Saturday 29 May 2010

ကမ္မောဒီးယားက တောနက်ထဲမှာ ၁၆နှစ်ကြာ ပျောက်ဆုံးနေ ခဲ့တဲ့ မိန်းကလေး အကြောင်း Cambodia's 'Jungle Woman' Returns To Forest

A woman discovered living wild in the jungles of Cambodia three years ago has apparently returned to the forest.

In 1988, She was just eight years old when she disappeared from her family in North Cambodia, Now she is 28 year old lady. She could not speak her own language when her family found her in 2007. She was idenity by a scar on her back. She must have been alived within the jungle where wild animals live. Today news said she disappeared from her home.


ကမ္မောဒီးယား နိုင်ငံက တောထဲမှာပျောက်နေတဲ့ မိန်းကလေး အကြောင်းကို ၂၀၀၇ မှာ တွေ့ တဲ့ အကြောင်းကို ဖတ်ခတ်ဖူးပါသလား။ အခု အဲဒီမိန်းကလေး တောထဲကို ပြန်ဝင်သွားခဲ့ပြီလို့ ဒီကနေ့  Yahoo သတင်းထဲမှာဆိုပါတယ်။ သူမအသက် ၈နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ဗီယက်နမ် နယ်စပ်နား ကမ္မောဒီးယား နိုင်ငံမြောက်ပိုင်းမှာ ကျွဲ ကျောင်းရင် သူမရဲ့  ဝမ်းကွဲ တစ်ယောက်နဲ့ အတူပျောက်သွားခဲ့တာ ၁၆ နှစ်ကြာ ၂၀၀၇ မှာမှ သူမကိုပြန်တွေ့  တာပါ။ ဘာသာစကား နည်းနည်း လောက်သာ ပြောတတ်ပြီး အမေ၊အဖေ ၊ ဗိုက်အောင့်  တယ် စသဖြင့် လောက်သာ ပြောနိုင်ပါတယ်။တောထဲမှာ အနေကြာခဲ့  လို့  မျောက်တစ်ကောင်လို သွားလာ နေခဲ့ပုံရပါတယ်။ နေ့ ခင်းဘက်မှာ အိပ်ပြီး ညဘက်ဆိုရင် နိုးနေတတ်ပါတယ်တဲ့ ။

လူပတ်ဝန်းကျင်နဲ့ အသားကျအောင် သူမ အနေနဲ့ တော်တော်လေး ကို လေ့ကျင့်ယူခဲ့  ရမှာပါ။ သူမရဲ့  မိဘတွေ ဟာ နှစ်ပေါင်းများစွာသမီးပျောက်ကို ရှာခဲ့  ကြပါတယ်တဲ့  တွေ့  တွေ့  ချင်း သူတို့ ရဲ့ သမီးကို သူတို့ မှတ်မိပြီး အမှတ်အသားဖြစ်တဲ့ သူ မရဲ့ လက်က အမာရွတ် ကို ကြည့်  ရှု စစ်ဆေးခဲ့ရပါတယ်တဲ့။ တွေ့ ကာစက သူမအသားအရေတွေ ညို မဲ နေပြီး ဆံပင်တွေ ဟာ ဒူးဂေါင်းထိဖုံးနေပြီး ရွာသားတွေဆီက အစားအသောက်တွေကို ခိုးယူဖို့ ကြိုးစားနေတုန်း သူမကို မိသွားခဲ့တာပါ။ ရွာသားတွေကတော့ တောထဲက နေ ပြန်ဝင်လာတဲ့ မိန်းကလေး ဆီမှာ မကောင်းဆိုးဝါးတွေ ပါလာမှာကြောက်လို့  ဘုန်းကြီးပင့် တရားနာ၊ ပရိတ်ကြိုးတွေ ချည်ပေးကြပါတယ်။ မိသားစုက သူမကို ၂၄ နာရီစောင့်ကြည့်ခဲ့ရပါတယ်။

ခုတော့ ဒီမိန်းကလေးတောထဲကို ပြန်ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ သူမမကြာခဏလွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ သူမဖခင်ဖြစ်သူက သူတို့ သမီးလေး တောထဲမှာ ရှိနေမယ်လို့ ယုံကြည်ပါသတဲ့။ မနှစ်တုန်းက စိတ်ရောဂါ ကုသဖို့  ၄ရက်လောက် ဆေးရုံတင်ခဲ့ ဖူးပါတယ်တဲ့။ မနှစ်တုန်းက မှ သူမ ရဲ့ သတင်း လေးဖတ်ခဲ့ရပါတယ်။ သူမ ကျန်းမာရေး တိုးတက်ကောင်းမွန်ပြီး စကားကောင်းကောင်း စပြောနေပြီလို့ သတင်းထဲမှာ မြင်မိပါတယ်။ ခုတော့ သူလဲ ကောက်ကွေ့  မာယာများတဲ့  လူ့ လောက ကြီးထဲမှာ မကျင်လည်ချင်လို့  များ တောထဲ ကို ပြန်ထွက်သွားပြီလား ဆိုတာ ကို တွေးနေမိပါတော့တယ်။








သူမရဲ့ ဓါတ်ပုံတချို့ ကို အောက်ဖက်မှာ ချိတ်တင်ထားပါတယ်။














































































မျက်လုံးမျက်ဖန် လှပြီး မိန်းမချော လေး တစ်ယောက်ဖြစ်မယ် လို့  ထင်ပါတယ်။
ဆင်းရဲ ချို့  တဲ့  ပုံလဲ ရတယ်။ သူမ တစ်ယောက် ဘေး အန္တရာယ် ကင်းပါစေ။




The Green Mile ကားထဲက သီချင်းလေးပါ။ စိတ်မကောင်းဖြစ်တတ်ရင် readmore ကိုမဖတ်ပါနဲ့ ။


1935 တုန်းက သေဒဏ်ပေးခံရမဲ့ Prinsoner တွေ ကိုစောင့်ရတဲ့  Prinson guard, Paul အဖြစ် Tom Hunk ကပါဝင်ထားပြီး John Coffey ဆိုတဲ့  အရပ်မြင့်မြင့် လူမဲ ထောင်ကျသားကြီး ကတော့ ကလေး သူငယ်မလေး နှစ်ယောက် ကို သေစေသော လူသေမှုနဲ့ သေဒဏ်ကျခံနေရသူပါ။ အဲဒီဇာတ်လမ်းမှာ အကျဉ်းထောင် အစောင့်တွေနဲ့  ၊ excutioner လျှပ်စစ်ထိုင်ခံ Volt အားကိုင်ရသူတွေ ရဲ့ နေ့ တဓူဝ ဘဝအတွေ့ အကြုံ စိတ်ခံစားမှု အကြောင်း ၊ စာနာမှု၊ ခါးသီးတဲ့ ရက်စက်မှု များ၊ အပြင် မယုံနိုင်အောင်ဆန်းပြားတဲ့  အဖြစ်အပျက် လေးတွေအကြောင်း ကို ရိုက်ထားတာပါ။ ဒီဇာတ်ကားကို ကြည့်ပြီး John Coffey သေခါနီး နားဆင်ခြင်တဲ့ heaven သီချင်းလေး ဟာ ကျမခေါင်းထဲ စွဲလာလို့  ဒီဘလော့လေးမှာ ချိတ်တင်လိုက်ပါတယ်။

အမည်သညာခေါ်စရာ

ကြာသာပတေးနေ့ တုန်းက ဆရာမ နာမည် မှည့်ခေါ်ခြင်းအကြောင်းကို ကို ဆွေးနွေးခိုင်းတယ်။
ကျမတို့ အတန်းထဲမှာ အတန်းသားတွေဟာ နိုင်ငံအနှံကမို့  တစ်ယောက်စီပြောပြချက်အရ သူတို့ တွေရဲ့ နာမည်မှည့်ခေါ်ခြင်းအကြောင်းတွေကို ကြားသိရပါတယ်။

