Tuesday 15 September 2009

(72) WEIRD DREAM & FLOWER’S ESSENCE - HOLY SPIRIT VISITS IN MY DREAM ?

အိပ်မက်တစ်ခုကို အထပ်ထပ် မက်ဖူးကြပါသလား? သူ့ အတွက်တော့ နှစ်ရှည်လများ အိပ်မက်ဆန်းတစ်ခု ကို အကြိမ်ကြိမ် မက်ဖူးသည်။ အိပ်မက်လို လက်မခံချင်အောင်သူ့ အာရုဏ်ခံစားမှု အားလုံးကို သူသိနေသည်။

အိပ်မက်စမက်ပြီ ညသန်းခေါင် ကျော် AFTER 2. AM သူအခန်းတစ်ခုလုံး လရောင်လို SOURCE မရှိတဲ့  အလင်းကစပြီးဖြန့် ကျက်လာပြီ။ အားလုံးကို သူမြင်နေရသည်။ ဦးထုတ်ချိတ်ထားသောနေရာ၊ ထီးချိတ်ထားသောနေရာ စာကြည့်စားပွဲ ကုလားထိုင်၊ BANGLADESH မှလာသည့်  ဇာခြင်ထောင်မှ ပန်းပွင့် များကိုပါ သူမြင်ရသည်။ ရုံးမှ ပေးထားသည် နယ်ထွက်လျှင်စီးသော ရာဘာဖိနပ်ရှည်ကလမ်း အခန်းထောင့်မှာ ရွှံအလိမ်းလိမ်းနှင့် ။ ဘာတွေဆက်ဖြစ်လာဦးမည်နည်း သူစောင့်နေသည်။ ဘာမှ မထူးခြား။

ထူဆန်းတာက သူ့  အသက်ရှူသံမှ တပါး တခြားဘာအသံမှ မကြားရ၊ ပုံမှန်ဆိုရင် ပုရစ်သံ၊ ပုဇင်းရင်ကွဲသံ၊ ဖားသံ၊ ခွေးဟောင်သံ၊ အသံတစ်ခုမဟုတ် ၊ တစ်ခုတော့ကြားရမည်။ ယုတ်စွအဆုံး အဆောင် နီးချင်းထံမှ ကြားနေကျ ဟောက်သံတောင်မကြားရ၊

ဒါကိုအိပ်မက်လို့ သူလက်မခံနိုင်၊ သူ့ အိပ်ပုံအနေအထားကို ပြန်ဆန်းစစ်ကြည့်သည်။ ပုံမှန်၊ သေခြာအောင်ခြေဖျားလက်ဖျားလေးများကို မသိမသာလှုပ်ကြည့်သည်။ ပုံမှန်၊ ပုံမမှန်တာက၊ အမှောင်ချထားသည့် (ANYWAY - NO ELECTRICITY OVER THERE) သူ့  အခန်း က လရောင်ထွန်းထားသလို လင်းနေသည်။ ခဏကြာမှ ဘုရားစာရွက်ဖို့ ကြိုးစားသည် ဒီလို ကြိုးစားတိုင်းလဲ ခရီးမဆုံး အိပ်မွေ့ ချခံရသလိုမျိုး ဖြစ်ပြီး ပြန်အိပ်ပျော်နေကျ၊

ရုံးမှ လုပ်ဖေါ်ကိုင်ဖက်များ ကို ဒီအကြောင်းရင်ဖွင့် မိတော့ ကွန်ပျူတာ အသုံးများလို့  ဖြစ်မည့် လို့  ထင်ကြေးပေးကြသည်။ အဲဒီအချိန်တုန်း က အရမ်းပင်ပန်းခဲ့ဖူးသည်။ 97-98-99 DISTRIBUTION DATA ကြောင့် မျက်ရိုးကိုက်တာလဲ ခဏခဏ၊ ရုံးကိုအိမ်လို့  သဘောထားပြီး ဖင်ကျောက်ချထိုင်ကာ အလုပ်လုပ်ခဲ့ ရသည်ကို။ WIMALA ရွာမှ NURSE ကတောင် ငါးကြီးဆီလို ဗီတာမင် ဆေးသောက်ဖို့ တိုက်တွန်းခဲ့ ဖူးသည်။ ( သူမျက်စေ့တွေ ပေကလပ် ပေကလပ် ဖြစ်ဖြစ်နေသောကြောင့်) ။ ရုံးမှ CHARGING သွင်းလာသော EMERGENCY LAMP က ညဘက် မအိပ်ခင်စာကြည့်ရန်သာ လုံလောက်သည်။

