငယ်ချင်းများက နွေရာသီ ကြို တင်လခ ရောင်းရန် စပ်ပေးသည်။ မတန်တဆဈေးဖြင့် ရောင်းပြီး ကားလတ်မှတ်ဖြတ်ကာ အိမ်ပြန်ခဲ့သည်။ လမ်းခရီးတွင် ကားဆောင့်သဖြင့် သူ့ ဖင်ညှောင်ရိုးမှ မီးပွင့်မလားထင်ရသည်။ ငှက်ဖျားက ရှင်းရှင်းမပျောက်သေး။ သို့ သော် သူ အိမ်အရာက်ပြန်ခဲ့သည်။ အိမ်ကိုရောက်တော့ နွေရာသီ လခငွေများကို အိမ်သားများအား အပ်ရင်း အသက်နှင့်ရင်းပြီး ရခဲ့သော သူငွေများကို ကြည့်ခါ အရမ်းဝမ်းနည်း မိသည်။ တက္ကသိုလ်တွေမြန်မြန်ပြန်ဖွင့်ပါစေ။ ခေတ်ဆိုး စနစ်ဆိုးကြီးမှ အမြန်လွတ်မြောက်ပါစေလို့  အခါခါဆုတောင်းမိသည်။

ဆက်ရေးပါဦးမည်။

Sunday 3 May 2009

(28) WFP-MGD ရခိုင်ပြည်နယ်မြောက်ပိုင်း

၁၉၉၆ ခုနှစ် အောက်တိုဘာလ

ရန်ကုန်ရုံးချုပ်မှအစီအစဉ်ဖြင့် ၊ မင်္ဂလာဒုံလေယာဉ်ကွင်းမှ ခရီးထွက်ဖို့ ပြင်ဆင်အပြီး၊ မှော်ဘီမှ အိမ်သားများကို နှုတ်ဆက်ကာစိတ်မပူရန် အထပ်ထပ်မှာ ခဲ့သည်။ ပထမဆုံးအိမ်ကို ခွဲခွာခြင်းမဟုတ်တော့ အရမ်းစိတ်မလှုပ်ရှားမိ၊ မနက်စောစော ရန်ကုန်မှ လေယာဉ်ဖြင့် စစ်တွေ၊ စစ်တွေတွင် တညအိပ်ပြီး နောက်တနေ့ သဘောင်္ဖြင့် ဘူးသီးတောင် သို့ သွားသည်။

သင်္ဘောမှာ ရသေ့တောင်မြို့  အလွန် မြစ်အတွင်းတွင် သောင်နေသဖြင့် နေ၀င်မှ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်သည်။ မောင်တောရုံး မှ တာဝန်ခံ မြန်မာလူမျိုးဦးလေးနှင့် ဘယ်လဂျီယမ်နိုင်ငံသား၊ ဘူးသီတောင်ရုံးတာဝန်ခံ ပြင်သစ်နိုင်ငံသား တို့ ကျမတို့  အုပ်စုကို လာရောက်ကြိုဆိုကြသည်။ မှတ်မှတ်ရရ လသာသာနှင့် language များကို သင်္ဘောမှ ခနော်နီခနော်နဲ့ တံတားဖြင့် ကမ်းပေါ် ရောက်အောင်တက်ရသည်။

ညစာကို ဘူးသီးတောင်ရုံး အနောက်ဘက်လမ်းမှ ထမင်းဆိုင်တွင် သွားရောက် စားသောက်ခဲ့သည်။ ထမင်းဆိုင်မှာ အိမ်ဆိုင်ဖြစ်ပြီး အတို့ အမြှုပ်စုံလှသည်။ အရိပ်ကောင်းသောအိမ်ဝိုင်းအတွင်း အောက်ထပ်တွင် ထမင်းခုံတန်းများ ချထားပြီး လက်ဆေးရန်အတွက် အိမ်အပြင် သရက်ပင်အောက်မှ ကျောက်စည်တွင် သွားဆေးရသည်၊ အတူတူလာသော ဆယ်မြောင်းအင်ဂျင်နီယာ ၃ဦးနှင့် တိုက်ကြီးမှ အဒေါ်ကြီး တစ်ယောက် စုစုပေါင်း ၅ယောက်စလုံး အောင်တံခွန် တည်းခိုခန်းတွင် တည်းကြသည်။

