ခရစ္စမတ် ကာလ တစ်ခုလုံး ကျမ တစ်ယောက်ထည်း ဒီအိမ်ကြီးအပေါ်ထပ် က အခန်း သေးသေးလေး ထဲမှာ နေပါတယ်။ တခြား အခန်းထဲ က အမျိုးသမီးတွေ ကတော့ သူတို့  ဆွေမျိုးရှိရာ သွား နေကြပါတယ်။ နှင်းထူထူ ထဲထဲ ကျတဲ့  ဒီနှစ် ခရစ္စမတ် ကာလ ဟာ အင်မတန်မှ ပျင်းရိ ခြောက်သွေ့  ပါတယ်။
ကျမနေတဲ့ အိမ်ဟာ တောင်ကုန်း ပေါ်မှာ ရှိတဲ့ အိမ်တန်းတွေထဲ က အိမ်တစ်အိမ်ဖြစ်ပါတယ်။
နှင်းတွေ ဆက်တိုက်ကျတဲ့ 
နေ့  တွေမှာ အိမ်ရှေ့ လမ်းပေါ်မှာ ရပ်ထားတဲ့  ကိုယ်ပိုင်ကား ခပ်သေးသေးလေး တွေဟာ ဘီး တဝက်မက နှင်းထဲ မြုပ်နေပြီး။ သွားရေးလာရေး အင်မတန်ခက်ပါတယ်။ ခပ်ဝေးဝေး က လိုင်းကားသွား
တဲ့  လမ်းတွေမှာတော့ နှင်းတွေ ဖုန်းလွမ်း နေပြီး တ ကယ့်
ယာဉ်သွားလမ်းလား၊ ပလက်ဖောင်းလားတောင် ခွဲ မသိနိုင်ပါဘူး ။ ဒီဇင်ဘာ လ
(၂၂ )ရက်နေ့ ကဆို ကျမတို့  ဘက်သွားတဲ့  လိုင်းကား ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရထားလိုင်းတွေ ကို လည်း ခရီးစဉ် ပုံမှန်မဟုတ်ဘဲ ခပ်နည်းနည်း ခပ်ကျဲကျဲ သာ ပြေးဆွဲပါတယ်။
မြို့ ပေါ်မှာ သာ နှင်းကော်တဲ့  ဝန်ချီစက်လို ကားတွေနဲ့  အဆက် မပြတ် ရှင်း ထားတာကြောင့် လွယ်ကူပေမဲ့ ။ အခုကျမ နေတဲ့  နေရာက မြို့ နဲ့ နည်းနည်း လှမ်းတော့ ဖွေးဖွေး ဖြူ နေတာပါဘဲ။
နှင်းတောထဲမှာ စားစရာ ထွက်ဝယ်ဖို့ 
သိပ် အဆင်မပြေတာမို့  ခရစ္စမတ်ပွဲတော် မတိုင်မီ (၆)ရက် (ရ) ရက် နှင်းစကျက တည်း က စားစရာ ပဲကတ္တီပါ ပြုတ်ဘူး၊ ငါးသေတ္တာဘူး၊ ကြက်အသည်း ရေခဲရိုက်၊ ကြက်ဥ၊ မုံလာဥနီ၊ ကြက်ဥခေါက်ဆွဲ၊ စတာတွေကို ဝယ်ယူ ထားပါတယ်။ ညဘက်ညဘက် မှာ ကျမ အကြောက်ဆုံးက တိတ်ဆိတ်ခြင်းပါဘဲ။
ဟောင်းနေတဲ့ အိမ်ကြီးဟ ခေတ်မီ အိမ်အသုံးအဆောင်တွေနဲ့  ဆင်ရင်ထားပေမဲ့ လဲ ကြမ်းခင်း သစ်သားတွေ တံခါးတွေ ရဲ့ အပူအအေးကြောင့် ကျုံတဲ့အသံ၊ လေတိုက်လို့  မည်တဲ့ ညီးတွားသံတွေဟာ၊ ညဘက်မှာခြောက်ခြားစရာပါ။
ွဒါ့ ကြောင့် ညသိပ်မှောင်လာရင် အောက်ထပ် ကို ကျမ မဆင်းတော့ဘူး။ အိပ်ခန်း ကျဉ်းကျဉ်းလေးထဲ အစားအသောက်တွေ နဲ့ 
ရေဂျိုင့် ကို သွင်းပြီး စာဖတ်ပါတယ်။ တွေ့ ကရာ စာ အားလုံးပေါ့။ တစ်လေ လာတတ်တဲ့ 