တခြားရုံးမှာ အလုပ်လုပ်နေသော ဘ၀တူ သူငယ်ချင်းက <"မကြောက်ပါနဲ့ ။ သန့် ရှင်းသော ၀တ်ဥာဏ်တော် လာတာ ဖြစ်ပါလိမ့်မယ်">တဲ့ ။ သူ့ အခန်းက WEEKDAYS တွေမှာ မရှင်းအားသဖြင့် အားနာရသည်။ (သန့်  ရှင်းသောဝတ်ဥာဏ်တော်ကို)။

ဒါနဲ့  နောက်ပိုင်း တတ်နိုင်သမျှ သူ့ အဆောင်လေးကို သေသပ်အောင် စထားတော့သည်။ ထမင်းစား ပန်းကန်တွေ ကို စားပြီးပြီးချင်း ထွက်ဆေးသည်။ အရင်ကဆို နောက်တစ်နေ မနက်မှ ဆေးရန် ကြွတ်ကြွတ်အိတ် နှင့် ထုတ်နေကျ။ တပတ်တခါ သန့် ရှင်းရေး ဟိန္ဒူ အမျိုးသမီး အမာကြည့် (ရှီးဒါးရွာမှ) ကိုခေါ်ပြီး သူ့  အဆောင်ကို သန့်ရှင်းတော့သည်။

အမာကြည့် ကျေးဇူးကြောင့် သူ့ အခန်းလေးက ရှင်းသန့် နေပြီး မီးပူ တိုက်ထားသော အ၀တ်အစားများဖြင့် သန့် သန့် ပြန့် ပြန့် ။ မသိစိတ်က အိပ်မက်များ ဒီည မက်လာလေ ဦးမှာလား ဆိုပြီး မျှော်နေမိသည်။

ခုတော့ သက်လတ်ပိုင်း သို့ချင်းနင်းဝင်ရောက်လာပြီး ဖြစ်သောကြောင့် သူ အိပ်မက်တွေကို သိပ်မကြောက်တော့။ သို့ ပါ သော်လည်း ဘာကြောင့်ဒီလို မက်သည်ကို RESEARCH လုပ်ချင်စိတ် အင်မတန် ပျင်းပြနေသည်။

တခါကလည်း နိုင်ငံရပ်ခြားတွင် သူ့ သူငယ်ချင်း အခန်းတွင်းလှဲ နေတုန်း ကြာပန်းနံ သင်းသင်းလေးရသဖြင့် နှစ်ဦးသား နှာခေါင်းတပွပွဖြင့် အနံလိုက်ခံရင်း သူအကြောင်းသိ ပြီးသား သူငယ်ချင်းလည်း မျက်စေ့မျက်နှာ ပျက်နေ တော့သည်။

နှစ်ယောက်သား ဘုရားစာ အတူဆိုကြသည်။ မနက်လင်းတော့ သူလဲအလုပ်မသွားနိုင်။ သူငယ်ချင်းလဲ အလုပ်မသွားနိုင် ညသန်းခေါင်မှ မိုးလင်း သည့်အထိ ကြောက်စရာ အကြောင်းတွေ တစ်ယောက်တလှည့် ပြောလိုက် ရေနွေးကြမ်း သောက်လိုက် နှင့် ပေါက်ချိန်တန်လို့ မှ အိမ်သာ မသွားရဲ။

သူ့ ဘ၀မှာ ဘာကြောင့် ဒီလို ဆန်းဆန်း ပြားပြား အိပ်မက်တွေ မက်ပြီး။ ဘာ့ကြောင့်ဒီလို ဆန်းဆန်းပြားပြားတွေကို မြင်နေသလဲဆိုတာကို သိချင်လှသည်။ နှစ် ၊ လ၊ ရက်များသာ ကုန်လွန်သွားသည်။ သူ့  အိပ်မက်ဆန်းများ ကတော့ ပေါ်ချည် တခါ။ ငုတ်ချည် တလှည့် နှင့်။


တော်သေးပြီ။

No comments:

Post a Comment