Tuesday 29 December 2009

(100) အဖြူရောင် ခရစ္စမတ် ရဲ့ ဒိုင်ယာရီ

ခရစ္စမတ် ကာလ တစ်ခုလုံး ကျမ တစ်ယောက်ထည်း ဒီအိမ်ကြီးအပေါ်ထပ် က အခန်း သေးသေးလေး ထဲမှာ နေပါတယ်။ တခြား အခန်းထဲ က အမျိုးသမီးတွေ ကတော့ သူတို့  ဆွေမျိုးရှိရာ သွား နေကြပါတယ်။ နှင်းထူထူ ထဲထဲ ကျတဲ့  ဒီနှစ် ခရစ္စမတ် ကာလ ဟာ အင်မတန်မှ ပျင်းရိ ခြောက်သွေ့  ပါတယ်။
ကျမနေတဲ့ အိမ်ဟာ တောင်ကုန်း ပေါ်မှာ ရှိတဲ့ အိမ်တန်းတွေထဲ က အိမ်တစ်အိမ်ဖြစ်ပါတယ်။

နှင်းတွေ ဆက်တိုက်ကျတဲ့ 
နေ့  တွေမှာ အိမ်ရှေ့ လမ်းပေါ်မှာ ရပ်ထားတဲ့  ကိုယ်ပိုင်ကား ခပ်သေးသေးလေး တွေဟာ ဘီး တဝက်မက နှင်းထဲ မြုပ်နေပြီး။ သွားရေးလာရေး အင်မတန်ခက်ပါတယ်။ ခပ်ဝေးဝေး က လိုင်းကားသွား
တဲ့  လမ်းတွေမှာတော့ နှင်းတွေ ဖုန်းလွမ်း နေပြီး တ ကယ့်
ယာဉ်သွားလမ်းလား၊ ပလက်ဖောင်းလားတောင် ခွဲ မသိနိုင်ပါဘူး ။ ဒီဇင်ဘာ လ
(၂၂ )ရက်နေ့ ကဆို ကျမတို့  ဘက်သွားတဲ့  လိုင်းကား ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရထားလိုင်းတွေ ကို လည်း ခရီးစဉ် ပုံမှန်မဟုတ်ဘဲ ခပ်နည်းနည်း ခပ်ကျဲကျဲ သာ ပြေးဆွဲပါတယ်။
မြို့ ပေါ်မှာ သာ နှင်းကော်တဲ့  ဝန်ချီစက်လို ကားတွေနဲ့  အဆက် မပြတ် ရှင်း ထားတာကြောင့် လွယ်ကူပေမဲ့ ။ အခုကျမ နေတဲ့  နေရာက မြို့ နဲ့ နည်းနည်း လှမ်းတော့ ဖွေးဖွေး ဖြူ နေတာပါဘဲ။
နှင်းတောထဲမှာ စားစရာ ထွက်ဝယ်ဖို့ 
သိပ် အဆင်မပြေတာမို့  ခရစ္စမတ်ပွဲတော် မတိုင်မီ (၆)ရက် (ရ) ရက် နှင်းစကျက တည်း က စားစရာ ပဲကတ္တီပါ ပြုတ်ဘူး၊ ငါးသေတ္တာဘူး၊ ကြက်အသည်း ရေခဲရိုက်၊ ကြက်ဥ၊ မုံလာဥနီ၊ ကြက်ဥခေါက်ဆွဲ၊ စတာတွေကို ဝယ်ယူ ထားပါတယ်။ ညဘက်ညဘက် မှာ ကျမ အကြောက်ဆုံးက တိတ်ဆိတ်ခြင်းပါဘဲ။

ဟောင်းနေတဲ့ အိမ်ကြီးဟ ခေတ်မီ အိမ်အသုံးအဆောင်တွေနဲ့  ဆင်ရင်ထားပေမဲ့ လဲ ကြမ်းခင်း သစ်သားတွေ တံခါးတွေ ရဲ့ အပူအအေးကြောင့် ကျုံတဲ့အသံ၊ လေတိုက်လို့  မည်တဲ့ ညီးတွားသံတွေဟာ၊ ညဘက်မှာခြောက်ခြားစရာပါ။

ဒါ့ ကြောင့် ညသိပ်မှောင်လာရင် အောက်ထပ် ကို ကျမ မဆင်းတော့ဘူး။ အိပ်ခန်း ကျဉ်းကျဉ်းလေးထဲ အစားအသောက်တွေ နဲ့ 
ရေဂျိုင့် ကို သွင်းပြီး စာဖတ်ပါတယ်။ တွေ့ ကရာ စာ အားလုံးပေါ့။ တစ်လေ လာတတ်တဲ့ 
မောင်နှစ်မ များနဲ့  သူငယ်ချင်းအချို့ ရဲ့ ဖုန်း ကို စကားကြော ရှည်အောင် တမင်ဖြေပါတယ်။ တကယ်တော့ ကိုယ် ကြောက်နေတာ ကိုယ်သာ အသိဆုံးပါ။ နေခင်းဆိုလဲ လုပ်စရာ အလုပ် ရှာကြံ လုပ်နေမိပါတယ်။ ဖုန်သုတ်၊ အဝတ်လျှော်၊ ရေစိမ်ချိုး၊ အပြင်ဖက်က နှင်းတွေကို ခဏထွက်ကြည့် ပြီးရင်ထမင်းချက်၊ ထမင်းစား ၊ စာအုပ်ဖတ်၊ အင်တာနက်ကြည့် မှောင်ပြီး အလင်းရောင်ပျောက်ရင် အခန်းထဲမှာအောင်းနဲ့  ရက်တွေ တော်တော်ကြာခဲ့ပါပြီ။

ခုတော့  နှင်းအကျလဲ ရပ်သွားပြီမို့  အိမ်ရှေ့ လမ်းဟာ ညစ်ပတ်နေတဲ့ ဆားကွင်း ခပ်ညစ်ညစ် တစ်ခုလို ဖြစ်ကျန်ခဲ့ တာ ပါဘဲ။ လှတုန်းက လှခဲ့ တဲ့နှင်းအပြည့်ဖုံးနေတဲ့ လမ်းတွေ ဟာ ခုတော့ ဈေးထဲက လွှာစာမှုန့် ခင်းထားတဲ့  ဗွက်လမ်းတွေလို မျိုးပေါ့။ အိမ်အသီးသီး ကလူတွေ ထွက်ပြီး။ တူရွင်းပြားနဲ့ နှင်းတွေကို ကျုံးယူပြီး လမ်းရှင်းကြပါတယ်။ လမ်းထဲက ကလေးတွေ အသံလဲ ပြန်ကြားရပါပြီ။

ညဘက် နှင်းကျတဲ့  ရက် တွေမှာ ကျမဖတ်တာ ဝတ္ထု ၃ အုပ်တောင်ပြီးသွားပါပြီ။ ရိက္ခာအခြောက် အခြမ်း ပြတ်ပြီမို့  မနက်ဖြန်ခါ စာကြည့်တိုက်ကို စာအုပ်တွေ သွား အပ်ရင်း စားသောက်ဖို့  ဟင်းချက်ရိက္ခာ များ ဝယ်ရန် စီစဉ်ရပါဦးမည်။ အအေးဒဏ်ကြောင့် ခေါင်းအုံ ပြီး နှာစေးနေ လို့  မနက်ဖြန်အပြင်အထွက်မှာ ထူထူထဲထဲ ဝတ်ထွက်ဖို့  ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိပါသည်။ နားပါဦးမည်။

Thank you for reading this post

Monday 28 December 2009

WORDS OF WISDOM


A JOURNEY OF ONE THOUSAND MILES BEGINS WITH A SINGLE STEP.

CONFUCIOUS 555-479 BC

Friday 25 December 2009

(99) FATHER CHRISTMAS

To: Santa Claus

Alone and cold
Nowhere to go
Cos snow everywhere


Wind blowing to my face
Cold glass fills with ice
Pure hot water
Immediately broken into pieces

Look at from the windows
Snow Snow lots of Snow
I hope you brought something cool



25th December 2009 9:15pm

Monday 21 December 2009

(98) Gas မီးဖို စံနစ်တကျသုံးစွဲခြင်း

Gas မီးဖို ကို ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ။


Gas မီးဖို ဟာ အင်မတန်မှ အသုံးဝင်သလို အန္တရာယ် ကို သတိမမူ မိရင် လဲ ဆုံးရှံးမှု့  များ ကြုံ ရတတ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့  သိသင့်တာလေးတွေ ကို ဖတ်ထားသမျှ ၊ ဆရာ့ သင်ကြားမှု့  အရရော ဒီစာပိုဒ် လေးကို ရေးလိုက်ပါတယ်။

- Gas ယို စိမ့်မှု့  ကို အမြဲ သတိထားရပါမယ်။ Gas အနံဟာ သိသိသာသာ ခပ်ပျင်းပျင်း အနံ့  တစ်ခုပါ။ ဒါကြောင့် Gas မီးဖို ရဲ့  safety ကိုသိနိုင်ရန် အမြဲ့ အနံ ခံကြည့်ပါ။ Gas ယို စိမ့်တဲ့အချိန် အမှတ်တမဲ့  အနားမှာ စီးကရက်သောက်မိတာ၊ ဖယောင်းတိုင်ထွန်းမိတာမျိုးမလုပ်မိဖို့  သတိ ကြပ်ကြပ် ထားကြပါ။ Gas ယို စိမ့်နေတာကို သတိမမူမိဘဲ။ အနားမှာ မီးသွေးမီးဖို ကို ကပ်ပြီး သုံးမိရင် အန္တရာယ် အရမ်းကြီးတာမို့  ။ Gas မီးဖို နားမှာ ဘယ်လို မီးဖို မှ မထားသင့်ပါဘူး။

- Gas မီးဖို အနီးပါးနားမှာ ကောဇော၊ အဝတ်များ၊ လက်နှီးများ (မီးလောင်လွယ်သော အရာမှန်သမျှ) ကို မထားမိပါစေနဲ့ ။

- Gas မီးဖို ရဲ့  parts တွေ သံချေးတတ်နေတာ၊ ပျက်စီးနေတာ၊ တွေ့ ရင် ငွေကို မနှစ်မြောပါနဲ့  ချက်ချင်း part အသစ် လဲပါ။ Spare parts လဲလို့ မရရင် မနှမြောပါနဲ့  အသစ်သာဝယ်လိုက်ပါ။ မီးကျိုးမောင်းပျက်ဖြစ်နေတဲ့၊ ပျက်စီးနေတဲ့  အရာကို သုံးရင် အန္တရယ် အတွက် ရတက်မအေးရပါဘူး။ risk မယူပါနဲ့ ။

- ချက်ပြုတ်၊ ကြော်လှော်နေတုန်းမှာ မီးအရှိန်ကို ချက်ချင်းအမြင့်ကြီးကို လှည့်ပြီး မမြှင့်ပစ်ပါနဲ့ ။ ဥပမာ အကြော်ကြော်တဲ့ ဒယ်အိုးလို မျိုးဆိုရင် မီးဟပ် တာ မျိုး ဖြစ်တတ်လို့  အန္တရာယ် သိပ်များပါတယ်။ အဲဒီလို ဆီပူကနေ ဒယ်အိုးမှာ မီးဟပ်ပြီး စွဲရင် ရေ လောင်းပြီး ငြိမ်းတာမျိုး လုံးဝ မလုပ်ပါနဲ့ ။ ဆီပူကနေဟပ်တဲ မီးကို ရေလောင်းပြီးငြိမ်းရင် မီးကို ပိုလောင်အောင် နေရာ ဖြန့့် ပေးလိုက်သလို ဖြစ်တာမို့  ရေလောင်းပြီး ငြိမ်းသတ်ဖို့ မကြိုးစားပါနဲ့ ။

- ကိုယ် ရဲ့ Gas မီးဖို ဟာ ပြင်ဆင်မှု့ လို အပ်နေရင် ၊ ချက်ချင်းပြင်ပါ။ Safety မဖြစ်တော့တဲ့ ပစ္စည်း ကို မနှစ်မြောပါနဲ့ ၊ ပြင်မရ ရင် အသစ်ဝယ်ပါ။ အိမ်ရှိ Gas မီးဖို အသုံးပြု သူများကို လဲ သေချာအောင်ရှင်းပြပါ။ နေတိုင်း Gas ယိုထွက်မှု့ ရှိမရှိကို စစ်ဆေးပါ။ သုံးပြီးတိုင်းလဲ knob အဖွင့် အပိတ်ကို သေချာအောင်ပြုလုပ်ပါ။ check twice b4 you left kitchen. Safety First ဆိုတာကို အမြဲ သတိယပါ။

Friday 11 December 2009

(97) Bolton ပြတိုက်သို့ တစ်ခေါက်

Bolton မြို့  လည် စာကြည်တိုက် အပေါ်ထပ်မှ ပြတိုက် နှင့် အောက်ထပ်မှ ငါးကန် များကို ဓါတ်ပုံ ရိုက်ပြီး တင်လိုက်ပါတယ်။ ဝင်ကြေးမပေး ရပါဘူး။ ဓါတ်ပုံရိုက်လို ရင်တော့ ပြတိုက်က လူတွေကို ခွင့်တောင်းပြီး ဖေါင်ဖြည့် ရပါတယ်။

ဒီငါးကန်ထဲက ငါးကတော့ Green Giant Fish အစိမ်းရောင် ငါးဘီလူး ပါ ခန့် မှန်းအရှည် ၄ပေ၊ ၅ပေခန့် ရှိပြီး မျက်လုံးများက သာကူစေ့ ပမာဏလောက် သေးငယ်ပါတယ်။ မျက်စေ့မမြင်ပါဘူး။


၂၀ရာစု ဦးပိုင်းက ပါလိလို ရေးထားတဲ့ ဗုဒ္ဓ ပေလွှာ ပါ။ China Burma လို့် ရေးထားလို့ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပေရွက်က ပြောင်းပြန်ဖြစ်နေ ပါတယ်။

နိုင်းမြစ် (အရှည်လျှားဆုံးမြစ်) မှ ငါးတွေရဲ့ ဓါတ်ပုံပါ။




အောက်ပါ ပုံကတော့ အုန်းပင်က အုန်းဆံနဲ့ ယက်လုပ်ထားတဲ့ ၁၉ရာစု မှ Body Armour ပါ။ သံချပ် ဝတ်စုံလို မျိုးပေါ့။ အုန်းဆံချပ် ဝတ်စုံဆို ရင်ပို မှန်ပါတယ်။



Bolton, ပြတိုက်မှာ မြင်ခဲ့တဲ့ မြန်မာပြည်မှ ဗုဒ္ဓ ဆင်းတုတော် ပုံကို ဖူးခဲ့ရလို့  လို့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး တင်လိုက်ပါတယ်။ ဓါတ်ပုံ မှုန်ဝါးဝါး ဖြစ်နမလားမသိဘူး။ မြန်မာပြည် ကမို့  မြင်ရတွေ့ ရခဲ လို့  ပါ။



mummy ရုပ်အလောင်းပါ
အမျိုးသမီး တစ်ယောက်နာမည်နဲ့ ရှိတဲ့ အသုဘ အခေါင်းထဲက ယောက်ျားတစ်ယောက်ရဲ့  mummyfy body ပါ။ အဲဒီ အသုဘအခေါင်းဟာ အနှစ် ၃၀၀ လောက်ကြာမှ ပြုလုပ်ထားတာ လို့ ဖတ်ရပါတယ်။ အခေါင်းမှ အမျိုးသမီး ဟာ (c. 900BC) မှ ဖြစ်ပြီး Xray အရ ဒီအခေါင်းထဲ က body ဟာ အသက် ၂၀-၃၀ ရှိ (c. 1200 BC) မှ အမျိုးသား တစ်ဦး ဖြစ်ပါတယ်တဲ့။ ဘယ်လို ကြောင့် သူ့ ရဲ့ ရုပ်ကြွင်းဟာ နောက်အနှစ် ၃၀၀ လောက်မှ သေတဲ့ အမျိုးသမီး တစ်ဦးရဲ့  အသုဘ အခေါင်းထဲကို ရောက်နေတယ်ဆိုတာ စဉ်းစားစရာ စိတ်ဝင်စားစရာ ပါဘဲ။

Monday 7 December 2009

(96) MRO (OR)MRU, minority people from Burma, Bangladesh & India

လူနည်းစု " မြို " လူမျိုးများအကြောင်း

ရခိုင်ရိုးမ တွင် ရခိုင်လူမျိုး အပြင် မြို ၊ သက်၊ ခမီ(ခမွီး)၊ ဒိုင်းနက် နှင့် ကမန် လူမျိုးစု တို့ နေထိုင်ကြသည်။ ၄င်းတို့  အနက်မှ ကျမ တွေ့ဘူးသော မြို လူမျိုးတို့ အကြောင်းကို တင်ပြပါမည်။

မြိုလူမျိုးတို့ ကို မြန်မာနိုင်ငံ ရခိုင်ရိုးမ တွင် သာမက ဘင်္ဂလာဒေ့ရှ် အရှေ့ တောင် ဘက်ရှိ (စစ်တကောင်း တောင်တန်း Chittagong ) နှင့် အိန္ဒိယ အရှေ့ မြောက်ဖျား တောင်တန်း တွင် အခြေချ နေထိုင် ကြကြောင်း ဖတ်ရှု ခဲ့ရသည်။

အဓိက အသက် မွေး ဝမ်းကျောင်း လုပ်ငန်းမှာ စူးထိုး တောင်ယာ လုပ်ငန်း ဖြစ်ပြီး တောင်ပေါ်တွင် သာ နေထိုင်ကြသည် မြေပြန့်  ဒေသတွင် မနေလိုကြပေ ။တောင်ယာ ရှိသော တောင်တန်းများ ပေါ်တွင် ရွေ့  ပြောင်း နေထိုင် ကြသည်။

မြိုလူမျိုးတို့ နေသည့် ဒေသတွင် ငွေကြေး သုံးစွဲခြင်း ထက် ကုန်ပစ္စည်းဖလှယ်ခြင်း ကို ပို တွေ့ ရသည်။ ဥပမာ။ တ အိမ်မှဆန် နှင့် တခြား အိမ်မှ အသီးအနှံ၊ သား၊ ငါး၊ ဒန်အိုး ဒန်ခွက်၊ ဆီ၊ ဆား စသည်တို့ ကို ဖလှယ် ကြသည်။ မောင်တော၊ ဘူးသီးတောင် ဒေသတွင် မြိုလူမျိုးတို့ တည်သော ဒိန်ချဉ်မှာ နာမည်ကြီးသည်။ သူတို့ နေသည့် အိမ်မှာ ဝါးလှေကား၊ ဝါးထရံ၊ ဝါးကြမ်းခင်း စသည့် ဝါးကို အခြေပြု ဆောက်ထားသည်။ ဝါးတိုင်များစွာကို အသုံးပြုကာ ဆောက်ထားသည်။ ဓါတ်ပုံ များစွာ ရိုက်ယူ ခဲ့သော် လည်း ယခု ကျမ လက်ထဲတွင် မရှိပါ။

မြို တို့ သည် ပျားဖွတ်ခြင်း၊ ငှက်ဖမ်းခြင်း အပင်တက်ခြင်း စသည့် မုဆိုးအတတ်ပညာ ကြွမ်းကျင် ကြသည် ။ ဒါ့ အပြင် ဝါးကြောဖြင့် ယက်သော ၊ ပလိုင်း၊ တောင်း၊ ငါးဖမ်းသည့် မြုံး စသည့်ကုလားထိုင် ၊ ထရံ စသည့် လက်ယာမှာ ပြောင်မြောက် ကြွမ်းကျင် ကြပါသည်။

အရွယ်ရောက် ကာစ မြို လူငယ်များသည် ဦးခေါင်း ထိပ်ပေါ်တွင် ဆန်ထုံး ထုံးကြသည်။ ပန်းပန်ကြသည်။ ကွမ်းဝါး သဖြင့် နှုတ်ခမ်း အရောင်မှာ အနီရောင်ရဲ နေပြီး၊ အများစုမှာ ကိုယ် အထက်ပိုင်း ဗလာ နှင့် နေကြသည်။ ခါးတောင်း ကြိုက် ကြသည်။ ဓါးလွယ်ကြသည်။ ဝါးပလိုင်းလွယ်ကြသည်။ ကျမ အလုပ်မှ နိုင်ငံခြားသား အရာရှိတစ်ဦး က ကျမအား "I saw very beautiful Mro boy in Kanyin Chaung Market" လို့ ပြောဖူးသည်။ ဘယ်လို ကြောင့် Beautiful လို့ ပြောတာလဲဆိုတော့ တော်တော်ကြည့်ကောင်းလို့ ၊ အသားအရည်လှလို့  ပလိုင်းနှင့် ဒါးနှင့် ချိတ်လွယ်ထားပြီး ကညင်ချောင်း ဈေးအတွင်းတွေ့ လိုက်စဉ် သူမှာ ထူးဆန်းလွန်းသဖြင့် တဒင်္ဂ ကြက်သေသေသွားခဲ့ ပါသည်တဲ့။

အောက်ပါ မြို အမျိုးသမီး ဓါတ်ပုံကို Google image မှ ကူးယူဖေါ်ပြပါသည်။



ယခင်က မြို အမျိုးသမီးများသည်လည်း ကိုယ်အထက်ပိုင်း ကို အဝတ် သိပ်မဝတ်ကြ၊
မြို့ ပေါ်တက်ကာ ဆားဝယ်၊ ဆီဝယ်မှ သာ အဝတ်ဆင်ကြသည်တဲ့။ ယခုတော့ ဘယ်လို နေကြမည်မသိ လွန်ခဲ့သော (၁၃) နှစ်ခန့် ကတော့ သူတို့ တွေ မြို့ တက်လာလျှင် မြေပြန့် ပြန့် ကို လမ်းသိပ်မလျှောက်တတ်ကြ တန်းစီပြီး လျှောက်ကြသည်။ (တောင်တက်နေသူတွေရဲ့ ဓလေ့အတိုင်း)။

မြို လူမျိုး အများစု ၏ အသားအရောင်မှာ အတော်လတ်သည်။ မြို အမျိုးသမီး လေးများ မှာ အတော်ကို ချောမော လှပကြသည်။

အကျဉ်းချုပ် ဆိုရသော်၊ မြိုလူမျိုးများသည်၊ ရိုးသားကြသည်။ နည်းပညာမတိုးတက်သော နေရာတွင် အခြေချကြသဖြင့် တောင်ယာသည်သာ သူတို့ အသက်သွေးကြောပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးကြသည်။ ကျန်းမာရေး နှင့် ပညာရေး မှာ ဒေသအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး နှင့် စီးပွားရေးနိမ့်ကျမှု့ ကြောင့် အဆင့်မမှီပါ။ သို့ သော် “ ငါတို့ တောင်မှာ ငါတို့ ပျော်သည်“ တဲ့။

မြို တို့ ရဲဒေသ ကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး သင့်သည်။ အချိန်တွေ လဲ ကြာခဲ့ပါ ပြီ။

Sunday 29 November 2009

(95) Tea Leave pickle

ကို ဂျီး

နင်ပို့ ပေးတဲ့ လက်ဖက်အသားနဲ့  မရမ်းပြားထုတ်တွေရဒယ်
ကျေးဇူးဘဲ

ဒီမှာ ကွမ်းသီးလုံးလောက် အရွယ် လက်ဖက်တစ်ထုတ် ကို
၂ ပေါင် နီးနီး ပေးဝယ် စားရတာဟ ။ လေယာဉ်ခ ဈေးကြီးလို့  ထင်ပါရဲ့ ဟာ။ ငါတောင် ရောင်းစားချင်ဒယ် တကယ်။

အာဂျီနိုမိုတို ထုတ် တစ်ထုတ် စာလောက်ဆို ၅ ပေါင်လောက်ပေးရမယ် နင်သိလား
ဒါတောင်ဖွထားတာနော်

ငါက ကြိုက်တဲ့ အစားအစာစားရ ရင် လေမချုပ်ဘူး ။

သန်းကကျူး ကိုဂျီး

Saturday 21 November 2009

(94) Suddenly I see


..S.. H .. E..

