Sunday 18 July 2010

သံသရာ ဝဋ္ဋ် ဆင်းရဲ မှ လွတ်မြောက်ပါရခြင်းအကျိုးငှါ။

သံသရာ ဟာ ဘဝအသစ်ဖြစ်ခြင်းဖြင့်အဖန်တစ်လဲလဲ ကျင်လည်ရာ ဘဝဆက်တွေ ကို သံသရာကို့ ခေါ်ပါတယ်။ ကျင်လည်နေတဲ့  သံသရာအတွင်းမှာ ဒုက္ခလဲရှိမယ်၊ သုခ လဲရှိမယ်။ ချစ်ခြင်းလဲရှိမယ်။ မုန်းခြင်းလဲရှိမယ်။ စိုးရိမ်ကြောင့်  ကျခြင်းလဲ ရှိမယ်။ စိတ်ရဲ့  အေးချမ်းခြင်းလဲ ရှိမယ်။ အနိုင်ယူခြင်းတွေ ရှိသလို ၊ အရှုံးပေးရခြင်းတွေလဲ ရှိမယ်။ မုဒိတာ ပွားနိုင်သလို ၊ မနာလို ခြင်းတွေလဲ ရှိမယ်။ တွေးလေ တွေးလေ အဖြေမရတဲ့ ပုစ္စာတွေ အများကြီးထဲက အမှန်တရားတစ်ခုကတော့ လူသားအားလုံး မလွှဲမရှောင်နိုင်တာက တော့ အိုခြင်း၊ နာခြင်း နဲ့  သေခြင်းတရားပါ။

ကျမကို ကျမ မေးမိတယ်။ ဒီမလွှဲမရှောင်သာတဲ့  ဒုက္ခ ၃ပါးကို လက်ခံဖို့  အဆင့်သင့်ဖြစ်ပြီလား။? အိုခြင်းတရားကတော့ တမိနစ်တစက္ကန့်  နဲ့ တောင်မတူပါဘူး။ နာခြင်းတရားကကော ဒါလဲလက်ခံရမှာဘဲ။ ရောဂါပေါင်းစုံမခံစားရသေးသည့်တိုင် အသက်ကလေး ရလာတာနဲ့  ကျမတို့ ရဲ့ ခန္ဒာ ကိုယ်ကြီးဟာ စက်အို စက်ဟောင်းကြီးလို လေးပင်လာတယ်။ ခါးကိုင်းပြီး ၊ နားမထိုင်းခင်မှာ အသိဥာဏ်တွေဟာ လဲ တဖြေးဖြေး မှေးမှိန်လာတယ်။ နောက်ဆုံး ဘဝ မကူးမီ သေခြင်းတရား အကြောင်း ဒါကိုရင်ဆိုင်ဖို့ အတွက် ကျမဆီမှာ ခွန်အားခုထိ မရှိသေးပါဘူး။ ဒီဘဝကို ဖက်တွယ်နေချင်သေးတဲ့  စိတ်နဲ့  လောဘ၊ဒေါသ၊မောဟ တွေကြားမှာ အပျော်ကြီးပျော်ပိုက်နေတဲ့ ကျမရဲ ဒီရုပ်ခန္ဒာ ကိုယ်ကြီး ငြိမ်းသတ်တော့မဲ့  နေ့ ကို တနေ့ မလွဲမသွေ ရောက်လာမှာပါ။

ငါသည် မုချ သေရမည်။ အချိန်ပိုင်းသာ လိုတော့သည်။
အသေမဦးခင်၊ ဥာဏ် ဦးရမည်။

1 comment:

  1. အင်း...ဒုတ်ခ...ဒုတ်ခ....စားရလဲ..ဒုတ်ခ...မစားရလဲဒုတ်ခ....တစ်အရှပ်အနေနဲ့ ကတော့..ဒကားမကြီး...အသေမဦးမှီဥာဏ်ဦးအောင်..ဆိုတာ..ရွတ်ဆိုနေယုံနဲ့ ..မရဘူးဆိုတာပါဘဲ....နှစ်အရှပ်အနေနဲ့ ...ယုံကြည့်လက်ခံနေပြီ...ဥာဏ်ဦးအောင်...ဥာဏ်ဆိုတဲ့တရားကို..ဘယ်လိုများရှာဖွေအားထုတ်ပါ့မယ်..ဆိုတာ...အဖြေရှာ..လက်တွေ့ လုပ်ပါ....အဲ့ ဒီလိုမှမဟုတ်ရင်တော့...ဒကားမကြီးရဲ့ ....ကျနေတဲ့တရားဟာ..အစစ်အမှန်မဟုတ်ဘဲ...ရွတ်ဆိုကောင်းရုံဖြစ်နေပါလိမ့်မယ်....နောက်ဆုံးအရှပ်အနေနဲ့ ကတော့...ဟောဒီလူ့ ဘောင်လောကမှာ...အသက်ရှင်နေထိုင်ဖို့ ရာ..ရုန်းကန်စရာတွေကများလွန်းလို့ ...အဲဒီဥာဏ်တရားရှာဖွေရေးဟာ...အသေဆိုတဲ့အရာကြီး ၈၅ ရာခိုင်နှုန်းလောက်...ကိုယ့်အပေါ်ကျရောက်လာမှသာ...အားကိုးရာအဖြစ်နဲ့ ရှာတတ်ကြပါတယ်...ဒီအချိန်ကျလာတဲ့အခါကျတော့...စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့အခြေအနေမှာ...အဲဒီဥာဏ်ဆိုတဲ့အရာကို...စိတ်ထင်သလောက်ရှာမတွေ့ နိုင်ကြတော့ပါဘူး.....စိတ်မရှိပါနဲ့ ..ကိုယ့်ထင်မြင်တာကိုယ်ချရေးပြခဲ့တာပါ။...အဟီး...စိတ်ထင်သလောက်ဓိဌာန်ပေါက်ကြပါစေ...စိတ်ရှိသလောက်..သိပ်ဓိမြောက်ကြပါစေ...ပိတ်သောလာဘ်လဲပွင့်ပါစေ...ပွင့်သောလာဘ်လဲ...မြန်မြန်ပွါးများကြပါစေ...ကျန်းမာပါစေ...ချမ်းသာပါစေ...ကဲ..ကနေ့ ဘုန်းကြီးဟောမဲ့တရားက..ဘာတဲ့တုန်း..(မသိပါဘူးဘုရား)....အိုကေ..အဲဒီတော့ခါ...အဲဒီ..မသိချင်းဆိုတဲ့တရားဘဲ..ဟောတော့မယ်....ဒီလိုနဲ့ ...ဟောချင်သလိုဟောလိုက်တဲ့သကာလ.....ဒကာ..ဒကာမတို့ ရေ...ဘာတဲ့....(သာဓု..သာဓု..သာဓု) ပါဘုရား။

    ReplyDelete