Sunday, 6 May 2012

''My pain may be the reason for somebody's laugh, but my laugh must never be the reason for somebody's pain.'' by: Charlie Chaplin စာမရေး ဖြစ်တာ အတော်လေးကို ကြာခဲ့ ပါပြီ။ စိတ်ထဲမှာ ရေးစရာ လေးတွေ တစ်ချက် တစ်ချက် ပေါ်လာပေမဲ့ ။ ရှားရှား ပါးပါးရတဲ့ နားရက်အချိန်မှာ အဝတ်လျှော်၊ အစားချက် ၊ ကျန်းမာရေး အတွက် လမ်းနည်းနည်းလျှောက် ဒါတွေ နဲ့  လပေါင်းများစွာ ရှုပ်နေလို့  ဘလော့ဂ် ကို လှည့်မကြည့်ဖြစ်ခဲ့ပါဘူး။ ဘလော့ဂ် ကိုဖွင့်ကြည့်မိတိုင်း guilty ဖြစ်မိပါတယ်။ ဘာ့ကြောင့် ဖုံမခါမိသလဲ။ ဘာ့ကြောင့် ဒီတိုင်းပြစ်ထား ခဲ့သလဲ ဆိုတာ တွေ ကတော့ reason အမျိုးမျိုး နှင့်ပါ။ အပေါ်က ချာလီချက်ပလင် ပြောတဲ့ စာသားလေး တစ်ခုအကြောင်းလို တိုက်ဆိုင်စွာ ပြောချင်လို့ ပါ။ ငါရဲ့ နာကျင်မှုများ ဟာ တခြားသူတွေ အတွက် ဟာသ ဖြစ်နိုင်ပေမဲ့ ။ ငါရဲ့  ရယ်မောခြင်းဟာ သူများတွေ ရဲ့ နာကျင်မှု ဘယ်တော့မှ မဖြစ်စေရဘူးတဲ့။ ချာလီချက်ပလင် ဟာ သူတော်ကောင်း စိတ်ထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါလိမ့်မယ်။ သူဟာ လူတွေကို ငပေါကြီးတစ်ယောက်လို ဘောင်းဘီပွပွကြီးဝတ်။ နှတ်ခမ်းမွှေး ကားကားကြီးတပ် ခြေခွင်ခွင်နဲ့ လမ်းလျှောက်ပြီး ဟာသနဲ့ တင်ဆက်တယ်။ လူတွေ ရီကြတယ်။ တပါးသူ တစ်ယောက်ကို အပြုံးတစ်ခု ပွင့်လာဖို့ ဆိုတာ လွယ်တဲ့ မဟုတ်ဘူးနော်။ မွန်းကြပ်နေတဲ့  အချိန်ရှားပျါးနေတဲ့ ခုလို ခေတ်ကာလကြီးမှ လူတစ်ယောက်ကို ဟက်ဟက်ပက်ပက် ရီ နိုင်အောင်လုပ်ဖို့ ဆိုတာ ပါရမီ ရှိမှဖြစ်မယ်။ လောဘဒေါသတွေ နဲ့ လောင်မြိုက်ကျင်လည်နေတဲ့  ဘဝကြီးမှ လအကြီးကြီးသာတဲ့ နေ့  ၊ နေလုံးကြီးတဖြေးဖြေးဝင်သွားတဲ့  ညနေတို့ ကို မရှုစားဖြစ်ခဲ့ ကြာလှပေါ့။ လပြည့်နေ့ တောင် ဥပုဒ်သီလ စောင့်ရမယ်ဆိုတာ ခေါင်းထဲ မထားနိုင်တဲ့ ဒီဘဝကြီးကို စိတ်ရှုတ်မိနေပြီ။ ဘဝကို ညည်းငွေ့  လာ တယ်ဆိုတာ အခုကြုံနေရပါပြီ။ မနက်စောစော ထ၊ ဘူတာရုံပြေး၊ ရထားစီး၊ မြေအောက်ရထားစီး၊ အလုပ်ရောက်၊ သတင်းစာဖတ်၊ သတင်းစာနံရံမှာကတ်၊ ပိုက်ဆံရေတွက်၊ နောက်လူလာ နေရာချ၊ပိုက်ဆံခွဲပေး၊ ဖုန်းဆက်၊ လက်ဘက်ရည်ဖျော်၊ ဘရိတ်တိုင်းဇယားချ၊ နောက်တစ်ပါတ် အချိန်ဇယားဆွဲ။ ပိုက်ဆံနည်းရင် ဘဏ်ကိုပြေး၊တခြား ဌာနတွေကနေချေး၊ ည အလုပ်သိမ်းချိန်ရောက် ပိုက်ဆံရေ၊ သော့ခတ်၊ဘူတာရုံပြေး၊မြေအောက်ရထားစီး၊မြေပေါ်ရထားစီး၊ အိမ်ရောက်ညစာစား၊တန်းအိပ်၊ မနက်ထ ဘူတာရုံပြေး ဒါဘဲနော် ။ ရထားပေါ်မှာ ဖဲချပ်ဆော့ ၊ ဒါမှမဟုတ် မျက်စေ့ပိတ်ပြီး သီချင်းနားထောင်။ ကိုယ်ဘေးနားမှာ ဘယ်သူတွေ တက်လာသလ။ ဆင်းသွားသလဲမသိ၊ တခါတခါ အိပ်ပျော်ပြီး ဘူတာကြော်စီး ။ ကိုင်းဘဝ ဘာများထူးဆန်းသလဲ။ တခါတခါ ဘုရားတစ်ခုခုဘေးမှာ ငြိမ်ငြိမ်လေးထ်ုင်ပြီး ရှုပ်ထွေးနေတဲ့ စိတ်ကို ရှုမှတ်ချင်လာတယ်။ ဘာသာတရားလုပ်ချင်လာတယ်။ မနေ့ က ကဆုန်လပြည့်နေ့  လပြည့်တယ်ဆိုတာ ကိုတောင် သတိမထားနိုင်တဲ့ ဘုရားစူး ဗုဒ္ဓဘာသာ စစ်စစ်ပါ။

