Saturday 21 November 2009

(93) လမ်းထဲက လူဂျီးမင်းလေးများ


လမ်းထဲက လူဂျီးမင်းလေးများ
လမ်းထဲက အသက် ၅နှစ်အရွယ် ကလေး၃ယောက် အိမ်ရှေ့ နားမှာ ရစ်သီရစ်သီနှင့် ခြံ ရှေ့  နားလေးကနေ အလုပ်ရှုပ်နေသည်။ အမှိုက် ထွက်ပစ်တုန်းမှာ သူတို့ လေးတွေကြည့် နေသည့် နေရာကို လှမ်းအကြည့် အနီနဲ့ အပြာစပ် တစ်ဒေါင် လောက်ရှိသည့် Spider man အရုပ် က ကျမတို့ နေ သည့် အိမ်ရှေ့  မြက်ထူထူ ခြံဝင်းထဲ ရောက်နေသည်။ ကောက်ယူပေးလိုက်တော့ ကလေးတွေက ကျမကို နာမည်မေးသည် နောက်ပြီးတော့ နောက်တော့ ခြံရှေ့ မှာ မြက်တွေ များရင် တီကောင် တွေ အများကြီး ရှိလိမ့်မည်တဲ့။ ငါမကြောက်ဘူးလို့ ပြောတော့ မျက်ခုံးတွန့်  ပြီး ကြောက်သလို ဟန်ပြသည်။ ဒါဆို နောက်တခါ အရုပ်ကျရင် လဲကောက်ပေးနော်လို့  ကျေးဇူးဘဲတဲ့။ ဒါနဲ့ ကျမလဲ ခြံထဲကို ဝင်အောင်မပစ်နဲ့  ပေါ့ လို့  ဆိုတော့။ ငါတို့ က နင် လာ ကူကောက်ပေးမှာ သိလို့ စမ်းပြီး ပစ်ကြည့်တာတဲ့။ သူတို့  ၃ယောက်ထဲ ကစားရတာ ပျင်းတယ်တဲ့။ ဘောလုံးပစ်တမ်းကစားရင် ပါမလားတဲ့။ လူကောင်သေးသေး မျက်လုံးပြာနဲ့ ကောင်ငယ်လေး က သူ့ မှာ စီးစရာ စကိတ် လဲရှိသည်တဲ့ ။ သွားကျိုးနေသည့် ချာတိတ်က သူ့ မှာ Bat Man လဲရှိတယ်။ Robot လဲရှိတယ် ဆိုဘဲ၊ ငါ့မှာလုပ်စရာတွေ ရှိသေးတယ်လို့ ပြောတော့ ။ Busy မဖြစ်တဲ့အချိန် အားတဲ့အချိန် ငါတို့ ကစားဝိုင်းထဲ ဝင်ပါလေ တဲ့ you are most welcome ပါတဲ့ ။ လူဂျီးမင်းလေးတွေ လူစိမ်းကြောက်ပုံမရ။ မိတ်ဖွဲရမှာ ဝန်မလေးကြ။

1 comment:

  1. ဟိုကောင်ရှုတုတုလည်းဒီအတိုင်းပါပဲ...အုတ်ဖိုကဘုန်းကြီးကြွလာတာ..ဘုန်းကြီးကို သွားပြီးစကားတွေပြောတယ်။ ဘုန်းကြီးပြန်တော.ပြန်လိုက်ပို.ပါလို.ပြောတာ..။ ဘုန်းကြီး ကိုယ်.ဟာကိုယ်လာတာပဲတဲ..ကိုယ်.ဟာကိုယ်ပြန်ပေါ.တဲ...

    ReplyDelete