Monday 3 May 2010

Climate Changes

ကျမတို့ မြန်မာပြည်မှာ အခုလတ်တလော ကြားနေရတဲ့ သတင်းတွေ အရ၊ နေခင်းနေ့ လည်မှာ အရမ်းပူလွန်းပြီး ၄၀ဒီဂရီ စင်တီဂရိတ်ထက် ကျော်လာပါတယ်။ ဒါကြောင့် သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ အဖျားအနာများပြီး၊ တချို့ ဆို အသက်ဆုံးရှုံးရတယ်လို့  http://www.irrawaddy.org/bur/index.php/news/1-news/3087-2010-05-01-11-36-27 ဧရာဝတီ သတင်းထဲမှာ ဖတ်ရပါတယ်။
Arctic Ice May Disappear in a Decade ဆိုတဲ့  article အရ -
သမုဒ္ဒရာကြီး တွေထဲက ရေခဲပြင် တွေရှိတဲ့ အာတိတ် သမုဒ္ဒရာကြီးဟာ ကမ္ဘာကြီး ပူနွေး လာမှုကြောင့် နွေရာသီရောက်ရင် ပုံမှန် သမုဒ္ဒရာတွေလို ဖြစ်သွားနိုင်တယ်လို့  ခန့်  မှန်း ကြပါတယ်။ ဒါဟာကြောက်စရာကောင်းတဲ့  ရာသီဥတုဖေါက်ပြန်မှု ပါဘဲ။


နှစ် သန်းပေါင်း များစွာတုန်းက ဒီ မြောက်ဝင်ရိုးစွန်းတန်းမှာ ရှိတဲ့  ပင်လယ်ပြင်ဟာ တနှစ်ပတ် လုံးရေခဲတွေ ဖုံးလွမ်းနေခဲ့တာပါ။WWF (World Wildlife Fund (WWF) ရဲ့  “The Catlin Atlantic Survey” သု တေသန ပြုချက်အရ ခုလို ရာသီဥတုဖေါက်ပြန်နေခြင်း ပိုမြန်လာပြီး။ နောက် ဆယ်စုနှစ်အတွင်း မှာ ဒီအာတိတ်သမုဒ္ဒရာကြီးမှာ နွေရာသီ ရေခဲတွေ အားလုံးအရည်ပျော် ပျောက်ကွယ်ကုန်မယ်လို့ ခန့် မှန်းကြပါတယ်။

ခုဆိုရင် ရေခဲပြင် ထု တော်တော် ပါးလွာလာပြီး နောက် နွေရာသီရောက်ရင် ရေပြင်ချည်း သီးသန့် သာ ကျန်တော့ မယ်လို့  ဆိုပါတယ်။ ဒါတွေရဲ့  နောင်ဖြစ်လာမဲ့ အကျိုးဆက် ကတော့ တကမ္ဘာ လုံးရဲ့  မိုးလေဝသ ကို ကဗြောင်းကဗြန် ဖြစ်သွားနိုင်ပါတယ်။ဒီ အာတိတ်သမုဒ္ဒရာကြီးဟာ တကမ္ဘာလုံးရဲ့  မိုးလေဝသ မှာ အရေးပါတဲ့  အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒီဒေသကို ကမ္ဘာကြီးရဲ့ ရေခဲသေတ္တာလို့  တင်စားခေါ်ဝေါ်ကြတာပါ။








တကယ်လို့ များ ရေခဲတွေ အားလုံး အရည်ပျော်ပျော်ကွယ် သွားခဲ့ရင် ဆူနာမီလို ရေလွှမ်းမိုးမှုတွေ၊ Nargis လို မုန်တိုင်းကြီးတွေ ဖြစ်လာပြီး၊ ကမ္ဘာကြီးရဲ့  သဲကန္တာရ နေရာလဲ ပိုကျယ်လာနိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် အသီးသီးတို့ ဒီကိစ္စကို အရေးပေါ်ဆွေးနွေးခဲ့ကြပြီး ချမ်းသာပြီးစက်မှုဖွင့်ဖြိုးတဲ့ နိုင်ငံကြီးများ ဟာ ၂၀၂၀ မှာ ကာဗွန် ထုတ်လုပ်မှုကို ၄၀% လျော့ချမယ်လို့  သဘောတူခဲ့ကြပါတယ်။ အဲဒီထဲမှာ ပြည်ကြီးတရုတ် နိုင်ငံကလဲ ရှေ့ ဆုံးက နေ တက်တက်ကြွကြွ ပါဝင်ပါတယ်။ကာဗွန် ပမာဏ ကို မထိန်းချုပ်နိုင်ရင်၊ သစ်တောပြုန်းအောင် အပင်ခုတ်ရင်၊ တောင်ယာ မီးရှို့  ရင်၊ လောင်စာဆီ အရမ်းသုံးရင် ၊ မဆွေးမြေ့ နိုင်တဲ့  ကြွပ်ကြွပ်အိပ်တွေ အသုံးများရင်၊ ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်ပါဘူး။ မြန်မာပြည် အနေအထားနဲ့  နောက်ထပ် သဘာဝဘေးဒဏ်တွေ ထပ်ကြုံရမှာ ကို စိုးရိမ်မိသလို ၊ အာတိတ် ပင်လယ်ပြင်မှာ ကျက်စားနေတဲ့ ပိုလာ ဝက်ဝံမျိုးစိတ်တွေ အတွက် စိုးရိမ်စရာဖြစ်ပြီး၊ ရေခဲအိမ် Igloo မှာနေတဲ့ Askimos တွေ Air con ဝယ်ရမဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်။

No comments:

Post a Comment