Saturday 22 May 2010

တရုတ် မွေးကင်းစ ကလေးငယ် နှင့် မိခင် မီးနေသည်

တရုတ် ပြည်က ကလေးမွေးပြီးခါစ မိခင်တွေလဲ မီးနေတဲ့ ဓလေ့ ရှိကြတယ်။ မြန်မာပြည်မှာ က မီးနေကာလက (ရ) ရက် ဖြစ်ပေမဲ့ တရုတ်မတွေက တော့ အနည်းဆုံးတလ မှ ၄၅ ရက်ပါတဲ့။ တရုတ် ချွေးမတွေ အတွက် နားနားနေနေ နေရတဲ့ အချိန်ဖြစ်ပြီး မိသားစုတွေ ဆီက special attention ရတဲ့ကာလ ဘဲဖြစ်ပါတယ်။ ဓလေ့ထုံးစံအရဆိုရင် ယောက္ခမ ဖြစ်သူက မီးနေသည် ကို ပြု စုရပါတယ်။ တရုတ်မီးနေသည်တွေဟာ မီးနေခန်းထဲကနေ အပြင်မထွက်ရပါဘူး။ သူတို့ အယူအဆအရဆိုရရင် ကလေးနဲ့ မိခင်ရဲ့  (immune system) ကောင်းစေဖို့ ပါတဲ့။ ပြီးတော့ ကလေးနဲ့ မိခင်ရဲ့  ပေါင်းစည်းမှု ရဖို့ အတွက်လဲဖြစ်ပါတယ်တဲ့။

ကလေးနဲ့ မိခင်ကို အမြဲတမ်း နွေးနေအောင်ထားရပါတယ်။ မီးနေသည်ဆို ခြေစွပ်မပါဘဲ လုံးဝမနေပါဘူး။ အစားအသောက်မှန်သမျှလဲ ပူပူနွေးနွေးစားရပါတယ်။ အပြင်ကို လုံးဝထါက်ခွင့်မပြုပါဘူး။ သံဓါတ် နဲ့ ထုံးဓါတ်ပါတဲ့ အစားအသာက်တွေ အများကြီး စားပေးရပါတယ်။ ငါးဟင်းချို ၊့  ဝက် အူနု ဟင်း ချို ဟာ မီးနေသည် အစားအသောက်ဖြစ်ပြီး။ ကောက်ညင်းအနက်၊ ကြာစေ့ ၊ ဇီးသီး လုပ်တဲ့ ဆန်ပြုတ်မဲမဲတွေက တော့ သွေးသားသန့် စင်အောင် မီးတွင်းထဲမှာ အမြဲသောက်ကြပါတယ်။

ကြာစေ့ အဆန်ကိုတော့ ကိုယ်ဝန်ဆောင်စဉ်ရော မီးနေချိန်ရော ဟင်းချိုထဲ ထည့်သောက်ကြပါတယ်။ သူတို့ ရဲ့ ရှေးဘိုးဘေးတွေ အယူအဆအရ ကြာပန်းဟာ ရွံမရှိတဲ့ နေရာက ပေါက်ပြီး၊ အင်မတန်သန့် စင်တဲ့ ပန်းပါ၊ flower from haven လို့ တောင်တင်စားကြပါတယ်။ Zen ဗုဒ္ဓဘာသာ နဲ့ ကြာပန်း ဟာ တော်တော် ယှက်နှယ်ပါတယ်။ ကြာစေ့ ဟာမာကြောပြီး ဒီတိုင်းစားစား၊ ချက်ပြုတ်ပြီးစားစား စားလို့ ရပါတယ်။အမှုန့် လုပ်ပြီး ခေါက်ဆွဲ လုပ်တဲ့ ထဲ ထည့်ရင် ကြာခေါက်ဆွဲပေါ့ လေ။ ပြောချင်တာကတော့ မိန်းခလေးတွေ နဲ့ ကြာစေ့နဲ့ တော်တော် တည့်ပါသတဲ့။ မိန်းမ ရောဂါအားလုံးပျောက်ဆိုဘဲ။ ကြာစေ့ဟာ နှစ်အကြာကြီး ထားလို့ ရပါတယ်။ အနှစ် ၄၀၀ ကျော်သက်တမ်းရှိတဲ့ ကြာစေ့ ကနေ အပင်ပေါက်တာတောင်ရှိဘူးပါတယ်။ အမေရိကန်ကြာ (Nelumbo Lutea) ဆိုရင် နှစ် ၂၀၀ ကျော် တဲ့အထိ တောင် အပင်ပေါက်နိုင်ပါသေးသတဲ့ ။ ခုလောလောဆယ်သတင်းမှာ ကြားရတာကတော့ တရုတ်ပြည်မှာ နှစ် ၁၂၀၀ ကြာမှ အပင်ပေါက်တဲ့ ကြာစေ့ ရှိပါသတဲ့ရှင်။

