Thursday 17 September 2009

(75) LIFE AFTER DEATH

ကွယ်လွန်ပြီး နောက်တစ်ဘ၀ ရှိတာကို ယုံပါသလား၊ REINCARNATION လူဝင်စားခြင်း ရှိတာကိုရော ယုံပါသလား။ သူရဲ အခြောက်ခံရဖူးပါသလား၊။ ကျမရဲ့  OWN POINT OF VIEW အရပြောရရင်။

သေလွန်ပြီး နောက်တဘ၀ တကယ်ရှိပါတယ်။
REINCARNATION ရှိခြင်းကို သက်သေ(ကိုယ်တွေ့ )မရှိပေမဲ့  အကြွင်းမဲ့ ယုံပါတယ်။
(ရုပ်ဝတ္တု မမြင်ရဘဲ၊ ကြင်လည်နေကြတဲ့  လူမဟုတ်တဲ့  အခြားဘုံဘ၀ တကယ်ရှိပါတယ်။) ဒီအကြောင်းလေးနဲ့  ဆက်စပ်လို့  ကျမ ရဲ့  ဘ၀မှတ်တမ်း တစ်ခုကို တင်ပြပါမယ်။

ဘင်္ဂလားနယ်စပ် မှာ တာဝန်ကျချိန် အလုပ်မှ DUTY STATION မြို့ ပြောင်းသွားရာ အလုပ် PRESSURE နည်းသွားတာမို့  လူမှု ရေး လုပ်ဖြစ်လာတယ်။ အဲဒီမှာ ဘဲ ပြည်မ က ကိုယ့်လို ထွက်လာကြတဲ့  မြန်မာ အုပ်စုလေးနဲ့  ခင်မင်ခွင့်ရခဲ့ပါတယ်။ ဒီမြို့ ကလေးမှာ အိမ်ငှားတာက အစ၊ ဘုရားဖူးသွားတာ အဆုံး ကူညီပေးခဲ့ တဲ့  သူတွေကတော့ အဘွားစန်း နဲ့  အဖိုးစွေ တို့ ပါဘဲ။

အဖွားစန်းရော၊ အဖိုးစွေ ၂ယောက်လုံး ကုလသမဂ္ဂ ကျန်းမာရေး ၀န်ထမ်းများဖြစ်ကြပြီး။ အဖွားစန်းတို့ ဟာ မြန်မာတော်တော်များများ ကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ပေးလို့  လူသိများတဲ့ မိသားစု ဖြစ်ပါတယ်။ အဖိုးစွေရဲ့  အလုပ်က မကြာခဏ FIELD TRIP သွားရပါတယ်။ အဖိုးစွေမရှိ တဲ့ အချိန် တော်တော် များများမှာ အဖွားစန်းဟာ အလုပ်ပြီးတိုင်း ကျမဆီလာ ထမင်းအတူစား၊ မြို့ ပြင်ဘက်မှာ ရှိတဲ့  ဘုရားစေတီကို အတူသွားကြပါတယ်။ ထမင်း လပေး စားတဲ့နေရာ ကလည်းအတူတူမို့  အလုပ်ချိန်အပြီးဆို ဒီမိသားစုနဲ့  အချိန်ဖြန်းနေကျပါ။ သူတို့ ဟာ သားသမီး မရှိတဲ့စုံတွဲဖြစ်ပြီး တော်တော် ခင်မင်စရာကောင်းပါတယ်။

အဖွားစန်း ဟာ အင်မတန် မိန်းမပီသပြီး၊ ဧည့်ဝတ် အင်မတန်ကျေ ပါတယ်။ ကျမတို့
နှစ်ယောက်တူတဲ့  အချက်ကတော့ ဈေးလည်ပြီး ၀ယ်ရတာကိုပါ။ ကျမကတော့ သိပ်အ၀ယ်မများပေမဲ့  ဈေးကို ပတ်ကြည့် ရတာ ၀ါသနာမို့  အဖွားစန်း ဈေးသွားဖို့ ခေါ်တိုင်း လိုက်လိုက်သွားနေကြပါ။ ဒီဘက်မှာ အရောင်းအ၀ယ် သွက် တဲ့ ပစ္စည်းတွေကတော့ လေဘေးထည်လို့  ခေါ်တဲ့  (ဘေထုတ်ထည်လို့ လဲ ခေါ်ကြတယ်) ပစ္စည်းများပါဘဲ။ အဖွားစန်း စိန်ပြေနပြေ ထိုင်ရွေးတာတွေကို စိတ်ရှည်ရှည်စောင့် ကိုယ်ကြိုက်တာတွေ့  ရင်လဲ ၀ယ်၊ ဈေးပြန်ရင် BREAKFAST အတူစား ပြီးရင် မဂ္ဂဇင်းတွေနဲ့ ဇိမ်ကျ၊ ကိုယ်အဆောင် အနီးလေးပေမဲ့  တစ်ခါတစ်လေ အပျင်းထူရင် ပြန်မအိပ်တော့ဘဲ။ အဖွားစန်း စီမှာ သာစတည်းချနေကျပေါ့