မောင်နှစ်မ များနဲ့  သူငယ်ချင်းအချို့ ရဲ့ ဖုန်း ကို စကားကြော ရှည်အောင် တမင်ဖြေပါတယ်။ တကယ်တော့ ကိုယ် ကြောက်နေတာ ကိုယ်သာ အသိဆုံးပါ။ နေခင်းဆိုလဲ လုပ်စရာ အလုပ် ရှာကြံ လုပ်နေမိပါတယ်။ ဖုန်သုတ်၊ အဝတ်လျှော်၊ ရေစိမ်ချိုး၊ အပြင်ဖက်က နှင်းတွေကို ခဏထွက်ကြည့် ပြီးရင်ထမင်းချက်၊ ထမင်းစား ၊ စာအုပ်ဖတ်၊ အင်တာနက်ကြည့် မှောင်ပြီး အလင်းရောင်ပျောက်ရင် အခန်းထဲမှာအောင်းနဲ့  ရက်တွေ တော်တော်ကြာခဲ့ပါပြီ။
ခုတော့  နှင်းအကျလဲ ရပ်သွားပြီမို့  အိမ်ရှေ့ လမ်းဟာ ညစ်ပတ်နေတဲ့ ဆားကွင်း ခပ်ညစ်ညစ် တစ်ခုလို ဖြစ်ကျန်ခဲ့ တာ ပါဘဲ။ လှတုန်းက လှခဲ့ တဲ့နှင်းအပြည့်ဖုံးနေတဲ့ လမ်းတွေ ဟာ ခုတော့ ဈေးထဲက လွှာစာမှုန့် ခင်းထားတဲ့  ဗွက်လမ်းတွေလို မျိုးပေါ့။ အိမ်အသီးသီး ကလူတွေ ထွက်ပြီး။ တူရွင်းပြားနဲ့ နှင်းတွေကို ကျုံးယူပြီး လမ်းရှင်းကြပါတယ်။ လမ်းထဲက ကလေးတွေ အသံလဲ ပြန်ကြားရပါပြီ။
ညဘက် နှင်းကျတဲ့  ရက် တွေမှာ ကျမဖတ်တာ ဝတ္ထု ၃ အုပ်တောင်ပြီးသွားပါပြီ။ ရိက္ခာအခြောက် အခြမ်း ပြတ်ပြီမို့  မနက်ဖြန်ခါ စာကြည့်တိုက်ကို စာအုပ်တွေ သွား အပ်ရင်း စားသောက်ဖို့  ဟင်းချက်ရိက္ခာ များ ဝယ်ရန် စီစဉ်ရပါဦးမည်။ အအေးဒဏ်ကြောင့် ခေါင်းအုံ ပြီး နှာစေးနေ လို့  မနက်ဖြန်အပြင်အထွက်မှာ ထူထူထဲထဲ ဝတ်ထွက်ဖို့  ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်မိပါသည်။ နားပါဦးမည်။
Thank you for reading this post
Tuesday, 29 December 2009
Monday, 28 December 2009
Friday, 25 December 2009
(99) FATHER CHRISTMAS
To: Santa Claus
Alone and cold
Nowhere to go
Cos snow everywhere
Wind blowing to my face
Cold glass fills with ice
Pure hot water
Immediately broken into pieces
Look at from the windows
Snow Snow lots of Snow
I hope you brought something cool
25th December 2009 9:15pm
Alone and cold
Nowhere to go
Cos snow everywhere
Wind blowing to my face
Cold glass fills with ice
Pure hot water
Immediately broken into pieces
