Friday 31 July 2009

(51) လူဖြစ်ရတဲ့ဒုက္ခ


ဆေးရုံက Specialist ရဲညွှန်ကြားချက်အရ Exray, Blood Test, Urine Test ကို Wednesday မှာလုပ်ပါတယ်။ Nurse က ညွှန်လိုက်လို Tuberculosis (TB) test ကို ဒီနေ 31st July 09 Friday မှာလုပ်ပါတယ်။ နောက်ထပ် appointment တွေဆက်တိုက် လာနေပါသေးတယ်။ ဒါကြောင့် တပတ်စာ ဘတ်စကားလက်မှတ် ၀ယ်ဖို့  photo card လုပ်ပါတယ် ။ သိပ်မကြာခင်မှာ ကျမရဲ့  flat mate လဲ ခလေးမွေးတော့မှာမို့  သူ့ မ အတွက် လိုအပ်တဲ့  nappy, cotton wool, baby shower jel, baby wipe, စတာတွေ ကို ကျမ ၀ယ်ပေးထားပါတယ်။ လူလောကထဲ ကို နည်းမျိုးစုံနဲ့ ရောက်လာတဲ့ ဧည့်သည် အသစ်ကလေးတွေကို မမြင်ခင်ကထဲက သနားနေမိတယ်။ Angels လေးတွေ က baby တွေကို စောင့် ရှောက်တယ်လို့  သူတို့ ဘာသာမှာ ယူဆတယ်။ ဘ၀တစ်ခု အစပြုတော့မယ် ။ လူဖြစ်ရတဲ့ဒုက္ခလေးတွေပေါ့။

My late brother in law (my sister's hubby) once said ဒုက္ခက ပျားရည်လို ချိုတယ်တဲ့။

Manchester Victoria ဘူတာနားက ဈေးအတန်နဲ့ ရခဲ့တဲ့ salmon fish ၀မ်းဗိုက်သားတွေကို သန့် စင်ပြီး ငါး ချဉ်ရည်ဟင်းချက်ပါတယ်။ ကျမရဲ့  flat mate နဲ့ အတူ ညစာအတူစားဖြစ်ကြပါတယ်။ သိပ်ကြိုက်တဲ့ ။


There is Burger King in Wigan............... I did not know b4.
photo from google image.

No comments:

Post a Comment