အီတာလျှံနိုင်ငံသား ကတော့ သူတို့ ဆီမှာ ယောက်ျားလေးအများစု ရဲ့ နာမည်များဟာ "O "နဲ့ အဆုံးသတ်ကြတယ်တဲ့ ဥပမာ။ Marcello, Valintino, Rinaldo, တို ဖြစ်ပြီး ။ မိန်းကလေး များဆိုရင်တော့ "A" နဲ့ အဆုံးသတ်တဲ့ နာမည်များ ပေးတတ်ကြပါတယ်။ ဥပမာ။ Belinda, Carmela, Annata, Elena, Madonna, Gemma, စသည်တို့ ဖြစ်ပါတယ်။ သူတို့  နားက ဥရောပနိုင်ငံတချို့ နာမည်ပေးပုံတွေဟာ ဆင်ဆင်တူကြပြီး လက်တင်၊ဂရိ၊ဟီးဘရူး၊ပြင်သစ်၊စပိန် တို့ ရဲ့ ယဉ်ကျေးမှု ဟာတစ်ခုနဲ့ တစ်ခု မကွဲပြားပါဘူး။ ခရစ်ယာန် ဘာသာ ထွန်းကားတဲ့  ရောမနဲ့ ဂရိဘက်ကတော့ နတ်ဘုရားတွေ ၊ နတ်ဘုရားမတွေ နာမည်ကို မှည့်ခေါ်ကြတယ်တဲ့။ သူသာ သမီးလေးတစ်ယောက်ရရင် Asia လို့ နာမည်ပေးမယ်တဲ့ ။ geographic interest က Easten countries က ဒေသတွေ ဖြစ်ပြီး ၊ အရှေ့ ပိုင်း အမျိုးသမီးတွေလို ဖြစ်စေချင်လို့ တဲ့ ။ သားမွေးရင်တော့ Morgan လို့ နာမည်ပေးမယ်ဆိုဘဲ။ ပြောတဲ့ သူက ခုမှ အသက် ၁၈ သား ဘဲရှိသေးတယ်။ အင်တာဗျူးတဲ့ ကျမက အရှေ့ ပိုင်းသူဖြစ်နေလို့  မျက်နှာ လိုက်ပြီးဖြေတာလဲ ဖြစ်နိုင်ပါတယ်။


တရုတ်တွေကျတော့ နာမည်ပေးရင် ရေးရလွယ်တဲ့ နာမည်ကိုပေးပါတယ်တဲ့ ။ ရေးရခက်ရင် ကလေးရဲ့ ဘဝ ခက်ခဲတတ်တယ်လို့ ယူဆလို့ တဲ့ ။ သူတို့ စာလုံးတွေက လဲ ဘူးသီးကြော်၊ငါးပေါင်းကြော်တွေနဲ့ တူတာကို။ ဒီစာရေးနေတုန်းမှာဘဲ Wigan မှာနေတဲ့ ကျမသူငယ်ချင်း ပြည်ကြီးသူကို လှန်းပြီး ကွမ်ရင်မယ်တော်အကြောင်းမေးမိပါတယ် (Guanyin) မယ်တော် က တကယ်တော့ ၊ မိန်းမ ကိုယ်ခံန္ဓာနဲ့ ယောင်္ကျား တမန်တော် ဖြစ်ပါတယ်တဲ့  လူတွေကိုစောင့်ရှောက်လို့  ဂျပန်မှာရော တရုတ်မှာပါ ကိုးကွယ်ကြတယ်တဲ့။ ကွမ်ရင်ပုံတွေမှာ ကြာပန်း၊ ကျူပင်၊ ခရားအိုး စတာတစ်ခုခုကိုင်ထားပါတယ်။ မြန်မာပြည်က ရုပ်မြင်သံကြား တွေမှာ တရုတ်ဇာတ်လမ်းတွေ မကြာခဏ ပြဘူးတာရော၊ သိုင်းဝတ္ထုတွေပါ အဖတ်များကြလို့  ကွမ်ရင်မယ်တော်အကြောင်းက တော့ ကျမတို့ လူမျိုးအတွက် သိပ်မစိမ်းဘူးလို့ ဆိုရမှာပါ။


ဒီနိုင်ငံက မျက်နှာဖြူတွေကတော့ နာမည်ပေးတာ ရှေးတုန်းက ခေတ်စားခဲ့တဲ့ နာမည်တွေ ကိုမပေး လို တော့ ဘူးတဲ့ သူတို့ ကလေးတွေ အဖိုးကြီးနာမည်တွေနဲ့  မကိုက်ဘူးတဲ့ဲဥပမာ Alfred, Joseph တို့  ပေါ့ တချို့ က တော့ Celebrity နာမည်တချို့ ကိုလဲ ယူပြီးပေးတတ်ကြတယ်တဲ့ ။ ဆရာမ ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ကလေးတစ်ယောက်ရဲ့  middle name မှာ အင်္ဂလန်က ဘောလုံးအသင်းပေါင်းစုံရဲ့ နာမည်တွေ အစုံပါတယ်ဆိုဘဲ။ တချို့ စဉ်းစားရခက်တဲ့ ဂွတီးဂွကျနာမည်တွေ ကတော့  Jo King, Justin Case, Mary Christmas, Hazel Nutt. ဟူး။ အဓိပ္ပါယ် တွေက တော်တော်တာသွားတယ်နော်။ သူတို့ မှာ တရားဝင်လက်ထပ်ပြီးရင် နောက်က Surname ကိုပြောင်းလေ့ပြောင်းထရှိတယ်လေ။ တခါတခါ ဆရာ ဆရာမတွေက roll call ခေါ်ရင် မရီမိအောင် ပဇောင်ကိုက်ထားရတယ်ဆိုဘဲ။
ဥပမာ ။ Carrie Oakey, Bill Board, Mr and Mrs Mee,Rob's a banker, Sue's a Lawer.


အရှေ့ အလယ်ပိုင်း သူတွေ ဖြစ်တဲ့  အီရန်၊ အီရတ်၊ က ကျောင်းသူတွေကတော့ တမန်တော်မိုဟာမက် ရဲ့ သမီးတွေ နာမည်တွေဖြစ်ကြတဲ့ ။ ဖာတေမာ၊ အူကီယာ၊ ဇေနတ် စတဲ့  ရဲ့ နာမည်ပေးကြတာ များတယ်တဲ့  ဘာသာရေး က နာမည်ပေးမှု ကို လွှမ်းမိုးတာပါဘဲ။ တခြားနိုင်ငံတွေလို ပါဘဲလေ။ ကျမ တို့ အတန်းထဲက ကောင်မလေးနာမည်က "အူကီယာ" Ruqayah ပါ။ ပေါင်းတာက တမျိုးအသံထွက်တာက တမျိုး သူမှာ တော်တော် ရှင်းပြရတယ်ဆိုဘဲ။ အသံထွက်မှန်အောင်လို့ 


ကျမတို့  မြန်မာ နာမည်တွေ ကြတော့ ဘာသာရေး အသုံးအနှုံးတွေ များတယ်နော်။ ဥပမာ။ မာလာ၊ သီတာ၊ စန္ဒာ၊ ကလျာ၊ သူရ၊သီဟ၊ နန္ဒ၊ ကျော်သူ ၊ စည်သူ၊ ဗလ စတာတွေဟာ ပါလိ ဘာသာက ဆင်းသက်လာတာကို။ ဆရာမက ကျမကို နာမည်ပြောင်းခွင့်ရရင် ဘာနာမည်ပြောင်းချင်လဲ တဲ့  မထင်မှတ်တဲ့ မေးခွန်းဘဲ။ ကျမကတော့ ပန်းပွင့်နာမည်နဲ့  pen name တခုတော့ လိုချင်တယ် လို့ ပါးစပ်ထဲရှိရာပြောလိုက်မိတယ်။ Jusmin လို့ ။ စံပယ်ပန်းလေး၊ ဖြူဖြူမွှေးမွှေး တော်တော် အေး ချမ်းတဲ့ ပန်းပွင့်နာမည်ပေါ့။ ဘုရားပန်း တင်ချင်လိုက်တာ။ ဆရာမကတော့ သူလဲ ပြောင်းလို့ ရရင် ပြောင်းချင်ပေမဲ့ passport မှာရော၊ card တွေမှာပါပြောင်းရမှာမို့  သူနဲ့ ကွာထားတဲ့ ယောက်ျားရဲ့  Sir name နဲ့ ဘဲ တသက်လုံးနေသွားရတော့မယ်တဲ့ ။ အလုပ်ရှုပ် ပြီး ၊ ငွေကုန်ကြေးကျများလွန်းလို့ တဲ့။

အင်္ဂလိပ် naming system မှာ middle name ကြိုက်သလောက် သုံးလို့ ရပါတယ်။ Middle name ထားခြင်းအားဖြင့် လူတွေလိုက်တုခြင်း၊ idenity အတုလုပ်ခြင်းများကို တနည်းတဖုံကာကွယ်လို့ ရပါတယ်တဲ့ ။ ကိုယ်နာမည်ကို လူတွေ မခေါ်စေချင်ရင် middle name ကိုခေါ်ခိုင်းလို့ ရပါတယ်။
ဥပမာ Adrina Rose Blessing Isabelle Kylie Smith, Miss Adrina Smith က သူ့ ရဲ့  first name Adrina ကို မခေါ်စေချင်ရင် Rose လို့ နာမ်စားသုံးစေချင်ရင်လဲရတယ် Kylie လို့ သုံးစေချင်ရင်လဲ ရတယ် ကြားထဲ က Middle name တစ်ခုခု ကို ခေါ်ခိုင်းလို့ ရတာပေါ့လေ။

ဒီအက ကြည့်လို့ ကောင်းတယ်


Tuesday 25 May 2010

Queen's Speech traditions
Full of tradition and pageantry, the State Opening of Parliament forms the most colourful event of the Parliamentary calendar.