Look at from the windows
Snow Snow lots of Snow
I hope you brought something cool
25th December 2009 9:15pm
Monday, 21 December 2009
(98) Gas မီးဖို စံနစ်တကျသုံးစွဲခြင်း
Gas မီးဖို ကို ဘယ်လို စနစ်တကျ အသုံးပြုကြမလဲ။
Gas မီးဖို ဟာ အင်မတန်မှ အသုံးဝင်သလို အန္တရာယ် ကို သတိမမူ မိရင် လဲ ဆုံးရှံးမှု့  များ ကြုံ ရတတ်ပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့  သိသင့်တာလေးတွေ ကို ဖတ်ထားသမျှ ၊ ဆရာ့ သင်ကြားမှု့  အရရော ဒီစာပိုဒ် လေးကို ရေးလိုက်ပါတယ်။
- Gas ယို စိမ့်မှု့  ကို အမြဲ သတိထားရပါမယ်။ Gas အနံဟာ သိသိသာသာ ခပ်ပျင်းပျင်း အနံ့  တစ်ခုပါ။ ဒါကြောင့် Gas မီးဖို ရဲ့  safety ကိုသိနိုင်ရန် အမြဲ့ အနံ ခံကြည့်ပါ။ Gas ယို စိမ့်တဲ့အချိန် အမှတ်တမဲ့  အနားမှာ စီးကရက်သောက်မိတာ၊ ဖယောင်းတိုင်ထွန်းမိတာမျိုးမလုပ်မိဖို့  သတိ ကြပ်ကြပ် ထားကြပါ။ Gas ယို စိမ့်နေတာကို သတိမမူမိဘဲ။ အနားမှာ မီးသွေးမီးဖို ကို ကပ်ပြီး သုံးမိရင် အန္တရာယ် အရမ်းကြီးတာမို့  ။ Gas မီးဖို နားမှာ ဘယ်လို မီးဖို မှ မထားသင့်ပါဘူး။
- Gas မီးဖို အနီးပါးနားမှာ ကောဇော၊ အဝတ်များ၊ လက်နှီးများ (မီးလောင်လွယ်သော အရာမှန်သမျှ) ကို မထားမိပါစေနဲ့ ။
- Gas မီးဖို ရဲ့  parts တွေ သံချေးတတ်နေတာ၊ ပျက်စီးနေတာ၊ တွေ့ ရင် ငွေကို မနှစ်မြောပါနဲ့  ချက်ချင်း part အသစ် လဲပါ။ Spare parts လဲလို့ မရရင် မနှမြောပါနဲ့  အသစ်သာဝယ်လိုက်ပါ။ မီးကျိုးမောင်းပျက်ဖြစ်နေတဲ့၊ ပျက်စီးနေတဲ့  အရာကို သုံးရင် အန္တရယ် အတွက် ရတက်မအေးရပါဘူး။ risk မယူပါနဲ့ ။
- ချက်ပြုတ်၊ ကြော်လှော်နေတုန်းမှာ မီးအရှိန်ကို ချက်ချင်းအမြင့်ကြီးကို လှည့်ပြီး မမြှင့်ပစ်ပါနဲ့ ။ ဥပမာ အကြော်ကြော်တဲ့ ဒယ်အိုးလို မျိုးဆိုရင် မီးဟပ် တာ မျိုး ဖြစ်တတ်လို့  အန္တရာယ် သိပ်များပါတယ်။ အဲဒီလို ဆီပူကနေ ဒယ်အိုးမှာ မီးဟပ်ပြီး စွဲရင် ရေ လောင်းပြီး ငြိမ်းတာမျိုး လုံးဝ မလုပ်ပါနဲ့ ။ ဆီပူကနေဟပ်တဲ မီးကို ရေလောင်းပြီးငြိမ်းရင် မီးကို ပိုလောင်အောင် နေရာ ဖြန့့် ပေးလိုက်သလို ဖြစ်တာမို့  ရေလောင်းပြီး ငြိမ်းသတ်ဖို့ မကြိုးစားပါနဲ့ ။
