Rastafa ဆိုတာ လူ ကို အစပြု တဲ့  ကိုးကွယ် သက်ဝင် ယုံကြည်မှု တစ်ခု ပါ အာဖိရိကတိုက် က အီသီယိုပီးယား ဘုရင် Ras Tafari Makonnen (၁၈၉၂-၁၉၇၅) ကိုအမှီပြု့  ပြီးပေါ်လာတဲ့ ကိုးကွယ်ယုံကြည်မှုဖြစ်ပါတယ်။ 1930 ခုနှစ် မှာ ကရေဘီယံကျွန်း ထဲက ဂျမေကာနိုင်ငံမှာ စပြီးထွန်းကားခဲ့တာပါ။
အမေရိကတိုက်မှာ ကျွန်စနစ် ထွန်းကားစဉ်က လူမဲကျွန်အများစု ဟာ ဂျမေကာ တွေပါ။ ဆင်းရဲ ပင်ပန်းပြီး လူမျိုးရေးခွဲခြားမှု ကို ခံစားနေရချိန် မှာ Rasta ဟာ လူမဲတွေ မိခင်ဒေသ အာဖိရိက ကိုပြန်ဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ သူတို့ ဟာ လူမျိုးကြီးဝါဒရှိတဲ့ လူဖြူတွေကို မုန်းတီးပါတယ်။
Ras Tafari Makonnen ဟာ အာဖိရိကရဲ တဦးတည်းသော လူမဲ ဘုရင်ပါ အရင်ကဆို အီသီယိုပီးယား နိုင်ငံကို အီသီယိုပီးယား အင်ပါယာလို့ တောင်ခေါ်ဆိုကြပါတယ်။ Rastafarians တွေဟာ ဒီဘုရင်ကို ဘုရားလို့ ထင်ကြပါတယ်။ သူငယ်ချင်းမတစ်ယောက်ပြောပြပုံအရတော့ ကရေဘီယံကျွန်းမှာ မိုးခေါင်ရေရှားဖြစ်တဲ့  အချိန် ဒီဘုရင် လာပြီး ကူညီတယ်။ နောက်ပြီး သူလာတဲ့ အချိန်မှာမှ မိုးတွေ ပြန်ရွာတယ်။ လူတွေ ကို ကျွန်အဖြစ်ကနေ လွှတ်စေတယ်။ မိခင်အာဖိရိက တိုက်ကို လွတ်လွတ်လပ်လပ်ပြန် သွားလို့ ရအောင် မျှော်လင့်ချက် အလင်းရောင် ပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဆင်းရဲ ဒုက္ခတွင်းက နေ ကယ်ထုတ်ပြီး လူမဲတွေရဲ့ ဂုဏ်သိက္ခာ ကို အရေးထားတဲ့ ဒီ အီသီယိုပီးယား ဘုရင်ကို သူတို့  ဖန်ဆင်းရှင် တစ်ယောက်လို ကြည်ညိုတာ မဆန်းပါဘူး။ သူတို့ ရဲ့ ခရစ်ယာန် ကျမ်းအဟောင်း နိမိတ်အရ ဒီလို ကယ်တင်သူတစ်ဦး ဒီလိုအချိန်မှာ ပေါ်လာမယ်လို့  ဆိုထားတာလဲပါပါတယ်။ ဒီဘုရင် ရဲ့  ဘွဲ့  နာမည်ဟာ Haile Selassie အပြင် နောက်ထပ် "Conquering Lion of the Tribe of Judah, Elect of God and King of the Kings of Ethiopia." ခြင်္သေ့ ကို အောင်နိုင်သော ဘုရားအမျိုးနွယ်။၊ ဘုရားမှ ရွေးကောက်ထားပြီး ဘုရင်များတကာ ရဲ့  ဘုရင် အီသီယိုးပီးယားပြည့်  ရှင်လို့  အဓိပ္ပါယ် ရပါတယ်။
ဘုရင် ကတော့ သူ့ ဟာ တယ်။ အော်သိုဒေါ့  ခရစ်ယာန် ဘာသာဝင်တစ်ဦးဖြစ်ပြီး ဂျမေကာတွေ ထင်ထားသလို ဘုရားရဲ့  တမန်တော်မျိုးသူတော်စဉ်မျိုးမဟုတ်ပါဘူးလို့  ကနေဒါ က CBC ရေဒီယိုအင်တာဗျူးမှာ ညင်းဆိုပါ တယ်။ "ဂျမေကာ တွေ ပြောတာကိုကျွန်တော်ပြန်ကြားပါတယ်။ Rastafarians တွေကိုလဲ ကျွန်တော်တွေ့  ခဲ့  ပါတယ်။ သူတို့ ကို ကျွန်တော်ဟာ သာမန်လူသားတစ်ယောက်ပါ။ ကျွန်တော် သေခဲ့ရင် နောက် သားစဉ်မြေးဆက် ဆက်လက် အမွေခံယူမယ့် သာမန် လူသားတစ်ယောက်ပါ။ ဒါကို မမှားစေချင်ပါဘူး။ ဒါ့ကြောင့် ကျွန်တော့်လို သာမန် လူသား နဲ့ ဘုရားကို မမှားစေချင်ပါဘူး” ဒါပေမဲ့  Rastafarian တွေကတော့ သူဟာလူ့  လောကထဲကို ဒီလိုပုံစံနဲ့  ဒီလိုရောက်လာမယ်ဆိုတာ ကြိုဟောထားပြီးသား ဖြစ်ပြီး သူ့ ကို the physical presence of God (Jah) on earth. ကမ္ဘာမြေပေါ်မှာ ရှိတဲ့ သက်ရှိဘုရား လို့  ကိုးကွယ်ယူဆကြပါတယ်။ ဘုရင် ဟာ ၁၉၅၅ မှာ သူပိုင်တဲ့ မြေဧက ၅၀၀ ကို ဂျမေကာ တွေ အာဖိရိကတိုက်ပြန် နေဖို့ အတွက် ပေးလှုခဲ့ပါတယ်။ အဲဒီလို နေကြတာ ၁၉၆၀ မှာ လူမဲ ပေါင်း ၂၂၀၀ လောက် အများစုကတော့  Rastafarians တွေပါ သူတို့  အဲဒီနေရာကိုပြောင်းနေခဲကြပါတယ်။ ဒါပေမဲ့  အီသီယိုပီးယားပြည် သူတစ်ချို့  ကမကြိုက်တာကြောင့် ခုတော့ လူနည်းစုသာကျန်ပါတော့တယ်။

သူကို့ ဒီလို သက်ရှိ ဘုရားလို့ ယူဆရတဲ့ အကြောင်း နောက်ခံတစ်ခု ကတော့ ဧပြီလ ၂၁ ရက် ၁၉၆၆ မှာ သူ ဂျမေကာကျွန်းကို ရောက်ရှိနေတုန်း မိုးခေါင်ရေရှားမှု ရပ်တန့်  သွားလို့ ပါ။ အဆိုတော် Bob Marley ရဲ့ ဇနီး rastafari ယုံကြည်မှုကို ကူးပြောင်းခဲ့သူက ဒီဘုရင်ကိုတွေ့  တွေ့ ချင်း သူဟာ သက်ရှိဘုရားဆိုတာကို လက်တွေ့  ယုံကြည်ခဲ့ရပါတယ်တဲ။ ဒါ့ ကြောင့် ဧပြီ ၂၁ ရက်နေ့ ကို Rastafarian holiday အဖြစ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါတယ်။ ဘုရင်က Rastafarian တွေကို “အီသီယိုပီးယားကို ပြောင်းရွှေ့ မှ လွတ်မြောက်တယ်လို့  မယူဆပါနဲ့  ။ ဂျမေကာဟာ အခု လွတ်မြောက်တဲ့  နေရာတစ်ခုဖြစ်နေပါပြီ “ တဲ့ ။
သူ ဟာ အာဖိရိက တိုက်မှာ လူမဲတွေကို ငြိမ်းချမ်းရေးနဲ့  စည်းလုံးညီညွတ်စေခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်က တိုင်းမဂ္ဂဇင်း မျက်နှာဖုံးမှာ ပထမဆုံး ပါခဲ့ တဲ့  ပထမဆုံးလူမဲ တစ်ဦးဖြစ်ပါတယ်။
၁၉၇၄ ခုနှစ်မှာ ဘုရင် ကို စစ်တပ်က ထိန်းသိမ်း ချုပ်နှောင် လိုက်ပါတယ်။ ၁၉၇၅ မှာ သူ့  ကို ချုပ်နှောင်သူတွေ က ကွက်မျက်ခဲ့တယ်လို့  ဆိုပါတယ်။ Rastas တွေကိတော့ သူသေသွားပြီဆိုတာ တကယ်လို့  မယုံကြည်ကြပါဘူး။ သူဟာတနေ ရာမှာ the Day of Judgment ရောက်တဲ့ အထိ စောင့်နေမှာပါတဲ့ ။ တချို့  တချို့ ကတော့ သူဟာ တခြား Rastafarians တွေနဲ့ အတူ နေထိုင် ဇာတ်မြှုပ် နေတယ်လို့ ယုံကြည်ကြပါတယ်။
Rastafarians တို့ ရဲ principles ၆ ခုကတော့ ကတော့
၁။ လူဖြူမုန်းတီးရေး
၂။ လူမဲ လွှမ်းမိုးမှုကို ရှေးရှုရမယ်။
၃။ လူဖြူတွေရဲ့  ရက်စက်ကြမ်းကျုပ်မှု ကို လက်စားခြေရမယ်။
