Saturday 19 September 2009

(76) COW BOY မုန့် ဟင်းခါး

ဒီနေ့ စနေနေ့  ပျင်းပျင်းရှိ ရင် အိပ်ရာထဲ ခွေနေတာများ လို့ ခေါင်းထဲက နောက်ကျိကျိ ဖြစ်နေသည်။ ရာသီဥတု က လည်း မကောင်း။ လေတိုက်လိုက် မိုးရွာလိုက်နှင့် ။ ညဘက် ညဘက် အတူနေ FLAT MATE ရဲ့  ကလေးက ထထ ငိုလို့ သိပ်အိပ်မရ။ ကလေးက ဗိုက်ထဲမှာ လေနာခံစား နေရပုံရသည်။ စကား မပြောတတ်သည့် ကလေးများ ရောဂါ ဝေဒနာ ခံစားရလျှင် သနားစရာ အင်မတန် ကောင်းသည်။ မနက် စောစော မထနိုင်တာ ကြာပြီ။ ဗိုက်ဆာလို့  မီးဖိုချောင်ထဲ အသွား စပါးလင် ၃ပင် လက်ကျန်ကို သွားသတိထား မိပြီး မုန့် ဟင်းခါး ချက်စားဖို့ ပြင်သည်။ ထောင်းစရာ ကျဉ်ပွေ့ မရှိ၊ ငရုတ်ဆုံမရှိ၊ စပါးလင်လှီးတာ ကြက်သွန် ခွာတာ ကအစ ဒါးကို သာ အားကိုး ရသည်။ ငါး အတွက်ကတော့ MORRISON မှ ၀ယ်ထားသည့်  PINK SALMON ဗူးကိုသာ သုံးသည်၊ ပြင်တာ ဆင်တာ ရွှေကြည်မှုန့် လှော် တာ နှင့် မုန့်ဖတ်ပြုတ် တာ အပါအ၀င် မိနစ်၃၀သာ ကြာသည်။ FLAT MATE က မီးဖိုထဲ ခဏခဏ လာချောင်းပြီး COW BOY FISH NOODLE လုပ်နေတာလား ဟုမေးသည်။ မုန့် ဟင်းခါး ကို သိပ်ကြိုက်သည်တဲ့။ အရင် သူကလေးမမွေး ခင် ၂ ခေါက် ချက်စားတုန်းကလဲ ကောင်းကောင်း အားပေး ဖူးသည်။ သူ အိမ်မပြောင်းခင် ချက်ပုံချက်နည်း သင်ပေးရန် ပြောထားသည်။ ဒါတောင် ကျမချက်သည့်  မုန့် ဟင်းခါးက မြန်မာပြည်မှာလို သေချာချက်သည့် နာမည်ကြီး
မုန့်  ဟင်းခါး မှီရန်အဝေးကြီး။ ၀ုန်းဒိုင်း ၀ုန်းဒိုင်း နှင့်  အမြန်ချက်လို့ ရသည့်  မို့ ကောင်းဘွိုင် မုန့် ဟင်းခါး လို့ ခေါ်ထားသည်။ စားပြီး မိုးအေးအေးနှင့် ပြန်ကွေးဦးမည်။

No comments:

Post a Comment