Published: 8:30AM BST 25 May 2010

ဘုရင်မကြီး ဒီနေ့ ဝတ်စုံတွေ အပြည်နဲ့  အစိုးရသစ်ကို စကားပြောတယ်။ အရာင်အသွေးအစုံ၊ ဝတ်စုံအပြည်နဲ့  အော်ပရာကသလိုဘဲ။ သူ့ ဘေးမှာ ကြင်ယာတော် ကြီးလဲပါတယ်။ မင်းသားကြီးဖိလစ် ပေါ့။

Sunday 23 May 2010

ခေါင်းစဉ်မရှိ - ၁

ဟေ့
မင်းတို့လွမ်းရင်ဘာလုပ်ကြသလဲ.
ရင်ဘတ်ကိုဖွင့် အသံကုန်လွင့်ပြီး
အလွမ်းသီချင်းတွေဆိုကြသလား။
အရက်ပြင်းတကျိုက် ဆေးလိပ်တရှိုက်နဲ့
မေ့လျော့ ခြင်းမြစ်ပြင်ထဲ
ဒိုက်ဗင်ထိုးကြသလား။
လျှပ်စီးလက် မိုးခြိမ်းတဲ့ မိုးရေထဲ
ရင်ကော့ခေါင်းမော့ပြီး
လျှောက်သွားဖူးသလား..။

တခါတရံလို့ မပြောတော့ပါဘူး..
ငါ့အတွက်ဘဝဟာ
ခါးသီးတဲ့အလွမ်းတွေကြား
အကျဉ်းချပိတ်လှောင်ခံနေရတုန်းပဲ...။

အလွမ်းတွေကိုဖောက်ထုတ်ပစ်ဖို့
သီချင်းတစ်ပုဒ် လိုအပ်မယ်..
အရက်တစ်ခွက်လိုအပ်မယ်..
ဂစ်တာတစ်လက် လိုအပ်မယ်..
ကလျာနမိတ္တတစ်ကောင် လိုအပ်မယ်..
ကလောင်တစ်ချောင်းလိုအပ်မယ်..
တရားတစ်ပုဒ်လိုအပ်မယ်.....
..................လိုအပ်မယ်..
..................လိုအပ်မယ်..
အိုး..ပြောချင်ရာပြောကြ..
သတိမေ့ဖို့လိုတယ်လို့လည်းပါတယ်.

ငါ့အတွက်တော့ သတိမမေ့ချင်ဘူး
ရင်ဘတ်ကဒဏ်ရာကိုပျောက်ချင်တယ်
တစ်နှစ်ပြီးတစ်နှစ်
တစ်မှတ်တိုင်ပြီးတစ်မှတ်တိုင်
၃၀ ကျော်အထိလှမ်းဖူးတဲ့ ခြေလှမ်းမိုင်တိုင်တွေမှာ
ရူးမိုက်တတ်ခဲ့ဖူးတယ်....
ဆိုးသွမ်းတတ်ခဲ့ဖူးတယ်...
အာရုံတွေမှာယစ်မူးခဲ့ဖူးတယ်..
မိုက်ရိုင်းတတ်ခဲ့ဖူးတယ်...။

သတိမေ့တတ်ရင်တော့
ထပ်ပြီးဒဏ်ရာရမှပဲ
သင်္ခန်းစာကိုမကျေညက်ရင်ဖြင့်
ထပ်ပြီးကြုံရဦးမှာပဲ..
ဆုံးရှုံးတာကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူး။

သိမှုထက် မသိမှုကပိုများတဲ့ ဘဝမှာ
သိထားမှ....
နားလည်ထားမှ..
ခွင့်လွတ်တတ်မှ..
တော်ခါကျမှာလေ။

ငါလည်းရင်ဘတ်နဲ့ဆိုတော့ လွမ်းတတ်တာပဲ..
ငိုစရာမျက်ရည်အပြည့်ပဲ..
အလွမ်းအဆွေး
ဒေါသ မောဟ မာနတွေနဲ့
ငါကိုယ်တိုင်လည်း လျှောက်နေဆဲ..။
...

အော်..အပြင်မှာမိုးတွေသည်းနေတုန်း
ငါ့ အိမ်ထဲမှာတော့ တိတ်ဆိတ်နေတယ်။


23/05/2010
မှော်ဘီ အထက ၁
ကျောင်းရှေ့လက်ဖက်ရည်ဆိုင်
တွင် ရေးသည်။
02:30PM

BUILD YOUR SELF CONFIDENT

- Dress well
You need to dress well to increase your self confident.

-Walk faster
People with confident walk faster, they have a lots of things to do. They don't have all day to do it. Walking 25% faster make you look more important and smart.

- Stand up straight
Body posture is also major role in how confident you feel. Straight posture looks taller, and taller people are initially more confident then short people.

-Complement to other
If you find the best in other, you can also find the best in your self.

-Speak up.
Speak up and don't be afraid to say what you think. You should make effort to discuss at least once in a group discussion.

-Work out

You should start to work out to gain energy by physical activities and it helps how you feel about your self.

Saturday 22 May 2010

တရုတ် မွေးကင်းစ ကလေးငယ် နှင့် မိခင် မီးနေသည်

တရုတ် ပြည်က ကလေးမွေးပြီးခါစ မိခင်တွေလဲ မီးနေတဲ့ ဓလေ့ ရှိကြတယ်။ မြန်မာပြည်မှာ က မီးနေကာလက (ရ) ရက် ဖြစ်ပေမဲ့ တရုတ်မတွေက တော့ အနည်းဆုံးတလ မှ ၄၅ ရက်ပါတဲ့။ တရုတ် ချွေးမတွေ အတွက် နားနားနေနေ နေရတဲ့ အချိန်ဖြစ်ပြီး မိသားစုတွေ ဆီက special attention ရတဲ့ကာလ ဘဲဖြစ်ပါတယ်။ ဓလေ့ထုံးစံအရဆိုရင် ယောက္ခမ ဖြစ်သူက မီးနေသည် ကို ပြု စုရပါတယ်။ တရုတ်မီးနေသည်တွေဟာ မီးနေခန်းထဲကနေ အပြင်မထွက်ရပါဘူး။ သူတို့ အယူအဆအရဆိုရရင် ကလေးနဲ့ မိခင်ရဲ့  (immune system) ကောင်းစေဖို့ ပါတဲ့။ ပြီးတော့ ကလေးနဲ့ မိခင်ရဲ့  ပေါင်းစည်းမှု ရဖို့ အတွက်လဲဖြစ်ပါတယ်တဲ့။

ကလေးနဲ့ မိခင်ကို အမြဲတမ်း နွေးနေအောင်ထားရပါတယ်။ မီးနေသည်ဆို ခြေစွပ်မပါဘဲ လုံးဝမနေပါဘူး။ အစားအသောက်မှန်သမျှလဲ ပူပူနွေးနွေးစားရပါတယ်။ အပြင်ကို လုံးဝထါက်ခွင့်မပြုပါဘူး။ သံဓါတ် နဲ့ ထုံးဓါတ်ပါတဲ့ အစားအသာက်တွေ အများကြီး စားပေးရပါတယ်။ ငါးဟင်းချို ၊့  ဝက် အူနု ဟင်း ချို ဟာ မီးနေသည် အစားအသောက်ဖြစ်ပြီး။ ကောက်ညင်းအနက်၊ ကြာစေ့ ၊ ဇီးသီး လုပ်တဲ့ ဆန်ပြုတ်မဲမဲတွေက တော့ သွေးသားသန့် စင်အောင် မီးတွင်းထဲမှာ အမြဲသောက်ကြပါတယ်။

ကြာစေ့ အဆန်ကိုတော့ ကိုယ်ဝန်ဆောင်စဉ်ရော မီးနေချိန်ရော ဟင်းချိုထဲ ထည့်သောက်ကြပါတယ်။ သူတို့ ရဲ့ ရှေးဘိုးဘေးတွေ အယူအဆအရ ကြာပန်းဟာ ရွံမရှိတဲ့ နေရာက ပေါက်ပြီး၊ အင်မတန်သန့် စင်တဲ့ ပန်းပါ၊ flower from haven လို့ တောင်တင်စားကြပါတယ်။ Zen ဗုဒ္ဓဘာသာ နဲ့ ကြာပန်း ဟာ တော်တော် ယှက်နှယ်ပါတယ်။ ကြာစေ့ ဟာမာကြောပြီး ဒီတိုင်းစားစား၊ ချက်ပြုတ်ပြီးစားစား စားလို့ ရပါတယ်။အမှုန့် လုပ်ပြီး ခေါက်ဆွဲ လုပ်တဲ့ ထဲ ထည့်ရင် ကြာခေါက်ဆွဲပေါ့ လေ။ ပြောချင်တာကတော့ မိန်းခလေးတွေ နဲ့ ကြာစေ့နဲ့ တော်တော် တည့်ပါသတဲ့။ မိန်းမ ရောဂါအားလုံးပျောက်ဆိုဘဲ။ ကြာစေ့ဟာ နှစ်အကြာကြီး ထားလို့ ရပါတယ်။ အနှစ် ၄၀၀ ကျော်သက်တမ်းရှိတဲ့ ကြာစေ့ ကနေ အပင်ပေါက်တာတောင်ရှိဘူးပါတယ်။ အမေရိကန်ကြာ (Nelumbo Lutea) ဆိုရင် နှစ် ၂၀၀ ကျော် တဲ့အထိ တောင် အပင်ပေါက်နိုင်ပါသေးသတဲ့ ။ ခုလောလောဆယ်သတင်းမှာ ကြားရတာကတော့ တရုတ်ပြည်မှာ နှစ် ၁၂၀၀ ကြာမှ အပင်ပေါက်တဲ့ ကြာစေ့ ရှိပါသတဲ့ရှင်။