(93) လမ်းထဲက လူဂျီးမင်းလေးများ


လမ်းထဲက လူဂျီးမင်းလေးများ
လမ်းထဲက အသက် ၅နှစ်အရွယ် ကလေး၃ယောက် အိမ်ရှေ့ နားမှာ ရစ်သီရစ်သီနှင့် ခြံ ရှေ့  နားလေးကနေ အလုပ်ရှုပ်နေသည်။ အမှိုက် ထွက်ပစ်တုန်းမှာ သူတို့ လေးတွေကြည့် နေသည့် နေရာကို လှမ်းအကြည့် အနီနဲ့ အပြာစပ် တစ်ဒေါင် လောက်ရှိသည့် Spider man အရုပ် က ကျမတို့ နေ သည့် အိမ်ရှေ့  မြက်ထူထူ ခြံဝင်းထဲ ရောက်နေသည်။ ကောက်ယူပေးလိုက်တော့ ကလေးတွေက ကျမကို နာမည်မေးသည် နောက်ပြီးတော့ နောက်တော့ ခြံရှေ့ မှာ မြက်တွေ များရင် တီကောင် တွေ အများကြီး ရှိလိမ့်မည်တဲ့။ ငါမကြောက်ဘူးလို့ ပြောတော့ မျက်ခုံးတွန့်  ပြီး ကြောက်သလို ဟန်ပြသည်။ ဒါဆို နောက်တခါ အရုပ်ကျရင် လဲကောက်ပေးနော်လို့  ကျေးဇူးဘဲတဲ့။ ဒါနဲ့ ကျမလဲ ခြံထဲကို ဝင်အောင်မပစ်နဲ့  ပေါ့ လို့  ဆိုတော့။ ငါတို့ က နင် လာ ကူကောက်ပေးမှာ သိလို့ စမ်းပြီး ပစ်ကြည့်တာတဲ့။ သူတို့  ၃ယောက်ထဲ ကစားရတာ ပျင်းတယ်တဲ့။ ဘောလုံးပစ်တမ်းကစားရင် ပါမလားတဲ့။ လူကောင်သေးသေး မျက်လုံးပြာနဲ့ ကောင်ငယ်လေး က သူ့ မှာ စီးစရာ စကိတ် လဲရှိသည်တဲ့ ။ သွားကျိုးနေသည့် ချာတိတ်က သူ့ မှာ Bat Man လဲရှိတယ်။ Robot လဲရှိတယ် ဆိုဘဲ၊ ငါ့မှာလုပ်စရာတွေ ရှိသေးတယ်လို့ ပြောတော့ ။ Busy မဖြစ်တဲ့အချိန် အားတဲ့အချိန် ငါတို့ ကစားဝိုင်းထဲ ဝင်ပါလေ တဲ့ you are most welcome ပါတဲ့ ။ လူဂျီးမင်းလေးတွေ လူစိမ်းကြောက်ပုံမရ။ မိတ်ဖွဲရမှာ ဝန်မလေးကြ။

Saturday 14 November 2009

(92) ကလေး အတွေး၊ ကလေးအဖြေ

မောင်လေး သူငယ်တန်း စာမေးပွဲ မှာသချာင်္ဘာသာရပ်ဖြေပြီး အိမ်ကိုပြန်လာသည်။

" ဖြေနိုင်လားမောင်လေး"
""အင်း""
မုန့် ဆီကျော် စားရင်း ပလုတ်ပလောင်းဖြေသည်။ မုန့် 
ဆီကျော်ကို ထုတ်ထားသည့်  စာရွက်ကို ကြည့်လိုက်တော့

သူ့ ရဲ့ သင်္ချာအဖြေလွာ။

ကျောင်းကို အမြန်ပြေးပြီး ပေးရသည်။ အင်မတန်တော်သည့် သူငယ်တန်းကျောင်းသား
--------- x--------------x---------
အိမ်ရှေ့ အိမ်က ကျူရှင်လာတက်သည့်  လှဝင်း တစ်ယောက် ဒီလို စာအံသည်။

ပုရွက်ဆိတ်ဘာလုပ်နေသနည်း။
ပုရွက်ဆိတ် နမလုံးတွေ နဂွဲတွေ နွင်းထဲ့သို့  ချီသွင်းနေပါသည်။

--------- x--------------x---------
ကျမ
ပထမတန်း တုန်းက ပတ်ဝန်းကျင် ဘာသာရပ် လူတွေ့  စာမေးပွဲ၊ မှာ ဒီလို ဖြေခဲ့သည်။

သင်သိသော အပင်(၁ဝ)မျိုးကို ပြောပြပါ။
ညောင်ပင်
မန်ကျီးပင်
သက်ကယ်ပင်
သရက်ပင်
ဇီးပင်
နောက်ပြီးခါကျတော့
ငရုတ်ပင်
ပင်စိမ်းပင်
ကြက်သွန်ပင်
နောက်ပြီး တော့
ဟို ဟို

ကျိတ်မန်ရွက်ပင်
ယစ်ကလူပင် (မှားသွားသည် - ယူကလစ်ပင်)

Friday 6 November 2009

(91) Buddha Reincarnation?

နီပေါနိုင်ငံက ဘုရားဝင်စားတယ် လို့ ယုံကြည်ကြတဲ့  တရားအားထုတ်နေတဲ့ လူငယ်လေး အကြောင်းပါ။ Scientist တွေက ဗွီဒီယို ကင်မရာမှာ ရိုက်ယူပြီး သူ့ ကို သုတေသနလုပ် ကြပါတယ်၊။ မနှစ်က နိုဝင်ဘာလ မှာ တောထဲက တစ်ခါတက်လာပြီး တရားဟောပါတယ်။ Youtube မှာ သူ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ စိတ်ဝင်စားဖို့  ကောင်းလို့  ဒီဟာလေး ကို ချိတ်တင်လိုက်ပါတယ်။







(89) Every Breath You Take


၁၉၈၈ ခုနှစ် က Sting ရဲ့  စင်ပေါ်က သီချင်းတပုဒ်ပါ။ ၂၁ နှစ်တောင်ကြာခဲ့ပါပြီ။ Youtube မှ ချိတ်ယူပြီး လုပ်ထားပါတယ်။

Saturday 31 October 2009

(90)သေရွာပြန် Dr. Richie

Dr George Richie ကို 25th September 1923 အမေရိကန်နိုင်ငံ မှာမွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန် (၁၉၃၉-၁၉၄၅) မှာ Pneumonia (အဆုတ်အအေးမိ) ရောဂါဟာ life threatening ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ကို ဆုံးရှုံး ခဲ့ ကြ ရပါတယ်။ Virginia ဗာဂျင်းနီးယား Richmond မှာ ရှိတဲ့  medical classes ကိုတက်ဖို့ စောင့်နေတဲ့ Private George Richie ဟာ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ Texas ဆေးရုံမှာ George တစ်ယောက် Pneumonia (အဆုတ်အအေးမိ) ရောဂါနဲ့  ၉မိနစ်တိတိ သေဆုံးခဲ့ပါတယ်။ Richmond မှာရှိတဲ့ဆေးသင်တန်း တက်ရန်ပြင်နေတဲ့  George Richie ဟာ သင်တန်းမသွားမီ၊ ပြင်းထန်တဲ့  အဆုတ် အအေးမိရောဂါ ကို အလူးအလဲခံစား ခဲ့ရပါတယ်။ ၉မိနစ်တာ လူ လောကကြီး ကနေ ပျောက်ဆုံးသွားတဲ့  Private George Richie ရဲ့ ဖြစ်ရန်ဆန်းအတွေ့ အကြုံ ကို ဗွီဒီယို မှတ်တမ်း ရိုက်ထားတာ ရှိပါတယ်။ Private George Richie ရဲ့ သေရွာပြန်မှတ်တမ်းကို အောက်က Video မှာကြည့်ပါ။ ကာယကံရှင်ကိုယ်တိုင် ကိုယ်ကျပြောထားတာမို့  စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက် ၈၄နှစ် အရွယ် Dr George Richie တစ်ယောက် 29 October 2007 မှာ ကွယ်လွန်ခဲ့ပါပြီ။




မှတ်ချက် google video, wiki, my life after death မှ အချက်အလက်များကို ကိုးကားပြီး သည်post ကိုရေးပါသည်။

Wednesday 21 October 2009

(88) ရိုးရိုး တဖြစ်လဲ ဆန်းဆန်း

ရှင်းလင်း တဲ့လေယူ လေသိမ်းဟာ တိတိကျကျ ပိပိရိရိ ပြတ်ပြတ် သားသား ရှိလို့  အင်မတန် ကောင်းပါတယ်။ မြန်မာလို စကား ပြောရင်လဲ ဒီလို တိတိကျကျ ပြောတတ်တဲ့ ရှေးခေတ်က မြန်မာ ရုပ်ရှင်ကား တချို ဟာ ကြည့်လို့ မငြီးနိုင်ပါ။

ရုပ်ရှင် ရိုက်ပစ္စည်း များ သိပ်မထွန်းကားသေးတဲ့  အချိန် အဖြူ အမည်း ကား တွေ မှာ တောင် သီချင်း သံလေး ကအစ အမူအရာ အဆုံး ခပ်လေးလေး ခပ်ဆဆ ပြောတတ်တဲ့ မေရှင်၊ ကြည်ကြည်ဌေး၊ မေသစ်တို့ ရဲ့ အသံ အမူဟန်လေးတွေ ဟာ တကယ် ပညာ ပါ ပါတယ်။ အရိုးဆုံးဟာ အဆန်းဆုံး ပြန်ပြန် ဖြစ်တတ်တာကြောင့် ခေတ်ဟောင်း ရုပ်ရှင်ကားးများ copy ကောင်းကောင်း ရှိရင် free download လုပ်လို့ အဆင်ပြေရင် စုစည်း ထားချင်ပါတယ်။ အိမ်မှာ အငယ်ဆုံးတွေဖြစ်တဲ့ ရှုတုတုနှင့် ပိစိမ တို့ အတွက် ပါ။

အင်္ဂလိပ်လူမျိုးတွေရဲ့ လေယူလေသိမ်းထဲမှာ X factor အစီအစဉ် ကို ဦးဆောင် တည်းဖြတ်တဲ့ အမှတ်ပေးဒိုင် Simon Cowell ရဲ့  လေယူလေသိမ်းဟာ အင်မတန်ရှင်းလို့  ကြိုက်ပါတယ်။

အခု အောက်က you tube video လေးကတော့ ကျမ နှစ်သက်တဲ့  Sting ရဲ့ Englishman in New York ပါ။ စာသားထဲက တချို့  စာကြောင်း လေး တွေထဲက နှစ်သက် မိတာကတော

Confront your enemies, avoid them when you can

A gentleman will walk but never run


If, "Manners maketh man" as someone said
Then he's the hero of the day
It takes a man to suffer ignorance and smile
Be yourself no matter what they say


ရေးသားသူ ကိုယ်တိုင်သီဆိုထားတာမို့  အရမ်းကြိုက်လို့ မကြာခဏ လိုက်ဆိုနေမိပါတယ်။

Friday 16 October 2009

Big Bag

မယ်တင်


ရွှေယုန်နဲ့ ရွှေကျား


သတိရရဲ့ လား

(87) မနိုးပါစေနဲ့ မိုးရယ်

အဆိုတော်ကိုင်ဇာ - မနိုးပါစေနဲ့ မိုးရယ်

Friday 2 October 2009

(86)YELLOW FEVER

Monday 28 September 2009

(85) Anjelah Johnson






Sunday 27 September 2009

(84)အာရှနွယ်ဖွား ရှေ့ နေရဲ့  Amazing Performance

အူနှိပ်ပြီး ရီရတယ်။
5 stars ပေးပြီး။ 5 ခေါက်လောက် ပြန်ကြည့်မိလို့ 
်!!!! FIRST AUDITION!!!!





့!!!!!SEMI FINAL REVEALED!!!!!






(83) My Favorite Comedian RUSSEL PETERS

!!!!!!!BE A MAN!!!!!!!!



!!!!! BEATING THE KIDS!!!!

(82) ရာဇဝင်လေးအဖြစ် ကျန်ခဲ့ပြီ။

ယခုရေးသော post ကလေးမှာ ကျွန်မ အတွက် ဆွတ်ပျံ့ လွမ်းမော စရာ ငယ်ဘဝ အကြောင်း တစ်စေ့တစ်စောင်း ၊ ကျွန်မတို့ ဖခင်နှင့် သူ့ ၏ အလုပ်နှင့် လုပ်ဖေါ်ကိုင်ဘက်များအကြောင်း ၊ ခေတ်ကာလ နှင့် ရိုးရှင်းသော အုပ်ချုပ်ရေး၊ ငြိမ်းချမ်းသော လူလူချင်းယိုင်းပင်းမှု လေးများကို ဖေါ်ပြထားပါသည်။

အိမ်ရှေ့ ဘက်မှာ ဆိုင်ခန်းနဲ့ တွဲ ရက် ကျွန်မတို့ ဖခင် ရုံခန်း စဆောက်တော့ နွေရာသီ အိမ်အောက်ကို အေးအောင် ရေလောင်း ထားသည်။ ဆောက်လက်စ အုတ်မြစ်တက်ကာစ ဘိလပ်မြေနံ့ သင်းသင်း နှင့် အသစ်ချွက်ချွတ် အုပ်မြစ် ကို ကြည့်ပြီး စိတ်လှုပ်ရှားလွန်းသဖြင့် ခုံပေါက်ပြေးလွှားရင်း မတော်တဆ ချော်လဲပြီး လက် တဒေါင်ဆစ်မှ အဆစ် လွှဲခဲ့သည်။ ကျွန်မတို့ ဖခင်က လက်ကို ကျိုးမကျိုး သေချာ စမ်းသပ်ပြီး သစ်သား ပေတံလေးဖြင့်ထိန်းကာ ပတ်တီးစီးပေးပါသည်။ နောက် ကျွန်မကို ချီပိုးပြီး သမဝါယမ ဆေးခန်း ရှိရာကို ခေါ်သွားပြီး ဆရာဝန်နှင့် ပြပါသည်။

အိမ်ဘေးဘက်တွင် မိုးတွင်းစာ ထင်းလှောင်ထားသော (မောင်းရပ်) အဖီမှာ ဝါးအခင်း၊ ဝါးအကာ၊ ဓနိမိုးဖြစ်ပြီး နိမ့်သဖြင့် လက်လွှဲခိုပြီး ကစားနေကြဖြစ်ပါသည်။ လူကြီးများ တားသည့်ကြားမှ အခါအခွင့်သင့်တိုင်း မောင်လေးတို့  ပုခက်ကို ခိုး စီးနေကျ။ သည်မောင်းရပ်ကလေး လုပ်ပြီးမှ ပုခက်ခိုးမစီးတော့ ။ မောင်းရပ်အဖီမှာ ကုလားထိုင်လေးချကာ ကျောင်းကွင်းထဲမှ ဘောလုံးကန်ပွဲ ကြည့်ရသည်မှာ အင်မတန်ကောင်းပါသည်။

မောင်းရပ် အဖီကလေးမှာ ကစားခုန် ကစားရတာ အလွန် သဘောကျစရာ ကောင်းသည်။(မိဘများ မျက်ကွယ်) တစ်နေ့ တော့ ဘားတန်းခိုသလို ခိုလွှဲပြီး ကစားနေခိုက် အရှိန်ဖြင့် ကျမကိုယ်ပေါ်ကို မောင်းရပ်ပြို ကျပါတော့သည်။ ဝါးချွန်စိုက်သဖြင့် ရင်ဘတ်မှာ သွေးရဲရဲထွက်ခဲ့သည်။ တင်ချာ အင်အိုအင်းစပ်စပ်ထည့်ပေးသည်ကို ကြိတ်ခံခဲ့ရသည်။ ကိုယ်အပြစ်နှင့် ကိုယ်ဖြစ်သဖြင့် ငိုကြောမရှည်ရဲခဲ့ပါ။

ကျွန်မအထက်က အမ (No3) နှင့် အုန်းပင်ချိတ်တက်ခဲ့ဖူးသည်။ ပလပ်စတစ်ကြည်ကြည်ထဲတွင် ကွမ်းသီးများနှင့် ရေကိုထည့်ကာ အုန်းပင်ထိပ်နားအထိတက်ပြီးထားသည်။ ဘာရယ်မဟုတ် ကြာကြာထားပြီး ရေနူးလာသည့် ကွမ်းသီးခြောက်များကို စားရသည်မှာ ရင်ငန်းစေ့ ကိုက်စားရသည်ထက် နူးညံပြီး အဖန်လဲ သက်သာပါသည်။ အုန်းပင်ထိပ်ဆုံး ရောက်အောင် အုန်းဖလက်များ ပေါ်မှ တဆင့် ခက်ခက်ခဲခဲ ချိတ်တွယ်တက်ပြီး အုန်းဖူှးဖူးသည့် နေရာနားရှိ ဂိုင်းမှာ ထိုင်ကာ လေတဖြူးဖြူးဖြင့် အောက်သို့ ငုံ့ ကြည့်ရသည် မှာ ပျော်လည်းပျော်သည် ပြန်ဆင်းရမှာကိုလည်း ကြောက်ပြီး ရင်တလှပ်လှပ်ဖြင့် ။

ညီအမ နှစ်ယောက်သား အတော်ကြာ ထိုင်ပြီး မှ အောက်သို့  ချိတ်တွယ် ဆင်းကြပြန်သည်။ အုန်းပင်ပေါ်မှကြည့်လျှင် သိပ်မဝေးသော နေရာမှာ ရေတွင်းရှိသည်။ ရေတွင်း ကတော်တော်နက်ပါသည်။ကလေး မျက်စေ့ဖြင့် အားလုံးဟာ အထူးအဆန်မို့  ပျော်သည်။ ချိတ်တွယ်တက်တုန်းက တက်ပြီး နောက်ပြန်ဆင်းရာမှာ ဒူးပွန်း၊ ပေါင်ပွန်းဖြင့် နာကျင်သော်လည်း အကူအညီမခေါ်ရဲ အမကြီးများနှင့် မိဘများ မသိအောင်ခိုးတက် ခဲ့ကြသည်။ ကျမတို့  နှစ်ယောက် အတင့်ရဲ လွန်းခဲ့ တာကို ပြန်ပြန်တွေးမိပြီး အန္ထရယ်များ မှန်း မတွေးခဲ့ ကြတာက အံသြစရာပါ။ ဒါကြောင့်ဘဲထင်သည် အရွယ်ရောက်လာတော့ ကျမတို့ နှစ်ယောက် စလုံး စွန့် စားရတာ risk ယူရတာ ဝါသနာပါသည်။ နေရာတကာ ဦးဆောင်ချင်သော စိတ်ဓါတ်ကလဲ တူသည်။


ရေတွင်းအရှေ့ ဘက်မျက်နှာစာမှာ မန်ကျည်းပင်ပျို နှင့် ဇော်စိမ်းပင်များ၊ အပြင် အုန်းပင်နှစ်ပင် ရှိပါသည်။ ကျွန်မတို့ ညီအစ်မ တက်သော အုန်းပင် နှင့် အတူတူ စိုက်ချိန်တူပေမဲ့ ၊ သိပ်မထွားပါ။ ကျွန်မတို့  တက်သောအပင် က တခြားသက်တူအပင်များထက် နှစ်ဆမျှ ပိုထွားပါသည်။

ကလေးများသော ပတ်ဝန်းကျင်မှာ နေသဖြင့် ကျမတို့ ပတ်ဝန်းကျင်မှာ ဆော့သံ၊ ငြင်းခုံသံ၊ ငိုသံ ရယ်သံများက နေ့ တဒူဝ ကြားနေရမြဲပါ။