ကဲ မီးနေ သည် အကြောင်းကနေ ကြာစေ့၊ကြာပင်တွေ အကြောင်း ရေးတာတော်တော်များ သွားပြီ။ let's bring it back.
တော်တော် အဆင်မပြေတဲ့ သူတို့ ရဲ့  rule တစ်ခုက တော့ ရေ အရက် ၃၀ ကျော်မချိုးရ၊ ခေါင်း မလျှော်ရပါတဲ့။ အဆိုးတကာ့ အဆိုးဆုံးက သွားမတိုက်ရပါတဲ့။ ကလေးမွေးပြီးစ မိခင်ရဲ့ အသားဟာ ရေဓါတ်ကို အများကြီးစုတ်ယူတာမို့ ။ အဲဒီရေဓါတ်က ကလေးကို အအေးမိစေမှာ ဖြစ်လို့ ပါတဲ့။ ခေါင်းမလျှော်ရခြင်းရဲ့ အကြောင်းကတော့ ဆံပင်ဖီးရင် ခေါင်းကိုက်ခေါင်းအုံမှာမို့ ဖြစ်ပါတယ်။ သွားမတိုက်ရတာ တစ်ခုကတော့ ကြားခါစက ယုံတောင်မယုံချင်ပါဘူး။ အဲဒါတကယ်ပါ မယုံရင် Zuo Yuezi ဆိုတဲ့ စကားလုံးကို Google Search မှာရိုက်ကြည့်။ ကျမပြောတာထွက်ပြည့်စုံတဲ့ တရုတ်မီးနေသည် လိုက်နာရမဲ့  rule တွေကို တွေ့ ရပါလိမ်မယ်။ မီးနေချိန်မှာ သွားတိုက်ရင် သွားဖုံးတွေ သွေးထွက်မယ် ၊ သွားတွေယိုင်နဲ့ မယ်တဲ့ ။ ဒီတချက်ကတော့ တော်တော့ကို ဂွကျတဲ့ အချက်ပါ။ သူတို့ ရဲ့ သွားတွေကို ပိတ်စတွေနဲ့ ၂ပတ် ၃ပတ်လောက်အထိ သန့် ရှင်းကြပါတယ်။ ပြီးရင် ရေနွေး ငုံပြီး ပုလုတ်ကျင်းတာမျိုးလောက်ဘဲ လုပ်ကြပါတယ်တဲ့ ။ အနားမှာ နေ တဲ့ နုနယ်တဲ့ ကလေး အတွက်တော့ မကောင်းဘူးလို့  ထင်မိပါတယ်။

ရက် ၃၀ ကျော် (သို့ ) ၄၅ ရက်ကျော် မှာတော့ မီးထွက် ပါတီ ပေးကြပါတယ်။ဆွေမျိုး မိတ်သဟာယ များ မိသားစုဝင်များ အားလုံးကလေး ကို ပထမဆုံး တွေ့ ရတဲ့ အချိန်ပေါ့လေ။ လက်ဆောင်အဖြစ် ကြက်ဥ၊ အနီရောင်စာအိတ်လေးထဲမှာ ငွေသားတချို့ ထည့်ပြီး ပေးကြပါတယ်။

ခေါင်းပြားပြားလေးတွေ ကလှသတဲ့ 
ကလေးတွေရဲ့  နောက်စေ့ (ဦးခေါင်းနောက်ဘက်)က အပြင်ကို မထွက်ဘဲ ပြားနေရင် လှပါသတဲ့။ ဒါကြောင့် သူတို့ ကလေးတွေကို ဆန်စေ့လေးတွေ ပဲစေ့လေးတွေ ထည့်ထားတဲ့ ခေါင်းအုံး ချုပ်ပြီး အိပ်စေပါတယ်။ ကလေး အသက် ရက် (၁၀၀) ပြည်ရင်တော့ ကလေးအတွက် ပွဲလုပ်ကြပါတယ်။ မိသားစုဝင်တွေ ငါးတို့ ကြက်သားတို့ သေချာချက်ပြီး တပျော်တပါး စားသောက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ကလေးကို အပြင်ကို လောကနဲ့ ထိတွေ့ ခွင့်ရတဲ့ နေ့ ဖြစ်ပါတယ်။

3 comments:

  1. ဖိုးတက်23 May 2010 at 17:57

    သွားမတိုက်ဘူးတဲ့ ဟေ့ စိတ်ပျက်စရာကြီးနော်။ ရွံစရာကြီး တစ်လ ကျော်ကျော် နေရမှာ တဲ့။ နံလိုက်မယ်ဖြစ်ချင်း။

    ReplyDelete
  2. ရိုးရိုး23 May 2010 at 23:20

    ခက်တယ် သက်လှယ် မျက်ချယ်
    ကိုယ်မှာတော့ ငံပြာရည်ဖြစ်ရင်တောင်
    တပုလင်းထဲ နေချင်တယ်။

    ReplyDelete
  3. အိမ်နားက တရုတ်မ လဲ ဒီလိုဘဲ မီးနေသည် လဲဒီလို ဘဲ။ ဘုရားရှိခိုးရင် ကလေးနားကို မိစ္ဆာတွေ လာမယ်ဆို ပြီး ဘုရားမရှိခိုးပါနဲ့ လို့  လာတားတယ်။ မဟာယန တွေက ဒီလိုဘဲထင်တယ်။

    ReplyDelete