Friday 14 August 2009

(61) ကမ္ဘာ့စီးပွားပျက်ကပ်

Credit Crunch, Credit Crunch ဆိုတဲ့စကားလုံး တွေကို တွင်တွင် ကြားနေရပေမဲ့  ရေရေရာရာ မသိခဲ့ဘူး။ ငွေလဲလှယ်နှုံး အဆင်မပြေတော့မှ Credit Crunch အကြောင်းကို စိတ်ဝင်တစား နားစွင့် မိခဲ့ပါတယ်။

ဒီဒေသမှာတော့
- ကုမ္မဏီ မှာ အလုပ်သမားဦးရေ လျှော့ချခြင်း၊
- ကုန်ဈေးနှုံးတက်ခြင်း။
- ငွေ တန်ဖိုး အတက်အကျဖြစ်ခြင်းများအပြင်။
- ဘဏ်များမှ အတိုးနှုံး မြှင့် ခြင်း
- အကြွေးမဆပ်နိုင်သဖြင့် လူမွဲစာရင်းခံသူများလာခြင်း
- ငွေထပ်မံပုံနှိပ်ထုတ်လုပ်ခြင်း
- စားသုံးသူတွေ ဈေးကြီးပေးဝယ်စားရတဲ့  အတွက်ကြောင့် အရောင်း အ၀ယ် မလိုက်ခြင်း တွေရှိလာပါတယ်။


လွန်ခဲ့တဲ့ သုံးလေးလ မှစပြီး ဗြိတိန်နိုင်ငံ က အုပ်ချုပ်ရေးအပိုင်းမှာ လဲ တစ်ဦးကို တစ်ဦး ပါလီမန် အတွင်းမှာ အပြစ်တင်ကြ ရှုတ်ချကြတာတွေ ရုပ်သံက တဆင့်  တိုက်ရိုက်တွေ့ ရပါတယ်။

ကနဦးပိုင်းမှာတော့ ဒီနိုင်ငံက Home Secretary (အမျိုးသမီး) အသက် ၄၄နှစ် ရှိ Jacqui Smith ရဲ့ ခင်ပွန်းသည် အသုံးစရိတ် bill ထဲမှာ အပြာကား ဒီဗွီဒီ ခ ကို မှားယွင်းမေ့ လျှော့ စွာတောင်းခံ မိရာက စတာပါဘဲ။ နိုင်ငံရေး အသိုင်းအ၀ိုင်းက သတိထားမိပြီး ပက်ပက်စက်စက်ဝေဖန်တာ ခံရ ခဲ့လို့  လူသိရှင်ကြား တောင်းပန်ခဲ့ရပါတယ်။

ရာထူးငှာန ဘယ်လောက်ဘဲကြီးကြီး မှားတာလုပ်မိလို့ ကတော့ အဲဒီအမှားရဲ့ consequences တွေကို လိုက်ရှင်းပေတော့ဘဲ။

အဲဒီနောက်မှာတော့ နိုင်ငံရေးအသိုင်းအ၀ိုင်း က လူတွေရဲ့ အသုံးစရိတ်တွေကို ပြည်သူလူထု နဲ့  သက်ဆိုင်ရာတွေ က စောင့်ကြည့်တာ ခံရပါတော့တယ်။ MP (Member of Parliament ) များရဲ့ အသုံးစရိတ်ပြသနာ ဟာ လူသိရှင်ကြားဖြစ်လာပါတယ်။ အလုပ်အကိုင်ရုံးနဲ့ နီးတဲ့ နေရာတွေမှာ second home စရိတ်စက တောင်းတာတွေ၊ အိမ်အရစ်ကျ ၀ယ်တဲ့ (mortage) စရိတ် ပိုတောင်းတာတွေ စတဲ့ ပြသနာတွေ ဟာ ဗြိတိန်နိုင်ငံရဲ့  သတင်းမီဒီယာတွေမှာ နေစဉ်လိုလို မြင်နေကြား နေရပါတယ်။ MP တချို့ လဲ နှုတ်ထွက်သူ နှုတ်ထွက်၊ ၀န်ချတောင်းပန်တဲ့သူ တောင်းပန်နဲ့  ဗြိတိန်နိုင်ငံ Credit Crunch ရဲ့  နောက်ဆက်တွဲ အကျိုးဆက် သတင်းတွေ ကို ဘာတခုမှ မထိန်မချန် နေ့စဉ် တီဗွီဖန်သားပြင်မှာ မြင်နေကြားနေရပါတယ်။

နိုင်ငံရေးပိုင်းက အရေးပါအရာရောက်လူကြီူးများ ကို ပြည်သူပြည်သားများ ၊ သတင်းမီဒီယာ များက ဗြောင်ကျကျ အပြစ်တင် ဝေဖန်ပိုင်ခွင့်တွေ အပြည့် အ၀ တွေ့ ရပါတယ်။

ရေမြေ့ သခင် ဘုရင်မကြီး တောင်မှ Credit Crunch ကြောင့် သူမရဲ့  လခ အသုံးစရိတ် adjustment ပြသနာကို တင်ပြလာတာကြောင့် ဒီစီးပွားပျက်ကပ် ကို ကျော်လွှားဖို့  တော်တော်အချိန်ယူရမယ်လို့  ကျမ ထင်မိပါတယ်။

No comments:

Post a Comment