အိမ်ရှေ့ မှ အုတ်တိုက် ကလေး အချောမသတ်မှီ မုန်တိုင်းကျသဖြင့် အုတ်ကြွပ်ချပ်များ တော်တော်ပျက်စီးခဲ့သည်။ သရက်သီးများကြွေခြင်း အုန်းသီးများကြွေခြင်းကြောင့် လဲ ဖြစ်ပါလိမ့်မည်။ ဖခင်၏ တရားစီရင်ရေး ရုံးငယ်လေးမှာ လဲ့ မိုးကြီးလျှင်စိမ့်ယို ကျတတ်သည်။ မှော်ဘီ ကျောက်ပြားစက်ရုံမှ အုပ်ကြွပ်များ ထိုအချိန်က ဈေးကြီးသော်လည်း အရည်အသွေး က စိတ်မချရပါ၊။ ရုံးခန်းအနောက်ဘက်မှာ ယာယီ ကာထားသည့် ထရံကွက် (ဒီဇိုင်းဖြင့် - ဦးလေး ဦးကုလားမောင် ဝါးကောင်းကောင်းဖြင့် ယက်သည်) မှ ကြော်ပြီး တရားစီရင်မှု့ တော်တော်များများ ကို ကြားရပါသည်။

ကျွန်မ က အကဲဆုံးပါ။ နားထောင်ရုံသာမက ထရံကွက်ကလေးကို လက်ညိုးဖြင့် အပေါက်ဖေါက်ကာ ချောင်းကြည့်ပါသည်။ လင်ကွာ မယားကွာအမှု ၊ ခိုးမှု ၊ လုယက်မှု ၊ ပြန်ပေါင်းမှု ၊ အတင့်ရဲမှု ၊ ဖေါက်ထွင်းမှု ၊ အကြွေးယူသူနှင့် ကြွေးပေးသူကြား အမှု ၊ မယားကြီး မယားငယ် ရန်ဖြစ်မှု က အစ ၊ ကျွန်မဖခင်တို့ ရုံးကလေးတွင် ဖြေရှင်းလေ့ရှိသဖြင် ၊ ရုံးချိန်းမလုပ်မီ တစ်ရက် နှစ်ရက်အလို တွင် စာရေးမှ မည်သည့်အမှု ကို ကြားနာမည်၊ ဥပမာ (မောင် XXX ၊ မ XXX တို့ ကွာရှင်း လိုမှု ကြားနာရန်) စသည့်  အချက်အလက် များကို အချိန် နာရီ နှင့် တကွ ကျောက်သင်ပုန်း တွင် ရေးထားသဖြင့်၊ ကျွန်မတို့ အဖို့  Life Show ကောင်းကောင်း ချောင်းဖြစ်ပါသည်။ (ဖခင်မသိခဲ့ပါ။)

တရားသူကြီးမှာ ယခင်တုန်းက ရွှေဒါးဆုရ သူကြီး ဦးစောမင်းဖြစ်ပြီး၊ အသက် ၇၀ နီးနီးခန့် ရှိပါလိမ့်  မည်။ အတည်ပြု အလုပ်အမှု ဆောင် အဖွဲ့ နှင့် ပူးပေါင်း ကြားနာရပါသည်။ တရားသူကြီး ဆီ တရားဝင် အမှုကို မလွှဲမီ ကျွန်မဖခင် ဦးဆောင်သော အဖွဲ့ မှ (အလုပ်အမှု ဆောင်အဖွဲ့ ) လို့ ခေါ်သည်။ လူမှု ရေးအရ အရင် ညှိ နှိုင်းကြသည်။ တော်ရုံရန်ဖြစ်တာလောက် နှင့် ဆို လျှင် အရှေ့ ပိုင်းမှ ဖခင်သူငယ်ချင်း ဦးလေး သက်တင် က အပြောကောင်းကောင်းနှင့် ဖြေရှင်းပေးသည်။ တူမကြီးတို့ ရယ်၊ ခုဟာက ကိုယ်ရွှေမျိုး (ဆွေမျိုး) သားချင်းတွေ မဟုတ်လား။ ခွင့်လွှတ်လိုက်ပါ။ ဦးလေးတို့  က လူမှု ရေးအရ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ဝင်ညှိ ပေးတာ လက်ခံလိုက်ပါ။ စသည်ဖြင့် ပေါ့။ အဲဒီတုန်းက လာဘ်စားမှု တို့ ဘာတို့  လဲ ဒီလောက်မရှိ၊ တရားစီရင်တာကလဲ ရိုးရိုးရှင်းရှင်းပင်။ တိုင်ကြားသူတွေကလည်း ဒေါသထွက်တုန်းသာတိုင်ကြားကြသည် တကယ်တမ်း ကြားက ညှိနှိုင်းပေးသည့်  ရပ်မိရပ်ဖများရှေ့  ရောက်တော့ ငိုချင်ရက်လက်တို့  (အဘရယ် သမီးက ဒီလို ပြောတာပါ၊ ဟိုလို သဘော မဟုတ်ပါဘူး၊ စသည် စသည်ဖြင့်…...) ဒီလိုနဲ့  ပြန် အဆင်ပြေ သွား ကြတာ များသည်။

ကြုံတုန်း ပြောရဦးမည် အရှေ့ ပိုင်းမှ ဦးလေးသက်တင်မှာ အင်မတန် သဘောကောင်းသည်။ ကန်စွန်းဥ ပေါ်တိုင်း ကျမတို့  မိသားစုအတွက် ကန်စွန်းဥ တအိပ်ကြီး ကိုယ်တိုင် ယူလာပေးနေကျ။ သူကတကယ့် တောင်သူဦးကြီး၊ တကယ့်စိုက်ပျိုးရေး သမားကြီး ဖြစ်ပါသည်။ ဝါးဖတ်ဦးထုတ်ဆောင်း၊ အင်္ကျီ အဖြူ၊ ဆေးတံ သောက်တတ်ပြီး ၊ စကားပြောရာမှာ တကယ့်  မြန်မာသံ စစ်စစ်ဖြင့် ပြောသည်။ ကျွန်မဖခင်ကို ခင်သဖြင့် ကျွန်မတို့ စိတ်ထဲတွင်လဲ ဦးလေးရင်း တစ်ယောက်လို ခင်ပါသည်။

ရုံးခန်းငယ်လေး မှာ ကုလားထိုင် ၆လုံး ၊ ၇လုံး နှင့် နှစ်ယောက် ထိုင်ခုံတစ်လုံး၊ သစ်သား ခုံတန်း ၂ခုဖြင့်၊ သောက်ရေအိုးစဉ်တခု၊ ထို့ အပြင် ပြည်ထာင်စုအလံ နောက် ဗိုလ်ချုပ်အောင်ဆန်း ပုံ၊ နောက် Late ဦးနေဝင်း ဓါတ်ပုံတို့ ကို ချိတ်ထားပြီး။ ရုံးသမားများ သောက်ရန် ရေနွေးကြမ်းကို သွားချရပါသည်။ လက်ဘက်ခြောက်ခါးနှင့် ရေနွေးပူပူကို ကရားထဲထည့်ပြီး၊ အကြမ်းသောက် ပန်းကန်လုံး သေးသေး လေးများဖြင့် သွားတည်ခင်း ပေးရပါသည်။

အရေးယူရန် ရှိသည့် အပိုင်းများ တွင်လည်း တစ်ဦးတစ်ယောက် ဆုံးဖြတ်ချက်မျိုးမဟုတ်ဘဲ။ အများဆန္ဒ ကို အဓိက ထားကြသည်။ အမှန်တရား ရအောင် သေချာစီစစ်ကြသည်။ ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့် အမှု ပပျောက်အောင် လုပ်ကြသည်။ တိုက်နယ်အုပ်စု ကလေးဟာလည်း အင်မတန်မှ ငြိမ်းချမ်းသည်။ ကြက်တိုက်တာ၊ ကြက် ဝိုင်း ဖမ်း တာလေးကအစ၊ ဖမ်းတဲ့ သူနဲ့  ကြက်တိုက်တဲ့သူ သူငယ်ချင်း ဖြစ်နေလို့  ကြက်ဖကြီး တိုက်ပုံထဲ ဝှက်ပြီး သွက်သွက်လေး ရှောင်ထွက်သွားတာက အစ ရီမောတတ်လျှင် တကယ့် ဟာသပင်။ ဟီး .. ကာယကံရှင် ဘဘဦးလန်ဘားကြီး ကျန်းမာပါစေ။(စကားချပ်)

ငွေစက္ကူ၊ ဒို့ အရေး နောက် ပိုင်း ရပ်ကွက် အရွှေ့ အပြောင်းများ၊ လူစုခွဲမှု များအပြီး ခေတ်စနစ် ပြောင်းသွားသည့် အခါမှ လာဘ်စားမှု့ များ၊ ငယ်သည့် အမှု ကြီးအောင်၊ ကြီးသည့်အမှု သောက်ကျိုးနဲ အောင်လုပ် ကြတော့သည်။ ဒါးမ ဦးချ နေခဲ့ကြသည့် ဒီနေရာလေးကို မည်သူမျှမပြောင်းချင်ကြ။ အရူးဖုန်းငို တောင် တင်းခံပြီး တစ်တဲဖျက် တစ်တဲ ဆောက် ကာ နေကျန်ခဲ့ သည်။

ပျော်ရွှင်လွမ်းမောစရာ ဒီနေရာလေးကို တိုက်ဆိုင်တိုင်း လွမ်းနေမိပါသည်။

ခုတော့ ရာဇဝင်လေး တစ်ခုဖြစ်ခဲ့ပြီ။


Remark: I changed the people’s names for some other reason.
သတ်ပုံမှားလျှင်သည်းခံပါ။

Thank for reading this post.
SSAL

Saturday 26 September 2009

(81) Danyl Johnson - X factor Audition2009




Performer name: Dany Johnson
Age: 27 Year Old
Occupation: School Teacher from Reading, UK
Aduition placed in O2 London

Friday 25 September 2009

(80) CURLY HAIR ဆံပင် ကောက်ကောက်

Why do I have naturally curly hair? Obviously my grandparent or great grandparent had natural curly hair. So I am 100% sure I carry ancestor genes.(Heredity). Proud of it !!!!!

Research shown that 75% of population in the world has some sort of natural curly hair or wavy hair. Having curly hair is one of the hassles I had to deal with every day. Look at in my family, my mum and dad have straight hair but me, my No.2 sister and two younger brothers have curly or wavy hair. The other 3 sisters have long straight silky hair. Jealous !!!!!!!!!!!

When I was little girl, my dad use to send me hair cut to local Barber (ဇွဲဆံသ) Zwe Barber shop. That was the only choice in local area. Whenever I had hair cut, then looked at the mirror, I never satisfied. I did cry quite often. Those of you have naturally curly hair, I can sympathize. I had it all my life.

As I said earlier, naturally curly hair is caused by heredity as well as hormones. Hormones usually change if you become pregnant, or during puberty, the hair changes from curly to straight or straight to curly...vice versa...

Some people who have had chemotherapy, when their hair grows back become curly.

I use hair straightener to make my hair straight. It wastes a lot of time. It takes more than 25 minutes, trust me. I wish I know how to manage my curly neat and tidy.

Hello, reader, please let me to finalize this post later because one of my cheeky friend just complained about my wrong spelling and punctuation on my posts. I know I am useless in both languages. Rubbish English & အသုံးလုံး မကျေတဲ့ Burmese ဘဲတတ်တဲ့ ကျွန်မလေ... ha… ha…. Stupid me...

Thursday 24 September 2009

(79) ရှစ်ရှစ်ရှစ် အိရှစ် (SHIT SHIT SHIT EAT SHIT)

အစ်မရေ ဆက်သွယ်ဖို့  အစ်မ မိုဘိုင်းဖုန်း နံပါတ်ကလေး ပေးလို့ ရမလား ။
အော်ရတယ် ရတယ် ဒို့ တွေ အားတိုင်း ဆက်ရတာပေါ့ ။
အစ်မ နံပါတ်က

သုံည ခုနစ် SHIT SHIT လေး SHIT SHIT တစ် SHIT SHIT (၀၇၈၈၄၈၈၁၈၈)


ဖုန်းနံပါတ်ကို တ ရှစ်ရှစ်နဲ့  မြန်မာလို ပေးနေတဲ့ ကျွန်မ ရဲ့  အသစ်စက်စက် သူငယ်ချင်းမကို ရထားပေါ်က လူတွေက ဆဲနေတာ ထင်ပြီး တစ်စေ့တစ်စောင်း ကြည့်ကြသည် ။ ဟီးဟီး နောက်အရမ်းခင် သွားတော့မှ ရှစ် ဂဏန်းကို ပြောရင် မျက်နှာဖြူ စကားနဲ့  ပြောဖို့  အကြံပေးဦးမယ် ။

အစ်မ အခု ဘယ်မှာနေလဲ။
အခုက xxxxxx မြို့ က အိမ်အမှတ် (E 8) သူရဲ့ [ ခပ်ဝဲဝဲလေသံနဲ့ ] EAT SHIT လမ်းနာမည်က xxxxxxx အားရင်လာလည်နော် အစ်မ ၊ ဟင်းကောင်းကောင်း ချက်ကျွေးမယ် သိလား ။ ဘာဟင်း ကြိုက်လဲပြော ။ မြန်မာ ဗွီဒီယို ခွေတွေလဲ အိမ်မှာ ရှိတယ် ။ ဆက်ဆက် လာနော်။

ဟုတ်ကဲ့အစ်မ ။

Sunday 20 September 2009

(78) ဂျားမ ကြီး အကြောင်း

အဖွားဖြစ်သူ ကယ်ယူမွေးစားထားသော ခွေးမကြီးဖြစ်ပါသည်။ အရောင် အကြောင်အကျားနှင့်မို့  ကျားမ ခေါ်ခဲ့ပုံရသည်။ ကြာတော့ ကျားမ ကနေ ဂျားမ လို့ ကျမတို့ ခေါ်ကြသည်။

ဂျားမကြီးသည် သစ္စာရှိသည်။ လိမ္မာသည်။ လူစကားကို နားလည်သလား မလည်သလားတော့မသိ။ လူရိပ်လူကဲ ခတ်တတ်ပါသည်။ ကြင်နာတတ်သော ကျမတို့ အဖွားကြောင့် သူမွေးသမျှ ကလေးများ မှာ ကျမတို့ အဖို့ ဆော့စရာ အဖေါ်များပင်ဖြစ်ပါသည်။ ဆောင်းဝင်စ မနက်ခင်းစောစော တိုင်း အဖွားထ၍ တံမြက်စည်းလှည်းပြီး မီးဖိုပါသည်။ အိမ်နောက် မြေကွက်လပ်သည် ဝါးပင်များ၊ သက်ရင့်ပိတောက်ပင်ကြီးနှင့် အုတ်ပုံတစ်ခုရှိသဖြင့် ဝါးရွက်များ၊ ပိတောက်ရွက်ခြောက်များနှင့် မီးလှုံစရာ အလျှံအပယ်ပင်။ ဂျားမကြီးနှင့် ကျမတို့  ကလေးတစ်သိုက် အဖွားနားမှာ မီးစာလှုံ ကြပါသည်။ အဖွားကတော့ ခွေးပေါက်စလေးတွေ အတွက် ခွေးစာကြိုပါသည်။

အဖွားသည် တိရိ စ္ဆာန်များကို နှိပ်စက်ခြင်းကို မကြိုက်။ တိရိစ္ဆာန်တွေကို မနှိပ်စက်ပါနဲ့  လို့  မကြာမကြာ ပြောဖူးသည်။ ဂရုဏာတရားကြီးသည့်  သူမ သခင်မ နောက် အမြဲလိုက်သည်။ မနက်ခင်းမုန့်  ဝယ်လျှင်တောင် ဂျားမ ကြီးအတွက် တကိုယ်တာ ဝယ်ကြွေးသည်။ အဖွားမကြာခဏ ပြောတတ်သည့် စကားမှာ ခွေးဘဝ ဆိုတာ လူနှင့် နီးစပ်တယ်။ လူတွေ မသိနိုင်တာ မမြင်နိုင်တာတွေ ကို ခွေးတချို့  သိနိုင်သည်တဲ့။

ဂျားမ ကြီးကြောင့် သူခိုး သူဝှက်များ မကပ်ရဲ ပါ။ ခွေးသားချက်စားတတ်သော စရိုက်ကြမ်းသည့် လူများဖြတ်သွားလျှင် တအားဟောင်ပါသည်။ အိမ်နောက်အုတ်ပုံမှ မြွေတွေ့ တော့လည်း သတိပေးတာ က ဂျားမကြီးပင်။ အိမ်ဘေးအုန်းပင်မှ အုန်းသီးကြွေလျှင်တောင် သူစိမ်းလာကောက်လို့ က နည်းနည်းမျှသီးမခံ။ ငါးဖမ်းသည့် တံငါသည် ဦးသန်း၊ ၉၁မှ ငွေတိုးပေးစားသော ဒေါ်ငွေရီ၊ တို့ ကို ကိုတွေ့ လျှင်လဲ ဘယ်ဘဝက ရေစက်မှန်းမသိ စူးစူးရွားရွား ဟောင်ပါသည်။ လျင်မြန်ဖြတ်လတ်၍ အသံအောင်ပါသည်။ တသားပြီးတသား မွေးသော်လည်း ကလေး အဖတ်သိပ်မတင်ပါ။

ဒရကြမ်းမောင်းတတ်သော ၉၁မှ ကားစိမ်းစိမ်း များကြောင့် ၄င်း၊ ခွေးခွေးချင်းကိုက်သတ်တတ်သော ကနားစီးတို့ အိမ်တန်းလျှားမှ ခွေးအနက်မကြီးကြောင့်၎င်း၊ အဖုံးလုံစွာမအုပ်ထားသော၊ arrogant အိမ်နီးချင်းများ အညစ်အကြေးစွန့် တွင်းများကြောင့် ၄င်း၊ ခွေးလှလှ လေးများဆိုလျှင် ဖမ်းယူထားပြီး ပြန်မပေးတတ်သော တိုင်းကြက်ခြံမှ ကလေးတစ်ချို့ ကြောင့် ၄င်း၊ ခြံစောင့်ခွေးလို သည်ဆိုပြီး ကျမတို့  ဖခင်ကို အပူကတ်တတ်သော ရေပြာမှ ကုလားမောင် ၊ အရှေ့ ပိုင်းမှ ဝေသာလီ မောင်အေး တို့ ကြောင့် ၄င်း။ အိမ်မှာ ဒိုင်ခံ ကျန်ခဲ့တာက ဂျားမကြီးပင်။

အိမ်ရှိလူများ အပြင်ထွက်ပြီးမုန့်  ဝယ်တိုင်းဖြတ်ဖြတ်လတ်လတ် ထွက်ကြိုနေကျ။ ညဈေးတန်း သွားလည်ပြီး ခေါက်မုန့် တစ်ခု မှ သူ့ အတွက်မပါခဲ့ လို့ မရ။ ကလေးတစ်ယောက်လို ထမင်းပန်းကန်ကို မှောက်ခါ ဆန္ဒ လဲပြတတ်သည်။ ၈၈ အရေးအခင်းမတိုင်မှီတွင် ဂျားမကြီး တစ်ယောက်မျက်စေ့မှုန်စပြု ပြီ အစားသိပ်မစားနိုင်တော့ ။ အရင်တုန်းကလို ဖြတ်ဖြတ်လူး မလုပ်တော့။ စကားနည်းသော ကျမတို့  ဖခင်ကပင် ဂျားမကြီးအတွက် ဂရုတစိုက် မုန့် ဝယ်ခဲ့ရန် သတိပေးနေကြ။

ဂျားမ ကြီးသည် ဘယ်အချိန်ကတည်း ကကျမတို့ မိသားစုနှင့်အတူ လာနေမှန်းမသိပါ။ ကျမ မမွေးခင်ထဲကလား မွေးပြီးမှလားမသိပါ။ သူငယ်တန်းကျောင်းဆင်းလို့ ကျောင်းကွင်းထဲ လာကြိုတာလဲသူ၊ သပြေခင်း အိမ်ပြောင်းတော့ လမ်းထိပ်အထိ body guard လုပ်တာလဲသူ။ အဖွား ဘုန်းကြီးကျောင်းမှ ပြန်လာတိုင်း နဘေးမှာ အမြဲ လိုက်စောင့်ရှောက်သူ။ သူခိုးရန်က ကာကွယ်ပေးသူ။ ကျမတို့  မိသားစုအတွက် သစ္စာရှိသော ရဲဘော် မိတ်ဆွေကောင်း ဖြစ်ပါသည်။

တော်သေးပြီ။ ဂျားမကြီး ကောင်းရာမွန်ရာ ဘဝ မှာ ပျော်ပိုက်ပါစေ။

THANK YOU FOR READING THIS POST.