ကဲ မီးနေ သည် အကြောင်းကနေ ကြာစေ့၊ကြာပင်တွေ အကြောင်း ရေးတာတော်တော်များ သွားပြီ။ let's bring it back.
တော်တော် အဆင်မပြေတဲ့ သူတို့ ရဲ့  rule တစ်ခုက တော့ ရေ အရက် ၃၀ ကျော်မချိုးရ၊ ခေါင်း မလျှော်ရပါတဲ့။ အဆိုးတကာ့ အဆိုးဆုံးက သွားမတိုက်ရပါတဲ့။ ကလေးမွေးပြီးစ မိခင်ရဲ့ အသားဟာ ရေဓါတ်ကို အများကြီးစုတ်ယူတာမို့ ။ အဲဒီရေဓါတ်က ကလေးကို အအေးမိစေမှာ ဖြစ်လို့ ပါတဲ့။ ခေါင်းမလျှော်ရခြင်းရဲ့ အကြောင်းကတော့ ဆံပင်ဖီးရင် ခေါင်းကိုက်ခေါင်းအုံမှာမို့ ဖြစ်ပါတယ်။ သွားမတိုက်ရတာ တစ်ခုကတော့ ကြားခါစက ယုံတောင်မယုံချင်ပါဘူး။ အဲဒါတကယ်ပါ မယုံရင် Zuo Yuezi ဆိုတဲ့ စကားလုံးကို Google Search မှာရိုက်ကြည့်။ ကျမပြောတာထွက်ပြည့်စုံတဲ့ တရုတ်မီးနေသည် လိုက်နာရမဲ့  rule တွေကို တွေ့ ရပါလိမ်မယ်။ မီးနေချိန်မှာ သွားတိုက်ရင် သွားဖုံးတွေ သွေးထွက်မယ် ၊ သွားတွေယိုင်နဲ့ မယ်တဲ့ ။ ဒီတချက်ကတော့ တော်တော့ကို ဂွကျတဲ့ အချက်ပါ။ သူတို့ ရဲ့ သွားတွေကို ပိတ်စတွေနဲ့ ၂ပတ် ၃ပတ်လောက်အထိ သန့် ရှင်းကြပါတယ်။ ပြီးရင် ရေနွေး ငုံပြီး ပုလုတ်ကျင်းတာမျိုးလောက်ဘဲ လုပ်ကြပါတယ်တဲ့ ။ အနားမှာ နေ တဲ့ နုနယ်တဲ့ ကလေး အတွက်တော့ မကောင်းဘူးလို့  ထင်မိပါတယ်။

ရက် ၃၀ ကျော် (သို့ ) ၄၅ ရက်ကျော် မှာတော့ မီးထွက် ပါတီ ပေးကြပါတယ်။ဆွေမျိုး မိတ်သဟာယ များ မိသားစုဝင်များ အားလုံးကလေး ကို ပထမဆုံး တွေ့ ရတဲ့ အချိန်ပေါ့လေ။ လက်ဆောင်အဖြစ် ကြက်ဥ၊ အနီရောင်စာအိတ်လေးထဲမှာ ငွေသားတချို့ ထည့်ပြီး ပေးကြပါတယ်။

ခေါင်းပြားပြားလေးတွေ ကလှသတဲ့ 
ကလေးတွေရဲ့  နောက်စေ့ (ဦးခေါင်းနောက်ဘက်)က အပြင်ကို မထွက်ဘဲ ပြားနေရင် လှပါသတဲ့။ ဒါကြောင့် သူတို့ ကလေးတွေကို ဆန်စေ့လေးတွေ ပဲစေ့လေးတွေ ထည့်ထားတဲ့ ခေါင်းအုံး ချုပ်ပြီး အိပ်စေပါတယ်။ ကလေး အသက် ရက် (၁၀၀) ပြည်ရင်တော့ ကလေးအတွက် ပွဲလုပ်ကြပါတယ်။ မိသားစုဝင်တွေ ငါးတို့ ကြက်သားတို့ သေချာချက်ပြီး တပျော်တပါး စားသောက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ကလေးကို အပြင်ကို လောကနဲ့ ထိတွေ့ ခွင့်ရတဲ့ နေ့ ဖြစ်ပါတယ်။

Monday 17 May 2010

If you don't know how to fix the country, please don't break it

ဘကောင်း ရေးသားသည်
bakaung.blogspot.com

Open your mind, face the reality and see what you have done now compare with the status from 40 years ago. Are you saying that you are doing for the sake of people? No. you are not. You are only building the destructed mechanism for my country. You are blinded with the glistering light of dimonds that you are stealing from your own people. You might thought that you are making good fortunes and reputations for your next generation with those dimonds, money and power that you have, but you are wrong. You are literally wrong. You are supposed to be like a father to look after your people because you are the leader of million of people but you just turned your face away. What's it in your mind? What are you thinking?







Images from aljazeera.net


When I was young and old enough to understand the love and affection between mother and child, I saw a cow looking for her young calf with full of tears in her eyes. The calf might have somehow lost his way back home, and so mother cow went out and calling out for her child at every corner of the streets. She finally made sure that her child was safe and happy under her protection. At least, she felt something and has affection for her own child.

So, how is yours? Can you protect us? Can you make your people to be proud of being the citizen of Myanmar? My country is suffering. My people are dying with povety. I know you are such a stubborn or afraid one to face the true reality. What make you think that you can do better than others? You can't even approved your capabilities to build up the better country during past 20 years except increasing number of homeless, poverty, prostitutions, jobless, lower income rate, higher living costs. If you are afraid, tell me what you are afraid of. Are you afraid that the other people might say the true factors, and they will tell you that the things you are doing are wrong? Are you afraid that the people of Myanmar will get educated and bring the authetic visions for the bright future of the country? Do you know that the majority of your people are living in the dark world where there are no foods, no proper education, no shelters, and they are suffering? I will tell you what I am afraid of. I am afriad that my country will never able to stand up again as before because of what you had done, but I put my faith in my people for the good changes. I am sure they truly will.

Please don't tell me that our country is declining because of people. Please don't project us. We are your people. We are just ordinary citizens living within your military framework. I don't say the term "military" is evil thing, but just that you are not providing us the basic human needs. Please take your full responsibilities, otherwise let someone else take it.

Do you think this is going to last forever? Do you think you can shut down the gate of truth and reality with your military might? I don't think so. Did you ever ask yourself just like a child without having smeared influences why there are so many poverties in your country, and your people are dying in hungers and diseases while your families are celebrating birthday parties. Why? Why? Why? You are the leader of the country. Did you ever try to find a solution for those thousand of people who are dying under your dictatorship? What can you do for my country? If you can not do, what can I do for my country? What other people can do for the country? Do you need help? If you need help, just ask. It is just pretty simple. You need to accept the fact that you can not build the country alone. You also aware that Aung San Suu Kyi and other brilliant political leaders can help and lead the country. I don't understand why you don't incorporate with them. You are either too stubborn or just a dumb leader.

I don't think you are doing a good job for the country. More than 40 millions people are living in the country but as long as all those 40 millions people are not well educated, I wouldn't say you are creating the proper education system for the country. If someone say, "hey! my children are going to school and they are learning computer at home". Of course, you idiot!, you can effort to send your children to good school, but what about the other millions of people who can't even make enough incomes to provide the daily foods for their family. I am not talking about your little cheesy world. I am talking about my people. my Myanmar people. for Everyone. the whole country. Don't say our education system is not so bad. You haven't seen the world. You haven't seen the superior education system which would train the children to become managers, leaders, businessmen and they will be on top of everyone. I want my child to become a manager, to become a leader. I don't want my child to work like a slave in other counties. What can you do for that?

