Tuesday 7 December 2010

Bhutan (ဘူတန်)


ဘူတန်မှာ လေဆိပ်တစ်ခုဘဲရှိတယ်။ Thimphu Airport လို့ ခေါ်ပါတယ်။ သူတို့  နိုင်ငံရဲ့ မြို့ တော်နာမည်ကို လဲ Thimphu လို့ ဘဲခေါ်ပါတယ်။

ကုလားပြည်နဲ့ တရုတ်ပြည်ကြားက နိုင်ငံသေးသေးလေးတစ်ခုပေါ့
သူ တို့ ရဲ့  စတုတ္ထမြောက် ဘုရင် မှာ မိဘုရား ၄ ယောက်ရှိတယ်။
ညီအမ ၄ ယောက်ကို ယူထားတာ
အောက်က ပုံကတော့ လက်ရှိ ဘုရင် ၅ဆက်မြော်က ဘုရင်ပေါ့ ထီးနန်းဆက်ခံတာ ၂၀၀၈ ကမှ သူ့ အသက် ၂၈ နှစ်မှာ ဘုရင်ဖြစ်တယ်။ သူက တတိယ မိဘုရားရဲ့ သား ၊ အားလုံးထဲမှာ အကြီးဆုံးသားဖြစ်တယ်။ နာမည်က Jigme Khesar Namgyel Wangchuck ဖြစ်ပါတယ်။ ခေတ်ပညာတတ် ဖြစ်ပြီး အင်္ဂလန် အောက်စဖို့ ယူနီဗာစတီမှာ ပညာသင်ဖူးပါတယ်။




ဗုဒ္ဓဘာသာ နိုင်ငံတစ်ခုပေါ့။
ပျော် ရွင် ခြင်းဟာ သူတို့ နိုင်ငံရဲ့  တန်ဖိုး အထားဆုံး အရာပါ။
သူတို့ နိုင်ငံမှာ တယ်လီဗေးရှင်းနဲ့ အင်တာနက်သုံးတာ ၁၉၉၉ ခုနှစ်က မှ စခဲ့တာဖြစ်ပါတတယ်။
လူတွေက ယူနီဖောင်းဝတ်ထားသလို ဘဲ။ International dialing ကုဒ် ကတော့ 00 975 ဖြစ်ပါတယ်။ နောက်က ဧရိယာကုဒ် ထည့်ရိုက်ရပါသေးတယ်။




ဝတ်စုံဆင်တူတွေနဲ့ 
ဘုရင်ကိုတော့သိပ်ချစ်ကြတယ်။



ဒါကတော့ ကျောက်တောင်ပေါ်က ဘုန်းကြီးကျောင်းဖြစ်ပြီး အတွင်းကို ကင်မရာ ယူခွင့် မရှိပါဘူး။
သူတို့ တိုင်းပြည်က လူတွေက တရုတ်လို လို ကုလားလိုလို ပုံစံမျိုးတွေ။
သူတို့ အလံက တော့ နဂါး ကနေတဲ့ အလံပါ။
မျှားပစ်တဲ့ ကစားနည်းကတော့ သူတို့ ဆီမှာ တော်တော် ထင်ရှားတယ်။ cricket ကိုလူတွေ စိတ်ဝင်စားသလိုမျိုး သူတို့ လဲ မျှားပစ်တဲ့ကစားနည်းကို အသေအလဲ စိတ်ဝင်စားတယ်။

အစားအသောက် ကတော့ ပေါက်ဆီ လိုမျိုး တရုတ်အစားနဲ့ ဆင်တယ်ထင်တယ်။ မြို့ တိုင်း၊ မြို့ ငယ်တိုင်းမှာ ဘုန်းကြီးကျောင်း ရှိတယ်။
ဒီမိုကရေစီ နိုင်ငံတစ်ခုပါ ဘုရင်က ဒီစနစ်ကို အားပေးတယ်။
သူတို့ ဗေဒင်တွေ ဘာတွေလဲ ယုံကြတယ်။ လယ်သမားတွေများတယ်။ တိုင်းပြည်ရဲ့ ၇၀ရာခိုင်နှုံးဟာ သစ်တော ဖုံးလွှမ်းနေတယ်။
သူတို့ ရဲ့  နိုင်ငံသုံးငွေကြေးကတော့The Ngultrum (BTN) အတိုကောက် (Nu.) လို့ ခေါ်ပါတယ်။ 1 Nu. မှာ 100 Chetrums အတိုကောက် (Ch.). ရှိပါတယ်။ ၁ကျပ်မှာ ၁၀၀ ပြားရှိသလို့ ပေါ့။ ယူအက် တစ်ဒေါ်လာကို ၄၄ Nu. ပေါက်ဈေးလောက်ရှိပါတယ်။

အခမဲ့ ပညာရေးနဲ့  အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် အပျော်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်တဲ့။

ဆေးခြောက်အရွက်တွေကို ဝက်ကိုကြွေးဖို့ စိုက်တဲ့ ထူးဆန်းတဲ့ နိုင်ငံတစ်ခုပါ။


ဝက်တွေ လေမှာပျံ နိုင်တဲ့  နိုင်ငံလို့ ဟာသ ပြောတာ ကြားဖူးပါတယ်။ ဆေးခြောက်ရွက်တွေ စားပြီး ဝက်တွေ ဆေးမှိုန်းတာကိုပြောတာ ပေါ့။ ခုတော့ ခေတ်မှီ တီဗွီကြောင့် လူတွေလဲ ဆေးခြောက်ချတတ်လာပြီလို့ ဆိုပါတယ်။ တီဗွီပေါ်လာတာကို လူတွေ က အပြစ်ပုံချကြပါတယ်။ တီဗွီမရှိခင်က ရာဇဝတ်မှုတွေမရှိဘူးလို့ ဆိုပါတယ်။
အခုတော့ အလုပ်လက်မဲ့ ပြသနာကြောင့်ရယ်။ စီးပွားရေး နဲ့ လက်ရှိ ခေတ်ကာလ adjustment ကို ဆက်လက် ရင်ဆိုင်နေဆဲပါဘဲ။
၁၉၈၀ လောက်ထိ ပြင်ပနိုင်ငံတွေနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ နိုင်ငံတစ်ခုပါ။

ခုတော့ ပြောင်းလဲနေပြီလေ။

4 comments:

  1. ဖုန်းတွေဘာတွေကော အဆင်ပြေပါ့မလား.......... ?????

    ReplyDelete
  2. ခုမှ ကြားဘူးလို့ ဗဟုသုတအနေနဲ့ ဖတ်သွားပါတယ်။လူတွေကတော့ တရုတ်လိုလို၊ကုလားလိုလို၊ဂျပန်လိုလို။ဟိုလိုလို ဒီလိုလိုနဲ့  :)

    ReplyDelete
  3. မထင်ဘူးကွယ် မြို့ ကြီးမှာတော့ရှိမှာပေါ့။ နယ်ဆိုရင်တော့ ဖုန်းအဆင်ပြေမယ်မထင်ဝူး။

    ReplyDelete
  4. ဘူတန်ဆိုတော့ စိတ်ဝင်စားသားးးးး။

    ReplyDelete