(77) မခမ်းယား ရဲ့  ဈေးကွက် စီးပွားရေး

ရ၀မ်တိုင်းရင်းသား မခမ်းယား တစ်ယောက် နိုင်ငံခြားထွက်ဖို့  ပွဲစားရှာပါတယ် ။ နိုင်ငံခြားမှာ ပြက္ခဒိန် နဲ့  wall paper ရောင်းတဲ့ စီးပွားလုပ်ဖို့  စီမံကိန်း ဆွဲထား ပြီးသား ။ နိုင်ငံကူးလက်မှတ် နဲ့  ပြည်ဝင်ခွင့် မရမီ အချိန်အတွင်းမှာ ကြော်ကြားတဲ့ သူတွေရဲ့ ပုံကို ပြက္ခဒိန် လုပ်ပါတယ် ။ မျက်နှာဖုံး ပုံများကတော့ ဘဝရှင် မင်းတရားကြီး ၊ အလှဆုံး ရ၀မ် မော်ဒယ်မလေး ၊ ရမ်ဘို ၊ အာနိုး ၊ ဗန်ဒိန်း ၊ နဲ့  ခုတစ်လော လူသိများနေတဲ့ အမေရိကန်သမ္မတပုံ စတဲ့  သူ့  စိတ်ကူးတည့် ရာပုံများကို သေချာ အပ်ပြီး ကာလာစုံ ပုံနှိပ်ပါတယ် ။ ရောင်းဈေး တန်ဖိုးကတော့ ၁ခုကို ပုံသေ ၁ဒေါ်လာပါ ။

မခမ်းယား သွားတဲ့ ကျွန်းနိုင်ငံလေး ဟာ Tourist တော်တော်များများ သဘောကျတဲ့ နိုင်ငံလေးဆိုတော့ ပြက္ခဒိန် ရောင်းတဲ့ အလုပ်နဲ့  အတော် စီးပွားဖြစ်နေပါသတဲ့  ။ အဲဒီလိုနဲ့  အိမ်မှာကျန်ခဲတဲ့  မဒမ် မခမ်းယား နဲ့  ယောက္ခမ ကြီးတို့ ကို ကို လိုက်လာဖို့  ခေါ်လိုက်တယ် ။ မဒမ်တို့ နဲ့ အတူ မင်းတရားကြီးရဲ့  ပုံ ပါတဲ့ ပြက္ခဒိန် အပြင် wall paper များ ကို သယ်နိုင်သလောက် အများကြီး ယူလာဖို့  မှာ လိုက်တယ် ။ တခြားပုံတွေ အဝယ်မလိုက်လို့  သူ့  လက်ထဲမှာ သောင်တင် ကျန်နေကြောင်း ၊ မင်းတရားကြီးပုံနဲ့  ပြက္ခဒိန် သာ demand အဖြစ်ဆုံးမို့  သေချာယူလာခဲ့ဖို့  အထပ်ထပ် မှာလိုက်တယ် ။

မင်းတရားကြီးရဲ့ ပုံတွေ အရောင်းသွက်ရတဲ့ အကြောင်းရင်းက သဘာဝနဲ့ အင်မတန်နီးစပ်တဲ့ ကျွန်းနိုင်ငံလေး ဟာ သာယာပေမဲ့  Tourist တွေ အနေများပြီး မြူနီစပယ် စနစ်မကောင်းလို့  ကြွက်တွေအရမ်းသောင်းကျန်းတယ် ။ မင်းတရားကြီးပုံနဲ့  ပြက္ခဒိန် သို့ မဟုတ် wall paper တစ်ခုခုကို အိမ်ရှေ့ တစ်ပုံ ၊ အိမ်နောက်တစ်ပုံ ကပ်ထားရင် ကြွက်တွေ အိမ်နားမသီရဲ လို့ ပါတဲ့ ။ ။

Saturday 19 September 2009

(76) COW BOY မုန့် ဟင်းခါး

ဒီနေ့ စနေနေ့  ပျင်းပျင်းရှိ ရင် အိပ်ရာထဲ ခွေနေတာများ လို့ ခေါင်းထဲက နောက်ကျိကျိ ဖြစ်နေသည်။ ရာသီဥတု က လည်း မကောင်း။ လေတိုက်လိုက် မိုးရွာလိုက်နှင့် ။ ညဘက် ညဘက် အတူနေ FLAT MATE ရဲ့  ကလေးက ထထ ငိုလို့ သိပ်အိပ်မရ။ ကလေးက ဗိုက်ထဲမှာ လေနာခံစား နေရပုံရသည်။ စကား မပြောတတ်သည့် ကလေးများ ရောဂါ ဝေဒနာ ခံစားရလျှင် သနားစရာ အင်မတန် ကောင်းသည်။ မနက် စောစော မထနိုင်တာ ကြာပြီ။ ဗိုက်ဆာလို့  မီးဖိုချောင်ထဲ အသွား စပါးလင် ၃ပင် လက်ကျန်ကို သွားသတိထား မိပြီး မုန့် ဟင်းခါး ချက်စားဖို့ ပြင်သည်။ ထောင်းစရာ ကျဉ်ပွေ့ မရှိ၊ ငရုတ်ဆုံမရှိ၊ စပါးလင်လှီးတာ ကြက်သွန် ခွာတာ ကအစ ဒါးကို သာ အားကိုး ရသည်။ ငါး အတွက်ကတော့ MORRISON မှ ၀ယ်ထားသည့်  PINK SALMON ဗူးကိုသာ သုံးသည်၊ ပြင်တာ ဆင်တာ ရွှေကြည်မှုန့် လှော် တာ နှင့် မုန့်ဖတ်ပြုတ် တာ အပါအ၀င် မိနစ်၃၀သာ ကြာသည်။ FLAT MATE က မီးဖိုထဲ ခဏခဏ လာချောင်းပြီး COW BOY FISH NOODLE လုပ်နေတာလား ဟုမေးသည်။ မုန့် ဟင်းခါး ကို သိပ်ကြိုက်သည်တဲ့။ အရင် သူကလေးမမွေး ခင် ၂ ခေါက် ချက်စားတုန်းကလဲ ကောင်းကောင်း အားပေး ဖူးသည်။ သူ အိမ်မပြောင်းခင် ချက်ပုံချက်နည်း သင်ပေးရန် ပြောထားသည်။ ဒါတောင် ကျမချက်သည့်  မုန့် ဟင်းခါးက မြန်မာပြည်မှာလို သေချာချက်သည့် နာမည်ကြီး
မုန့်  ဟင်းခါး မှီရန်အဝေးကြီး။ ၀ုန်းဒိုင်း ၀ုန်းဒိုင်း နှင့်  အမြန်ချက်လို့ ရသည့်  မို့ ကောင်းဘွိုင် မုန့် ဟင်းခါး လို့ ခေါ်ထားသည်။ စားပြီး မိုးအေးအေးနှင့် ပြန်ကွေးဦးမည်။

Thursday 17 September 2009

(75) LIFE AFTER DEATH

ကွယ်လွန်ပြီး နောက်တစ်ဘ၀ ရှိတာကို ယုံပါသလား၊ REINCARNATION လူဝင်စားခြင်း ရှိတာကိုရော ယုံပါသလား။ သူရဲ အခြောက်ခံရဖူးပါသလား၊။ ကျမရဲ့  OWN POINT OF VIEW အရပြောရရင်။

သေလွန်ပြီး နောက်တဘ၀ တကယ်ရှိပါတယ်။
REINCARNATION ရှိခြင်းကို သက်သေ(ကိုယ်တွေ့ )မရှိပေမဲ့  အကြွင်းမဲ့ ယုံပါတယ်။
(ရုပ်ဝတ္တု မမြင်ရဘဲ၊ ကြင်လည်နေကြတဲ့  လူမဟုတ်တဲ့  အခြားဘုံဘ၀ တကယ်ရှိပါတယ်။) ဒီအကြောင်းလေးနဲ့  ဆက်စပ်လို့  ကျမ ရဲ့  ဘ၀မှတ်တမ်း တစ်ခုကို တင်ပြပါမယ်။

ဘင်္ဂလားနယ်စပ် မှာ တာဝန်ကျချိန် အလုပ်မှ DUTY STATION မြို့ ပြောင်းသွားရာ အလုပ် PRESSURE နည်းသွားတာမို့  လူမှု ရေး လုပ်ဖြစ်လာတယ်။ အဲဒီမှာ ဘဲ ပြည်မ က ကိုယ့်လို ထွက်လာကြတဲ့  မြန်မာ အုပ်စုလေးနဲ့  ခင်မင်ခွင့်ရခဲ့ပါတယ်။ ဒီမြို့ ကလေးမှာ အိမ်ငှားတာက အစ၊ ဘုရားဖူးသွားတာ အဆုံး ကူညီပေးခဲ့ တဲ့  သူတွေကတော့ အဘွားစန်း နဲ့  အဖိုးစွေ တို့ ပါဘဲ။

အဖွားစန်းရော၊ အဖိုးစွေ ၂ယောက်လုံး ကုလသမဂ္ဂ ကျန်းမာရေး ၀န်ထမ်းများဖြစ်ကြပြီး။ အဖွားစန်းတို့ ဟာ မြန်မာတော်တော်များများ ကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ပေးလို့  လူသိများတဲ့ မိသားစု ဖြစ်ပါတယ်။ အဖိုးစွေရဲ့  အလုပ်က မကြာခဏ FIELD TRIP သွားရပါတယ်။ အဖိုးစွေမရှိ တဲ့ အချိန် တော်တော် များများမှာ အဖွားစန်းဟာ အလုပ်ပြီးတိုင်း ကျမဆီလာ ထမင်းအတူစား၊ မြို့ ပြင်ဘက်မှာ ရှိတဲ့  ဘုရားစေတီကို အတူသွားကြပါတယ်။ ထမင်း လပေး စားတဲ့နေရာ ကလည်းအတူတူမို့  အလုပ်ချိန်အပြီးဆို ဒီမိသားစုနဲ့  အချိန်ဖြန်းနေကျပါ။ သူတို့ ဟာ သားသမီး မရှိတဲ့စုံတွဲဖြစ်ပြီး တော်တော် ခင်မင်စရာကောင်းပါတယ်။

အဖွားစန်း ဟာ အင်မတန် မိန်းမပီသပြီး၊ ဧည့်ဝတ် အင်မတန်ကျေ ပါတယ်။ ကျမတို့
နှစ်ယောက်တူတဲ့  အချက်ကတော့ ဈေးလည်ပြီး ၀ယ်ရတာကိုပါ။ ကျမကတော့ သိပ်အ၀ယ်မများပေမဲ့  ဈေးကို ပတ်ကြည့် ရတာ ၀ါသနာမို့  အဖွားစန်း ဈေးသွားဖို့ ခေါ်တိုင်း လိုက်လိုက်သွားနေကြပါ။ ဒီဘက်မှာ အရောင်းအ၀ယ် သွက် တဲ့ ပစ္စည်းတွေကတော့ လေဘေးထည်လို့  ခေါ်တဲ့  (ဘေထုတ်ထည်လို့ လဲ ခေါ်ကြတယ်) ပစ္စည်းများပါဘဲ။ အဖွားစန်း စိန်ပြေနပြေ ထိုင်ရွေးတာတွေကို စိတ်ရှည်ရှည်စောင့် ကိုယ်ကြိုက်တာတွေ့  ရင်လဲ ၀ယ်၊ ဈေးပြန်ရင် BREAKFAST အတူစား ပြီးရင် မဂ္ဂဇင်းတွေနဲ့ ဇိမ်ကျ၊ ကိုယ်အဆောင် အနီးလေးပေမဲ့  တစ်ခါတစ်လေ အပျင်းထူရင် ပြန်မအိပ်တော့ဘဲ။ အဖွားစန်း စီမှာ သာစတည်းချနေကျပေါ့

အဖွားစန်းတို့ ရဲ အိမ်ခန်းဟာ လေ၀င်လေထွက်ကောင်းပြီး ၀ါးပေါက်ကြမ်းခင်းနဲ့ ပါ။ အဲဒါကတော့ အဖွားစန်းတို့  ကြိုက်လို့  အိမ်ရှင်များက ခင်းပေးထားတာ ဖြစ်ဟန်တူပါတယ်။ အခန်းကသေသေ သပ်သပ်ရှိပြီး။ အသန့် အပြန့် ကြိုက်တဲ့  ကျန်းမာရေးဝန်ထမ်း စုံတွဲ အိမ်မို့  တော်တော်လေး ကို နေချင်စဖွယ်ရှိပါတယ်။


ည ည ဆို ရင် အအိပ်ဆတ်တဲ့  ကျမ ပထမဆုံးညမှာ တင် ကြက်သီး ဖျန်းဖျန်းထ အောင် ကြောက်ခဲ့  ရပါတယ်။ အစိုးရမီး ပေးချိန်အပြီး ကျမတို့ နှစ်ယောက် ဖယောင်းတိုင်လေး နဲ့  စာဖတ်ပြီး နောက် ခြေလက်ဆေးကာ အိပ်ရာဝင်ကြပါတယ်။ အဖွားစန်းက နေခင်းဘက် ပင်ပန်းထားလို့  အစောကြီး အိပ်ပျော်နေကြပါ၊ ကျမစပြီး မှေးပျော်ကာရှိသေးချိန် ၀ါးကြမ်းခင်းကို လူနင်းလျှောက်သံ နဲ့  ကြမ်းပြင်ဟာ အလေးချိန်ကြောင့် လှုပ်သလို မျိုးခံစားရလို့ ။ ကျမက သူခိုး ၀င်နေပြီထင်ပြီး ၄ထောင့်ထိုး ဓါတ်မီးနဲ့ ထိုးကြည့် ပါတယ်။ (ဘာမှ မတွေ့ ပါဘူး)။ အိပ်ချင်မူးတူး နဲ့  မို့  -- ငါအကြားမှားတာ ထင်ပါရဲ့ လေဆို ပြီးဆက်အိပ်ပါတ.ယ်။ အဲဒီလိုဘဲ --- မှေးပျော်ကာနီး တစ်ခါ ၀ါးကြမ်းခင်းဟာ လှုပ်ခါလာတာမို့  အနားက အဖွားစန်းကို တိုးတိုးလေး ကပ်နှိုးပြီး နားထောင်ခိုင်းပါတယ်။ ကျမတို့ ၂ယောက်ပြိုင်တူ မီးထိုးပြီး ကြည့်ရာ (ဘာမှမတွေ့ ပါဘူး)။ ကျမ အသားများတောင် တဆတ်ဆတ် တုန်လာပါတယ်။ ကက်ဆက်နဲ့  မေတ္တာသုတ်ခွေ ထဖွင့် ဖို့  အဖွားစန်းလဲ တော်တော် အချိန်ယူရပါတယ်။ ဘုရားမီး ထပူဇော်၊ တရားခွေ ဖွင့် ပြီး ပြန်အိပ်ပျော် သွားခဲ့ပါတယ်။

နောက် အဖွားစန်းလဲ အဖိုးစွေအိမ်မှာ မရှိတဲ့  ညတွေမှာ တစ်ယောက်ထဲ အိပ်ရမှာ အဆင်မပြေလို့
ရယ် ၊ ကျမအတွက်လဲ အဖေါ် ရတာမို့  သွားအိပ်ပေမဲ့  ညဘက်စအိပ်တိုင်း ကြုံရတာ တွေကတော့ ကျမတို့  ၂ယောက်လုံး စိတ်ညစ်မိပါတယ်။

နောက်ပိုင်းမှာ ဘယ်လောက်ထိကျန်းလာသလဲဆို ရင် ဖယောင်းတိုင်မီး ခပ်ဝေးဝေးမှာ ထွန်းထားရင်တောင် မီးဇာကုန်တဲ့  အထိ မစောင့်တော့ဘဲ အသံပေးလာတာ မျိုးတွေတောင် ကြုံ ခဲ့ ရတာမို့  မေ့ နိုင်တော့မယ် မဟုတ်ပါဘူး။ နောက်ပိုင်း ကျမတို့  အထာသိသွားသလိုမျိုးပါဘဲ။ အသံကြားရင် ဘုရားမီးထထွန်း ကတ်ဆက်ခွေမှာ ဘုရားစာထဖွင့် ပြီးရင် စိတ်ချလက်ချ အိပ်ပေတော့။ ကျမအထင်တော့ သူ တရားနာချင်လို့ များ မကြာမကြာ လူတွေကို သတိပေးတာများလားလို့ ပါ။ နောက်ပိုင်း မကြောက်တော့ပါဘူး။ တရားနာလိုတဲ့ ရုပ်ခန္ခာ မမြင်ရတဲ့ လူသားမဟုတ်တဲ့  ဘုံဘ၀ တစ်ခု ဧကန်မုချ ရှိတယ်လို့ ။ ကျမ ယုံကြည်ပါတယ်။


THANK FOR READING THIS POST

Wednesday 16 September 2009

(73) I AM BAD




ငါမကောင်းဘူး။
ငါမကောင်းဘူး။
ငါမကောင်းဘူး။
ငါမကောင်းဘူး။
ငါမကောင်းဘူး။
ငါမကောင်းဘူး။

Tuesday 15 September 2009

(72) WEIRD DREAM & FLOWER’S ESSENCE - HOLY SPIRIT VISITS IN MY DREAM ?

အိပ်မက်တစ်ခုကို အထပ်ထပ် မက်ဖူးကြပါသလား? သူ့ အတွက်တော့ နှစ်ရှည်လများ အိပ်မက်ဆန်းတစ်ခု ကို အကြိမ်ကြိမ် မက်ဖူးသည်။ အိပ်မက်လို လက်မခံချင်အောင်သူ့ အာရုဏ်ခံစားမှု အားလုံးကို သူသိနေသည်။

အိပ်မက်စမက်ပြီ ညသန်းခေါင် ကျော် AFTER 2. AM သူအခန်းတစ်ခုလုံး လရောင်လို SOURCE မရှိတဲ့  အလင်းကစပြီးဖြန့် ကျက်လာပြီ။ အားလုံးကို သူမြင်နေရသည်။ ဦးထုတ်ချိတ်ထားသောနေရာ၊ ထီးချိတ်ထားသောနေရာ စာကြည့်စားပွဲ ကုလားထိုင်၊ BANGLADESH မှလာသည့်  ဇာခြင်ထောင်မှ ပန်းပွင့် များကိုပါ သူမြင်ရသည်။ ရုံးမှ ပေးထားသည် နယ်ထွက်လျှင်စီးသော ရာဘာဖိနပ်ရှည်ကလမ်း အခန်းထောင့်မှာ ရွှံအလိမ်းလိမ်းနှင့် ။ ဘာတွေဆက်ဖြစ်လာဦးမည်နည်း သူစောင့်နေသည်။ ဘာမှ မထူးခြား။

ထူဆန်းတာက သူ့  အသက်ရှူသံမှ တပါး တခြားဘာအသံမှ မကြားရ၊ ပုံမှန်ဆိုရင် ပုရစ်သံ၊ ပုဇင်းရင်ကွဲသံ၊ ဖားသံ၊ ခွေးဟောင်သံ၊ အသံတစ်ခုမဟုတ် ၊ တစ်ခုတော့ကြားရမည်။ ယုတ်စွအဆုံး အဆောင် နီးချင်းထံမှ ကြားနေကျ ဟောက်သံတောင်မကြားရ၊

ဒါကိုအိပ်မက်လို့ သူလက်မခံနိုင်၊ သူ့ အိပ်ပုံအနေအထားကို ပြန်ဆန်းစစ်ကြည့်သည်။ ပုံမှန်၊ သေခြာအောင်ခြေဖျားလက်ဖျားလေးများကို မသိမသာလှုပ်ကြည့်သည်။ ပုံမှန်၊ ပုံမမှန်တာက၊ အမှောင်ချထားသည့် (ANYWAY - NO ELECTRICITY OVER THERE) သူ့  အခန်း က လရောင်ထွန်းထားသလို လင်းနေသည်။ ခဏကြာမှ ဘုရားစာရွက်ဖို့ ကြိုးစားသည် ဒီလို ကြိုးစားတိုင်းလဲ ခရီးမဆုံး အိပ်မွေ့ ချခံရသလိုမျိုး ဖြစ်ပြီး ပြန်အိပ်ပျော်နေကျ၊

ရုံးမှ လုပ်ဖေါ်ကိုင်ဖက်များ ကို ဒီအကြောင်းရင်ဖွင့် မိတော့ ကွန်ပျူတာ အသုံးများလို့  ဖြစ်မည့် လို့  ထင်ကြေးပေးကြသည်။ အဲဒီအချိန်တုန်း က အရမ်းပင်ပန်းခဲ့ဖူးသည်။ 97-98-99 DISTRIBUTION DATA ကြောင့် မျက်ရိုးကိုက်တာလဲ ခဏခဏ၊ ရုံးကိုအိမ်လို့  သဘောထားပြီး ဖင်ကျောက်ချထိုင်ကာ အလုပ်လုပ်ခဲ့ ရသည်ကို။ WIMALA ရွာမှ NURSE ကတောင် ငါးကြီးဆီလို ဗီတာမင် ဆေးသောက်ဖို့ တိုက်တွန်းခဲ့ ဖူးသည်။ ( သူမျက်စေ့တွေ ပေကလပ် ပေကလပ် ဖြစ်ဖြစ်နေသောကြောင့်) ။ ရုံးမှ CHARGING သွင်းလာသော EMERGENCY LAMP က ညဘက် မအိပ်ခင်စာကြည့်ရန်သာ လုံလောက်သည်။

တခြားရုံးမှာ အလုပ်လုပ်နေသော ဘ၀တူ သူငယ်ချင်းက <"မကြောက်ပါနဲ့ ။ သန့် ရှင်းသော ၀တ်ဥာဏ်တော် လာတာ ဖြစ်ပါလိမ့်မယ်">တဲ့ ။ သူ့ အခန်းက WEEKDAYS တွေမှာ မရှင်းအားသဖြင့် အားနာရသည်။ (သန့်  ရှင်းသောဝတ်ဥာဏ်တော်ကို)။

ဒါနဲ့  နောက်ပိုင်း တတ်နိုင်သမျှ သူ့ အဆောင်လေးကို သေသပ်အောင် စထားတော့သည်။ ထမင်းစား ပန်းကန်တွေ ကို စားပြီးပြီးချင်း ထွက်ဆေးသည်။ အရင်ကဆို နောက်တစ်နေ မနက်မှ ဆေးရန် ကြွတ်ကြွတ်အိတ် နှင့် ထုတ်နေကျ။ တပတ်တခါ သန့် ရှင်းရေး ဟိန္ဒူ အမျိုးသမီး အမာကြည့် (ရှီးဒါးရွာမှ) ကိုခေါ်ပြီး သူ့  အဆောင်ကို သန့်ရှင်းတော့သည်။