I am a citizen of Myanmar, but I am not proud of myself for being a citizen of Myanmar. Evertime I travel to other countries, I have more difficulties than other nationalities. Do you know why? People thought that the people of Myanmar are inferior. That's the nature of human. I have to try so hard and struggle more than others to get better impression for being a Myanmar. Why can't Myanmar people instantly be well recognized for the good courses? Can you make the people of Myanmar to be superior? I honestly want to be proud of my country. I long the time when Myanmar used to be on top of other Asia countries, but you destroyed the reputations. Don't you feel ashamed of yourself when the world is watching you as a brutal and evil one.

I took a taxi the other day in an event that it was drizzling and I was also late for my work. After having a long silent ride in the cab, me and taxi driver started to strike a conversation. What amused me the most was that everytime I tell my identity for being a Myanmar nationality in my english accent, everybody got stunned. After explaining who I am and what I do for living in a diplomatic way, the taxi driver proudly revealed the secret he had done in Myanmar 30 years ago. I am even more stunned when he told me what he did in Myanmar during those socialist days in Myanmar. He was a business man and sold watches in Yangon. He did illegal watch trafficking in Myanmar. He was able to buy lands and houses in Singapore because of his business. Since Myanmar was under socialist government, it was illegal to import and sell watches in Myanmar as private own. He said if he pay a box of whisky bottles, he could easily pass through the custom and immigration counters at the Yangon airport. Airport authorities even let him sleep with the girls they detained from illegal trafficking business. Most of the girls were about 13 or 14 years old. He is a Singaporean and the girls he raped were Myanmar but helped by Myanmar authorities. What was going on? Who is going to protect us if Myanmar government can not protect our nationalities? Where is the law? Is the law literally exist in Myanmar just not to send the people into jail for saying what they believe, but for the protection of every Myanmar citizens?

Sometime, I truly wish there will be a internal corruption inside your military framework in order to break down the structure, and so somebody could take control over the existing military power and reform the whole country. A lot of people tremendouly sacrificed their lives, their families, their properties, their love ones while doing what they believe to get better living standard for the people of Myanmar. They believe democracy is the only way out for the country. I believe it too. Since your military system didn't work for the country, you have to accept or compromise the dialogue with the other political parties.

It is really funny to see you are fooling around UN, ASEAN and other countries. How long has it been since we had our genuine election? Wow..it's been almost 20 years now. How could that happen? Well.. obviously UN is weak, international pressure is weak, ASEAN is weak, but our people get killed occasionally one by one, group by group. Military regime made up every possible tricks, they cheated, they tell lies. It comes to the realization that only the people of Myanmar can change the future of Myanmar.

Metta,
Ba Kaung

Saturday 15 May 2010

SMILE



BLOG BLOG BLOG


I have been publishing in Google blogs since I get a chance to use internet. I would like to say why I write the blog, why people should write blogs.

Even if nobody reads it, you should keep writing it. From my point of view, blogging is a source of information for me and the only way to communicate with my silent world. I questioned to some friend about blogging, they answer as follow;




(a) reluctant to write,
(b) some are busy
(c) Afraid to put their true thoughts on public record.
(d) Nobody will read it.

I have a lot of draft post which I am not going to publish in the web. For me blogging is same as confessing to a close friend. Don’t worry about reader satisfaction; I do worry about publishing some post. Because I worry about how will reader think about my post? I do have fear for consequences. However, I just want to say people whoever want to start blogging. Don’t be afraid to put your idea and information in blog. There are a lot of people who would like to tell the world. It will very helpful, if you can represent them by blogging , bring information on their behalf,

Friday 14 May 2010

UK this week

The new government has been selected by UK citizens last Wednesday. The conservative party won the election. The new Prime Minister name is David Cameron. He is 43 years old. As a Prime Minister, he has to choose his cabinet. The word "CABINET" can mean a cupboard however in politics term, cabinets is a group of advisers which consists of 12 people of the members he chooses. It is reported that he hasn't chosen many women so far whereas Tony Blair had 101 women in his government. Back in (1979 - 1990), Margret Thatcher was the first lady Prime Minister in the British political system. However there were no other women in her cabinet.

ယူကေ မှာ အစိုးရအသစ် တခုကို ရွှေးကောက်ပွဲ မဲ အရေ အတွက်အရ တရားဝင် ဆုံးဖြတ်ဖွဲစီး လိုက်ပါပြီ။ ဝန်ကြီးချုပ်အသစ်ရဲ့  အမည်က တော့ ဒေးဗစ် ကင်မရွန်း အသက် ၄၃ နှစ် ဖြစ်ပါတယ်။ အခု သူ ရဲ့  အစိုးရ အကြံပေး အဖွဲ ကိုဖွဲ့ စည်းရမှာဖြစ်ပါတယ်။ အင်္ဂလိပ်စကားဟာ အင်မတန်မှ ဆန်းပါတယ်။ ဒီအစိုးရ အကြံပေးအဖွဲ (cabinet) ဆိုတဲ့  စာလုံးပေါင်း ကို တနည်းအားဖြင့် ဘီဒို (အဝတ်ထည့်တဲ့ ဘီဒို) လို့ လဲ အဓိပ္ပါယ် ရပါတယ်။ အစိုးရ အကြံပေးအဖွဲ ဝင် ၁၂ဦးကို ဒေးဗစ်ကင်မရွန်းက ရွေးချယ်ရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ အမျိုးသမီး အရေ အတွက် နည်းနည်းလေး သာ ခန့် ထားလို့ အမျိုးသမီးထုဆီက အသံထွက် နေတာကြားမိပါရဲ့ ။ ယခင့်ယခင် ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ တုန်းက သူ့ အစိုးရမှာ အမျိုးသမီး ၁၀၁ဦး တောင် ခန့် ခဲ့ ဘူးပါတယ်။ လွန်ခဲတယ် ၁၉၈၀ ခုနှစ်လောက် က ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာက တော့ ဗြိတိန်သမိုင်းမှာ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်ပြီး သူ့ မ ဖွဲ့ တဲ့ အစိုးရမှာ သူ မအပြင် အမျိုးသမီး တစ်ဦးမှ မခန့် ခဲ့ ပါဘူး။

CELEBRITIES & THEIR PRIVATE LIVES

Before I writing this article, I asked myself "Am I interested in famous people?". The answer is "Yes". I am interested in celebrities all over the world, these includes politicians, scientists, notorious world leaders, business entrepreneurs, models, actors and actresses etcetera. Nowadays, I am obsessed with the television. I tend to check the news about celebrities without taking too seriously.

I personally think that the British media presents various news issues about famous people rather than politics, international news, documentaries and the weather. I believe that they tend to focus too much on untrue stories in order to attract public interest.

Next question is "Do they deserve to have a private life?". Nowadays most celebrities have no private lives because the media follows them wherever they are. However, some celebrities choose to have that kind of life. Some celebrities deliberately attempt to get their popularity in terms of selling their story for instance; divorce battles, relationships, gossip columns, income etcetera. I loathe the way the media presents celebrities personal lives whereas I respect some celebrities. As human beings, they all need and deserve to be respected. I assume that this is the dark side of the freedom of the press.


As I indicated in the above paragraphs, the public views celebrities as role models. Therefore the government should exercise more control over the media in order to control any bad behaviour of celebrities in the press, radio and television channels.

Sunday 9 May 2010

Blowing In The Wind


This song has been described as a protest song and it has been covered by many of artists.

Saturday 8 May 2010

CHICKENPOX

ီChickenpox ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပါ။ ကိုယ်ခန္ဒာမှာ အရည်ကြည်အဖုတွေ တည်ပြီး တချိန်ထဲမှာဘဲ ကိုယ်ပူချိန်လဲ ရှိနေတတ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး ၊ လူကြီးတချို့ မှာလဲ ဖြစ်တတ်ပါတယ်။ ကူးစက်လွယ်တာမို့  Chickenpox ပေါက်ရင် အပြင်ထွက်ပြီး လူကောင်းတွေနဲ့ ရောနှော မနေတာကောင်းပါတယ်။ နှာချေတာ၊ ချောင်းဆိုးတာတွေ ဟာ ဗိုင်းရပ်ကို ဖြန့် ဝေပေးသလို ဖြစ်လို့  မကူးစက်အောင် သတိထားရမှာဖြစ်ပါတယ်။ ကိုယ်ပူချိန်တွေ တရိပ်ရိပ်တက်ပြီး အရည်ကြည်ဖုတွေ ပေါက်ချိန်မှာ ခံတွင်းပျက်တာတွေ ဘာတွေလဲ ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုတွေက နေ ပူစပ်ပူလောင်ခံစားရတာ မျိုးကို ကာကွယ်ဖို့  Calamine ဆေးရည်လိမ်းပေးရင် သက်သာပါတယ်။ ပါရာစီတမော့လို အကိုက်အခဲ သက်သာဆေး ။ ဘာမီတွန်လို antihistamine မျိုးကိုသောက်ဆေးအဖြစ်သောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ personal hygiene ဟာအရေးကြီးပြီး secondary bacteria infection မဖြစ်အောင် သန့် သန့် ရှင်းရှင်း ဖြစ်အောင် ထား ရပါမယ်။ ရေ ကို သောက်နေကျထက်ပို သောက်ပေးပါ။ အရည်ကြည်ဖုတွေကို မကုတ်မိအောင် ယားတိုင်း Calamine lotion ကိုလူးပေးပါ။

Chickenpox is caused by one of the most contagious virus. If you have chickenpox, you should stay away from the public in order to avoid contact with people who haven't had it. You can have some pain killer for instance, paracetamol. Some doctor prescribes the antihistamine tablets to ease the itchiness, even though that tablet can make you drowsy, it can help you sleep as the resulit it will stop you from scratching . You can also put calamine lotion (you can easily get in most chemist without prescription ) directly to your skin to prevent secondary bacteria infection and to sooth your skin. Have more water to prevent dehydration and stay home.


