Wednesday 21 October 2009

(88) ရိုးရိုး တဖြစ်လဲ ဆန်းဆန်း

ရှင်းလင်း တဲ့လေယူ လေသိမ်းဟာ တိတိကျကျ ပိပိရိရိ ပြတ်ပြတ် သားသား ရှိလို့  အင်မတန် ကောင်းပါတယ်။ မြန်မာလို စကား ပြောရင်လဲ ဒီလို တိတိကျကျ ပြောတတ်တဲ့ ရှေးခေတ်က မြန်မာ ရုပ်ရှင်ကား တချို ဟာ ကြည့်လို့ မငြီးနိုင်ပါ။

ရုပ်ရှင် ရိုက်ပစ္စည်း များ သိပ်မထွန်းကားသေးတဲ့  အချိန် အဖြူ အမည်း ကား တွေ မှာ တောင် သီချင်း သံလေး ကအစ အမူအရာ အဆုံး ခပ်လေးလေး ခပ်ဆဆ ပြောတတ်တဲ့ မေရှင်၊ ကြည်ကြည်ဌေး၊ မေသစ်တို့ ရဲ့ အသံ အမူဟန်လေးတွေ ဟာ တကယ် ပညာ ပါ ပါတယ်။ အရိုးဆုံးဟာ အဆန်းဆုံး ပြန်ပြန် ဖြစ်တတ်တာကြောင့် ခေတ်ဟောင်း ရုပ်ရှင်ကားးများ copy ကောင်းကောင်း ရှိရင် free download လုပ်လို့ အဆင်ပြေရင် စုစည်း ထားချင်ပါတယ်။ အိမ်မှာ အငယ်ဆုံးတွေဖြစ်တဲ့ ရှုတုတုနှင့် ပိစိမ တို့ အတွက် ပါ။

အင်္ဂလိပ်လူမျိုးတွေရဲ့ လေယူလေသိမ်းထဲမှာ X factor အစီအစဉ် ကို ဦးဆောင် တည်းဖြတ်တဲ့ အမှတ်ပေးဒိုင် Simon Cowell ရဲ့  လေယူလေသိမ်းဟာ အင်မတန်ရှင်းလို့  ကြိုက်ပါတယ်။

အခု အောက်က you tube video လေးကတော့ ကျမ နှစ်သက်တဲ့  Sting ရဲ့ Englishman in New York ပါ။ စာသားထဲက တချို့  စာကြောင်း လေး တွေထဲက နှစ်သက် မိတာကတော

Confront your enemies, avoid them when you can

A gentleman will walk but never run


If, "Manners maketh man" as someone said
Then he's the hero of the day
It takes a man to suffer ignorance and smile
Be yourself no matter what they say


ရေးသားသူ ကိုယ်တိုင်သီဆိုထားတာမို့  အရမ်းကြိုက်လို့ မကြာခဏ လိုက်ဆိုနေမိပါတယ်။

No comments:

Post a Comment