Thursday 11 November 2010

လက်ရှိအာဏာရ အစိုးရ ရဲ့  ပညာသင်ကြေးတိုးမြင့်မှုကို မကြေနပ်လို့  ဒီမှာလဲ ကျောင်းသားတွေ အရေးဆိုကြပြီ

ITN NEWS





November 11, 2010 freedom news group မှ ပိုစ့်  ကော်ပီ
(အပြည့်အစုံကို www.freedomnewsgroup.com တွင်ဖတ်ရှုနိုင်ပါသည်။)

အခွန်အတုပ် တိုးမြှင့် ကောက်ခံသော ကွန်ဆာဗေးတစ် အစိုးရ၏ ပါတီ ဌာနချုပ်မှ အလံ ကို ကျောင်းသား များ က ဖြုတ်ချပြီး မင်းမလို ၀ါဒ အလံ လွှင့်ထူနေစဉ်

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ချိုးဖောက်ဝင်ရောက် ပြီး ဆန္ဒပြခဲ့သည့်
ကျောင်းသား ၃၂ ဦး ကို လန်ဒန် ရဲတပ် ဖွဲ့ ကဖမ်းဆီးထားသည် ဟု FNG ကသတင်းရရှိသည်။
ကွန်ဆာဗေးတစ် ပါတီ အာဏာရပြီး နောက် တက္ကသိုလ် ကျောင်းသား များ ၏ ကျောင်းလ ခများ
ကို တိုးမြှင့် ကောက်ခံရာမှ လန်ဒန် နှင့် အခြား မြို့ များ မှ ကျောင်း သားများ စုရုံးပြီး လန်ဒန် မြို့ ရှိ
ကွန် ဆာဗေးတစ် ပါတီ ရုံးစိုက်ရာ မီလီဘန့် တာဝါ ရှေ့ တွင် ဆန္ဒပြကြ ခြင်းဖြစ်သည်။
ထိုဆန္ဒပြပွဲတွင် ကျောင်းသားများက ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ၀င်ရောက် စီးနင်းပြီး
ပါတီ အလံ ကို ဖြုတ်ချကာ မင်းမလိုဝါး( Anarchist) အလံ ကို လွှင့်တင် ခဲ့သည် ဟု သတင်း
ရရှိသည်။

ဗြိတိန် ဉ် ကျောင်းသားများ ခြိမ့်ခြိမ့် သဲ ဆန္ဒပြနေစဉ် ပါတီ ခေါင်းဆောင် ဒေးဗစ် ကင်မရွန် သည် တရုတ်
ဉ် ရောက်ရှိ နေပြီး ပီကင်း တက္ကသိုယ် ဉ် ဒီမိုကရေစီ တရား ဟောကြားနေသည်။



ပြည်ပသတင်း

1 comment:

  1. အော်........... သူတို့ မလဲ အင်ဂလုံမှာ လူဖြစ်ရကျိုး မနပ်ဘူး တယ် ထင်နေကြတာကိုး.......... ဟွန်း နေရာချင်းသာ လဲလိုက်ချင်သနော်......

    ရွှေတိုင်းပြည်က ကျောင်းသားတွေ ကို တစ်နှစ် အင်ဂလုံမှာထား..... အင်ဂလုံသားတွေကို ရွှေတိုင်းပြည်ပို့ လိုက်လို့ ကတော့ ဘာတွေ ဖြစ်ကုန်မယ်မသိ.....................

    အိန်းပေါ့လေ......... ပြီးပြည့်စုံတဲ့ လူအဖွဲ့ အစည်းစနစ်ဆို တာ မရှိပါဘူး.... ဒီမိုမှာလဲ အားနဲ ချက်တွေ အများကြီးပါပဲ........ ဒီထက်ကောင်းတာ မရှိလို့  သာ လက်ခံနေကြာတာပဲ မဟုတ်လား......... ကျောင်းသားတွေ အလွန်မဟုတ်ပါဘူးလေ................. :P

    ReplyDelete