4 comments:

  1. အင်း စိတ်အေးလက်အေး လည်း မနားရပါလားဟေ။ အားတဲ့အချိန်လည်း မရှိ။

    ReplyDelete
  2. ဖုန်ခါလိုက်တာပေါ့။ ဟဟ ကောင်းပါတယ်။ ဂျင်ဂျာဘွိုင်းတွေ ရှိသေးရဲ့လား မေးဖို့ မေ့နေတာ။

    ReplyDelete
  3. ဒန့် ဒလွန်သီး7 May 2012 at 05:02

    ဒီခါတော့မဆိုးဘူးပဲ။ လိမ်မာလာတယ်ပြောရမယ်....ဘုရားတရားသိတတ်လာပီ။
    နတ်မက ချင်တော့ဘူးလား။ ဟဲဟဲ။
    ဘ၀..ဘ၀...ဘ၀ဆိုတာ...ဂလိုပဲ။
    လက်ရှိအချိန်ကိုကျေနပ်အောင်ကြိုးစားဟာ။
    အလုပ်မရှိပဲနေခဲ့ရတဲ့အချိန်ကိုပြန်တွေး ရင် ကျေနပ်စရာကောင်းပါတယ် လို့ သဘောထားပါ။

    ReplyDelete
  4. ကကလ ရေ အားတဲ အချိန် အသေအိပ်တယ်။ ဂျင်ဂျာ ဘွိုင်းရှိပါ့။ ဝလိုက်တာ လုံးနေတာဘဲ။ တောသားက အိမ်ကြောင်တွေ နဲ့ ကီးမကိုက်ဘူး။ ကျောကုန်းမှာ အမွေးတွေ ထုံးနေတာ ကြည့်ရတာ စိတ်ညစ်စရာ။ အကိုင်ခံမှာ မဟုတ်ဘူး။ မေးစေ့လေး နားရွက်လေး တောင် သူစိတ်ကြည်မှ ပေးကိုင်တာ။

    ဒန့် ဒန့် ကတော့ အစဖေါ်နေပြန်ပြီ။ ကနားမရှိလို့များတို့  နားနေရတာလေ။ က တာတော့ က ချင်သားဟာ။ တစ်နေ့ နေ့  ပေါ့။ ဘုရားတရားလုပ်ချင်တယ်။ ခုနေတော့ စိတ်အရှပ်သိပ်မခံတော့ဘူး။ ဘာဖြစ်ဖြစ် ပတ်ဝန်ကျင် နဲ့ အလုပ်ထဲမှာ စိတ်နဲ့  မတည့် နာတွေ ရှိလာခဲ့  ခွင့်လွတ်ခြင်းတွေ နဲ့  ခေါင်းထဲမှာ ရှင်းပြစ်လိုက်တယ်။ စိတ်သက်သာအောင် တော့ ကြိုးစားနေတယ်။

    ReplyDelete