Sunday 16 December 2012

Doomy Gloomy Weather and Mid live Crisis

by : ရိုးရိုး

Winter is here; the darkness, some sharp frozes, snow fall and minus temperature all are telling you. That is the weather. The weather in here in the United Kingdoms. Like everyone , I have been trying to land my next job without any success. In fact, I am seriously considering about my age. Getting old is no fun at all. As you all know that there are too many things which older people can not able to cope it or handle it . In fact, I do not have enough time to sit in front of computer to brouse vacancy advertisements. Talking myself to every possible solutions that I can think of. I actually seriously considering to quit and not work for a while. However financial situation will not allowed to do so. My wife who works in the State is ready to accept me. I am sure she would never even crossed her mind. However I can not just dish my two sons, 3 step children and their education here. . I think both my employer and myself are running out of patience of the situation. Too many responsibilites I can not to bear as the old days. Well do you think my story is mid life crisis of a family. I will call this boring life. As Mr Benjamin said, we are stuck. Yeah, we all are

Sunday 6 May 2012

''My pain may be the reason for somebody's laugh, but my laugh must never be the reason for somebody's pain.'' by: Charlie Chaplin စာမရေး ဖြစ်တာ အတော်လေးကို ကြာခဲ့ ပါပြီ။ စိတ်ထဲမှာ ရေးစရာ လေးတွေ တစ်ချက် တစ်ချက် ပေါ်လာပေမဲ့ ။ ရှားရှား ပါးပါးရတဲ့ နားရက်အချိန်မှာ အဝတ်လျှော်၊ အစားချက် ၊ ကျန်းမာရေး အတွက် လမ်းနည်းနည်းလျှောက် ဒါတွေ နဲ့  လပေါင်းများစွာ ရှုပ်နေလို့  ဘလော့ဂ် ကို လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။ ဘလော့ဂ် ကိုဖွင့်ကြည့်မိတိုင်း guilty ဖြစ်မိပါတယ်။ ဘာ့ကြောင့် ဖုံမခါမိသလဲ။ ဘာ့ကြောင့် ဒီတိုင်းပြစ်ထား ခဲ့သလဲ ဆိုတာ တွေ ကတော့ reason အမျိုးမျိုး နှင့်ပါ။ အပေါ်က ချာလီချက်ပလင် ပြောတဲ့ စာသားလေး တစ်ခုအကြောင်းလို တိုက်ဆိုင်စွာ ပြောချင်လို့ ပါ။ ငါရဲ့ နာကျင်မှုများ ဟာ တခြားသူတွေ အတွက် ဟာသ ဖြစ်နိုင်ပေမဲ့ ။ ငါရဲ့  ရယ်မောခြင်းဟာ သူများတွေ ရဲ့ နာကျင်မှု ဘယ်တော့မှ မဖြစ်စေရဘူးတဲ့။ ချာလီချက်ပလင် ဟာ သူတော်ကောင်း စိတ်ထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူဟာ လူတွေကို ငပေါကြီးတစ်ယောက်လို ဘောင်းဘီပွပွကြီးဝတ်။ နှတ်ခမ်းမွှေး ကားကားကြီးတပ် ခြေခွင်ခွင်နဲ့ လမ်းလျှောက်ပြီး ဟာသနဲ့ တင်ဆက်တယ်။ လူတွေ ရီကြတယ်။ တပါးသူ တစ်ယောက်ကို အပြုံးတစ်ခု ပွင့်လာဖို့ ဆိုတာ လွယ်တဲ့ မဟုတ်ဘူးနော်။ မွန်းကြပ်နေတဲ့  အချိန်ရှားပျါးနေတဲ့ ခုလို ခေတ်ကာလကြီးမှ လူတစ်ယောက်ကို ဟက်ဟက်ပက်ပက် ရီ နိုင်အောင်လုပ်ဖို့ ဆိုတာ ပါရမီ ရှိမှဖြစ်မယ်။ လောဘဒေါသတွေ နဲ့ လောင်မြိုက်ကျင်လည်နေတဲ့  ဘဝကြီးမှ လအကြီးကြီးသာတဲ့ နေ့  ၊ နေလုံးကြီးတဖြေးဖြေးဝင်သွားတဲ့  ညနေတို့ ကို မရှုစားဖြစ်ခဲ့ ကြာလှပေါ့။ လပြည့်နေ့ တောင် ဥပုဒ်သီလ စောင့်ရမယ်ဆိုတာ ခေါင်းထဲ မထားနိုင်တဲ့ ဒီဘဝကြီးကို စိတ်ရှုတ်မိနေပြီ။ ဘဝကို ညည်းငွေ့  လာ တယ်ဆိုတာ အခုကြုံနေရပါပြီ။ မနက်စောစော ထ၊ ဘူတာရုံပြေး၊ ရထားစီး၊ မြေအောက်ရထားစီး၊ အလုပ်ရောက်၊ သတင်းစာဖတ်၊ သတင်းစာနံရံမှာကတ်၊ ပိုက်ဆံရေတွက်၊ နောက်လူလာ နေရာချ၊ပိုက်ဆံခွဲပေး၊ ဖုန်းဆက်၊ လက်ဘက်ရည်ဖျော်၊ ဘရိတ်တိုင်းဇယားချ၊ နောက်တစ်ပါတ် အချိန်ဇယားဆွဲ။ ပိုက်ဆံနည်းရင် ဘဏ်ကိုပြေး၊တခြား ဌာနတွေကနေချေး၊ ည အလုပ်သိမ်းချိန်ရောက် ပိုက်ဆံရေ၊ သော့ခတ်၊ဘူတာရုံပြေး၊မြေအောက်ရထားစီး၊မြေပေါ်ရထားစီး၊ အိမ်ရောက်ညစာစား၊တန်းအိပ်၊ မနက်ထ ဘူတာရုံပြေး ဒါဘဲနော် ။ ရထားပေါ်မှာ ဖဲချပ်ဆော့ ၊ ဒါမှမဟုတ် မျက်စေ့ပိတ်ပြီး သီချင်းနားထောင်။ ကိုယ်ဘေးနားမှာ ဘယ်သူတွေ တက်လာသလ။ ဆင်းသွားသလဲမသိ၊ တခါတခါ အိပ်ပျော်ပြီး ဘူတာကြော်စီး ။ ကိုင်းဘဝ ဘာများထူးဆန်းသလဲ။ တခါတခါ ဘုရားတစ်ခုခုဘေးမှာ ငြိမ်ငြိမ်လေးထ်ုင်ပြီး ရှုပ်ထွေးနေတဲ့ စိတ်ကို ရှုမှတ်ချင်လာတယ်။ ဘာသာတရားလုပ်ချင်လာတယ်။ မနေ့ က ကဆုန်လပြည့်နေ့  လပြည့်တယ်ဆိုတာ ကိုတောင် သတိမထားနိုင်တဲ့ ဘုရားစူး ဗုဒ္ဓဘာသာ စစ်စစ်ပါ။