အမာကြည့် ကျေးဇူးကြောင့် သူ့ အခန်းလေးက ရှင်းသန့် နေပြီး မီးပူ တိုက်ထားသော အ၀တ်အစားများဖြင့် သန့် သန့် ပြန့် ပြန့် ။ မသိစိတ်က အိပ်မက်များ ဒီည မက်လာလေ ဦးမှာလား ဆိုပြီး မျှော်နေမိသည်။

ခုတော့ သက်လတ်ပိုင်း သို့ချင်းနင်းဝင်ရောက်လာပြီး ဖြစ်သောကြောင့် သူ အိပ်မက်တွေကို သိပ်မကြောက်တော့။ သို့ ပါ သော်လည်း ဘာကြောင့်ဒီလို မက်သည်ကို RESEARCH လုပ်ချင်စိတ် အင်မတန် ပျင်းပြနေသည်။

တခါကလည်း နိုင်ငံရပ်ခြားတွင် သူ့ သူငယ်ချင်း အခန်းတွင်းလှဲ နေတုန်း ကြာပန်းနံ သင်းသင်းလေးရသဖြင့် နှစ်ဦးသား နှာခေါင်းတပွပွဖြင့် အနံလိုက်ခံရင်း သူအကြောင်းသိ ပြီးသား သူငယ်ချင်းလည်း မျက်စေ့မျက်နှာ ပျက်နေ တော့သည်။

နှစ်ယောက်သား ဘုရားစာ အတူဆိုကြသည်။ မနက်လင်းတော့ သူလဲအလုပ်မသွားနိုင်။ သူငယ်ချင်းလဲ အလုပ်မသွားနိုင် ညသန်းခေါင်မှ မိုးလင်း သည့်အထိ ကြောက်စရာ အကြောင်းတွေ တစ်ယောက်တလှည့် ပြောလိုက် ရေနွေးကြမ်း သောက်လိုက် နှင့် ပေါက်ချိန်တန်လို့ မှ အိမ်သာ မသွားရဲ။

သူ့ ဘ၀မှာ ဘာကြောင့် ဒီလို ဆန်းဆန်း ပြားပြား အိပ်မက်တွေ မက်ပြီး။ ဘာ့ကြောင့်ဒီလို ဆန်းဆန်းပြားပြားတွေကို မြင်နေသလဲဆိုတာကို သိချင်လှသည်။ နှစ် ၊ လ၊ ရက်များသာ ကုန်လွန်သွားသည်။ သူ့  အိပ်မက်ဆန်းများ ကတော့ ပေါ်ချည် တခါ။ ငုတ်ချည် တလှည့် နှင့်။


တော်သေးပြီ။

(71) စိတ်မညစ်နဲ့ 

သီချင်းညည်းလိုက်
လောကဒဏ်ကိုမေ့ထားလိုက် ။

စိတ်မညစ်နဲ့ 
ဘာဒုက္ခမှ မကြောက်နဲ့ 
ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ 
နောင်ကျရင် ကောင်းသွားမယ်
ပျော်တတ်အောင်ကြိုးစားကွယ် ။

ငါဆင်းရဲတယ် - ငါ့ ထက်ဆင်းရဲသူတွေအများကြီး ငါ့ပတ်ဝန်းကျင်မှာရှိတယ် ။
ငါဒုက္ခရောက်တယ် - ငါ့ ထက် အနာဂတ်မရှိတဲ့ သူတွေ ဒု နဲ့ ဒေး ။

ငါ့စိတ်ကို ငါမညှင်းဆဲဘူး = သူများစိတ်ကိုငါမညှင်းဆဲဘူး ။
ငြိမ်းချမ်းချင်တယ် = ငါ့ပတ်ဝန်ကျင်ကိုလဲ ငြိမ်းချမ်းစေချင်တယ် ။

တခါတခါ ၊ ဘယ်ကထွက်လာမှန်း မသိတဲ့ 
မာန ၊ ဒေါသ ၊ ပြိုင်ဆိုင်မှုတွေ ၊ အချစ်တွေ ၊ အမုန်းတွေကိုထားပြီး
အဝေးကြီးမှာ သီချင်းအော်ဆိုနေချင်တယ် ။ ။

Saturday 12 September 2009

(70) ENGLISH WORDS

ဆန်းတဲ့  အင်္ဂလိပ်စာလုံးများ...

အင်္ဂလန် မှာ အင်္ဂလိပ်စကား အမျိုးပေါင်း ဘယ်နှစ်မျိုးရှိမှန်းမသိပါ။ LANGUAGE
လေ့လာသူများက ( ပြောပုံပြောနည်း၊လေယူလေသိမ်း) ကိုကြည့်ယုံနှင့် မည်သည့်
အရပ်သား ဖြစ်ကြောင်း ခန့် မှန်းနိုင်ကြသည်။

ရှေးကျသည့် အသုံးအနှုံး ၊ ယခုခေတ် အသုံးအနှုံး ၊ ဒေသအလိုက်သုံးသော အသုံးအနှုံး
များစွာခြားနားသဖြင့် အင်္ဂလိပ်စာလေ့လာသူများအဖို့  မျက်စေ့လည်ချင်စရာ ဖြစ်သည်။


လောလောလတ်လတ်ဖတ်နေသော
OXFORD AN ATLAS OF ENGLISH DIALECTS
CLIVE UPTON & J.D.A WIDDOWSON
စာအုပ်မှ စိတ်ဝင်စားဖွယ် စာလုံးအချို့ ကို တင်ပြပါမည်။


ရိုးရိုးရှင်းရှင်း စကားလုံး ဒေသကွဲ စကားလုံးများ၊ ရှေး မူရင်း ။
ဆင့်ပွားစကားလုံးများ

TUESDAY (အင်္ဂါနေ့ )
TYOOZ
CHOOZ
TOOZ


AMONG (စဉ် ၊ အတွင်း) AMONGST

FORWARDS (ရှေ့ သို့ ) FRONTWARDS

YOU (သင်) THEE
YE
THOU
YUH

PEOPLE (လူများ) FOLK
FOLKS

GRANFATHER (အဘိုး) GRANDA
GRANDAD
GRAMP
GRANSHER
GRANFER

WORKMATE (လုပ်ဖေါ်ကိုင်ဘက်) MARRER
MATE
BUTTY

(69) THE LAST LEAF AND LAST BREATH

I REMEMBER A SHORT STORY NAMES “THE LAST LEAF” BY 0 . HENRY (1862-1910). WHICH WAS IN 9TH STANDARD ENGLISH SYLLABUS IN BURMA BACK IN 1986-87. I JUST WANT TO THINK ABOUT JOHNSY POINT OF VIEW ON THIS CRAZY WORLD.

FULL OF TEAR ON MY EYES, CRYING MOST OF THE DAY, NO ONE SEE THE WOUND IN MY HEART. I HAVE BEEN DEALING WITH DEPRESSION FOR YEARS. I JUST WANT TO CURL UP IN THE BED AND DISCONNECT FROM THE REST OF THE WORLD.

WHY DO I KEEP GETTING OUT OF BED EVERY MORNING? I HATE IT. I HATE MY LIFE. AND I DO NOT WANT TO LIVE THIS LIFE. WAITING FOR THE LAST LEAF FALL…………..

Tuesday 8 September 2009

(68) GIFT FROM MY FRIEND

ရဲရဲလေးနီ
အိုနှင်းဆီ
ယာယီလှိုင်းဒဏ်
ခံပါကွယ်

FROM: YH JAN 2002 (MY FAREWARE PARTY)

Monday 7 September 2009

(67) HOW TO LOOK FABULOUS AT 40 PLUS

AUGUST လ 31 ရက်နေ့  ထုတ် DAILY MIRROR မှာ ရေးထားတဲ့ ကော်လံ အပိုင်းလေးကို စိတ်ဝင်စားလို့  ဘာသာပြန် ရေးလိုက်ပါတယ်။


HOW TO LOOK FABULOUS AT 40 PLUS?
အသက် ၄၀ကျော် တွင်နု ပျိုအောင်နိုင်မည့် နည်းလမ်းများ။

ဆောင်စရာ အစား (၅)မျိုး
- 1 >EGGS ကြက်ဥ၊ ဘဲဥ တို့ တွင် ဗီတာမင် E အပြည့်အ၀ပါဝင်သည့်အပြင် သွားနှင့် အရိုးများကို ခိုင်မာစေသည့် CALCIUM ကိုခန္ဓာကိုယ်မှု စုတ်ယူမှု့  ကို အားပေးသည့်အတွက် စားသင့်ပါတယ်။

- 2> DATES သည်အစာကြေလွယ်ပြီး ဗီတာမင် A B C ပါဝင်ပြီး အစာခြေမှု ကို အကူအညီပေးသည့် တွက် စားသုံးသင့်ပါတယ်။

- 3 >ALMONDS အစေ့သည့် ပါးရည်တွန့် ခြင်းကို ဟန့် တားသည့် ဗီတာမင် E ပါဝင်သဖြင့် တနေ့  နည်းနည်း စားသုံးသင့်ပါတယ် ။ (မှတ်ချက်။ CALORIES ပမာဏများသောကြောင့် ကိုးစေ့ ၊ဆယ်စေ့ခန့် 
သာစားသင့်ပါတယ်။ )

-4> BERRIES - ရောင်စုံဘယ်ရီ သီးများဖြစ်ကြတဲ့၊ STRAW BARRIES, RUSPBARRIES, BLUE BARREIS, BLACKBARRIES တွေမှာ POWERFUL ANTI OXIDANTS တွေပါတဲ့ အတွက် နုပျိုစေပါတယ်။

-5> AVOCADOS - ထောပတ်သီးမှာ ဗီတာမင် C, E ပြည့်ဝတဲ့ အတွက် အသားအရည်ကို စိုပြေစေပါတယ်


ရှောင်စရာများမှာ အချက် (၅)ချက်

-1> SMOOKING ဆေးလိပ်သောက်ခြင်း
ဆေးလိပ်၊ ဆေးပြင်းလိပ်၊ စီးကရက်၊ ကွမ်းစားဆေးငုံခြင်း၊ ဘိန်းရှုငြင်း၊ မူးရစ်ဆေးဝါး သွေးကြောထဲ သွင်းငြင်းများဟာ နဂို မူရင်းအသက်ကို မြန်မြန်အို စေပါတယ်။

Thursday 3 September 2009

(66) BROMANCE

BROMANCE

WHAT IS BROMANCE?

BROMANCE IS THE PLATONIC RELATIONSHIP BETWEEN TWO STRAIGHT MALE.

အရှေ့ တောင်အာရှဘက်မှာကြည့်ပါ။ ယောကျာင်္းလေးများ အချင်းချင်းရင်းနှီးခင်မင်မှု၊ အကြောင်းလေ့လာကြည့်ရင်။ မိသားစုထက် ပိုခင်တဲ့  FRIENDSHIP တော်တော်များများကို တွေ့ နိုင်ပါတယ်။ သူတို့ တွေဟာ GAY တွေမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညီအကိုရင်းထက်ပို ပြီးရင်းနှီးတာမျိုးကို BROMANCE လို့  ခေါ်နိုင်ပါတယ်။ ဒါကြောင့်အာရှ သားတွေ တစ်ယောက်ပုခုံး တစ်ယောက်ဖက် သွားတိုင်း GAY လို့ ယူဆရင်လုံးဝမှားပါလိမ့်မယ်။

WIVES COMPLAINT ABOUT BROMANCE OF THEIR PARTNER
WHY?
MOST OF THE WIVES ARE DISAPPOINTED THIS RELATIONSHIP. BECAUSE THEIR HUSBANDS GIVE A LOTS OF TIME RATHER THAN THE FAMILY.
ဥပမာ။ မိသားစု PICNIC မှာ သူငယ်ချင်းကိုခေါ်လာခြင်း၊ HOLIDAY ခရီးအထွက်မှာ သူငယ်ချင်းကို အပါခေါ်ခဲ့ခြင်း။

HOW DO YOU KNOW THE TWO MALE ARE IN BROMANCE?
ခပ်ဆင်ဆင်အ၀တ်အစားများ ၀ယ်ယူဝတ်ခြင်း
ဆံပင်ညှုပ်ဆိုင် တွင်ပုံစံတူ ဆံပင်ညှပ်ခြင်း
GOOD ACCOMPANY ဖြစ်ခြင်း၊
ပွင့်ပွင့်လင်းလင်းဆွေးနွေးကြခြင်း၊ အကြံဥာဏ် ရယူခြင်း (ABOUT EVERYTHING)
SPOUSE ထက် FRIEND အတွေးအခေါ်များကို ပိုလက်ခံခြင်း APPRECIATE ဖြစ်ခြင်း
SPARE TIME တွင်ဆုံ ကာ ရောက်တတ်ရာရာ အချိန်ဖြုန်းခြင်း
အသေးအမွှားကိစ္စများတွင် ဖုန်းခေါ်ကာတိုင်ပင်ခြင်း (ကားပြင်တာ၊ GYM သွားတာ၊ အရောင်ရွေးချယ်တာ)

HOW DO WOMEN DEAL WITH IT?
- HAVING CHILDREN
- FIND GIRL FRIEND FOR THEIR HUBBY FRIEND( SO THEY CAN NOT BOTHER TO TIME FROM THEIR HUBBY)

သင်ကော သင့် ရဲ့  PARTNER ဟာ တခြားMALE FRIEND တစ်ယောက်နဲ့  BROMANCE RELATIONSHIP ဖြစ်ရင် လက်ခံမှာလား။ သို့ မဟုတ် အထက်ကအတိုင်း ဖြေရှင်းမှာလား။? .................

Friday 28 August 2009

(65) NO NO NO NO FROM MISS NICE

DO I SCARE OF PEOPLE JUDGING ME AS A BAD PERSON? NOT REALLY. I THINK IT IS MY OWN NATURE TO BE NICE AS MUCH AS I CAN. BUT CAN PEOPLE ALWAYS BE NICE? THAT IS TAUGHT QUESTION. IF YOU ARE TOO NICE, PEOPLE WILL TAKE ADVANTAGE FOR BEING NICE.

HUMAN RELATIONSHIP IS TOO COMPLICATED. BEING A GOOD LISTENER, SOMETIME, YOU CAN HEAR SILLY LIES FROM PEOPLE, EVENTHOUGH I KNOW THEY ARE LYING. I AM TOO HESITATE TO SAY “I KNOW YOU ARE LYING.“ I AM ALWAYS HELPFUL TO EVERYONE AS MUCH AS I CAN. HOWEVER, PEOPLE ARE TRYING TO USE ME AS JUST A RESOURCE AND NOT A HUMAN, JUST LIKE A TOOL, NOT LIKE A PERSON. I FEEL LIKE I GET STUCK WITH A LOT OF OTHER PEOPLE’S PROBLEMS. THEY DON’T EVEN CONSIDER ME OTHER THAN THEIR NEEDS.

NOW I STARTED LEARNING TO SAY NO. BUT I STILL HAVE A LONG WAY TO GO. I DO NEED TO GET THICK SKIN. I DON’T NEED TO LISTEN TO OTHER PEOPLE’S NEGATIVE JUDGEMENT AND GOSSIP. WHY SHOULD I CARE?

LEARNING TO SAY NO HAS BEEN A WONDERFUL THING. IT IS REALLY HARD AT THE VERY BEGINNING, I FEEL MORE ASSERTIVE, MORE ENERGETIC. I DON’T FEEL GUILTY OR REGRET AFTER THAT. INSTEAD OF GIVING EXCUSES, I JUST POLITELY REFUSED LIKE “I AM SORRY, IT IS BEYOND MY CONTROL, IT IS BEYOND MY CAPACITY, I HAVE RUN OUT OF TIME TO SORT OUT MY OWN PROBLE” LIKE THAT……………

Wednesday 26 August 2009

(64) NEWBORN ကြွက်ညိုလေး ARRIVAL

12.8.09 မနက်စောစော ကျမနဲ့ တစ်ဆောင်ထဲနေ (ကိုယ်ဝန်ဆောင် အမဲမလေး) က အခန်းတံခါးခေါက်ပြီး သူ ကလေးမွေးတော့မယ် ထင်တယ်တဲ့ ။ ဆေးရုံကိုလိုက်ပို့ ပေးဖို့  နှိုးလာတယ်။ ကျမ အိပ်ရာကနေ ၀ုန်းကနဲ့  အထမှာ ဒါအိပ်မက်လားဆိုပြီး စကားမပြန်မိဘဲ ငေးပြီးကြည့်ရင်းက သတိယပြီး ခပ်သွက်သွက် ရေချိုး သွားတိုက်ပြီး နောက် သူ့ ကိုစောင့်ပြီး BUS နဲ့  WIGAN ဆေးရုံ MATERNITY WARD ကိုသွားကြတယ်။ သူဘေးနားမှာ ၃နာရီလောက်နေပြီး ကျမ APPOINTMENT ရှိတဲ့  ကောလိပ်နားက ဆေးရုံကို သွားတယ်။

ညနေဘက် သူ့  ဆီ နောက်တစ်ခေါက်သွားတော့ သူ့ နိုင်ငံက အမဲမ သူငယ်ချင်း တစ်ယောက် ပါ ရောက်နေတယ်။ ဗိုက်နာနေတဲ့  ကိုယ်ဝန်ဆောင် ၆ယောက် လောက်ကို WARD တစ်ခုထဲမှာ ကုတင် တစ်ယောက်တစ်လုံးနဲ့  ထားထားတယ်။ ကုတင်တွေနားမှာ FLAT TV တစ်လုံးစီ ချိတ်ထားတယ်။ ကြည့်ချင်ရင် CREDIT ၀ယ်ထည့် ရမယ်တဲ့  ။ သူက ဗိုက် အရမ်းနာတယ်လို့ ပြောတယ်။ ညဘက် ၈နာရီ ဧည့် ချိန်အပြီးမှာ အိမ်ကိုပြန်တယ်။ အိမ်ပြန်ရောက်တော့ အိပ်ချင်စိတ် မရှိတာနဲ့ ။ NEWBORN အတွက် ဧည့်ခန်းကို ကြိုတင် သန့် ရှင်း ရေး အကျလုပ်ပြီး ဧည့်ခန်းထဲမှာ ဂိမ်းကစားတာ မနက် ၄နာရီထိုးသွားတယ်။ မအိပ်ချင်တာနဲ့  မီးဖိုထဲသွား သူ့ အတွက် ရွှေချည်ထိုးတယ် (SEMOLINA PAN CAKE )

မနက် ၆နာရီခွဲလောက် အိမ်ကထွက်ပြီး WIGAN ဆေးရုံ MATERNITY WARD ကို သွားအကြည့် ဆေးရုံထဲမ၀င်ခင် TEXT MSG လှမ်းအရိုက်မှာ ကလေးအမေ လက်သစ်က သူကလေးမွေးသွားပြီတဲ့ ။ ညသန်းကောင် ကျော်လောက် ထဲက တဲ့ ။ ကျမက ပထမဆုံး VISITOR ဆိုဘဲ။ သားယောင်္ကျားလေး မွေးတယ်။ ကလေးက သေးသေးလေးမှ တကယ့် သေးသေးလေး။ ကိုယ်အလေးချိန်က ၂.၂ကီလို ထဲ ၅ပေါင်လောက်သာ ရှိမယ်ထင်တယ်။ အာဖရိကန်ကလေး သေးသေးလေးကို ဒါပထမဆုံး မြင်ဘူးတာဘဲ။ အသားက နီနီညိုညိုလေး ။ မွေးကာစ ကလေးတွေဟာြ ကွက်ပေါက်စလေးတွေနဲ့ အရမ်းတူတာ။ သူနာမည်က JOSHUA TAI BLESSING တဲ့ ဒါ တောင် SIR NAME မပါသေးဘူး။ ကြွက်ပေါက်ကလေးနဲ့  တူလို့ စိတ်ထဲမှာ ကြိတ်ပြီး “ကြွက်ညိုလေး“ လို့  NICK NAME ပေးထားတယ်။ သူ့ အမေသာ သိရင်တော့ တော်တော် ဒေါသဖြစ်မယ်။

ကလေးက ကျမကို ကြည့်နေတဲ့ ပုံကို သူ့ အမေက ဓါတ်ပုံ တစ်ဖျတ်ဖျတ် ရိုက်တယ်။ ၅နာရီသား
လို့ ခေါ်မလား? တစ်ရက်သားမပြည့်သေးတော့။ ကလေးက ပိစိလေး။ မျက်နှာလေးက ပန်းသီး ခပ်ကြီးကြီးလေး တစ်လုံး လောက်တောင် မရှိဘူး။ ကလေးက ကျန်းကျန်းမာမာဘဲ။ သူ့ အမေက ပြီးတော့ပြောသေးတယ် သူ့  သားက ကျမရဲ့  GOD SON တဲ့ ရုပ်ရှင်ထဲက GOD FATHER ကြီးဆို တော်တော် POWER ရှိတာ။ တရပ်ကွက်လုံးက သူ့ လက်ကို နမ်းပြီး နှုတ်ဆက်ရတယ် သဘောကျတယ်။ ဟဲဟဲ ကျမ က GOD MOTHER တဲ့လေ။ တော်သေးတာပေါ့ နော် တခါတခါ ဒီကလေးအကြာင်းသူ့  အမေက ပြောရင် ကိုယ်မှာ နားထောင်ရ ဒီကလေးကိစ္စ တော်တော်များများကို မမွေးခင်ကတည်းက ၀င်ဝင်ပါနေရတော့ အခု အပြင်မှာ မြင်ရမှဘဲ စိတ်အေးတော့တယ်။ SUROGATE FATHER လို့  မပြောတာ ကံကောင်းတာပေါ့ ။ သူ့ အမေစကားအရ ကျမက GOD MOTHER တဲ့။ အင်္ဂလိပ်စကားကို အီတာလျှံ လေသံစွက်ပြီးပြော လူမိုက်မတွေဆီက ဆက်ကြေးကောက် သေနတ်ခါးကြားချိတ်တဲ့ ပုံကို မြင်ကြည့်။

