Saturday 29 May 2010

ကမ္မောဒီးယားက တောနက်ထဲမှာ ၁၆နှစ်ကြာ ပျောက်ဆုံးနေ ခဲ့တဲ့ မိန်းကလေး အကြောင်း Cambodia's 'Jungle Woman' Returns To Forest

A woman discovered living wild in the jungles of Cambodia three years ago has apparently returned to the forest.

In 1988, She was just eight years old when she disappeared from her family in North Cambodia, Now she is 28 year old lady. She could not speak her own language when her family found her in 2007. She was idenity by a scar on her back. She must have been alived within the jungle where wild animals live. Today news said she disappeared from her home.


ကမ္မောဒီးယား နိုင်ငံက တောထဲမှာပျောက်နေတဲ့ မိန်းကလေး အကြောင်းကို ၂၀၀၇ မှာ တွေ့ တဲ့ အကြောင်းကို ဖတ်ခတ်ဖူးပါသလား။ အခု အဲဒီမိန်းကလေး တောထဲကို ပြန်ဝင်သွားခဲ့ပြီလို့ ဒီကနေ့  Yahoo သတင်းထဲမှာဆိုပါတယ်။ သူမအသက် ၈နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ဗီယက်နမ် နယ်စပ်နား ကမ္မောဒီးယား နိုင်ငံမြောက်ပိုင်းမှာ ကျွဲ ကျောင်းရင် သူမရဲ့  ဝမ်းကွဲ တစ်ယောက်နဲ့ အတူပျောက်သွားခဲ့တာ ၁၆ နှစ်ကြာ ၂၀၀၇ မှာမှ သူမကိုပြန်တွေ့  တာပါ။ ဘာသာစကား နည်းနည်း လောက်သာ ပြောတတ်ပြီး အမေ၊အဖေ ၊ ဗိုက်အောင့်  တယ် စသဖြင့် လောက်သာ ပြောနိုင်ပါတယ်။တောထဲမှာ အနေကြာခဲ့  လို့  မျောက်တစ်ကောင်လို သွားလာ နေခဲ့ပုံရပါတယ်။ နေ့ ခင်းဘက်မှာ အိပ်ပြီး ညဘက်ဆိုရင် နိုးနေတတ်ပါတယ်တဲ့ ။

လူပတ်ဝန်းကျင်နဲ့ အသားကျအောင် သူမ အနေနဲ့ တော်တော်လေး ကို လေ့ကျင့်ယူခဲ့  ရမှာပါ။ သူမရဲ့  မိဘတွေ ဟာ နှစ်ပေါင်းများစွာသမီးပျောက်ကို ရှာခဲ့  ကြပါတယ်တဲ့  တွေ့  တွေ့  ချင်း သူတို့ ရဲ့ သမီးကို သူတို့ မှတ်မိပြီး အမှတ်အသားဖြစ်တဲ့ သူ မရဲ့ လက်က အမာရွတ် ကို ကြည့်  ရှု စစ်ဆေးခဲ့ရပါတယ်တဲ့။ တွေ့ ကာစက သူမအသားအရေတွေ ညို မဲ နေပြီး ဆံပင်တွေ ဟာ ဒူးဂေါင်းထိဖုံးနေပြီး ရွာသားတွေဆီက အစားအသောက်တွေကို ခိုးယူဖို့ ကြိုးစားနေတုန်း သူမကို မိသွားခဲ့တာပါ။ ရွာသားတွေကတော့ တောထဲက နေ ပြန်ဝင်လာတဲ့ မိန်းကလေး ဆီမှာ မကောင်းဆိုးဝါးတွေ ပါလာမှာကြောက်လို့  ဘုန်းကြီးပင့် တရားနာ၊ ပရိတ်ကြိုးတွေ ချည်ပေးကြပါတယ်။ မိသားစုက သူမကို ၂၄ နာရီစောင့်ကြည့်ခဲ့ရပါတယ်။

ခုတော့ ဒီမိန်းကလေးတောထဲကို ပြန်ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ သူမမကြာခဏလွတ်မြောက်ဖို့ ကြိုးစားခဲ့ပါတယ်တဲ့။ သူမဖခင်ဖြစ်သူက သူတို့ သမီးလေး တောထဲမှာ ရှိနေမယ်လို့ ယုံကြည်ပါသတဲ့။ မနှစ်တုန်းက စိတ်ရောဂါ ကုသဖို့  ၄ရက်လောက် ဆေးရုံတင်ခဲ့ ဖူးပါတယ်တဲ့။ မနှစ်တုန်းက မှ သူမ ရဲ့ သတင်း လေးဖတ်ခဲ့ရပါတယ်။ သူမ ကျန်းမာရေး တိုးတက်ကောင်းမွန်ပြီး စကားကောင်းကောင်း စပြောနေပြီလို့ သတင်းထဲမှာ မြင်မိပါတယ်။ ခုတော့ သူလဲ ကောက်ကွေ့  မာယာများတဲ့  လူ့ လောက ကြီးထဲမှာ မကျင်လည်ချင်လို့  များ တောထဲ ကို ပြန်ထွက်သွားပြီလား ဆိုတာ ကို တွေးနေမိပါတော့တယ်။








သူမရဲ့ ဓါတ်ပုံတချို့ ကို အောက်ဖက်မှာ ချိတ်တင်ထားပါတယ်။














































































မျက်လုံးမျက်ဖန် လှပြီး မိန်းမချော လေး တစ်ယောက်ဖြစ်မယ် လို့  ထင်ပါတယ်။
ဆင်းရဲ ချို့  တဲ့  ပုံလဲ ရတယ်။ သူမ တစ်ယောက် ဘေး အန္တရာယ် ကင်းပါစေ။


2 comments:

  1. interesting post

    ReplyDelete
  2. ဖိုးတက်30 May 2010 at 03:25

    ကမ္ဘောဒီယား က ခုဆို တို့  ရွှေနိုင်ငံ ထက်တောင် သာနေပြီ.. စုတ်တီးစုတ်ပျက် တွေ ဆို ပြီး အထင် မသေး လိုက် ပါနဲ့  .... မြန်မာပြည်မှာ အဲ့လို ပျောက်စရာ တော ရှိ မှ မရှိတော့ တာ .... ရှိလို့  ကတော့ အကုန်တော ထဲ ၀င်နေ ကြမှာ သေချာတယ်.... ခုလဲ ဘာထူးတုန်း ... မီးမရှိ ရေမလာ နဲ့  တောထဲ ရောက်နေသလို ပါပဲ........

    ReplyDelete