၎။ဂျမေကာအစိုးရရဲ့ မမျှတတဲ့  တရားဥပဒေကို ထိပ်တိုက်ရင်ဆိုင်မယ် မလိုက်နာဘူးဆန့် ကျင်မယ်။
၅။ အာဖိရိကတိုက်ကို ပြန်ဖို့  ပြင်ဆင်ကြမယ်။
၆။ ဘုရင် Haile Selassie ဟာ လူမဲတွေကို အုပ်စိုးတဲ့ ဘုရင်ဖြစ်ရမယ် ဆိုတဲ့  အချက်တွေပါ။

Rastafarians တွေရဲ့  ဆံပင်ပုံစံ ကတော့ ထူးခြားပါတယ်။ အမျိုးသားအများစု ဟာ ဆံပင်အရှည်ကြီးတွေထားပြီး ဆေးခြောက်တစ်မျိုး ကို ပရဆေးအဖြစ်မှီဝဲပါတယ်။ အနီအဝါအစိမ်းကျားသိုးမွေးနဲ့ ထိုးထားတဲ့  ဦးထုတ်အကြီးကြီးကို ဆံထုံးပေါ်မှာ အုပ်ဆောင်တတ်ကြပါတယ်။ မုတ်ဆိတ်မွေး ၊ပါးသိုင်းမွေးတွေကိုအရှည်ကြီးထားပြီး။ အမျိုးသားတိုင်းလိုလို ဆေးမူးနေတဲ့ ပုံစံပေါ်နေပါတယ်။ သူတို့ အချင်းချင်း ချစ်ချစ်ခင်ခင်နေရမယ်ဆိုပါတယ် ။ လူဖြူကြီးစိုးမှုကို လက်မခံကြပါဘူး။
သူတို့ ရဲ့  ဂီတန့ဲ အနု ပညာကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။ documentary တစ်ခုမှာတော့ သူတို့ ဟာ ပိုင်ဆိုင်မှု စုဆောင်းမှု မရှိပါဘူး။ ဘုံစနစ်ကို သုံးပါတယ်။ ကိုယ်မှာရှိတာကို သူများကိုပေးပါတယ်။ သူများမှာရှိတာကိုယူသုံးပါတယ်။ ကလေးတွေကို အတန်းကျောင်း ပို့ ဖို့ သိပ် စိတ်မဝင်စားပါဘူး အားလုံး rasta ဘုရားအလိုအတိုင်း ဖြစ်မယ်တဲ့ ။ နည်းနည်းတော့အစွန်ရောက်ပါတယ်။ တခြားနေ့ တွေမှာ ဘယ်လောက် ဘဲ မူးရစ်နေပါစေ တနင်္ဂနွေနေ့ ကတော့ ဘုရားကျောင်းပုံမှန်သွားကြပါတယ်။ အဲဒီနေ့ တစ်နေ့ ထဲ လောင်းကစား မူးရစ်တာမျိုးတော်ယုံမလုပ်ကြပါဘူး။ ဆေးခြောက်ကို ဘုရားပေးတဲ့ ပရဆေးဆိုပြီး သုံးစွဲတာလဲ မှားတဲ့ အယူအဆလို့  ကျမထင်ပါတယ်။ သူတို့ လူမျိုးတွေ ဝိုင်းဖွဲ့ ဖြစ်ရင် ပြောင်းအရှည်ကြီးနဲ့ ဆေးခြောက် ကို တစ်ယောက်တလှည့် စီ မှုတ်သောက်ကြပါတယ်။rasta တွေက တော့ ဆေးခြောက်ကို ganja လို့ ခေါ်ပါတယ်။ the holy herb မြင့်မြတ်သော ပရဆေးပါတဲ့။ အရက်ကိုတော့ ကဇော်ဖေါက်ထားတဲ့ ဓာတု ပစ္စည်းပါတဲ့  အရာမို့  တားမြစ်ပါတယ်။ အစားအသောက်မှာ တော့ သဘာဝအတိုင်းတတ်နိုင်သမျှစားပါတယ်။ ကျမ်းဟောင်းအရ ဝက်သားနဲ့  ကရုကမာ စားတာတွေကိုတားမြစ်ပါတယ်။ လူများစုကတော့ vegetarians တွေဖြစ်ကြပြီး ကော်ဖီန့ဲ နွားနို့ သာက်တာကိုလဲ တားမြစ်ပါတယ်။ သူတို့ ရဲ့ Raggae music ဟာကမ္ဘာကျော်ပါတယ်။ ဒီနေ့ တော့  ဒီလောက်ပါဘဲ။

ကော်မန့်လို့  လဲ မရဘူးဟေ့....
ReplyDeleteဘလော့ အရောင်က မျက်စိအေးလိုက်တာ ... ဂွတ်ထ စာတော့ မဖတ်နိုင်သေးဘူး.. ခေါင်း ပူလို့ ... အဟီး
ReplyDeleteကော်မန့်ရေးလို့ လဲ မရပါ့လားဟေးးး.............
ReplyDeleteကော်မန့်လို့ မရ၀ူးးးးးးးး ဟူးးးးးးးးးးးး ဟူးးးးးးး
ReplyDelete