Wednesday 15 February 2012

Ginger Boy

မနှစ် က နွေရာသီမှာ သူတို့  Gypsy ၂ ကောင် အိမ်နောက် မီးဖိုချောင် တံခါးမှာ အစာလာ စားကြတယ်။



အပေါ်က Ginger guy ကတော့ နည်းနည်းဝ ပြီး အောက်ပုံက မောင်ကျားနဲ့  မတည့်ဘူး။ သူတို့ ၂ကောင်လုံး လေလွင့် ကြောင် တွေဖြစ်လို့ လူတွေနဲ့ သိပ်မယဉ်ကြဘူး ။ ဒီလိုနဲ့  ...........

နည်းနည်း ပိန်တဲ့ မောင်ကျားဟာ အိမ်ထဲကို ဝင်ခွင့်ထွက် ခွင့်ပါမစ်အပြင် အိမ်ထဲက ဖိနပ်ချွတ်တဲ့ နေရာနဲ့  မနီးမဝေးမှာ အိပ်စရာနေရာလေးတစ်ခု ရလာတယ်။

ကြောင်ရည်နည်းနည်း ပိုလည်တဲ့ မောင်ကျားဟာ အိမ်ခံကြောင် ၂ကောင်နဲ့ တည့်တော့ သူလာတိုင်း အိမ်တံခါးဖွင့်ပေး အစာကြွေး အိပ်စရာနေရာပေး အပြင်ထွက်ချင်ရင်ပေးထွက် နဲ့  သူ့ အတွက် အလုပ်တစ်ခု ရလာခဲ့တယ်။ သို့ သော် အရိုင်းတို့ ထုံးစံအတိုင်း တစ်ခါတစ်လေ လူကို ကုတ်ချင်တယ်။ လန့် ရင် self defence လိုမျိုးပေါ့။ သို့ သော် တစ်နေ့ မှာ ပျောက်ချင်းမလှပျောက်သွားပါတယ်။

နည်းနည်းပိုစွာတဲ့  မိုက်တီး Ginger boy ဟာ တစ်နေ့ တော့ အစာစားပြီး မပြန်တော့ ဘူး။ အိမ်နောက်နားမှာ ရစ်သီရစ်သီနဲ့  မီးဖိုတံခါးဖွင့်တိုင်းတွေ့  နေရတယ်။ နည်းနည်းရိုင်းတော့ အိမ်ထဲ မဝင်ပါဘူး။ အစာစားနေတုန်းတောင် သူ့ နောက်ကျောကို သပ်ရင် ပြန်ပြီး ခွီးဆိုလုပ်ချင်တယ်။ အိမ်က လူတွေက သူနေစရာ အိမ်လေးတစ်ခု ဆောက်ပေးလိုက်တယ်။ အိမ်နောက် တံစက်မိတ်လှေကားနားမှာ မပြန်တော့ဘူး။ အဲဒီမှာနေတယ်။

ရန်စွာကောင် ဟာ တစ်ဖြေးဖြေး အစားတောင်းတတ်လာတယ်။ မီးဖိုထဲမှာ ထမင်းစားရင် ခြေထောက် ကိုလာလာပွတ်တယ်။ Iceland ကချက်ပြီးသား ကြက်သားထုတ်လေးကို နွေးကျွေးရင် သိပ်ကြိုက်တယ်။ ဒါနတစ်ခု ပြုတာမျိုးဖြစ်လို့  သူကြိုက်တတ်တာလေး မပြတ်အောင် ဝယ်ထားဖြစ်တယ်။


ည အလုပ်က အပြန်ထမင်းနွေးရင် ဒီကောင့်အတွက် ကြက်သားတုံးလေးတွေ လဲ သီးသန့် နွေးဖြစ်တယ်။ လူအစာစားရင် သူလဲစားချင်တယ်။ ကြည့်ရတာ အနီးနားက ဘီယာဆိုင်တွေမှာ အမြည်း တောင်းစားနေကြ ကောင် ဖြစ်မယ်။

ဒီလိုန့ဲ သူမပြန်တော့ဘူး။ ဒါပေမဲ့  အပြင်ခနခနထွက်ပြီး လမ်းရှာတယ်။ အိမ်ပြန်လာရင် တစ်ခါတစ်ခါ လှေခါးထပ်ကနေ ထွက်ကြိုတတ်တယ်။ အိမ်မှာ ရှိတဲ့  အိမ်ကြောင် ၂ကောင် ကို ကိုင်ရင် မနာလိုတတ် သိသိ သာသာ ရှောင်ဖယ် ရှောင်ဖယ် စောင်းငန်း စောင်းငန်း လုပ်တတ် လာတယ်။



တရုတ်နှစ်ကူး မတိုင်ခင်မှာ Taddy Bear အကြီးကြီးတစ်ကောင် အလုပ်ကနေ လက်ဆောင်ရထာ တယ် မြေအောက်ရထား တဆင့် နဲ့ မြေပေါ်ရထား ပါစီးပြီး သယ် ရတာ ရှက်ပေမဲ့ ဒီကောင်များ ကြိုက်မလား လို့  သူများတွေ ပြုံးစိစိ လုပ်တာ ကို မျက်နှာလွှဲပြီး သယ်လာခဲ့တယ်။ ဒါပေမဲ့  ဒီကောင်ကြိုက်ပုံမပေါ်ဘူး။ မနေ့ ကတော့ အရုပ်ကို နည်းနည်းယဉ်သွားလို့ ထင်တယ်။ တစ်ရှုံရှုံ နမ်းကြည့်တယ်။ အိမ်က ကောင်တွေနဲ့  တော့ သူက ခပ်တန်းတန်းနေတယ် ။ ကိုယ့် အထာနဲ့ ကိုယ် ပေါ့။