အခုတော့ အမေအသစ်နဲ့  သားပေါက်စ အသစ် ရဲ့ အသံကြောင့် ကျမတို့ နေတဲ့  FLAT က အရမ်းကိုစီကားနေတယ်။ အဲဒီသကောင့်သားလေးကလဲ ဆေးရုံကခေါ်လာကတည်းက ကြွက်ကြွက်ညံအောင် ငို တယ်။ အထာမကျသေးတဲ့ အချိန်မှာ ကလေးအမေရော သားရော တော်တော်ဒုက္ခရောက်ကြတာ။

တစ်ည က ကလေးက အရမ်းအော်တယ်။ အော်ငို တာမှ မိနစ် ၂၀လောက်ရှိမယ်။ ကျမတို့ နေတဲ့  တိုက်တန်း ၂ထပ်နဲ့  ၃ထပ်ဘက်က တောင် အသံတွေ ဘာတွေ ပြုနေပြီ ။ ကျမထင်တာ သူ့ အမေ နိုးနေတယ်လို့ ထင်တာ။ သူတို့ အခန်းတံခါးကို ဖွင့်ထားတော့ ကျမ သွားကြည့်တာ သူ့ အမေက အိပ်ပျော်နေတယ်။ အဲဒီမှာ တစ်ခု သွားသတိရတယ်။ သူ့ အမေ TV အကျယ်ကြီးဖွင့်တာက ညာဘက်နားမကောင်းလို့ ဆို တာကို ။ ကြွက်ညိုလေးကတော့ သူ့ အမေရဲ့  ညာဘက်က အိပ်ရာ သေးသေး လေးထဲမှာ မျက်ရည်တွေ ထွက်ပြီး ငိုနေရှာတာ။

ကျမလှမ်းပြီး Cuddle လုပ်တော့ တိတ်သွားရော။ သူ့ အမေ က နှစ်နှစ်ချိုက်ချိုက် အိပ်တာ ဟောက်သံတွေ ဘာတွေ တောင်ထွက်တယ်။ ကြွက်ညိုလေးက ခဏနေရော ဗိုက်ဆာလိုထင်ပါရဲ့ ။ ရှိုက်ကြီးတငင် ငိုပါလေရော။ ပါးစပ်လေး တဟဟ နဲ့  ကလေးပေါက်စလေး ရှိုက်ပြီးငိုတာ ဒီတခါဘဲ ကြားဘူးတယ်။ သူ့အမေကို အတော်ကို လှုပ်နှိုးယူရတယ်။ ကလေး (၇) ရက်သား လောက်လဲ ရောက်ရော ကလေးထည့်တဲ့  တွန်းလှည်း PARCEL ထုတ်ကြီး ရောက်လာတယ်။ မဆင်ရသေးဘူး။ ကျမစဆင်နေတုန်း ကလေးအမေ က WIGAN ဆေးရုံကို ကလေးမွေးစရင်း ယူဖို့ ထွက်သွားတယ်။ အိပ်နေတဲ့  ကြွက်ညို လေး နားမှာ တွန်းလှည်းစပြီးဆင်တယ် ။ ကရိယာတန်ဆာပလာ မရှိတာ တော်တော်ဆိုးတာ။ တူနဲ့ ထုဖို့ ပုံမှာပြထားတာ ထုစရာတူမရှိလို့  အကြံအိုက်နေတုန်း မီးဖိုထဲက သစ်သားပြား အလေးကြီးကို မြင်လို့  ဒါကြီးနဲ့ ထုပြီးဆင်လိုက်တယ်။ သူ့  အမေပြန်လာတော့ ကြွက်ညို လေးကို တင်ပြီး အပြင်ကိုထွက်သွားလေရဲ့ ။ တွန်းလှည်းအသစ်ကလေးနဲ့  (SHOPPING လေ SHOPPING) ။

Sunday 23 August 2009

(63) ဒုက္ခပေးတဲ့ Cholesterol

" ဆီပြန်မှ စားချင်တယ် ၊ ဆီမပါပြားမပါနဲ့  မစားတတ်ဘူး ၊ ဆီလက်ကြားယိုမှ
စားလို့ ကောင်းတယ် ၊ ဆီကိုရေချိုးပြီး ဆေးရိုးကိုမီး လှုံမယ် "

အဆီစားတိုင်း မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး ။ အဆီဟာမရှိမဖြစ် လိုအပ်ပါတယ် ။ ကောင်းတဲ့အဆီ (unsaturated fats) များကတော့ သံလွင်သီး ၊ သံလွင်ဆီ ၊ ထောပတ်သီး ၊ အစေ့အဆန်ပါတဲ့ အစားအသောက်များဖြစ်ကြတဲ့ မြေပဲ ၊ သစ်အယ်သီး ၊ သစ်ကြားသီး ၊ ဟင်းချက်ရာမှာ သုံးရင်လဲ ပြောင်းဖူးဆီ ၊ မြေပဲဆီ ၊ ပဲပုတ်ဆီ ၊ နှမ်းဆီ စစ်စစ်များသာ သုံးသင့်ပါတယ် ။

Omega -3 အဆီ ဖြစ်တဲ့ ငါးတွေကရတဲ့ အဆီဟာ unsaturated fats ဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ငါးမြင်းဝမ်းဗိုက်သား ဆီပြန်ကို မန်ကျီးသီးနဲ့ ချပ် နံနံပင် အုပ်ချက်တာမျိုး ဆိုရင် များများစားသင့်ပါတယ်။ ( စား ချင်လာပြီ ပြောရင်းနဲ့ )

Omega - 3 ဟာနှလုံးရောကို ကာကွယ်ပါတယ် ။ အဆီများတဲ့ Oily fish မကြိုက်သူတွေအတွက်တော့ supplement capsules တွေကို (ဆရာဝန်နဲ့  တိုင်ပင်ပြီး) သောက်သုံးသင့်ပါတယ်။

ဒုက္ခပေးတဲ့  ဆီအကြောင်းပြောရအောင် ။ (Saturated Fats) များသောအားဖြင့်
animals များမှရတဲ့  အဆီဟာ ကျန်းမာရေးကို ကောင်းကောင်းဒုက္ခပေးပါတယ် ။
ဆီအများကြီးစားရင် သွေးထဲမှာ cholesterol တက်မယ်။ cholesterol ဆိုတာ
ကတော့ ဖယောင်းလို အရာမျိုး အဆီမျိုးပါ။ သူဟာမရှိမဖြစ်လို အပ်သလို
သိပ်များလာရင်လဲ နှလုံး နဲ့ သွေးလည်ပတ်မှု ကို နှောင့်နှေးစေပြီး နောက်
လေဖြတ်ခြင်း ၊ နှလုံးသွေးကြော ကျဉ်းခြင်းများ ဖြစ်နိုင်ပါတယ်။

ကြက်ဥ ၊ ဘဲဥ ၊ အမဲသဲ၊ ၀က်အသဲ၊ (၀မ်းတွင်းကလီစာများ) နဲ့  ပုဇွန်ထုတ် တွေမှာ
Cholesterol ပမာဏ များများပါဝင်တာမို့  ဆင်ခြင်စားသင့်ပါတယ် ။

March လတုန်း က GP clinic မှာ ကျွန်မ cholesterol test လုပ်ခဲ့
ဖူးပါတယ် ။ Blood sample ကို ယူပြီး ဆေးရုံက laboratory နေ့ ချင်းပို့  ပါတယ် ။
ဆေးရုံကို သူတို့ ပို့ ပေးပါတယ်။ result ကတော့ normal ပါ ။

Saturday 22 August 2009

(62) အာရောဂျံ

သူငယ်ချင်းမတစ်ယောက် ဇက်ကြောတတ်ပြီး ခေါင်းကိုက်လို့  ဆေးခန်းသွားပြတာ သွေးတိုးနေတယ်ဆို ဘဲ။ ဘာတွေစားလဲမေးတော့ သူတို့ နိုင်ငံက အစားအသောက်ကို ပါတီမှာ ကောင်းကောင်းစားခဲတယ်တဲ့ ။ (ကြက်ဥ ၊ကြက်သားနဲ့ ဆေးခြောက် ) ဒိန်ချဉ်နဲ့ လုပ်တဲ့  ဘိန်းမုန့် လို့ မုန့် အချပ်များ၊ ပြီးတော့ ကြက်သားဒန်ပေါက်၊ ပြီးတော့ သူတို့ နိုင်ငံကထုတ်တဲ့ ကော်ဖီအပြင်းစား သကြားမပါ၊နွားနို့ မပါ၊ ထောပတ်နဲ့ ဖုတ်ထားတဲ့ ကိတ်မုန့် အချို များ ) လူတွေသိပ်မလာလို့  SECOND ROUND တီးသွားသည်ဆို ဘဲ၊ ဒေသအစားအသောက်မို့  စားရခဲ့လို့ များများစားခဲ့တယ်တဲ့။

WHAT CAUSES HIGH BLOOD PRESSURE?


- NO PHYSICAL MOVEMENT, NO EXERCISES
- BEING OVERWEIGHT OR OBESE (ဒါကအစားအသောက်နဲ့ ကိုလက်လှုပ်ရှားမှု့ အပြင် ဟိုမုန်းပြောင်းလဲမှု ကိုပါထည့်တွက်ရမယ် ORAL CONTRACEPTIVES PILLS တွေဟာလဲ သွေးတိုးစေတဲ့အကြောင်းရင်းဖြစ်တတ်ပါသည်။)
- DRINKING TOO MUCH SUGARY JUCE, ALCOHOL, WINE, VODKA, ETC...
- NOT EATING ENOUGH FRUIT AND VEGE
- HAVING TOO MUCH SALTLY FOOD (မြန်မာဟင်းမှာ ဆားမပါရင်မကောင်းသလို ဆားများရင်လဲ ကျန်းမာရေးထိခိုက်ပါတယ်)
- DEPRESSION (စိတ်မကျန်းမာရင်လဲ သွေးတိုးတတ်ပါတယ်)
- HAVING TOO MUCH FATTY FOOD (BUTTER, COCONUT OIL, PALM OIL, CREAM, CAKES, BISCUIT, FATTY MEAT LIKE PORK, HARD CHEESE, GEE) THOSE FOOD HAVE SATURATED FATS.

(တူတူစုံတွဲ မစားသင့်တဲ့ အစားတွေကတော့ မယ်ဇလီဖူး ၀တ်သား၊ မျှစ်ချဉ်၊ ပဲငပိကျော်၊ အုန်းထမင်း၊ ငါးသလောက်ငပိကောင်၊ အရမ်း အငံကဲတဲ့ အစားအစားများ၊ အချိုကဲတဲ့အစားအစားများ ကို ရှောင်သင့်ပါသည်။) အုန်းနို့ ကျောက်ကျော၊ အုန်းနို့ သာကူ၊ စိတ်ထင်တိုင်းသာ စားလိုက်ရရင်တော့ အားလုံးကုန်သွားမည်။ ဒါကြောင့် အလှူအိမ် တွေသွားရင် သတိထားသင့် သည်။


ဆက်ဦးမည်။

Friday 14 August 2009

(61) ကမ္ဘာ့စီးပွားပျက်ကပ်

Credit Crunch, Credit Crunch ဆိုတဲ့စကားလုံး တွေကို တွင်တွင် ကြားနေရပေမဲ့  ရေရေရာရာ မသိခဲ့ဘူး။ ငွေလဲလှယ်နှုံး အဆင်မပြေတော့မှ Credit Crunch အကြောင်းကို စိတ်ဝင်တစား နားစွင့် မိခဲ့ပါတယ်။

ဒီဒေသမှာတော့
- ကုမ္မဏီ မှာ အလုပ်သမားဦးရေ လျှော့ချခြင်း၊
- ကုန်ဈေးနှုံးတက်ခြင်း။
- ငွေ တန်ဖိုး အတက်အကျဖြစ်ခြင်းများအပြင်။
- ဘဏ်များမှ အတိုးနှုံး မြှင့် ခြင်း
- အကြွေးမဆပ်နိုင်သဖြင့် လူမွဲစာရင်းခံသူများလာခြင်း
- ငွေထပ်မံပုံနှိပ်ထုတ်လုပ်ခြင်း
- စားသုံးသူတွေ ဈေးကြီးပေးဝယ်စားရတဲ့  အတွက်ကြောင့် အရောင်း အ၀ယ် မလိုက်ခြင်း တွေရှိလာပါတယ်။


လွန်ခဲ့တဲ့ သုံးလေးလ မှစပြီး ဗြိတိန်နိုင်ငံ က အုပ်ချုပ်ရေးအပိုင်းမှာ လဲ တစ်ဦးကို တစ်ဦး ပါလီမန် အတွင်းမှာ အပြစ်တင်ကြ ရှုတ်ချကြတာတွေ ရုပ်သံက တဆင့်  တိုက်ရိုက်တွေ့ ရပါတယ်။

ကနဦးပိုင်းမှာတော့ ဒီနိုင်ငံက Home Secretary (အမျိုးသမီး) အသက် ၄၄နှစ် ရှိ Jacqui Smith ရဲ့ ခင်ပွန်းသည် အသုံးစရိတ် bill ထဲမှာ အပြာကား ဒီဗွီဒီ ခ ကို မှားယွင်းမေ့ လျှော့ စွာတောင်းခံ မိရာက စတာပါဘဲ။ နိုင်ငံရေး အသိုင်းအ၀ိုင်းက သတိထားမိပြီး ပက်ပက်စက်စက်ဝေဖန်တာ ခံရ ခဲ့လို့  လူသိရှင်ကြား တောင်းပန်ခဲ့ရပါတယ်။

ရာထူးငှာန ဘယ်လောက်ဘဲကြီးကြီး မှားတာလုပ်မိလို့ ကတော့ အဲဒီအမှားရဲ့ consequences တွေကို လိုက်ရှင်းပေတော့ဘဲ။

အဲဒီနောက်မှာတော့ နိုင်ငံရေးအသိုင်းအ၀ိုင်း က လူတွေရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထု နဲ့  သက်ဆိုင်ရာတွေ က စောင့်ကြည့်တာ ခံရပါတော့တယ်။ MP (Member of Parliament ) များရဲ့ အသုံးစရိတ်ပြသနာ ဟာ လူသိရှင်ကြားဖြစ်လာပါတယ်။ အလုပ်အကိုင်ရုံးနဲ့ နီးတဲ့ နေရာတွေမှာ second home စရိတ်စက တောင်းတာတွေ၊ အိမ်အရစ်ကျ ၀ယ်တဲ့ (mortage) စရိတ် ပိုတောင်းတာတွေ စတဲ့ ပြသနာတွေ ဟာ ဗြိတိန်နိုင်ငံရဲ့  သတင်းမီဒီယာတွေမှာ နေစဉ်လိုလို မြင်နေကြား နေရပါတယ်။ MP တချို့ လဲ နှုတ်ထွက်သူ နှုတ်ထွက်၊ ၀န်ချတောင်းပန်တဲ့သူ တောင်းပန်နဲ့  ဗြိတိန်နိုင်ငံ Credit Crunch ရဲ့  နောက်ဆက်တွဲ အကျိုးဆက် သတင်းတွေ ကို ဘာတခုမှ မထိန်မချန် နေ့စဉ် တီဗွီဖန်သားပြင်မှာ မြင်နေကြားနေရပါတယ်။

နိုင်ငံရေးပိုင်းက အရေးပါအရာရောက်လူကြီူးများ ကို ပြည်သူပြည်သားများ ၊ သတင်းမီဒီယာ များက ဗြောင်ကျကျ အပြစ်တင် ဝေဖန်ပိုင်ခွင့်တွေ အပြည့် အ၀ တွေ့ ရပါတယ်။

ရေမြေ့ သခင် ဘုရင်မကြီး တောင်မှ Credit Crunch ကြောင့် သူမရဲ့  လခ အသုံးစရိတ် adjustment ပြသနာကို တင်ပြလာတာကြောင့် ဒီစီးပွားပျက်ကပ် ကို ကျော်လွှားဖို့  တော်တော်အချိန်ယူရမယ်လို့  ကျမ ထင်မိပါတယ်။

(60) CAN OPPOSITE SEX PEOPLE BE BEST FRIENDS WITH EACH OTHER? ဆန့် ကျင်ဘက် gender များ သူငယ်ချင်းဖြစ်နိုင်ပါသလား

မနက်ဖြန့် အချိန်ရလျှင် အချောသတ် ရေးပါမည်။
စာမြည်း။

REGARDING THIS POST, I WILL SAY FREOM MY POINT OF VIEW - MAN AND WOMAN CAN BE BEST MATES. I HAVE FEW MALE BEST MATES, THEY ARE GREAT AND HELPFUL, THEY TREAT ME EQUAL LIKE ANOTHER BLOKE NEXT DOOR. THEY VALUE FRIENDSHIP, THEY DON'T RUIN FRIENDSHIP NEITHER AM I. UNFORTUNATELY SOMETIME GIRLFRIEND OR WIFE THAT DOESNT LIKE IT AND THEY FEELS THREATENED DUE TO THEIR OWN INSECURITIES.

AS FAR AS YOU DON’T CROSSED THE LINE WITH YOUR MALE FRIENDS, AS FAR AS YOU DON’T EMOTIONALLY OR PHYSICALLY ATTRACTED TO YOUR FRIEND.. IT IS OK FOR BOTH SIDES. SOME WOMAN HAS SEVERAL MALE BEST FRIENDS, SOME OF THEM SINCE CHILDHOOD.


WELL, TO BE HORNEST I FIND I AM MORE COMFORTABLE IN A WOMAN'S COMPANY THAN A MEMBER OF MY OWN SEX, AND MAYBE THAT'S BECAUSE I WAS GROWN UP IN A FAMILY IN WHICH HAS MORE FEMALE FAMILY MEMBERS.

I HAVE QUITE A FEW MALE FRIENDS THAT IM VERY CLOSE TO...MY TWO YOUNGER BROTHERS ARE MY BEST FRIENDS AS WELL. I TELL THEM EVERYTHING...SOME PEOPLE MAY FIND THAT A BIT STRANGE BUT DISTANCE MAKES OUR FAMILY QUITE CLOSER THEN OTHER FAMILY. MAY BE BECAUSE WE DON‘T SEE EACH OTHER FOR YEARS.WHO KNOWS WE MIGHT FIGHT LIKE CATS AND DOGS WHEN WE HAVE TO SHARE OUR PARENT HOUSE LIKE BACK IN 1999.
BUT WHAT EVER THE REASON IS THEY ARE MY BEST MALE FRIENDS AND ALWAYS WILL BE.

ဆက်ရန်ရှိသေးသည်။

Tuesday 11 August 2009

(59) ANNOYING PEOPLE လူညစ်တွေကြောင့်စိတ်ပျက်မှု များ

WANNA GET A FEW TIPS TO HANDLE ANNOYING PEOPLE

ကိုင်း …. နားလည်မှု မရှိတဲ့ လူတွေကို ဘယ်လို ကိုင်တွယ်ကြမလဲ?


PEOPLE WHO TALKS OVER THE MOBILE PHONE VERY LOUDLY ON THE PUBLIC TRANSPORT.
THE GUY WHO JUMPS THE QUEUE BCOZ HE IS RUNNING LATE TO WORK.
COLLEAGUE WHO TELLS YOU ALL BOUT HER STUPID BOYFRIEND AND GREEDY FLAT MATE WHEN YOU ARE STRUGGLING TO FINALIZE YOUR REPORT.
COLLEAGUE WHO TELLS EVERYTHING - FROM WHO IS HAVING AN AFFAIR TO WHOM. AND WHO IS GOING TO BE FIRED AND WHO IS REPLACEMENT OF THAT POSITION.


OHHHH THIS BLOODY WORLD HAS FULL OF ANNOYING PEOPLE.


YEAH, THE SIMPLE WAY TO HANDLE IS STAY AWAY, IGNORE THEM, AVOID THEM .


THEROITICALLY RIGHT BUT PRACTICALLY NOT REALLY EASY. AGREE WITH ME?


HOWEVER THERE IS ONE PLACE YOU CAN’T ESCAPE THIS TYPE OF PEOPLE WHO ARE SELFISH, NASTY, LAZY , -- WHERE --? IN YOUR WORKING ENVIRONMENT.



I DON’T WANT TO SWALLOW MY ANGER …… … PUT ON BRAVE FACE AND THEN SHOUT REALLY LOUD “SHUT UP” ………..

(58) THE POWER OF FRIENDSHIP

American နိုင်ငံ Harvard Medical School မှ သူငယ်ချင်းများ များ ထားခြင်းဟာ ကျန်းမာရေး အတွက် အလွန်ကောင်း တယ် ဆိုတဲ့ အချက်အလက်ကို သက်သေသက်ကာယ များနဲ့ Research လုပ်ထားတယ်လို့  စာထဲမှာ ဖတ်ရပါတယ်။

FRIENDSHIP ရှိခြင်းဟာ စိတ်ကို လုံခြုံစေပါတယ်။ ဘ၀ကို ပျော်ပိုက်စေပါတယ်။ စိတ်ကျရောဂါ ကိုလဲ ကာကွယ်ပါတယ်။ ဘ၀မှာ အခက်အခဲ မျိုးစုံကြုံလာတဲ့ အချိန် ပြောပြ ဖွင့်ဟဖို့  အနားမှာ ခွေးတစ်ကောင်၊ ကြောင်တစ်မှီး မှ မရှိတဲ့ လူတွေဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်တဲ့ စိတ်၊ ကိုယ့်အသားကို ကိုယ်နာအောင် လုပ်တဲ self harm behaviour, အဲဒီအပြင် အချိန်ကာလတွေကို အမြန် မေ့ပျောက်လွယ်ဖို့  ဆေးဝါးအကူအညီယူရင်း ဆေးစွဲdrug addict ဖြစ်သွားနိုင်ပါတယ်။

သူငယ်ချင်းများများရှိခြင်းအားဖြင့် ငြိမ်းချမ်းစွာ အတင်းပြောနိုင်ပါတယ်။ .......ဒါကတော့ နောက်တာပါ။

(57) HAY FEVER & ASTHMA

SINCE THE BEGINNING OF UK SUMMER, I WAS BATTLING WITH HAY FEVER AND ASTHMA. THIS FEVER IS COMMON ALLERGIE, THE DOCTOR TOLD ME THAT THERE ARE MORE THAN 10 MILLION OF PEOPLE SUFFERING THIS FEVER IN UK.