- ကိုယ် ရဲ့ Gas မီးဖို ဟာ ပြင်ဆင်မှု့ လို အပ်နေရင် ၊ ချက်ချင်းပြင်ပါ။ Safety မဖြစ်တော့တဲ့ ပစ္စည်း ကို မနှစ်မြောပါနဲ့ ၊ ပြင်မရ ရင် အသစ်ဝယ်ပါ။ အိမ်ရှိ Gas မီးဖို အသုံးပြု သူများကို လဲ သေချာအောင်ရှင်းပြပါ။ နေတိုင်း Gas ယိုထွက်မှု့ ရှိမရှိကို စစ်ဆေးပါ။ သုံးပြီးတိုင်းလဲ knob အဖွင့် အပိတ်ကို သေချာအောင်ပြုလုပ်ပါ။ check twice b4 you left kitchen. Safety First ဆိုတာကို အမြဲ သတိယပါ။

Friday, 11 December 2009
(97) Bolton ပြတိုက်သို့ တစ်ခေါက်
Bolton မြို့  လည် စာကြည်တိုက် အပေါ်ထပ်မှ ပြတိုက် နှင့် အောက်ထပ်မှ ငါးကန် များကို ဓါတ်ပုံ ရိုက်ပြီး တင်လိုက်ပါတယ်။ ဝင်ကြေးမပေး ရပါဘူး။ ဓါတ်ပုံရိုက်လို ရင်တော့ ပြတိုက်က လူတွေကို ခွင့်တောင်းပြီး ဖေါင်ဖြည့် ရပါတယ်။
ဒီငါးကန်ထဲက ငါးကတော့ Green Giant Fish အစိမ်းရောင် ငါးဘီလူး ပါ ခန့် မှန်းအရှည် ၄ပေ၊ ၅ပေခန့် ရှိပြီး မျက်လုံးများက သာကူစေ့ ပမာဏလောက် သေးငယ်ပါတယ်။ မျက်စေ့မမြင်ပါဘူး။
၂၀ရာစု ဦးပိုင်းက ပါလိလို ရေးထားတဲ့ ဗုဒ္ဓ ပေလွှာ ပါ။ China Burma လို့် ရေးထားလို့ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပေရွက်က ပြောင်းပြန်ဖြစ်နေ ပါတယ်။
နိုင်းမြစ် (အရှည်လျှားဆုံးမြစ်) မှ ငါးတွေရဲ့ ဓါတ်ပုံပါ။
အောက်ပါ ပုံကတော့ အုန်းပင်က အုန်းဆံနဲ့ ယက်လုပ်ထားတဲ့ ၁၉ရာစု မှ Body Armour ပါ။ သံချပ် ဝတ်စုံလို မျိုးပေါ့။ အုန်းဆံချပ် ဝတ်စုံဆို ရင်ပို မှန်ပါတယ်။
Bolton, ပြတိုက်မှာ မြင်ခဲ့တဲ့ မြန်မာပြည်မှ ဗုဒ္ဓ ဆင်းတုတော် ပုံကို ဖူးခဲ့ရလို့  လို့ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး တင်လိုက်ပါတယ်။ ဓါတ်ပုံ မှုန်ဝါးဝါး ဖြစ်နမလားမသိဘူး။ မြန်မာပြည် ကမို့  မြင်ရတွေ့ ရခဲ လို့  ပါ။
mummy ရုပ်အလောင်းပါ