Thursday 6 May 2010

Lady Gaga

Artist Name: Lady Gaga
Real name Stefani Joanne Angelina Germanotta
D.O.B 28/03/1986
Italian American















dutiya 's blog မှ ကြိုက်တဲ့ပိုစ့်တခု

ဓါတ်ပုံတွေနဲ့ စာရေးသူရဲ့ တွေးခေါ်ပုံတချို့ ကို စိတ်ဝင်စားမိလို့ ဒီပိုစ့် ကို ကူးယူထားပါတယ်။
မူရင်း Post Link ...
"http://dutiya.blogspot.com/2010/04/blog-post_30.html"

နားလည်ပေးနိုင်ပေမဲ့...

ထိုင်းနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ ကရင် တိုင်းရင်းသား အဆိုတော် ယူရီ ဟာ အမျိုးသားချင်း လက်ထပ်ပေါင်းသင်း နေထိုင်နေသူ ဖြစ်တဲ့အတွက် လူမှုရေးအဖွဲ့  အစည်းတစ်ခုက အဖွဲ့ ဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ် ဆိုတဲ့သတင်းကို ဧရာဝတီ site က ဖတ်မိပြီး လူမှုရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  ဒီလိုလုပ်တာ မှန်သလား မှားသလား ဘယ်လိုထင်လဲလို့  သူငယ်ချင်း တစ်ယောက်နဲ့  သူ့  အမြင် ကိုယ့်အမြင် တွေပြောဖြစ်တယ် ။

ကျွန်တော့်ရဲ့  အမြင်အရ ဆိုရင်တော့ အဲဒီ အဖွဲ့ အစည်းထဲမှာ သူဟာဘယ်နေရာ ကပါဝင်နေ သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။ သာမန် အဖွဲ့ ဝင် တစ်ယောက် အနေနဲ့  ဆိုရင်တော့ လူမှုရေး အသင်းအဖွဲ့  တစ်ခုအနေနဲ့  လိင်တူဆက်ဆံ နေသူဖြစ်နေ လို့  ဆိုပြီး ခွဲခြားမဆက်ဆံ သင့်ပါဘူး ။ ခေါင်းဆောင် တစ်ဦး ၊ စံပြပုဂ္ဂိုလ် တစ်ဦး အနေနဲ့  ဆိုရင်တော့ အဖွဲ့ အနေနဲ့  မမှားဘူးလို့ ထင်ပါတယ် ။ ခေါင်းဆောင် တစ်ယောက် ၊ စံပြပုဂ္ဂိုလ် တစ်ယောက်မှာ လူတိုင်း လက်ခံနိုင်တဲ့ ၊ အတုယူရတဲ့ အမူအကျင့် များသာရှိ သင့်ပါတယ် ။ လူအချို့ သာ လက်ခံနိုင်တဲ့ အမူအကျင့်တွေ ရှိနေတဲ့ သူကို ခေါင်းဆောင် နေရာ ၊ စံပြပုဂ္ဂိုလ် နေရာကနေ ထုတ်ပယ် တာဟာ မမှားဘူးလို့  ထင်ပါတယ် ။

လိင်တူ ဆက်ဆံမှုကို လုံးဝလက်မခံတဲ့ သူတွေရှိသလို ၊ နားလည်မှု ပေးပြီး လက်ခံသင့် တယ် ခွဲခြားပြီး မဆက်ဆံ သင့်ဘူးလို့  ပြောနေကြတဲ့ သူတွေလဲရှိ ပါတယ် ။ ဟိုမုန်း ပြောင်းလဲမှု ၊ ဟိုမုန်း မညီမျှမှု တွေကြောင့် ယောက်ျားလေး ခန္ဓာကိုယ်နဲ့  မိန်းမစိတ် ပေါက်ပြီး မိန်းကလေးလိုပဲ နေချင်တာ ၊ မိန်းကလေး ခန္ဓာကိုယ်နဲ့  ယောက်ျားလေးစိတ် ပေါက်ပြီး ယောက်ျားလေး လိုပဲ နေချင်တာ တွေကို နားလည်မှု အပြည့်အ၀ ပေးနိုင်ပေမဲ့ ၊ မိန်းကလေး အစစ် ယောက်ျားလေး အစစ် တွေနဲ့  တန်းတူ နေရာတိုင်းမှာ လက်ခံပေး ဖို့  ဆိုတာ မလွယ်ပါဘူး ။

စိတ်မနှံ့  သူတစ်ယောက်ဟာ သာမန်လူ တွေနဲ့  အခွင့်အရေး တန်းတူ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ဥပမာ - ဆုံးဖြတ်ချက်ချ ရမဲ့ အခြေ အနေ မျိုးတွေမှာ စိတ်မနှံ့  သူတွေကို သာမန်လူတွေလို သူ့ ဘာသာသူ ဆုံးဖြတ်ပါစေ ဆိုပြီး လွှတ်ထားလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက် ဟာလဲသာမန်လူ တွေနဲ့  တန်းတူ အခွင့်အရေးတွေ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက်ကို သာမန်လူတွေရဲ့  ဘော်လုံး အသင်းမှာ ၀င်ကန်ခိုင်းလို့ မရပါဘူး ။

လိင်တူဆက်ဆံသူတွေကို စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေနဲ့  မနှိုင်းသင့်ဘူး လို့  ပြောရင် တော့ ဘာဖြစ်လို့ လဲလို့  ပြန်မေးပါရစေ ။ စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေ ဟာ နိမ့်ကျနေသူတွေ မဟုတ်ပါဘူး ။ သူတို့ ကို အဆင့်အတန်း ခွဲခြားတဲ့ စိတ်နဲ့  မကြည့် သင့်ဘူး ။ သူတို့ ဟာ သာမန်သူ တွေနဲ့  အဆင့်အတန်း တူညီကြတဲ့ သူတွေသာ ဖြစ်တယ် ။ အားလုံး တူညီကြတဲ့သူတွေ ကို အုပ်စု တစ်စုစီ ခွဲရင်သာ သာမန်လူတွေနဲ့  အုပ်စု မတူသူ တွေဖြစ်တယ် ။ သာမန် လူတွေကို စိတ်မနှံ့  သူတွေအုပ်စုမှာ ထည့်လို့ မရသလို ၊ စိတ်မနှံ့  သူတွေကိုလဲ သာမန်လူတွေ အုပ်စုမှာ ထည့်လို့  မရပါဘူး ။ တူညီတဲ့သူတွေသာ သီခြားစီ ဖြစ်ရမှာပါ ။

မိန်းမလျာ ၊ ယောက်ျားလျာ တွေလဲ အတူတူပါပဲ ။ မိန်းမလျာ တွေဟာ မိန်းကလေးတွေ နဲ့  အခွင့်အရေး တန်းတူရ သင့်ပေမဲ့ မိန်းကလေးတွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ ယောက်ျားလျာ တွေဟာလဲ ယောက်ျားလေး တွေနဲ အခွင့်အရေး တန်းတူရ သင့်ပေမဲ့ ယောက်ျားလေး တွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ စိတ်ချင်းတူ ပေမဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံချင်း မတူကြပါဘူး ။ ယောက်ျားလေးဟာ ယောက်ျားလေး အုပ်စု ၊ မိန်းကလေးဟာ မိန်းကလေး အုပ်စု ၊ ယောက်ျားလျာဟာ ယောက်ျားလျာ အုပ်စု ၊ မိန်းမလျာဟာ မိန်းမလျာ အုပ်စု အနေနဲ့  သာ လက်ခံရမှာပါ ။ ။

ဒီပုံလေးထဲက အနေအထားကို ဘယ်လိုမြင်ပါသလဲ ?



ဒီပုံလေးထဲက အနေအထား ဆိုရင်ရော ?