IN AUGUST, I FEEL A LOT BETTER. I STOP TAKING ANTI -HISTAMINE.
I MAKE SURE I HAVE SOME SHOWER SHOWER WHEN I ‘VE BEEN OUTSIDE TO WASH OFF THE POLLEN WHICH STUCKS ON MY SKIN AND HAIR. I CAN NOT EXPOSE MY HAIR. I WAS THINKING TO SHAVE IT OFF THE WEATHER WILL BEING LIKE THIS FOR THE WHOLE YEAR.

I KEPT WINDOWS SHUT MOST OF THE TIME, POLLENS ARE MY ENEMIES. CAN’T GET A CHANCE TO HEAR THE SONGS OF THE BIRDS.

NOW I MANGED TO GET A BALM (ORGANIC DRUG - FREE POLLEN BARRIER BALM, WHICH I BOUGHT FROM SUPERDRUG CHEMIST) TO RUB MY NOSE. WHICH HELP ME TO PREVENT SNEEZING AND DISCOMFORT.

BESIDES HAY FEEVER AND ASTHMA, I WAS SO ILL AND WEAK. I LOST WEIGHT. I HAVE SEEN DIFFERENT SPECIALISTS TO FIND OUT WHY I WAS SO ILL.

I HAVE BEEN WONDERING WHAT I CAN GET MY IMMUNE SYSTEM AND HEALTH. I THINK THE POOR DIET, LACK OF SLEEP AND STRESS ARE THE COMMON CAUSES OF MY ILLNESS.

NOW I MAKE SURE, I HAVE A GOOD, BALANCED DIET, WHICH INCLUDES LOTS OF FRUIT, MEAT AND PLEANTY OF CALCIUM-RICH FOOD SUCH AS CHEESE, FISH, PEAS, KIDNEY BEANS AND GREEN VEGETABLE LIKE BROCOLI. SOME PHYSICAL EXERCISES (LIGHT EXERCISES) WHICH GREATLY HELPED THE STRESS PROBLEM AND GETTING GOOD NIGHT SLEEP.
 

THANKS FOR READING THIS POST.
SAW SAN AYE LUU 

Saturday 8 August 2009

(56) Michael Jackson ဦးနှောက် မိသားစုမှ ပြန်လည်လက်ခံရရှိ

King of pop ဖြစ်တဲ့ Michael Jackson ရဲ့ ဦးနှောက် ကို မိသားစုမှ ဒီနေ့ ပြန်လည် လက်ခံရရှိတယ်လို့ သတင်းထဲမှာဖတ်ရပါတယ်။ သူအိမ်ထဲ က သွေးစွန်းနေတဲ့  label မဖြုတ်ရသေးတဲ့  အမျိုးသမီး blouse ကို ရဲတွေက ရှာဖွေပုံစုံနဲ့ သိမ်းတဲ့ ထဲမှာပါမသွားပါဘူး။

King of pop ရဲ့  you are not alone ဆိုတဲ့ စာသား ကို ကျမစွဲနေပါတယ်။ သူသီချင်းတွေ ဟာ အင်မတန်ကောင်းပြီး သူ ဘ၀က စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ မာန်မာန ကင်းပြီး ၊ ပြိုင်ဘက်ကင်းတဲ့ လူတော်တစ်ယောက်ပါ။ သူ့ ရဲ့  ကြော်ကြားတဲ့  child abuse ဆိုတာဟာ လဲ ငွေသိုက်တူးသူ တချို့ ရဲ့ အပုတ်ချမှု့ လို့ အများက ယူဆကြပါတယ်။ သူရဲ့ moon walk ကို ကျမ try ပြီးလျှောက်ကြည့်တာ အဆင်မပြေပါဘူး။

သင်္ခါရ တရားကို သင်ပေးတဲ့  မိုက်ကယ်ဂျက်ဆင်ကို ကျေးဇူးတင်မိပါတယ်။

ငါသည်မုချသေရမည်။ အချိန်ပိုင်းသာ ကျန်တော့သည်။ အသေမဦးခင် ဥာဏ်ဦးရမည်။

(55) ရှစ်လေးလုံး ရရင်ရ၊မရရင်ချ ရရ မရရ ချ

သူတို့  ရပ်ကွက်ထဲက လူတွေ ဆန္ဒပြသွား ကြသည်။ တချို့ က မှော်ဘီဘက် တချို့ က ထောက်ကြန့် ဘက်မှာ လူစုပြီး မြို့ ထဲ သွားကြသည်။ သူတို့ ကလေးတွေက တော့ လူကြီးတွေ ပြောသမျှနားထောင် ၊ ရေဒီယိုသတင်းကို မောင်နှမ တစ်စု ငြိမ်ပြီးနားထောင်ကြသည်။ တက်ခေါက်ကြသည်။

သူလဲ စိတ်ညစ်သည်၊ ဘာ့ကြောင့် လူအများစု တောင်းနေတဲ့  ဒီမိုကရေစီ ဆိုတာကြီး ကို မပေးဘဲကပ်စေးနှဲနေ သည့်  ဂျစ်ကားစိမ်းစီး ဘိုးဘိုးကြီးကို နားမလည်နိုင် ။ ဘိုးဘိုးကြီးက မိုးပေါ်ထောင်မပစ်ကြောင်း လေဒီယိုထဲက ဒါးကြိမ်းကြိမ်းတော့ တအားမုန်းသွားသည်။ ဂျစ်ကားစိမ်းထဲက လက်တစ်ဘက်ဝေ့ ထွက်ပြဖို့ အရေး နေပူထဲမှာ သူတို့ မူလတန်းကျောင်းမှ ကလေးများ အကြာကြီးစောင့်ခဲ့ ဖူးသည်။

ပေတရာလမ်းပေါ်ဖြတ်သွားတော့လဲ ဘယ်ဂျစ်ကားမှာ ထို ဘဲကြီးပါမှန်းမသိ၊ အရှိန်မရပ်ဘဲဖြတ်သွား သည့် ဂျစ်ကား ယာဉ်တန်းဘေးမှာ နေပူပူ အဆောင်းမပါတဲ့ သူတို့ ကလေးတွေ က လက်ခုတ်တီးပြီး နိုင်ငံတော် သမ္မတကြီး ကျန်းမာပါစေ။ ကျန်းမာပါစေ ဆိုပြီး အော်ရသည်။ ဒါက ခေါက်ရိုးကြိုး နေပြီဖြစ်တဲ့  ကျောင်းအုပ်ဆရာမကြီး မှ မော်နီတာအားတိုင်ရန် သင်ထားသည့် စကား။

အရေးအခင်းဖြစ်တော့ သူတို့  ကလေးတွေ စုပြီး လူကြီးတွေ ပြောသမျှ ကို ဖေါက်သည်ချကြသည်။

ချနေပြီကွ၊
လူသေတယ်၊
မီးသတ်ပိုက်နဲ့ သွေးတွေ ဆေးနေတာ တွေ့ ခဲ့ တယ်
ဗမာစကားမတတ်တဲ့ ချင်းတပ်တွေကို ခေါ်ပြီး ဆန္ဒပြ ကျောင်းသားတွေကို ဗကဗ ဆိုပြီး သတ်ခိုင်းတာတဲ့ ၊ မသေမရှင် ကြီးတွေကို မီးသင်းဂြိုလ်စက်ထဲ ကိုထည့်တယ်တဲ့ ကွာ။
ဂိုထောင်ဖေါက်တယ် ဆို ဘဲ၊
ဂျင်ဂလိနဲ့ ပြစ်တယ်တဲ့ကွ
ယောင်ကြီးဗွေ ဆိုတာလဲပါတယ်ကွ
ဘုန်းကြီးတွေလဲပါတယ်
တရားတက်ဟောကြတယ်ကွ
ငတ်ကုန်ကြဘီကွာ
ဆိုင်မဖွင့်ရဲ ဘူး၊ လုမှာကြောက်လို့ 
ဆန်ဝယ်လို့ မရဘူး
ပြည်သူဆိုင် (သမ၀ါယမဆိုင်၊ သားမယား ၀ ဆိုင် ကိုဆိုလိုပါသည်။ ) ကိုဝင်စီးကြမယ်တဲ့ 
ဆန်ကွဲ လက်ကျန်ချက်စားတဲ့ သူကစား
ဟာခေါင်ဖြတ်ကုန်ပြီဆိုဘဲ။


ဒို့ တွေလဲကင်းစောင့်ရအောင်၊ မာလကာဂိုင်းသားတွေ ခုတ်ပြီး ညှောင့်ထောင်ရအောင်ဟေ့ ။ ဒါမှ ရန်သူ့ ကားဘီး ပေါက်မှာ။ ဂျင်ဂလိ လုပ်ပြီးပြန်တွယ်မယ် ရန်သူလာရင်။

အုန်းမုတ်ခွက်တွေစု ကွာ ပြီး ရင်သီပြီး လျှို အောက်က ကင်းစောင့်နေတဲ့  ၉၁ က အာဒဘီ ((RTB or RDB) လားမသိပါ။) တပ်ထိန်းရဲ့ ကို ဆိုလိုပါသည် ဆီကို လှိမ့် ချရအောင်။

မှော်ဘီကျောက်တိုင်ကွင်းမှာ လူစုကြမယ်တဲ့ ဟေ့ ။
မြန့် မာ့အသံ ကိုဝင်စီးထားတယ်တဲ့ ။ သတင်းကြေငြာတဲ့ သူတွေ ရဲ့ အသံက ပုံမှန်မဟုတ်ဘူး။
ငါတို့ အမတွေတက်တဲ့  အထက ၂ မှော်ဘီက ဆရာတော်တော်များများလည်း ချီတက်ပွဲသွားကြတယ်တဲ့ ။

လာကွာ ရပ်ကွက်ထဲ သွားပြီး ဒီမိုကရေစီ အရေးဆိုကြမယ်။

ရရင်ရ မရရင် ချ။ ရရ မရရ ချ။

တီးစရာ နို့် ဆီခွက် တွေပါစုခဲ့ ။ ငါ့အဖွားဆီက လင်းကွင်းပါယူလာခဲ့မယ်။
ကိုယ့်ရပ်ကွက် ကို ကိုယ်တိုင်ကင်းစောင့်ရမယ်တဲ့ ။
ငါတို့ အိမ်မှာ ယောင်္ကျားလေးက ငါတစ်ယောက်ထဲ။
မင်းတို့ ၃တန်းကကောင်တွေ ငါ့ကင်းစောင့်ရင် တချက်လာကြည့်ဦးနော်။


ဟာလေဒီယိုမှာ သီချင်းတွေဆက်တိုက်ဖွင့်နေပါလား။ အခု ရီစရာ(ဟာဒရရွှင်ဆေး) အချိန်လေ။
စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့ ။
၉၁ က အာဒဘီ တွေ့ ရင် ဝေးဝေးက ရှောင်နော်။
ပုံပြင်လက်ဆောင် နားထောင်းချင်လို့  လေဒီယို ဖွင့်ပေးပါ အမေရေ။

အာ ပုံပြင်လက်ဆောင်အစား စစ်သီချင်းတွေချည်းဆက်တိုက်လာနေပါလား။
အရင်တုန်းကဆို စစ်သီချင်းလိုက်ဆို ရတာ ကောင်းသား ။ အားမာန်အပြည့်နဲ့ ။
အခုများ ယောင်ပြီးဆို မိလို့  အိမ်ပေါ်က ထမင်းချက်နေတဲ့ 
အမက သစ်သားယောင်းမထောင်ပြီ ငါနားညီးလာပြီ ခေါင်းခေါက်ခံချင်ရင်ဆက်ဆိုတဲ့။

ဒီလိုနဲ့  ဘဲ ၂၁နှစ်ကြာခဲ့ ပါပြီကောလေ။

နားပါဦးမည်။

Thursday 6 August 2009

(54) CHESS TITANS MAKE ME SICK စစ်တုရင် ရောဂါ


ကျမ အခုတစ်လော chess ကို ညလုံးပေါက်နီးပါး ကစားဖြစ်တယ်။ ကွန်ပျူတာထဲက chess game စွဲတာဟာ နေမကောင်း ဖြစ်ရခြင်းမှာ ပါတဲ့ အကြောင်းတစ်ခု ဖြစ်မယ်လို့ ထင်မိပါတ်။ နောက်ပြီး တော့ မိုက်ကယ်ဂျက်ဆင် အကြောင်း update news တွေကို ရှာဖတ်ရတာလဲ နေ့ တိုင်းဘဲ။ ဘာကြောင့်မှန်းမသိဘူး။ ကျမ computer addited ဖြစ်နေတယ် ။ ညဘက်အိပ်ခါ နီးရောက်တိုင်း game ဖက်ကို လှည့်ဖြစ်နေမိတယ်။ သိစိတ်က မကောင်းဘူးဆိုတာ သိနေပေမဲ့  မသိစိတ်က game ဆော့ ချင်စိတ်ကို တားမရဘူး။ ပင်လယ်ရေ လို ဘဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲမသိဘူး။ အသက်ကြီးမှ ကိုယ့် ကို ကိုယ် ဆုံးမလို့ မရတာ သိပ်ခက်တယ်။


တော်သေးပြီ။ ကျမ အမိုက်တုန်းကြီး နားပါဦးမည်။

(53) TO MY LOVELY SON

DEAR SON,





I LOVED YOU SO MUCH. EVENTHOUGH I AM NOT NEAR YOU. I WILL ALWAYS LOVE YOU. I WANT YOU TO BE A DOCTOR LIKE YOUR YOUNGEST UNCLE, AND UR ANTY DAW NI. IT IS UP TO YOU TO CHOOSE WHICH WAY YOU ARE CHOOSING, I WILL HAPPY ABOUT IT. I WANT U TO BE AN HONEST, UNDERSTANDING AND CARING BOY TO UR GRAND PARENT AND MY SIBLINGS BECAUSE THEY ADORED YOU SOOO MUCH. SINCE YOU WERE LITTLE, YOU WON THEIR HEART . THEY LOVED YOU AND CARED ABOUT YOU WITH ALL THEIR HEART WITHOUT EXPECTING ANY RETURN. PLEASE TAKE CARE YOUR HEALTH AND I AM LOOKING FORWARD TO SEE YOU AGAIN.

WITH LOVE,

MUM

Wednesday 5 August 2009

(52) My amazing body

I was in the hospital to see specialist, he upload my chest X ray on his computer. I was schocked when he said there is a metal near your chest bone then he show me where it is. It seems a small metal which is not more than 1.5" I think. I don't know why I do not know over 30 years of my age. In my childhood I played more than boys. I had broken hands, injuries most of the time. I do need to ask my mum but I don't want to let her know that I am not feeling well. She will definately know what it was. ..... .... ... My brother said just take it out, my sister said stay clam. I am trying. .... I know some people stayed years even there was bullets in their body. I am not worrying now.... but .... ahhh ..... It was unbelieable. If anyone have same experience please e mail me. Thanks.

sawl24@googlemail.com

Friday 31 July 2009

(51) လူဖြစ်ရတဲ့ဒုက္ခ


ဆေးရုံက Specialist ရဲညွှန်ကြားချက်အရ Exray, Blood Test, Urine Test ကို Wednesday မှာလုပ်ပါတယ်။ Nurse က ညွှန်လိုက်လို Tuberculosis (TB) test ကို ဒီနေ 31st July 09 Friday မှာလုပ်ပါတယ်။ နောက်ထပ် appointment တွေဆက်တိုက် လာနေပါသေးတယ်။ ဒါကြောင့် တပတ်စာ ဘတ်စကားလက်မှတ် ၀ယ်ဖို့  photo card လုပ်ပါတယ် ။ သိပ်မကြာခင်မှာ ကျမရဲ့  flat mate လဲ ခလေးမွေးတော့မှာမို့  သူ့ မ အတွက် လိုအပ်တဲ့  nappy, cotton wool, baby shower jel, baby wipe, စတာတွေ ကို ကျမ ၀ယ်ပေးထားပါတယ်။ လူလောကထဲ ကို နည်းမျိုးစုံနဲ့ ရောက်လာတဲ့ ဧည့်သည် အသစ်ကလေးတွေကို မမြင်ခင်ကထဲက သနားနေမိတယ်။ Angels လေးတွေ က baby တွေကို စောင့် ရှောက်တယ်လို့  သူတို့ ဘာသာမှာ ယူဆတယ်။ ဘ၀တစ်ခု အစပြုတော့မယ် ။ လူဖြစ်ရတဲ့ဒုက္ခလေးတွေပေါ့။

My late brother in law (my sister's hubby) once said ဒုက္ခက ပျားရည်လို ချိုတယ်တဲ့။

Manchester Victoria ဘူတာနားက ဈေးအတန်နဲ့ ရခဲ့တဲ့ salmon fish ၀မ်းဗိုက်သားတွေကို သန့် စင်ပြီး ငါး ချဉ်ရည်ဟင်းချက်ပါတယ်။ ကျမရဲ့  flat mate နဲ့ အတူ ညစာအတူစားဖြစ်ကြပါတယ်။ သိပ်ကြိုက်တဲ့ ။


There is Burger King in Wigan............... I did not know b4.
photo from google image.

(50) ကောင်းကောင်း ပြောတဲ့  FOC

FOC (WHAT’S THAT MEANS)



သားတော်မောင် အခုတစ်လော စကားအဆန်းတွေပြောသည်တဲ့။

ဒေါ်နီ (ကျမညီမလေး) သူ့ ဒေါ်လေးအငယ်ဆုံး မကြာခန သုံးသည့် စကားတွေထည့်ထည့် ပြောနေပြီ။

သူ့ ဒေါ်နီ က မည်သည့် လူနာက မတတ်နိုင်သဖြင့် FOC ကုပေးရသည်။ ဆိုသည့် စကား။

အကြောင်းက သူ့ ကြီးကြီး (ကျမ မမကြီး နှင့် အငယ်မ (သူ့ ဒေါ်လေးအငယ်) က

ဆံပင်ဖြူနှုတ်ခိုင်းသည့်အခါ။

ဒေါ်နီက ဆရာဝန်ဆိုတော့ FOC လေ အမေကြီး (ကျမရဲ့ မမကြီး) ကတော့ ပိုက်ဆံပေးရမယ်

ဆံပင်ဖြူနှုတ်ခတဲ့။

FOC ဆိုတာကတော့ FREE OF CHARGE ပါတဲ့ ရှင်


သူ့ cousin ကျမတူလေး နှင့် ဆရာခေါ်တမ်းကစားကြသည့်တဲ့ ။ ခေတ်ကာလကလေးများ

အရမ်းတတ်သည်။ သူ့ cousin (ကျမ မမကြီး သား) ကို ထိလျှင်လုံးဝမခံ။

ကျမတူလေး လဲ ကောင်းကောင်းလို မောင်နှမ နောက်ထပ်အရင်းမရှိ ။ သူတို့ ညီအကို ၀မ်းကွဲ ၂ဦးမှာ

မွေးကတည်းက တအိမ်ထဲနေ ကြသဖြင့် အရင်းအခြားထက်ပင် ပိုပါသည်။

အသက်၉နှစ်ကြီး ၉နှစ်ငယ်မို့  သူတို့ ၂ဦး ငယ်စဉ်က အတွဲ မညီသေးသော်လည်း များမကြာခင်

အဖေါ်ဖြစ်လာတော့မည်။

တခါကလည်း ညီအကို ၂ဦး ပုဆိုး ၀တ်ပြီး လက်ဘက်ရည်ဆိုင် အတူထိုင်ကြသည်တဲ့။ ထိုအချိန်တုန်းက

ကောင်းကောင်း က အသက် ၈နှစ်တောင်မပြည့်သေး။

Friday 24 July 2009

(49) (Whatever .... Just Me)

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ မကျန်းမာလို့ စိတ်ညစ်ရင် စိတ်ထောင်းလို ကို ကျေ ဖြစ်ကြရျပါတယ်။

ဒါက တီဗွီထဲ က လာတဲ ကြော်ငြာပါ။

Health is the most important thing. Since last three week my health was deteriorated. I was suffered from Hay Fever and Asma .

I lost my appetized and I could not sleep at night due to the problem of breathing. I felt so faint . One day I was sitting in the living room and took photo of myself. I look so different I look like miserable old woman. I was so terrify the image of mine.

I sneezed all the time. My wind pipe was continuously making sound like the engine. (Wheelzing).


This week I try to count about the expenses, it is quite a lot. I got 300 pounds from my lovely friend. We had really nice time together in West London, Srilankan food shop.

As soon as I come back from London. I started buying magazine, newspaper and buy food. Once I go and signed for weekly basic, I took a lady to Chinese buffet as a treat (she is the one who I known from Liverpool)



This was my healthy dinner cooked by my self which is aubergine (egg plant) on steel bowl. And cut pumpkin which I am going to make curry with garlic and ginger.,




This is my current slipper which I ware in house, look how big it ? It doesn’t really fit with me. But I did wear it because I can not effort to buy the new one or (the designer one) Quite sad.......

