Tuesday 11 August 2009

(58) THE POWER OF FRIENDSHIP

American နိုင်ငံ Harvard Medical School မှ သူငယ်ချင်းများ များ ထားခြင်းဟာ ကျန်းမာရေး အတွက် အလွန်ကောင်း တယ် ဆိုတဲ့ အချက်အလက်ကို သက်သေသက်ကာယ များနဲ့ Research လုပ်ထားတယ်လို့  စာထဲမှာ ဖတ်ရပါတယ်။

FRIENDSHIP ရှိခြင်းဟာ စိတ်ကို လုံခြုံစေပါတယ်။ ဘ၀ကို ပျော်ပိုက်စေပါတယ်။ စိတ်ကျရောဂါ ကိုလဲ ကာကွယ်ပါတယ်။ ဘ၀မှာ အခက်အခဲ မျိုးစုံကြုံလာတဲ့ အချိန် ပြောပြ ဖွင့်ဟဖို့  အနားမှာ ခွေးတစ်ကောင်၊ ကြောင်တစ်မှီး မှ မရှိတဲ့ လူတွေဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခြင်တဲ့ စိတ်၊ ကိုယ့်အသားကို ကိုယ်နာအောင် လုပ်တဲ self harm behaviour, အဲဒီအပြင် အချိန်ကာလတွေကို အမြန် မေ့ပျောက်လွယ်ဖို့  ဆေးဝါးအကူအညီယူရင်း ဆေးစွဲdrug addict ဖြစ်သွားနိုင်ပါတယ်။

သူငယ်ချင်းများများရှိခြင်းအားဖြင့် ငြိမ်းချမ်းစွာ အတင်းပြောနိုင်ပါတယ်။ .......ဒါကတော့ နောက်တာပါ။

No comments:

Post a Comment