ကျွန်တော့်ရဲ့  အမြင်ကတော့ ယောက်ျားလျာ ၊ မိန်းမလျာ များကို သီခြား အုပ်စုတွေ အနေနဲ့  လက်ခံပါ ။ အဆင့်အတန်း ခွဲခြားပြီး မဆက်ဆံ သင့်ပါ ။ နားလည်မှု အပြည့်အ၀ ပေးသင့်ပါတယ် ။




SOCIAL NETWORKING SITES

Twitter / my space/ face book/ flicker/ Hi 5/ friend finder/tagged/ Ning/Friendster/ Cyworld/ Netjournal/ Beebo/ Ineem/ etc are popular networking sites in the world. There are a lot of risks for the users to be awared.

1. please be "Remember" anybody can follow you at anytime.
2.
"Do not pass advance info" about your plan on any social networking sites.
3. Keep your trip in
"P
rivate"
4. "Don’t post in advance" when and where you are going.
5. "
Don’t upload picture until after" your arrive home from the journey.
6.
"Change your password and securtiy setting " quite often


Wednesday 5 May 2010

ဆေးထိုးအပ် ကြောက်ခြင်း

(၉၁) လမ်းသွယ်လေး မှာနေတုန်း ၊ ကလေးဘဝ တချိန်က နေမကောင်းဖြစ်လျှင် ကျမတို့ တို့ ဖခင်က ချီပိုးပြီး အနီးဆုံး သမဝါယမ ဆေးခန်းမှာ သွားပြသည်။ ယခင်ကတော့ ထောက်ကြန့် မှ ဗိုလ်မှုးတစ်ယောက်ဖွင့်ထားသောဆေးခန်း သို့ ပြေးရသည်။ ထိုအချိန်တုန်း က ကျမတို့  အနီးနားမှာ ဆရာဝန် အရည်အတွက် သိပ်မများ။ ညရေး ညတာ ကျမတို့ ဖျားလျှင်ဖြင့် လမ်းသွယ်ထပ်နားက အီးဇက် ကိုပင့်ရသည်။ အီးဇက် သည် လေတပ်မှ ဆေးလက်ထောက် တပ်ဦးဖြစ်မည်ထင်ပါသည်။ ဆေးထိုးအပ်များကို ရေနွေး နှင့်ပြုတ်သည့် အသံကြားလျှင် အသားနာမည်ကို ကြိုသိသဖြင့် တွန့် တွန့် လူးအောင် ကြောက်ငို ငို မိပါသည်။ တခုခုများ ဆို နင့်ကို အီးဇက် ဆေးထိုးမယ် လို့  သာခြောက်လိုက် ကျမတို့ ကလေးတွေ ဖိန့် ဖိန့် တုန်အောင်ကြောက်ကြပါသည်။ အီးဇက် သည် ဗိုလ်ကပြားတစ်ဦးဖြစ်ပြီး၊ သူ့ ဖခင် အင်္ဂလိပ်ကြီး က သူတို့ မိသားစုနှင့် အတူနေသည်။ နာမည်က ဦးနယ်လ်ဆင် ဖြစ်ပြီး ရပ်ကွက်ထဲမှ အင်္ဂလိပ်စာ သင်ကြားလို သူများကို စာပြပေးပါသည်။ အီးဇက် ဆံပင်ကောက်ကောက် ၊ အသားနီနီ နှင့် ဆေးထိုးအပ် များ ရေနွေးအိုး ထဲမှ ဆူပွက်သံ တို့ ကြားလျှင် ငါတော့ ငရဲ့ ခံရမည်ဆိုပြီး ဝမ်းနည်းမိသည်။ အမေဖမ်းချုပ် ပေးထားသည့် ကြားက ဆေးထိုးခါနီး ဆေးထိုးအပ်မှ ဆေးစက်တခချို့  ကို အပေါ်မြှောက်ပြီး ပစ်လိုက်သည်နှင့် ရုန်းကန်ပြေးဖို့ ကြိုးစားသည်။ နောက်ပြီး ဆေးဆိုရင် အမေက ကြိတ်ပြီး ခါးခါးကြီးကို ဂရိုက်မီချာရောပြီးတိုက် သည်။ မကြိုက်အပေါ်ယံ ဂရိုက်မီချာ ချိုချိုလေးတွေ ကုန်ပြီး ဇွန်းကပ်များဆိုလျှင် ခါးပါဘိခြင်း၊ အီးဇက် ကတော့ ဆေးထိုးပြီး သူက ကျမတို့ ဖခင် နှင့် လေပေးလေယူဖြောင့်နေကြမို့  သူပြန်သွားမှ သက်ပြင်းချရသည်။

တခါသုံး အပ်တွေ အသုံးများလာတော့ ဆေးထိုးသည်မှာ အရင်တုန်းကလောက် နာသည်လို့ သိပ်မခံစားရတော့။ အိမ်ရှေ့  ဆေးခန်းမှ ကရင်အမျိုးသား ကျန်းမာရေးမှုးကြီး ဦးဝင်းကြည် ဆေးထိုးလျှင် အင်မတန်ညင်သာသည်။ ဆေးခန်းသွားတိုင်း ဘားပလက်၊ ဖဲရပ်စ်ဆာလဖိတ် များပေးသဖြင့် ဘားပလက် ကျန်းမာရေးမှုးကြီးလို့  နာမည်ပေးရမည်။ ပရွတ်ဆိတ်ကိုက်သလောက် တောင်မနာဘူးလို့ အမေပြောသဖြင့် မယုံမရဲဖြင့် သာဆေးခန်းသွားရသည်။ တကယ်တော့ ပရွတ်ဆိတ် ကိုက်တာထက် နာပါသည်။ ဒါပေမဲ့ သည် ကျန်းမာရေးမှုးကြီးကို စိတ်မှာ လေးစား သဖြင့် သူဆေးထိုးသည်မှာ နာသည်လို့ တောင်မထင်ရ။ သူ့ ရဲ့ personality က unit ဖြစ်သည်။ ၊ ကျော်သူ လွယ်အိပ်လိုပုံစံမျိုး ကရင်လွယ်အိပ် အမြဲလွယ်သည်။ မျက်မှန်တပ်သည်။ စကားမလို အပ်ဘဲမပြော။ သူ့ သမီး များ ကျမတို့  အမတော်များနဲ့  သူငယ်ချင်းတွေ ဖြစ်ပါသည်။

ကျိုင်းတောင်းမှာ ငှက်ဖျားဖြစ်တော့ ဆေးထိုးတာကြောက်တဲ့ ရောဂါပျောက်တော့သည်။ ဆေးထိုးအပ်ကြောက်တဲ့ ကိစ္စထက် ဒရစ်သွင်းရတာ ကို ကြောက်သည်။ သွေးကြောရှာပြီး ဆလိုင်းဓါတ်ဆားရည် ချိတ်တာ၂ကြိမ်၊ သွေးဖေါက်ပြီဟေ့ဆိုလျှင် ဗန္တုလသွေး ရှိသူပြီပြီ အံကိုကြိတ်ကာ မျက်နှာ လွှဲထားရသည်။ ကျိုင်းတောင်းမှ ငှက်ဖျားဖြစ်လျှင် ဒေသခံဆေးကုသူ (အပ်ပုန်းလို့ မခေါ်လိုပါ။ မသိဘဲ မခေါ်ချင်ပါ။) ရန်က ကြောက်ရသည်။ မဲ့ထောက်(landlady အဖွား) များ မြန်မာလို့ နားမလည်ဘဲ စိုးရိမ်စိတ်ဖြင့် ဒေသခံဆေးကုသူကို ခေါ်လာမှဖြင့် တစ်ခါကလဲ ဆောနယ်ဘက် က ဆရာ/မ တွေ နေမကောင်းတာ သွားအကြည့် သူတို့ ကို ကြည့်ရှုထားတဲ့ မဲ့ထောက်များက ပင့်လာသည့် ဒေသသမားတော်က လောက်လေးခွ ပစ်သည့် သရေကြိုးမျိုးကို လက်မောင်းအောက်ခြေမှာပတ်ပြီး အကြောဆေးတွေ သွင်းနေတာ တွေ့ တော့ အူယားလိုက်တာမှဖြစ်ခြင်း။ စေတနာနဲ့  လာကုပေးသူကို ဆရာတွေ စောတက မတက် မတောက်တခေါက် broken ရှမ်းစကားများဖြင့် ဧည့်ခံကြသည်။ ငှက်ဖျား များဖြစ်လိုက်ရင်ဖြင့် အသားကိုကျရော မောင်ထင် ဝတ္ထု ထဲက ချွေးတပ် ဆွဲ ခံရသည့် ငဘလို မျိုး အရိုးပေါ်အရေတင် ပါးပါးလေးသာ ကျန်တော့သည်။ ရှမ်းပြည်မှာတော့ ဆေးခါးဟင်း သောက်ခဲ့ဖူးသည်။ ငှက်ဖျား အတွက်ကောင်းသည်ဆိုဘဲ။ ဆေးခါးဟင်းချိုကိုသောက်လျှင် မဆီမဆိုင် ညောင်ရမ်းဂွတို၊ ငပြည့်၊ ရှင်ဂွမ်းဂွိ၊ သမိန်ပေါ့သွပ် စသည့် ကာတွန်း ဇာတ်ကောင်များ ကို သွားသွားသတိယ သည်။ မွေးမေလေ့လို့  အော်ရတာ ချင်း တော့ အတူတူ မို့ ထင်သည်။