Thursday 23 July 2009

(48) the other side of me

(48) Beyonce ရဲ့ သီချင်းထဲက စာသားလေး

If I were a boy even just for a day
I'd roll out of bed in the morning
And throw on what I wanted
And go drink beer with the guys

I'd listen to her
'Cause I know how it hurts
When you lose the one you wanted
'Cause he's taking you for granted
And everything you had got destroyed

If I were a boy
I think I could understand
How it feels to love a girl
I swear I'd be a better man





HEALTHY 9 STONE WOMAN BEFORE GETTING ILLNESS.

(47) Hay fever and Asthma then Lonelyness is killing me

(47) ဇူလိုင် ၂၂။ Wed 2009


Asia မှာ နေကြတ်တဲ့နေ့ 

ဆုတ်ယုတ်လာတဲ့  ကျန်းမာရေး

နေမကောင်းတာ ၄ပတ်တိတိရှိပြီ။

ဒီကနေ့ မနက် ဆေးခန်းသွားပြတော့ ဆရာဝန်က သေချာစမ်းသပ်တယ်။

ကျမ ဘာ့ကြောင့်ဒီလောက်မြန်မြန် ကျသွားသလဲ မပြောတတ်ဘူး

ကိုယ်အလေးချိန် ၁၀ကီလို တလအတွင်း ကျသွားတဲ့ ကျမ

သေမှာကို အရမ်းကြောက်မိတယ်။

Swine fleu များဖြစ်နေတာလားလို့ မေးမိတော့ ဆရာဝန်ကမဟုတ်ဘူးတဲ့

ကျမကို specialist ဆီကို refer လုပ်တယ်။။ ၄၈ နာရီအတွင်းမှာ specialist က access လုပ်မယ်တဲ့။

ကျမ အိမ်ကို အရမ်းလွမ်းတယ်။

Saturday 11 July 2009

Michael Jackson

မိုက်ကယ်ဂျက်ဆင် သေသွားပြီ

နေ့ တိုင်းသူ့ သတင်းတွေ ရှာဖတ်နေမိတယ်

လူတော်တစ်ယောက် နောက်ဆုံးထွက် ခွာသွားပြီ

သနားပါတယ်

ငါသည်လဲ မုချသေရမည်။ အချိန်ပိုင်းသာလိုတော့သည်။

အသေမဦးခင်ဥာဏ်ဦးရမည်။

Sunday 21 June 2009

(45) ငယ်ဖေါ်များ

မှော်ဘီ ဆပ်သွားတော အမက ကျောင်းလေးမှာ ကျောင်းအပ်တော့ ကျောင်းအုပ်ဆရာမကြီး နော်မှတ်ချစ် က အသက်၎နှစ်ခွဲ ကျော်သွားပြီး ၅နှစ်ပြည့် ရန် လိုတဲ့ကျမကို စမ်းသပ်မှု့ အဖြစ် နားရွက်ကျော်ကိုင် ခိုင်းတယ်။ ဘယ်နားရွက် ကို ညာလက်နဲ့ ခေါင်းပေါ်ကကျော်ကိုင် နိုင်ပြီး ကကြီးခခွေး နဲ့ တစ်နှစ်သုံးလေး ဆိုပြတော့ သူငယ်တန်းပေးတက်ပါတယ်။ ကျောင်းစိမ်းဝတ်ပြီး ထမင်းစားကျောင်းဆင်း အိမ်အပြန်။ အိမ်နောက်က မီးဖိုချောင်း ထမင်းစားပွဲလေးမှာ ထိုင်ပြီး အမတွေလို ကျောင်းသူဖြစ်ပြီလို့  တွေးရင်း ကျိတ်ပြုံးမိတာ ခုထိမှတ်မိတယ်။

သူငယ်တန်းတုန်းက သူငယ်ချင်းနာမည်က မမိုးဝါ သူက ၉၁တပ်ကဘဲ သူရော ကျမပါ လူကောင် သေးသေးညှပ်ညှပ်တွေမို့  လူကောင်ထွားတဲ့  ကျောင်းသူမတွေ ကဗိုလ်ကျချင်တယ်။ အမရှိတဲ့ ဒုတိယတန်းအခန်းကို သွားပြီး စစ်ကူခေါ်တာဘဲ။ မမိုးဝါမှာ အကိုအမမရှိတော့ ကျမက သူဘက်ကလိုက်ပြီး ရန်ဖြစ်ပေးတယ်။

ပထမတန်းရောက်တော့ အပေါင်းအသင်းစုံလာတယ်။ ၉၁၊ ရှမ်း ၁၊ တိုင်းကြက်ခြံ၊ စမ်းချောင်း၊ အာဏာပိုင်ရုံး၊ အရှေ့ ပိုင်း၊ ရေပြာ ဘက်က လာတဲ့ သူတွေများတယ်။ ၉၁ က စန္ဒာဝင်း နဲ့ အတူထိုင်ဖြစ်တယ်။ သူက စွာတော့ အမကို စစ်ကူသွား ခေါ်စရာသိပ်မလိုတော့ဘူး။ အတန်းထဲက ကလေးမတွေက အီစွပ်ခုံရင် ကျမတို့ ကို မပါစေချင်ကြဘူး။ မုန့် နည်းနည်း ခွဲကျွေးမှ ပါရတယ်။ ကျမတို့ ရှေ့ ဆုံးတန်းမှာ ထိုင်ကြတယ်။ ကျမနဲ့ စန္ဒာ ကနှပ်ခဏခဏထွက်တော့ ဆရာမကညှစ်ပေးတယ်။ ကျမတို့  ဆရာမက အရမ်းချောတယ်။ သူလာရင် ဆွဲ ခြင်းသွားလုပြီး ကိုင်ကြတယ်။

မြန်မာစာလုံးတွေကို ကောင်းကောင်း ပေါင်းတတ် ဖတ်တတ်တဲ့ အချိန်မှာ အဆဲ စသင်တော့တာဘဲ သူများတွေ ဆဲသမျှကို စာရွက်လေးနဲ့ လိုက်ရေးပြီး ကျက်တယ်။ အိမ်ပြန်ရောက်တော့ သွားပြီး practise လုပ်မိတာ အမေနဲ့ မမကြီးနဲ့ ဝိုင်းချုပ်ပြီး အဆော်ပလော်တီးတာ ခံရတယ်။ ခါးကြားထဲမှာ လိပ်ထားတဲ့  အဆဲစာရွက် ကို မမကြီး မြင်သွားပြီး ခေါင်းခေါက်တာ ကြယ်တွေလတွေ တောင် မြင်တယ်။ အဲမှာ နည်းနည်းခွင့်လွတ်တဲ့  အဆဲစကား က ခွေးမစုတ်ကြီးတဲ့ ။ ဒါတောင် senior အမတွေ
ရှေ့ မှာ မဆဲရဲဘူး မကြားတကြားလေးပေါ့။ အမေက နောက်တခါဆဲတာကြားရင် ဂုံနီအိပ်ချုပ်တဲ့ အပ်နဲ့  ပါးစပ်ကို ဖေါက်ချုပ်မယ်
လို့ ပြောလို့  အဆဲပြတ်သွားတာ။

ဒုတိယတန်းလဲရောက်ရော စမ်းချောင်းပေါက်က ကရင်မတွေနဲ့ အသေခင်တာ သူတို့ နာမည်တွေက လှမှလှ ဆူးဖေါထူး၊ ထီးဖေါထူး၊ နော်ချယ်ရီသိန်း နှင်းသီတာ တဲ့ ။ သနပ်ခါးလိမ်းရင် ချယ်ရီသိန်းလိမ်းသလို အတုခိုးပြီး အများကြီးလိမ်း သွားပွတ်တံနဲ့ အစင်းထင်အောင် ခြစ်တယ်။ သူတို့ က ခင်စရာကောင်းတယ်။ မမကြီး က ကျောင်းမှာ လုပ်အားပေးဆရာမ လုပ်တော့ တခါတလေ သူစာသင်တဲ့ အခန်းကိုသွားပြီး ငါ့မမကြီးလှရဲ့ လားလို့ ချယ်ရီသိန်းနဲ့ အတူ သွားချောင်းရတာ အမောဘဲ။ မမကြီးက မျက်နှာသာမပေးပါဘူး။ အိမ်မှာ သူမျက်နှာသာပေးတာက မိန်းကလေးထဲမှာ အငယ်ဆုံး မယ်နီဂျစ်တူးမကိုလေ သူ့ ကိုမမကြီး က ပို့ ပို့ ကြီး လို့ ခေါ်တယ်။ ကျမကတော့ စာကျက်ပျင်းလို့  သူသိပ်မချစ်ဘူး။

တိုင်းကြက်ခြံ နားမှာနေတဲ့ သူငယ်ချင်းချောစုနဲ့ က ပထမတန်းကနေ တတိယတန်းအထိ အတူတူ။ သူနဲ့ ကျမတို့ ကျောင်းနောက်ဘက်က တောထဲမှာ ကစားကြတယ်။ တခါတုန်း က ဆရာမမလာတဲ့နေ့  သူ့ အဒေါ်နဲ့ ဦးလေးတို့  နေတဲ့  အာဏာပိုင်ရုံးထဲ က ၀န်ထမ်းအိမ် အထိချေရှည်ကြတယ်။ ၀န်ထမ်းတွေအလုပ်သွားတဲ့ အချိန်မို့  အိမ် ရှေ့ တံခါး ပိတ်ထားပေမဲ့  ရေချိုးခန်းကအပွင့်မို့  ကျမတို့ ရေဘုံဘိုင်က လာတဲ့ ရေကို လက်နဲ့ ခပ်သောက် ရေခွပ်နဲ့ ခပ်ပြီးချေဆေး မျက်နှာသစ် လုပ်ကြတယ်။ ကျောင်းကနေ လစ်ထွက်တာ ပထမဆုံးအကြိမ်မို့  အရမ်းကြောက်တယ်။ အပြန်မှာ သူငယ်ချင်းတွေ လက်ကို ကျစ်ကျစ်ဆွဲ ပြီး အတန်းထဲကို ခိုးကြောင်ခိုးဝှက် ပြန်ဝင်တယ်။ စကပ်မှာ ဆူးကြယ်သီးတွေ၊ မျက်သီးတွေ ကပ်တာကို ခွာချတယ်။ ခုထိ အဲဒီလို ခိုးထွက်ခဲ့တာ အမေတို့ မမကြီးတို့ မသိကြဘူး။

အိမ်စာလုပ်ပျင်းတဲ့ သူမို့  မမကြီး တက္ကသိုလ်သွားတဲ့ အချိန် ဟာလွတ်လပ်ရေးဘဲ။ ဒုတိယအမ လေးလေးလတ် က စာသင်ပေးတယ်။ သူ့ ကြောင့် လက်ရေးလှလှ ရေးဖို့ စိတ်ပါခဲ့ တယ်။ တတိယတန်း နှစ်လည်အထိ လက်ရေးက ကြောင်ချီးကုတ်လက်ရေးလေ။ လေးလတ်က ကျူရှင်စဖွင့်တော့ အတန်းထဲက သီတာ၊ ဇော်အောင်၊ အောင်ဆန်းဦး။မခွန်ဖန် နဲ့  ချောစုတို့ လာတက်ကြတယ်။ ဇော်အောင်ကို ပဲကြီးလို့ ခေါ်တယ် ဘာကြောင့်မှန်းတော့မသိဘူး။ သီတာကတော့ မောင်လေးအကြီးကောင်နဲ့ အရမ်းတည့်တာ။ သီတာက စချင်စရာခင်ချင်စရာကောင်းတယ်။ မောင်လေးအကြီးကောင်ကို သီတာ က ဆေးလိပ်ဖြူ ဆိုလား ဖိုးဆိတ်ဖြူဆိုလာုး စသည်။ သီတာ၊မခွန်ဖန်၊ ဇော်အောင်နဲ့ အောင်ဆန်းဦးတို့ က ၉၁က ဘဲ။

သီတင်းကျွတ်နဲ့  ဒီဇင်ဘာကျောင်းပိတ်ရက်တွေဆိုရင် အိမ်မှာစာမသင်ချင်ဘူး။ အိမ်ရှေ့ ကနားစည်း အိမ်ဝင်းထဲက မျောက်လောင်း အုပ်စုဆော့ရင် အာရုံရောက်ရောက်သွားတယ်။ ကလေးအုပ်က စု ငှက်ပျောလက်ခုတ်ပြီး သေနတ်လုပ် ကစားကြတယ်။ ဖိနပ်ပစ်တယ်။ တူတူပုန်းတယ်။ ကနားစည်းအိမ်ဝင်းထဲက မန်ကျီးပင်အိုပေါ်တက်ပြီး ကိုင်းခိုကြတယ်။ မိုးရွာရင် အိမ်ရှေ့ ရေမြောင်းကို သွားပြီး ရေခိုးချိုးတယ်။ ဌေးဌေးရီ နဲ့ ဆန်နီတို့ မောင်နှမ ၂ ယောက်လဲ အတူလာကစားကြတယ်။ ကျော်မင်းသိန်း၊ ရဲမင်းနောင် တို့ ညီအကိုလဲ အညင်းသန်တယ်။ လှဝင်းဆိုတဲ့ သကောင့်သားလေး ကတော့ လူလိမ်မာ။ လူကြီးတွေပေးမကစားခိုင်းရင် မလာဘူး။ အမေတို့ အလုပ်ရှုပ်နေရင်တော့မသိဘူးပေါ့။ အိမ်ခေါင်းရင်းက မာလကာပင် ကိုင်းကိုလွဲခိုတယ်။ ဘာမှ လုပ်စရာမရှိရင် ကျောင်းဝင်းထဲသွားပြီး ရွံ့  အပျော့ရှာတူးပြီး အရုပ်လုပ်တယ်။ အိုးပုတ်လုပ်တယ် ။ လောက်စာလုံးလုံးတယ်။ ထုတ်ဆီးတိုးချင်လွန်းလို့ အိမ်ကိုမျက်နှာလုပ်ပြီးဆန်ရွေးပေးရတာနဲ့ ပန်းကန်ကူဆေးပေးရတာနဲ့ ။ နေမစောင်းခင်ထွက်ပြီး ထုတ်ဆီးတိုးကွင်းထဲသွားလွန်းလို့  ခြေထောက်မှာတင်တဲ့ ချေးကို အမေတွေ အမတွေက ရေနံဆီနဲ့ တိုးပြီးချွတ်ရတယ်။

၆တန်းလောက်လဲ ရောက်ရော ကစားဖေါ်တွေသိပ်မရှိတော့ဘူး။ အတန်းဖေါ်တွေတော်တော်များများ အပျိုလုပ်ကုန်ကြပြီ။ အထက်တန်းကျောင်းကိုရောက်တော့ အတန်းတွေကွဲကုန်လို့ အရင်လို့ တတွဲတွဲ မရှိတော့ဘူး။ အထက်က အမနဲ့ အငယ်မ မယ်နီတို့ က စာကျိုးစားကြတော့ အချိန်နဲ့ ကစား အချိန်နဲ့  စာကျက်တယ် ဒါ့ ကြောင့် အဆူသိပ်မခံရဘူး။ ကျမသာ ငပျင်းမို့  အိမ်ဘေးက ဘောလုံးကွင်းထဲမှာ သူများတွေ ဘောလုံကန်တာကို ခုံချပြီး ငေးရတော့တယ်။ ကလေးတွေက လဲ သူတို့ ကစားရင် ပေးမပါစေချင်ကြတော့ဘူး။

ကျောင်းမှာတော့ သူငယ်ချင်း ခင်စောအေး၊စီးစီးလျာ၊ အောင်အောင်၊ဇင်မေ ရှိတယ်။ သူတို့  ကိုယ်လို ဘဲ။ ကလေးကိုယ်နဲ့ ကလေးစိတ်လေ။ ဘယ်လို မှ အပျိုကြီး စိတ်မ၀င်ဘူး။ ကျမတို့ တွေ အိမ်လည်ကျတယ်။ စီးစီလျာနဲ့ အတူ ခင်စောအေး နေမကောင်းလို့  အောင်အောင်၊ဇင်မေ နဲ့ ကျမတို့ ကုန်းပိုးပြီး သူ့ အိမ်ကိုပြန် ပို့ ပေးကြဘူးတယ်။ ခိုင်ချိုအောင်တို့  ချိုရီလွင်တို့ လဲပါမယ်ထင်တယ်။ မှော်ဘီ အထက (၂) က စည်းကမ်း တင်းကြပ်တော့ ကျမတို့ တွေ ရင်ဖုံးအင်္ကျီ ၀တ်ရတယ်။ ကျမတို့  ကလေးလူကြီးတစ်စု ရင်ဖုံးအင်္ကျီဝတ် ထမီ ကဒေါင်းကြိုက်ပြီး အီစွပ် ခုံကြတယ် ။ (၇)တန်းတက်တဲ့ အချိန်အထိပေါ့ ။

သူငယ်ချင်းတို့ ရေ သတိယနေတယ်။

(44) ကျမ ရဲ့  experience of 15 Seconds death

16/6အင်္ဂါနေ့  ညနေ ကတည်းက နေမကောင်းလို့ အခန်းထဲ အောင်းနေမိတယ်။ အစားအသောက် ပျက်လာတယ်။ မီးဖို ချောင်ကိုသွားပြီး အစားလုပ်ရမှာ ခေါင်းမူးသလို ရင်တုန်သလို ဖြစ်နေတာနဲ့ 
အခန်းထဲမှာ ရှိတဲ့  အစားအသောက်နဲ့  ဆေးတွေကို မျိုချ စောင်ချုံ mobile phone ထဲက radio ဖွင့် 
ပြီး ရက်ဆက်အိပ်မိတယ်။

စာပို့ သမားလာတဲ့ အချိန်လောက် ခဏသာ အခန်းအပြင်ကိုထွက်ပြီး အခန်းထဲမှာ အခြောက်အခြမ်း အစားအသောက် တွေနဲ့ စား ရေသောက်၊ဆေးသောက်၊ တနေကုန်အိပ် လုပ်နေခဲတာ သောကြာည သန်းကောင်ကျော် ၁နာရီမှာ flat mate အမဲမလေး Junior က တံခါးကြားကနေ စာရွက်ထိုးလာလို့  ဘာလဲလို့  သူကိုမေးဖို့ တံခါးဖွင့်ပြီး အထမှ ခြေလှန်းတွေ မမှန်တော့ဘူး။ ဒူးတွေက ခွေလာတယ်။ သူက အသံမကြားတာ ကြာလို့ စိုးရိမ်တယ်တဲ့  အိပ်နေရင်လဲ မနိုးအောင် စာရေးပြီး ပို့  တာတဲ့ ။

Junior ကိုစကားပြန်ပြောနေတုန်း မျက်လုံးတွေပြာလာတယ်။ ခဏလေး ငါအသက်ရှူဖို့  ပတင်းပေါက်ဖွင့်လိုက်မယ်ဆိုပြီး အသွား။ ပတင်းပေါက်လက်ကိုင် ကို လှည့်တွန်းအပြီး ဘိုင်းကနဲ ခေါင်းနဲ့  လဲကျတယ်။ အသိစိတ် လွတ်သွားတဲ့  10 sec, 15 sec အချိန်အပြီးမှာ ခေါင်းတွေအတော်ရှင်းပြီး ငုတ်နေတဲ့  ချွေးတွေထွက် လာတော့တယ်။


သူလဲလန့် သွားပြီး အနားလာတယ်။ သူဘာပြောနေတာ ကျမမသိဘူး။ 1၀ seconds လောက်ကြာမယ်ထင်တယ်။ မျက်နှာကို စာရွက်နဲ့ လာယပ်ခတ်ပြီး စိုးရိမ်စိတ်နဲ့ ဆူတယ် ကျမမှာ စကားပြန်မပြောနိုင်အောင် ကြောင်အအ ဖြစ်နေမိတယ်။ လဲကျတာလုံးဝမနာဘူး။


အသိတွေရဲ ဖုန်းနံပါတ်ကို တောင်းတယ်။ ကျမ အတွက် ဗိုက်ကြီးတကားကားနဲ့ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲခြောက်ထုတ် ပြုတ်ပြီး J2O orange drink ယူလာတယ်။ ကျမကို ဒါးကျိန်းကျိန်းပြီး ကျွေးပါတော့တယ်။ မစားရင် 999 နဲ့  ambulance ခေါ်ပြီး ကျမဖုန်းထဲက နံပါတ် အကုန်လုံးကို ဆက်မယ်တဲ့။ အားနာပြီး နည်းနည်း ယူစားလိုက်တယ်။ စောစောတုန်းက ရုတ်တရက် အသိလွတ် သွားတာကို ပြန်တွေပြီး ကျမ ကြောက်လာတယ်။

မီးဇာမကုန် ဆီမခန်း ခင်၊ မိသားစုအတွက် ဘာမှ မလုပ်ပေးနိုင်ခင်၊ မသေချင်သေးဘူး။ ကျိုင်းတောင်းမှာ ဖျားတုန်းကလို အိမ်ရောက်မှ သေပါရစေ ဘုရား လို့ ။

မြန်မာပြည်မဟုတ်တဲ့ နေရာမှာ ဆို
သေသူကိုရေချိုးပေးပါ့မလား?
လက်မခြေမပူချည်ပေးပါ့မလား?
ကြေးစည်ထုပြီး လိုက်ပို့ ပေးပါ့မလား?
သံဝေဂယပ်တောင်လေးတွေ ကိုင်ပြီး။
နောက်ဆုံးခရီးကို လိုက်ပို့ နှုတ်ဆက် နိုင်ကြမှာလား?
သင်္ချိုင်းက ဇီးခက်ကလေးကောက်ပြီး
ကိုယ်စားယူလာ တရားနာဖို့ ဖိတ်ပေးနိုင်ပါ့မလား?
ချစ်သူခင်သူတို့ ပြုပေးတဲ့ ကိုယ်စားအလှူအမျှ ပေးသံ
ကြားနိုင်မှာလား။


မြန်မာပြည် မှာဘဲ သေချင်တယ်။