Saturday 8 May 2010

CHICKENPOX

ီChickenpox ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာပါ။ ကိုယ်ခန္ဒာမှာ အရည်ကြည်အဖုတွေ တည်ပြီး တချိန်ထဲမှာဘဲ ကိုယ်ပူချိန်လဲ ရှိနေတတ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး ၊ လူကြီးတချို့ မှာလဲ ဖြစ်တတ်ပါတယ်။ ကူးစက်လွယ်တာမို့  Chickenpox ပေါက်ရင် အပြင်ထွက်ပြီး လူကောင်းတွေနဲ့ ရောနှော မနေတာကောင်းပါတယ်။ နှာချေတာ၊ ချောင်းဆိုးတာတွေ ဟာ ဗိုင်းရပ်ကို ဖြန့် ဝေပေးသလို ဖြစ်လို့  မကူးစက်အောင် သတိထားရမှာဖြစ်ပါတယ်။ ကိုယ်ပူချိန်တွေ တရိပ်ရိပ်တက်ပြီး အရည်ကြည်ဖုတွေ ပေါက်ချိန်မှာ ခံတွင်းပျက်တာတွေ ဘာတွေလဲ ဖြစ်တတ်ပါတယ်။ အရည်ကြည်ဖုတွေက နေ ပူစပ်ပူလောင်ခံစားရတာ မျိုးကို ကာကွယ်ဖို့  Calamine ဆေးရည်လိမ်းပေးရင် သက်သာပါတယ်။ ပါရာစီတမော့လို အကိုက်အခဲ သက်သာဆေး ။ ဘာမီတွန်လို antihistamine မျိုးကိုသောက်ဆေးအဖြစ်သောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ personal hygiene ဟာအရေးကြီးပြီး secondary bacteria infection မဖြစ်အောင် သန့် သန့် ရှင်းရှင်း ဖြစ်အောင် ထား ရပါမယ်။ ရေ ကို သောက်နေကျထက်ပို သောက်ပေးပါ။ အရည်ကြည်ဖုတွေကို မကုတ်မိအောင် ယားတိုင်း Calamine lotion ကိုလူးပေးပါ။

Chickenpox is caused by one of the most contagious virus. If you have chickenpox, you should stay away from the public in order to avoid contact with people who haven't had it. You can have some pain killer for instance, paracetamol. Some doctor prescribes the antihistamine tablets to ease the itchiness, even though that tablet can make you drowsy, it can help you sleep as the resulit it will stop you from scratching . You can also put calamine lotion (you can easily get in most chemist without prescription ) directly to your skin to prevent secondary bacteria infection and to sooth your skin. Have more water to prevent dehydration and stay home.


2 comments:

  1. ဖိုးတက်8 May 2010 at 19:01

    ကျောက်ပေါက်တဲ့ရောဂါဟာ ရာစုနှစ်ပေါင်းများစွာ လူသားတွေကို ဒုက်ခပေးခဲ့တယ်။ အခုတော့ သိပ်ဂရုစိုက်စရာ မလိုတော့ပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဆိုတာ အချိန်နဲ့အမျှ အသွင်ပြောင်းလဲနေတာမို့ ဂရုမစိုက်ပဲ မနေလို့မရပါဘူး။ စာရေးသူရေးသလို သူ့ကုထုံးလေးအတိုင်း လိုက်နာသွားကြရင်တော့ အားလုံးအဆင်ပြေကြမှာပါ။

    ReplyDelete
  2. ငါတို့ လူမျိုးတွေက အဲလိုကူးစက်ရောဂါမျိုးကို ပြီးနေသလား မဆိုနိုင်ဘူး။
    အိမ်မှာ မိန်းကလေား ၅ယောက်နေကြတယ်။ ဖိလစ်ပင်းမက ကျောက်ပေါက်တယ်။ နေ့ တိုင်း အခန်းပိတ် တယောက်ထဲနေပါများတော့ သူမနေနိုင်တော့ဘူး။ ရေနွေးလိုချင်တယ် အကြောင်းပြတယ်....အခန်းထဲလာတယ်....ပြန်မထွက်ဘဲ တီဗွီဖွင့်ထားတာထိုင်ကြည့်တယ်...မပြောပါဘူး...သိတယ်မဟုတ်လား...လူမျိုးနဲ့ ချီပြီး အားနာတတ်တာကိုး....သူပြန်ရင်တော့ အားလုံး ဟိုကုတ်..ဒီကုတ်တွေဖြစ်ကုန်ရော...သူလည်းမီးဖိုမှာချက်ပြုတ်နေတာဆိုတော့ ......ထိတွေ့ နေတာဘဲ.....အခုထိတော့ ...မြန်မာမိန်းကလေး ၄ယောက်လုံး ......ဖျားတဲ့သူဖျား...ယားတဲ့သူယားပေမဲ့....ကျောက်တော့မပေါက်ကြပါ။ ဒါကြောင့်ပြောတာ...ဒို့ လူမျိုးတွေ ......တချို့ ကူးစက်ရောဂါပြီးတယ်လို့ ....(အမှန်မသိပါ...စိတ်သက်သာသလိုရေးသွားပါတယ်)

    ReplyDelete