ရေနံဆီမီးခွက်များ အောက်လင်းဓါတ်မီး များ သာထွန်းထားသော ဘူးသီးတောင်မြို့ ကို ကြည့်ကာ အနည်းငယ် ကြောက်မိသည်။ ယခင်က မီးမရှိသောမြို့ မှာ မနေဘူးသောကြောင့် ၄င်း၊ ပထမဆုံး အမှောင်ထု ကို ၀န်စီစလွယ်ဖြင့် လာခဲ့ရသောကြောင့် ၄င်း၊ ခရီးပန်းသောကြောင့် ၄င်း၊ ညဘက် တည်းခိုးခန်းထဲမှာ ကြိတ်ငိုမိသည်။ ညဘက်အိပ်မပျော် ဘင်္ဂလီဘာသာ စကားပြောသူတို့  တည်းခိုပုံရသည်။ တညလုံးစကားပြောသံများ နှင့် တံခါးပိတ်သံ အနှောင့်အယှက် များကြောင့် မိုးစင်စင်သာ လင်းသွားသည်။

နောက်တနေ့ မနက်စောစောပိုင်းတွင် တာဝန်ကျရာ မောင်တောမြို့ သို့ ရုံးကားဖြင့်လာရောက်ကြိုဆိုသည်။ ဘူးသီးတောင်၊ မောင်တော လမ်းမှာ အလွန်ကြမ်းသည်။ ဥမင်လှိုင်ခေါင်း ၂ခုကို ဖြတ်ရသည်။လှိုင်ခေါင်း အရှည် နှင့် လှိုင်ခေါင်းအတို တို့ သည် တောင်ပတ်လမ်း အတိုင်းဖေါက်ထားပြီး တောင်၏တဘက်အခြမ်းတွင် ချောက်ကမ်းပါးများရှိသည်။ တောဆင်ရိုင်းများ ကြက်စားရာ နေရာဖြစ်သည် ဟု ယာဉ်မောင်းသူက ပြောသည်။

နာရီဝက်ကျော်ကျော် ကားစီးပြီးနောက်တွင် ၃မိုင်စခန်း၊ နစက (နယ်စပ်ဒေသကွပ်ကဲရေး check point) ကိုဖြတ်ကာ မောင်တောရုံးသို့ ရောက်ရှိခဲ့သည်။

Operation ဒေသ၏ မှတ်မိသမျှ village tract လေးများ၏အမည်မှာ အလယ်သံကျော် ၊ ကျောက်ပန်းဒု၊ ရွှေဇား ၊ မောင်နီရွာ ၊ ကညင်တန်း ၊ ကာလီဇာဘန်းကာ ၊ ကညင်ချောင်း ၊ ရွှေဇားဂုံးနား ၊ တောင်ပြို ၊ ဗန္ဒုလ ၊ ငခူရ ၊ ကျိန်ချောင်း ၊ ဘဂုံးနား ၊ ဒါးပိန်စာရ ၊ ဂေါ်ဒူသာရ ၊ ပဒင်း ၊
ရေချမ်းပြင် ၊ ဒါးကြီးစား၊ နာမည်များမှာ အတော်လှသည်။

ပင်လယ်နှင့် နီးသော ရွာမှာတွင် ရေငံပုဇွန် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အလယ်သံကျော် ကမ်းခြေမှာ ကျော်ကြားပြီး၊ အလယ်သံကျော်ကျေးရွာတွင် အရည်သောက် အုန်းသီးပေါသည်။ ငပိ ၊ ငါးခြောက် လုပ်ငန်းဖြင့် အသက်မွေးသူ များလည်း ရှိသည်။

နောက်မှ ဆက်ရေးပါဦးမည်။