Tuesday 15 September 2009

(71) စိတ်မညစ်နဲ့ 

သီချင်းညည်းလိုက်
လောကဒဏ်ကိုမေ့ထားလိုက် ။

စိတ်မညစ်နဲ့ 
ဘာဒုက္ခမှ မကြောက်နဲ့ 
ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့ 
နောင်ကျရင် ကောင်းသွားမယ်
ပျော်တတ်အောင်ကြိုးစားကွယ် ။

ငါဆင်းရဲတယ် - ငါ့ ထက်ဆင်းရဲသူတွေအများကြီး ငါ့ပတ်ဝန်းကျင်မှာရှိတယ် ။
ငါဒုက္ခရောက်တယ် - ငါ့ ထက် အနာဂတ်မရှိတဲ့ သူတွေ ဒု နဲ့ ဒေး ။

ငါ့စိတ်ကို ငါမညှင်းဆဲဘူး = သူများစိတ်ကိုငါမညှင်းဆဲဘူး ။
ငြိမ်းချမ်းချင်တယ် = ငါ့ပတ်ဝန်ကျင်ကိုလဲ ငြိမ်းချမ်းစေချင်တယ် ။

တခါတခါ ၊ ဘယ်ကထွက်လာမှန်း မသိတဲ့ 
မာန ၊ ဒေါသ ၊ ပြိုင်ဆိုင်မှုတွေ ၊ အချစ်တွေ ၊ အမုန်းတွေကိုထားပြီး
အဝေးကြီးမှာ သီချင်းအော်ဆိုနေချင်တယ် ။ ။

No comments:

Post a Comment