Thursday 6 May 2010

dutiya 's blog မှ ကြိုက်တဲ့ပိုစ့်တခု

ဓါတ်ပုံတွေနဲ့ စာရေးသူရဲ့ တွေးခေါ်ပုံတချို့ ကို စိတ်ဝင်စားမိလို့ ဒီပိုစ့် ကို ကူးယူထားပါတယ်။
မူရင်း Post Link ...
"http://dutiya.blogspot.com/2010/04/blog-post_30.html"

နားလည်ပေးနိုင်ပေမဲ့...

ထိုင်းနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ ကရင် တိုင်းရင်းသား အဆိုတော် ယူရီ ဟာ အမျိုးသားချင်း လက်ထပ်ပေါင်းသင်း နေထိုင်နေသူ ဖြစ်တဲ့အတွက် လူမှုရေးအဖွဲ့  အစည်းတစ်ခုက အဖွဲ့ ဝင်အဖြစ်မှ ထုတ်ပယ်လိုက်တယ် ဆိုတဲ့သတင်းကို ဧရာဝတီ site က ဖတ်မိပြီး လူမှုရေး အဖွဲ့ အစည်း တစ်ခုအနေနဲ့  ဒီလိုလုပ်တာ မှန်သလား မှားသလား ဘယ်လိုထင်လဲလို့  သူငယ်ချင်း တစ်ယောက်နဲ့  သူ့  အမြင် ကိုယ့်အမြင် တွေပြောဖြစ်တယ် ။

ကျွန်တော့်ရဲ့  အမြင်အရ ဆိုရင်တော့ အဲဒီ အဖွဲ့ အစည်းထဲမှာ သူဟာဘယ်နေရာ ကပါဝင်နေ သလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ် ။ သာမန် အဖွဲ့ ဝင် တစ်ယောက် အနေနဲ့  ဆိုရင်တော့ လူမှုရေး အသင်းအဖွဲ့  တစ်ခုအနေနဲ့  လိင်တူဆက်ဆံ နေသူဖြစ်နေ လို့  ဆိုပြီး ခွဲခြားမဆက်ဆံ သင့်ပါဘူး ။ ခေါင်းဆောင် တစ်ဦး ၊ စံပြပုဂ္ဂိုလ် တစ်ဦး အနေနဲ့  ဆိုရင်တော့ အဖွဲ့ အနေနဲ့  မမှားဘူးလို့ ထင်ပါတယ် ။ ခေါင်းဆောင် တစ်ယောက် ၊ စံပြပုဂ္ဂိုလ် တစ်ယောက်မှာ လူတိုင်း လက်ခံနိုင်တဲ့ ၊ အတုယူရတဲ့ အမူအကျင့် များသာရှိ သင့်ပါတယ် ။ လူအချို့ သာ လက်ခံနိုင်တဲ့ အမူအကျင့်တွေ ရှိနေတဲ့ သူကို ခေါင်းဆောင် နေရာ ၊ စံပြပုဂ္ဂိုလ် နေရာကနေ ထုတ်ပယ် တာဟာ မမှားဘူးလို့  ထင်ပါတယ် ။

လိင်တူ ဆက်ဆံမှုကို လုံးဝလက်မခံတဲ့ သူတွေရှိသလို ၊ နားလည်မှု ပေးပြီး လက်ခံသင့် တယ် ခွဲခြားပြီး မဆက်ဆံ သင့်ဘူးလို့  ပြောနေကြတဲ့ သူတွေလဲရှိ ပါတယ် ။ ဟိုမုန်း ပြောင်းလဲမှု ၊ ဟိုမုန်း မညီမျှမှု တွေကြောင့် ယောက်ျားလေး ခန္ဓာကိုယ်နဲ့  မိန်းမစိတ် ပေါက်ပြီး မိန်းကလေးလိုပဲ နေချင်တာ ၊ မိန်းကလေး ခန္ဓာကိုယ်နဲ့  ယောက်ျားလေးစိတ် ပေါက်ပြီး ယောက်ျားလေး လိုပဲ နေချင်တာ တွေကို နားလည်မှု အပြည့်အ၀ ပေးနိုင်ပေမဲ့ ၊ မိန်းကလေး အစစ် ယောက်ျားလေး အစစ် တွေနဲ့  တန်းတူ နေရာတိုင်းမှာ လက်ခံပေး ဖို့  ဆိုတာ မလွယ်ပါဘူး ။