အိမ်ခံ မဟုတ်ပေမဲ့  နောက်မှ ပေါက်တဲ့  Ginger boy ကို အိမ်ကလူတွေ က ခင်ကြတယ်။ သူ့ ဧရိယာ ကျော်လာရင်တော့ လက်ခံမှာ မဟုတ်ဘူးနော်။ အခုဆိုရင် ကျောကုန်း ကိုင်ရင် မေးစေ့ပွတ်ရင် လက်ခံတယ်။ အခု တော်တော်ယဉ်ကျေးလာပြီး ချစ်စရာကောင်းလာတယ်။

Tuesday 7 February 2012

Somebody that I used to know

ယူကျူ့ မှာမြင်ခဲ့တဲ့ ဗွီဒီယိုလေးပါ။



အပေါ်က ဗွီဒီယိုကတော့ မူရင်းအဆိုတော်ရဲ့  Art creation ပါ ပြီး အခု အောက် က ဗွီဒီယိုကတော့ လူငါးယောက် က ဂီတာ တလက်တည်းကို တီးခတ်ထားတာဖြစ်ပါတယ်။ ဗွီဒီယို ၂ခုလုံးကိုယှဉ် ကြည့်လိုက်တော့ ၂ လုံးကောင်းနေလို့  ၂ခု လုံးတင်လိုက်ပါတယ်။

စာဖတ်သူတို့  လဲကြိုက်ကြမယ်လို့  ထင်ပါတယ်။


စာသားလေးတွေ ကတွေက တော့ ဒီလိုပါ။


Now and then I think of when we were together
Like when you said you felt so happy you could die
I told myself that you were right for me
But felt so lonely in your company
But that was love and it's an ache I still remember

You can get addicted to a certain kinda sadness
Like resignation to the end, always the end
So when we found that we could not make sense
Well you said that we would still be friends
But I'll admit that I was glad it was over
But you didn't have to cut me off
Make out like it never happened and that we were nothing
I don't even need your love, but you treat me like a stranger
And that feels so rough

No, you didn't have to stoop so low
Have your friends collect your records
And then change your number
Guess that I don't need that though
Now you're just somebody that I used to know
Now you're just somebody that I used to know
Now you're just somebody that I used to know
Now and then I think of all the times you screwed me over
But had me believin it was always something that I'd don’t
But I don't wanna live that way
Reading into every word you say
You said that you could let it go
And I wouldn't catch you hung up on somebody that you used to know-oh-oh
But you didn't have cut me off
Make out like it never happened and that we were nothing (oh)
I don't even need your love, but you treat me like a stranger and that feels so rough
(oh)
No, you didn't have to stoop so low
Have your friends collect you records
And then change your number (oh)
Guess that I don't need that thoughNow you're just somebody that I used to know
Somebody that I used to knowSomebody (now your just somebody that I used to know)
That I used to knowSomebody that I used to knowSomebody (somebody)that I used to know
I used to knowThat I used to knowI used to knowSomebody

Friday 13 January 2012

မင်္ဂလာရှိသော ဒီနေ့ 

ဒီနေ့ ဟာ မင်္ဂလာရှိသော နေ့ တစ်နေ့  ဖြစ်ပါတယ်။
နေရောင်ခြည်တွေ ဟာ နွေးနေပြီး။
အချုပ်အနှောင်ခံနေရတဲ့  ငှက်ကလေးတွေ ဟာ သူတို့ ကျင်လည်ကျက်စားရာ မိုးကောင်းကင်ပေါ် ကို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်တဲ့  နေ့ လဲဖြစ်ပါတယ်။
အနာဂတ်ရောင်ခြည် လင်းလက်လာတဲ့  နေ့ ဖြစ်ပြီး လူတိုင်းရဲ့ ရင်ထဲမှာ လွတ်လပ်ခြင်း၊ မျှော်လင့်ခြင်း၊ တွေ အပြည့်နဲ့  အနာဂါတ်ကို ရင်ဆိုင်ဖို့  ခွန်အားတွေ ပြည့်လာတဲ့  နေ့ တစ်နေ့ ဖြစ်ပါတယ်။
ရွှေ မြန်မာပြည် ရေ မင်္ဂလာပါ။