အမျိုးသမီး တစ်ယောက်နာမည်နဲ့ ရှိတဲ့ အသုဘ အခေါင်းထဲက ယောက်ျားတစ်ယောက်ရဲ့  mummyfy body ပါ။ အဲဒီ အသုဘအခေါင်းဟာ အနှစ် ၃၀၀ လောက်ကြာမှ ပြုလုပ်ထားတာ လို့ ဖတ်ရပါတယ်။ အခေါင်းမှ အမျိုးသမီး ဟာ (c. 900BC) မှ ဖြစ်ပြီး Xray အရ ဒီအခေါင်းထဲ က body ဟာ အသက် ၂၀-၃၀ ရှိ (c. 1200 BC) မှ အမျိုးသား တစ်ဦး ဖြစ်ပါတယ်တဲ့။ ဘယ်လို ကြောင့် သူ့ ရဲ့ ရုပ်ကြွင်းဟာ နောက်အနှစ် ၃၀၀ လောက်မှ သေတဲ့ အမျိုးသမီး တစ်ဦးရဲ့  အသုဘ အခေါင်းထဲကို ရောက်နေတယ်ဆိုတာ စဉ်းစားစရာ စိတ်ဝင်စားစရာ ပါဘဲ။

Monday, 7 December 2009
(96) MRO (OR)MRU, minority people from Burma, Bangladesh & India
လူနည်းစု " မြို " လူမျိုးများအကြောင်း
ရခိုင်ရိုးမ တွင် ရခိုင်လူမျိုး အပြင် မြို ၊ သက်၊ ခမီ(ခမွီး)၊ ဒိုင်းနက် နှင့် ကမန် လူမျိုးစု တို့ နေထိုင်ကြသည်။ ၄င်းတို့  အနက်မှ ကျမ တွေ့ဘူးသော မြို လူမျိုးတို့ အကြောင်းကို တင်ပြပါမည်။
မြိုလူမျိုးတို့ ကို မြန်မာနိုင်ငံ ရခိုင်ရိုးမ တွင် သာမက ဘင်္ဂလာဒေ့ရှ် အရှေ့ တောင် ဘက်ရှိ (စစ်တကောင်း တောင်တန်း Chittagong ) နှင့် အိန္ဒိယ အရှေ့ မြောက်ဖျား တောင်တန်း တွင် အခြေချ နေထိုင် ကြကြောင်း ဖတ်ရှု ခဲ့ရသည်။
အဓိက အသက် မွေး ဝမ်းကျောင်း လုပ်ငန်းမှာ စူးထိုး တောင်ယာ လုပ်ငန်း ဖြစ်ပြီး တောင်ပေါ်တွင် သာ နေထိုင်ကြသည် မြေပြန့်  ဒေသတွင် မနေလိုကြပေ ။တောင်ယာ ရှိသော တောင်တန်းများ ပေါ်တွင် ရွေ့  ပြောင်း နေထိုင် ကြသည်။
မြိုလူမျိုးတို့ နေသည့် ဒေသတွင် ငွေကြေး သုံးစွဲခြင်း ထက် ကုန်ပစ္စည်းဖလှယ်ခြင်း ကို ပို တွေ့ ရသည်။ ဥပမာ။ တ အိမ်မှဆန် နှင့် တခြား အိမ်မှ အသီးအနှံ၊ သား၊ ငါး၊ ဒန်အိုး ဒန်ခွက်၊ ဆီ၊ ဆား စသည်တို့ ကို ဖလှယ် ကြသည်။ မောင်တော၊ ဘူးသီးတောင် ဒေသတွင် မြိုလူမျိုးတို့ တည်သော ဒိန်ချဉ်မှာ နာမည်ကြီးသည်။ သူတို့ နေသည့် အိမ်မှာ ဝါးလှေကား၊ ဝါးထရံ၊ ဝါးကြမ်းခင်း စသည့် ဝါးကို အခြေပြု ဆောက်ထားသည်။ ဝါးတိုင်များစွာကို အသုံးပြုကာ ဆောက်ထားသည်။ ဓါတ်ပုံ များစွာ ရိုက်ယူ ခဲ့သော် လည်း ယခု ကျမ လက်ထဲတွင် မရှိပါ။
မြို တို့ သည် ပျားဖွတ်ခြင်း၊ ငှက်ဖမ်းခြင်း အပင်တက်ခြင်း စသည့် မုဆိုးအတတ်ပညာ ကြွမ်းကျင် ကြသည် ။ ဒါ့ အပြင် ဝါးကြောဖြင့် ယက်သော ၊ ပလိုင်း၊ တောင်း၊ ငါးဖမ်းသည့် မြုံး စသည့်ကုလားထိုင် ၊ ထရံ စသည့် လက်ယာမှာ ပြောင်မြောက် ကြွမ်းကျင် ကြပါသည်။