စိတ်မနှံ့  သူတစ်ယောက်ဟာ သာမန်လူ တွေနဲ့  အခွင့်အရေး တန်းတူ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ဥပမာ - ဆုံးဖြတ်ချက်ချ ရမဲ့ အခြေ အနေ မျိုးတွေမှာ စိတ်မနှံ့  သူတွေကို သာမန်လူတွေလို သူ့ ဘာသာသူ ဆုံးဖြတ်ပါစေ ဆိုပြီး လွှတ်ထားလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက် ဟာလဲသာမန်လူ တွေနဲ့  တန်းတူ အခွင့်အရေးတွေ ရှိသင့်တာ မှန်ပေမဲ့ ၊ သာမန်လူတွေနဲ့  တန်းတူလို့  လက်ခံလို့  မရပါဘူး ။ ခြေထောက် တစ်ဖက်ထဲ ရှိတဲ့ သူတစ်ယောက်ကို သာမန်လူတွေရဲ့  ဘော်လုံး အသင်းမှာ ၀င်ကန်ခိုင်းလို့ မရပါဘူး ။

လိင်တူဆက်ဆံသူတွေကို စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေနဲ့  မနှိုင်းသင့်ဘူး လို့  ပြောရင် တော့ ဘာဖြစ်လို့ လဲလို့  ပြန်မေးပါရစေ ။ စိတ်မနှံ့ သူတွေ ၊ မသန်စွမ်းသူတွေ ဟာ နိမ့်ကျနေသူတွေ မဟုတ်ပါဘူး ။ သူတို့ ကို အဆင့်အတန်း ခွဲခြားတဲ့ စိတ်နဲ့  မကြည့် သင့်ဘူး ။ သူတို့ ဟာ သာမန်သူ တွေနဲ့  အဆင့်အတန်း တူညီကြတဲ့ သူတွေသာ ဖြစ်တယ် ။ အားလုံး တူညီကြတဲ့သူတွေ ကို အုပ်စု တစ်စုစီ ခွဲရင်သာ သာမန်လူတွေနဲ့  အုပ်စု မတူသူ တွေဖြစ်တယ် ။ သာမန် လူတွေကို စိတ်မနှံ့  သူတွေအုပ်စုမှာ ထည့်လို့ မရသလို ၊ စိတ်မနှံ့  သူတွေကိုလဲ သာမန်လူတွေ အုပ်စုမှာ ထည့်လို့  မရပါဘူး ။ တူညီတဲ့သူတွေသာ သီခြားစီ ဖြစ်ရမှာပါ ။

မိန်းမလျာ ၊ ယောက်ျားလျာ တွေလဲ အတူတူပါပဲ ။ မိန်းမလျာ တွေဟာ မိန်းကလေးတွေ နဲ့  အခွင့်အရေး တန်းတူရ သင့်ပေမဲ့ မိန်းကလေးတွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ ယောက်ျားလျာ တွေဟာလဲ ယောက်ျားလေး တွေနဲ အခွင့်အရေး တန်းတူရ သင့်ပေမဲ့ ယောက်ျားလေး တွေနဲ့  အုပ်စုတူ သူလို့  လက်ခံလို့ မရပါဘူး ။ စိတ်ချင်းတူ ပေမဲ့ ခန္ဓာကိုယ် ဖွဲ့ စည်းပုံချင်း မတူကြပါဘူး ။ ယောက်ျားလေးဟာ ယောက်ျားလေး အုပ်စု ၊ မိန်းကလေးဟာ မိန်းကလေး အုပ်စု ၊ ယောက်ျားလျာဟာ ယောက်ျားလျာ အုပ်စု ၊ မိန်းမလျာဟာ မိန်းမလျာ အုပ်စု အနေနဲ့  သာ လက်ခံရမှာပါ ။ ။

ဒီပုံလေးထဲက အနေအထားကို ဘယ်လိုမြင်ပါသလဲ ?



ဒီပုံလေးထဲက အနေအထား ဆိုရင်ရော ?


ကျွန်တော့်ရဲ့  အမြင်ကတော့ ယောက်ျားလျာ ၊ မိန်းမလျာ များကို သီခြား အုပ်စုတွေ အနေနဲ့  လက်ခံပါ ။ အဆင့်အတန်း ခွဲခြားပြီး မဆက်ဆံ သင့်ပါ ။ နားလည်မှု အပြည့်အ၀ ပေးသင့်ပါတယ် ။




No comments:

Post a Comment