Sunday 23 August 2009

(63) ဒုက္ခပေးတဲ့ Cholesterol

" ဆီပြန်မှ စားချင်တယ် ၊ ဆီမပါပြားမပါနဲ့  မစားတတ်ဘူး ၊ ဆီလက်ကြားယိုမှ
စားလို့ ကောင်းတယ် ၊ ဆီကိုရေချိုးပြီး ဆေးရိုးကိုမီး လှုံမယ် "

အဆီစားတိုင်း မကောင်းဘူးလားဆိုတော့ မဟုတ်ပါဘူး ။ အဆီဟာမရှိမဖြစ် လိုအပ်ပါတယ် ။ ကောင်းတဲ့အဆီ (unsaturated fats) များကတော့ သံလွင်သီး ၊ သံလွင်ဆီ ၊ ထောပတ်သီး ၊ အစေ့အဆန်ပါတဲ့ အစားအသောက်များဖြစ်ကြတဲ့ မြေပဲ ၊ သစ်အယ်သီး ၊ သစ်ကြားသီး ၊ ဟင်းချက်ရာမှာ သုံးရင်လဲ ပြောင်းဖူးဆီ ၊ မြေပဲဆီ ၊ ပဲပုတ်ဆီ ၊ နှမ်းဆီ စစ်စစ်များသာ သုံးသင့်ပါတယ် ။

Omega -3 အဆီ ဖြစ်တဲ့ ငါးတွေကရတဲ့ အဆီဟာ unsaturated fats ဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ငါးမြင်းဝမ်းဗိုက်သား ဆီပြန်ကို မန်ကျီးသီးနဲ့ ချပ် နံနံပင် အုပ်ချက်တာမျိုး ဆိုရင် များများစားသင့်ပါတယ်။ ( စား ချင်လာပြီ ပြောရင်းနဲ့ )

Omega - 3 ဟာနှလုံးရောကို ကာကွယ်ပါတယ် ။ အဆီများတဲ့ Oily fish မကြိုက်သူတွေအတွက်တော့ supplement capsules တွေကို (ဆရာဝန်နဲ့  တိုင်ပင်ပြီး) သောက်သုံးသင့်ပါတယ်။

ဒုက္ခပေးတဲ့  ဆီအကြောင်းပြောရအောင် ။ (Saturated Fats) များသောအားဖြင့်
animals များမှရတဲ့  အဆီဟာ ကျန်းမာရေးကို ကောင်းကောင်းဒုက္ခပေးပါတယ် ။
ဆီအများကြီးစားရင် သွေးထဲမှာ cholesterol တက်မယ်။ cholesterol ဆိုတာ
ကတော့ ဖယောင်းလို အရာမျိုး အဆီမျိုးပါ။ သူဟာမရှိမဖြစ်လို အပ်သလို
သိပ်များလာရင်လဲ နှလုံး နဲ့ သွေးလည်ပတ်မှု ကို နှောင့်နှေးစေပြီး နောက်
လေဖြတ်ခြင်း ၊ နှလုံးသွေးကြော ကျဉ်းခြင်းများ ဖြစ်နိုင်ပါတယ်။

ကြက်ဥ ၊ ဘဲဥ ၊ အမဲသဲ၊ ၀က်အသဲ၊ (၀မ်းတွင်းကလီစာများ) နဲ့  ပုဇွန်ထုတ် တွေမှာ
Cholesterol ပမာဏ များများပါဝင်တာမို့  ဆင်ခြင်စားသင့်ပါတယ် ။

March လတုန်း က GP clinic မှာ ကျွန်မ cholesterol test လုပ်ခဲ့
ဖူးပါတယ် ။ Blood sample ကို ယူပြီး ဆေးရုံက laboratory နေ့ ချင်းပို့  ပါတယ် ။
ဆေးရုံကို သူတို့ ပို့ ပေးပါတယ်။ result ကတော့ normal ပါ ။

ကျွန်မတို့  အရှေ့ တောင်အာရှ သားများ မှာ cholesterol မြင့်တက်တဲ့ ပြသနာ
တခြားသူတွေထက် ပို များတယ် British Heart Foundation ရဲ့ 
စာတမ်းတခုမှာ ရေးထားပါတယ်။ ကျွန်မထင်တာတော့ စားသောက်တဲ့
အစားအသောက်ပုံစံကြောင့်လို ထင်ပါတယ် ။ (ဆီပြန်ဟင်းမှ ကြိုက်ကြသည်လေ)

ကျွန်မ သူငယ်ချင်းတစ်ယောက်ဆိုရင် မုန်ညင်း ချဉ်ဖတ်သုတ်တာကအစ
ဆီတွေအများကြီးထည့် ပါတယ်။ ကြက်သွန်စိမ်း ၊ ကြက်သွန်ဖြူ နဲ့ 
မုန်ညင်းချဉ်ဖတ် ကို ဆီအများကြီး နဲ့ သုတ်ထားတာ အရမ်းကောင်းပေမဲ့ 
ကျန်းမာရေးအတွက် ကတော့မကောင်းပါဘူး။ သူက ကျမ ချက်တဲ့ ဟင်းတွေဆိုရင်
ဆီနည်းလို့  သိပ်မကြိုက်ဘူး ။ ဆီသိပ်မကြိုက်ပေမဲ့  ကျမတို့ နှစ်ယောက်
Burger King ကြိုက်တာချင်းတော့တော်တော် တူပါတယ် ။ ဒါလဲ healthy ဖြစ်တဲ့ 
အစားအသောက်မဟုတ်ပါဘူး ။ junk food တွေကိုရှောင်ချင်ပေမဲ့ ၊
လတ်လတ်ဆတ်ဆတ်ချက်စားလို့  အခြေအနေ မပေးရင်တော့ သွားစားဖြစ်ပါတယ် ။