အဖွားစန်းတို့ ရဲ အိမ်ခန်းဟာ လေ၀င်လေထွက်ကောင်းပြီး ၀ါးပေါက်ကြမ်းခင်းနဲ့ ပါ။ အဲဒါကတော့ အဖွားစန်းတို့  ကြိုက်လို့  အိမ်ရှင်များက ခင်းပေးထားတာ ဖြစ်ဟန်တူပါတယ်။ အခန်းကသေသေ သပ်သပ်ရှိပြီး။ အသန့် အပြန့် ကြိုက်တဲ့  ကျန်းမာရေးဝန်ထမ်း စုံတွဲ အိမ်မို့  တော်တော်လေး ကို နေချင်စဖွယ်ရှိပါတယ်။


ည ည ဆို ရင် အအိပ်ဆတ်တဲ့  ကျမ ပထမဆုံးညမှာ တင် ကြက်သီး ဖျန်းဖျန်းထ အောင် ကြောက်ခဲ့  ရပါတယ်။ အစိုးရမီး ပေးချိန်အပြီး ကျမတို့ နှစ်ယောက် ဖယောင်းတိုင်လေး နဲ့  စာဖတ်ပြီး နောက် ခြေလက်ဆေးကာ အိပ်ရာဝင်ကြပါတယ်။ အဖွားစန်းက နေခင်းဘက် ပင်ပန်းထားလို့  အစောကြီး အိပ်ပျော်နေကြပါ၊ ကျမစပြီး မှေးပျော်ကာရှိသေးချိန် ၀ါးကြမ်းခင်းကို လူနင်းလျှောက်သံ နဲ့  ကြမ်းပြင်ဟာ အလေးချိန်ကြောင့် လှုပ်သလို မျိုးခံစားရလို့ ။ ကျမက သူခိုး ၀င်နေပြီထင်ပြီး ၄ထောင့်ထိုး ဓါတ်မီးနဲ့ ထိုးကြည့် ပါတယ်။ (ဘာမှ မတွေ့ ပါဘူး)။ အိပ်ချင်မူးတူး နဲ့  မို့  -- ငါအကြားမှားတာ ထင်ပါရဲ့ လေဆို ပြီးဆက်အိပ်ပါတ.ယ်။ အဲဒီလိုဘဲ --- မှေးပျော်ကာနီး တစ်ခါ ၀ါးကြမ်းခင်းဟာ လှုပ်ခါလာတာမို့  အနားက အဖွားစန်းကို တိုးတိုးလေး ကပ်နှိုးပြီး နားထောင်ခိုင်းပါတယ်။ ကျမတို့ ၂ယောက်ပြိုင်တူ မီးထိုးပြီး ကြည့်ရာ (ဘာမှမတွေ့ ပါဘူး)။ ကျမ အသားများတောင် တဆတ်ဆတ် တုန်လာပါတယ်။ ကက်ဆက်နဲ့  မေတ္တာသုတ်ခွေ ထဖွင့် ဖို့  အဖွားစန်းလဲ တော်တော် အချိန်ယူရပါတယ်။ ဘုရားမီး ထပူဇော်၊ တရားခွေ ဖွင့် ပြီး ပြန်အိပ်ပျော် သွားခဲ့ပါတယ်။

နောက် အဖွားစန်းလဲ အဖိုးစွေအိမ်မှာ မရှိတဲ့  ညတွေမှာ တစ်ယောက်ထဲ အိပ်ရမှာ အဆင်မပြေလို့
ရယ် ၊ ကျမအတွက်လဲ အဖေါ် ရတာမို့  သွားအိပ်ပေမဲ့  ညဘက်စအိပ်တိုင်း ကြုံရတာ တွေကတော့ ကျမတို့  ၂ယောက်လုံး စိတ်ညစ်မိပါတယ်။

နောက်ပိုင်းမှာ ဘယ်လောက်ထိကျန်းလာသလဲဆို ရင် ဖယောင်းတိုင်မီး ခပ်ဝေးဝေးမှာ ထွန်းထားရင်တောင် မီးဇာကုန်တဲ့  အထိ မစောင့်တော့ဘဲ အသံပေးလာတာ မျိုးတွေတောင် ကြုံ ခဲ့ ရတာမို့  မေ့ နိုင်တော့မယ် မဟုတ်ပါဘူး။ နောက်ပိုင်း ကျမတို့  အထာသိသွားသလိုမျိုးပါဘဲ။ အသံကြားရင် ဘုရားမီးထထွန်း ကတ်ဆက်ခွေမှာ ဘုရားစာထဖွင့် ပြီးရင် စိတ်ချလက်ချ အိပ်ပေတော့။ ကျမအထင်တော့ သူ တရားနာချင်လို့ များ မကြာမကြာ လူတွေကို သတိပေးတာများလားလို့ ပါ။ နောက်ပိုင်း မကြောက်တော့ပါဘူး။ တရားနာလိုတဲ့ ရုပ်ခန္ခာ မမြင်ရတဲ့ လူသားမဟုတ်တဲ့  ဘုံဘ၀ တစ်ခု ဧကန်မုချ ရှိတယ်လို့ ။ ကျမ ယုံကြည်ပါတယ်။


THANK FOR READING THIS POST

No comments:

Post a Comment