ဒီနေရာ မှာတော့ ဆရာဝန်တွေ အပ်ကိုင်တာ ခုထိတွေ့ ဘူးသေး၊ ဆေးလဲတော်ရုံမထိုးပေး။ သွေးဖောက်တာ ဘာညာသာဒကာ အပူချိန်တိုင်းတာ၊ သွေးပေါင်တိုင်းတာ တွေကို နာစ်တွေသာ လုပ်တာ တွေမိသည်။ ဆရာဝန်တော်တော်များများမှာ နိုင်ငံခြားသား များသည်။ ခုထိ ဒေသခံမျက်နှာဖြူဆရာဝန် မတွေ့ ဘူးသေး။ ရှိတော့ရှိမည်။ ရှားမည်ထင်ပါသည်။ ကုသမှုမပေးမီ လူနာနှင့် လူနာရှင်ကို စုံစင်အောင် အချိန်ယူ ရှင်းပြသည်။ မေးခွန်းများစွာကိုလဲ ဖြေပေးသည်။ လူနာသဘောတူမှ ကုသမှုစတင်သည်။ ဒီမှာ အမှားအယွင်းများရှိလျှင် တရားစွဲဆိုမှုများလွန် သောကြောင့်ထင်မိပါသည်။ လွန်ခဲ့တဲ့ အပတ်က metro သတင်းစာထဲမှာ robot အကူအညီဖြင့် နှလုံးခွဲစိတ်သည်တဲ့။ တကယ်တော့ စက်နှင့် ခွဲ ဆရာဝန်က ခွဲခန်းအနီးက ကွန်ပျူတာမှ ထိန်းချုပ် ခြင်းသာဖြစ်မည်။ metro သတင်းစာ တော့ ကျမလက်ထဲမှာ ကော်ပီမရှိတော့ စိတ်ဝင်စားလျှင် ဒီလင့်မှာတော့ ဖတ်ရတာပို စုံမည်။ http://www.telegraph.co.uk/health/healthnews/7645049/Robot-used-in-heart-surgery.html . ကိုင်း ဆေးထိုးအပ်က စလိုက်တာ ဆေးပညာတွေ robot တွေအကြောင်း ရောက်ကုန်ပြီး နားလိုက်ပါဦးမည်။

Monday 3 May 2010

Climate Changes

ကျမတို့ မြန်မာပြည်မှာ အခုလတ်တလော ကြားနေရတဲ့ သတင်းတွေ အရ၊ နေခင်းနေ့ လည်မှာ အရမ်းပူလွန်းပြီး ၄၀ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ အဖျားအနာများပြီး၊ တချို့ ဆို အသက်ဆုံးရှုံးရတယ်လို့  http://www.irrawaddy.org/bur/index.php/news/1-news/3087-2010-05-01-11-36-27 ဧရာဝတီ သတင်းထဲမှာ ဖတ်ရပါတယ်။
Arctic Ice May Disappear in a Decade ဆိုတဲ့  article အရ -
သမုဒ္ဒရာကြီး တွေထဲက ရေခဲပြင် တွေရှိတဲ့ အာတိတ် သမုဒ္ဒရာကြီးဟာ ကမ္ဘာကြီး ပူနွေး လာမှုကြောင့် နွေရာသီရောက်ရင် ပုံမှန် သမုဒ္ဒရာတွေလို ဖြစ်သွားနိုင်တယ်လို့  ခန့်  မှန်း ကြပါတယ်။ ဒါဟာကြောက်စရာကောင်းတဲ့  ရာသီဥတုဖေါက်ပြန်မှု ပါဘဲ။


နှစ် သန်းပေါင်း များစွာတုန်းက ဒီ မြောက်ဝင်ရိုးစွန်းတန်းမှာ ရှိတဲ့  ပင်လယ်ပြင်ဟာ တနှစ်ပတ် လုံးရေခဲတွေ ဖုံးလွမ်းနေခဲ့တာပါ။WWF (World Wildlife Fund (WWF) ရဲ့  “The Catlin Atlantic Survey” သု တေသန ပြုချက်အရ ခုလို ရာသီဥတုဖေါက်ပြန်နေခြင်း ပိုမြန်လာပြီး။ နောက် ဆယ်စုနှစ်အတွင်း မှာ ဒီအာတိတ်သမုဒ္ဒရာကြီးမှာ နွေရာသီ ရေခဲတွေ အားလုံးအရည်ပျော် ပျောက်ကွယ်ကုန်မယ်လို့ ခန့် မှန်းကြပါတယ်။

ခုဆိုရင် ရေခဲပြင် ထု တော်တော် ပါးလွာလာပြီး နောက် နွေရာသီရောက်ရင် ရေပြင်ချည်း သီးသန့် သာ ကျန်တော့ မယ်လို့  ဆိုပါတယ်။ ဒါတွေရဲ့  နောင်ဖြစ်လာမဲ့ အကျိုးဆက် ကတော့ တကမ္ဘာ လုံးရဲ့  မိုးလေဝသ ကို ကဗြောင်းကဗြန် ဖြစ်သွားနိုင်ပါတယ်။ဒီ အာတိတ်သမုဒ္ဒရာကြီးဟာ တကမ္ဘာလုံးရဲ့  မိုးလေဝသ မှာ အရေးပါတဲ့  အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒီဒေသကို ကမ္ဘာကြီးရဲ့ ရေခဲသေတ္တာလို့  တင်စားခေါ်ဝေါ်ကြတာပါ။








တကယ်လို့ များ ရေခဲတွေ အားလုံး အရည်ပျော်ပျော်ကွယ် သွားခဲ့ရင် ဆူနာမီလို ရေလွှမ်းမိုးမှုတွေ၊ Nargis လို မုန်တိုင်းကြီးတွေ ဖြစ်လာပြီး၊ ကမ္ဘာကြီးရဲ့  သဲကန္တာရ နေရာလဲ ပိုကျယ်လာနိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် အသီးသီးတို့ ဒီကိစ္စကို အရေးပေါ်ဆွေးနွေးခဲ့ကြပြီး ချမ်းသာပြီးစက်မှုဖွင့်ဖြိုးတဲ့ နိုင်ငံကြီးများ ဟာ ၂၀၂၀ မှာ ကာဗွန် ထုတ်လုပ်မှုကို ၄၀% လျော့ချမယ်လို့  သဘောတူခဲ့ကြပါတယ်။ အဲဒီထဲမှာ ပြည်ကြီးတရုတ် နိုင်ငံကလဲ ရှေ့ ဆုံးက နေ တက်တက်ကြွကြွ ပါဝင်ပါတယ်။ကာဗွန် ပမာဏ ကို မထိန်းချုပ်နိုင်ရင်၊ သစ်တောပြုန်းအောင် အပင်ခုတ်ရင်၊ တောင်ယာ မီးရှို့  ရင်၊ လောင်စာဆီ အရမ်းသုံးရင် ၊ မဆွေးမြေ့ နိုင်တဲ့  ကြွပ်ကြွပ်အိပ်တွေ အသုံးများရင်၊ ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ မြန်မာပြည် အနေအထားနဲ့  နောက်ထပ် သဘာဝဘေးဒဏ်တွေ ထပ်ကြုံရမှာ ကို စိုးရိမ်မိသလို ၊ အာတိတ် ပင်လယ်ပြင်မှာ ကျက်စားနေတဲ့ ပိုလာ ဝက်ဝံမျိုးစိတ်တွေ အတွက် စိုးရိမ်စရာဖြစ်ပြီး၊ ရေခဲအိမ် Igloo မှာနေတဲ့ Askimos တွေ Air con ဝယ်ရမဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။

Saturday 1 May 2010

GENDER EQUALITY

Are women always needed to put make-up to look more feminine?

What do you think of women who don’t wear make-up ?

Do you think she is boyish/odd/weird/lesbian/tomboy ?

If women behave or think like men are odd/abnormal/unusual/out of ordinary?

Some people consider as women who have short hair is boyish/tomboy.

Just because you decide not to put make-up doesn’t mean that you are boyish woman. Even if you don’t know how to put make-up doesn’t mean that you are a gay.

I think who ever judges to someone base on the appearance alone, should probably … seriously reconsider what kind of prejudice prick they may or may not be.

Gender equality is important to me and I am sure it is to many other.