Saturated Fats တွေ ကြောင့် Cholesterol level ပြသနာရှိသူများ ညညဆင်ခြင် သင့်တာကတော့
- ကားအမြဲစီးသူများ လမ်းလျှောက်ဖို့  အခွင့်အလမ်း မရ ရအောင်ယူပါ ။

- public transport သုံးနေသူများလဲ မိမိဆင်းရမည့် မှတ်တိုင်မရောက်ခင်
၂ မှတ်တိုင်လောက် မှာဆင်းပြီး လျှောက်သင့်ပါတယ်။ (Be aware, Your Own
Safety) လူသိပ်ပြတ်ရင်တော့ ကိုယ့်အန္တရာယ် ကို ကိုယ် ဖိတ်ခေါ်တာမျိုး
ဖြစ်တတ်တာမို့  သတိထားပါ ။

- တနေ့ ကို မိနစ် ၃၀ခန့်  စက်ဘီးစီး နိုင်ရင် သိပ်ကောင်းပါတယ် ။

- ရုံးအဆောက်အဦး အမြင့်ကြီးတွေမှာ အလုပ်လုပ်သူတွေ အထပ်အမြင့်ကြီးမှာ
နေသူတွေလဲ ဓါတ်လှေကားသုံးမဲ့အစား ရိုးရိုးလှေကားကို ကိုယ်တတ်နိုင်သလောက် သုံးပေးပါ။

- Unsaturated fat ပါတဲ့ အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်စားပါ ။

- High fibre diet ဖြစ်တဲ့ ပဲပုတ် ၊ ပဲနီလေး ၊ ဇရစ်ရိုး ၊ မုန်ညင်း ၊ ဂုံမင်း ၊ ငှက်ပျောအူ ၊
သဗြုတ်သီး ၊ နဲ့ အသီးအနှံ ပေါင်းစုံ စားပေးပါ ။

- ကျွဲကောသီးဟာ cholesterol ကို လျှော့ကျစေတာမို့  ဆေးဝါး သောက်ရန်
မညွှန်ကြားထားတဲ့ လူနာများနဲ့ သာသင့်တော်ပါတယ် ။

- full fat milk အစား skimmed milk, သို့ မဟုတ် soya milk (ပဲနို့ ) သောက်ပေးပါ ။

- ဆား လျှော့စားပါ ။

- alcohol သောက်သုံးသူများ လဲ မဖြတ်နိုင်ရင် တောင် လျှော့ သောက်ပါ ။

- ကိုယ်အလေးချိန်အရမ်းမတိုးအောင် အစားအသောက်ကို သတိရှိရှိစားသုံးပါ။


cholesterol levels မြင့်ပြီး နှလုံး ကို အန္တရာယ်ပေး နိုင်ရင်တော့ ဆရာဝန်တွေက
cholesterol lowering drungs ဥပမာ Statins, Simvastatin, Atorvastatin လို
ဆေးမျိုး ကိုသောက်သုံးဖို့  ညွှန်ကြားပါလိမ့် မယ် ။
အဲဒီဆေးဟာ cholesterol level နိမ့် သူတွေသောက်မိရင်တော့ အရမ်း
အန္တရာယ်ရှိတာမို့  ဆေးဝါးတိုင်းကို မသောက်မီ သတိထားဖို့ 
အညွှန်းစာတွေကို သေချာဖတ်ဖို့  လိုပါတယ်။ အသည်းရောဂါရှိသူများ ၊
ကိုယ်ဝန်ဆောင်များနဲ့  နို့ တိုက်မိခင် များအတွက် ဒီဆေးတွေဟာ
လုံးဝမသင့်တော်ပါဘူး ။ ဒီဆေးတွေကိုသောက်ဖို့  ဆရာဝန်က ညွှန်ကြား လိုက်ရင်တော့ Grape fruit (ကျွဲကောသီး) အရည်သောက်ခြင်း။စားခြင်း ကိုရှောင်ပါ။

Cholesterol lowering drugs (Statins, များကို သောက်ရင် ညဘက်မှာ
သောက်သုံးတာအကောင်းဆုံးပါဘဲ ။ ဘာကြောင့်လဲဆိုတော့ လူခန္ဓာ ကိုယ်ဟာ
ညဘက်မှာ Cholesterol ထုတ်လို့ ပါဘဲ ။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကတော့ အဖျားရှိခြင်း ၊ ၀မ်းသွားခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကြွက်သားနာခြင်း ၊ ကြွက်သားအားနည်းခြင်းတွေဖြစ်ပါတယ်။

ဆေးဝါးကို လွယ်လွယ်ကူကူ မိမိဘာသာ အသုံးမပြု ပါနဲ့  ဆရာဝန်မညွှန်ကြားဘဲ
မသောက်ပါနဲ့ ။ ဘေးထွက်ဆိုးကျိုး များလွန်းတာကြောင့် ဆရာဝန်များစမ်းသပ် စစ်ဆေးပြီး ညွန်ကြားမှသာသောက်ပါ။

ဆေးဝါးအကူအညီ မယူဘဲရနိုင်တဲ့ အဆင့်ရှိရင်တော့ ( healthy food) & (physical exercises) အစားအသောက်နဲ့  ကိုယ်လက်လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ကုသနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ် ။

ခံစားနေရသူတွေအတွက် ဒီ Post လေးမှ နည်းနည်းအထောက်အကူပြုနိုင်ရင်
ရေးရကျိုးနပ်ပါပြီး ။ ။

ကျမ္မာပါစေ။
Ref: British Heart Foundation Website

No comments:

Post a Comment