အရွယ်ရောက် ကာစ မြို လူငယ်များသည် ဦးခေါင်း ထိပ်ပေါ်တွင် ဆန်ထုံး ထုံးကြသည်။ ပန်းပန်ကြသည်။ ကွမ်းဝါး သဖြင့် နှုတ်ခမ်း အရောင်မှာ အနီရောင်ရဲ နေပြီး၊ အများစုမှာ ကိုယ် အထက်ပိုင်း ဗလာ နှင့် နေကြသည်။ ခါးတောင်း ကြိုက် ကြသည်။ ဓါးလွယ်ကြသည်။ ဝါးပလိုင်းလွယ်ကြသည်။ ကျမ အလုပ်မှ နိုင်ငံခြားသား အရာရှိတစ်ဦး က ကျမအား "I saw very beautiful Mro boy in Kanyin Chaung Market" လို့ ပြောဖူးသည်။ ဘယ်လို ကြောင့် Beautiful လို့ ပြောတာလဲဆိုတော့ တော်တော်ကြည့်ကောင်းလို့ ၊ အသားအရည်လှလို့  ပလိုင်းနှင့် ဒါးနှင့် ချိတ်လွယ်ထားပြီး ကညင်ချောင်း ဈေးအတွင်းတွေ့ လိုက်စဉ် သူမှာ ထူးဆန်းလွန်းသဖြင့် တဒင်္ဂ ကြက်သေသေသွားခဲ့ ပါသည်တဲ့။
အောက်ပါ မြို အမျိုးသမီး ဓါတ်ပုံကို Google image မှ ကူးယူဖေါ်ပြပါသည်။
ယခင်က မြို အမျိုးသမီးများသည်လည်း ကိုယ်အထက်ပိုင်း ကို အဝတ် သိပ်မဝတ်ကြ၊
မြို့ ပေါ်တက်ကာ ဆားဝယ်၊ ဆီဝယ်မှ သာ အဝတ်ဆင်ကြသည်တဲ့။ ယခုတော့ ဘယ်လို နေကြမည်မသိ လွန်ခဲ့သော (၁၃) နှစ်ခန့် ကတော့ သူတို့ တွေ မြို့ တက်လာလျှင် မြေပြန့် ပြန့် ကို လမ်းသိပ်မလျှောက်တတ်ကြ တန်းစီပြီး လျှောက်ကြသည်။ (တောင်တက်နေသူတွေရဲ့ ဓလေ့အတိုင်း)။
မြို လူမျိုး အများစု ၏ အသားအရောင်မှာ အတော်လတ်သည်။ မြို အမျိုးသမီး လေးများ မှာ အတော်ကို ချောမော လှပကြသည်။
အကျဉ်းချုပ် ဆိုရသော်၊ မြိုလူမျိုးများသည်၊ ရိုးသားကြသည်။ နည်းပညာမတိုးတက်သော နေရာတွင် အခြေချကြသဖြင့် တောင်ယာသည်သာ သူတို့ အသက်သွေးကြောပင်ဖြစ်သည်။ ဆင်းရဲနွမ်းပါးကြသည်။ ကျန်းမာရေး နှင့် ပညာရေး မှာ ဒေသအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး နှင့် စီးပွားရေးနိမ့်ကျမှု့ ကြောင့် အဆင့်မမှီပါ။ သို့ သော် “ ငါတို့ တောင်မှာ ငါတို့ ပျော်သည်“ တဲ့။
မြို တို့ ရဲဒေသ ကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ပေး သင့်သည်။ အချိန်တွေ လဲ ကြာခဲ့ပါ ပြီ။

Subscribe to:
Posts (Atom)