Tuesday 19 January 2010

(102) Pablo Picasso


စပိန်ပြည်ဖွား Picasso (ပီကာဆို) ရဲ့  ပန်းချီကားတွေဟာ အလွန် ကျော်ကြား ပါတယ်။ သူ့  ရဲ့  ပန်းချီ ကားတွေဟာ တခောတ် ဆန်းခဲ့တာ က တော့ သူ့ ရဲ့ ထူးခြားတဲ့  ဆွဲပုံဆွဲ နည်းကြောင့်ပါ။ geometric shape တွေဖြစ်တဲ့  စက်ဝိုင်းတွေ၊ လေးထောင့်တွေ၊ ဘဲဥပုံတွေ၊ တြိဂံ ပုံစံတွေနဲ့  ဖွဲ့ စည်းထားတဲ့ သူ့ ပန်းချီတွေဟာ moden painting လောက ကို မျက်စေ့ဖွင့်ပေးလိုက်သလို ပါဘဲ

25/10/1881 မှာ သူ့ မိခင်မှ ခက်ခက်ခဲ ခဲ မွေးဖွား ခဲ့ပါတယ်။ တစ်ဦးတည်းသော သားဖြစ်ပြီး။ ရုပ်ရည် ချောမော လှပပါတယ်။ သူ့ 
ရဲ့ ဖခင်ဟာ ကောလိပ်ကျောင်းမှ ပုံဆွဲ ဆရာတစ်ဦး ဖြစ်ပါတယ် ဒါ့ကြောင့် သားဖြစ်သူ ပီကာဆိုဟာ စကား စ မပြောတတ်ခင် ကတည်းက ပုံတွေ စဆွဲဖို့ ကျိုးစားခဲ့ သူဖြစ်ပါတယ်။ ငယ်စဉ်က ကျောင်းသွားဖို့ အင်မတန် ပျင်းတဲ့  ကလေး တစ်ယောက်ဖြစ်ခဲ့ပြီး သူချစ် တဲ့  ခို ကလေးကို ပါ ကျောင်း ကို ခေါ်သွားခွင့် ပြု မှ ကျောင်း သွားပါတယ်တဲ့။

တနေ့ မှာ သူ့ ဖခင်ဟာ ခို ပုံပန်းချီ ကားကို ဆွဲရင်း ကိစ္စ အရေးပေါ် လာတာ ကြောင့်ဆွဲလက်စ ကို ရပ်ထားပြီး အပြင်ကို သွားပါတယ်။ အဲဒီ အချိန်မှာ သားဖြစ်သူ ပီကာဆို ဟာ သူ့ အဖေရဲ့  ဆွဲလက်စ ကို ကျကျနန လှလှပပ ဆက်ဆွဲခဲ့ ပါတယ်။ သူ့ ဖခင်ဟာ သိပ်လှပြီး အံသြဖွယ်ရာ သေသေ သပ်သပ် ပန်ချီ ကားလေးကို ချီးမွမ်းရင်း သားအတွက် ပန်းချီဆွဲပစ္စည်း အသစ်လေးတွေ လက်ဆောင် ပေးပါသတဲ့။ ပီကာဆို ရဲ့ အသက်က အဲဒီတုန်းက ၁၃ နှစ်သားပေါ့။

1937 ခုနှစ်တုန်းက သူရေးဆွဲခဲ့ တဲ့ The Booming of the Little Basque Town of Guernica ဟာ စပိန်နိုင်ငံ စစ်အတွင်းကာလ အခြေပြု ပြီး စစ်ရဲ့ အနိဌာန်ရုံများ ရေးဆွဲခဲ့ တာဖြစ်ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

ပီကာဆိုဟာ လက်ရာပြောင်မြောက်တဲ့ ပန်းချီကားပေါင်း ၆၀၀၀ ကျော်ကို ရေးဆွဲခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ယဉ်ကျေးမှု့  ဝန်ကြီး သူ့ ဆီ အလည်အပတ် ရောက်စဉ် မတော်တဆ ဆေးစက်တွေ ဟာ ဝန်ကြီးရဲ့  ဘောင်းဘီကို စွန်းထင်ခဲ့ လို့  တောင်းပန်ရင်၊ အစားထိုး အလျှော်ပေး ဖို့ ပီကာဆိုက ပြောနေတုန်း မှာ ဝန်ကြီးက Just sign on my trousers ပါတဲ့ သူ့ ရဲ့ လက်မှတ်ကို ဝန်ကြီးက တောင်းတာပါနော်။ အထင်ကြီးလေးစားလို့  လေ။

08/04/1973 မှာပီကာဆို ဟာ ပြင်သစ်နိုင်ငံ မှာ ကွယ်လွန် သွားခဲ့ပါတယ်။ သူကွယ်လွန်ခါနီး သူ့  မိန်းမ၊ သူငယ်ချင်း မိတ်ဆွေများ နဲ့ အတူ ညစာစားပွဲ တစ်ခုမှာ သူက “Drink to me, drink to my health, you know I can’t drink any more” ပါတဲ့။
ငါ့အတွက်၊ ငါ့ ကျန်းမာရေး အတွက် သောက်ပါ။ သိလား ငါတော့ နောက်ထပ် သောက်နိုင် တော့မှာ မဟုတ်ဘူး တဲ့။ ဒါဟာ သူ့ မိတ်ဆွေများကို နှုတ်ဆက်တဲ့  နောက်ဆုံးစကား များဖြစ်ခဲ့ပါတယ်။

လူသာသေသွားပေမဲ့ သူ့ ရဲ့ ပန်းချီကားတွေ ကတော့
ခုထိ ကျော်ကြားနေတုန်းပါဘဲ။

ကိုးကား၊ New headway English Book
Wikipedia
Google web info

No comments:

Post a Comment